《First Frost (Myanmar Translation)》Chapter 67
Advertisement
အရင်တစ်ကြိမ် ဝိန်းရိဖန်တစ်ယောက် နန်းဝူမြို့မှ ယီဟဲမြို့သို့ လေယာဥ်ဖြင့်ထွက်လာခဲ့သည်မှာ ၈နှစ်ခန့်ပင် ရှိပြီဖြစ်သည်။
စန်းရန်နှင့် ပေယွီ၌ နောက်ဆုံးတွေ့ပြီးသည့်နောက်တစ်နေ့တွင် ဝိန်းရိဖန်က အမြန်ရထားဖြင့် နန်းဝူမြို့သို့ရောက်လာပြီး ကျောက်ယွမ့်တုံထံ၌ရှိနေသော ဝိန်းလျန်ဇယ်မှ သူမအတွက်ချန်ထားပေးခဲ့သည့် ပိုက်ဆံနှင့်အချက်အလက်စာရင်းများကို သွားယူလိုက်သည်။ ထို့နောက်တွင် ဤမြို့နှစ်မြို့၌ အချိန်ကြာကြာရပ်နားနေခြင်းမျိုးမရှိဘဲ ယီဟဲမြို့သို့ တစ်ယောက်တည်း လေယာဥ်ဖြင့်ထွက်လာခဲ့သည်။
ဤအခိုက်အတန့်တွင်တော့ ဝိန်းရိဖန်၏စိတ်အခြေအနေမှာ ထိုတစ်ကြိမ်ကနှင့် လုံးလုံးလျားလျားမတူညီပါပေ။
ဝိန်းရိဖန်က လေယာဥ်ပြတင်းမှန်ဘေး၌ ထိုင်နေရင်း အပြင်ဘက်သို့ ငေးစိုက်ကြည့်နေမိကာ ခဏနေ လေယာဥ်ဆင်းပြီးလျှင် သူမရောက်လာသည့်အကြောင်းအား စန်းရန်ကို ဘယ်လိုဘယ်ပုံပြောပြရန် စဥ်းစားကြည့်နေမိသည်။
သူ့အတွက် အနှောင့်အယှက်ဖြစ်သွားမည်လားလည်း မသိနိုင်သေးချေ။
အပြင်ဘက်တွင် မှောင်မည်းနေပြီဖြစ်သော်ငြား ဟိုးအဝေးမှ အမည်းရောင်တိမ်စိုင်ကြီးများကိုတော့ လှမ်းမြင်နေရသေးသည်။ အထက်နှင့်အောက်ဘက်တွင် မည်းမှောင်နေသည့် ညကောင်းကင်ပြင်ကြီးသာရှိနေပြီး လေယာဥ်မီးအနီရောင်လေးမှာ မှိတ်တုတ်မှိတ်တုတ်။ လေယာဥ်အတွင်းတွင်မူ အေးချမ်းတိတ်ဆိတ်နေပြီး မှိန်ပျပျမီးရောင်အောက်မှ လူတစ်ချို့၏တီးတိုးစကားပြောသံများကို သဲ့သဲ့လေး ကြားနေရသည်။
ရှည်လျားပြီးနှေးကွေးလွန်းသော အဆုံးမဲ့ခရီးတစ်ထောက်အတိုင်းပင်။
ဝိန်းရိဖန် ရုတ်တရက် သိချင်လာမိသည်မှာ..
အတိတ်ကာလတုန်းက စန်းရန်က နန်းဝူမြို့မှ ပေယွီမြို့သို့ အမြန်ရထားစီးပြီး သူမကို လာတွေ့သည့်အကြိမ်တိုင်းတွင် မည်သို့သောခံစားချက်မျိုးများကို သယ်ဆောင်လာခဲ့ဖူးသနည်း။
သူမ လက်ရှိတွင်ဖြစ်နေသောခံစားချက်သကဲ့သို့ မျှော်လင့်ချက်များစွာဖြင့်စိတ်လှုပ်ရှားနေခြင်းမျိုးလား။
သိပ်မကြာခင် သူ့အား တွေ့ရတော့မည့်ခံစားချက်မျိုးရှိလာသည့်အခါ..
တစ်ဖက်လူဘက်မှ သူမအား မတွေ့ချင်နေမည်ကို စိုးရိမ်ပြီး ကြောက်လာပါတော့သည်။
လေယာဥ်အတွင်းရှိ လေအေးပေးစက်၏အရှိန်မှာ အနိမ့်ဆုံးထားထားသည့်တိုင် ဝိန်းရိဖန်က စောင်ကိုထပ်တိုး၍ ခြုံလိုက်မိ၏။ လေယာဥ်တစ်စင်းလုံးတွင် သူမကသာ စိတ်မလုံမခြုံဖြစ်နေပြီး ဘာမှလုပ်စရာမရှိသည့်တိုင် အိပ်ပျော်အောင်အိပ်လိုက်ဖို့ရာလည်း အစီအစဥ်မရှိပါပေ။ ဝိန်းရိဖန် ပြတင်းပေါက်အပြင်ဘက်သို့ ထပ်၍လှမ်းကြည့်လိုက်သည်။
ဖြစ်ကြောင်းကုန်စင် ဇာတ်လမ်းအစအဆုံးအား ပြောပြရန် ဆုံးဖြတ်ထားခဲ့ခြင်းကြောင့်လားမသိ ၊ ဝိန်းရိဖန်၏စိတ်အစဥ်က ဟိုးအရင်ချိန်များထက်ပင် ပို၍တည်ငြိမ်လို့ နေခဲ့သည်။
နှုတ်ခမ်းပါးကို ဖွဖွလေးစေ့ထားမိရင်း ဟိုးအရင်ကကိစ္စအလုံးစုံတို့အပြင် ယနေ့ည၏စိတ်ခံစားချက်တို့ကိုပါ ဖြေးဖြေးချင်းဆွဲထုတ်လာခဲ့ကာ စာတစ်ပိုဒ်အဖြစ် ရေးသားပြီး သူမ ဘယ်သောအခါမှ မမှတ်မိချင်တော့သည့်မှတ်ဥာဏ်များအဖြစ် ရှင်းထုတ်ပစ်လိုက်တော့မည်ဖြစ်သည်။
--------
ဝိန်းရိဖန် ဘကြီးတို့မိသားစုနှင့်အတူ ပေယွီသို့ပြောင်းလာခဲ့သည်မှာ အထက်တန်း ဒုတိယနှစ်၏ နောက်စာသင်နှစ်ဝက်တွင်ဖြစ်သည်။
အစပိုင်းတွင် အရာအားလုံးဟာ နန်းဝူမြို့တုန်းက အခြေအနေနှင့်အတူတူပင်။ ရင်းနှီးနေသည့်မြို့တစ်မြို့မှ မရင်းနှီးသေးသည့်မြို့တစ်မြို့အဖြစ် ပြောင်းသွားသည်ကလွဲ အခြားဘာမှ မခြားနားသွားပါပေ။
ထိုအချိန်တုန်းက ဝိန်းရိဖန်ကိုယ်တိုင်လည်း ဤအခြေအနေအား အရေးတယူပင်မရှိခဲ့။
သူမအနေဖြင့် ကူကယ်ရာမဲ့နေမှန်း ခံစားရသည့်တိုင် အခြားလမ်းမျိုး မရှိမှန်းလည်း သိနေခဲ့ပါသည်။ အမှတ်အဆင့်များပိုကောင်းလာရန် ကြိုးစားချင်သည့်စိတ် ၊ တက္ကသိုလ်ကောင်းကောင်းသို့ တက်ချင်သည့်စိတ် ၊ အချိန်များ မြန်နိုင်သမျှမြန်အောင် ကုန်ဆုံးသွားချင်သည့်စိတ်ကလွဲ အခြားဘာမှမရှိ၏။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုသာ အမြန်ဆုံးဖြေဆိုပြီး အရွယ်ရောက်လာခဲ့လျှင် သူမ၏ကိုယ်ပိုင်အရည်အချင်းဖြင့် ကိုယ်ပိုင်ပိုက်ဆံရှာနိုင်လာပြီး..
ဤကဲ့သို့အသက်ရှင်နေရသည့်ဘဝအား အမြန် အဆုံးသတ်လိုက်ချင်ရုံပင်။
ဝိန်းရိဖန်အတွက်တော့ ထိုကဲ့သို့ဖြတ်သန်းနေရသည့် နေ့ရက်တစ်ရက်၏ အချိန်တစ်ခုစီတိုင်းသည် စိတ်အားငယ်ပြီးနာကျင်စရာချည်းသာ။
သို့သည့်တိုင် သူမထံ၌ မျှော်လင့်ချက်လေးတစ်ခု ရှိနေသေးကာ
သူမ၏အတွေးထဲတွင် ဤအချိန်များကို ကျော်ဖြတ်သွားခဲ့ပြီးလျှင် အရာအားလုံးဟာ ကောင်းမွန်လာခဲ့မည်ဟူ၍။
ရှိရှိသမျှသောအတွေးများအားလုံးသည် သူမ အထက်တန်းတတိယနှစ် ရောက်သည့်အချိန်မှစပြီး ပြောင်းလဲသွားပါတော့၏။
ထိုနှစ်က ချယ်ရှင့်ဒယ်သည် အခြားမြို့တစ်မြို့မှ ပေယွီသို့ ပြောင်းလာခဲ့သည်။ သူသည် အလုပ်မရှိ ၊ ဝင်ငွေမရှိ ၊ သုံးစွဲစရာပိုက်ဆံမရှိဘဲ သူ့အစ်မကိုသာ မှီခိုပြီး နေထိုင်ခဲ့သည်။ ထို့နောက်တွင်တော့ ဘကြီးအိမ်သို့ ရောက်လာခဲ့တော့သည်။
ပထမဆုံးအကြိမ် တွေ့ဖူးကြသည့်အခါကတည်းက ထို'ဦးလေး' ဟုအမည်တပ်နေသည့်လူနှင့် ပတ်သတ်ပြီး ဝိန်းရိဖန် အကောင်းမမြင်ခဲ့ပါပေ။
ဝိန်းရိဖန်သည် နဂိုကတည်းက တုံ့ပြန်လာမှုနှေးသည့်သူဖြစ်ပြီး ခံစားချက်များအပေါ် အာရုံထားမိသည်မှာလည်း အခြားသူများထက်ပင် နှေးသည်။ သို့သော်ငြား ထိုလူ၏ သူမအပေါ်စိုက်ကြည့်နေသည့်မျက်လုံးများက ထူးဆန်းနေကြောင်း အမြဲတမ်းလိုလို ခံစားမိနေခဲ့ကာ စကားပြောသည့်အခါတွင်လည်း အလွန်ဆိုးရွားသည့်အဓိပ္ပါယ်မျိုးများ ပါနေခဲ့သည်။
သူမက အလွန်တရာကိုအကဲခတ်တော်သည့်သူလည်း မဟုတ်သဖြင့် ဤအရာများက သူမ၏ စိတ်ထင်ယောင်ထင်မှားဖြစ်နေခြင်း ဟုတ်မဟုတ်ကိုလည်း မဝေခွဲတတ်ခဲ့ပါပေ။
အစပိုင်းတွင် ချယ်ရှင့်ဒယ်က စည်းကျော်သည့်အပြုအမူမျိုးများကို လုပ်မလာ ၊ အလုပ်ရှာမတွေ့သေးခင်အချိန်ထိ ချယ်ရှင့်ဒယ်က နေ့တိုင်းအိမ်ထဲ၌သာ နေပြီး အပြင်လည်းမထွက်။ တစ်ခါတစ်ရံ ဝိန်းရိဖန်၏ဘေးနားတွင် လာထိုင်တတ်ပြီး တစ်ခုခုကိုလှမ်းကိုင်သည့်အကြောင်းပြချက်မျိုးဖြင့် သူမ၏ခန္ဓာကိုယ်ကို ထိလာတတ်သည်။
ဝိန်းရိဖန်အနေဖြင့် တစ်ကြိမ်နှစ်ကြိမ်ခန့်တွင် အမှုမဲ့အမှတ်မဲ့ထိမိခြင်းအဖြစ် တွေးပေးနိုင်သော်လည်း အကြိမ်ရေများလာသည့်အခါ တစ်ခုခုမူမမှန် ခံစားမိလာရတော့၏။
ငယ်ငယ်ကတည်းက အသေအချာပျိုးထောင်ပြီးကာကွယ်စောင့်ရှောက်မှုကြား ကြီးပြင်းလာသည့်ကလေးမျိုးဖြစ်သည့်အတွက် သူမအနေဖြင့် ယခုလိုအခြေအနေမျိုးနှင့် လုံးဝရင်မဆိုင်ဖူးပါပေ။ အဘယ်လို ဖြေရှင်းလိုက်ရမည်မျိုးကိုလည်း နားမလည်ချေ။ ကျောက်ယွမ့်တုံဖုန်းခေါ်လာသည့်အခါမျိုး၌လည်း သူမ ပြောပြချင်သည့်တိုင် ထိုစကားများကို ပြောမထွက်ခဲ့။ ထိုအသက်အရွယ်ကောင်မလေးတစ်ယောက်အတွက် ဤကိစ္စကိုပုံဖော်ပြီး ပြောပြရမည်မှာ အလွန်ကိုမှခက်ခဲသည့်ကိစ္စတစ်ရပ်ပင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အထက်တန်း တတိယနှစ်က အရေးကြီးသည့်အတန်းဖြစ်သဖြင့် ကျောင်းတော်ကြီးမှ အထက်တန်းတတိယနှစ်ကျောင်းသားများအား ကျောင်းပိတ်ရက်များတွင် ကိုယ်ပိုင်စာကြည့်ချိန်အတွက် ကျောင်းဝန်းထဲ၌နေခွင့်ပြုလာခဲ့သည်။
ဝိန်းရိဖန်က အိမ်ပြန်နေရမည့်အချိန်များအား အရိုးရှင်းဆုံးနည်းဖြင့် လျော့နည်းစေလိုက်ပြီး ကျောင်းဝန်းထဲ၌သာ အချိန်ကုန်ခဲ့သည်။ အကယ်၍ ပိတ်ရက်မဟုတ်လျှင် ကျောင်းဝန်းထဲ၌ ကျောင်းသားများအား နေခွင့်မပေးခြင်းမျိုးသာ မလုပ်လာခဲ့လျှင် သူမသည် ဘကြီးတို့အိမ်ကိုပင် ပြန်လာတော့မည်မဟုတ်၏။
အထက်တန်း တတိယနှစ် ပထမစာသင်နှစ်ဝက်ပြီးသွားသည့်အချိန်။
အထက်တန်းကျောင်းသားဘဝ၏ နောက်ဆုံးသော ဆောင်းရာသီပိတ်ရက်ကာလ ၊ အသေအချာတွက်ကြည့်လျှင် နှစ်ပတ် မပြည့်သည့်ရက်စွဲ ၊ သို့သော် ထိုအချိန်အတွင်းတွင် ချယ်ရှင့်ဒယ်၏လုပ်ရပ်အပြုအမူများက အရမ်းသိသာလာခဲ့တော့သည်။
Advertisement
ဝိန်းရိဖန်က လုံးဝလက်မခံနိုင်တော့သည့်အတွက် ချယ်ယန့်ချင်အား တစ်ခါ အသိပေးတိုင်ပြောခဲ့ဖူး၏။
ချယ်ယန့်ချင်က ထိုကိစ္စအား စိတ်ထဲ လုံးဝမထည့် ၊ သူမကသာ ဆတ်ဆတ်ထိမခံဖြစ်နေသည့်အကြောင်း ၊ စည်းကျော်သည့်အရာများကို မစဥ်းစားသင့်ကြောင်း ၊ ပုံကြီးမချဲ့သင့်ကြောင်း ပြောဆိုလာခဲ့သည်။
အသိမပေးခင်ကတည်းက ချယ်ယန့်ချင်က သူမဘက်ပါမည်မဟုတ်ကြောင်း ဝိန်းရိဖန် ကြိုသိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျောက်ယွမ့်တုံထံသို့ ပြောပြလိုက်ပြီး သူမဘာသာ အပြင်ဘက်၌အိမ်ငှားနေချင်သည့်အကြောင်းပါ စကားဆိုခဲ့သည်။
ကျောက်ယွမ့်တုံက ထိုစကားမျိုးကြားလိုက်ရသည့်အခါ စိုးရိမ်သွားခဲ့သလို အပြင်ဘက်၌တစ်ယောက်တည်း အိမ်ငှားနေမည့်ကိစ္စကိုလည်း စိတ်မချပါပေ။ နောက်ဆုံးတွင် သူမအား ချယ်ယန့်ချင်နှင့်ဆွေးနွေးကြည့်မည်ဟုသာ နှစ်သိမ့်လာခဲ့သည်။
သို့သော် နောက်ပိုင်းတွင် အကြောင်းပြန်စာဟူ၍မရှိ။
ကြည့်ရသည်မှာ ဝိန်းရိဖန်၏သိသိသာသာရှောင်ဖယ်နေခြင်းကို အနံ့ခံမိခြင်းကြောင့်လားမသိ ၊ ချယ်ရှင့်ဒယ်၏အပြုအမူတ်ု့က ပို၍ရိုင်းစိုင်းလာခဲ့ကာ ညသန်းခေါင်အချိန်မျိုးတွင် သူမ၏အခန်းတံခါးသော့အား ဖွင့်ဖို့ရာ ကြိုးစားလာတော့၏။ ပြုလုပ်တတ်သည့်ပုံစံမှာ အရက်မူးလွန်နေခြင်းကြောင့် သူမ၏အခန်းတံခါးကို ခပ်ပြင်းပြင်းရိုက်ပြီး အခန်းမှားဝင်သည့်ပုံစံမျိုးဖြစ်သည်။
ဝိန်းရိဖန်က ထိုလူအား အကြိမ်ကြိမ်သတိပေးသော်လည်း အဆုံးသတ်သွားခြင်းမရှိ။ ထိုလူအား အခန်းတံခါးအား အရင်ထက်ကပင် ခပ်ပြင်းပြင်းရိုက်လာပါတော့၏။
ယခုလိုအခြေအနေမျိုးဖြစ်လာသည့်အကြိမ်တိုင်းတွင်...
ဝိန်းရိဖန် တတ်နိုင်သည့်တစ်ခုတည်းသောကိစ္စမှာ မနက်ခင်း သုံးနာရီထိုးသည်အထိ စောင့်ရခြင်းပင်။
ဝိန်းလျန်ရှန်နှင့်ချယ်ယန့်ချင်တို့က အသားကင်ဆိုင်ဖွင့်ထားသည့်အတွက် မနက်ခင်း ၂နာရီခွဲလောက်မှ ဆိုင်သိမ်းလေ့ရှိပြီးအိမ်အထိ နာရီဝက် လမ်းလျှောက်လာရသေးသည်။ သူတို့နှစ်ဦးစလုံး နေ့တိုင်း မနက်ခင်း သုံးနာရီမှသာ အိမ်ပြန်ရောက်၏။
ချယ်ရှင့်ဒယ်က ဝိန်းလျန်ရှန်ကို ကြောက်သည့်အတွက် ဝိန်းလျန်ရှန်ရှိနေသည့်အချိန်မျိုးတွင် လက်လွတ်စပယ်မလုပ်ရဲဘဲ ထိန်းထိန်းသိမ်းသိမ်းနေတတ်ရှိ၏။
အခန်းတံခါးကို လော့ချထားရုံသာမက တံခါးရှေ့၌ စားပွဲခုံကို ကန့်လန့်ချထားသည့်အပြင် သူမအနေဖြင့် လုံခြုံဟု မခံစားရသေး။ ခေါင်းအုံးအောက်၌ ကတ်ကြေးများ ဓါးများကို ဖွက်ထားတတ်လာသည့်အပြင် အိမ်မှာနေရသည့်အခါတိုင်း မနက်ခင်း သုံးနာရီမထိုးမချင်း မအိပ်ရဲတော့ချေ။
သူမ သတိမထားမိလိုက်သည့်အချိန်အတွင်း ချယ်ရှင့်ဒယ် တံခါးဖျက်ဝင်လာမည်ကို ကြောက်လန့်နေခဲ့ရသည်။
ထိုကဲ့သို့သောနေ့ရက်များ ဆက်တိုက်ဖြစ်လာသည်မှာ အထက်တန်းစာမေးပွဲကြီး ပြီးဆုံးသွားသည်အထိပင်။
ဤကာလများအတွင်း ဝိန်းရိဖန်သည် ကျောက်ယွမ့်တုံထံသို့ အကြိမ်ကြိမ်ဖုန်းခေါ်ဆိုဖြစ်ခဲ့ပါသည်။ကျောက်ယွမ့်တုံထံမှ ကြားလာရသည့်စကားတိုင်းသည်လည်း ကျိန့်ခယ်ကျားက သူမအား တဖြည်းဖြည်းနှင့်လက်ခံလာနေပြီဖြစ်ကြောင်း ၊ ထပ်၍သာဖျောင်းဖြပြောဆိုပြီးလျှင် ဝိန်းရိဖန် ပြန်ပြောင်းလာနိုင်တော့မည့်စကားများပင်။
စာမေးပွဲအောင်စာရင်းထွက်ပြီးသည့်နောက်။
တက္ကသိုလ်လျှောက်လွှာများ တင်ရတော့မည့်အချိန်တွင် ကျောက်ယွမ့်တုံကလည်း သူမအား နန်းဝူတက္ကသိုလ်ကိုလျှောက်ရန် အကြံပြုလာခဲ့သည်။
ထိုမှသာ ဝိန်းရိဖန်က ကျောက်ယွမ့်တုံနှင့်အနီးအနားတွင်ရှိနေနိုင်မည်ဖြစ်ပြီး ပို၍စောင့်ရှောက်ရလွယ်စေရန် ရည်ရွယ်ခြင်းဖြစ်၏။
ကျောက်ယွမ့်တုံက မိသားစုအသစ်တည်ထောင်နေခြင်းကြောင့် သူမအား ဘကြီးအိမ်သို့ ယာယီပို့ထားခြင်းဖြစ်ပါသည့်တိုင် ထိုအချိန်များတုန်းက ဝိန်းရိဖန်သည် ကိစ္စတော်တော်များများအတွက် ကျောက်ယွမ့်တုံအပေါ် မှီခိုနေရဆဲသာဖြစ်သည်။ ထို့ကြောင့် ယခုလိုဘဝမျိုးမှ အမြန်ဆုံးရုန်းထွက်ပစ်ချင်ပြီး သည်နေ့ရက်များအား အတိတ်တစ်ခုသာ ပြောင်းလဲပစ်လိုက်ချင်သည်။
မိသားစုအသစ်နှင့်လည်း လိုက်လျောညီထွေနေနိုင်ရန် ကြိုးစားကြည့်ချင်သည့်အတွက် ဝိန်းရိဖန်သည် ကျောက်ယွမ့်တုံ၏စကားအား လက်ခံလိုက်၏။
သူမအနေဖြင့် ဆိုရင်လျှင်...
ပေယွီမြို့ကလွဲ အခြားအခြားသောမြို့များက တစ်ခုနှင့်တစ်ခု တမူထူးခြားနေခြင်းမျိုးမရှိ။
သည့်ထက်အပြင်။
နန်းဝူမြို့၌ ရှိနေသည့် စန်းရန်ကို တွေးလိုက်မိသည့်အခါ..
သူသည်လည်း နန်းဝူမြို့၌ နေဖို့သာရွေးဖြစ်လောက်မည့်အကြောင်းအား စဥ်းစားမိလိုက်သည်။
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ စတင်လျှောက်ရတော့မည့် ထိုရက်သတ္တပတ်တွင်။
စန်းရန်က သူမအား မက်ဆေ့များတစ်စောင်ပြီးတစ်စောင်ပို့လာခဲ့ကာ သူမ ရွေးမည့်တက္ကသိုလ်ကို အကြိမ်ကြိမ်မေးလာခဲ့သည်။
သူမဘက်ကလည်း စန်းရန်က မလျှောက်ချင်သည့်တက္ကသိုလ်ကို လျှောက်လိုက်မည်ကိုစိုးသဖြင့် ဝိန်းရိဖန်က သူ့အား မေးမြန်းကြည့်ပါသေးသည်။ သို့သော်ငြား စန်းရန်ဘက်က ဘယ်တက္ကသိုလ်ကိုရွေးမည့်အကြောင်း ပြန်မဖြေပေ။ နောက်ဆုံးတွင်တော့ သူမဘက်ကသာ နန်းဝူတက္ကသိုလ်ကိုလျှောက်မည့်အကြောင်း အတိအကျပြောပြလိုက်ရသည်။
သူမ နန်းဝူသို့ ပြန်သွားမည်။
လွန်ခဲ့သောနှစ်နှစ်တာကာလ၏နာကျင်မှုများအား ဖြစ်ခဲ့ပြီးသောအတိတ်အဖြစ်သာ မှတ်ယူလိုက်မည်။
သူတို့နှစ်ဦးသည်လည်း ထပ်၍ မြို့နှစ်မြို့ခွဲနေစရာ မလိုပါတော့ပေ။
စန်းရန်က သူမဆီလာဖို့အတွက် အကြိမ်တိုင်း ခက်ခက်ခဲခဲလာနေရမည်မျိုးကို ဝိန်းရိဖန် မလိုချင်တော့၏။
ထို့နောက်တွင် သူတို့နှစ်ဦး နေ့တိုင်းတွေ့နိုင်ပါတော့မည်။
အထက်တန်း ပထမနှစ်တုန်းက အချိန်များအတိုင်း..
နေ့ရက်များဟာ တဖြည်းဖြည်းနှင့်ကောင်းမွန်လာပါတော့မည်။
ထိုအတွေးများဟာ တက္ကသိုလ်လျှောက်လွှာတင်ခွင့်ပေးထားသည့် နောက်ဆုံးနေ့တစ်နေ့ထိ။
ထိုနေ့ အာရုံမတက်ခင်အချိန် ၊ ဝိန်းရိဖန်တစ်ယောက်တည်း အိမ်ထဲ၌ ကျန်နေခဲ့သည်။ ဤရက်ပိုင်းအတွင်းတွင် ချယ်ရှင့်ဒယ်က အလုပ်တစ်ခုရှာတွေ့ထားသဖြင့် ရက်တော်တော်ကြာ အိမ်၌မရှိ ၊ သူ့အလုပ်ချိန်အလုပ်ကိစ္စများကို ဝိန်းရိဖန် ဘာမှမသိထားသဖြင့် ယနေ့ည၌ ပြန်လာမလာလည်း မသိခဲ့၏။
ထို့ကြောင့် မနက်ခင်း သုံးနာရီမထိုးမချင်း ဝိန်းရိဖန် မအိပ်ရဲပါပေ။
စန်းရန်နှင့် မက်ဆေ့မှတဆင့် စာပို့နေကြပြီး အိပ်ရာဘေးရှိ နာရီကိုလည်း မကြာခဏလှမ်းလှမ်းကြည့်နေခဲ့သည်။
စန်းရန် ; [ ငါ မနက်ဖြန် မင်းဆီလာခဲ့မယ်လေ..ရလား? ]
ဝိန်းရိဖန် ; [ သိပ်မကြာခင် ငါ နန်းဝူကိုလာဖို့ရှိတယ်..နင် မလာခဲ့နဲ့တော့ ]
စန်းရန် ; [ ဘယ်အချိန်လောက်လဲ ]
ဝိန်းရိဖန် ; [ တက္ကသိုလ်ဝင်ခွင့်အကြောင်းကြားစာတွေ ရတဲ့အချိန်လောက်..အဲ့ချိန်ကျရင် ကျောင်းကိုသွားပြီး မဖြစ်မနေ ယူစရာရှိတာတွေယူရမှာလေ ]
စန်းရန် ; [ ဒါဆို ၇လပိုင်းထိတောင် ရောက်သွားမှာပေါ့ ]
တစ်ခဏတွင်ထပ်၍။
စန်းရန်က စာတစ်စောင်ထပ်ပို့လာ၏။
[ ဝင်ခွင့်စာရင်းထွက်တဲ့နေ့ကျရင် ငါ တစ်ခါလောက်လာခဲ့မယ်လေ ]
ညသန်းခေါင်ကျော် ၁နာရီခွဲသွားသည်အထိ ချယ်ရှင့်ဒယ် ပြန်မလာသေးသောကြောင့် ဝိန်းရိဖန်၏စိတ်ထဲ ထိုလူ ပြန်မလာဖြစ်လောက်တော့မည်ဟု ထင်မှတ်သွားခဲ့သည်။ သို့သော်လည်း စိတ်ချလက်ချနေနိုင်ခြင်းမဟုတ် မုန်တိုင်းမလာခင် လေပြေသွေးနေသည့် ခံစားချက်မျိုးပင်။ စန်းရန်နှင့် မက်ဆေ့ပို့ပြီးနောက်တွင် ဝိန်းရိဖန် အိပ်ရာပေါ်၌လှဲအိပ်နေရင်း စတင်ငိုက်မျည်းလာပါတော့၏။
Advertisement
မနက်သုံးနာရီ မထိုးမချင်း မျက်လုံးကိုပြူးကျယ်ထားခဲ့သော်ငြား သူမသည် အိပ်ချင်နေသည့်စိတ်ကို အန်တုပြီးယဥ်နိုင်သူမဟုတ်။
စိတ်ထဲ ဤအချိန်ထိပင်ရောက်နေပြီဖြစ်ကာ သိပ်မကြာခင်အတွင်း ဘကြီးတို့ပြန်ရောက်လာတော့မည့်အကြောင်း တွေးလိုက်မိရုံလေးတွင်...
ခပ်ပြင်းပြင်း တံခါးရိုက်သံကြောင့် ဝိန်းရိဖန် လန့်နိုးသွားခဲ့ရတော့၏။
ဤတစ်ကြိမ်ထွက်ပေါ်လာသည့်အသံမှာ ယခင်ကကဲ့သို့ တံခါးလက်ကိုင်ကိုလှည့်နေသည့်အသံမျိုးမဟုတ် တံခါးသော့ဖြင့်လှည့်ဖွင့်နေသည့်အသံမျိုးပင်။ သူမ၏မျက်လုံးများဖွင့်လိုက်သည့်အခါ အမှောင်ကြီးထဲတွင် ကန့်လန့်ဖြတ်ချထားသည့် စားပွဲခုံက တံခါးဆောင့်တွန်း၍ဖွင့်ထားခြင်းကြောင့် အဝေးသို့ရောက်နေသည့်မြင်ကွင်းပင် ဖြစ်သည်။
မျက်လုံးပင့်ကြည့်လိုက်လျှင် ချယ်ရှင့်ဒယ်၏မျက်နှာကို မြင်လိုက်ရတော့၏။
ချယ်ရှင့်ဒယ်က သော့တွဲအား လက်ညှိုးဖြင့်လှည့်ကစားပြနေပြီး အားပါးတရရယ်နေလေသည်။ သူ့ခန္ဓာကိုယ်မှာ ခပ်ဝဝ ၊ အခန်းထဲသို့ ရောက်လာသည်နှင့် သော့တွဲကိုပစ်ချပြီး သူမအပေါ်သို့ ချွေးနံ့များအပြင် အရက်နံ့များပါမွှန်ထူနေသည့်ခန္ဓာကိုယ်ကြီးဖြင့် တက်ဖိလာတော့သည်။
ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်၏ခွန်အားမှာ မယှဥ်သာ။
ထိုလူက သူမ၏ခြုံစောင်အား ဆွဲဖယ်ပစ်လိုက်သည်။ ဦးတည်ချက်မှာ ပေါ်ပေါ်ထင်ထင်ပင်။ လက်တစ်ဖက်က သူမ၏ဆံပင်ဆွဲ ၊ တစ်ဖက်က သူမ၏ဘောင်းဘီကို အတင်းဆွဲချ၏။
သူမ အစွမ်းကုန်အော်ဟစ်ခဲ့သလို တစ်ဖက်ကလည်း ရုန်းကန်ကာ အကူအညီတောင်းယူတော့သည်။
ထိုစက္ကန့်ပိုင်းတွင် သူမခံစားမိလိုက်ရပုံမှာ သူမ၏ဝိဥာဥ်က ခန္ဓာကိုယ်မှလွင့်ထွက်လာပြီး ဘေးနားမှနေ၍ရပ်ကြည့်နေရသလိုမျိုးပင်။ သူမ၏ခန္ဓာကိုယ်က အတင်းအကြပ်ရုန်းကန်နေသည့်ကြားက ခေါင်းအုံးအောက်ထဲသို့ လက်နှိုက်လိုက်ကာ ချယ်ရှင့်ဒယ်အား မဆိုင်းမတွဘဲ ထိုးချပစ်လိုက်တော့သည်။
နာကျင်မှုဒဏ်ကြောင့် ချယ်ရှင့်ဒယ် ခြေတစ်လှမ်းနောက်ဆုတ်သွားသော်ငြား ချက်ချင်းဆိုသလို ပြန်တက်လာခဲ့ပြီး သူမ၏လက်ထဲမှကတ်ကြေးကို ဆွဲလုရန်ကြိုးစား၏။
"မင်းမေငါ-ိုး အပျက်မ!"
ဝိန်းရိဖန်၏မျက်လုံးများ နီရဲနေခဲ့ကာ အနောက်သို့ဆုတ်ရင်း ခေါင်းအုံးအောက်ထဲမှ ဓါးကို ထပ်၍လှမ်းယူလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးက သတိအနေအထားဖြင့်တောင့်တင်းနေလျက်။ တုန်ယင်ချင်နေသည့်အသံကိုထိန်းပြီး တစ်ခွန်းချင်းစကားဆိုလိုက်၏။
"ရှင် ဒီလိုလုပ်နေရင် ထောင်ထဲဝင်ရမှာနော်"
ချယ်ရှင့်ဒယ်က ရယ်လိုက်၍
"မင်းက ရဲတိုင်ရဲလို့လား"
"...."
"မင်းဦးလေးရဲ့ အဓမ္မပြုကျင့်တာခံရပါတယ်ဆိုပြီး လူသိခံရဲလို့လား?"
ချယ်ရှင့်ဒယ် နှာတစ်ချက်မှုတ်လိုက်၏။
"ရွှမ်းကျန့်..ဒီကိစ္စသာ လူတွေသိသွားခဲ့ရင် နောက်ဆို မင်းကို ဘယ်လိုလုပ်ပြီးလက်ထပ်ယူတဲ့သူ ရှိတော့မှာလဲ..ဒီဟာက အရမ်းမျက်နှာပျက်ရမယ့်ကိစ္စ..အရှက်မဲ့သွားမယ့်ကိစ္စကြီး..သဘောပေါက်လား"
ဝိန်းရိဖန်က မည်သည့်စကားလုံးကိုမှ နားမဝင်လာတော့သည့်အတိုင်း ထိုလူကိုသာ စိုက်ကြည့်နေ၏။
သူ အရှေ့ထပ်တိုးလာမည်ကို ကြောက်နေပါတော့သည်။
ကောင်မလေး၏ဆံပင်များက ပွယောင်းခတ်နေ၏။ အသားဖြူဖြူ ၊ နီစွေးစွေးနှုတ်ခမ်း ၊ မျက်နှာအသွင်အပြင်မှာ ကျက်သရေရှိသည့်အလှတရားမျိုးကို သယ်ဆောင်ထားသည်။ ခြေချောင်းလက်ချောင်းလေးများကလည်း သေးသွယ်ပြေပြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း နူးညံ့သိမ်မွေ့သည့်အငွေ့အသက်များအပြည့်။ သူမက ထောင့်တစ်နေရာသို့တိုးကပ်နေပြီး မွေးခါစကြောင်ပေါက်ကလေးလို ကုတ်ကတ်၍နေနေလေသည်။
သူမ၏ပုံစံကြောင့် ချယ်ရှင့်ဒယ်၏ရမက်များက လျော့သွားခြင်းအလျင်းမရှိဘဲ
"ဘာမှမဖြစ်ဘူး..ဦးလေးက မင်းကိုလက်ထပ်ယူပေးမယ်..တက္ကသိုလ်လည်း သွားတက်မနေနဲ့ ရွှမ်းကျန့်..ဦးလေးရဲ့မိန်းမလေးပဲ လာလုပ်တော့.."
ပြောနေရင်း ချယ်ရှင့်ဒယ်က ဝိန်းရိဖန်အား နောက်တစ်ကြိမ် ထပ်၍အုပ်မိုးလာခဲ့သည်။
ဤတစ်ကြိမ်တွင် ထိုလူက အရာရာကိုသတိထားနှင့်ပြီးဖြစ်သည့်အတွက် သူမ၏လက်ထဲမှ ဓါးကိုအမြန်ဆွဲလုယူလိုက်၏။ ထိုလူက သူမ၏ဘောင်းဘီကိုနောက်တစ်ကြိမ် ဆွဲချလာပြီး ပြင်းထန်လှသည့်အသက်ရှူငွေ့များက သူမ၏ခန္ဓာကိုယ်ပေါ်၌ တစ်ကြိမ်ထက်တစ်ကြိမ် စွဲထင်လာတော့သည်။
ဝိန်းရိဖန် ရှိသမျှသောခွန်အားအလုံးစုံကို သုံးပြီးရုန်းကန်နေခဲ့၏။
သူမအတွက် ခွန်အားအမဲ့ဆုံးသော ၊ အကျိုးပဲ့ဆုံးသော ၊ မျှော်လင့်ချက်အမဲ့ဆုံးသော အခြေအနေသို့ရောက်လာရသည့်အခါ...
စိတ်ထဲ၌လည်း သူမသည် အညစ်ပတ်ဆုံးသောသူ အဖြစ်ခံစားမိလာကာ ဤအတိုင်း တိုက်ရိုက်သာ သေသွားလိုက်ချက်လာတော့သည်။
ထိုမှောင်မည်းနေသည့်အခန်းထဲတွင် လိုက်ကာစက တစ်ဝက်ခန့် ဖွင့်လှပ်ထားပါသည့်တိုင် ဝိန်းရိဖန်အနေဖြင့် မည်သည့်အလင်းရောင်ကိုမှ မမြင်မတွေ့ရပါတော့ပေ။
ယခုလိုအတိုင်းသာ သေသွားလိုက်ရန် မျှော်လင့်မိလာခဲ့သည်။
အကယ်၍ ဤလောကကြီးထဲတွင် ယခုလိုဒုက္ခမျိုး ခံစားနိုင်မှသာ အသက်ရှင်နိုင်မည်ဟု ဆိုလာခဲ့လျှင်...
ထိုသို့ဆိုလျှင် သူမ အသက်မရှင်ချင်ပါတော့ချေ။
ချယ်ရှင့်ဒယ်က သူမ၏လက်နှစ်ဖက်လုံးကို ချုပ်ကိုင်သွားနိုင်ပြီး အင်္ကျီကိုမတင်လာသည့်အခိုက်တွင် အိမ်တံခါးဆီမှ လှုပ်ရှားသံများကို ကြားလိုက်ရတော့သည်။
မျက်ရည်များပြည့်နေသည့်ဝိန်းရိဖန်၏မျက်ဝန်းများက တစ်စုံတစ်ရာကို သတိထားမိသွားသည့်အလား အိပ်ရာဘေးမှ နာရီအား ဘေးတိုက်စိုက်ကြည့်မိလိုက်၏။
မနက်ခင်း သုံးနာရီအချိန်။
ဗလာကျင်းနေသည့်မျက်ဝန်းများက တဖန်ပြန်တောက်ပလာခဲ့ကာ နောက်ထပ်တစ်ကြိမ် အော်ဟစ်ငိုကြွေးပြီးအကူအညီလှမ်းတောင်းပါတော့၏။ အချိန်အကြာကြီး အော်ဟစ်နေခဲ့ခြင်းကြောင့် အသံတို့မှာလည်း ပြာနေပြီဖြစ်သည်။
"ဘကြီး!..သမီးကို ကယ်ပါဦး!"
ချယ်ရှင့်ဒယ် တုံ့ခနဲရပ်သွားပြီး အသံတိတ်ဆဲရေးလိုက်၏။
နောက်တွင် ဧည့်ခန်းမီးများ လင်းထိန်လာခဲ့ကာ ဝိန်းလျန်ရှန်၏အသံကလည်း အနောက်မှပါလာခဲ့၏။
"ဘာဖြစ်တာလဲ?"
ချယ်ယန့်ချင် ;
"ရွှမ်းကျန့်..နင် ညကြီးမိုးချုပ်ကို ဘာလို့အော်ဟစ်...."
အခန်းထဲရှိမြင်ကွင်းကြောင့် ချယ်ယန့်ချင် ရုတ်ချည်းအသံတိတ်ခဲ့တော့သည်။
ဝိန်းလျန်ရှန်မှာမူ ချယ်ရှင့်ဒယ်အား အမြင်မကြည်သည်မှာကြာလှပြီဖြစ်သည့်အပြင် ယခုအခြေအနေမျိုးကို မြင်လိုက်ရသည့်အခါ ဒေါသထောင်းခနဲထွက်သွား၏။ အနားသို့လျှောက်လာပြီး ထိုလူအား အိပ်ရာပေါ်မှဆွဲချကာ အော်ဟစ်၍
"မင်း ဘယ်လိုလူယုတ်မာလုပ်ရပ်မျိုးကို လုပ်နေတာလဲ!..ဒီကလေး အသက်ဘယ်လောက်ရှိနေပြီလဲဆိုတာ မသိဘူးလား!"
ငရဲမှရုန်းထွက်နိုင်ပြီးသည်နှင့် ဝိန်းရိဖန်က ချက်ချင်း ခြုံစောင်ကိုဆွဲယူကာ ကိုယ့်က်ုကိုယ်ပတ်ထားလိုက်၏။ ခေါင်းကိုငုံ့ထားရင်း ချယ်ရှင့်ဒယ်၏လက်အား ကတ်ကြေးဖြင့်လှမ်းထိုးလိုက်သည့်အချိန် သူမ၏လက်ပေါ်၌ ပေသွားသည့်သွေးများကို ကြည့်နေလိုက်သည်။
မျက်ရည်မကျအောင် အတတ်နိုင်ဆုံး ထိန်းထား၏။
ထိုကဲ့သို့သောဆန်ကုန်မြေလူတစ်ယောက်ကြောင့်ဖြင့် သူမ မျက်ရည်တစ်စက် ကျမည်မဟုတ်။
လုံးဝကျမည်မဟုတ်ပေ။
"မဟုတ်ဘူး..အစ်ကို..ကျွန်တော် သောက်တာများသွားလို့..အခုလေးတင် ဝင်လာမိတာ ဘာမှမလုပ်ရသေးဘူး.."
ဤစကားကြောင့် ချယ်ယန့်ချင်က အသက်ရှူဖြောင့်သွားခဲ့ပြီး ဖျောင်းဖြလာတော့၏။
"ယောက်ျား..ဒီကိစ္စက ဘာမှမှမဖြစ်လိုက်တာ...ရှင်လည်း အရမ်းဒေါသထွက်နေဖို့မလိုပါဘူး..ရှင့်ဒယ်က သောက်တာများသွားလို့ မဆင်ခြင်နိုင်...."
စကားမဆုံးခင် ဝိန်းရိဖန် အသံထွက်လာခဲ့၏။
"ရဲကို အကြောင်းကြားချင်တယ်"
"...."
ချယ်ယန့်ချင်က မျက်မှောင်ကျုံ့၍
"ဒီကလေးကတော့ ဘယ်လိုစကားမျိုးပြောနေတာလဲ..ဘာကို ရဲအကြောင်းကြားမှာလဲ!..နင့်ဦးလေးက အရက်သောက်တာများသွားရုံလေးပဲ..နင်ကြည့်လေ နင်ဝတ်ထားတဲ့ အင်္ကျီတွေတောင် အကောင်းအတိုင်းပဲရှိနေသေးတုန်းမလား..ဒါမျိုးက အိမ်နီးချင်းတွေကြားသွားရင် ရှက်စရာကောင်းလိုက်မယ့်ဖြစ်ချင်း"
ဝိန်းလျန်ရှန်သည်လည်း သူလိုလူတစ်ယောက်က တူမကို ဒီလိုပုံစံမျိုးဖြင့်စောင့်ရှောက်ထားသည်ဟု လူသိမခံနိုင်ပေ။
"အားကျန့်..ဘာမှမဖြစ်ရင် ရပြီလေ..ဘကြီးက သမီးစိတ်ကျေနပ်မယ့်အဖြေမျိုးပေးမှာပါ..ဒါပေမယ့် ဒီကိစ္စကိုတော့ အိမ်ထဲကနေ အိမ်ပြင်ထုတ်ပြီး ပြဿနာရှာစရာမလိုဘူး"
ဝိန်းရိဖန် ခေါင်းမော့ကြည့်မိလိုက်၏။
အကြည့်တစ်ခုက ချယ်ယန့်ချင်နှင့်ဝိန်းလျန်ရှန်၏မျက်နှာပေါ်သို့ ရောက်သွားပြီး ထိုမှတဆင့် ချယ်ရှင့်ဒယ်၏ ဘေးတိုက်မျက်နှာ။ ခုဏလေးတင် ထိုလူပြောသွားသည့်စကားများကို ပြန်တွေးကြည့်လိုက်ရင်း သူမ၏ခံစားချက်များ တည်ငြိမ်လာခဲ့ကာ ထပ်၍ဆိုလိုက်၏။
"ကျွန်မ ရဲကိုအကြောင်းကြားမယ်"
"...."
ချယ်ယန့်ချင်က ဒေါသထွက်လာတော့၏။
"နင့်မှာ အသိစိတ်မရှိဘူးလား!..နင့်ဦးလေးကို ထောင်ထဲထည့်ချင်နေတာလား!..အရက်မူးပြီး အခန်းမှားဝင်ရုံလေးပဲဟာ..ပြီးတော့..နောက်ဆို သူများတွေက နင့်အတင်းကို ဝိုင်းပြောကြမှာမကြောက်ဘူးလား"
ဝိန်းရိဖန် ;
"ဘာပဲဖြစ်ဖြစ်"
"...."
"အခြားသူတွေ ဘယ်လိုပဲပြောပြော ဂရုမစိုက်ဘူး"
ဝိန်းရိဖန်က ဘေးနားမှဖုန်းကို လှမ်းယူကာ စကားပြောနေရင်း တစ်ဖက်ကလည်း 110 သို့ ဖုန်းခေါ်ဆိုလိုက်၏။
"အခြားသူတွေက ဘယ်လိုစကားမျိုးပဲပြောလာပါစေ အရေးမကြီးဘူး..ကျွန်မဖြစ်ချင်တာက ရဲကိုအကြောင်းကြားဖို့ပဲ"
Advertisement
- In Serial81 Chapters
Organic (Yandere x Reader)
She was as cold as ice. She never showed a smile. Her eyes were a soulless black, just like her hair. She had one friend. He was the friendliest of them all. Except, he really wasn't her friend. He loved her. He yearned for her. He wanted her for himself. He would kill anyone if they touched her. He would even kill her and then himself if he couldn't have her.#1 Horror 7/10/19#12 Romance 7/10/19Thank you all so much In no way, shape, or form do I condone yandere behaviors. Please do not romanticize yanderes and toxic relationships !!!
8 510 - In Serial200 Chapters
Wei Sama, Let's Stuff Them With Dog Food[1]
Qi Le An, a young actor who died a horrible death in his last life, without anyone collecting his body. His parts were stolen, he was framed up by his best friend, he had endured the various ills of life. Those people who had hurt him were indelibly imprinted on his mind. He swore he would wreak vengeance and redress hatred.As luck would have it, Qi Le An reincarnated five years ago when he was a trainee in the entertainment company. And on top of that, he is blessed with Nightmare System! He is able to control and fabricate other people's dreams... ...'Great! I want to say a thank you to that special someone! And people who have hurt me, prepare for your worst nightmare! I won't allow you to steal anything from me now that I'm given a second chance in life!'
8 178 - In Serial36 Chapters
Even In Pieces [bxb]
-KIND OF MATURE-"I wouldn't fuck you if you paid me." Well, at least my question is answered. He can get more punchable. We glare at each other, I am surprised neither of us have raised our fists yet. It wouldn't be the first time. "Who says you'll be the one fucking?" I snap back. _______________________________________Zachary Alvarez has always hidden his broken parts behind his charm, sarcasm and arrogance. He is a complete asshole to most, especially one man in particular who he occasionally wants to lick all over or shoot in the head (He isn't picky). Nothing in Zach's life is constant. All he has ever cared for is himself since nobody else did. A lot of drinks, one-night stands, relationships that he never put effort into and people always leaving, that's all he has ever known. And Everett absolutely hates Zach's guts and hates how his smirk makes him feel triggered. Everett has always been this or that for people, always an image. Most times he doesn't even care, but sometimes it gets irritating. But somewhere both Everett and Zach starts to see each other. All that hate gets a bit too exhilarating. In so many ways... _________________________________________If you guys are looking for an enemies to lovers with a lot of sexual tension... #1st in lovers #1st in homosexual#1st in bxb#1st in university #2nd in drama #4th in Lgbt#8th in mxm#19th in romance
8 109 - In Serial27 Chapters
Lucifer's Assistant
Update: You have until December 1st to read and then I will be moving this to Kindle Unlimited come January. Thank you so much for everyone who supported me!I thought life would be simple; marry the man of my dreams, dream house, kids, etc. But fate has a different plan and when I find myself in purgatory I make a deal with the devil to leave. Literally THE devil, Lucifer himself. What can go wrong?BBW, fated mates paranormal love story. This story will have dark themes, adult scenes, and light bdsm. Along with knotting and surprise pregnancy.
8 163 - In Serial22 Chapters
This Is Me
George loved dresses, they loved how they flowed so elegantly in the slightest of breezes, how beautiful dresses looked when George stood admiring them in front of a mirror for hours, looking at every stitch and every sequin. Clay on the other hand, despite having two dads was homophobic, he despised his dads and how they held one another in each other's arms. But that was all a mask only he didn't dare to admit it. After all the rough times he had gone through, he was not longer the one who was bullied. He was the bully. It was for sure that George wasn't going to be able to keep wearing dresses in secret forever, it was only a matter of time until people found out, but how would everyone respond? More importantly, how would Clay their best friend respond?TW's:-Homo(trans)phobia (F-slur)-Panic attack (just one)-Bullying-Abuse
8 209 - In Serial30 Chapters
Alpha Heron
"My body and my wolf may want you but my brain and my heart don't." I said, proud of my words."They will."~•~•~•~•~•~Weird, clumsy, smartass and boycrazy. Those were some of the words you could describe Lily. Oh and miss "can't keep her mouth shut". Struggling with everything in life, Lily thought that once she finds her mate everything will be better. But when she finds her mate she didn't expect him to be the boy who broke her heart in highschool. Heron on the other hand had everything anybody could want money, cars, body like a god, girls etc. The only thing that was missing was his mate and with him growing older the pack wanted a Luna. So when he met his mate, he realised that his mate was the girl he once loved, but had to let her go.••••••••Highest ranking #1 in lover.#45 in Werewolves#12 Lily
8 195

