《First Frost (Myanmar Translation)》Chapter 62
Advertisement
စန်းရန်က ထိုမှတ်ဥာဏ်တစ်ခုအား ချက်ချင်း လက်ခံယုံကြည်လိုက်ခြင်းမျိုး မဟုတ် ၊ ထိုအချိန်တုန်းက ဝိန်းရိဖန်၏မျက်နှာအမူအရာ ခံစားချက်အလိုက်တုံ့ပြန်မှုတို့အား ဘယ်လိုဘယ်ပုံဖြစ်သွားခဲ့ကြောင်းကို ပြန်တွေးတောကြည့်သေးသည့်တိုင် မရှင်းမလင်းသာမှတ်မိနေပါတော့၏။ မျက်လုံးမှိတ်ထားသော်လည်း အိပ်မပျော်တော့သည့်အတွက် အိပ်ရာထဲမှထပြီး ရေခဲရေသောက်ရန် မီးဖိုချောင်ဆီသို့ထွက်လာသည့်အခိုက်တွင် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ဝိန်းရိဖန်အား တွေ့လိုက်ရတော့သည်။
ဤအခြေအနေကိုမြင်လိုက်သည်နှင့် စန်းရန်က ချက်ချင်းသဘောပေါက်လိုက်၏။ မီးဖိုချောင်ဘက်သို့မသွားတော့ဘဲ အခြားဦးတည်ရာဘက်သို့ ပြောင်းလိုက်သည်။ ထုံးစံအတိုင်း ဘေးနားမှခုံကိုဆွဲယူပြီး သူမ၏အရှေ့၌ ဝင်ထိုင်လိုက်သည်။
သူ့လှုပ်ရှားမှုကို သတိမထားမိသည့်အလား ဝိန်းရိဖန်က တိုင်ကပ်နာရီကိုသာ စိုက်ကြည့်နေလေ၏။
စန်းရန်က ဝိန်းရိဖန်၏လက်ကို ဆုတ်ကိုင်လိုက်ပြီးနောက် ခပ်ရေးရေးပြုံးလိုက်၏။
"ဘာဖြစ်လို့များ အကြိမ်တိုင်း ဒီနာရီကိုပဲ စိုက်ကြည့်နေတာလဲ?"
ဝိန်းရိဖန်က မျက်တောင်တစ်ချက်မခတ်သလို စကားတစ်ခွန်းလည်းမဆို။
"ညသန်းခေါင်အချိန်ကြီး တစ်ယောက်တည်း ဧည့်ခန်းထဲမှာနေနေတာ မကြောက်ဘူးလား?..ဒီနေရာမှာ မှောင်မည်းနေတယ်လေ..နောက်ဆို ကိုယ် အိပ်တဲ့ချိန် တံခါးမပိတ်ထားတော့ဘူး..ကိုယ့်အခန်းထဲသာ တန်းဝင်လာခဲ့..ဟုတ်ပြီလား"
ဝိန်းရိဖန်ထံမှ မည်သည့်တုံ့ပြန်မှုမျိုးမှ ရှိမလာ။
စန်းရန်က သူမ၏အရှေ့၌ထိုင်နေပြီး မည်သည့်စကားကိုမှထပ်မဆိုလာတော့ဘဲ တိတ်ဆိတ်၍သာ အဖော်ပြုပေးလိုက်သည်။
အချိန်မည်မျှကြာသွားခဲ့မှန်းမသိ။
ဝိန်းရိဖန်က နာရီထံမှ အကြည့်လွှဲသွားပြီး ခေါင်းငုံ့လာသည်ကို စန်းရန်မြင်လိုက်ရသည်။ သူမက ဒူးပေါ်တင်ထားသည့်လက်နှစ်ဖက်ကို စိုက်ကြည့်နေခြင်းဖြစ်ပြီး တစ်ဖက်မှာ စန်းရန်ဆုတ်ကိုင်ထားသည့်လက်ဆိုလည်း မမှားပါပေ။ သူမ၏အမူအရာတို့မှာ အရင်အကြိမ်များအတိုင်း အခန်းထဲသို့ ထပြန်တော့မည့်ပုံစံပင်။
ခေါင်းငုံ့သွားသည့်အတွက်ကြောင့် သူမ၏မျက်နှာအား သေသေချာချာမမြင်ရပါတော့ပေ။
ဝိန်းရိဖန် အိပ်နေရင်းလမ်းထလျှောက်သည့်ကာလအပိုင်းအခြား ပြီးဆုံးခါနီးဟု စန်းရန် ထင်လိုက်မိသည့်အချိန်တွင်..
သူ့လက်ဖမိုးပေါ်သို့ တစ်စုံတစ်ရာ လာရောက်ထိခတ်သွားကြောင်း ခံစားလိုက်ရတော့၏။
စန်းရန် တုံ့ခနဲဖြစ်သွားခဲ့ကာ အကြည့်များက အောက်ဘက်ဆီသို့ ငုံ့ကြည့်လိုက်လျှင် ဝိန်းရိဖန်၏လက်ကို ကိုင်ထားသည့်သူ့လက်ပေါ်၌ ရေစက်တစ်စက်တင်လာခဲ့သည်အား တွေ့လိုက်ရသည်။
တဖန် ပြန်မော့ကြည့်လိုက်သည့်အခါ သူ့နှုတ်ခမ်းထက်မှအပြုံးရေးရေးလေးဟာလည်း ပျောက်ကွယ်သွားပါတော့၏။
တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင် ၊ မလှုပ်မယှက်ထိုင်နေဆဲဖြစ်သော ဝိန်းရိဖန်၏ဗလာကျင်းနေသည့်မျက်ဝန်းများမှ တစ်စုံတစ်ရာတို့က တစ်စက်ပြီးတစ်စက် ပြုတ်ကျလာခဲ့ခြင်းပါပေ။
သူ့လက်ဖမိုးပေါ်သို့ ကြယ်ပွင့်များသဖွယ် ကြွေကျလာခဲ့သည်မှာ..
သူမ၏မျက်ရည်စက်များပင် ဖြစ်၏။
စန်းရန်က မျက်တောင်များကိုအောက်သို့လွှားချလိုက်ကာ သူ့လက်ဖမိုးပေါ်မှ ရေစက်များက တစ်စက်ပြီးတစ်စက်စုစည်းပြီး ဘေးသို့လျောကျသွားခဲ့သည်အထိ ငေးစိုက်၍ကြည့်နေခဲ့သည်။ နောက်တွင်တော့ လည်စလုတ်တစ်ချက်လှုပ်ရှားသွားရင်းနှင့်အတူ မျက်လုံးပြန်ပင့်ကြည့်လာခဲ့၍
"ဘာဖြစ်လို့လဲ?"
သူမက မလှုပ်မယှက် ၊ အသံတစ်ချက်မထွက်ပါဘဲ မျက်ရည်များကသာ ထိန်းမရအောင်စီးကျနေခြင်းဖြစ်ပြီး ဤနည်းလမ်းတစ်ခုတည်းဖြင့်သာ စိတ်ထွက်ပေါက်ကို ရှာတွေ့နိုင်ခဲ့သည့်ပုံပင်။
တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဗလာကျင်းနေသည့်ညနက်ကြီးထဲ ထိုနာကျင်မှုများအား တစ်ကိုယ်တည်း ဖျက်ဆီးဝါးမြိုနေလေ၏။
စန်းရန်က လက်တစ်ဖက်ကိုမြှောက်လာပြီး မျက်နှာပေါ်မှမျက်ရည်စများအား အသာအယာသုတ်ပေးလိုက်၏။ အလွန်တရာကိုအေးစက်လှပါသော မျက်ရည်စက်များက ဤအခိုက်အတန့်တွင် ချော်ရည်ပူများအဖြစ်ပြောင်းသွားသကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ခုလုံးအား နာနာကျင်ကျင်ကိုတိုက်စားနေပါတော့၏။ လည်ချောင်းတစ်လျှောက် ခြောက်သွေ့လွန်းလာခဲ့ပြီး ပြောစရာစကားတို့ကိုပင် ရှာမတွေ့ပါတော့ချေ။
အချိန်အကြာကြီး ငြိမ်သက်နေမိခဲ့ပြီးမှ
"ဝိန်းရွှမ်းကျန့်"
ဝိန်းရိဖန်၏အကြည့်များမှာ သူမ၏ဒူးပေါ်၌သာရှိနေဆဲ။
"မင်း မေးခဲ့ဖူးတယ်..ဒီနှစ်တွေထဲမှာ ကိုယ် ဖြတ်သန်းရတာ အဆင်ပြေရဲ့လားဆိုပြီး"
"...."
"ဒါဆို မင်းရော?"
စန်းရန်၏အသံတို့မှာ တိုးဖျငြင်သာနေခဲ့ပြီး
"မင်းရော ဖြတ်သန်းရတာ အဆင်ပြေခဲ့ရဲ့လား"
နှစ်ယောက်သား အိမ်ခန်းမျှပြီးအတူနေဖြစ်ခဲ့ကြသည့် တစ်နှစ်ကျော်ကာလအတွင်းတွင်။
ဝိန်းရိဖန် ပထမဆုံးအကြိမ် အိပ်နေရင်းလမ်းထလျှောက်သည့်အကြိမ်ကတည်းက စန်းရန်သည် သက်ဆိုင်ရာအချက်အလက်များကို ရှာဖွေကြည့်ခဲ့ပြီးဖြစ်ပါသည်။ ဤရောဂါနှင့်ပတ်သတ်သည့် အကြောင်းအရင်းများစွာရှိကြောင်းကို သိခဲ့ရသလို ဖြစ်နိုင်ချေအရှိဆုံးမှာ အိပ်ရေးပျက်များခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့အပြင် အတိတ်တွင်ကြုံတွေ့ခဲ့ရသည့် နာကျင်စရာဒုက္ခများ ထိခိုက်စေခဲ့သည့်စိတ်ဒဏ်ရာများကြောင့်လည်း အပါအဝင်ဖြစ်သည်။
ဝိန်းရိဖန်၏ နေ့စဥ်ဆောင်တာအချိန်စာရင်းနှင့်အလုပ်ဖိအားတို့ကို အသေအချာတွက်ကြည့်လိုက်လျှင် စန်းရန်အနေဖြင့် ထိုအချိန်ဇယားနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာလွဲမှားနေခြင်းမျိုးကို မခံစားရပါပေ။
ဝိန်းရိဖန်၏ အိပ်နေရင်းလမ်းထလျှောက်သည့်ရောဂါက အကြိမ်ရေလည်းပုံမှန်မရှိ ၊ အတိအကျလည်းမဟုတ်သလို သူမက ရောဂါနှင့်ပတ်သတ်၍လည်း အတော်လေးဂရုစိုက်ကြောင်း စန်းရန် သတိထားမိခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် သူမ အိပ်နေရင်းလမ်းထလျှောက်တိုင်း ကိစ္စကြီးကြီးမျိုးမရှိခဲ့လျှင် သူ့ဘက်ကလည်း လိုက်၍ အစဖော်ပြောပြနေခြင်းမျိုး မလုပ်တော့၏။
သို့သော် ဤမျှများပြားလှသည့် အိပ်နေရင်းလမ်းထလျှောက်သည့်အကြိမ်ရေများအတွင်း...
ဝိန်းရိဖန် ငိုနေသည်အား ဤတစ်ကြိမ်တွင်မှ စန်းရန် တွေ့ဖူးခြင်းဖြစ်သည်။
ယနေ့ည၌ ဝိန်းရိဖန်က အခြားသောဘယ်လိုကိစ္စမျိုးများကို ကြုံတွေ့ခဲ့ရသေးမှန်း သူ မသိ ၊ သို့သည့်တိုင် သူမ၏ယနေ့တွင်ဖြစ်သွားခဲ့သည့်အမူအရာ ၊ သူ သိထားသလောက်မှတ်ဥာဏ်များကို ပြန်စုစည်းတွေးတောလိုက်ခြင်းအရ ယခုအချိန် သူမ ငိုနေရသည့်အဖြစ်နိုင်ဆုံးသောအကြောင်းအရာမှာ ယနေ့ညတွင်တွေ့ခဲ့သည့် ထိုလူကြောင့်ပင်။
ဤနှစ်များအတွင်း သူမက ထို'ဦးလေး' ဟုခေါင်းစဥ်တပ်ထားသည့်လူ၏ အမဲလိုက်ခံနေရခြင်းလား သူ မသိ။
စိတ်မပျော်ရွှင်ရသောကိစ္စများကို တွေ့ကြုံလာပြီးချိန်တိုင်း သူမသည် ယနေ့ညကဲ့သို့ တစ်ယောက်တည်းအသံတိတ်ပြီးငိုနေခဲ့မည်လားလည်း သူ မသိခဲ့ပါပေ။
မိနစ်ပိုင်းကြာပြီးသွားချိန်တွင်တော့။
ဝိန်းရိဖန်က လုံးဝအငိုရပ်သွားခဲ့၏။ စက်ရုပ်တစ်ရုပ်ကဲ့သို့ မျက်လုံးကိုအသာအယာပင့်ကြည့်လာပြီး စန်းရန်အား လှမ်းကြည့်ကာ တစ်ခဏအတွင်း မတ်တပ်ထရပ်လိုက်သည်။ စန်းရန်က သူမ၏လက်ကိုကိုင်ထားဆဲဖြစ်ရာ ဝိန်းရိဖန်၏လှုပ်ရှားမှုအတိုင်း သူသည်လည်း အလိုလိုထရပ်မိလိုက်သည်။
ထို့နောက်တွင်တော့ ဝိန်းရိဖန်ကလည်း သူ့လက်ချောင်းများကို ညင်ညင်သာသာလေးပြန်ဆုတ်ကိုင်ထားသယောင်ယောင် ခံစားမိလိုက်ရတော့၏။ သူ့မျက်တောင်များ တစ်ချက်လှုပ်ရှားသွားခဲ့ကာ သူမ၏အနောက်မှလိုက်လာခဲ့ပြီး သူ့စိတ်ထင်ယောင်ထင်မှားသက်သက်ဖြစ်ခြင်းဟုတ်မဟုတ်ကို တွေးမိရင်း လက်လွှတ်သွားအောင် အသာအယာရုန်းကြည့်လိုက်သေးသည်။
နှစ်ဦးသား၏လက်တို့မှာ ကွဲကွာသွားခြင်းမရှိ။
ဝိန်းရိဖန်က သူ့လက်ကို ဆုတ်ကိုင်ထားဆဲဖြစ်သောကြောင့်..
Advertisement
စန်းရန်၏မျက်ခုံးများ မသိမသာပင့်မြှောက်သွားခဲ့တော့၏။
ဝိန်းရိဖန်က အရင်အကြိမ်များအတိုင်း အိပ်နေရင်းလမ်းထလျှောက်ပြီး သူ့အိပ်ခန်းထဲဝင်လာအိပ်လိမ့်မည်ဟု ထင်ထားမိလိုက်သေးသည်။ သို့သော် ဤတစ်ကြိမ်တွင် အိပ်ခန်းငယ်ရှေ့သို့ရောက်သည့်တိုင် သူမ၏ခြေလှမ်းများကရပ်မသွားသေးဘဲ ဆက်၍အရှေ့သို့သာ လျှောက်နေလေသည်။
စန်းရန်ကလည်း စိတ်ထဲသိပ်မထည့် ၊ ဘယ်လိုပင်ဖြစ်စေ သူမ အိပ်နေရင်းလမ်းထလျှောက်သည့်အချိန် လုပ်သမျှကိစ္စတိုင်းသည် တသတ်မတ်တည်းမရှိ အမျိုးမျိုးအဖုံဖုံပြောင်းနေခြင်းဖြစ်၏။
စန်းရန်က သူမဆွဲခေါ်လာသည့်အတိုင်း လိုက်လာခဲ့သည်။
အိပ်ခန်းကြီးရှေ့သို့ ရောက်လာသည့်အခါ ဝိန်းရိဖန်၏အခြားလက်တစ်ဖက်က တံခါးလက်ကိုင်ကိုလှည့်ဖွင့်ပြီး သူ့ကိုပါ ဆွဲခေါ်ကာ အထဲသို့ဝင်လာခဲ့သည်။
နှစ်ယောက်စလုံး အိပ်ခန်းထဲသို့ ရောက်ပြီးချိန်တွင် ဝိန်းရိဖန်က ထုံးစံအတိုင်း တံခါးကို ဖြည်းဖြည်းချင်းပြန်ပိတ်လိုက်၏။ သူမ၏အပြုအမူတို့သည် အနည်းငယ်နှေးကွေးတောင့်တင်းနေသည်ကလွဲ ပုံမှန်အချိန်မျိုးနှင့်ဘာမှမခြားနားပေ။
ထပ်၍လျှောက်လာခဲ့သည်မှာ ဝိန်းရိဖန်အိပ်ရာနားသို့ ရောက်သည်အထိ။
စန်းရန်အနေဖြင့် သူမအား အိပ်ရာပေါ်၌သိပ်ခဲ့ပြီးလျှင် အခြား ဘာအပြုအမူမျိုးမှထပ်မလုပ်လာတော့သည့်အထိစောင့်၍ သူ့အခန်းဆီသို့ပြန်ရန် တွေးနေသည့်အချိန် အိပ်ရာပေါ်တက်သွားသည့်ဝိန်းရိဖန်က သူ့လက်ကိုဆွဲကိုင်ထားသည့်ခွန်အားကို နည်းနည်းလေးမှမလျော့ပါဘဲ သူ့ကိုပါ အိပ်ရာထဲဆွဲခေါ်ထည့်နေလေသည်။
ဤအချိန်တွင်မှ တစ်ခုခုလွဲမှားနေကြောင်း စန်းရန် သတိထားမိခြင်းပင်။
"ကိုယ့်ကို မင်းနဲ့အတူတူ အိပ်ခိုင်းနေတာလား"
ဝိန်းရိဖန် ခေါင်းမော့လာပြီး သူ့အား ငြိမ်သက်၍ကြည့်နေလေသည်။ ကြည့်ရသည်မှာ မည်သည့်ကိစ္စအပေါ်တွင်မှ အသိစိတ်ကပ်နေပုံလည်းမရ။ သို့သည့်တိုင် ရှုပ်ထွေးလွန်းလှစွာဖြင့် စန်းရန် ခံစားမိလိုက်သည်မှာ သူမက အိပ်မက်ထဲတွင် တန်ဖိုးထားသည့်အရာတစ်ခုခုကိုရှာတွေ့သွားခဲ့ပြီး သူမ၏ကိုယ်ပိုင်နေရာငယ်ထဲ၌ သူမ၏အပိုင်အဖြစ် တိတ်တိတ်လေးသိမ်းထားချင်သည့်ပုံစံမျိုးပင်။
သူမ ဆွဲကိုင်ထားသည့်ခွန်အားမှာလည်း မရှိသလောက်ပင်နည်းလှပြီး သူတစ်ချက်လှုပ်လိုက်ရုံမျှပင် လက်လွှတ်သွားနိုင်သည့်အခြေအနေ။
သို့သော် သူ တွေးနေမိသည်မှာ..
အကယ်၍ သူသာ လက်လွှတ်ပစ်လိုက်လျှင် သူမက ခုဏကလို ထပ်ငိုနေဦးမလား။
ဘယ်လိုပင်ဖြစ်စေ နှစ်ယောက်သား အိပ်ရာတစ်ခုထဲ အိပ်ခဲ့ဖူးသည်မှာလည်း အကြိမ်ကြိမ်။
သို့သော်ငြား သူ့ပိုင်နက်နေရာထဲသို့ရောက်လာခြင်းနှင့် သူမ၏နေရာသို့ကျူးကျော်လာခြင်းကြားက ကွာခြားချက်မှာတော့ စန်းရန်အတွက် တစ်မျိုးဖြစ်နေမိကာ နေရာ၌သာရပ်ရင်း စိတ်ရှည်ရှည်ဖြင့်စကားဆိုလိုက်သည်။
"ကိုယ့်အခန်းထဲကို သွားလို့ရမလား.."
ဝိန်းရိဖန်က ဘာမှမတုံ့ပြန်ပေ။
သူမဘက်က အလျော့မပေးချင်သည့်အရိပ်အယောင်မျိုးကို မြင်နေရသည့်အတွက်လည်း စန်းရန်က ထပ်၍လိုက်လျောလိုက်ရကာ သေးသေးမွှားမွှားကိစ္စလေးအပေါ် တွေးပူမနေချင်တော့ပေ။ အိပ်ရာ၏တစ်ဖက်သို့လျှောက်သွားလိုက်ပြီး လွတ်နေသည့်အခြားတစ်ဖက်၌ ဝင်လှဲအိပ်လိုက်သည်။ သူအနေဖြင့် စိတ်သက်တောင့်သက်သာလည်းမရနိုင်သလို အိပ်လည်းမအိပ်ချင်သေးသဖြင့် ဝိန်းရိဖန်ကိုသာ စောင်ခြုံပေးထားလိုက်သည်။
သူ့လက်ကိုဆွဲကိုင်ထားဆဲဖြစ်သည့်သူက စိတ်သက်သာရာရသွားသည့်အလား မျက်ဝန်းတို့ကိုပါ ဖြည်းဖြည်းချင်းမှိတ်သွားခဲ့၏။
စန်းရန်က သူမ၏ဘေး၌ လှဲအိပ်နေရင်း လှမ်းကြည့်နေခဲ့ကာ တစ်ခဏကြာသွားပြီးချိန်တွင်တော့ သူမ၏နဖူးအား အသာအယာနမ်းရှိုက်လိုက်တော့သည်။
-----
နောက်တစ်နေ့ မနက်ခင်းအစောပိုင်းအချိန်တွင်။
ဝိန်းရိဖန်က အိပ်မှုန်စုံမွှားမျက်လုံးပွင့်လာပြီး အိပ်ရာနိုးနိုးချင်းပထမဆုံးခံစားမိလိုက်သည်မှာ တစ်စုံတစ်ယောက်က သူမအား ဖက်တွယ်ထားသည့်ခံစားချက်ပင်။ မျက်တောင်များက ဖြေးဖြေးချင်းလှုပ်ရှားလာခြင်း အခြေအနေကိုလည်းချက်ချင်းသဘောပေါက်လိုက်သည်။ ယခုလိုအခြေအနေမျိုးက မကြာခဏဖြစ်နေကျဖြစ်သည့်အတွက် အထူးတလည် အံ့သြနေခြင်းမျိုး မရှိ။
အိပ်ရာနိုးပြီး အသိစိတ်တို့ကြည်လင်လာသည့်အချိန်တွင်တော့ ဝိန်းရိဖန်က ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်မိလိုက်သည်။ လက်ကျန်ရှိနေသေးသည့် အိပ်ချင်မူးတူးစိတ်ကလေးမှာ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီး မူမမှန်သည့်တစ်စုံတစ်ရာအား ချက်ချင်းသတိထားမိလိုက်တော့၏။
---ဤနေရာက သူမ၏အိပ်ခန်း။
ဝိန်းရိဖန် ကြောင်အမ်းနေရင်း စန်းရန်ဘက်သို့ လှည့်ကြည့်မိလိုက်တော့သည်။
သူသည်လည်း လက်ရှိအချိန်၌ အိပ်ရာနိုးစပြုနေပြီဖြစ်ကာ လေးလံနေသည့်မျက်ခွံများက သူအိပ်ချင်သေးကြောင်း သက်သေပြပေးနေသေးသည်။ သူမ၏အကြည့်တို့ကို မြင်နေရသော်ငြား စန်းရန်က ဂရုမစိုက်သည့်ဟန်။ သူက တဖန်မျက်လုံးမှိတ်သွားခဲ့ပြီး သူမ၏ခါးတစ်လျှောက်အား သူ့ရင်ခွင်ထဲရောက်လာအောင် ခပ်ပြင်းပြင်းဆွဲယူပွေ့ဖက်လိုက်သည်။
ထပ်အိပ်ချင်နေသေးသည့်ပုံစံမျိုးပင်။
ဤကဲ့သို့တည်ငြိမ်ပြီးသဘာဝကျလွန်းသောအပြုအမူကြောင့် ဝိန်းရိဖန်၏စိတ်ထဲ သူတို့နှစ်ဦးတွင် မည်သူက မှားယွင်းနေကြောင်း ဝေခွဲ၍ပင်မရတော့ချေ။
သူမ မနေနိုင်တော့ဘဲ စကားဆိုလိုက်တော့သည်။
"ဒါက ငါ့အခန်းလေ"
အခုလေးတင်မှနိုးလာခြင်းကြောင့် စန်းရန်၏အသံက ခပ်တိုးတိုးလေးသာဖြစ်ပြီး
"ဟမ်?"
ဝိန်းရိဖန် ;
"နင် ဘာဖြစ်လို့ ဒီနေရာကိုရောက်နေတာလဲ"
"ကိုယ်က ဘာဖြစ်လို့ဒီနေရာကိုရောက်နေတာလဲ ဟုတ်လား?"
"...."
"မင်းရဲ့ဒီအပြုအမူကြီးက ကိုယ့်ကို ဝမ်းနည်းအောင် အရမ်းလုပ်တာပဲ.."
စန်းရန်၏နဖူးက သူမ၏လည်တိုင်ထက်၌အပ်ထားပြီး အေးအေးလူလူဖြင့်
"မင်းဘာသာမင်း ပြန်တွက်ကြည့်ပါဦး..မင်းဘက်က အကြိမ်ကြိမ်မီးမွှေးဖူးပေမယ့် ကိုယ့်ဘက်က ဒီတစ်ကြိမ်လေးပဲ မီးညှိဖူးတာပါ.."
"မဟုတ်ဘူး..ငါ မေးချင်တာက နင် ဘာဖြစ်လို့ဒီနေရာကို ရောက်နေတာလဲဆိုတာ.."
"အို့.."
စန်းရန်က ရယ်နေရင်း
"မင်းပြောကြည့်ကြည့်လေ"
"...."
ဝိန်းရိဖန် တစ်ဖက်သို့ခေါင်းလှည့်လာ၏။
စန်းရန်ကလည်း မျက်လုံးဖွင့်ပြီး ကြည့်လာခဲ့သည်။
နှစ်ယောက်သားမှာ အကြည့်ချင်းဆုံနေကြရင်း သုံးလေးစက္ကန့်ကြာပြီးမှ ဝိန်းရိဖန်က ခန့်မှန်းချက်တစ်ခုထုတ်လိုက်သည်။
"နင်လည်း အိပ်နေရင်းလမ်းထလျှောက်တတ်တာလား?"
စန်းရန် ;
"သေချာပေါက် မဟုတ်ဘူးပေါ့"
"အို့..ဒါဆို နင် အိပ်မက်ဆိုးမက်လို့လား ဒါမှမဟုတ် သရဲကားကြည့်ပြီးတစ်ယောက်တည်းမအိပ်ရဲတော့လို့ ငါ့အခန်းထဲ ဝင်လာအိပ်တာလား?"
"အဲ့လိုလည်း မဟုတ်ဘူး"
"ဒါဆို..ဒီအတိုင်း ငါနဲ့အတူတူအိပ်ချင်လို့လား"
ဤတစ်ကြိမ်တွင် စန်းရန်က စပြီးရှင်းပြလာခဲ့သည်။
"မင်း ညသန်းခေါင်တုန်းက အိပ်နေရင်းလမ်းထလျှောက်သေးတယ်"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြ၍
"အင်း..ပြီးတော့ရော?"
သူမ၏မျက်နှာကို ငေးစိုက်ကြည့်နေရင်း စန်းရန်က လက်ကိုမြှောက်လာကာ သူမ၏မျက်နှာအား ဖြည်းဖြည်းချင်း ထိတွေ့ပွတ်သပ်လိုက်၏။ နောက်တွင်တော့ နှုတ်ခမ်းကိုကွေး၍ပြုံးလိုက်ကာ ကျန်နေသေးသည့်စကားလုံးများအား တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလာတော့သည်။
"ကိုယ့်ကို မင်းအခန်းထဲ ပွေ့ခေါ်လာတယ်"
"...."
Advertisement
ဝိန်းရိဖန် ထိုမြင်ကွင်းကို မြင်ယောင်ကြည့်မိလိုက်တော့၏။
သူမက ညသန်းခေါင် အိပ်နေရင်းလမ်းထလျှောက်သည့်အချိန် ရုတ်တရက် စူပါပါဝါများရသွားပြီး စန်းရန်၏အခန်းထဲပြေးဝင်ကာ 70kg ထက်မက လေးသည့်ယောက်ျားတစ်ယောက်ကို အသာလေးမ,လာခဲ့ခြင်း။
?
နင့်မေကြီးတော်ကြီးက! ဒီလိုစကားမျိုးကိုလည်း ပြောထွက်လာတယ်! ! !
ဝိန်းရိဖန်က တွေးကြည့်နေရင်း ခပ်ငြိမ်ငြိမ်အသံတို့ဖြင့်
"ငါက နင့်ကို ပွေ့လာ.....တာလား?"
စန်းရန်က ပြန်မဖြေဘဲ ဟုတ်မှန်ကြောင်းကို ဆိတ်ဆိတ်ငြိမ်ခြင်းဖြင့် ဝန်ခံနေ၏။
"ငါက နင့်ကို..."
စန်းရန်က သူမအား အရူးလုပ်နေမှန်း ဝိန်းရိဖန် ကောင်းကောင်းသိနေပါသော်ငြား သူ့စကားကို တိုက်ရိုက်မဖော်ချင်သဖြင့် တစ်ချက်ချင်းစီ လှမ်း၍
"ပွေ့နိုင်တယ်လား?"
စန်းရန်က သူမ၏အမူအရာကိုကြည့်နေရင်း ရုတ်တရက်ခေါင်းငုံ့သွားကာ သူ့ဘာသာသူ သဘောတကျရယ်နေလေတော့၏။ သို့သည်တိုင် ပြောထွက်လာသည့်စကားလုံးတို့က မပြောင်းသေး ၊ အရှက်မရှိတမ်း သက်ပြင်းပင်ချလိုက်၍
"ကိုယ်လည်း မင်း ပွေ့နိုင်လိမ့်မယ်လို့ မထင်ထားမိတာပါဆို.."
"...."
ဤအရည်ထူနေသည့်လူနှင့် ဝိန်းရိဖန် ဆက်မငြင်းချင်တော့ပေ။ ဘယ်လိုပင်ဖြစ်စေ အရင်တုန်းကအခြေအနေမျိုးများနှင့်မတူဘဲ ၊ နားထောင်ကြည့်ရုံဖြင့် စိတ်ကူးယဥ်ပြီးလျှောက်ပြောနေမှန်း သိသာလွန်းကာ သက်သေပြစရာ အထောက်အထားရှာနေဖို့ရာမလို။
နှစ်ယောက်သားက ခဏကြာကြာအကြည့်ချင်း ဆုံနေကြပြီးနောက် ဝိန်းရိဖန်က စ၍
"ဒါဆို ငါက အတော်လေးကို..."
"...."
"ယောက်ျားဆန်တာပဲ"
စန်းရန်က 'အင်း'ဟု အသံတစ်ချက်ပြုပြီး ဝိန်းရိဖန်အား ထပ်၍ဆွဲဖက်လိုက်ပြန်တော့၏။
'ယောက်ျားဆန်' ဆိုသည့်စကားလုံးနှင့်အတူ ဝိန်းရိဖန်က သူတို့နှစ်ဦး ပထမဆုံးတွေ့ဖူးကြသည့်အချိန်တုန်းကအဖြစ်အပျက်အား သတိရလာမိသည်။ အဘယ်ကြောင့်မှန်းမသိ စိတ်ထဲ ထိုကိစ္စကို ပြန်အစဖော်လာချင်တော့၏။
"အဲ့တော့ နာမည်အပြင်.."
စန်းရန်က သူမအား လှမ်းကြည့်လာ၏။
"အားရှိတဲ့နေရာမှာပါ ငါက နင့်ထက်ပိုပြီး ယောက်ျားဆန်ပုံရတယ်နော်"
"...."
အချိန်မှာကား အလုပ်သွားရမည့်အချိန်ပတ်ချာလည်သို့ရောက်လုနီးနီး။
ဤစကားအဆုံးတွင် ဝိန်းရိဖန် ပြောလိုက်မိခြင်းကြောင့် နောင်တရသွားခဲ့ကာ စန်းရန်က သူမနှင့်ထပ်ပြီး စာရင်းရှင်းနေမည်ကိုကြောက်သဖြင့် အိပ်ရာပေါ်မှ ချက်ချင်းပြေးဆင်းကာ ဝါကျတစ်ကြောင်းချန်ပြီး ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။
"ငါ မနက်စာပြင်လိုက်မယ်..နင် ဆက်အိပ်နေ"
ဝိန်းရိဖန် ကိုယ်လက်ဆေးကြောပြီးထွက်လာသည့်အချိန်တွင်တော့ စန်းရန်က သူမ၏အခန်းထဲ၌ ရှိမနေတော့ပေ။ ခြုံစောင်အား အိပ်ရာပေါ်၌ သပ်သပ်ရပ်ရပ်ခေါက်ထားပေးခဲ့သေးသည်။ သူမ၏အတွေးထဲ၌ အဘယ်ကြောင့် စန်းရန်က သူမအခန်းထဲရောက်နေခဲ့ခြင်းကိုလည်း အဖြေရှာမတွေ့သေး။
သူမ၏ နောက်ဆုံးခန့်မှန်းချက်က အဖြစ်နိုင်ဆုံးအကြောင်းပြချက် ဖြစ်နိုင်သော်ငြား
စန်းရန်၏အကျင့်အရ ယခုလိုကိစ္စမျိုးကိုလုပ်လာမည်မဟုတ်မှန်းလည်း ဝိန်းရိဖန် ခံစားမိနေပါသေးသည်။
ဝိန်းရိဖန် မခန့်မှန်းနိုင်တော့သည့်အတွက် ခဏနေမှသာ ကာယကံရှင်အားမေးရန် ဆုံးဖြတ်ထားလိုက်တော့သည်။ အဝတ်အစားလဲပြီး အိပ်ခန်းထဲမှထွက်လာကာ မီးဖိုချောင်ထဲဝင်လာလိုက်သည်။ ရေခဲသေတ္တာကိုဖွင့် ၊ အသီးအရွက်များကိုကြည့်လိုက်ရင်း ခေါက်ဆွဲပြုတ်စားရန် စီစဥ်လိုက်သည်။
အသီးအရွက်များယူလိုက်ပြီးပြီးချင်းတွင် စန်းရန်သည်လည်း မီးဖိုချောင်ထဲဝင်လာကာ ထုံးစံအတိုင်း ရေခဲသေတ္တာထဲမှ ရေခဲရေဘူးကို ထုတ်ယူလိုက်၏။
နှစ်ယောက်သား မျက်ဝန်းချင်းဆုံလျက်။
ဝိန်းရိဖန်က အကြည့်တစ်ချက်နိမ့်လိုက်ပြီး သူ့လက်ထဲမှရေခဲရေဘူးအား လှမ်းကြည့်ကာ တဖန် ပြန်ပင့်တင်လိုက်သည်။ စက္ကန့်ပိုင်းကြာကြာ စိုက်ကြည့်ပြီးနောက် စကားတစ်ခွန်းမဆိုပါဘဲ ဟင်းအိုးနားသို့လျှောက်သွားကာ နွေးနွေးထွေးထွေးဖြင့်သာစကားဆိုလိုက်၏။
"မနက်စာကို ခေါက်ဆွဲချက်မလို့..အဆင်ပြေလား?"
စန်းရန်၏လှုပ်ရှားမှုများ ရပ်တန့်နေခဲ့ရင်း တစ်ခဏအကြာ၌ ရေခဲရေဘူးအား တိတ်တဆိတ် ပြန်ထည့်ထားလိုက်တော့သည်။
"ရတယ်"
တစ်ညတာကုန်လွန်ပြီးဖြစ်၍ ဝိန်းရိဖန်၏ မကောင်းသည့်စိတ်အခြေအနေတို့မှာ တော်တော်လေးသက်သာသွားခဲ့ပြီဖြစ်သည်။ ဟင်းအိုးထဲရေဖြည့်နေရင်း မျက်ဝန်းထောင့်မှတဆင့်လည်း စန်းရန်အား လှမ်းကြည့်နေခဲ့ကာ ထိုအပြုအမူကိုတွေ့လိုက်ရခြင်းကြောင့် နှုတ်ခမ်းပါးက ရေးရေးလေးကွေးတက်သွားကာ ရှင်းပြမရအောင်ရယ်ချင်လာမိတော့၏။
စန်းရန်က အနားသို့လျှောက်လာပြီး အခြားဟင်းလျာအတွက် အသားလုံးများကို ဆေးကြောပေးနေ၏။
နှစ်ဦးသားမှာ စကားတပြောပြော။ အစက မနက်စာချက်ပေးမည့်သူမှာ ဝိန်းရိဖန် ၊ နောက်တွင်တော့ စန်းရန်ကသာ အများဆုံး ဦးဆောင်၍လုပ်ပေးသွားခဲ့သည်။ ထမင်းစားပွဲ၌ထိုင်ပြီး ဟင်းရည်တစ်ဇွန်းသောက်ရင်း အတွေးထဲ၌လည်း အဘယ်ကြောင့် စန်းရန်က သူမအခန်းထဲရောက်နေသည့်အကြောင်းမေးမြန်းမည်အပြုတွင်။
ထို့အစား စန်းရန်က လက်ဦးမှုယူပြီးစကားဆိုလာ၏။
"ဝိန်းရွှမ်းကျန့်"
"အမ်?"
စန်းရန်က မျက်လုံးပင့်ကြည့်လာပြီး သာမန်ကာလျှံကာ ပုံစံမျိုးဖြင့်
"မနေ့ကတွေ့ခဲ့တဲ့ မင်းရဲ့ဦးလေးဆိုတဲ့လူကို ကိုယ် တစ်နေရာရာမှာ တွေ့ဖူးသလားလို့"
"...."
ဝိန်းရိဖန်က တုံ့ခနဲဖြစ်သွားရင်း မနေ့ညကအကြောင်းများကို ပြန်တွေးမိလိုက်၏။ အကြည့်ကို အသာအယာလွှဲပြီး ခေါက်ဆွဲတစ်ငုံစာဝါးလိုက်ကာ အမှန်တိုင်းပြောပြလာခဲ့သည်။
"အင်း..နင် ဟိုးအရင် ငါ့ဆီလာတဲ့အချိန်တုန်းက သူ့ကို တွေ့ဖူးတယ်"
"အဲ့အချိန်တုန်းက မင်း.."
စန်းရန်က စကားကိုသိသိသာသာထိန်းပြောနေ၏။
"သူ့ကို မသိဘူးလို့ ဖြေခဲ့တာမလား"
"ဟုတ်တယ်..ဘာလို့လဲဆိုတော့ ငါ အဲ့လူကို သဘောမကျလို့..သူ့ကိုတွေ့လိုက်တိုင်း အမြဲတမ်းရှောင်တယ်..တစ်စက်လေးမှလည်း သူနဲ့မပတ်သတ်ချင်ဘူး..ဘယ်သူကပဲ မေးလာပါစေ အဲ့လူကို ငါမသိဘူးလို့ပဲ အမြဲတမ်းဖြေတယ်"
"...."
ဝိန်းရိဖန်က ပြုံးနေရင်း
"ဘာဖြစ်လို့လဲ?"
စန်းရန်၏မျက်ဝန်းတစ်စုံမှာ သူမ၏မျက်နှာပေါ်၌ ကပ်ညှိနေပြီး သူမ၏အမူအရာအား အကဲခတ်နေပုံရသည်။ သူ့အမူအရာမှာတော့ ရှင်းရှင်းလင်းလင်းမရှိလှ ၊ ဘာတွေးနေမှန်း ခန့်မှန်းကြည့်၍မရပါသည့်တိုင် သူမ၏စကားလုံးတို့အပေါ် သင်္ကာမကင်းဖြစ်ပုံတော့ မရပါပေ။
"အဲ့လူက မင်းကို အမြဲတမ်းလိုက်နှောင့်ယှက်နေတာလား"
"မဟုတ်ပါဘူး"
ဝိန်းရိဖန် ခေါင်းငုံ့သွားပြီး ခေါက်ဆွဲဆက်စား၍
"ငါ တက္ကသိုလ်တက်ပြီးနောက်ပိုင်း သူနဲ့ မတွေ့ဖြစ်တော့ဘူး..သူ့ကို ပေယွီမှာပဲရှိနေလိမ့်မယ်လို့ထင်ထားတာ..နန်းဝူကို ရောက်နေမယ်မှန်း မထင်ထားမိဘူး"
စန်းရန်က သူမကိုသာ စိုက်ကြည့်နေ၏။ ဤတစ်ကြိမ်တွင်တော့ စကားမဆိုချေ။
မျက်ဝန်းထောင့်မှနေ၍ စန်းရန်က သူမအား လှမ်းကြည့်နေဆဲဖြစ်မှန်း သတိထားလိုက်မိသောကြောင့် ဝိန်းရိဖန် ခေါင်းမော့လာခဲ့သည်။ တစ်ခဏကြာကြာတွေးကြည့်လိုက်ပြီးနောက်တွင် စန်းရန်၏အတွေးကို အကြမ်းဖျင်းခန့်မှန်းနိုင်လိုက်သဖြင့်
"ငါလည်း အဲ့လူနဲ့ ထပ်တွေ့ဖြစ်လိမ့်မယ်လို့မထင်ထားမိခဲ့ရုံပါ..ဖြတ်သန်းလာခဲ့ရတာကတော့ အမြဲတမ်း အဆင်ပြေခဲ့ပါတယ်"
စန်းရန်က အသာအယာပြုံးပြလာခဲ့၏။
"အဲ့လိုဆိုရင် ပြီးတာပါပဲ"
ဤစကားအဆုံးတွင် ထမင်းဝိုင်းမှာ တိတ်ဆိတ်သွားခဲ့တော့သည်။
ဝိန်းရိဖန်လည်း ဘယ်လိုစကားမျိုးပြောသင့်မှန်း မတွေးတတ်တော့ပေ။ သူမအတွက်တော့ မနေ့ညကကိစ္စလေးက မတော်တဆပေါ်လာသည့်ဇာတ်ဝင်ခန်းတစ်ခုအဖြစ်သာ ရှိပြီး နောက်တစ်ကြိမ် ထပ်ပြောနေစရာပင်မလိုသည့်ကိစ္စ။ သို့သော်ငြားလည်း လက်ရှိအချိန်တွင် ဘကြီးတို့မိသားစုက ဘယ်လိုအခြေအနေမျိုး၌ရှိနေမှန်း သူမ မသိ ၊ သူတို့မိသားစုက ကျောက်ယွမ့်တုံနှင့် နေနေခြင်းလား ၊ နန်းဝူ၌ အခြေချတော့မည်လား ၊ သို့မှမဟုတ် ပေယွီသို့ပြန်ဦးမည်လား ဘာဆိုဘာမှမသိပါချေ။
ဝိနိးရိဖန်အနေဖြင့် ခံစားမိသည်မှာ နန်းဝူမြို့က အလွန်ကိုမှကျယ်ဝန်းစည်ကားသည့်မြို့ကြီးတစ်ခု ၊ အကယ်၍များ တိုက်ဆိုင်၍ တွေ့ဆုံဖြစ်ခဲ့လျှင်တောင် တစ်ဘဝစာလုံးတွင် မျက်နှာချင်းဆိုင်မိမည့်အကြိမ်ရေမှာ လက်ချိုးရေတွက်၍ပင်ရသည် ဟူ၍ပင်။
ထိုသို့ တွေးနေပါသည့်တိုင် စိတ်ထဲ မအေးချမ်းနိုင်သေး။
အကယ်၍များ မုချန်ယွင် သတိပေးထားသည့်လူက ချယ်ရှင့်ဒယ်ဖြစ်နေခဲ့လျှင်..
အကယ်၍များ ထိုလူက စန်းရန်ထံသို့သွားပြီး ထိုမှတဆင့် သူမဆီ ဆက်သွယ်လာပြန်ခဲ့လျှင်...
သူမ မသိနိုင်သည်မှာ သူတို့မိသားစု ရုတ်တရက် နန်းဝူသို့ရောက်လာရသည့်ရည်ရွယ်ချက်။
ထပ်၍ မသိနိုင်သည်မှာ သူတို့မိသားစုက သူမအား ထပ်၍နှောင့်ယှက်ဦးမည်လားဟူ၍။
ဝိန်းရိဖန်သည် ထိုသို့ဖြစ်လာနိုင်စရာအကြောင်းအရင်းမရှိမှန်း သိပါသော်ငြား
ဖြစ်နိုင်ချေဆိုသည့်အရာကိုတော့ စိုးရွံ့မိပါတော့သည်။
ဤသို့ဤနှယ်တွေးမိပြီး သူမ၏အရှေ့မှ ယောက်ျားလေးအား ထပ်၍လှမ်းကြည့်လိုက်သည်။ မနေ့ညက ဘားထဲ၌ ချယ်ရှင့်ဒယ် ပြဿနာရှာသွားသည့်ကိစ္စကို တွေးမိရင်း သူမ၏နှုတ်ခမ်းတို့က ခပ်တင်းတင်းဖြစ်သွားခဲ့၍
"စန်းရန်"
"အမ်?"
ဝိန်းရိဖန်က အမှန်တကယ်တွင် အထူးတလည်စိုးရိမ်နေသည့်ကိစ္စမျိုး မရှိသလို ထိုလူတစ်စုက သူမ၏ဘဝထဲ ထပ်၍လာနှောင့်ယှက်နေမည်ကိုလည်း စိတ်မပူပေ။ သူမသည် အခြားသူများအပေါ် မှီခိုနေရသည့် ၊ အရည်အချင်းမရှိသည့် ကလေးသာသာအရွယ်လည်း မဟုတ်ပါတော့ပေ။
သူမအတွက်တော့ ထိုလူတစ်စု လုပ်လာမည့်ကိစ္စတိုင်းက အရာပင်ထင်နိုင်မည်မဟုတ်၏။
သို့သော် စန်းရန်အပေါ် နှောင့်ယှက်လာမည်ကိုတော့ သူမ စိုးရိမ်လာမိသည်။
Advertisement
- In Serial46 Chapters
Tears of Blood ✔
Cover by @auroralustCassandra Verano has lived her whole life as the Nightstalker, a globally known thief and assassin working for the Organisation, hell-bent on regaining power from the Werewolves and their allies. Regardless of her own wolf heritage, Cassandra is a soldier, carrying out each mission assigned to perfection.She's the best, so when Cassandra is assigned three seperate missions to the Bloodlust Pack, the most feared pack in the country, led by none other than Alpha Cain, she's hardly surprised. The first two missions go perfectly, but the third contains a hidden brief, an order to infiltrate the pack and kill the Alpha.Cassandra needs to find a reason to get the Bloodlust leaders, and their Alpha, to trust her. However, a mating bond between her and Alpha Cain certainly wasn't what she had in mind.----------------------------------The nightstalkers body was bleeding out on my floor, a long, detailed dagger sticking out from her stomach. But the moment I laid my eyes on her, it was as if my whole world started to spin.She was my mate.I collapsed onto the floor, hanging over her as I slid my arms underneath her back, propping her up. She was still awake, her brown eyes watching me. I watched her lips move, mouthing the word mate as if it were a silent prayer. A slow rush of tingles ran up my arm, filling my body with an unfamiliar warmth.I had found my mate,And she was dying.----------------------------------*Contains Mature Content
8 348 - In Serial131 Chapters
This Is Where I Want To Be
In modern America a teenage vampirelien and four men’s lives intersect into an ultimate reverse harem. Haunted by a past and a fascist ruler of her home planet, she battles her enemies to achieve her goal in life. To be happy. **** Juliet is a strong female lead that has one outlook on life. To love what is good for her and to give all of herself to whoever wants to be a part of her life. The supernatural aspect comes in that the origin of the creatures on earth is alien-based including vampires, werewolves, and others. They will be traveling to space. There will be a lot of fighting, physically and emotionally, for what Juliet wants. Ultimately, she rules the three planets and sets all the different species free of the bondages of their societies.
8 129 - In Serial15 Chapters
Marriage and Politics
Sasuke has been brought back and Orochimaru is dead. Naruto is broken, yet perseveres. Arranged marriages. Will Naruto find happiness or will he wallow in depression. Naruto x Temari
8 186 - In Serial38 Chapters
Kissing Booth [BoyxBoy]
(BOOK ONE OF THE KISSING BOOTH SERIES)Scar Patterson has everything that a boy could want - good looks, a smoking hot girlfriend and a full time scholarship to his dream school. In an attempt to raise money for the football team's new uniforms, Scar hosts a kissing booth at the town's Carnival Week. It's the perfect excuse to kiss beautiful girls and get money at the same time. It couldn't have been any more of a great idea. Until he's obligated to kiss a boy.- cover made by seeraenthen-
8 204 - In Serial27 Chapters
Mrs. Jeon || jjk ☑
Starting from now you will become 'Mrs. Jeon'I'm sorry but this is not a mafia story.This is a boring story. I already told you so be prepare.
8 246 - In Serial19 Chapters
The Human Luna
"She's human." He voiced bending down to eye level before me. His head cocked to the side as my eyes once again got caught in his entrancing gaze. "Humans are easy to deal with."Eliza has spent her entire life moving from city to city as her father's work beckons him around the country. She liked to believe she had an ordinary life. It was mundane to say the least.When work beckons her father to a small town where ongoing disappearances and strange animal attacks have been taking place Eliza is thrown into a world that she has believed her entire life to be only a myth and a bedtime story. Perhaps her life wasn't going to be dull for much longer... Book 1 of The Werewolf Series
8 204

