《First Frost (Myanmar Translation)》Chapter 66
Advertisement
ကုမ္ပဏီမှတဆင့် အဆောက်အဦးအောက်ထိပြန်လာရာလမ်းတစ်လျှောက်လုံးတွင် စန်းရန်၏အမူအရာက သိပ်မူမမှန်ပါပေ။ အိမ်ထဲသို့ ဝင်လာပြီးသည့်အခါတွင်တော့ သူ့အပြုအမူတို့က ရည်ရွယ်ချက်တစ်ခုရှိမှန်း သိသာလွန်းလာပြီး တစ်စုံတစ်ယောက်၏နှုတ်မှ ဤကိစ္စကို သိလာခဲ့မှန်းသေချာနေလေသည်။
ဝိန်းရိဖန်က သူပြောသည့်စကားတစ်ခွန်းနောက်သို့လိုက်၍ အောက်သို့ငုံ့ကြည့်လိုက်ရင်း ရုန်းကန်နေသည့်အမှုကိုလည်း ရပ်တန့်လိုက်တော့၏။
"အတွန်းခံလိုက်ရပြီး သစ်ကိုင်းနဲ့ခြစ်မိထားတာ..အရမ်းမဆိုးပါဘူး..ဆေးလိမ်းထားပြီးပြီမလို့ မကြာခင် သက်သာသွားမှာ"
ဤစကားအဆုံးတွင် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ဝိန်းရိဖန်က အောက်နှုတ်ခမ်းကိုဖိထားမိရင်း စိတ်ထဲ၌လည်း နေသာထိုင်သာမရှိပါတော့ပေ။ မျက်လုံးပင့်ပြီး တဖန်ပြန်မော့ကြည့်လိုက်သည့်အခါ သူမအား လှမ်းကြည့်နေသော စန်းရန်၏မျက်ဝန်းများဖြင့် ထိပ်တိုက်ဆုံပြန်သည်။ သူ့ပုံစံမှာ သူမထပ်ပြောလာမည့်စကားကို စောင့်နေသေးသည့်ဟန်။
တစ်ခဏကြာသွားပြီးသည့်အခါတွင်တော့ စန်းရန် စိတ်မရှည်တော့ဘဲ
"ပြောလို့ ပြီးသွားပြီလား?"
"...."
စန်းရန် ;
"ဘယ်သူတွန်းတာလဲ?"
"ငါ့ရဲ့ ဟိုဦးလေးဆိုတဲ့လူ"
စန်းရန်က နောက်ထပ်မေးခွန်းတစ်ခု ဆက်မေးလာသည်။
"ဘယ်လောက်ကြာနေပြီလဲ?"
"အာ?"
"သူ မင်းကိုလိုက်နှောင့်ယှက်နေတာ ဘယ်လောက်ကြာပြီလဲ?"
"...."
ဝိန်းရိဖန်က အထိုက်အလျောက်ကို ငြင်းလိုက်မိ၏။
"မကြာသေးပါဘူး"
စန်းရန်က သူမ၏အဖြေကို မကြားသည့်အလား ဆက်၍
"အရင်တစ်ခေါက် 'Overtime' မှာနှောင့်ယှက်တဲ့အကြိမ်က စတာလား..အဲ့ထက်စောတဲ့ အရင်ကတည်းကလား"
"မဟုတ်ဘူး..ငါနဲ့သူနဲ့က အဲ့လောက်ထိဆုံမိကြတာမျိုး မဟုတ်ဘူး..ငါ အရင်တုန်းက သူ နန်းဝူမှာရှိနေမှန်းတောင် သိခဲ့တာမဟုတ်ဘူး..ပြီးတော့ ဒီအတောအတွင်းလည်း မတွေ့...."
"ဒီအတောအတွင်း?"
စန်းရန်က ဝိန်းရိဖန်၏စကားကို ဖြတ်ပြောလိုက်၏။
"အဲ့တော့ ဘယ်လောက်ကြာနေပြီလဲ"
"...."
"ဝိန်းရိဖန်..'တစ်ခုခုဆိုရင် ကိုယ့်ကိုပြော'.."
စန်းရန် ဒေါသထွက်ထွက်ဖြင့်ရယ်လိုက်ပြီး
"အဲ့စကားကို ဒီအတောအတွင်းမှာ ကိုယ် ဘယ်နှကြိမ်တောင်ပြောခဲ့လဲ"
ဤမျှထိ အချိန်တွေကြာလာပြီးနောက်တွင် စန်းရန်ထံမှ သူမ၏နာမည်အရင်းကို ထပ်ကြားလိုက်ရသည့်အခါ ဝိန်းရိဖန် ဆွံ့အကြောင်အမ်းသွားရတော့၏။ နှုတ်ခမ်းကိုဖွင့်ဟလိုက်သော်လည်း စကားဆိုဖို့ရာ မရဲပါတော့ချေ။ အတော်လေးကြာသွားပြီးကာမှ
"တောင်းပန်ပါတယ်"
စန်းရန် သူမအား မမှင်မသွေစိုက်ကြည့်နေ၏။
"ငါတွေးထားတာက ဒီလိုကိစ္စမျိုးအတွက်ကြောင့်နဲ့ ငါတို့နှစ်ယောက်ကြားက စိတ်ခံစားချက်တွေကို ထိခိုက်ခံစရာမလိုဘူးလို့လေ..ပြီးတော့ ဒီကိစ္စက ငါ့အနေနဲ့တွေးကြည့်ရင် ကြီးကြီးမားမားကိစ္စမဟုတ်ဘူး..ငါ့တစ်ယောက်တည်း ဖြေရှင်းနိုင်တယ်လို့ တွေးထားလို့"
"ကြီးကြီးမားမားကိစ္စ မဟုတ်ဘူးလို့ တွေးထားလို့?"
စန်းရန်၏စကားပြောသံမှာ ညင်ညင်သာသာမျိုးဖြစ်သော်ငြား နွေးထွေးမှုတစ်စုံတစ်ရာမပါချေ။
"ဒါဆို ဘယ်လိုကိစ္စမျိုးကမှ ကြီးကြီးမားမားကိစ္စလဲ?"
ဝိန်းရိဖန် ပြန်မဖြေမိပေ။
"ကိုယ် တစ်ခွန်းမေးမှ မင်း တစ်ခွန်းဖြေမယ်ဆိုပြီး လုပ်နေတာလား?..တကယ်ပဲ တစ်ခုခုဖြစ်သွားခဲ့ရင်တောင် မင်းအတွက်တော့ ကြီးကြီးမားမားကိစ္စမဟုတ်ဘူးဆိုပြီး လုပ်နေဦးမှာလား..ဟုတ်လား?"
"...."
"ဝိန်းရိဖန်"
စန်းရန်၏လည်စလုတ်မှာ အထက်မှအောက်သို့ ရွေ့လျားသွားခဲ့၏။
"မင်း ကိုယ့်ခံစားချက်ကိုရော ထည့်တွက်ပေးရဲ့လား?"
စန်းရန်ခံစားမိလိုက်ရသည်မှာ သူတို့နှစ်ဦးကြား အနီးကပ်ဆုံးရှိနိုင်မည့်အတိုင်းအတာမှာ ဤနေရာ၌သာ အဆုံးသတ်နေသည့်အတိုင်းပါပင်။
သူ့ဘက်မှ ဘယ်လိုအရာမျိုးများ ပြုလုပ်နေခဲ့ပါစေ..
သူမ၏နှလုံးသားထဲသို့ သည်ထက်ပို၍ မဝင်ဆန့်နိုင်တော့ပေ။
"မင်းမှာလည်း မပြောပြချင်တဲ့ကိစ္စမျိုးတွေရှိတယ်ဆိုတာကို ကိုယ် နားလည်တယ်..ရတယ်..ကိစ္စမရှိဘူး..မင်းပြောပြချင်တဲ့အချိန်မှပြောလည်း အဆင်ပြေတယ်..ဒါပေမယ့် ဒီလိုကိစ္စမျိုးကိုတောင်မှ ကိုယ့်ကိုမပြောချင်ဘူးဆိုတော့.."
စန်းရန်က ထိန်းကိုင်ထားသည့်သူမ၏လက်နှစ်ဖက်ကို လွှတ်ပေးလိုက်ကာ ဖြေးဖြေးချင်းဖြင့်
"မင်းအတွက် ကိုယ်က အဲ့လောက်တောင် ယုံချင်စရာမကောင်းလို့လား"
"ငါ အဲ့လိုဆိုလိုချင်တာမဟုတ်ဘူးလေ"
ဝိန်းရိဖန်အနေဖြင့် စန်းရန်စိတ်ဆိုးဒေါသထွက်နေသည့်ပုံစံအား မတွေ့မမြင်ချင် ၊ သို့သော် အခြေအနေမှာ မလွှဲသာမရှောင်သာ ဖြစ်နေသည့်အတွက်
"နင်က ယီဟဲကို ခရီးထွက်ရဦးမှာလေ..ဒီကိစ္စကြောင့်နဲ့ စိတ်ပူမနေစေချင်လို့"
စန်းရန်က စကားထပ်မဆိုတော့ဘဲ ဒီအတိုင်းသာ လှမ်းကြည့်နေတော့သည်။
တစ်ခဏကြာသွားပြီးချိန်တွင်တော့။
စန်းရန်၏မျက်ဝန်းထဲမှာ အရိပ်အယာင်များဟာ ပျယ်လွင့်သွားပြီး ဒေါသများကလည်း ငြိမ်းသတ်သွားသည့်သဖွယ် ၊ ထပ်၍ သူစိမ်းများနှင့်ခပ်ဝေးဝေးနေတတ်သည့် အမူအကျင့်အဖြစ် ပြောင်းလဲသွားခဲ့၏။
မည်သည့်မေးခွန်းမျိုးမှထပ်မမေးတော့ဘဲ သူ့အိတ်ကပ်ထဲမှ ကားသော့ကိုထုတ်ပြီး ဖိနပ်စင်ပေါ်တင်ပေးလိုက်၏။
"ကားသော့ကို ကိုယ် ဒီမှာထားခဲ့မယ်..ဒီရက်တွေထဲ ကိုယ့်ဘာသာကိုယ် ကားမောင်းပြီးပဲ အသွားအပြန်လုပ်..မအိပ်ခင် အိမ်တံခါးကိုသော့ခတ်ဖို့မမေ့နဲ့"
"...."
စန်းရန်က မျက်လွှာအား အောက်သို့စိုက်ထားကာ သူမ၏ဘောင်းဘီအား ဖြည်းဖြည်းချင်းပြန်ဆွဲချပေးလာခဲ့သည်။ နောက်တွင် ဖိနပ်စင်ပေါ်မှ ပွေ့၍ပြန်ချပေးလာသည်မှာ အရာအားလုံးအား မူလနေရာဆီသို့ ပြန်ထားနေသည့်အတိုင်းပင်။
နှစ်ယောက်သားကြားရှိ စကားများမှုတစ်ခုမှာ ထင်ယောင်ထင်မှား ဖြစ်နေသည့်အလား။
"ကိုယ် သွားပြီ"
စန်းရန်က သူမအား ထပ်မကြည့် ၊ တံခါးလက်ကိုင်ကိုလှည့်ဖွင့်နေရင်း
"သွားနားတော့"
-----
ပိတ်သွားသည့်အိမ်တံခါးကိုကြည့်နေမိရင်း ဝိန်းရိဖန်၏စိတ်ထဲ အလိုလို လိုက်သွားချင်လာပါတော့၏။ သို့သော် စန်းရန်၏စကားသံတို့အပြင် နောက်ဆုံးပြောသွားခဲ့သည့်စကားတို့ကြောင့် သူမ၏ခြေလှမ်းများ နှေးကွေးသွားခဲ့ကာ ဆက်၍ မလိုက်သွားရဲပါတော့ချေ။
ထိုအခြေအနေတစ်ခု ၊ အမူအရာတစ်ခုက ဝိန်းရိဖန်အတွက် ရင်းနှီးနေနှင့်ပြီးသော မြင်ကွင်းပင်။
သူမက အမှားလုပ်မိလိုက်ခြင်းရှိမရှိ..
တူညီသောအမှားတစ်ခုကို ထပ်၍ကျူးလွန်မိလိုက်ခြင်းဟုတ်မဟုတ် ဝိန်းရိဖန် မသိပါပေ။
သူမအနေဖြင့် သူ့အပေါ်ကောင်းပေးချင်ရုံ ၊ သူမဘဝထဲရှိ သည်းညည်းခံချင်စရာမကောင်းသောကိစ္စများနှင့် ဝေးဝေးတွင်ရှိနေစေချင်ရုံ ၊ သူမနှင့်အတူရှိနေရသည့်အချိန်တိိုင်းတွင် သက်တောင့်သက်သာနှင့်ပုံမှန်မျိုးသာ ခံစားမိစေချင်ရုံ ၊ သူမအနေဖြင့် အချိန်တိုင်းအတွက် သူနှင့်အတူနေသွားချင်ရုံကလွဲ အခြားလိုချင်သောဆန္ဒမရှိ။
Advertisement
ကြည့်ရသည်မှာ သူမ၏ကြိုးစားမှုများက လုံလောက်သေးပုံမရဘဲ ယခုလက်ရှိအချိန်ထိ စန်းရန်ကို နောက်ထပ်တစ်ကြိမ် နာကျင်သွားအောင်လုပ်မိနေသေး၏။
ဝိန်းရိဖန် နေရာ၌သာကြောင်အမ်း၍ရပ်နေရင်း ရုတ်တရက်ဆိုသလို တိုင်ကပ်နာရီဆီသို့ လှည့်ကြည့်လိုက်သည်။
အချိန်မှာ ၇နာရီခွဲတော့မည်။
တက္ကစီတားစီး၍မရမည်ကိုစိုးရိမ်သောကြောင့် ဝိန်းရိဖန်က ကားသော့ကိုယူပြီး အိမ်ပြင်သို့ထွက်လာခဲ့လိုက်သည်။ လက်ကိုင်ဖုန်းကိုထုတ်ပြီး တစ်ချိန်တည်းဆိုသလို စန်းရန်ထံသို့ မက်ဆေ့ပို့လိုက်၏။
[ ငါ နင့်ကိုလိုက်ပို့ပေးမယ်..ဒီအချိန်ဆို ကားငှားလို့အဆင်ပြေမှာမဟုတ်ဘူး ]
ဝိန်းရိဖန်က ချိတုံချတုံဖြင့် စာဆက်ရိုက်လိုက်သည်။
[ နင် ပြန်ရောက်တဲ့အချိန်ကျမှ ငါတို့ စကားကောင်းကောင်းပြောကြရအောင်လေ...
သို့သော် မက်ဆေ့မပို့လိုက်ရခင်ပင် စန်းရန်ထံမှ ပြန်စာရောက်လာ၏။
[ ရပြီ ]
စန်းရန် ; [ ကားပေါ်မှာ ]
သူမ၏လက်ချောင်းထိပ်များရပ်သွားခဲ့သလို ခြေလှမ်းများလည်း ရပ်သွားခဲ့တော့၏။ အချိန်ကြာသွားပြီးမှ ရိုက်ထားပြီးသည့်စာကြောင်းကို ပြန်ဖျက်လိုက်ပြီး အခြားတစ်ခုထပ်ရိုက်လိုက်သည်။
[ ဒါဆို လမ်းခရီးမှာ ဂရုစိုက်ပါ ]
ဝိန်းရိဖန် ; [ ရောက်ပြီဆိုရင် ငါ့ကို အသိလှမ်းပေးဦး ]
ဤအချိန်ကြီး မြို့ထဲမှနေ၍ လေဆိပ်ထိသွားရမည့်ကြာချိန်ကို တွက်ကြည့်လိုက်လျှင် လေယာဥ်ပေါ်သို့ အချိန်မီ ရောက်နိုင်မရောက်နိုင်သည်မှာ မသေချာပေ။ သူမထံ၌ မည်သည့်လုပ်ချင်ကိုင်ချင်စိတ်မျိုးမှရှိမနေသည့်အတွက် အချိန်ကိုလှမ်းကြည့်ပြီး ထပ်မေးလိုက်၏။
[ လေဆိပ်ကိုရောက်ပြီလား ]
စန်းရန်က မေးခွန်းတိုင်းကိုပြန်ဖြေပေးလာပါသော်လည်း စကားလုံးအရေအတွက်မှာ စာရိုက်နေရမည်ကိုစိတ်မရှည်တော့သည့်အလား နည်းလွန်းလှသည်။ အရင်အကြိမ်များနှင့် တမူထူးခြားစွာ ခြားနားနေခြင်းမဟုတ်သော်ငြား ယခင်ကဆိုလျှင် အသံမက်ဆေ့ဖြင့် တိုက်ရိုက်ပြန်ဖြေခြင်းမျိုးဖြစ်သည်။
စကားလုံးများက လူတစ်ယောက်၏စိတ်အခြေအနေကို ခန့်မှန်းကြည့်၍မရ။ မမြင်ရသည့်လူနှစ်ယောက်ကြားမှအကွာအဝေးကို ဆွဲညှိပေးရုံလောက်သာ တတ်နိုင်လေသည်။
သူ၏ အေးစက်စက်အပြုအမူတို့ကြောင့် ဝိန်းရိဖန် ဆက်မမေးရဲတော့သလို လေဆိပ်သို့ရောက်နေပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ စိတ်လျော့ချနိုင်လိုက်၏။ အိပ်ခန်းထဲသို့ဝင်လာပြီး စိတ်ပင်ပန်းလွန်းစွာဖြင့် အိပ်ရာပေါ် လှဲအိပ်လိုက်မိကာ လှုပ်လှုပ်ရှားရှားလည်း မလှုပ်ချင်တော့။ ခြေထောက်ပေါ်ရှိဒဏ်ရာကြောင့်သာ ရေချိုးလိုက်ပြီး ထို့နောက်တွင်တော့ အိပ်ရာပေါ်ထိုင်ပြီး ဆေးလိမ်းနေလိုက်သည်။
ပတ်ပတ်လည်တစ်ခွင်၌ တိတ်ဆိတ်မှုကသာ လွှမ်းမိုးထားလျက်။
တဖြည်းဖြည်းချင်းနှင့် ပြင်းထန်လွန်းလှသောအထီးကျန်ဆန်မှုက သူမအား ဝါးမြိုချင်လာတော့သည်။
ဂွမ်းစကိုကိုင်ထားသည့် လက်တို့မှာ ရုတ်ချည်းတင်းခနဲဖြစ်သွားခဲ့ရင်း သူတို့နှစ်ဦးသား အတူရှိကြပြီးနောက်နေ့ ဒုတိယမြောက်ရက်အကြောင်းက အတွေးထဲဝင်လာခဲ့၏။
---' မနက်ဖြန်ကျရင်ရော နင် ငါ့ကို ဆေးလိမ်းပေးမှာလား'
---' ရေချိုးပြီးသွားရင် ကိုယ့်ဆီလာခဲ့'
မျက်လုံးရှေ့တွင်မြင်နေရသော အနီရောင်ဒဏ်ရာကြီးမှာ တဖြည်းဖြည်းဝေဝါးလာခဲ့ပြီး သဲသဲကွဲကွဲမမြင်ရပါတော့ပေ။
ဝိန်းရိဖန်က တိတ်ဆိတ်ရင်း ငြိမ်သက်ရင်း အသံတစိုးတစိကလေးမျှမထွက်ရင်း ဆက်၍ ဆေးလိမ်းနေခဲ့သည်။ တဖျက်ဖျက်ခတ်လာသည့်မျက်တောင်တို့ကြားမှနေ၍ မျည်ရည်ပေါက်ကြီးများက ပြုတ်ကျလာတော့ကာ ထိုမျက်ရည်များထဲတွင် နာကျင်လွန်းသည့်အငွေ့အသက်များလည်း ပါနေခဲ့တော့သည်။
--------
နောက်တစ်နေ့ နေ့လည်ခင်းတွင် ဝိန်းရိဖန်သည် ရဲစခန်းမှဖုန်းခေါ်ဆိုမှုတစ်ခုကို ထပ်၍ရရှိလိုက်ပြီး လိုအပ်နေသေးသည့်မှတ်တမ်းတစ်ချို့ပြုလုပ်ရန် အခေါ်ရှိလာခြင်းဖြစ်သည်။ သတင်းထောက်တစ်ဦးအတွက်တော့ ရဲစခန်းသို့သွားလာနေရသည်မှာ အစိမ်းသက်သက်မဟုတ်။ ရေးလက်စ စာမူများကို လက်စသတ်ပြီးသည်နှင့် ဌာနထဲမှထွက်လာလိုက်သည်။
ဤတစ်ကြိမ်တွင် အဓိကထားမေးမြန်းသည်မှာ ချယ်ရှင့်ဒယ်က ဝိန်းရိဖန်အား ဆက်တိုက်နှောင့်ယှက်နေသည့်အမှုအကြောင်းပင် ဖြစ်၏။
ရဲစခန်းမှ ဌာန၏စောင့်ကြည့်ကင်မရာကို စစ်ဆေးကြည့်ပြီးသည့်နောက် ချယ်ရှင့်ဒယ်က နန်းဝူရုပ်မြင်သံကြားနှင့်သတင်းဌာနရှေ့သို့ နေ့တိုင်းရောက်လာသည့်ကိစ္စအား အတည်ပြုနိုင်လိုက်သည်။ သို့သော်ငြား ထိုလူက ဝိန်းရိဖန်ကို ကြီးကြီးမားမားထိခိုက်စေခြင်းမျိုးမပြုခဲ့သလို ပြင်းထန်သည့်အခြေအနေမျိုးများလည်း မရှိ။ ချယ်ရှင့်ဒယ်က ပစ္စည်းလုယူပြီးသည့်နောက်တွင်လည်း ထွက်ပြေးခြင်းမပြုခဲ့သဖြင့် ထိုအခြေအနေကို ပြင်းပြင်းထန်ထန်အရေးယူ၍မရချေ။ ထိုနေ့က ချယ်ယန့်ချင်ဘက်မှ ဝိန်းရိဖန်အား ပြေလည်ရာပြေလည်ကြောင်းဆွေးနွေးခဲ့သော်လည်း ငြင်းပစ်ခဲ့ခြင်းကြောင့် ရှေ့နေ့ခေါ်ယူသည်အထိ အမှုမှာဆက်သွားခဲ့၏။
အဆုံးသတ်မှာ ဘယ်လိုဖြစ်လာမည်မှန်း ဝိန်းရိဖန်လည်း မသိသေး၏။
တစ်နေ့လုံးလည်း စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ အလုပ်လုပ်ချင်စိတ်လည်းမရှိ ၊ ဤအရာများအပေါ် အာရုံစိုက်ချင်စိတ်လည်းမရှိ။ ဝတ္တရားအရ လုပ်သင့်သည့်အရာများကိုသာ လုပ်နေပြီး အခြားအရာများအတွက်တွေးပူနေဖို့ရာ အင်အားပင် မကျန်တော့ပေ။
ဝိန်းရိဖန်၏အခြေအနေကို သတိထားမိသည့် 'ကန်ဟုန်ယွမ်'က ချယ်ရှင့်ဒယ်အမှုကြောင့် စိတ်အဆင်မပြေဖြစ်နေသည်ဟု ထင်မှတ်သွားခဲ့၏။ သည့်ထက်အပြင် ဝိန်းရိဖန်က ဟိုးအရင်ကရသည့်အားလပ်ရက်များတွင်လည်း မတော်တဆကိစ္စများပေါ်လာတိုင်း အချိန်ပိုဆင်း၍လုပ်ပေးခဲ့သောကြောင့် စိတ်အနားယူဖို့ရာ သုံးရက်ခွင့်ပေးလာခဲ့သည်။
အားလပ်ရက်ရသွားသည့်အခါတွင်လည်း ဝိန်းရိဖန် ထင်ထားသလောက် မပျော်ပါပေ။ သူမအနေဖြင့် 'ကန်ဟုန်ယွမ်'အား ခွင့်သုံးရက်ကို နောက်အပတ်ထဲရွေ့ပေးရန် ခွင့်တောင်းကြည့်ချင်ပါသေးသည်။ ဘယ်လိုပင်ဖြစ်စေ ပိတ်ရက်ရလျှင်လည်း အိမ်ထဲအောင်းနေရုံကလွဲ အခြားအလုပ်မျိုးမရှိ။ စန်းရန်ပြန်ရောက်လာသည့်အခါမှသာ ခွင့်ရက်သုံးရက်ယူရန် တွေးမိလိုက်ခြင်းဖြစ်၏။ သို့သော်လည်း စိတ်ပူမိသေးသည်မှာ အကယ်၍ သူမဘက်ကသာ ယခုလိုခွင့်တောင်းလိုက်လျှင် 'ကန်ဟုန်ယွမ်'က သူမ အဆင်ပြေနေသည်ဟုထင်မှတ်ထားပြီး ပေးထားသည့်ခွင့်ရက်လေး ပြန်သိမ်းသွားမည်ကိုပင်။
'ကန်ဟုန်ယွမ်' ထံမှ ခွင့်အတိအလင်းရလာပြီးသည့်တိုင် ဝိန်းရိဖန်က ချက်ချင်း အိမ်မပြန်သေးဘဲ ခြောက်နာရီထိုးသည်အထိ ဌာနထဲသာ နေနေခဲ့သည်။ ကွန်ပြူတာကိုပိတ် ၊ ထုံးစံအတိုင်း Wechat ထဲဝင်ကာ စန်းရန်ထံမက်ဆေ့ပို့ရန် ပြင်လိုက်၏။
[ ထမင်းစားပြီးပြီလား? ]
လက်ချောင်းထိပ်များက ပေးပို့သည့်နေရာသို့ နှိပ်ခါနီးတွင် မသိမသာလက်သီးဆုတ်လိုက်မိရင်း ချိတုံချတုံ ဖြစ်ပြီးမှ ဖိနှိပ်မိလိုက်၏။
ဤတစ်ကြိမ်တွင် စန်းရန်က ချက်ချင်းပြန်စာမပို့လာပေ။
ဝိန်းရိဖန် တစ်ခဏစောင့်နေပြီးနောက်တွင်မှ ဖုန်းကို အိတ်ကပ်ထဲမှထည့်ပြီး ဌာနမှထွက်လာခဲ့လိုက်၏။ အိမ်သို့ပြန်ရောက်သည့်အခါ သော့ကိုထုတ် ၊ တံခါးကိုဖွင့်ပြီး ဖိနပ်စင်ရှိရာဘက်သို့ အချိန်အကြာကြီးငေးစိုက်ကြည့်နေမိသည်။ မနေ့ညတုန်းက စကားများခဲ့သည့်ကိစ္စမှာ ခေါင်းထဲပြေးဝင်လာပြန်တော့သည်။
နောက်တစ်စက္ကန့်တွင် သူမ၏အတွေးများကိုဝင်နှောက်လာသည်မှာ ဖုန်းမြည်သံတစ်ခု။
ဝိန်းရိဖန် အိတ်ကပ်ထဲမှဖုန်းကို ချက်ချင်းနှိုက်လိုက်ပြီး တိုက်ရိုက်ဖြေဆိုလိုက်သည်။ အခြားတစ်ဖက်မှ ရယ်လွင်လွင်နှင့်ကျုံးစစ်ချောင်၏အသံ ထွက်လာခဲ့၏။
Advertisement
"ဘယ်လိုလဲ..ဘေးနားမှာ ချစ်သူကောင်လေးမရှိတော့ လောကကြီး အရမ်းအေးချမ်းသွားတယ်လို့ မခံစားမိဘူးလား"
"...."
ဝိန်းရိဖန်က အကြည့်လွှဲလိုက်ရင်း ရယ်ရုံသာရယ်နေလိုက်၏။
"နင် အားတဲ့ရက်ကျရင် ငါတို့နှစ်ယောက် အပြင်ထွက်ပြီးမုန့်သွားစားရအောင်..စန်းရန်သွားတာ တစ်ပတ်ကြာမှာမလား..နင် ရည်းစားထားပြီးတဲ့နောက်ပိုင်း အချိန်တွေအားလုံး သူချည်းပဲ အပိုင်ယူထားတာ..ငါတောင် နင်နဲ့မတွေ့ဖြစ်တာ ကြာလှပြီ"
ဝိန်းရိဖန်က ခပ်တိုးတိုးသာပြန်ဖြေလိုက်၏။
"အင်း"
"နင့်အသံက ဘယ်လိုဖြစ်တာလဲ?..စန်းရန်သွားတာဖြင့် တစ်ရက်ပဲရှိသေးတယ် သူ့ကိုလွမ်းနေပြီလား..နင် ဒီလောက်ကြီးထိ လူကပ်နေတာကို ငါ အရင်တုန်းကမမြင်ဖူးပါဘူးနော်"
ဝိန်းရိဖန်က ပြုံးရုံသာပြုံးနေပြီး ပြန်မဖြေပေ။
ကျုံးစစ်ချောင်က စကားပြောလေလေ တစ်စုံတစ်ရာမူမမှန်လေကို သတိထားမိသွားကာ
"အေ့..ဘာဖြစ်နေတာလဲ..ပုံမှန်ဆိုရင် ငါ စန်းရန်အကြောင်းပြောတိုင်း နင်လည်း ဝင်ပြောနေကျပါ..ဒီနေ့ကျမှ ဘယ်လိုဖြစ်လို့ တစ်ခွန်းမှမဟရတာလဲ..နင်တို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား"
ဝိန်းရိဖန်က အချိန်ကြာကြာငြိမ်နေပြီးမှ ဝန်ခံသည့်အစား စကားတစ်ခွန်းသာဆိုလိုက်၏။
"ဖြစ်ထားတဲ့ပြဿနာက ငါက သူ့ကိုဘာမှမပြောပြလို့ဆိုပြီး"
"အာ..နင့်ရဲ့ဒီရောဂါကလည်း တကယ်လည်း အရမ်းဆိုးတယ်လေ..ဘယ်ကိစ္စမဆို စိတ်ထဲမှာချည်းပဲ မျိုသိပ်ထားနေတာ..ဒါပေမယ့် စုံတွဲတွေကြားထဲမှာတော့ ဒီလိုမျိုးလုပ်နေရင် အဆင်ပြေမှာမဟုတ်ဘူး..'အစက်အစက်'..ဒီလိုပြဿနာမျိုးက တစ်ခါနှစ်ခါဆိုကိစ္စမရှိပေမယ့် အကြိမ်ရေများလာရင်တော့ နင်တို့နှစ်ယောက် တဖြည်းဖြည်းနဲ့ဝေးသွားလိမ့်မယ်နော်"
"...."
ဝိန်းရိဖန် ခပ်ပြတ်ပြတ်ဖြင့် စကားဆိုလိုက်၏။
"ဒါပေမယ့် ငါ့ဘက်ကလည်း သူ့ကို ဘာဆိုဘာမှမပြောပြတာမျိုးမှ မဟုတ်တာ"
"အာ?"
"ငါက မကောင်းတဲ့ကိစ္စမျိုးတွေကို မပြောပြချင်ရုံပဲ"
ကျုံးစစ်ချောင် ရယ်လိုက်မိတော့၏။
"အဲ့ဒါလည်း အတူတူပဲလေဟာ"
"...."
"နင့်ဘက်က မပြောပြရင် တစ်ဖက်လူကလည်း နင် ဘာလို့မပြောပြချင်တာလဲဆိုတာကို မသိနိုင်ဘူးလေ..သူ့ဘက်ကနေပြီး ခံစားမိလိုက်မှာက နင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အခုချိန်ထိ နင့်ဘက်ကကိစ္စအားလုံး သူ့ကို မပြောပြ ရင်မဖွင့်နိုင်သေးတဲ့ဆက်ဆံရေးလို့ပဲ ထင်သွားမှာ..တကယ်လို့သာ အခြားလူပြောပြမှသိရတာမျိုးဆိုရင် သူလည်း စိတ်ပျက်သွားမှာပဲ"
အချိန်တစ်ခုစာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဝိန်းရိဖန်၏အသံတို့ အနည်းငယ်တုန်ယင်လာတော့၏။
"ချောင်ချောင်..စန်းရန်နဲ့အတူရှိလာတာ ကြာလာလို့လားမသိဘူး..ငါလေ အခုတလော အမြဲတမ်းလိုလို ဟိုးအရင်ကကိစ္စတစ်ခုကိုပဲ စဥ်းစားနေမိတယ်"
"ဘာကိစ္စလဲ"
ဝိန်းရိဖန်က ဖြေးဖြေးချင်းဖြင့်
"ဟိုးအရင်က ငါ နင့်ကိုပြောပြဖူးတယ်လေ..ငါ နန်းဝူတက္ကသိုလ်ကိုလျှောက်မယ့်အကြောင်း"
အဘယ်ကြောင့် ဤအကြောင်းကိုအစဖော်လာမှန်းမသိသည့်အတွက် ကျုံးစစ်ချောင် ကြောင်အမ်းသွားရင်း
"အင်း ဟုတ်တယ်လေ..ငါတောင်မှ နင် ယီဟဲတက္ကသိုလ်ကိုရွေးလိုက်လို့ အထူးအဆန်းဖြစ်ခဲ့သေးတယ်..ပြီးတော့ ငါတို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်း အတူတူတက်ရပြီလို့တောင် ထင်ထားတာ"
"အဲ့တုန်းက တက္ကသိုလ်တွေလျှောက်ခါနီးအချိန် စန်းရန်က ငါ့ကို လာမေးဖူးတယ်..ငါ နန်းဝူတက္ကသိုလ်ကိုလျှောက်မှာဆိုပြီး သူ့ကို ကတိပေးထားခဲ့တာ.."
ဝိန်းရိဖန်သည် ဤကိစ္စအား မည်သူ့ကိုမှလည်း မပြောပြရဲခဲ့သလို စန်းရန်၏ရှေ့၌လည်း ပြန်အစမဖော်ရဲခဲ့ပါပေ။
"ဒါပေမယ့် ငါ..."
"ဘာဖြစ်သွားတာလဲ"
ဝိန်းရိဖန်အတွက် ပြောထုတ်လိုက်ဖို့ရာ အနည်းငယ်ခက်ခဲလာခဲ့ပြီး
"ငါ နောက်ဆုံးမှာ စိတ်ပြောင်းသွားခဲ့လို့"
"...."
"သူ့ဘက်က ဒီကိစ္စနဲ့ပတ်သတ်ပြီးစိတ်ထဲထည့်ထားဦးမှာကို ငါ စိုးရိမ်နေတာ"
လူဆိုသည်မှာ ဂရုစိုက်ချင်သည့်အရာတစ်ခုရှိလာသည်နှင့် စတင်ပြီး အားနည်းသေးငယ်သွားပုံလည်းရကာ ကိစ္စတစ်ခု လုပ်ခါနီးတိုင်း အရှေ့ရော အနောက်ပါ အပြန်ပြန်အလှန်လှန်စဥ်းစားတွေးတောတတ်လာခဲ့သည်။
"အဲ့ဒါကြောင့်မလို့ ငါ့ဘက်က ဒီကိစ္စကို သူရှေ့မှာ အစပြန်မဖော်ရဲဘူး..ပြီးတော့ သူ့ကိုလည်း ငါ အတတ်နိုင်ဆုံး လိုက်လျောပေးချင်တယ်..ပြဿနာတွေ မပေးချင်ဘူး"
ဝိန်းရိဖန် ဆက်၍
"ငါလုပ်တာတွေက မှားနေလို့လား?"
မိနစ်ဝက်စာကြာသွားပြီးသည့်အခါ ကျုံးစစ်ချောင်က မေးမြန်းလာခဲ့သည်။
"အဲ့တော့ နင်က ဘာအကြောင်းပြချက်နဲ့ စိတ်ပြောင်းသွားခဲ့လဲ"
ဝိန်းရိဖန် ပြန်မဖြေပေ။
အဘယ်လိုမှကောင်းမွန်သည့်အကြောင်းပြချက်မျိုး ဖြစ်နေမည်မဟုတ်မှန်း သိနေသောကြောင့် ကျုံးစစ်ချောင်က အတင်းကာရောမမေးတော့ဘဲ
"နင် သူ့ကိုပါ မပြောပြတာလား"
"အင်း"
"ဒါလိုဆိုရင်တော့ ငါ ဟိုစကားတစ်ခွန်းကိုပဲထပ်ပြောရတော့မယ်..ဘယ်လိုအကြောင်းပြချက်မျိုးပဲဖြစ်နေပါစေ တကယ်လို့ နင်သာ သူနဲ့ဆက်ပြီးလက်တွဲသွားချင်သေးရင် နင် သူ့ကို ပြောကိုပြောပြရမယ်..မဟုတ်ရင် ဒီကိစ္စက နင်တို့နှစ်ယောက်အတွက် ဆူးတစ်ချောင်းလို ဖြစ်လာမှာ"
"...."
"အစက်အစက်..ပြောထွက်လာတဲ့စကားလုံးတွေကြောင့်ပဲ နာကျင်ရတာမဟုတ်ဘူး..ဘာမှမပြောပြဘဲရှောင်နေတာကြောင့်လည်း နာကျင်ရတာပါပဲ"
ဖုန်းအတွင်း တိတ်ဆိတ်သွားခဲ့ပြန်တော့၏။
စက္ကန့်ပိုင်းကြာပြီးသွားသည့်အခါ ကျုံးစစ်ချောင်က သက်ပြင်းရေးရေးချရင်း
"နင် တူညီတဲ့အမှားမျိုးကို ထပ်မလုပ်မိစေနဲ့တော့"
----------
နောက်တစ်နေ့ ည ၈နာရီ ၊ ယီဟဲမြို့။
စန်းကျီ ၊ သွမ့်ကျားရွှီ တို့နှင့် ထမင်းအတူစားပြီးနောက်တွင် စန်းရန်က သွမ့်ကျားရွှီ၏အိမ်သို့ တိုက်ရိုက်သာပြန်ပြီး စောစောအိပ်ရန်တွေးထားကာ မသေရုံတမယ် ချစ်ကျွမ်းဝင်ချင်နေသည့်ဤအတွဲနှင့် ဆက်နေနေဖို့ရာ စိတ်ကူးမရှိပေ။
သို့သော်ငြား စန်းကျီက စောဒကတက်ကာ သုံးယောက်သား အတူတူလျှောက်သွားနေချင်လေပြီး သူနှင့်သွမ့်ကျားရွှီအား အတွဲခုံထိုင်ရန် စီစဥ်ပေးနေသေးသည်။
စန်းရန် ထိုပေါက်ကရလုပ်ရပ်များကို စိတ်မရှည်တော့ဘဲ သွမ့်ကျားရွှီအား တန်း၍သာ နှင်ထုတ်ပစ်လိုက်တော့၏။
ထိုနေ့ညက လေယာဥ်ချိန်မှာ လွဲသွားခဲ့ပြီး နောက်တစ်နေ့ ညနေခင်းလေယာဥ်ကို ပြောင်းစီးခဲ့ရသည့်အကြောင်းအား ဝိန်းရိဖန်ကို အထူးတလည်မပြောပြဖြစ်ပါတော့ပေ။ ထို့ကြောင့် မနေ့ညက ဝိန်းရိဖန် မက်ဆေ့ပို့ထားသည့်အချိန်တွင် သူ လေယာဥ်ပေါ်၌ရှိနေဆဲသာဖြစ်၏။ လေယာဥ်ပေါ်မှဆင်းလာပြီးချိန်တွင်တော့ စန်းရန်က သူမဘက်မှပို့ထားသည့် စောစောအိပ်ခိုင်းသည့်မက်ဆေ့တစ်ချို့ကို မြင်လိုက်ရသည်။ ထို့နောက်တွင် ယနေ့တစ်နေ့စာလုံး သူ့ဖုန်းထဲ၌ မည်သည့်မက်ဆေ့မှ ရောက်မလာတော့ပေ။
ယနေ့ ညစာစားသည့်အချိန်၌ပင် ဝိန်းရိဖန်ထံမှ မက်ဆေ့တစ်စောင် လက်ခံမရရှိသေး၏။
နှစ်ယောက်သား၏ အချင်းချင်းစာပို့ထားကြသည့်မက်ဆေ့ဘောက်အား ဖွင့်ကြည့်နေလျက်။
ယီဟဲသို့မလာခင် သူမအပေါ် ပေါက်ကွဲထားသည့်ဒေါသများအကြောင်းကို ပြန်တွေးကြည့်ရင်း..
စန်းရန်၏လက်ချောင်းထိပ်များ လှုပ်ရှားလာကာ ဖုန်းမျက်နှာပြင်ပေါ် ပြေးလွှားသွားခဲ့၏။
[ အိမ်ပြန်နေပြီလား ]
ပြန်စာ မရောက်လာပေ။
အချိန်ကိုက်ဆိုသလို ရုပ်ရှင် စတင်ပြသလာခဲ့သည်။
စန်းရန်က တစ်ခဏတာစောင့်နေပါသေးသော်ငြား နောက်တွင်တော့ ဖုန်းကိုတစ်ဖက်သို့ပစ်ချထားပြီး အရှေ့ရှိပိတ်ကားချပ်ကြီးကိုသာ စိုက်ကြည့်နေလိုက်သည်။ ရုပ်ရှင်ထဲ၌ အာရုံလုံးဝမရှိ ၊ စိတ်လည်းမဝင်စားသည့်အပြင် အတော်ကြာသွားပြီးမှ 3D ရုပ်ရှင်ဖြစ်နေမှန်း သိလိုက်ရတော့ကာ သို့သည်တိုင် 3D မျက်မှန်တပ်လိုက်ရန်လည်း ပျင်းလွန်းလှ၏။
ရုပ်ရှင်ရုံထဲမှ အသံပလံများမှာ ဆူညံပြီးကျယ်လောင်လွန်းသောကြောင့် နားစည်ပင်ကွဲမတတ်။ ထိုသို့သော ဆူညံနေမှုကြီးက သူ့အပေါ်သို့ မသက်ရောက်လေသည့်အလား ငိုက်မျည်းလာခဲ့ကာ မျက်ရစ်များက ဖြေးဖြေးချင်းစိုက်ကျလာပါတော့သည်။
ငိုက်မျည်းနေမှုက အားသာသွားသည့်အခါ လုံးဝအိပ်မောကျသွားခဲ့ပြီးနောက်တွင်တော့ ရင်ထိတ်စရာကောင်းသည့်အိပ်မက်ထဲ မျောပါသွားခဲ့လေသည်။
စန်းရန်က အသက်ဆယ့်ခုနှစ်အရွယ်ဝိန်းရိဖန်အား အိပ်မက်မက်ခဲ့၏။
အိပ်မက်ထဲတွင် ဝိန်းရိဖန်က ပေယွီအထက်တန်းကျောင်း၏ယူနီဖောင်းကို ဝတ်ထားကာ သူတို့နှစ်ဦး အကြိမ်ကြိမ်လျှောက်ခဲ့ဖူးသည့် လမ်းကြားလေးထဲ၌ ခပ်သွက်သွက်လမ်းလျှောက်လာသည်။ သူမ၏အနောက်ဘက်တွင် မည်သူမည်ဝါက လိုက်နေမှန်းမသိ ၊ မျက်နှာတစ်ခုလုံးက ကြောက်လန့်နေသည့်အမူအရာများဖြင့် ကူကယ်ရာမဲ့နေခဲ့သည်။
နောက်တစ်စက္ကန့်တွင် တစ်စုံတစ်ယောက်က သူမအား အနောက်ဘက်မှလှမ်းဆွဲလိုက်၏။
မြင်လိုက်ရသည်မှာ ထို'ဦးလေး' ဟုအမည်တပ်နေသည့်လူ၏ ပြီတီတီမျက်နှာပေး။
သူမ၏ပုံစံက လုံးဝကိုရုန်းကန်နေပြီး ထိုလူ၏လက်ထဲမှလွတ်အောင် ကြိုးစားနေသည့်တိုင်..
မလွတ်နိုင်ဘဲ ရှိနေသည့်ဟန်။
ပတ်ပတ်လည်တစ်ခွင်လုံးက ကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်နေပြီး သူတို့နှစ်ဦးကလွဲ၍ လောကကြီးထဲ မည်သူမှမရှိတော့သလိုပင်။ သူမဘက်မှ မည်မျှပင်ကြိုးစားရုန်းကန်ပြီး အော်ဟစ်၍အကူအညီတောင်းနေပါစေ လက်ရှိအအခြေအနေကို ထိန်းထားနိုင်ရုံကလွဲ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက်ကူညီပေးမည်မဟုတ်၏။
မြင်ကွင်းက တစ်ချက်ပြောင်းလဲသွားခဲ့၏။
ဝိန်းရိဖန်က အိပ်ရာထက်၌ တစ်ကိုယ်တည်းထိုင်နေကာ မီးရောင်မှာ မှိန်ဖျော့ဖျော့။ ထိုမြင်ကွင်းမှာ ဝိန်းရိဖန် အိပ်နေရင်းလမ်းထလျှောက်ပြီး ဧည့်ခန်းထဲ၌ တစ်ကိုယ်တည်းထိုင်နေတတ်သည့်အခြေအနေမျိုးနှင့် တူသယောင်ယောင်။ သူမက ခြုံစောင်ကို တစ်ကိုယ်လုံးပတ်ထားပြီး မျက်လွှာကိုချထားကာ မျက်ရည်များကျနေသည်မှာ ပိုးပိုးပေါက်ပေါက်။
တံခါးချပ်ကြီးမှာ အပြင်ဘက်မှထုရိုက်နေခြင်းကြောင့် တဒုန်းဒုန်းနှင့်မည်နေပါသေးသည်။
နောက်တစ်စက္ကန့်တွင်မူ တစ်စုံတစ်ယောက်၏လှုပ်နှိုးမှုကြောင့် စန်းရန် လန့်နိုးလာရတော့၏။
မျက်လုံးများကို ဖြေးဖြေးချင်းဖွင့်လိုက်သည့်အခါ စန်းကျီ၏ပုံမှန်မဟုတ်သည့်မျက်နှာကို တွေ့လိုက်ရ၍
"ကိုကို..သွားမယ်"
Advertisement
- In Serial9 Chapters
The Outlaw
Gaara was an outlaw that was sent to prison. Now on a stroke of luck, he's been invited to serve the remaining sentence on Naruto's ranch. Nobody wants to get close to him. The one person who does can send him back to prison in a blink of an eye. GaaXNaru
8 220 - In Serial67 Chapters
The Unexpected Fairytale
"Just say the words and I would be millions of miles away from you by tomorrow," I said casually, clicking my nails on his desk.I jumped a little when he trapped me into the chair, my breath constricted in my throat when he smirked passionately at me."My sweet baby, if you're what you said, then we need to stop you from whoring around. I'll make sure I'm the only one getting inside that tight little p*ssy of yours and you'll make sure to spread your legs wide open for me." I wasn't breathing when he was explaining his twisted plan for me."You are a fool to think I would let you go. I'll use you until I'm bored with you and then I'll discard you out of my life." He finished eyeing my lips, I opened my mouth cautiously."And how do you think you'll stop me from running away from you. I'm quite good at it.""I could think of quite a lot of ways,"• • • • •What happens when you take the most important person in your life on an amazing trip...let's find out, shall we?• • • • • Shana Drishtya Rajput, the girl with an ordinary life, an amazing family and an excellent degree in business...but what about her past? Is that ordinary?Xavier Damon King, typical billionaire playboy type. blessed with ethereal looks of that of a Greek God, women swoon over him..cold, ruthless, stone-hearted CEO of KING INC. And let's not forget the wealthiest man on the planet. What will happen when these two meet?Will sparks will be generated or will they end up eradicating and hurting each other? Will they form their fairy tale or will it go down for every single one of them? Join them in their quest of finding love. Or maybe hatred...#2 in puresoul 27-12-2020#1 onenightstand 7-03-2021#1 culture 20-06-2021#1 interracial 29-11-2021#7 drama 7-07-2021#9 hate 7-07-2021#4 love-hate relationship 10-11-2021#2 possessive 9-01-2022#3 businessman 9-01-2022
8 239 - In Serial25 Chapters
Cyber Heart |JJK Fanfiction|
"So....how do you feel about humans?" Jungkook looked up at me with his mechanic blue eyes and stroked my cheek, his fingers tenderly brushing against my skin."I know I feel something about you...Dr. Marks..." I looked up at him with wide eyes and I froze. Robots can't fall in love with humans. It isn't possible.....is it?⭐Best Ranking: #1 in #robots #1 in #robot #1 in #sciencefantasy #1 in #jungkookie #1 in #mechanic #1 in #lab⭐️~Sci-fi Fanfiction~All Credit for cover photo goes to BTS and Bighit Entertainment
8 230 - In Serial18 Chapters
HIS CAGE
ABHIMANYU VEER, the definition of ruthlessness, cold-hearted and unsympathetic human, who rules the dark world of mafia. But For his loved ones, he is the other name for the altruistic, generous, and kind-hearted creature. But the pitfall is he doesn't have people whom he can call as his loved ones, not a single human. He doesn't have anyone whom he can pamper, spoil them with his love. ANJALI MATHUR, the definition of adorable, elegant, angelic women. She is curious about every single thing. She is a physician. But, she is also a degree holder in criminology.In an attempt to solve a mystery Anjali makes her way to Italy, unaware of another unsolved mystery waiting for her. Meeting Abhimanyu and entering HIS CAGE was a dreadful decision Anjali has ever taken. peek into the darkest world of Abhimanyu and the curious world of Anjali.will there be any chance of blooming a beautiful feeling called '' LOVE '' in between them...?
8 194 - In Serial26 Chapters
That Football Player
Dylan Brynn just wants the guys to except her. She made the football team and none of the guys like that. Well there is one guy, Chance. Chance is Dylan's best friend and is also on the football team. When coach is not watching the others make her life on the team hell. Why won't she just quit? Because Dylan is going to prove to the team, the school, the town, the other schools, and the state that she can be a football player.Then there is Zack, he thinks he is all that but when Dylan takes his place a quarter back he is pissed. Will Zack make her life even harder? Or will he be finding it hard not to fall for her?**This has not been edited yet**There is an edited version on my new account @screaming0shadows
8 156 - In Serial21 Chapters
Dear Z,
"You think you have such a smart mouth, don't you?" She said, so sweetly. So quietly. So deviously. I crossed my arms, the muscles in my arms jumped and strained against the sleeves of my red shirt. "I don't think. I know.""Ooh, poor boy. Suffering from brain injury already. It's alright. I'll let you live your disillusionment."Unable to take it anymore, I bite out. "What are you doing?" "I'm sorry?""You are acting like I didn't touch your pussy last night." • • •Top naval aviator Zaid Edris has a strong head on his shoulders, has always done right by his principles, and when he went and stayed through life's worst storms up in the sky, he still is a man's man. All his life, his family has been an important aspect to him and most recently, they have been pushing him to get married. He hadn't given it much thought not only because he liked being alone but of Rose Anderson who pushes his buttons in all the wrong places. She is trouble, cunning and deeply concerned in making his life a living hell. Only one problem- She is his cousin.(First book of D-Series)Completed.
8 67

