《First Frost (Myanmar Translation)》Chapter 64
Advertisement
တစ်စုံတစ်ရာက လွဲမှားနေပြီဖြစ်ကြောင်း သတိထားမိသည့် ချယ်ရှင့်ဒယ်၏မိတ်ဆွေအုပ်စုမှာ အချင်းချင်းမျက်စပစ်၍လှမ်းကြည့်ကုန်ကြသည်။ အချိန်အကြာကြီး ထိုင်စောင့်နေခဲ့ရခြင်းကြောင့်လည်းဖြစ်နိုင်သလို ဤအခြေအနေကြီးကို ရှက်စရာကောင်းလှပြီဟု ခံစားမိလိုက်ခြင်းကြောင့်လားမသိ ချယ်ရှင့်ဒယ်၏ဘေးတွင် ထိုင်နေသည့် ခပ်ပိန်ပိန်ယောက်ျားတစ်ဦးက မနေနိုင်ဘဲ စကားဝင်ပြောလာတော့သည်။
"ဒယ်ကော..ဒါက ဘယ်လိုဖြစ်တာလဲ?"
ဤစကားတစ်ခွန်းနှင့်အတူ အခြားလူများကလည်း လက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး ပြောဆိုမေးမြန်းလာကြတော့၏။
"ခင်ဗျား ဒကာခံမယ်ဆိုလို့ ကျွန်တော်တို့လိုက်လာတာနော်"
"ပိုက်ဆံမရှိရင်လည်း စကားကိုလျှောက်မပြောနဲ့လေ..တစ်ဖက်လူက ခင်ဗျားနဲ့ ရင်းနှီးပုံလည်းမရဘူး!"
"ထားလိုက်တော့! သွားမယ် သွားမယ်"
ချယ်ရှင့်ဒယ်၏မျက်နှာမှာ ထိန်းမရအောင်ပျက်နေလေပြီး ခပ်ရှက်ရှက်ဖြင့် ပြုံးနေရသည်။
"မဟုတ်..."
အခြားလူများက ထရပ်ပြီး ထွက်သွားဖို့ပြင်နေပြီးကို မြင်နေရခြင်းကြောင့် ချယ်ရှင့်ဒယ်လည်း လောပြာသွားခဲ့ရင်း စန်းရန်ကိုထပ်ကြည့်လိုက်၍
"ဘာကို ရဲတိုင်မှာလဲ?..ဒီလောက်ပိုက်ဆံလေးကိုတောင် မထုတ်ချင်တာ..မင်းရဲ့ဒီအပြုအမူနဲ့များ ငါ့တူမလေးနဲ့ အတူနေချင်သေးတယ်?"
စန်းရန်က ထိုလူအား အရေးမစိုက်ဘဲ ယွိကျောနှင့်သာ စကားဆက်ပြောနေ၏။
"ရဲကိုအကြောင်းကြားပြီးပြီလား"
ယွိကျောက အိတ်ကပ်ထဲမှ ဖုန်းကိုချက်ချင်းထုတ်လာပြီး
"အခု..အခုပဲ.."
"ခဏလေး!"
ချယ်ရှင့်ဒယ်၏အမူအရာမှာ ကြာလေ တောင့်တင်းလာလေပင် ၊ စကားသံတို့မှာလည်း သိသိသာသာကို ဆဲရေးလာ၏။
"ရူးနေတာလား!..ငွေလေး ထောင်ဂဏန်းလောက်နဲ့များ..မင်းမေ..ငါ မင်းကို ထောင်ဂဏန်းလေးပဲပေးရမှာမလား!"
ယွိကျော၏လှုပ်ရှားမှုတို့ ရပ်သွားခဲ့၏။
စန်းရန်က စကားတစ်ခွန်းမဆို ၊ အထက်စီးမှနေ၍ ထိုလူအား လှမ်းကြည့်နေသည်။
"ငါ ပေးမယ်!..ဒါပေမယ့် ငါ အခုလောလောဆယ် အရက်ဆက်သောက်ဦးမှာ..ဒီမှာလည်း အချိန်ခဏထပ်ဖြုန်းဦးမယ်!"
ချယ်ရှင့်ဒယ်က မျက်နှာပျက်ပျက်ဖြင့် ဒေါသထွက်နေရင်း
"မင်း ဒီလောက်လူတွေအများကြီးခေါ်လာပြီး ငါနဲ့ငါ့မိတ်ဆွေတွေ အရက်သောက်နေတာကို လာနှောင့်ယှက်နေတာက ဘာသဘောလဲ"
စန်းရန်က ထိုလူ၏စကားကြောင့် တစ်ချက်လေးမှ မျက်နှာပျက်သွားခြင်းမရှိ ၊ မျက်ခုံးကို ခပ်မြင့်မြင့် မြှောက်လိုက်၍
"အားနာလိုက်တာ..ကြည့်ရတာ ကျွန်တော် အထင်လွှဲသွားတဲ့ပုံပဲ..ဒါဆိုလည်း ခင်ဗျားတို့ အချိန်ဖြုန်းရတာ ပျော်ရွှင်ပါစေ"
စကားအဆုံးတွင် စန်းရန်က ယွိကျောဘက်သို့လှည့်ပြီး ခပ်တိုးတိုးမှာလိုက်၏။
"လုံခြုံရေးတွေကို စောင့်ကြည့်ခိုင်းထားလိုက်"
စန်းရန်လည်း ဤနေရာ၌ဆက်မနေတော့ဘဲ အရှေ့ဘားခုံဘက်သို့ ထွက်လာခဲ့လိုက်သည်။ ဟယ့်မင်ပေါ်က ထုံးစံအတိုင်း သူ့အရှေ့သို့ အရက်တစ်ခွက်ချပေးလာပြီး ချယ်ရှင့်ဒယ်ရှိရာဘက်သို့လှမ်းကြည့်ရင်း စကားဆိုလာခဲ့သည်။
"ရန်ကော..ဘာဖြစ်တာလဲ?..ထပ်ပြီး ဟိုလူပဲလား?"
စန်းရန် ဖန်ခွက်ကိုမယူဘဲ ဖုန်းကိုသာ ငုံ့ကြည့်နေ၏။
"ဒီအတိုင်း ပြဿနာရှာနေတာ"
ဟယ့်မင်ပေါ်က ထပ်မေး၏။
"မရီးရဲ့ဦးလေးဆို..ဟုတ်လား?"
"...."
စန်းရန် မျက်လုံးပင့်ကြည့်လာပြီး ဖြေးဖြေးချင်းဆိုလိုက်သည်။
"မင်းရဲ့မရီးက မသိဘူးတဲ့"
-----
ဝိန်းရိဖန် ဌာနမှထွက်လာသည့်အချိန် တိုက်တိုက်ဆိုင်ဆိုင် အင်တာဗျူးပြီး အပြင်မှပြန်လာသည့် ဖုကျွမ့်နှင့် ဆုံသည်။
ဖုကျွမ့်က လက်ထဲတွင်ကိုင်ထားသည့် အအေးဘူးအား ကစားနေရင်း ဝိန်းရိဖန်ကိုမြင်လိုက်သည့်အခါ ထုံးစံအတိုင်းအနားသို့ရောက်လာခဲ့သည်။
"ရိဖန်ကျဲ..အလုပ်ဆင်းပြီလား..စန်းရန်ကော လာကြိုမှာမလား"
ဝိန်းရိဖန် ပြုံးပြရင်း
"အင်း"
"ကျွန်တော် မုချန်ယွင်ဆီကနေ အစ်မကိုလိုက်နှောင့်ယှက်နေတဲ့ ဟိုလူအကြောင်းကြားထားတယ်..တကယ်ပဲ လန့်စရာကောင်းလိုက်တာ..အစ်မ အလုပ်ဆင်းတိုင်း သတိထားပြန်နော်..တကယ်လို့ စန်းရန်ကော လာမကြိုအားရင် အစ်မ ကျွန်တော့်ကိုခေါ်လိုက်..ကျွန်တော် လိုက်ပို့ပေးမယ်"
ဝိန်းရိဖန် ;
"ဘာမှမဖြစ်နိုင်ပါဘူး"
ဖုကျွမ့် ;
"ဘာကို ဘာမှမဖြစ်နိုင်ရမှာလဲ..ကျွန်တော် အခုတလောတင်ကို မြင်မိတာ သုံးလေးကြိမ်ရှိနေပြီ ဒါပေမယ့် အဲ့လူဟုတ်မဟုတ်တော့ သေချာမသိဘူး..အောက်ထပ်က လုံခြုံရေးတွေကိုမေးကြည့်တော့ အဲ့လူက ဖြတ်သွားတိုင်း လှမ်းကြည့်သွားတတ်တယ်တဲ့..ကြာကြာတော့ မနေသွားဘူး"
ဤစကားကို ကြားလိုက်သည့်အခါ ဝိန်းရိဖန်၏ခြေလှမ်းများ တုံ့ခနဲ။
ဖုကျွမ့်က စိတ်ပူနေပြီး ဆက်၍
"ကျဲ..အစ်မက ကြည့်လို့ကောင်းတဲ့အပြင် အမြဲတမ်းလည်း အလုပ်ဆင်းတာနောက်ကျတယ်လေ..ဒီအနီးအနားမှာ ဘားတွေရှိတဲ့လမ်းလည်းရှိတာမလို့ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
ဝိန်းရိဖန်က မျက်နှာအမူအရာကိုထိန်းထားရင်း ထပ်၍ပြုံးပြလိုက်၏။
"အစ်မ သိပါတယ်"
-----
ဌာနမှထွက်လာသည့်အချိန်။
စန်းရန်း၏ကားက ရပ်နေကျနေရာတွင်ရပ်ထားကြောင်း တွေ့လိုက်၏။ ကားထဲသို့ဝင်လိုက်သည်နှင့် အရက်နံ့ဖျော့ဖျော့ကို ရှူရှိုက်မိလိုက်သောကြောင့် ဝိန်းရိဖန်က မျက်တောင်ခတ်ရင်း မေးလိုက်၏။
"နင် အရက်သောက်ထားတာလား"
စန်းရန်က ကားစက်နှိုးလိုက်၍
"မသောက်ထားပါဘူး"
"စုဟောက်အန်းတို့နဲ့တွေ့ပြီး ပြန်လာခဲ့တာမလား..ဒါပေမယ့် ဒီအတောအတွင်းပြီးသွားရင်တော့ နင် ငါ့ကို လာကြိုပေးစရာမလိုတော့ဘူး"
ဝိန်းရိဖန်က လစာအခြေအနေအား စိတ်ထဲတွက်ကြည့်ရင်း
"သိပ်မကြာခင် ကားဝယ်ဖို့ ငါ စဥ်းစားထားတယ်..အဲ့အချိန်ကျရင် ကိုယ့်ဘာသာကိုယ် အလုပ်သွား အလုပ်ပြန်လို့ရပြီ..ပြီးတော့ ငါ့အလုပ်အတွက်လည်း ပိုအဆင်ပြေသွားတာပေါ့"
စန်းရန်က လှမ်းကြည့်လာ၏။
"ဘယ်အချိန် သွားရွေးမှာလဲ"
"ငါ့အလုပ်နားရက်ရမှ"
"အင်း..အဲ့ကျရင် ကိုယ် မင်းနဲ့ အဖော်လိုက်ခဲ့ပေးမယ်"
"ကောင်းပြီ"
ကားအတွင်း တဖန် တိတ်ဆိတ်သွားခဲ့သည်။
အချိန်တစ်ခုစာ ကားမောင်းလာခဲ့ပြီးနောက် စန်းရန်က စပြီး စကားဆိုလာ၏။
"ဝိန်းရွှမ်းကျန့်..အခုတလော မင်း စိတ်သိပ်မကြည်သလိုပဲ"
Advertisement
ဝိန်းရိဖန်က ကြောင်အမ်းတွေးတောနေရင်း စကားသံကိုကြားလိုက်မှသာ အသိစိတ်ပြန်ကပ်လာခဲ့သည်။ စန်းရန်ဘက်သို့လှည့်ကြည့်ပြီး သက်ပြင်းရေးရေးချလိုက်ကာ ဖြေးဖြေးချင်းရှင်းပြလာ၏။
"ဒီအချိန်တွေအတွင်း ဌာနမှာ အလုပ်တွေအရမ်းများနေလို့..စိတ်အနားပေးလိုက်ရင် အဆင်ပြေသွားမှာပါ"
စန်းရန် ;
"မင်းရဲ့ ဒီအလုပ်ကို လုပ်နေတာ မပျော်လို့လား"
"မဟုတ်ပါဘူး..ပြီးတော့ အလုပ်လုပ်ရတာကို သဘောကျနေတဲ့သူမျိုး ရှိလို့လား"
သူမ၏မျက်နှာအသွင်အပြင်ထက်ရှိ စိတ်မကြည်မှုများက အရမ်းကိုမှသိသာနေခြင်းကြောင့်လား ဝိန်းရိဖန် မသိပါပေ။ သူမကြောင့် စန်းရန်ကို အနှောင့်အယှက်မပေးချင်သဖြင့် ရေးရေးလေးသာပြုံးပြလိုက်၏။
"ပြန်ရောက်လို့ အိပ်ရေးဝဝအိပ်လိုက်ရင် ကောင်းသွားမှာပါ"
စန်းရန်က သူမအား ထပ်ကြည့်လာလေ၏။ မည်သည့်မေးခွန်းမျိုးကိုမှတော့ မမေးပါတော့ချေ။
"အင်း..ဒါဆို စောစောအိပ်"
ချယ်ရှင့်ဒယ် ဌာနသို့ရောက်လာပြီး သူမအား ရှာနေသည့်ကိစ္စသည် ဝိန်းရိဖန်အတွက်တော့ မပေါက်ကွဲသေးသည့်ချိန်ကိုက်ဗုံးတစ်လုံးပင်။ သူမဘက်က လျစ်လျူရှူထားချင်လျှင်တောင်မှ သူမ၏စိတ်အခြေအနေကို သိသိသာသာဆိုးရွားလာအောင် ပြုလုပ်နိုင်သည်မှာလည်း ငြင်း၍မရ။
အိပ်ပျော်အောင်လုပ်ရသည့်ကိစ္စလေးမှာပင် ဟိုးအရင်ကကဲ့သို့ ခက်ခဲလာပါတော့သည်။
ဝိန်းရိဖန်အနေဖြင့် ဤကိစ္စအား မည်သူ့ကိုမှ မပြောပြဖြစ်ပါပေ။ ပြောထွက်လာရန်လည်း ခက်ခဲလှသလို ထုတ်ပြောပြချင်သည့်ဆန္ဒမျိုးလည်း မရှိ။
ဟိုးအရင်ကနေ၍ ယခုလက်ရှိအချိန် သူမ ကျင့်သုံးလာခဲ့သည့်နည်းအတိုင်း..
သူမကသာ ဤကိစ္စအဖြစ်အပျက်များနှင့် အဝေးဆုံးတစ်နေရာသို့ ရှောင်ထွက်နေခဲ့လျှင် ၊ ထိုလူတစ်စုနှင့် ထပ်၍ မတွေ့ဆုံဖြစ်တော့လျှင် ထိုအခါ သူမသည် အသက်ရှင်နေရာဘဝအား သူမ၏ကိုယ်ပိုင်ဘဝတစ်ခုအဖြစ်နေနိုင်သွားမည်ဖြစ်ပြီး ထိုလူတစ်စုကြောင့်ဖြင့် အနှောင့်အယှက်လေးပင်ဖြစ်ရမည် မဟုတ်။
သူမနှင့် ထိုလူတစ်စုကြားတွင်လည်း မည်သည့်ဆက်နွယ်မှုမျိုးမှ ရှိတော့မည် မဟုတ်၏။
သို့သော် ဤအတွေးများအားလုံးက တစ်ခုသောညတွင်တော့ ကျောက်ယွမ့်တုံပို့လာသည့် မက်ဆေ့ကြောင့် အပိုင်းပိုင်းအစစကျိုးပဲ့သွားပါတော့သည်။
ဝိန်းရိဖန်က မက်ဆေ့လက်ခံရရှိသည့်အချိန်တွင် ဖွင့်ကြည့်လိုက်ဖို့ စိတ်ကူးမရှိခဲ့ပါပေ ၊ 'အရက်ဘား' ဆိုသည့်စကားလုံးကို ဖြတ်ခနဲမြင်လိုက်ခြင်းကြောင့် စိတ်ထဲ၌ မကောင်းသည့်အငွေ့အသက်များကို ခံစားလိုက်ရကာ အတွေးမဆုံးခင် ဖွင့်ကြည့်နေရာအား နှိပ်ပြီးဖြစ်နေခဲ့သည်။
[ အားကျန့်..သမီးမှာ အရက်ဘားဖွင့်ထားတဲ့ကောင်လေး ရှိလား?..ဒါပေမယ့် 'ကျားကျား' ဆီကကြားထားတာတော့ သမီးက သူတို့ရဲ့မန်နေဂျာနဲ့တွဲနေတာဆို..ဒီနေ့ သမီးရဲ့ဒေါ်လေးက မေမေ့ဆီဖုန်းဆက်လာတယ်..သူ့ရဲ့မောင်ဆိုတဲ့တစ်ယောက်က အရင်ရက်တုန်းက သမီးရဲ့ချစ်သူကောင်လေးဆီ သွားခဲ့တယ်တဲ့..ပြောတာတော့ သမီးရဲ့ကောင်လေးကို သူ့မိတ်ဆွေတွေနဲ့မိတ်ဆက်ပေးချင်လို့ဆိုလားပဲ..ဒါပေမယ့် သမီးကောင်လေးက ကောင်းကောင်းမွန်မွန်ပြန်မဆက်ဆံဘဲ အရက်ဖိုးကိုလည်း ပိုတောင်းတယ်တဲ့..အားကျန့်..သမီးမှာ တကယ်ပဲ ချစ်သူရှိနေရင် ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ရမယ်နော် ]
ဝိန်းရိဖန် ထိုစာကြောင်းအား အချိန်အကြာကြီးစိုက်ကြည့်နေမိကာ ဦးနှောက်ထဲ၌ အဖြူချည်းသပ်သပ်ဖြစ်သွားခဲ့၏။ ဤကိစ္စက ချယ်ယန့်ချင် လျှောက်ပြောနေခြင်းလား အမှန်တကယ်ဖြစ်ခဲ့ခြင်းလား သူမ မသိပေ။ စန်းရန်ထံမှလည်း ဤအကြောင်းကို တစ်ခါမှကြားဖူးခဲ့သည်မဟုတ်။
တစ်ခဏအကြာတွင် ဝိန်းရိဖန်က လက်ထဲမှဖုန်းကိုချ ၊ မတ်တပ်ထရပ်ပြီး အခန်းအပြင်ထွက်လာခဲ့လိုက်သည်။
လက်ရှိအချိန်တွင် စန်းရန်က ရေချိုးပြီးခါစဖြစ်ပြီး ဆိုဖာပေါ်၌ထိုင်၍ ဂိမ်းကစားနေ၏။ သူ့ဆံပင်အဖျားများက စိုစွတ်နေဆဲ ၊ မီးရောင်အောက်ရှိ သူ့အမူအရာမှာ အေးစက်စက်နှင့်အေးအေးလူလူသာ ဖြစ်သည်။ ကြည့်ရသည်မှာ အချိန်ဖြုန်းရုံသပ်သပ် တစ်ခုခုရှာဖွေလုပ်နေသည့်ပုံစံမျိုးပင်။
ဝိန်းရိဖန် အနားသို့လျှောက်လာပြီး သူ့ဘေးနားတွင်ထိုင်လိုက်သည်။
စန်းရန်က တစ်ချက်လှမ်းကြည့်လာ၏။
"ဘယ်အချိန်တောင် ရှိနေပြီလဲ..အခုထိ မအိပ်သေးဘူးလား"
"စန်းရန်"
ဝိန်းရိဖန်က သူ့အား လှမ်းကြည့်နေပြီး အတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစား၍စကားဆိုသည်။
"ငါ့ဦးလေးလို့ပြောနေတဲ့ ဟိုလူက အရင်ရက်တုန်းက နင့်ဘားဆီ လာခဲ့သေးတယ်မလား"
စန်းရန်က အပြုအမူ လှုပ်ရှားမှုမှန်သမျှ အားလုံးရပ်သွားခဲ့တော့၏။
"မင်းကို ဘယ်သူပြောတာလဲ"
"...."
ဤစကားတစ်ခွန်းက ဝန်ခံအတည်ပြုပေးလိုက်ခြင်းနှင့် အတူတူပေ။
ယခုအခိုက်အတန့်တွင် တရိပ်ရိပ်နှင့်ထိုးထွက်လာသည့်ရှက်စိတ်များက ဝိန်းရိဖန်အား ဝါးမြိုသွားမတတ်ပင်။ နောက်ထပ်မေးခွန်းတစ်ခုတစ်လေမှ မေးဖို့မလိုတော့သည်အထိ ချယ်ရှင့်ဒယ်၏လုပ်ရပ်များကို ခန့်မှန်းနိုင်လိုက်ပြီ။
သူမ၏ဦးလေးဆိုသည့် အမည်နာမဖြင့် စန်းရန်ထံမှ ပိုက်ဆံတောင်းလျှင်တောင်း သို့မှမဟုတ်လျှင် ပိုက်ဆံမပေးဘဲ စန်းရန်အား သိက္ခာကျ မျက်နှာပျက်စေမည့်ကိစ္စမျိုးလုပ်မည်ကလွဲ အခြားဖြစ်နိုင်ချေမရှိ။
သို့သော်ငြားလည်း စန်းရန်က အခုလိုကိစ္စမျိုးများနှင့် မကြုံဆုံသင့်ပါပေ။
အဘယ်ကြောင့် စန်းရန်က အခုလိုကိစ္စမျိုးများနှင့် ကြုံဆုံရပါသနည်း။
စန်းရန်က သူမအတွက်ကြောင့်ဖြင့် အဘယ်ကြောင့် အခုလိုကိစ္စများကို ကြုံဆုံနေရသနည်း။
ဝိန်းရိဖန်၏လည်ချောင်းတစ်လျှောက်လုံး ဆို့နင်နေကာ စကားပင်ပြောမထွက်လာနိုင်သည့်အလား။ ခေါင်းကိုငုံ့လိုက်ပြီး လက်ချောင်းများကလည်း အင်္ကျီကို အလိုလိုဆွဲဆုတ်ထားမိကာ ခပ်တိုးတိုးသာစကားဆိုနိုင်တော့သည်။
"...တောင်းပန်ပါတယ်..ငါ သူတို့ကို ပြောထားလိုက်ပါ့မယ်"
သူမ၏အခြေအနေကို သတိထားမိနေသည့် စန်းရန်က မျက်မှောင်ကျုံ့ပြီး ဖုန်းကို တစ်ဖက်သို့ပစ်ချထားလိုက်၏။ ဝိန်းရိဖန်၏အမူအရာကိုကြည့်ရန်အတွက် ခေါင်းစောင်းလာခဲ့ပြီး ချိတုံချတုံလည်းဖြစ်နေရသလို ကူကယ်ရာလည်းမဲ့နေရင်း
"ဝိန်းရွှမ်းကျန့်..ဘာလို့ တောင်းပန်နေတာလဲ"
ဝိန်းရိဖန် သူနှင့်အကြည့်ချင်းဆုံလိုက်၏။
"အရက်ဘားကိုရောက်လာတဲ့ဧည့်သည်တွေက အစတည်းကကို အမျိုးမျိုးရောနေပြီးသားလေ..ဒီလိုကိစ္စမျိုးတွေက နေ့တိုင်းဖြစ်နေကျကိစ္စတွေ.."
စန်းရန်က သိသိသာသာကိုစိတ်ရှည်နေပြီး အလေးအနက်ထား ရှင်းပြလာ၏။
"ကိုယ် ဒီလိုအရေးမပါတဲ့ကိစ္စမျိုးကို စိတ်ထဲတောင်မထည့်ထားဘူး..နားလည်ရဲ့လား"
"...."
တုန်လှုပ်ခြောက်ခြားနေခြင်းများကြား ဝိန်းရိဖန်သည် အုပ်ထိန်းသူအခေါ်ခံရသည့်နေ့ 'ဝိန်းလျန်ရှန်'က သူမကို အိမ်ပြန်ခေါ်လာသည့်အချိန်သို့ ပြန်ရောက်သွားခဲ့သလို ခံစားလာရတော့၏။ သူမ၏ဦးနှောက်ထဲတွင် ချယ်ယန့်ချင် နှင့် ဝိန်းလျန်ရှန်၏စကားလုံးတို့က နောက်တစ်ကြိမ် ပြည့်နှက်လာပြီး အနားနားကပ်ပြီး ရေရွတ်နေသည့်အလားပင်။
---'ရွှမ်းကျန့်..နင် တော်တော်ကို စကားနားမထောင်တာပဲ'
Advertisement
---'ငါတို့ကို စိတ်အေးလက်အေးလေး ပေးမနေနိုင်ဘူးလား'
---'ငါတို့မှာ မင်းကို ကျွေးမွေးစောင့်ရှောက်ထားရပါမယ်ဆိုတဲ့ တာဝန်ဝတ္တရားမျိုးမရှိဘူး'
---'ငါတို့ဘက်က မင်းဆီကနေ လိုချင်တာဆိုလို့ စကားနားထောင်တာလေးတစ်ခုပဲ..ပုံမှန်မဟုတ်တဲ့ကိစ္စမျိုးတွေ လုပ်မလာနဲ့'
ဝိန်းရိဖန်..
နင် သူများကို ပြဿနာတွေ မပေးရဘူး..
နင် သူများကို ပြဿနာတွေ ပေးလို့မဖြစ်ဘူး..
မဟုတ်ရင် သူ နင့်ကို ထားခဲ့လိမ့်မယ်..
---------
နောက်ပိုင်းတွင် သူတို့နှစ်ဦးသားက စကားဆက်ပြောနေကြပါသေးသည် ၊ သို့သော်ငြား ဝိန်းရိဖန်၏ဦးနှောက်ထဲ တစ်လုံးမှ မှတ်မိမနေပါချေ။ သူမ မှတ်မိနေသည်မှာ စန်းရန်က နှစ်သိမ့်စကားတစ်ချို့ပြောနေသည့်အချိန် သူမကိုယ်တိုင်က ပုံမှန်အတိုင်းဖြစ်နေသည့်အလား တည်ငြိမ်အောင် ဟန်ဆောင်ကြိုးစားနေခြင်းပင်။
ဝိန်းရိဖန်က စန်းရန် ဂိမ်းကစားသည်ကိုအဖော်လုပ်ပေးပြီးတစ်ခဏအကြာ၌ အိပ်ချင်နေသည့်အကြောင်းပြချက်မျိုးပေးပြီး အခန်းထဲပြန်လာခဲ့သည်။
အခန်းထဲ၌ နာရီဝက်နီးပါး ထိုင်နေပြီးနောက် ဝိန်းရိဖန်က Wechat ကိုဖွင့်ပြီး ကျောက်ယွမ့်တုံထံ မက်ဆေ့ပို့လိုက်၏။
[ သူ့ဖုန်းနံပါတ်ကို ပို့ပေး ]
သူမဘက်က ပြန်စာကိုပင်မမျှော်ထားသည့်အချိန် ကျောက်ယွမ့်တုံက ချက်ချင်းစာပြန်လာ၏။ ပထမဆုံးပို့လာသည်မှာ ဖုန်းနံပါတ်ရေးထားသည့် မက်ဆေ့ ၊ နောက်တွင် စကားလုံးတစ်ချို့။
ဝိန်းရိဖန်က အခြားဘာဆိုဘာမှမကြည့်တော့ဘဲ ဖုန်းတိုက်ရိုက်ခေါ်ဆိုလိုက်၏။
သုံးကြိမ်တိုင်တိုင် ဖုန်းဝင်သည့်အသံမြည်သွားပြီးနောက်။
ချယ်ယန့်ချင်၏အသံက ဖုန်း၏အခြားတစ်ဖက်မှ အော်ဟစ်မြည်ဟီးပြီးထွက်လာ၏။
"ဘယ်သူလဲ?"
ဝိန်းရိဖန် ;
"ရှင်တို့ ဘာဖြစ်ချင်နေကြတာလဲ"
"...."
ချယ်ယန့်ချင် သုံးလေးစက္ကန့်ငြိမ်သွားပြီး ခန့်မှန်းချက်တစ်ခုပြုလိုက်သည်။
"ရွှမ်းကျန့်?"
"ရှင်တို့ဘာသာ ဘာကိစ္စနဲ့ပဲ နန်းဝူကိုရောက်လာလာ ကျွန်မ ဂရုမစိုက်ဘူး..ကျေးဇူးပြု၍ ကျွန်မကို လာမပတ်သတ်ပါနဲ့..ကိုယ့်ဘဝကို ကိုယ့်ဘာသာကိုယ်ဖြတ်သန်း..သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဘယ်ဟာကိုမှ ကျွန်မနဲ့ လာမပတ်သတ်နဲ့"
ပြန်ပြောလာသည့် ချယ်ယန့်ချင်၏အသံမှာ စိတ်မကြည်ပုံရသည်။
"နင်ဆိုတဲ့ဒီကလေးမက ဘယ်လိုစကားတွေ ပြောနေတာလဲ! တစ်ခါလာတိုင်း ငါတို့ သေဖို့ပဲ ကျိန်ဆဲနေမှာလား! နင်ပြောကြည့်စမ်း နင့်စကားက ပြောသင့်တဲ့စကားမျိုးလား"
"ကျွန်မတို့ကြားမှာ ပြောစရာ ဘယ်လိုစကားကောင်းမျိုးမှမရှိဘူး..တကယ်လို့ ရှင့်ရဲ့မောင်က ကျွန်မကိုထပ်ပြီးနှောင့်ယှက်နေဦးမယ်..ကျွန်မရဲ့ဘေးနားကလူကို နှောင့်ယှက်နေဦးမယ်ဆိုရင် ကျွန်မ သက်သေတွေစုပြီး ရဲကိုအကြောင်းကြားတော့မယ်"
"လာပြန်ပြီ ရဲတိုင်မယ့်ကိစ္စ!..ငါတို့က နင့်ကို ဘာလုပ်နေလို့ ရဲတိုင်မှာလဲ?"
ချယ်ယန့်ချင်၏အသံမှာ သိသိသာသာကိုစိတ်ဆိုးမာန်ဆိုးဖြစ်နေ၍
"ငါလေ နင့်လိုဟာမျိုးကို ကျွေးမွေးခဲ့မိလို့ တကယ်ကိုနောင်တရတယ်..ဒီလိုမျက်လုံးဖြူဝံပုလွေမကို ကျွေးမွေးထားမိလို့!"
"ရှင်က ကျွန်မကို ဘယ်လိုတွေများ ကျွေးမွေးထားခဲ့လို့လဲ?"
ဝိန်းရိဖန်က ဆက်၍
"ရှင့်ရဲ့မောင်ဆိုတဲ့လူက ကျွန်မအိပ်ရာပေါ်တက်လာတာကိုတောင် တစ်ချက်မတားဘဲ ရပ်ကြည့်နေပြီး ကျွေးမွေးထားတာမျိုးလား! ရှင်လိုချင်တဲ့ပိုက်ဆံရဖို့အတွက် ကျွန်မကို ငွေနဲ့လဲလို့ရမယ့်ပစ္စည်းလိုသဘောထားပြီး ကျွေးမွေးထားတာမျိုးလား!"
"...."
"ကျွန်မက ဘာလုပ်ထားမိခဲ့လို့..."
ထိုတစ်နှစ်တာကာလအတွင်းရှိခဲ့သော မကောင်းသည့်စိတ်ခံစားချက်များဟာ နှစ်လများစွာ ကိန်းအောင်းနေခဲ့ပြီးချိန်တွင်တော့ နာကျည်းမှုတစ်ခုဖြစ်လာလေပြီး လက်ရှိအချိန်၌ ပေါက်ကွဲထွက်လာတော့သည်။
"ရှင်တို့ အခုလိုမျိုးလာဆက်ဆံနေတာတွေကို သည်းခံနေရမှာလဲ"
သူမ မည်သူ့ကိုမှ မမှီခိုတော့ဘဲ သူမ၏ဘဝအား ကြိုးစား၍ အကောင်းဆုံးဖြတ်သန်းလာခဲ့သည်။
သူမ၏ဘဝက ကောင်းမွန်စပြုလာပြီဟု ခံစားမိလိုက်သည့်အချိန်..
သူနှင့်အတူတူ နေသွားဖို့ရာ ကြိုးစားကြည့်လိုက်သည့်အချိန်တွင်မှ..
နင်တို့လူတစ်စုဟာ အဘယ်ကြောင့် ထပ်၍ပြန်ပေါ်လာရသနည်း။
"ချယ်ယန့်ချင်..ရှင် အရင်က ခွဲစိတ်မှုအတွက်လိုတဲ့ပိုက်ဆံတွေက ကျွန်မအဖေ ပေးခဲ့တာမဟုတ်ဘူးလား..ရှင်တို့ရဲ့ ဝိန်းမင် စာသင်ကြေးတွေကို မတတ်နိုင်တဲ့အချိန်ကရော ကျွန်မအဖေပဲ ပေးခဲ့တာမဟုတ်ဘူးလား..ဝိန်းလျန်ရှန် အိမ်ဝယ်မယ့်အချိန် လိုနေတဲ့အဲ့ဒီပိုက်ဆံသောင်းချီကိုရော ကျွန်မအဖေပဲ ပေးခဲ့တာမဟုတ်ဘူးလား..ကျွန်မအဖေက ရှင်တို့ကို ဘာများပြန်တောင်းခဲ့လို့လဲ?"
"...."
"ရှင်တို့ ကျွန်မကို ပြန်ဆက်ဆံတဲ့ပုံကိုကြည့်လိုက်ရင် ဘယ်သူကမှ မျက်လုံးဖြူဝံပုလွေမ လဲ!"
တစ်ခဏကြာသွားသည့်အခါ ချယ်ယန့်ချင်က အင်တင်တင်ဖြင့်စကားဆိုခဲ့၏။
"အဲ့ဒါက နင့်အဖေ သူ့သဘောသူ ပေးချင်လို့ပေးတာလေ"
"...."
"နင် ငါတို့နဲ့မပတ်သက်ချင်ဘူးမလား..ရတယ်လေ..ကြားထားတာတော့ နင် အခုတွဲနေတဲ့ရည်းစားက တော်တော်လေးပိုက်ဆံရှိတယ်ဆို..နင် သူနဲ့လက်ထပ်ချင်တယ်ဆိုရင် အရင်ဆုံး တင်တောင်းငွေကို သိန်းဂဏာန်းပေးလာခိုင်းလိုက်..ပြီးတော့ နင့်ဦးလေးက နင့်ကောင်လေးရဲ့ အရက်ဘားကိုသွားတုန်းက ပိုက်ဆံရှင်းလာရသေးတယ်..ဒါကရော ဘာအဓိပ္ပါယ်လဲ"
ဝိန်းရိဖန်၏စိတ်ထဲ စိတ်ပျက်လာမိသလို သူမပြောဆိုနေသည့်စကားများက ဒီလူတစ်စု နားလည်နိုင်သည့်အတိုင်းအတာထဲရှိပုံမရပေ။ သူမ၏မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှမရှိ ၊ အငြင်သာဆုံးစကားသံတို့ဖြင့် အဆိပ်အပြင်းဆုံးစကားလုံးများကို ပြောထုတ်လာ၏။
"ကျွန်မဆီက လာမျှော်နေသေးတာလား..ရှင့်ကိုယ်ရှင်တောင် အသက်အာမခံကြေးရတယ်ဆိုပြီး ရောင်းထားတာမဟုတ်လား..'ဟွမ်ချွမ်'ထိရောက်အောင် မတော်တဆပုံစံနဲ့ အသက်ထွက်လိုက်လေ"
(ဟွမ်ချွမ် - ငရဲသို့သွားသည့်လမ်း)
"အေ့! နင် စကားကိုဘယ်လိုပြောနေတာလဲ!..နင် ငါ့ကိုမပေးရင် နင့်အမေဆီ ငါသွားမှာ!"
"ရှင်သွားချင်တဲ့လူဆီသွား ကျွန်မ ဂရုစိုက်ဘူး..ရှင် အမြန်ဆုံးနည်းနဲ့ ကျွန်မအဖေဆီ ရောက်သွားဖို့တောင် ဆုတောင်းပေးလိုက်ဦးမယ်"
ဝိန်းရိဖန် ခနဲ့တဲ့တဲ့ရယ်လိုက်၍
"ကျွန်မ နောက်ဆုံးတစ်ခေါက်ထပ်ပြောမယ်..ရှင်တို့ ကျွန်မဘေးနားကလူကို ထပ်ပြီးနှောင့်ယှက်ရင် ကျွန်မ ရဲကိုတန်းအကြောင်းကြားပြီပဲ"
စကားဆုံးသည်နှင့် တန်း၍ဖုန်းချပြီး ထိုနံပါတ်အား Blacklist ထဲထည့်လိုက်သည်။
အိပ်ခန်းအတွင်း ထပ်၍တိတ်ဆိတ်သွားခဲ့တော့၏။
ဤလူတစ်စုနှင့် ဆွေးနွေးငြင်းခုန်မှုမတိုင်ခင်က ဝိန်းရိဖန်သည် သူမထံ၌ ယခုလိုမျိုး တေးထားသမျှကိုထုတ်ပြောပစ်ရဲသည့်အခြားမျက်နှာတစ်ဖက် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပါပေ။ အဆုံးအစွန်ထိဖွင့်ဟပြီးသွားသည့်နောက်တွင် မောဟိုက်လာသလိုပင်ခံစားလိုက်ရပြီး လက်ထဲမှဖုန်းကိုကိုင်ထားရင်း နေရာ၌သာခြေပစ်လက်ပစ်ထိုင်နေတော့သည်။
ယခုလိုပြောဆိုပစ်လိုက်ခြင်းက အသုံးဝင်မည်လား သူမ မသိ ၊ လုပ်သင့်သောကိစ္စတစ်ခုကို လုပ်ပြီးပြီဟုသာ ခံယူထားလိုက်သည်။
စိတ်အခြေအနေ တဖြည်းဖြည်းငြိမ်ကျလာသည့်အခါတွင်တော့ ဝိန်းရိဖန်၏ခန္ဓာကိုယ်နှင့်စိတ်အစဥ်တို့ထဲ အခြားသောခံစားချက်တစ်ခုက အစားထိုးဝင်လာပါတော့သည်။ အပြင်ဘက်ရှိစန်းရန်ကို တွေးမိလိုက်သည်နှင့်တပြိုင်နက် ပြင်းထန်အားကောင်းလှသော စိုးရိမ်ထိတ်လန့်စိတ်နှင့် ဆုံးရှုံးရမည်ကိုကြောက်သောစိတ်တို့က တဟုန်ထိုးထကြွလာလေသည်။
သူမကိုယ်တိုင် မထိန်းချုပ်နိုင်ပါတော့ဘဲ မတ်တပ်ရပ်ကာ အခန်းထဲမှထွက်လာမိလိုက်တော့၏။
ဧည့်ခန်းထဲရှိမီးရောင်များမှာ လင်းထိန်နေဆဲ။
စန်းရန်က နဂိုနေရာ၌သာထိုင်နေဆဲဖြစ်ပြီး ဂိမ်းဆော့နေသည့်တိုင် အနည်းငယ်စိတ်လွတ်နေပုံလည်းရသည်။ သူမ၏အရိပ်ကို ဖြတ်ခနဲမြင်လိုက်ခြင်းကြောင့်လားမသိ ၊ မျက်ခုံးများကိုပင့်၍
"ဘာလဲ?..ခုဏလေးတင် တွေ့ပြီးတာလေ"
"...."
သူက အေးအေးလူလူဖြင့်
"တစ်နေ့တည်းမှာတင် ကိုယ့်ကို ဘယ်နှကြိမ်လောက်တွေ့ချင်နေလို့လဲ"
ဝိန်းရိဖန်၏နှာခေါင်းထိပ်လေးက စူးခနဲဖြစ်လာရင်း ခပ်တိုးတိုးသာအသံပြုပြီး သူ့အရှေ့ထိ လျှောက်လာလိုက်၏။ နောက်တွင် အသံတိတ်ဖြင့် သူ့ရင်ခွင်ထဲဝင်ထိုင်လိုက်ပြီး သူ့အား ပြန်လှမ်းကြည့်လိုက်သည်။
"မင်းက အရမ်းကို နိုင်ထက်စီးနင်းလုပ်နေတော့တာပဲ"
စန်းရန်က သူမကြောင့် ဖုန်းကြည့်နေသည့် မြင်ကွင်းတစ်ချို့ပိတ်သွားခဲ့ရ၏။ သူက မျက်လွှာကိုချကာ ခပ်ဖြေးဖြေးဖြင့်
"ကိုယ့်ကို အရက်လည်းမသောက်ခိုင်း..ဆေးလိပ်လည်း မသောက်ခိုင်း..ရေခဲရေလည်း မသောက်ခိုင်း..ညနက်တဲ့ထိလည်းမနေခိုင်းနဲ့..အခု ကိုယ့်ကို ဂိမ်းပါပေးမဆော့တော့ဘူးလား"
ဝိန်းရိဖန် သူ့အား ခဏကြာကြာငေးကြည့်နေလိုက်၏။
စန်းရန်က သူမ၏လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ သူ့လက်ချောင်းများဖြင့် အသာအယာပွတ်သပ်လိုက်၏။
နောက်တစ်စက္ကန့်တွင် ဝိန်းရိဖန်က သူ့လည်တိုင်ကို ရုတ်တရက်လှမ်းဖက်လိုက်သည်။ သူ့နှုတ်ခမ်းကို ကိုက်ယူလိုက်သည်နှင့်အတူ လျှာဖျားလေးကပါ တိုးဝင်သွားပြီး သူ့လျှာဖျားကို ဖမ်းယူလိုက်ခြင်းမှာ အနည်းငယ်အတင့်ရဲလှပြီး တစ်စုံတစ်ရာကိုလည်း အတည်ပြုချင်နေသည့်သဖွယ်။
သူမကိုယ်တိုင်ဦးဆောင်၍ လက်ဦးမှုယူကာ သူမကိုယ်သူမ ပေးအပ်လာပြီး ညသန်းခေါင်အချိန်ကြီး၌ သူ့နှလုံးသားကို လာရောက်နှောင့်ယှက်နေလေခြင်း။
စန်းရန်က တစ်ခဏငြိမ်သက်ရပ်တန့်နေမိရင်း သူမအား အလိုကျနမ်းစေလိုက်၏။ သူ့မျက်ဝန်းများဟာ ရုတ်ချည်းမည်းနက်သွားခဲ့ရ၍ သူမ၏လက်ကောက်ဝတ်အား ရင်ဘတ်အရှေ့၌ထိန်းကိုင်ထားကာ ထကြွလာသည့်စိတ်ဆန္ဒများနှင့်အတူ ပြန်လည်နမ်းရှိုက်လိုက်သည်။
ယောက်ျားလေး၏နှုတ်ခမ်းပါးပေါ်တို့တွင် ပူရှိန်းရနံ့များသင်းနေလေပြီး နမ်းရှိုက်လာသည့်အားက ပြင်းပြပြီး အလွန်တရာကြမ်းတမ်းလွန်းလာသည်။ မသိလျှင် သူမအား အစာအိမ်ထဲထိ ဝါးမျိုပစ်တော့မည့်အတိုင်းပင်။
တိတ်ဆိတ်နေသည့်ဧည့်ခန်းကြီးထဲ မှုန်ဝေဝေအရာများ ပျံ့နှံ့နေသည့်မှာလည်း ဦးတည်ရာက မရေရာမသေချာ။
သူမ၏နှုတ်ခမ်းပါးတို့မှာလည်း သူ၏အငမ်းမရစုပ်ယူနမ်းရှိုက်နေခြင်းကြောင့် ထုံကျင်လာရတော့၏။
သူ့လက်ချောင်းထိပ်များက တဖြည်းဖြည်းပွတ်သပ်၍ဆင်းလာသည်မှာ သူမ၏လည်တိုင်ပေါ်မှတဆင့် သူမ၏ကျောပြင် ၊ ထိုမှသည် ခါးပေါ်သို့ရောက်လာလေ၏။ တစ်ခဏတာဆုတ်ကိုင်ထားပြီးနောက်တွင်တော့ သူမ၏အင်္ကျီအောက်ထဲသို့ လျှိုဝင်လာခဲ့ပြီး အတွင်းသားများကို ဖြစ်ညှစ်ပွတ်သပ်လိုက်သည်။
အထိအတွေ့မှာ ယားယံသွားခဲ့ခြင်းကြောင့်
ဝိန်းရိဖန်က သူ့လျှာဖျားအား မသိမသာလေးကိုက်မိလိုက်တော့၏။
"ဘာလဲ?"
စန်းရန်က သူမအားလွှတ်ပေးလာ၏။ သူ့အသက်ရှူငွေ့များက ပြင်းပြနေကာ စကားသံတို့ထဲတွင် ရယ်သံများစွက်နေပြီး
"ကိုယ့်ကို သွေးထွက်တဲ့ထိ ထပ်ပြီးကိုက်ချင်တာလား"
"...."
ယောက်ျားလေး၏ အနက်ရောင်ဆံပင် ၊ အနက်ရောင်မျက်ဝန်း ၊ အနည်းငယ်ပင့်ထားသည့်မေးဖျား ၊ နီစွေးစွေးနှုတ်ခမ်းပါး တို့အပြင် တစ်လုံးချင်းစီပြောထွက်လာသည့် စကားများအားလုံးက ပြုစားညှို့ယူနေသည့်အတိုင်းပါပင်။
"ဝိန်းရွှမ်းကျန့်"
Advertisement
- In Serial423 Chapters
Amara – Reunion
A college senior goes on a vacation to Italy with her classmates and her world flips upside down when she dies and wakes up as an immortal.
8 6152 - In Serial65 Chapters
The Alpha's Little Witch | Completed ✔️
An Alpha and a witch, one cruel, one kind. Who will win and who will lose in this mateship? Will they come out of it hand-in-hand or part ways when the truth is revealed?
8 279 - In Serial34 Chapters
No Emotions Attached (Sugar Baby Wanted)
Mae, a 23 goes looking for a sugar daddy after getting kicked out of the house. She quickly falls in love with him, but after her dad comes to her needing help with his debt, she finds herself working for a loan shark who she also starts having feelings towards.
8 219 - In Serial35 Chapters
Dear Crush! | A Dear Evan Hansen Fanfiction |
【Completed】This is a fanfiction of Evan and Connor from Dear Evan Hansen. Treebros, correct?Connor Murphy starts to hang out with Evan Hansen. He was mostly intrigued by his existence. How he never managed to notice someone so nice and yet so broken before piqued his interest. He wanted to be friends with him. Maybe more?I want to thank Eli (@sleepy_crayon on insta) for giving me permission to use their art as my cover. Please check them out, their art is amazing!Also, I am not American, but I'm using some elements, such as mimicking the school system. So, as I'm not familiar with it, please correct me along the way.
8 221 - In Serial24 Chapters
One Night Stand With My Mate
Lewis Grant has been rejected by his mate. His other half. He is forced out of the pack, and has to survive alone in the desolate forests surrounding the pack. Without his wolf, his life hangs in the balance and he struggles to live.Silas Lupine has an amazing life. With his mate out of the picture, he chooses his own Luna and denies fate. He thinks he's better off without a male mate, and doesn't care if his wolf ingores him.But then, it comes back to bite him. The walls he built crumbled down, and now he needs to find Lewis, or risk death.
7.91 229 - In Serial53 Chapters
Bite into Me
"I want both of you as much as I want the other."Camille is your average nineteen year old girl, with a past she doesn't know. Everything changes when she meets a mysterious guy at work, a guy that tries to kill her. The world she knows is completely distorted, as she uncovers the secrets of the creatures from the underworld. She has a plan to make the two men that have captured her care for her, but will she lose herself along the way?
8 146

