《First Frost (Myanmar Translation)》Chapter 65
Advertisement
အရင်တစ်ခေါက် ဝိန်းရိဖန်၏ဦးနှောက်တစ်ခဏတာပြတ်လပ်သွားပြီး စန်းရန်အား 'ခေါင်းကြီသင်္ကေတ' ဟု ယောင်မှားပြီးခေါ်ဆိုမိလိုက်သည့်အချိန်တုန်းက သူ့အတွက် ဤစကားလုံးက စိတ်အခန့်မသင့်သလိုဖြစ်သွားနိုင်လိမ့်မည်ဟု ထင်ခဲ့မိဖူးသည်။ ဘယ်လိုပင်ဖြစ်စေ ထိုစကားလုံးက ကောင်းနိုးရာရာခေါ်ဝေါ်သည့်အဓိပ္ပါယ်လည်းမဟုတ်။ သို့သော်ငြား သူမကို အံ့အားသင့်သွားစေသည်မှာတော့ စန်းရန်က ထိုသို့အခေါ်ခံရခြင်းကို သဘောကျနေခြင်းပါပေ။
သူမအရှေ့သို့ရောက်လာသည့်အချိန်တိုင်း ထိုစကားလုံးနှင့်အံ့ဝင်ခွင်ကျဖြစ်အောင် အလျင်အမြန် ပြေးဝင်သွားသလိုလို။
စကားပြောနေရင်း စန်းရန်က သူမ၏လက်ချောင်းများကိုပါ တစ်ပါတည်းကိုင်ပြီး အောက်သို့ဆွဲခေါ်လာခဲ့လာကာ စကားသံတို့က အနည်းငယ်သြရှရှနိုင်လျက်။
"ကိုယ့်ကို လိုချင်နေတာ ကြာလှပြီမဟုတ်ဘူးလား?..အရင်ကတည်းက နည်းမျိုးစုံသုံးပြီး ကိုယ့်ကို အသားယူနေခဲ့တာလေ..."
"...."
"အခု လုပ်ပိုင်ခွင့်ရှိနေတဲ့အချိန်ကျမှ.."
စန်းရန်က သူမ၏နှုတ်ခမ်းကို နောက်တစ်ကြိမ်နမ်းရှိုက်လာခဲ့ကာ စကားသံတို့က မရှင်းမလင်းနှင့်ဝေဝေဝါးဝါးဖြစ်လာခဲ့သည်။
"ဘာဖြစ်လို့ ပြောင်းပြန်တွေလုပ်ပြီး ဆန္ဒတွေကို ထိန်းနေတာလဲ"
သူ့စကားကို နားဝင်သွားခြင်းရှိမရှိ မသိပါပေ။
ဝိန်းရိဖန်က သူ့လည်တိုင်ကို ဖက်ထားသည့်အားကို ပြန်တင်းလိုက်ပြီး နှုတ်ခမ်းကိုဖွင့် ၊ တစ်ခုခုပြောတော့မည့်အခိုက်။
နောက်တစ်စက္ကန့်တွင် သူ့နှုတ်ခမ်းပါးနှင့်လျှာဖျားတို့ဟာ နောက်ထပ်တစ်ကြိမ်တိုးဝင်လာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သိသိသာသာ ညင်သာသွားခဲ့သည့်အနမ်းများက တစ်ချက်ပြီးတစ်ချက် နမ်းရှိုက်နေသည်မှာ စနောက်နေခြင်းနှင့်လည်းတူသလို သူမအား ချော့မြှူဆွဲဆောင်နေခြင်းနှင့်လည်း တူပါသေးသည်။
တဖြည်းဖြည်းနှင့် အောက်သို့ဆင်းလာခဲ့သည်မှာလည်း...
မေးဖျားများတစ်ဝိုက် ၊ ထိုမှတဆင့် လည်တိုင်တစ်လျှောက် ဆင်းလာခဲ့ပြီး ညှပ်ရိုးနေရာ အရောက်တွင်တော့ ကြည်လင်ပြီးနှစ်လိုဖွယ်ကောင်းသည့် နှင်းဆီနီရောင်အမှတ်အသားရာများဖြင့် တစ်ခဏအဆုံးသတ်လိုက်၏။
ဝိန်းရိဖန်၏အတွေးများက ဦးတည်ရာမဲ့လွင့်မျောလာရင်း ခေါင်းမော့ထားကာ မည်သည့်အရာကိုမှ မတွေးတောနိုင်ပါတော့ချေ။ သူမအရှေ့တွင် မြင်နေရသည့် အမျိုးသားနှင့် နီးစပ်သွားချင်ရုံကလွဲ ၊ သူ့ဦးဆောင်ရာသို့ လိုက်သွားချင်သည့်စိတ်ကလွဲ ၊ မလုံမခြုံဖြစ်နေသည့်စိတ်များကို အမြန်ဆုံး ဖျောက်ဖျက်ပစ်ချင်သည်ကလွဲ အခြားဘာမှမစဥ်းစားနိုင်တော့၏။
စန်းရန်က မျက်လုံးပင့်ပြီး သူမအား လှမ်းကြည့်လာခဲ့ပြန်သည်။ ထို့နောက်တွင် ဝိန်းရိဖန် ခံစားလိုက်ရသည်မှာ သူဆွဲယူခေါ်ဆောင်သွားသည့်သူမ၏လက်တစ်ဖက်က တစ်နေရာ၌ရပ်သွားခဲ့ခြင်းပေ။ မည်းနက်နေသည့်မျက်ဝန်းတို့အပြင် နှုတ်ခမ်းပါးတို့က ရေးရေးလေးကွေးတက်၍ပြုံးနေကာ သူ့အသံစတို့ထဲက ရမက်ဆန္ဒများဟာ လုံးဝဖုံးကွယ်ထားခြင်းမရှိ။
"ကိုယ့်ရဲ့ဘယ်နားလေးကို ထိချင်လဲ?"
"...."
ရွေ့လျားလှုပ်ရှားနေမှုမှာ အောက်သို့ ထပ်၍ဆင်းလာပြီး
"ဒီနားလား?"
ဝိန်းရိဖန် သူ့မျက်ခုံးကိုစိုက်ကြည့်နေမိရင်း သူမ၏အမူအရာမှာတော့ ရှင်းလင်းနေသည်ဟုလည်း ထင်ရသလို ရှုပ်ထွေး၍လည်း နေပါသေးသည်။ သူမ၏ပုံစံက လက်ရှိအခြေအနေပေါ် လုံးဝအာရုံရောက်နေပုံမရဘဲ စိတ်တည်ငြိမ်ရာရမည့်တစ်ခုခုကို ရှာဖွေနေသည့်ပုံမျိုးပင်။
"အားလုံးရတယ်"
စန်းရန်၏လှုပ်ရှားမှုများ မသိမသာနှေးသွားခဲ့၏။
သူမက သူ့လည်စလုတ်အား တစ်ချက်နမ်းရှိုက်လိုက်ပြီး ကိုယ့်ကိုကိုယ်လည်း အလုံးစုံပေးအပ်လိုက်ဖို့ကြိုးစားရင်း
"အားလုံးအဆင်ပြေတယ်"
"...."
စန်းရန်က ဝိန်းရိဖန်၏အမူအရာအား အသေအချာလှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူမထံမှ ပုံမှန်မဟုတ်သည့်အငွေ့အသက်မျိုးကို ခံစားမိလိုက်သဖြင့် သူ့မျက်ဝန်းများထဲမှ ဆန္ဒများမငြိမ်းသက်သေးပါသည့်တိုင် မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်တော့ဘဲ လုံးလုံးလျားလျားရပ်တန့်ပစ်လိုက်တော့သည်။
ဝိန်းရိဖန်၏နှုတ်ခမ်းတို့က သူ့လည်တိုင်တစ်လျှောက်ထိတွေ့နေဆဲ။
မည်သည့်အပိုလှုပ်ရှားမှုမှ မလုပ်လာခင် စန်းရန်က လက်ကိုမြှောက်လာပြီး ဝိန်းရိဖန်၏ခေါင်းကို ထိန်းထားလိုက်၏။ နောက်တွင် သူမ၏မျက်နှာကိုဆွဲမော့ပြီး အကြည့်ချင်းဆုံစေလိုက်သည်။
ဝိန်းရိဖန် သူ့အား ရီဝေဝေစိုက်ကြည့်၍
"ဘာဖြစ်လို့လဲ"
"ဝိန်းရွှမ်းကျန့်..ဘာဖြစ်နေတာလဲ"
စန်းရန်၏မျက်ဝန်းထဲရှိ ဆန္ဒများမှာ တစ်စက်မှပျောက်ကွယ်ထားခြင်းမရှိ ၊ သူမ၏နှုတ်ခမ်းထောင့်ကိုအသာအယာပွတ်သပ်ပေးရင်း ညင်သာလွန်းသည့်အသံစတို့ဖြင့်
"ကိုယ့်ကို သေသေချာချာပြောပြ"
ဝိန်းရိဖန်က ပြန်မဖြေဘဲ
"ဆက်မသွားတော့ဘူးလား"
"ဒီကိစ္စလား?..ကိုယ် ခံစားနေမိတာတော့ မင်း ဒီကိစ္စအပေါ်မှာ အာရုံလုံးဝရှိမနေဘူးနော်.."
စန်းရန်က ဝိန်းရိဖန်၏အမူအရာကို အကဲခတ်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ကာ စတင်မေးမြန်းတော့၏။
"ဘာဖြစ်လို့ အခန်းထဲကနေ ပြန်ထွက်လာတာလဲ"
ဝိန်းရိဖန်၏တွေးတောဆင်ခြင်နိုင်စွမ်းများက ယခုအခါတွင်မှ ပြန်လည်အသက်ဝင်လာပြီး အသက်ရှူနှုန်းများကလည်း ပို၍ပြင်းပြလာခဲ့သည်။
"အိပ်မပျော်လို့"
စန်းရန် ;
"ခုဏက ဟိုလူရဲ့ကိစ္စကြောင့်လား"
ဝိန်းရိဖန် အသံမထွက်ဘဲငြိမ်နေသည်မှာ ဝန်ခံနေသည့်နှယ်။
"...."
စန်းရန်က လက်ကိုဆန့်ထုတ်လာပြီး ဝိန်းရိဖန်၏ပါးကို အားပါပါဖြင့်ဆွဲညှစ်ပစ်လိုက်၏။
"မင်းကို ပြောပြပြီးပြီလေ..ကြီးကြီးမားမားကိစ္စမဟုတ်ပါဘူးလို့..မင်းသာ ပြန်ပြီးအစမဖော်လာရင် လောင်ဇစ်က မေ့တောင်မေ့နေလောက်ပြီ"
ဤစကားကြားသည့်အခါ ဝိန်းရိဖန်က သူ့အားထပ်၍ လှမ်းကြည့်လိုက်၏။
စန်းရန် ;
"အခြားဘာကိစ္စတွေရှိနေသေးလဲ?"
ဝိန်းရိဖန် ခေါင်းရမ်းပြ၏။
"ဝိန်းရွှမ်းကျန့်..မင်း အခုတလော အိပ်နေရင်းလမ်းထလျှောက်တဲ့အကြိမ်ရေက.."
မြိုသိပ်မထားနိုင်တော့ပုံရသည့် စန်းရန်က မျက်မှောင်ကျုံ့ထားပြီး မနှေးမမြန်ဖြင့်
"အရမ်းစိတ်လာတယ်"
ဝိန်းရိဖန် မျက်လွှာချထား၍
"အိပ်ချိန် အရမ်းနည်းလို့နေမှာ"
"တကယ်ပဲ ပင်ပန်းနေတယ်ဆိုရင် သုံးလေးရက်လောက်ခွင့်ယူလိုက်လေ..အဆင်ပြေတယ်မလား?"
"...အင်း"
"ကိုယ် သိပ်မကြာခင် ယီဟဲကိုသွားဖို့ရှိတယ်..ကိုယ့်ညီမက နွေရာသီပိတ်ရက်ကို ပြန်မလာဘဲ အဲ့မှာနေမယ်ဆိုလို့ ကိုယ့်မိဘတွေက စိတ်မချဖြစ်နေပြီး ကိုယ့်ကို လိုက်သွားကြည့်ခိုင်းနေလို့"
စန်းရန်က ခေါင်းငုံ့လာကာ ဝိန်းရိဖန်၏နားရွက်အား လှမ်းကိုက်လိုက်၏။
"မင်းက ဒီလိုဖြစ်နေရင် ကိုယ် ဘယ်လိုစိတ်နဲ့ သွားနိုင်မှာလဲ?"
"ငါ တကယ်ကို ဘာမှမဖြစ်ဘူး"
ဝိန်းရိဖန်က ယားလာသဖြင့် ခေါင်းငုံ့ပြီးရှောင်လိုက်၏။
"ဘယ်အချိန်သွားမှာလဲ"
"၇လပိုင်း လကုန်လောက်"
"ဘယ်လောက်ကြာမှာလဲ"
"တစ်ပတ်"
စန်းရန်က စိုက်ကြည့်နေဆဲဖြစ်၍
"ဘာမှတော့အရေးမကြီးပါဘူး ဒီအတိုင်းပြောပြထားတာ"
"ကျီကျီကို သွားကြည့်တာကောင်းပါတယ်..ကောင်မလေးတစ်ယောက်တည်း အဲ့မှာနေနေရတာ ဘယ်လိုလုပ်ပြီးစိတ်ချထားလို့ရပါ့မလဲ..နင်လည်း ညီမလေးနဲ့ခဏခဏ ရန်ဖြစ်မနေနဲ့"
Advertisement
အချိန်ကြာသွားခြင်းကြောင့်လားမသိ ၊ ဝိန်းရိဖန်က ပုံမှန်အမူအရာတိုင်းပြန်ဖြစ်လာခဲ့၏။
"ဒါဆို အဲ့နားနီးရင် ငါ နင့်အတွက် ဟိုတယ်ကူရှာပေးထားမယ်လေ..ငါက ယီဟဲမြို့ကို ပိုရင်းနှီးတယ်မလား"
စန်းရန်၏အမူအရာမှာ မသဲမကွဲ ၊ တစ်ခဏကြာသွားပြီးမှသာ အသံပြုလာခဲ့၏။
"အင်း"
--------
ထိုဖုန်းခေါ်ဆိုမှုတစ်ခုက အသုံးဝင်သွားခဲ့ခြင်းလား သို့မဟုတ် စိတ်ထင်နေခြင်းလား မသိ ၊ ချယ်ရှင့်ဒယ်အား ထပ်၍မတွေ့မိတော့သလို အခြားလုပ်ဖော်ကိုင်ဖက်များထံမှလည်း ထိုလူအကြောင်း မကြားမိ။ Wechat ထဲတွင်လည်း ကျောက်ယွမ့်တုံက ဘကြီးတို့မိသားစုနှင့်ပတ်သတ်ပြီး ပြောပြလာခြင်းမျိုးမရှိတော့၏။
ထိုလူတစ်စုပျောက်သွားနှင့် ဝိန်းရိဖန်၏စိတ်အခြေအနေလည်း ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့သည်။
နောက်တွင် ဝိန်းရိဖန်က Wechat မှတဆင့် ကားအရောင်းဌာနရှိ အတိုင်ပင်ခံတာဝန်ရှိသူထံသို့ ဆက်သွယ်ကာ မေးမြန်းဖြစ်ခဲ့သေးသည်။ ဝယ်မည့်ကားကိုရွေးအပြီး ငွေပေးချေရန်အစီအစဥ်များပင် ဆွဲပြီးသည့်အချိန်တွင်မှ ကျုံးစစ်ချောင်က အမျိုးသားနေ့ ရောက်တော့မည့်အတွက် ထိုအခါတွင် ပို၍စျေးသက်သက်သာသာ ဝယ်နိုင်မည့်အကြောင်း အကြံထပ်ပေးလာခဲ့သည်။
ဝိန်းရိဖန်က ကျိုးသင့်ကြောင်းသင့်ရှိသောအကြံဥာဏ်ကို လက်ခံလိုက်ကာ ကားဝယ်ဖို့ရာအစီအစဥ်အား လပိုင်းခန့် ဆိုင်းငံ့ထားလိုက်၏။
စန်းရန်က ဤကိစ္စနှင့်ပတ်သတ်ပြီး များများစားစားဝင်ပြောလေ့မရှိသလို နေ့တိုင်းလာကြိုပေးနေရခြင်းကြောင့်လည်း စိတ်မရှည်သလိုမလုပ်ပါပေ။ သူမ၏အလုပ်အတွက် ကားလိုအပ်လာလျှင် သူ့ကားကိုယူသုံး၍ရကြောင်းပင် ပြောလာသေး၏။
နွေရာသီအလယ်ပိုင်းသို့ ရောက်လာသည့်အတွက် နန်းဝူမြို့၏အပူချိန်က ဆက်တိုက်မြင့်တက်လာခဲ့ကာ ကြည့်ရသည်မှာ ၇လပိုင်းကုန်ခါနီးတွင် အမြင့်ဆုံးအပူချိန်အမှတ်ထိရောက်တော့မည့်ပုံပင်။ နေရောင်ပြင်းပြင်း ၊ ကတ္တရာလမ်းမကြီးပေါ်၌ ထောင်းထောင်းထနေသည့်အပူရှိန်များတို့ကြောင့် နေ့စဥ်ရက်ဆက် ခြောက်သွေ့လာရတော့သည်။
ဝိန်းရိဖန် ဖုန်းလိုင်းမှတဆင့် သတင်းရလာသည်မှာ စားသောက်ဆိုင်ခွဲတစ်ခုသည် သန့်ရှင်းရေးစနစ်နှင့်မကိုက်ညီခြင်းကြောင့် လာရောက်စားသောက်သည့်ဧည့်သည်အများစု ဝမ်းပျက်ဝမ်းလျော ၊ အော့အန်ခြင်းများ ဖြစ်ကြသည့်သတင်းမှာ တော်တော်လေး အုတ်အောင်သောင်းနင်းဖြစ်သွားပြီး လက်ရှိအချိန်တွင် ဆေးဝါးနှင့်အစားအသောက်ကြီးကြပ်ကွပ်ကဲရေးဌာနမှ ကိုင်တွယ်ဖြေရှင်းပေးနေကြောင်း။
သတင်းအချက်အလက်ရပြီးသည်နှင့် ဝိန်းရိဖန်က အင်တာဗျူးရန်အတွက် ဖုကျွမ့်နှင့်အတူ ဌာနထဲမှထွက်လာခဲ့သည်။
အဆောက်အဦးကြီးထဲမှထွက်လာလာချင်းတွင် ဖုကျွမ့်က ခေါင်းကုတ်ရင်း တစ်ခုခုကိုအမှတ်ရသွားသည့်ဟန်ဖြင့်
"ကျဲ..ကျွန်တော် ဖုန်းမယူလာမိလို့..အစ်မ ဒီနားမှာ နှစ်မိနစ်လောက်စောင့်ပေး..ကျွန်တော် အမြန်ပြေးယူလိုက်မယ်"
"...."
ဝိန်းရိဖန်လည်း ပစ္စည်းကိရိယာများကိုသယ်ထားရင်း
"မြန်မြန်လေး"
"ဟုတ်!"
ဖုကျွမ့်ကအော်ပြောရင်း ပြေးသွားခဲ့၏။
"မကြာစေရဘူး!"
ဝိန်းရိဖန်က ဖုန်းကိုင်ထားရင်း နေရာ၌တစ်ခဏကြာကြာရပ်နေသေးသည်။ သို့သော်ငြား သယ်ထားရသည့်ပစ္စည်းများမှာ လေးသည့်အတွက် တစ်ချက်တွေးကြည့်ရင်း ဖုကျွမ့်ထံ မက်ဆေ့ပို့လိုက်သည်။
[ အစ်မ ကားထဲမှာစောင့်နေမယ် ]
ထို့နောက် ကားပါကင်ဆီသို့ လျှောက်လာလိုက်သည်။
ဌာနပိုင်အင်တာဗျူးကားရပ်ထားသည့်နေရာကို ရှာတွေ့ပြီးနောက် ထိုနေရာသို့လျှောက်သွားမည့်အချိန်တွင် ကျောပေါ်တွင်လွယ်ထားသည့်အိတ်မှာ အနောက်ဘက်မှရုတ်တရက်ဆောင့်ဆွဲခံလိုက်ရတော့သည်။ မပြင်မဆင်ထားမိသည့်အတွက် ဆွဲခေါ်သည့်နောက်သို့ သုံးလေးလှမ်းယိုင်ကျသွားခဲ့ကာ စူးစူးရဲရဲပြန်စိုက်ကြည့်လိုက်လျှင်..
မှုန်ဝေဝေမျက်နှာထားနှင့် ချယ်ရှင့်ဒယ်အား ထပ်၍တွေ့လိုက်ရတော့သည်။
"နောက်ဆုံးတော့ မင်းနဲ့ ထိပ်တိုက်ဆုံရပြီပဲ"
ချယ်ရှင့်ဒယ်က ပြီတီတီပြုံးနေရင်း သူမ ရုန်းကန်ပစ်လိုက်ခြင်းကြောင့် သူ ဆွဲကိုင်ထားသည့်အားလည်း လျော့သွားခဲ့၏။
"မင်းက တကယ်ကိုတတ်နိုင်တာပဲ..ငါ တစ်နေ့ကိုတစ်ခေါက် နေ့တိုင်းလာတယ်..တစ်ခါမှ မင်းကိုမမြင်လိုက်ဘူး..ဦးလေးကို ဒီလောက်ထိရှောင်နေစရာမလိုပါဘူးလေ..ဟုတ်တယ်မလား"
ဝိန်းရိဖန် ခေါင်းမော့ပြီး စောင့်ကြည့်ကင်မရာအား တစ်ချက်လှမ်းကြည့်လိုက်၏။
"ကျွန်အ အရင်ကပြောခဲ့တာတွေက မရှင်းသေးလို့လား"
"မင်းပြောခဲ့တဲ့စကားတွေလား?"
ချယ်ရှင့်ဒယ်က ဤတစ်ကြိမ်တွင် သူမနှင့်အပိုစကားမျိုးဆိုချင်ပုံမရဘဲ ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်းထုတ်ပြောလာခဲ့၏။
"ဖြစ်တယ်လေ..ဒါဆို ငါလည်း ရှင်းရှင်းပဲပြောမယ်..ငါတို့နဲ့ ဝေးဝေးနေချင်တာမလား..မရတာမဟုတ်ဘူး ရတယ်..မင်း အရင်ဆုံး ငါ့ကို ယွမ် တစ်သောင်းပေး"
"...."
"အရင်တစ်ခေါက်တုန်းက မင်းယောက်ျား ငါ့ဆီကနေ ခြိမ်းခြောက်ပြီးယူသွားတဲ့ငွေကို ပြန်ပေး..မဟုတ်ရင်တော့ ငါတို့နှစ်ယောက်လုံး ဘယ်သူမှကောင်းကောင်းနေလို့ မရစေရဘူး"
မကြားလိုက်သည့်အလား ဝိန်းရိဖန်က ထိုလူအားအရေးမစိုက်ဘဲ လှည့်ထွက်လာခဲ့လိုက်၏။
အချိန်တိုင်းလိုလို မမြင်ရသည့်လေထုသဖွယ် ဆက်ဆံခံနေရခြင်းကြောင့် ချယ်ရှင့်ဒယ်က ပို၍ဒေါသထွက်လာကာ လုံးဝစိတ်မရှည်တော့ပေ။ သူ့အမူအရာက ပို၍ခက်ထန်လာပြီး ဝိန်းရိဖန် လွယ်ထားသည့်ဘေးအိတ်အား ရုတ်ချည်းဆောင့်ဆွဲလိုက်၍
"မင်းမေ!..ငါက မင်းကိုမျက်နှာသာပေးနေပေမယ့် မင်းရဲ့ဟိုသောက်ရူးလိုယောက်ျားက ငါ့ကို မျက်နှာသာမပေးဘူး!..အခု မင်းကပါ ငါ့ကို မျက်နှာသာမပေးဘဲနေရဲတယ်!"
ဝိန်းရိဖန်၏အိတ်က ဆွဲလိုက်ခြင်းကြောင့် ပြဲထွက်ပြီး ထိုလူ၏လက်ထဲရောက်သွားခဲ့၏။
ထို့နောက် ချယ်ရှင့်ဒယ်က သူမအား နောက်တစ်ကြိမ် ခပ်ပြင်းပြင်းဆောင့်တွန်းပစ်ကာ မကျေနပ်ချက်များကို ထုတ်ဖော်လာတော့သည်။
"မင်းမေငါ-ိုး! အပျက်မ! ပိုက်ဆံရှိတဲ့ကောင်ပေါ်တက်နိုင်တာနဲ့ပဲ လာမောက်မာပြနေတာပေါ့ ဟုတ်လား!"
ဝိန်းရိဖန်၏ခြေလှမ်းများက အထိန်းအချုပ်မဲ့နောက်ဆုတ်သွားခဲ့ရ၏။ အနောက်ဘက်တွင် အလှဆင်ထားသည့်ခြုံနွယ်ပန်းပင်များစွာရှိကာ ထိုထဲသို့လှဲသွားသည့်အခိုက် ကိုင်းခက်ဆူးချွန်များက သူမ၏ပေါင်ပေါ်သို့ ထိုးစိုက်လာတော့၏။ နာကျင်မှုကြောင့် ညည်းလိုက်မိသလို ခန္ဓာကိုယ်ဟန်ချက်ကိုထိန်းပြီး ငုံ့ကြည့်လိုက်၏။
သူမ၏ပေါင်ပေါ်၌ သွေးများထွက်နှင့်နေပြီ။
ချယ်ရှင့်ဒယ် အရှေ့သို့ထပ်လှမ်းလာမည်အပြုတွင်။
ဖုန်းသွားယူသည့် ဖုကျွမ့်က ပြန်ရောက်လာလေပြီး အခြေအနေကိုလှမ်းမြင်လိုက်ရခြင်းကြောင့် ဒေါသတကြီးဖြင့် ပြေးဝင်လာတော့၏။
"ဝေ့!..ဘာလုပ်နေတာလဲ ခင်ဗျား!"
အခြားသူက ရောက်လာခြင်းကြောင့် ချယ်ရှင့်ဒယ်၏တွေးတောနိုင်စွမ်းလည်း ပြန်ကပ်သွားခဲ့ပုံရသည်။ သူက စုတ်တစ်ချက်သပ်ကာ ဝိန်းရိဖန်က ခြိမ်းခြောက်သလိုတစ်ချက်စိုက်ကြည့်လာပြီး သူမ၏အိတ်ကိုယူ၍ ထွက်သွားရန်ပြင်လိုက်သည်။
ဖုကျွမ့်က တစ်ဖက်ကလည်း ရဲကိုအကြောင်းကြားရန်ပြင်နေပြီး တစ်ဖက်ကလည်း ထိုလူ၏လက်ကိုဆွဲဖမ်းထား၏။ ထို့အပြင် မနေနိုင်အောင်လည်း ရိုင်းစိုင်းလိုက်သေး၏။
"ငါ-ူး..လုယက်နေတဲ့အပြင် လူကိုပါ ထိရဲသေးတယ်လား..အချုပ်ထဲပို့ပြမှာကို စောင့်နေစမ်း!..သောက်ရူး!"
Advertisement
ချယ်ရှင့်ဒယ် ;
"မင်းပဲ အချုပ်ထဲသွား!..ငါ့တူမပစ္စည်း ငါယူတာကို လုတယ်လို့မခေါ်ဘူး!"
"ဖုကျွမ့်..ရဲတွေဖြေရှင်းလိမ့်မယ်.."
ဝိန်းရိဖန်က ခပ်မတ်မတ်ပြန်ရပ်လိုက်၍
"သက်သေအထောက်အထားရှိနေတာမလို့ သူ ပြေးသွားလည်းဘာမှမဖြစ်ဘူး"
"...."
ချယ်ရှင့်ဒယ်မှာ တုံ့ခနဲဖြစ်သွားရင်း ဘေးနားရှိစောင့်ကြည့်ကင်မရာကိုလည်း သတိထားမိသွားခဲ့၏။
"ဒါက ငါ အပြင်လူတစ်ယောက်ရဲ့ပစ္စည်းကိုယူနေတာမှမဟုတ်တာ..ရဲကိုအကြောင်းကြားတော့ရော အသုံးဝင်မှာမလို့လား..ရဲတွေကရော ဒီလိုမျိုး အိမ်တွင်းရေးပြဿနာအသေးအဖွဲလေးကို လိုက်ဖြေရှင်းပေးနေဖို့ အချိန်ရှိမှာတဲ့လား"
ဝိန်းရိဖန် ;
"ရတယ်လေ..စောင့်ကြည့်ကြတာပေါ့"
ဤမတော်တဆကြောင့် ဝိန်းရိဖန်၏အင်တာဗျူးအလုပ်အား အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးက တာဝန်ယူပေးလိုက်သည်။ သူမက နေ့တစ်ဝက်ခွင့်ယူပြီး ရောက်လာကြသည့်ရဲအရာရှိများနှင့်အတူ လိုက်သွားခဲ့၏။ ဒါရိုက်တာထံမှလည်း သူမ၏ကိစ္စကိုဂရုစိုက်စိတ်ပူပေးနေသည့်အကြောင်းအား သတင်းပို့ရန် ဖုကျွမ့်ကို လွှတ်လာပေးသေးသည်။
ဝိန်းရိဖန်က အရင်ဆုံး ဆေးရုံသို့သွားကာ ဒဏ်ရာအား စစ်ဆေးကုသမှုပြီးမှ ရဲစခန်းသို့မှတ်တမ်းပေးရန် လိုက်သွားခဲ့ခြင်း ဖြစ်သည်။
သိပ်မကြာလိုက်ပါဘဲ ချယ်ယန့်ချင်က ရဲစခန်းမှဖုန်းဆက်ခေါ်ခြင်းကြောင့် အလောတလျင်ရောက်လာပါတော့၏။ ဝိန်းရိဖန်ကိုမြင်လိုက်သည်နှင့် အခြေအနေကိုချက်ချင်း နားလည်လိုက်ကာ
"ရဲအရာရှိကြီး..ဒါကို ဘယ်လိုလုပ်ပြီး အမှုဖွင့်မှာလဲ..ဒီကိစ္စက လုယက်မှုလို့တောင် သတ်မှတ်လို့ရလို့လား"
ချယ်ယန့်ချင်မှာ အပြောအဆိုမတတ်လှသဖြင့် ပြန်ဖြေပေးနေရသည့် ရဲအရာရှိမှာ စိတ်မရှည်ချေ။
"ဘာလို့ သတ်မှတ်လို့မရ,ရမှာလဲ..လူသက်သေရော ပစ္စည်းသက်သေရောရှိတယ်..အမှုဖွင့်လို့ရတယ်"
"ကျွန်မတို့က ဆွေမျိုးတွေလေ! ဒီတစ်ယောက်က ကျွန်မရဲ့တူမလေး!..ရှင့်မှာ မိသားစုမရှိလို့လား..မိသားစုဝင်ရဲ့ပစ္စည်းယူတာကို လုတယ်လို့သတ်မှတ်ကြလို့လား!"
ရဲအရာရှိ၏မျက်နှာကျုံ့လိုက်၍
"စကားကို သတိထားပြီးပြောပါ"
ဝိန်းရိဖန်က ဆူညံနေမှုကြီးထဲ လုံးဝဝင်မစွက်ဖက် ၊ အရှေ့တွင်ထိုင်နေသည့် ရဲအရာရှိကိုသာ တည်တည်ငြိမ်ငြိမ်ဖြင့် လှမ်းကြည့်နေပြီး
"ဒီတစ်ယောက်က ကျွန်မ ဘကြီးရဲ့အမျိုးသမီး..ဒါပေမယ့် ကျွန်မတို့ချင်း မရင်းနှီးကြဘူး"
"...."
"ပြီးတော့.."
ဝိန်းရိဖန်က တစ်ခဏရပ်လိုက်ပြီးမှ ဆက်၍
"ချယ်ရှင့်ဒယ်က ကျွန်မကို အနှောင့်အယှက်လိုက်ပေးနေတာလည်း ကြာလှပါပြီ..ဒီတစ်ခုကိုရော ပေါင်းပြီးအမှုဖွင့်ပေးလို့ရမလား..သက်သေအထောက်အထားလိုရင် ကျွန်မအလုပ်လုပ်နေတဲ့ကုမ္ပဏီရဲ့ စောင့်ကြည့်ကင်မရာတွေထဲမှာ စစ်ကြည့်လို့ရပါတယ်"
---------
နှုတ်ဖြင့်သက်သေထွက်ဆိုခြင်းအပြင် အခြားသောလုပ်ငန်းဆောင်တာအရပ်ရပ်၌ ပူးပေါင်းပေးပြီးသည့်နောက်တွင်တော့ ဝိန်းရိဖန် အိမ်သို့တိုက်ရိုက်ပြန်လာခဲ့လိုက်သည်။ ရေချိုးလိုက်ချင်သော်လည်း ဒဏ်ရာရေစိုမည်စိုး၍ ခေါင်းလျှော်ပြီး ကိုယ်လက်သန့်စင်ရုံသာ လုပ်နိုင်လိုက်၏။
ခြေထောက်ပေါ်ရှိ ခြစ်ရာရှရာများအား ဆေးလိမ်းပြီးနောက်တွင်တော့ ဘောင်းဘီရှည်တစ်ထည် ဝတ်ထားလိုက်သည်။
အိပ်ရာပေါ်လှဲအိပ်ရင်း အိမ်ပြန်ရောက်နှင့်နေသည့်အကြောင်းကိုလည်း စန်းရန်ထံ မက်ဆေ့ပို့ထား၏။ မနက်ဖြန်၌ စန်းရန်က ယီဟဲသို့ သွားမည်ဖြစ်သည့်အတွက် website ထဲဝင်ပြီး ဟိုတယ်တစ်ချို့ရှာထားပေးလိုက်သည်။ ကြည့်နေရင်း တဖြည်းဖြည်းနှင့်အိပ်ငိုက်လာခဲ့ကာ အိပ်ပျော်ခါနီးတွင်တော့ အမှတ်မဲ့ကြားလိုက်ရသည်မှာ အိမ်တံခါးဝမှ လှုပ်ရှားသံတစ်ချို့။
ဝိန်းရိဖန် ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး အိပ်ချင်နေသည့်စိတ်နှင့်စန်းရန် ကြား ဗျာများ၍ရုန်းကန်လိုက်ကာ နောက်ဆုံးတွင် အိပ်ရာထဲမှထပြီး အပြင်ထွက်လာလိုက်တော့သည်။
ဧည့်ခန်းထဲသို့ ရောက်လျှင်ရောက်ချင်း တံခါးဝရှိ စန်းရန်ကို လှမ်းမြင်လိုက်ရ၏။
စန်းရန်က မျက်ခုံးပင့်ပြ၍
"ဒီနေ့ စောတယ်နော်"
ဝိန်းရိဖန် ဆိုဖာထက်၌ဝင်ထိုင်လိုက်သည်။
"အင်း..အင်တာဗျူးပြီးတော့ ဘာမှလုပ်စရာမရှိတော့လို့ စောစောပြန်လာလိုက်တာ"
စန်းရန်က အိမ်နေရင်းဖိနပ်ပါးကို လှဲစီးပြီး သူမဝတ်ထားသည့် ဘောင်းဘီရှည်ကိုသတိထားရင်း သူမ၏ဘေး၌ဝင်ထိုင်လိုက်၍
"နွေရာသီကြီးမှာ အိမ်မှာနေနေတာတောင် ဘာလို့ဘောင်းဘီရှည်ကြီး ဝတ်ထားတာလဲ"
ဝိန်းရိဖန်က မျက်လွှာချရင်း အလိုလိုလိမ်မိလိုက်၏။
"ဓမ္မတာလာနေတာ..လေအေးပေးစက်ဖွင့်ထားရတော့ အေးလို့"
စန်းရန် ;
"မင်း ဒီလ စောတယ်ရော"
"...."
ဝိန်းရိဖန် ကြောင်အမ်းသွားရင်း
"အာ..အင်း..ပုံမှန်မရှိဘူး"
"ဒါဆို ညအိပ်တဲ့ချိန်ကျရင် လေအေးပေးစက်မဖွင့်ထားနဲ့"
စန်းရန်က ထုံးစံအတိုင်း သူမအား သူ့ရင်ခွင်ထဲဆွဲထည့်လိုက်ပြီး လက်တစ်ဖက်က သူမ၏ဗိုက်ပေါ်သို့တင်လာခဲ့၍
"နာနေသေးလား?"
ဝိန်းရိဖန် သူ့မျက်နှာကိုစိုက်ကြည့်နေမိရင်း ရုတ်တရက် စကားမဆိုနိုင်တော့ချေ။ စကားလမ်းကြောင်းကိုလွှဲလိုက်ကာ အသံမှာလည်း ခပ်တိုးတိုးလေးသာဖြစ်၏။
"မနက်ဖြန် ယီဟဲကို သွားမှာမလား..ပစ္စည်းတွေ ပြင်တော့လေ"
စန်းရန်က ပြုံးနေရင်း
"ပြင်စရာ ဘာပစ္စည်းရှိမှာမလို့လဲ"
"မနက်ဖြန်သွားမယ့်လေယာဥ်က ည ၈နာရီခွဲမလား..ဒါဆို နင် အလုပ်ဆင်းရင် ငါ့ကုမ္ပဏီဘက်ကို တစ်ခေါက်ဝင်ခဲ့..ငါ နင့်ကို လေဆိပ်ထိလိုက်ပို့ပေးပြီးရင် ကားကို ငါ မောင်းပြန်လိုက်မယ်"
"အင်း"
စန်းရန်က ခေါင်းငုံ့လာရင်း ခပ်နွေးနွေးလက်ဖဝါးများက သူမ၏ဗိုက်ပေါ်တင်ထားကာ
"ခဏနေကျရင် မင်းအတွက် သကြားရည် လုပ်ပေးမယ်..သောက်ပြီးမှ အိပ်"
ဝိန်းရိဖန်က သူ ငုံ့ကြည့်နေသည့်နေရာမှ ခေါင်းရှောင်လိုက်၏။
"မလိုပါဘူး"
"ဘာကို မလိုတာလဲ..ညသန်းခေါင်ကြီးကျမှ ဗိုက်နာလို့ဆိုပြီး ကိုယ်အိပ်နေတာကို လာနှောင့်ယှက်မှာ ကြောက်တယ်"
"...."
------
နောက်တစ်နေ့ နေ့လည်ခင်းတွင်။
ရုံးခန်းထဲမှထွက်လာပြီး စန်းရန်က သန့်စင်ခန်းထဲဝင်လာခဲ့သည်။ ဘောင်းဘီဇစ်ကို အောက်ဆွဲလိုက်ချင်းတွင် ဘေးနားတွင် အပေါ့သွားနေသည့်ယောက်ျားက သူ့အား လှမ်းနှုတ်ဆက်လာ၏။
"စန်းရန်..မင်းလည်း သန့်စင်ခန်းထဲလာတာလား?"
"...."
စန်းရန် ဘေးတိုက်လှမ်းကြည့်လိုက်လျှင် မြင်လိုက်ရသည်မှာ 'ရှန့်လန်'၏မျက်နှာ။
"မင်းမှာ ကိစ္စရှိလို့လား"
"မတွေ့ဖြစ်တာတောင် ကြာပြီမလား..ဒီအတိုင်း နှုတ်ဆက်လိုက်တာပါ..ငါတို့က ကုမ္ပဏီတစ်ခုတည်းဆိုပေမယ့် တွေ့မှမတွေ့ဖြစ်ကြတာ"
စန်းရန်က အရေးမလုပ်ပေ။
ရှန့်လန်ကလည်း စန်းရန်၏အကျင့်ကို အာရုံစိုက်မနေဘဲ ရယ်စရာကောင်းနေသည်ဟုပင်တွေးနေ၍
"မင်း ဘာဖြစ်လို့ ငါ့ကို အမြဲတမ်း ဒီလိုပုံစံမျိုးလုပ်ပြနေတာလဲ..ဒီလိုလုပ်နေတာ အထက်တန်းကျောင်းကတည်းကပဲနော်"
စန်းရန်က သူ့အားတစ်ချက်လှမ်းကြည့်လိုက်ကာ
"မင်းပုံစံက အရမ်းကိုမှအမြင်ကတ်စရာကောင်းနေလို့"
"...."
ကိစ္စပြီးသည်နှင့် စန်းရန်က တစ်ဖက်သို့လှည့် ၊ လက်ဆေးကန်ဘက်သို့ လျှောက်လာ၏။
"မင်း ဒီလိုမျိုးလုပ်ပြနေစရာမလိုပါဘူးကွာ..ငါနဲ့ ရိဖန်နဲ့က ဒီအတိုင်း သူငယ်ချင်းတွေ..မင်း ငါ့ကို ပြစ်မှတ်ထားပြီးတေးနေတာ ဘယ်လောက်တောင်ကြာနေပြီမလို့လဲ"
ရှန့်လန်က စန်းရန်၏အနောက်ဘက်မှ လိုက်သွားရင်း စကားပြောနေသည့်အချိန် တစ်စုံတစ်ရာကိုလည်း တွေးနေသည့်ဟန်ဖြင့်
"ဒါနဲ့..ငါ အရင်တစ်ခေါက်တုန်းကပြောတဲ့ ရိဖန်နဲ့အတူတူ ယီဟဲတက္ကသိုလ်ကိုတက်ဖို့ ချိန်းထားတယ်ဆိုတဲ့ကိစ္စက တကယ်တော့ လျှောက်ပြောတာပါ"
ဤစကားကိုကြားသည့်အခါ စန်းရန် ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လာသည်။
"အဲ့တုန်းက ငါ မင်းကိုစိတ်မကြည်အောင် တမင်လိုက်လုပ်နေတာ..ဒါပေမယ့် မင်းဘက်က ဘာမှမတုံ့ပြန်လာတော့ ပျင်းဖို့ကောင်းသွားတယ်လေ..ပြီးခဲ့တာတွေလည်း ကြာလှပြီမလို့ အပြစ်ခံယူတဲ့အနေနဲ့ အရက်သောက်စရာတော့မလိုတော့ဘူးမလား"
ရှန့်လန်က ရေပိုက်ခေါင်းကိုဖွင့်ရင်း ပြုံးပြလာခဲ့၏။
"မင်း ဒီကိစ္စအတွက်နဲ့တော့ ရိဖန်ကို ဒေါသထွက်မနေနဲ့ဦး"
စန်းရန်က နှာတစ်ချက်သာမှုတ်လိုက်၏။
ရှန့်လန်က စန်းရန်ကို လှမ်းကြည့်နေရင်း စိတ်ထဲ၌လည်း ဤနှစ်ယောက်က နှစ်တွေအတော်လေး ကြာသွားပြီးသည့်နောက်မှ အတူတူရှိသွားခဲ့ကိစ္စအား အထူးအဆန်းလိုဖြစ်နေရ၍
"အမှန်တိုင်းပြောရရင် ဟိုးအရင်တုန်းက ငါ အမြဲတမ်းထင်ထားခဲ့တာ..မင်း ရိဖန်ကို လိုက်ပိုးပမ်းလို့ရတော့မှာလို့လေ"
"...."
"ဒါပေမယ့် ကံကြမ္မာက မင်းဘက်မှာ ရှိမနေဘူး..ငါထင်တာတော့ တကယ်လို့ ရိဖန်သာ သူ့ဘကြီးတို့နဲ့ ပေယွီကို လိုက်မပြောင်းရရင် မင်းတို့နှစ်ယောက် ဟိုးအရင်ကတည်းက အတွဲတွေဖြစ်နေလောက်ပြီ"
စန်းရန်၏မျက်ဝန်းများ တုံ့ခနဲရပ်သွားခဲ့၏။
"ဘကြီး?"
"ဟုတ်တယ်လေ"
"သူက သူ့အဘွားနဲ့ နေတာမဟုတ်ဘူးလား"
"မဟုတ်ပါဘူး..အစကတော့ သူ့အဘွားအိမ်မှာနေတာ ဟုတ်ပေမယ့် ခဏလေးပဲ..နောက်ပိုင်းတွေက သူ့ဘကြီးအိမ်မှာပဲ နေခဲ့တာ"
အချိန်ကြာကြာ စကားပြောနေခဲ့ခြင်းကြောင့် ရှန့်လန်က ဆက်မဆိုတော့ဘဲ အပြင်ဘက်သို့ထွက်လာလိုက်တော့၏။
"ငါ သွားပြီ..အလုပ်တွေရှိသေးတယ်"
စန်းရန်က နေရာ၌ရပ်နေဆဲ ၊ မျက်လွှာချထားသောကြောင့် မည်သည့်အရာကိုတွေးနေမှန်း မခန့်မှန်း၍မရနိုင်ချေ။
---------
ခြောက်နာရီထိုးသည့်အခါ စန်းရန်က ကုမ္ပဏီမှ အချိန်အတိအကျထွက်လာခဲ့ပြီး နန်းဝူရုပ်မြင်သံကြားနှင့်သတင်းဌာန အဆောက်အဦးအောက်သို့ ရောက်လာခဲ့သည်။ ကားရပ်၍အဆင်ပြေမည့်နေရာ၌ ရပ်ထားလိုက်ကာ မှန်ပြတင်းကိုချ ၊ ဝိန်းရိဖန်ထံ မက်ဆေ့ပို့လိုက်၏။
[ ရောက်ပြီ ]
ဝိန်းရိဖန် ချက်ချင်းစာပြန်လိုက်၏။
[ ချက်ချင်းဆင်းလာခဲ့မယ် ၊ ခဏလေးပဲစောင့် ]
စန်းရန်၏လက်ချောင်းထိပ်များက ပြတင်းပေါက်ဘောင်အား တတောက်တောက်ခေါက်နေရင်း ရှန့်လန် ပြောသွားသည့်စကားများကြောင့်လည်း အနည်းငယ်စိတ်လွင့်နေခဲ့သည်။
Advertisement
- In Serial1203 Chapters
The Days Of Being In A Fake Marriage With The CEO
No one is optimistic about the marriage between the most respectable man in Yun Cheng and the most disfavored daughter of the Mu family.
8 1386 - In Serial7 Chapters
Baby Daddy Facade
"But Angelo, I love you and we could be together and we won't have to abort our baby." I sobbed my eyes becoming red."Raina, listen it's not Ours that's your responsibility and secondly I'm sorry, I can't return those feelings...we fucked that's all there was to it." He spurt coldly and my heart broke it a million pieces making me cry even more when he left banging my office door.-Raina Williams a preachers kid, who believes in love, a successful lawyer. She just finished college and is currently working at a well-known law firm. She meets Angelo Le roux, her bosses son from Netherlands, the arrogant billionaire bachelor who doesn't do commitment. He doesn't have to sweep her off her feet to get her into bed. She gets pregnant and he tells her off to get an abortion.. but does she really ? she is after all a preachers kid.
8 213 - In Serial23 Chapters
Observer - Timothee Chalamet
In which a girl couldnt help but observe the weirdest , most disliked , yet cutest kid at her school .
8 191 - In Serial30 Chapters
Doe In The Meadow | Peeta Mellark
𝑫𝒚𝒊𝒏𝒈 𝒊𝒔 𝒆𝒂𝒔𝒚, 𝒍𝒊𝒗𝒊𝒏𝒈 𝒊𝒔 𝒉𝒂𝒓𝒅𝒆𝒓"I never knew what dying would feel like, but I had always wondered. And now I know. Some deaths were slow while others lasted a lifetime."BOOK ONE | HUNGER GAMES AND CATCHING FIRE
8 154 - In Serial12 Chapters
Those Nights / Miraculous Ladybug fan fiction
Two things are infinite: the universe and human stupidity. And I'm not sure about the universe. ~~~What if you're one of the two greatest Paris's superheroes?What if one day you life will change?What if one day you'll find out you're going to another country?What if when you return things not gonna be the same?What if you've been replaced?What if you're not needed anymore?~~~This story IS NOT angsty as you may have guessed from the descriptionAnywayHave fun reading itHope you'll like it(SLOWLY UPDATE)
8 152 - In Serial40 Chapters
His Doll ❤❤❤
If you're up for some cliche then hop in....Cover: @freelancer_JS
8 364

