《First Frost (Myanmar Translation)》Chapter 69
Advertisement
"ကျေးဇူးတင်ပါတယ်..ကိုယ့်ရဲ့ 'အားကျန့်' ကို ကာကွယ်ပေးခဲ့လို့"
ဤစကားတစ်ခွန်းကြောင့် ဝိန်းရိဖန် ကြောင်အမ်း၍ သူ့အား လှမ်းကြည့်မိလိုက်သည်။
"ပြီးတော့..အခုချိန်ကျမှ ဒီကိစ္စတွေကို ပြောပြတော့လည်း နောက်ကျတယ်လို့မဟုတ်ပါဘူး"
စန်းရန်က စကားလမ်းကြောင်းအား အေးအေးလူလူဖြင့်သာပြောင်းလိုက်၍
"ပြောမရရင် အဲ့အချိန်တုန်းက ကိုယ် ရည်းစားမထားချင်သေးတာလည်းဖြစ်နိုင်တာပဲလေ..မင်း ကိုယ့်ကို လိုက်ရင်တောင် ကိုယ် လက်ခံချင်မှလက်ခံမှာ"
ဝိန်းရိဖန် နှုတ်ခမ်းကိုစေ့ထားပါသည့်တိုင် မနေနိုင်အောင်ရယ်လိုက်မိတော့၏။ မကောင်းသည့်စိတ်အခြေအနေက သူ့စကားများကြောင့် ပျောက်ကွယ်သွားပြီး နှာခေါင်းသံပါပါလေးဖြင့်
"အရင်က နင် ငါ့ကို လိုက်နေမှန်း အသိသာကြီးပါနော်"
စန်းရန်က မျက်ခုံးပင့်၍
"မင်းကရော ကိုယ့်ကို သဘောမကျခဲ့လို့လား"
ဝိန်းရိဖန် အလေးအနက်ဖြင့်ခေါင်းငြိမ့်ပြလာခဲ့သည်။
"အင်း"
"သဘောကျတယ်ဆိုရင် ကောင်းကောင်းလိုက်လေ"
စန်းရန်က သူမအား နောက်တစ်ကြိမ်ဆေးလိမ်းပေးလာရင်း စကားသံတို့ထဲ၌လည်း ရယ်သံစွက်နေခဲ့၏။
"သဘောကျနေရဲ့သားနဲ့ သူများက လာပြီးပိုးပမ်းမှာကို စောင့်နေသေးတယ်..မင်းဆိုတဲ့ကလေးမလေးက အရမ်းမျက်နှာရချင်တာနော်"
ဝိန်းရိဖန် ;
"ငါမှ ဘယ်လိုလိုက်ပိုးပမ်းရမလဲဆိုတာကို နားမလည်တာ"
"...."
စန်းရန်က ပြန်မော့ကြည့်လာခဲ့၏။
"ကိုယ်ကျတော့ နားလည်တယ်ပေါ့?"
သူ၏အရင်ကအပြုအမူများကို ပြန်တွေးကြည့်လိုက်ပြီး ဝိန်းရိဖန် အမှန်အတိုင်းဆိုလိုက်၏။
"အင်း..နင့်ပုံစံက အရမ်းအတွေ့အကြုံများတဲ့ပုံပေါက်တယ်"
စန်းရန်က သူမအား စိုက်ကြည့်နေလိုက်ရင်း ဝိန်းရိဖန်က အမှန်တကယ်ကို ထိုသို့တွေးနေကြောင်း ခံစားမိလိုက်အခါ မဆီမဆိုင် စိတ်ဆိုးချင်လာပါတော့သည်။ ထို့ကြောင့် ဝိန်းရိဖန်၏မျက်နှာကို မနေနိုင်အောင်ဆွဲညှစ်လိုက်ပြီး
"မင်းဆိုတဲ့ ဒေါသမထွက်တတ်တဲ့ကလေးမကလေ တစ်ခါတစ်လေကျရင် ကိုယ့်ကို စိတ်တိုချင်လာအောင်အရမ်းလုပ်တာပဲ"
ယနေ့တစ်နေ့တည်း၌ ဝိန်းရိဖန်သည် အကြိမ်ကြိမ် မျက်နှာအညှစ်ခံထားရပြီးပြီ ၊ သူ ဆွဲညှစ်နေလွန်းသောကြောင့် သူမ၏မျက်နှာပင် ပြုတ်ထွက်လာတော့မတတ်။ 'အသွားရှိလျှင် အပြန်ရှိမယ်' ဆိုသော လောကနိယာမအရ သူမသည်လည်း လက်ကိုမြှောက်ပြီး စန်းရန်၏မျက်နှာအား ပြန်ဆွဲညှစ်ပစ်လိုက်သည်။
စန်းရန်က အလွန်တရာကိုမှ သတိချပ်ပြီး သူမအားလှမ်းကြည့်လာ၍
"ဘာလုပ်တာလဲ"
"ငါ..."
ဝိန်းရိဖန် လက်ကို လုံးဝပြန်မရုတ်ဘဲ
"နင့်မျက်နှာကို ခဏလောက်ထိမလို့"
"...."
စန်းရန်က သူမ၏အပြုအမူနှင့်ပတ်သတ်၍ အရေးမလုပ်တော့ဘဲ ဒဏ်ရာပေါ်၌သာ အာရုံစိုက်နေ၏။ တစ်ချိန်တည်းဆိုသလိုလည်း
"ဒီရက်တွေထဲမှာ ပုံမှန် ဆေးလိမ်းလား"
ဝိန်းရိဖန် ; "အင်း"
"မအိပ်ခင် တံခါးသော့ခတ်လား"
"အင်း"
နှစ်ယောက်သားက တစ်ခွန်းမေး တစ်ခွန်းဖြေဖြင့် စကားပြောနေခဲ့သည်။
ဆေးလိမ်းပေးပြီးသည့်နောက်တွင်တော့ ဝိန်းရိဖန်က စန်းရန်၏ကိုယ်ပေါ်မှ ဆင်းလာခဲ့၏။
စန်းရန်က ဆေးဘူးများကိုပြန်သိမ်းရင်း
"မျက်နှာအရင်သစ်လိုက်ဦး..ပြီးမှ ညစာစား"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြကာ ထွက်လာခဲ့၏။
ဝိန်းရိဖန် မျက်နှာသစ်ပြီး ပြန်လာထွက်လာသည့်အချိန်တွင် စန်းရန်က အိပ်ရာထက်မှပစ္စည်းများကို သိမ်းဆည်းပြီးဖြစ်ကာ အဝတ်အစားလဲရန်ယူလိုက်ပြီး ရေချိုးခန်းထဲဝင်သွားခဲ့တော့သည်။
ရေချိုးခန်းအကျယ်အဝန်းမှာ အနည်းငယ်ကျဥ်းပြီး ပိတ်လှောင်နေသည့်ပုံစံ။ လဲမည့်အဝတ်အစားကို လက်ဆေးကန်ပေါ်တင်လိုက်ပြီးနောက်တွင် စိတ်လွတ်ကိုယ်လွတ်ဖြင့် အဝတ်အစား စတင်ချွတ်လိုက်၏။
စက္ကန့်ပိုင်းပင်မကြာလိုက်ဘဲ စန်းရန်၏လှုပ်ရှားမှုများက တဖန်ရပ်သွားခဲ့၏။ အချိန်နာရီစက္ကန့်များက လက်ရှိအချိန် လက်ရှိကာလ၌ ရပ်သွားခဲ့သည့်အတိုင်း စန်းရန်က နေရာ၌ မလှုပ်မယှက်ရပ်နေလေပြီး မှန်ထဲတွင် မြင်နေရသည့်သူ့ပုံရိပ်အား စိုက်ကြည့်နေရင်း ဝိန်းရိဖန် ပြောသွားခဲ့သည့်စကားများက သူ့စိတ်ထဲ ပြန်ပေါ်လာခဲ့သည်။
စကားလုံးတစ်ခုချင်းစီတိုင်းသည့် ခပ်ထက်ထက်ဓါးသွားနှင့်တူပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ထိုးစိုက်နေပါသည့်နှယ်။
အရိုးများထဲ၌ ပုန်းလျှိုးကွယ်လျှိုး ခိုအောင်းနေသည့် ရိုင်းစိုင်းကြမ်းကြုတ်ချင်လာသောစိတ်တို့မှာ လက်ရှိအချိန်၌ လုံးဝဖုံးဖိထား၍မရပါတော့ချေ။
---'ငါ အဲ့အချိန်တုန်းက ဘယ်လိုလုပ်ရမယ်မှန်း တကယ်မသိခဲ့တာ..ဘယ်သူမှ ငါ့ကို မကူညီကြဘူး'
---'စန်းရန်..ငါ့ဘက်မှာ ဘယ်သူမှ မရှိခဲ့ဘူး'
သူ့လည်စလုတ်မှာ အထက်မှအောက်သို့လိမ့်ဆင်းသွားရင်း မျက်ဝန်းများကိုလည်း အသာအယာမှတ်ချပစ်လိုက်၏။
-------
ဝိန်းရိဖန် စားပွဲအရှေ့၌ထိုင်ကာ ထမင်းလုတ်များကို ဖြည်းဖြည်းချင်းဝါးရင်း စန်းရန်က ဤတစ်ကြိမ်ရေချိုးနေသည်မှာ အရင်ကြိမ်များထက်ကြာသလိုလို ရှိကြောင်းခံစားနေမိသည်။ ရေချိုးခန်းဆီသို့ မကြာခဏလှမ်းကြည့်နေပြီး နှစ်ယောက်သားပြောထားကြသည့် စကားများအကြောင်း ပြန်တွေးကြည့်လိုက်သည်။
နောက်မှ စိတ်ပူစိုးရိမ်လာမိသည့်အတိုင်း ထိုစကားများကြောင့် စန်းရန်၏စိတ်အခြေအနေကို ထိခိုက်သွားခြင်းရှိမရှိ စိုးရိမ်စပြုလာခဲ့သည်။
သုံးလေးလုတ်သာစားပြီး တူကို ချထားလိုက်တော့၏။
ထမင်းဘူးကို သိမ်းပြီးသည်နှင့် အိပ်ရာပေါ်တက်လာကာ ဖုန်းကစားနေလိုက်၏။
သိပ်မကြာခင်အချိန်အတွင်း စန်းရန် ရေချိုးခန်းထဲမှ ထွက်လာခဲ့၏။ သူ့ခေါင်းပေါ်၌ တဘက်တစ်ထည်တင်ထားပြီး ရေစက်များက ဆံပင်ပေါ်၌တင်နေဆဲဖြစ်ကာ တစ်စက်စက်နှင့်ကျနေသေးသည်။ အပြင်ထွက်လာကတည်းက သူမရှိသည့်ဘက်သို့ လှမ်းကြည့်၍
"ဗိုက်ပြည့်ပြီလား"
ဝိန်းရိဖန် မျက်လုံးပင့်ကြည့်၍
"အင်း"
စန်းရန်က အသံတစ်ချက်ပြုရင်း လက်ကိုင်ဖုန်းကိုယူကာ သူမ၏ဘေးနား၌ဝင်ထိုင်လိုက်သည်။
ဝိန်းရိဖန်က အိပ်ရာပေါ်၌လှဲနေဆဲဖြစ်ကာ သူ့အမူအရာအား တစ်ခဏကြာကြာအကဲခတ်နေပြီး မည်သည့်နေရာကမှ မူမမှန်ခြင်းမျိုးမရှိမှန်း အတည်ပြုပြီးမှသာ သက်ပြင်းချ၍အကြည့်လွှဲနိုင်လိုက်သည်။
Weibo ကိုဖွင့်ကြည့်နေရင်း သူမက စ၍စကားဆိုလိုက်သည်။
"နင် မနက်ဖြန်ကျရင် ကျီကျီဆီသွားဦးမှာလား"
စန်းရန် ;
"နောက်တစ်ခေါက်မှပဲ..ကိုယ် နန်းဝူကိုပြန်ပြီလို့ သူ့ကို ပြောထားခဲ့ပြီးပြီ"
စန်းရန်၏ လက်ရှိအမူအရာမှာ အနည်းငယ်ပစ်စလက်ခတ်နိုင်လေပြီး ယီဟဲသို့မလာခင်လို အထူးတလည်စိတ်ပူနေခြင်းမျိုးမရှိ။ ဝိန်းရိဖန်အတွက် ထူးဆန်းသလိုဖြစ်လာကာ ချက်ချင်းဆိုသလိုလည်း သိချင်စိတ်ပြင်းပြလာခဲ့သည်။
" ကျီကျီ တွဲတဲ့သူက သွမ့်ကျားရွှီဖြစ်နေတာမလို့ နင် စိတ်ချနေတာမလား"
"ဟုတ်တယ်"
စန်းရန်က ဤစကားကိုပြောသည့်အချိန်တွင် အပြုံးမမြည်သောအပြုံးမျိုးဖြင့်
Advertisement
"အဲ့လူယုတ်မာကောင်က ကလေးတွေကို အရမ်းဂရုစိုက်တတ်တာ..'ရှောင်ကွေ'ကိုလည်း ကိုယ့်လို အစ်ကိုအရင်းထက်ပိုပြီး သူက စိတ်ရှည်လက်ရှည်ဂရုစိုက်ပေးနေလို့ ကိုယ်တောင် ရှက်ရမယ့်အခြေအနေ"
"...."
ဝိန်းရိဖန် ;
"နင် ဘာဖြစ်လို့ သူများကို အဲ့လိုကြီးခေါ်နေတာလဲ"
စန်းရန်က လက်ရှိအချိန်၌ ဖုန်းကြည့်နေခြင်းဖြစ်ရာ မကြာသေးခင်ကမှပို့ထားသည့် သွမ့်ကျားရွှီ၏မက်ဆေ့ကို မြင်လိုက်ရသည်။
သွမ့်ကျားရွှီ ; [ တစ်ခုခု ဖြစ်လို့လား? ]
"လုပ်ရဲရင် ခံရဲရမှာလေ"
စန်းရန်က ဖုန်းမျက်နှာပြင်ကိုပွတ်နေပြီး အရေးမကြီးသည့်ပုံစံမျိုးဖြင့်
"အဲ့ကောင် အခုလုပ်ထားက လူယုတ်မာတွေမှလုပ်တဲ့လုပ်ရပ်..နားလည်လား"
ဝိန်းရိဖန်က မနေနိုင်အောင် ထပ်၍စကားဆိုလိုက်၏။
"ဒါက သဘာဝကျကျဖြစ်သွားတဲ့ကိစ္စပဲဟာ"
"ဝိန်းရွှမ်းကျန့်..အဲ့လူယုတ်မာကောင် ကိုယ့်ညီမကို စပြီးသိတဲ့အချိန် ကိုယ့်ညီမက အသက်ဘယ်လောက်ပဲရှိသေးလဲဆိုတာ သိလား"
စန်းရန်က သူမဘက်သို့လှည့်ကြည့်ကာ သူ့ဘက်ပါရန် သက်သေပြပေးနေသည့်အလားဖြင့်
"မူလတန်းပဲရှိသေးတယ်..ဆယ်နှစ်တောင် မပြည့်သေးဘူး"
ဝိန်းရိဖန်က သူတို့အားလုံး၏အသက်အရွယ်ခြားနားချက်ကို ချက်ချင်းတွက်ကြည့်လိုက်၏။
"ကျီကျီ ဆယ်နှစ်မပြည့်ခင်ကတည်းက နင် တက္ကသိုလ်တက်နေခဲ့တာပေါ့ ဟုတ်လား"
စန်းရန်က အေးတိအေးစက်ဖြစ်သွားခဲ့၍
"သိပ်မကွာဘူး"
သူ့ပုံစံမှာ အတော်လေးစိတ်မကြည်သည့်ပုံဖြစ်သွားသဖြင့် ဝိန်းရိဖန်လည်း ဤကိစ္စကို ထပ်မမေးပါတော့၏။ သူ့ဖုန်းမျက်နှာပြင်ကို လှမ်းကြည့်လိုက်သည့်အခါ Alipay အကောင့်ထဲဝင်လာသည်ကို တွေ့လိုက်ရပြီး တစ်စုံတစ်ယောက်ထံငွေလွှဲတော့မည့်ပုံ။
ဝိန်းရိဖန်က အခြေအနေကိုနားလည်လိုက်သဖြင့်
"ကျီကျီဆီ မုန့်ဖိုးလွှဲပေးမလို့လား"
"အဲ့ရှောင်ကွေရဲ့တံတောင်ဆစ်က ပွန်းထားတာလေ..အခုဆိုရင်တော့ လက်ကျိုးနေလောက်ပြီထင်တယ်..ကိုယ် သူ့ကို လိုက်ဂရုစိုက်ပေးနေရမှာပျင်းတယ်..ကိုယ့်ဘာသာကိုယ် ဆေးရုံသွားဖို့အတွက် ပိုက်ဆံလွှဲပေးမလို့"
"...."
စန်းရန်၏ပုံစံကိုကြည့်ရင်း ဝိန်းရိဖန်၏စိတ်ထဲ မဆီမဆိုင်ရယ်ချင်လာမိကာ ခန္ဓာကိုယ်တစ်ဝက်အား အိပ်ရာထက်မှထလိုက်ပြီး သူ့မျက်နှာအား စိုက်ကြည့်လိုက်၏။ ခဏလေးအတွင်း ဝိန်းရိဖန်သည် နေရာတစ်ခုအား သတိထားကြည့်မိလိုက်၏။ အပြင်ဘက်တွင်တုန်းက သဲသဲကွဲကွဲမမြင်ရသော်ငြား အခန်းတွင်းမီးထိန်ထိန်လင်းနေသည့်အောက်တွင် ရေချိုးထားသည့်သူ့မျက်နှာက ပုံမှန်ထက်ဖြူနေခြင်းကြောင့်လည်း အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
သူမ ရုတ်တရက်ထထိုင်လိုက်ကာ သူ့ညာဘက်မျက်လုံးထောင့်နေရာအား လက်မြှောက်ပြီးထိကြည့်လိုက်၍
"နင့် ဒီဘက်မျက်လုံးထောင့်နားမှာ ပွန်းထားတယ်ရော"
ဤစကားကြောင့် စန်းရန်က တစ်စုံတစ်ရာကို သတိရသွားခဲ့၏။
"အို့"
"ဘယ်လိုထိခိုက်မိထားတာလဲ"
"သွမ့်ကျားရွှီ ထိုးထားတာ"
"...."
ဝိန်းရိဖန်က အခြေအနေကိုနားမလည်နိုင်ချေ။
"သူက ဘာလို့ နင့်ကိုထိုးတာလဲ"
"မသိဘူးလေ.."
စန်းရန်က ဖြေးဖြေးချင်းဖြင့် ဆက်၍
"အဲ့ကောင်ရဲ့ဒေါသကလည်း မသေးဘူး"
ခုဏလေးတင် လူယုတ်မာဆိုသည့်စကားလုံးကို မချတမ်းစွပ်စွဲနေသည့်အခြေအနေ ၊ ရုတ်တရက်ကြီး နန်းဝူသို့ ပြန်လာမည့်ကိစ္စ တို့ကိုပေါင်းကြည့်လိုက်သည့်အခါ ဝိန်းရိဖန် သူပြောသည့်စကားတို့ကို သိပ်မယုံချင်ပေ။ ထို့ကြောင့် ခန့်မှန်းချက်တစ်ခု ပြုလိုက်၍
"နင် သူနဲ့ရန်ဖြစ်လာတာလား"
စန်းရန်က သူမအား ပြန်လှမ်းကြည့်လာ၏။
"မဖြစ်ဘူး"
"ဒါဆို..နင်ရော သူ့ကို ထိုးလိုက်လား"
စန်းရန်က မေးဖျားကိုပင့်ပြလာ၍ စကားမဆိုချေ။
သို့သော်ငြား သူ့အပြုအမူက ဝန်ခံနေခြင်းနှင့်အတူတူပင်ဖြစ်ရာ ထိုမောင်နှမနှစ်ယောက် ပုံမှန်ဆိုလျှင်တောင် မတည့်ဘဲကိုက်နေကြသည့်ပုံစံအား မြင်ယောင်ကြည့်မိလိုက်တော့၏။ ဝိန်းရိဖန်က နောက်ဆက်တွဲများကို ပြေးမကြည့်ဘဲနှင့် မြင်လိုက်ရသဖြင့်
"ကျီကျီ နင့်ကို စိတ်ဆိုးပြီး ပြန်မလုပ်ဘူးလား?"
စန်းရန် ဆိတ်ဆိတ်ငြိမ်နေလေသည်။
ဝိန်းရိဖန် ;
"ဒါကြောင့်မလို့ နင် နန်းဝူကိုပြန်လာတာမလား"
အခန်းအတွင်း လုံးဝတိတ်ဆိတ်သွားခဲ့သည်။
စန်းရန်က အနီးကပ်လွန်းနေခဲ့သည့် သူမ၏မျက်တောင်မွှေးများကို စိုက်ကြည့်လျက်။
လက်ရှိအချိန်မှာ သူမ၏လက်ချောင်းထိပ်လေးများက သူ၏မျက်ဝန်းထောင့်ရှိဒဏ်ရာအား တလေးတနက်ဖြင့်ထိတွေ့ပြီးစစ်ဆေးနေသည့်အချိန်။ အခုလေးတင်ရေချိုးပြီးထားသည့်သူမက အင်္ကျီလက်တို ဘောင်းဘီအတိုလေးကိုသာဝတ်ထားပြီး ရင်ဘတ်မှာ အနည်းငယ်လျောကျနေ၏။ ခြေလက်လေးဖက်စလုံး၏ လှစ်ဟနေသည့် အရိုးအဆစ်လေးများမှာ ခပ်သေးသေးနှင့်နူးနူးညံ့ညံ့လေး။
အသံတိတ် သွေးဆောင်ဖျားယောင်းနေသည့်အတိုင်းပင်။
သူ့ဘက်မှ စကားတစ်ခွန်းမဆိုလာသောကြောင့် ဝိန်းရိဖန်၏အကြည့်များက ဘေးသို့ရွေ့လာပြီး သူ့မျက်ဝန်းများဖြင့် ဆုံလာခဲ့၏။
ရုတ်ချည်းဆိုသလို နှစ်ယောက်သားကြားမှ သိသိသာသာနီးကပ်လွန်းနေသည့်အကွာအဝေးအား သတိပြုမိလိုက်ကာ သုံးလေးစက္ကန့်ကြာအောင် တောင့်တင်းသွားခဲ့တော့သည်။
နောက်တစ်စက္ကန့်တွင် ဆန္ဒများကို လုံးဝထိန်းချုပ်ထားနိုင်စွမ်းမရှိတော့သည့်အလား စန်းရန်က ဝိန်းရိဖန်အား သူ့ရင်ခွင်ထဲ ဆွဲခေါ်ထည့်လိုက်ကာ အနမ်းတစ်ခုက သူမ၏နှုတ်ခမ်းပါးပေါ်သို့ တိုက်ရိုက်ရောက်သွားခဲ့ပြီး ညင်သာစွာသိမ်းပိုက်နေသည့်ကြားမှ ဝိုးတိုးဝါးတား စကားသံတစ်ချို့လည်း ပေါ်လာခဲ့သည်။
"ဒီကိစ္စကြောင့်မလို့ ကိုယ်က နန်းဝူကိုပြန်လာတယ် ဟုတ်လား..သနားညှာတာစိတ်မရှိတဲ့ ကောင်မလေး.."
"...."
"မနက်မိုးလင်းကနေ မိုးချုပ်တဲ့ထိ ကိုယ့်ကို စိတ်တိုအောင်လိုက်လုပ်ဖို့ပဲ သိတာလား.."
စန်းရန်က သူမ၏မေးဖျားကို အောက်သို့ဖိချပြီး သူ့လျှာဖျားက တိုက်ရိုက်ဝင်ရောက်လာခဲ့ကာ အတွင်းပိုင်းတစ်ခုလုံးအား မွှေနှောက်၍
"ကိုယ့်မှာ စိတ်တိုရလွန်းလို့ ခရီးဆောင်အိတ်တောင် ယူဖို့မေ့ခဲ့ပြီး ဟိုခွေး သွမ့်ကျားရွှီဆီကနေ အတွင်းခံ ငှားဝတ်ရတဲ့အထိ"
"...."
ဝိန်းရိဖန် အနမ်းများကြောင့် ရှုပ်ထွေးနေသည့်ကြားထဲမှနေ၍ ဤစကားတစ်ခွန်းကြောင့် ထရယ်မိတော့၏။
စန်းရန်လည်း ရပ်လိုက်ပြီး
"မင်း နည်းနည်းပါးပါး အလေးအနက်လေးရှိပေးလို့မရဘူးလား"
"နင် တကယ်ကြီး သူများဆီက အတွင်းခံငှားဝတ်လာတာလား"
ဤလေထုအခြေအနေကို မဖျက်ဆီးလိုသည့်အတွက်ကြောင့် ဝိန်းရိဖန်က အောင့်အည်း၍နေနေပါသော်ငြား မရယ်ဘဲလည်း မနေနိုင်ပါတော့ချေ။
"နင် အသစ်တစ်ခု သွားဝယ်လိုက်လို့ရနေတာကို"
"ယူဝတ်ထားတာလည်း အသစ်"
စန်းရန်က ဝိန်းရိဖန်ရယ်နေခြင်းကြောင့် သူပါ လိုက်ရယ်မိရင်း
"သွားဝယ်လိုက်တာနဲ့ အတူတူပဲ"
စကားအဆုံးတွင် စန်းရန်က သူမ၏မေးဖျားကို နောက်တစ်ကြိမ်ဆွဲပင့်ကာ ဆက်၍နမ်းရှိုက်လာခဲ့သည်။
Advertisement
သူ့အနမ်းပေးသည့်ခွန်အားမှာ ခပ်ပြင်းပြင်း ၊ လက်နှစ်ဖက်ကလည်း သူမ၏မျက်နှာအား ဆုတ်ကိုင်ထားပြီး နှုတ်ခမ်းနှင့်လျှာဖျားကို တစ်ကြိမ်ပြီးတစ်ကြိမ်ကိုက်ယူနေသည်မှာ မသိလျှင် သူမတစ်ကိုယ်လုံးအား မျိုချပစ်တော့မည့်အတိုင်းပင်။
ယောက်ျားလေး၏ခန္ဓာကိုယ်ထက်မှ ရင်းနှီးနှင့်နေပြီးသော စန္ဒကူးရနံ့များကို ခံစားမိနေရကာ နွေးထွေးပြီးသန်မာသည့်ခန္ဓာကိုယ်ကြီးအပြင် သူ့အသက်ရှူငွေ့များကပါ သူမထံသို့ နေရာတိုင်းမှနေ၍ ဆန္ဒပြင်းပြင်း ကျူးကျော်နေခဲ့သည်။ သူ့ရေစိုလက်စဆံပင်ဖျားတို့က သူမ၏လည်တိုင်ထက်သို့ တစ်ချက်ချက်ထိလာပြီး ရေစက်များမှာ ကပ်ညှိလာလျက်။ ထိုအေးစိမ့်သွားခဲ့သည့်ခံစားချက်မှာမူ လျှပ်စီးဓါတ်ကူးလူးသွားသည့်သဖွယ်ပင်။
ထိုအချင်းအရာကြောင့် ဝိန်းရိဖန် အလိုလိုကျုံ့သွားမိလိုက်၏။
စန်းရန်၏ ပူနွေးနွေးလက်ဖဝါးတို့ဟာ သူမ၏အင်္ကျီအတွင်းထဲသို့ ဝင်ရောက်လာပြီး ဗိုက်ပေါ်မှတဆင့် အပေါ်သို့တက်လာခဲ့ရာ သူမ၏နူးညံ့သည့်နေရာသို့ မရောက်မချင်း။ အနည်းငယ်ကြမ်းရှရှနိုင်သည့် သူ့လက်ချောင်းများက ထိပ်ဆုံးအပိုင်းလေးအား အသာအယာပွတ်ဆွဲလိုက်သည်။
ဝိန်းရိဖန် မသိလိုက်ပါဘဲ အသက်တစ်ချက်ရှိုက်လိုက်မိကာ ခန္ဓာကိုယ်မှာလည်း တင်းခနဲဖြစ်နေရင်း လက်နှစ်ဖက်က သူ့လည်တိုင်ကို အလိုက်သင့်သိုင်းဖက်လိုက်ပြီး စိတ်လှုပ်ရှားလာရတော့၏။
ငြင်းဆန်ရှောင်ဖယ်လိုသည့်သဘောဆန္ဒမျိုး အလျင်းမရှိ။
သို့သော် ချက်ချင်းဆိုသလို သူမ၏အခြေအနေကိုသတိထားမိသွားခဲ့ခြင်းကြောင့်လားမသိ စန်းရန်က ရပ်တန့်ပစ်လိုက်၏။ ထိတွေ့ပွတ်သပ်နေသည့်လက်တစ်စုံမှာ တဖြည်းဖြည်းအောက်သို့ပြန်ဆင်းသွားပြီး အင်္ကျီအောက်မှ လျှိုထွက်သွားခဲ့သည်။ သို့သော် သူ့ဆန္ဒများကို ဖြေဆယ်သည့်အတိုင်း သူမအား ဆက်၍နမ်းရှိုက်နေဆဲပင်။
နှုတ်ခမ်းမှတဆင့် နားရွက်ဖျားထိတက်လာခဲ့ကာ ထိုမှတဆင့် လည်တိုင်တစ်လျှောက် ဖွဖွလေးကိုက်နေလေသည်။
အရည်မျှင်လေးများလည်း မပါမဖြစ်ပေ။
ဝိန်းရိဖန်မှာ သူ၏ခေါင်းကို အသာအယာဖက်ထားရင်း သူ့ခန္ဓာကိုယ်ထက်၌ ဒူးထောက်လျက်အနေအထားမျိုးဖြင့်ရှိနေကာ သူ၏ ပူပြင်းတောက်လောင်နေမှုကြီးကို အတိုင်းသားခံစားမိနေရသည်။ သူမ တုတ်တုတ်မျှမလှုပ်ရဲတော့သဖြင့် နေရာ၌သာ တောင့်၍ရပ်နေပြီး သူ့ကျူးကျော်လာမှုများကို လက်ခံနေလေသည်။
အချိန်အတော်ကြာသွားသည့်အခါ စန်းရန်က သူမ၏နှုတ်ခမ်းကို ကိုက်ရင်း ရပ်တန့်ပစ်လိုက်၏။
ဝိန်းရိဖန် သူ့အား ဗလာကျင်းစွာစိုက်ကြည့်လိုက်ရင်း
"ဘာလို့ ရပ်လိုက်တာလဲ"
စန်းရန်က သူမ၏နီရဲနေပြီးသောနှုတ်ခမ်းကို ငေးစိုက်ကြည့်ရင်း လည်စလုတ်မှာလှုပ်ရှားသွားခဲ့၍
"မင်း ဟိုရက်တွေရောက်နေတာမဟုတ်ဘူးလား"
ဤစကားလုံးဟာ ဝိန်းရိဖန်မှ စန်းရန်အား အကြောင်းပြချက်သက်သက်ပေးခဲ့သည့်စကားတစ်ခွန်းပင်။ စိတ်ထဲ မသိုးမသန့်ဖြစ်လာရင်း သူ့နှုတ်ခမ်းအား ထပ်၍နမ်းရှိုက်လိုက်ကာ လေတိုးသံအလား ခပ်ဖွဖွလေးဆိုလိုက်၏။
"ငါ နင့်ကိုညာတာ"
"...."
ဤစကားတစ်ခွန်းက ခွင့်ပြုလက်ခံလိုက်ခြင်းနှင့် အတူတူပင်။
ဟိုတယ်အခန်းငယ်လေးမှာ နှစ်လိုဖွယ်ကောင်းသည့်အငွေ့အသက်များအပြည့် ဖြစ်လာပါတော့၏။
စန်းရန်က နှုတ်ခမ်းကိုဟပြီး သူမ အလိုကျနမ်းရှိုက်လာစေကာ မိနစ်တစ်ဝက်စာကြာပြီးနောက်တွင် သူမ၏နှုတ်ခမ်းပါးနှင့် ဖြေးဖြေးချင်းခွာယူလိုက်၏။ လက်ချောင်းများမှာ သူမ၏လည်ဂုတ်မှတဆင့် ကျောရိုးတစ်လျှောက်ဆင်းလာသည်မှာ အင်္ကျီအနားသပ်နားအထိ။
လက်ချောင်းများက အလျင်မြန်ဆုံးလှည့်ပတ်ကစားလိုက်ကာ နောက်တွင် သူမ၏အင်္ကျီချိတ်အား ဖြည်းဖြည်းချင်း ဆွဲဖြုတ်လိုက်တော့၏။
"အို့..ဒါကြောင့် အရှေ့ကိုကြိုတွေးပြီး ကိုယ်နဲ့ တစ်ခန်းထဲအတူတူနေချင်တာလား..."
ဗိုက်နားအထိ ဆွဲချလာပြီးသည့်အခါ။
"ဒါနဲ့များ.."
သူ့မျက်ဝန်းများထဲရှိ ဆန္ဒအရိပ်အယောင်များမှာ နက်သထက်နက်လာပြီး အင်္ကျီစကိုဆွဲတင်၍
"ဆန္ဒတွေကိုထိန်းပြီး ကုတင် နှစ်ခု ယူနေသေးတယ်"
"...."
အင်္ကျီမှာ အပေါ်သို့ ဆက်၍ဆွဲတင်နေဆဲ။
ဝိန်းရိဖန် အရှေ့တွင်မြင်နေရသည့်ယောက်ျားလေးကို ကြည့်ရင်း စိတ်ထဲ ဗလာကျင်းလာခဲ့တော့၏။ အကြောင်းပြချက်မရှိပါဘဲ နှုတ်ခမ်းတို့မှာလည်း ခြောက်သွေ့လာကာ သူမ၏ခန္ဓာကိုယ်ကလည်း သူ့အနားသို့ အလိုလိုတိုးကပ်လာခဲ့သည်။ ဆန္ဒများကလည်း ပြင်းပြလာခဲ့သလို မမြင်ရသည့်စိတ်လှုပ်ရှားခြင်းနှင့်နေမထိထိုင်မသာဖြစ်ရခြင်းများလည်း တစ်ပြိုင်တည်း တည်ရှိလာခဲ့၏။
နောက်တစ်စက္ကန့်တွင် စန်းရန်က သူမ၏ညှပ်ရိုးတစ်လျှောက်ကို အမှတ်အသားပေးကိုက်ယူနမ်းရှိုက်လာရင်း
"ဝိန်းရွှမ်းကျန့်..ကိုယ့်ကို စားမလား?"
အာရုံခံစားနိုင်သမျှသော အရာအားလုံးမှာ တင်းခနဲဖြစ်သွားခဲ့တော့သည်။
ဝိန်းရိဖန်၏ သူ့လည်တိုင်ကိုဖက်ထားမိသည့်အားမှာ တဖြည်းဖြည်းတင်းလာပြီး လည်ချောင်းထဲမှထိုးထွက်လာချင်နေသည့် အသံများကိုလည်း ကျိတ်မှိတ်ထားနေရသည်။ ခံစားမိနေသည်မှာ သူ့နှုတ်ခမ်းများက ညှပ်ရိုးမှတဆင့်အောက်သို့ ဆက်၍ဆင်းသွားပြီး သူ့အငမ်းမရရှိုက်ရှူနေသည့် အသက်ရှူငွေ့သံများကိုပင် ကြားနေခဲ့ရကြောင်းပင်။
"မင်းကို စျေးလျော့ပေးမယ်လေ..."
-------
(Zawgyi)
"အင်း"
ဝိန်းရိဖန် ;
"...."
"ဘာလုပ်တာလဲ"
"ငါ..."
"...."
ဝိန်းရိဖန် ; "အင်း"
"အင်း"
-------
"ဗိုက်ပြည့်ပြီလား"
"အင်း"
Advertisement
- In Serial71 Chapters
Control (Book 1 of Control Series)
"-Do you understand?" She nods. "Words." "Yes." "Yes, what?" She doesn't want to say it. She doesn't want to give him the satisfaction. She looks up into his dark eyes and shivers. In this moment he looks like the predator she knew he really was. She has to say it. "Yes Sir." And right now she's his prey. *you don't have to read any of the other books in the series to read this book*Under Major EditingCOPYRIGHT © ALL RIGHTS RESERVED
8 120 - In Serial126 Chapters
SIN-BIN
"𝙄 𝙗𝙚𝙡𝙞𝙚𝙫𝙚 𝙞𝙣 𝙖𝙣𝙣𝙤𝙮𝙚𝙙 𝙖𝙩 𝙛𝙞𝙧𝙨𝙩 𝙨𝙞𝙜𝙝𝙩" Have you ever met someone you hate from the very first time they open their mouth? Ava Mason has just started her studies at Michigan University, but she already can name a few people she feels that way about, especially Colton Thompson.The center for their college's hockey team, Colton Thompson is undeniably hot, broody and distant. He keeps his demons at the bay and hides the truth about his family drama from everyone.Their first meeting ends with a threat, and makes Ava want to avoid Colton at any cost. Unfortunately, destiny continues to step in with their paths crossing, over and over, increasing the tension between the two to a boiling point.Ava and Colton hate each other, but it seems like they can't stop thinking about one another, either. Harsh words, and offensive behavior, Colton uses every means possible to push Ava away, to make her off-limits. She's too good for him. The only thing he doesn't realize is... even good girls have a wild side, and Ava is definitely one of them.Cover credits - @LACannonBook 1 of 'Sinners on The Ice' series
8 129 - In Serial5 Chapters
Drew Storm, 21, is a school dropout who thinks she's a good for nothing. She joined work in a famous hospital of Minneapolis, Minnesota, USA, where she meets a pretty and talented, but flopped actress, Gina Crowe. Gina hasn't been able to produce a hit ever since her debut in the Hollywood industry, so she gave up, and ran away from her villa in Los Angeles, California, and returned to her parents in Minneapolis. Soon after, her mother is admitted to the hospital with appendicitis, in the very hospital where Drew worked as a nurse. In Gina, Drew finds something which motivates her to change herself, and Gina herself finds something interesting in Drew. They fall in love with each other, and their lives take an amazing turn.#1 - motivation
8 167 - In Serial42 Chapters
Her Given (Editing)
She's an angel as bright as the sunshine, even when the darkness threatens to consume her, and she's just trying to find her place in this world to protect her Given.They're three shifters of the night, wolves wearing human skin, and they're just trying to fill in the missing pieces to their hearts-hearts that have always been owned by an angel they've never even met, an angel that isn't even aware of it herself yet.There's an evil threatening to destroy their newfound love, a being of darkness and hate and bitter resentment.Will the girl with oceans for eyes, silver for hair, and gold for a heart be able to stop this evil, along with the werewolves that love her? Or will she plunge into the darkness that's threatening to scuff out her ethereal light?♡♡♡WARNING!Will have cursing, sexual content, a polyamorous relationship, and themes of violence and SA.☆☆Completed (May 4, 2019)☆☆
8 133 - In Serial18 Chapters
Overdue || S. Reid [Completed]
"What do you do when you rush out of here, anyway?""I wish that I could tell you."
8 76 - In Serial29 Chapters
Da Capo
Da Capo: a music term for 'from the beginning'. Starting all over again.At twenty-seven, Stephanie Ryan had to restart her life Da Capo. After being heartbroken by her ex-boyfriend Leon, Stephanie knew she needed a change. Music had always been her dearest passion in life, so on a whim she left her boring HR job in Boston to live in London with her friend and fellow violinist Lydia. Taking in the culture of classical music in the city would hopefully remind her who she truly was.Kyle Lancaster had been Juilliard's shining star two years ago: a concert pianist graduating at the top of his class, he soon became a well-known name amongst the classical music scene, selling out performance halls nearly every night while on tour. Now he's back home in London teaching a masterclass at the Royal Academy... but so is his ex, the famous violin virtuoso Chloe Alistair. Being here with her will no doubt be awkward, considering how his fans (and his publicists) expect the two of them to get back together.But one day before class, Kyle walked in on a red-haired woman practicing her violin all alone. He found her to be rude, tactless, and utterly infuriating... and before he knew it, all the plans other people had for his life came crumbling down around him.*COMPLETE*
8 146

