《First Frost (Myanmar Translation)》Chapter 60
Advertisement
ကျောပေါ်ရှိသူ၏အသက်ရှူနှုန်းများဟာ တဖြေးဖြေး ငြိမ်သက်လာခဲ့ပြီး မည်သည့်စကားသံမျိုးမှ ထွက်မလာပါတော့ဘဲ တစ်နေ့လုံးပင်ပန်းထားခဲ့သည့်အရာများအား အရက်ရှိန်နှင့်အတူ လွှတ်ချလိုက်ပုံပင်။
အဆောက်အဦး၏အောက်ထပ်သို့ ရောက်ဖို့ရာ အချိန်ဘယ်လောက် ယူသွားခဲ့မှန်းမသိ။
စန်းရန်က ဝိန်းရိဖန်၏ဝေဝေဝါးဝါးစကားပြောသံကို ကြားလိုက်ရ၏။
"စန်းရန်..."
စကားသံကြောင့် စန်းရန် ခေါင်းစောင်း၍လှည့်ကြည့်လိုက်၏။ တင်းတင်းကြပ်ကြပ်ဖိမှိတ်ထားသည့် သူမ၏မျက်ဝန်းတစ်စုံအား တွေ့လိုက်ရသည့်အခါ တစ်ခဏကြာကြာ ငေးကြည့်နေခဲ့ပြီးမှ အကြည့်လွှဲလိုက်ပြီး ခပ်တိုးတိုးရယ်ရင်းစကားဆိုလိုက်သည်။
"အိပ်ချင်မူးတူးနဲ့စကားတွေပြောနေတာလား.."
နောက်တစ်စက္ကန့်တွင် သူ့လည်ပင်းကိုသိုင်းဖက်ထားသည့်အားတစ်ခုမှာ မသိမသာလေးတင်းကြပ်လာပါတော့သည်။
-------
ကျန်နေသေးသည့်လမ်းတစ်လျှောက်လုံးတွင် ဝိန်းရိဖန်သည် ရှုပ်ထွေးပွေလီခြင်းများစွာကြား နစ်မွှန်းနေခဲ့သည်။
အိပ်မက် နှင့် အမှန်တကယ်ဖြစ်တည်မှုကိုပင် မခွဲခြားနိုင်တော့သည်အထိ ဦးနှောက်ထဲမှ မှတ်ဥာဏ်ကားချပ်များက တရိပ်ရိပ်နှင့်ဖြတ်ပြေးနေကာ အဆုံးမဲ့သောအမှောင်ထုကြီးထဲ၌ လွင့်မျောနေရသလိုပင်။ ကျန်နေသေးသည့် လက်ကျန်အသိနိုးကြားစိတ်လေးမှာတော့ ယောက်ျားလေး၏ကျောပြင်ထက်မှ အနွေးဓါတ် ကြင်နာမှုတို့ကို ခံစားမိနေခဲ့ကာ ဤအေးစိမ့်လှသောဆောင်းရာသီ၏အအေးဒဏ်များထံမှ ကာကွယ်ပေးထားသည့်သဖွယ်။
ပြန်နိုးလာခဲ့ရသည်မှာ စန်းရန်က ဝိန်းရိဖန်အား လှုပ်နိုးနေခြင်းကြောင့်။ သူမက ဆိုဖာထက်၌ထိုင်နေပြီး မျက်နှာချင်းဆိုင်ရှိယောက်ျားလေးအား စူးစိုက်ကြည့်နေလေသည်။ စိတ်အစဥ်တစ်ခုလုံးက လက်ရှိအချိန်တွင် ရှုပ်ထွေးနေရသဖြင့် စန်းရန်က ဘာလုပ်ပြီးဘာပြောချင်နေမှန်း သူမ မတွေးနိုင် ၊ အတွေးထဲ၌ စန်းရန်က သူမအိပ်နေသည့်အချိန်ကိုလာနှောင့်ယှက်နေသော အနိုင်ကျင့်လူဆိုးကောင်နှင့်သာ တူနေသည်။
သူမက အလွန်တရာကို စိတ်ဆတ်နေပြီး အိပ်ရာနိုးနိုးချင်းထွက်လာတတ်သည့်ဒေါသများမှာ ယခုအချိန်၌ မဖိတ်ခေါ်ဘဲရောက်လာပါတော့သည်။
"စန်းရန်"
စန်းရန်က ပန်းကန်လုံးတစ်လုံးကိုကိုင်ထားပြီး စကားဆက်ပြောချင်နေသည့်ဟန်။
ဝိန်းရိဖန်က ထပ်၍
"ငါအိပ်နေတာကို လာမဆူနဲ့"
"...."
စန်းရန်သည်လည်း သူမအား လိုက်ကြည့်နေခြင်းပေ။ တစ်ခဏတွင် ပန်းကန်လုံးအား စားပွဲပေါ်တင်လိုက်ရင်း သဘောတကျလည်းရယ်နေ၍
"မင်းက ကိုယ့်ကို ဒေါသတောင် ထွက်ပြရဲနေပြီပေါ့?"
ဝိန်းရိဖန်က သူ့အား အရေးမလုပ် ၊ ခန္ဓာကိုယ်က ဘေးဘက်သို့တိုးသွားပြီး ဆက်၍အိပ်ဦးမည့်အလား လှဲချပစ်လိုက်သည်။ သို့သော် စန်းရန်က နောက်တစ်ကြိမ်ပြန်ဆွဲထူပြီး တည့်တည့်ဖြစ်အောင် ပြန်ထိုင်ခိုင်း၏။
စန်းရန်က မျက်ခုံးပင့်ကာ ခပ်လောလောအသံဖြင့်
"မအိပ်ရဘူး"
"ငါက ဘာဖြစ်လို့ အိပ်လို့မရတာလဲ"
ဝိန်းရိဖန်အတွက်တော့ စန်းရန်၏လုပ်ရပ်များဟာ ဆီလျော်မှုမရှိ ၊ ထို့ကြောင့် ခြိမ်းခြောက်ပစ်လိုက်၏။
"နင် လက်မလွှတ်ဘူးဆိုရင် ငါ နင့်ကို ဆဲတော့မှာနော်"
"ရတယ်"
စန်းရန်က ဝိန်းရိဖန်အား သူ့ရင်ခွင်ထဲဆွဲထည့်ကာမှီထားစေပြီး အသစ်အဆန်းလည်းဖြစ်နေရ၍
"မင်းဆဲချင်သလောက်ဆဲ"
"နင် ဒီ..စန်း..စန်း.."
ဝိန်းရိဖန်၏ဒေါသများက ဆဲရေးတော့မည့်အခါတွင်တော့ ပြတ်တောင်းတောင်းဖြစ်သွားခဲ့ရ၏။ စကားမပြောတတ်တော့သည့် အ,အတစ်ယောက်လို အချိန်အကြာကြီး ဆွံ့အနေပြီးမှ
"စန်း..စန်းအိမ်က ခွေးလေး.."
"...."
စန်းရန်၏မျက်လွှာများက အောက်သို့စိုက်ထားပြီး ဝိန်းရိဖန်အား ကြည့်နေခဲ့ကာ အဆဲခံနေရသည့်တိုင် အရယ်မပျက်သေးဘဲ
"မင်းဟာက ဘယ်ကစကားလုံးတွေယူသုံးလာတာလဲ"
ဝိန်းရိဖန် ပြန်မဖြေ။
စန်းရန် ;
"ဒါပဲလား?"
"ဒါပဲ..မရှိတော့ဘူး..ငါ အိပ်ချင်တယ်လို့"
ဝိန်းရိဖန်က စန်းရန်အား ဖက်ထားပြီး အရက်မူးပြီးနောက်ဆက်တွဲဝေဒနာများဖြစ်လာပုံရကာ ကြည့်ရသည်မှာ သက်တောင့်သက်သာမရှိသည့်ဟန်။ သူမ၏မျက်လုံးမျက်ခုံးများက ရီဝေဝေဖြစ်နေသည့်တိုင် အလေးအနက်ပုံစံမျိုးဖြင့်စကားဆိုလာခဲ့သည်။
"နင် ငါ့ကိုလာမနှောင့်ယှက်နဲ့..ငါ နင့်ကို မဆဲချင်ဘူး"
"ဒီဟာကိုကုန်အောင်သောက်ပြီးမှအိပ်"
စန်းရန်က ဝိန်းရိဖန်၏ခေါင်းကိုထိန်းထားပြီး အခြားတစ်ဖက်က စားပွဲပေါ်ရှိပန်းကန်လုံးကိုလှမ်းယူကာ သူမ၏နှုတ်ခမ်းထားထိ တိုးကပ်ပေးလာ၏။
"မဟုတ်ရင် မနက်ဖြန်အိပ်ရာနိုးတဲ့ချိန် ခေါင်းကိုက်နေလိမ့်မယ်"
ဤလှုပ်ရှားမှုကြောင့် ဝိန်းရိဖန်က မျက်လုံးဖွင့်လာ၏။ သို့သော် လက်ခံပြီးသောက်လိုက်မည့်အရိပ်အယောင်မျိုး လုံးဝမရှိ။
တစ်ခဏကြာပြီးချိန်တွင်တော့ စန်းရန်က တိုက်ရိုက်စကားဆိုလာ၏။
"မသောက်ရင် ပေးမအိပ်ဘူး"
နှစ်ယောက်သား မမှင်မသွေအကြည့်ချင်းဆုံနေကြသည်မှာ မည်မျှပင်ကြာသွားခဲ့မှန်းမသိ။
ဝိန်းရိဖန်က ခေါင်းသဲ့သဲ့စောင်းလိုက်ပြီး တစ်စုံတစ်ရာကိုတွေးမိသွားသည့်ပုံစံဖြင့်
"နင်က စန်းရန်နဲ့ အရမ်းတူတာပဲ"
"...."
"သူလည်း အဲ့လိုပဲခက်ထန်နေတာ.."
စန်းရန်က ခပ်တည်တည်ဖြင့်
"မင်း သောက်မှာလား မသောက်ဘူးလား"
ဤတစ်ကြိမ်တွင်တော့ ဝိန်းရိဖန်က ကလန်ကဆန်မလုပ်တော့ဘဲ သူ့လက်အား လိမ်လိမ်မာမာလေးဆွဲယူလိုက်ကာ တစ်လုတ်ချင်းစီ ဖြည်းဖြည်းချင်းသောက်လိုက်၏။ သောက်နေသည့်အချိန်အတွင်း မျက်ဝန်းလေးကိုပင့်ကာ စန်းရန်အား တိတ်တိတ်လေးလှမ်းလှမ်းကြည့်နေပါသေးသည်။
"ကိုယ် ဒီနေ့ည ဘယ်လောက်တောင်မှသောက်ထားခဲ့ရလဲဆိုတာကို မင်းသိလား"
စန်းရန်က ဝိန်းရိဖန်ကိုကြည့်နေရင်း စကားသံကလည်း ခပ်တည်တည်ဖြင့်
"အစကတော့ သောက်တာများသွားရင်လည်း ကိစ္စမရှိလောက်ပါဘူး..ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကို စောင့်ရှောက်ပေးမယ့်သူတော့ ရှိတယ်လေပေါ့..နောက်ဆုံးကျတော့?"
ဝိန်းရိဖန်က နောက်မှလိုက်၍မေးလိုက်သေး၏။
"နောက်ဆုံးကျတော့?"
စန်းရန်က ဝိန်းရိဖန်၏မျက်နှာအား ဖြစ်ညှစ်လိုက်၍
"နောက်ဆုံးကျတော့ ဒီတစ်ယောက်က ကိုယ့်ကို ဒေါသတောင်ထွက်ပြလိုက်သေးတယ်"
"အို့..ဒါဆို နင် သူ့ကိုအရေးမလုပ်နဲ့တော့"
"...."
ဤကောင်မလေး၏အရက်သောက်နိုင်သည့်နှုန်းက အဘယ်ကြောင့် သည်မျှထိဆိုးရွားနေမှန်း မသိ ၊ သုံးလေးခွက်သောက်ရုံမျှဖြင့် ယခုလိုဖြစ်နေလေသည်။ သူပြောသည့်စကားများသည်လည်း တစ်လုံးမှ နားထဲဝင်သွားပုံမရ၏။
ဝိန်းရိဖန်က ပန်းကန်လုံးတစ်ဝက်စာသောက်ပြီးနောက်တွင်တော့ ဆက်မသောက်တော့ဘဲ ရပ်သွားခဲ့သည်။
စန်းရန် ;
"ကုန်အောင်သောက်လေ"
"မဖြစ်ဘူး.."
ဝိန်းရိဖန်က ခေါင်းရမ်းပြ၍
"ကျန်တဲ့ဟာ နင်သောက်..နင် ဒီနေ့ည အရက်တွေအများကြီးသောက်ထားတယ်မလား"
"...."
Advertisement
စန်းရန် ;
"အရက်မူးနေတာတောင် အဲ့ကိစ္စတွေမှတ်မိနေတုန်းလား"
ဝိန်းရိဖန်က ပြန်မဖြေ ၊ သူကိုင်ထားသည့်ပန်းကန်လုံးကို သူ့ပါးစပ်နားထိ ပြန်တိုးပေးလိုက်၏။
"သောက်လိုက်"
"အိုးထဲမှာ ရှိသေးတယ်..ကိုယ် ခဏနေမှသောက်လိုက်မယ်..မင်းသာ ဒီပန်းကန်ထဲကဟာကို ကုန်အောင်သောက်"
"ဒါဆို နင်.."
ဝိန်းရိဖန်က စန်းရန် အမှန်တကယ်မသောက်မည်ကိုတွေးပူနေသဖြင့်
"ငါ့အရှေ့မှာ သောက်ရမယ်"
စန်းရန်က ရယ်နေရင်း
"လိုက်ကြည့်ဦးမလို့လား?..အိပ်ချင်နေပြီဆို"
"အို့"
စန်းရန် သတိပေးလိုက်ကာမှ ဝိန်းရိဖန်က ထိုကိစ္စကိုပြန်အမှတ်ရသွားခဲ့၏။
"စန်းရန်..ငါ အရမ်းအိပ်ချင်နေပြီ"
"အင်း..သောက်ပြီးရင် သွားအိပ်တော့လေ"
ဝိန်းရိဖန် နှာတစ်ချက်ရှုံ့လိုက်ကာ ခပ်တိုးတိုးအသံတို့ဖြင့်
"ဒါပေမယ့် ငါ့ခန္ဓာကိုယ်ပေါ်မှာ အရမ်းနံနေတာ"
"ဒါဆို ခဏနေကျရင် ရေချိုးလိုက်လေ"
"ငါမှ မလှုပ်ချင်တော့တာ..."
ဝိန်းရိဖန်က ခေါင်းရမ်းပြပြီး ကလူ၏မြှူ၏အသံငယ်လေးဖြင့်
"အဲ့ဒါကြောင့်မလို့ နင် ငါ့ကို ရေကူချိုးပေး"
"...."
ချက်ချင်းလှမ်းကြည့်လာသည့် စန်းရန်ကြောင့် ဝိန်းရိဖန် ထပ်၍တွေးလိုက်မိသည်မှာ သူ့အပေါ် အလွန်အမင်းပြဿနာရှာအလုပ်များစေနှင့်ပြီဟူ၍ပင်။ သူ့အပေါ် မတရားသမှုပြုနေသည်ဟုလည်း ထင်လိုက်မိသလို အငြင်းခံရမည်ကိုလည်း စိုးရမ်မိသဖြင့် ဆက်၍စကားဆိုလိုက်သည်။
"နင် မလှုပ်ချင်တဲ့အချိန်မျိုးကျရင် ငါလည်း နင့်ကို ရေပြန်ချိုးပေးမှာလေ"
"...."
စန်းရန် မျက်မှောင်ကျုံ့ထားကာ သက်ပြင်းလည်းတစ်ချက်ချလိုက်တော့၏။
"မရဘူး"
တစ်ညလုံးတွင် သူမ တောင်းဆိုသည့်ကိစ္စမှန်သမျှအားလုံးကို စန်းရန်က ငြင်းဆန်နေသဖြင့် ဝိန်းရိဖန် စိတ်ထဲ မပျော်မရွှင်ဖြစ်လာရတော့သည်။
"နင် ဘာလို့ ဒီလောက်ထိကတ်စီးနည်းရတာလဲ"
"ကိုယ်က ကတ်စီးနည်းတယ်?"
စန်းရန် ဒေါသထွက်ထွက်ဖြင့်ရယ်လိုက်ရင်း
"ဟုတ်ပြီ..မနက်ဖြန် မင်းနိုးလာတဲ့အချိန်ကျမှ ဘယ်လိုတွေနောင်တရနေမလဲဆိုတာ ကိုယ်ကြည့်နေဦးမယ်"
"ဒါဆို ငါ ရေမချိုးတော့ဘူး.."
ဝိန်းရိဖန်က ထပ်၍ခြိမ်းခြောက်သည့်နည်းလမ်းကို အသုံးပြုလာ၏။
"ငါ ဒီနေ့ည နင်နဲ့အတူတူအိပ်မှာ..နင့်ကိုပါ နံအောင်လုပ်ပစ်မယ်"
"...."
စန်းရန်က ပန်းကန်လုံးထဲကျန်နေသည့် နောက်ဆုံးတစ်ငုံအား ဝိန်းရိဖန်အား ခွံ့တိုက်လိုက်ပြီးနောက်
"အခုချက်ချင်း အခန်းထဲပြန်အိပ်တော့..ကိုယ် မင်းနဲ့မအိပ်ဘူး..နံအောင်လုပ်ဖို့ မစဥ်းစားနဲ့"
ဝိန်းရိဖန် ;
"နင် အရင်တုန်းကပြောတော့ ငါ့ကိုဖက်ပြီးအိပ်ပေးလို့လည်းရတယ်ဆို"
"ဝိန်းရွှမ်းကျန့်"
စကားကောင်းကောင်းဆို၍လည်းမရသလို ဒေါသထွက်ပြ၍လည်းမဖြစ်သည့် အခြေအနေတွင် စန်းရန်တစ်ယောက် ကူကယ်ရာမဲ့နေပြီး
"မင်း ကိုယ့်ကို အသက်ရှင်လို့ရမယ့်လမ်းလေးတော့ ပေးပါကွာ..လောင်ဇစ်က မင်းကိုဖက်ပြီး ဘယ်လိုလုပ်အိပ်လို့ရမလဲ"
ဝိန်းရိဖန် ;
"ဘာလို့မရတာလဲ"
စန်းရန်က သူမအား စိုက်ကြည့်နေရင်း
"မင်းပြောကြည့်လေ.."
ဝိန်းရိဖန် ခေါင်းရမ်းပြ၏။
"ငါ မသိဘူး"
စန်းရန်၏မျက်ဝန်းများက မည်းနက်နေပြီး ဝိန်းရိဖန်အား သူ့ခန္ဓာကိုယ်ပေါ်တင်ထားရင်း ခပ်တင်းတင်းဖက်ပစ်လိုက်ကာ နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။
"မင်းပြောကြည့်လေ..ဘာလို့မရတာလဲ?"
"...."
ဝိန်းရိဖန်က စကားတစ်ခွန်းပြန်မပြောလာပါဘဲ ကြည့်ရသည်မှာ နားမလည်သည့်ပုံပင်။ အချိန်အတော်ကြာသွားပြီးကာမှ မျက်လွှာကိုအောက်သို့စိုက်ချပြီး တစ်ခုခုကို ခံစားကြည့်မိလိုက်သည့်အလား ရုတ်တရက်ကြောင်အမ်းသွား၍
"အို့..ဒီလိုမျိုးက မဖြစ်ဘူးလေ"
စန်းရန် သူမအား လက်လွှတ်ပေးလိုက်၏။
"နင်က အရက်မူးနေတာ"
ဝိန်းရိဖန်က တလေးတနက်ဖြင့်
"နင် နိုးလာတဲ့အချိန်ကျရင် အတည်မသတ်မှတ်မှာကို ငါ စိုးရိမ်တယ်"
"...."
စန်းရန်က သူမအား စိုက်ကြည့်နေပြီး တော်တော်ကြာသွားပြီးသည့်အချိန်တွင်တော့ လက်မြှောက်အရှုံးပေးလိုက်ရန်သာ ဆုံးဖြတ်လိုက်တော့၏။ ဤစိတ်လွတ်နေသည့်အမူးသမားနှင့် စကားဆက်မပြောတော့ဘဲ သူမအား ပွေ့ချီလိုက်ပြီး အိပ်ခန်းကြီးဆီသို့ တိုက်ရိုက်လျှောက်လာခဲ့သည်။
ဝိန်းရိဖန်မှာတော့ စကားပြောမပြတ်သေးပါချေ။
အချိန်အကြာကြီး တတွတ်တွတ်ပြောနေခဲ့ကာ စန်းရန်ကလည်း ငြိမ်၍သာ နားထောင်ပေးနေခဲ့သည်။
စန်းရန်က မလုပ်တတ်လုပ်တတ်နှင့် ဝိန်းရိဖန်အား မိတ်ကပ်ဖျက်ပေးနေရင်း အိပ်ငိုက်ပြီးရီဝေဝေဖြစ်နေသည့်အမူအရာအား ကြည့်နေမိကာ စိတ်ထဲ၌လည်း ရယ်ချင်လာမိတော့၏။
"တကယ်ပဲ ကိုယ့်ကို ယုံတယ်ပေါ့?"
ဝိန်းရိဖန်၏ လက်ရှိအခြေအနေဖြင့် ရေချိုးဖို့မဖြစ်နိုင် ၊ စန်းရန်အတွက်တော့ သူမ၏ဘယ်နေရာကမှ မသန့်မရှင်းဖြစ်မနေခြင်းကြောင့် ကုတ်အင်္ကျီကိုသာ ချွတ်ပေးလိုက်၏။ ဝိန်းရိဖန်အား ထပ်မနှိုးတော့ဘဲ အိပ်ရာပေါ် ချပေးခဲ့ပြီးနောက် အိပ်ခန်းကြီးထဲမှ ထွက်လာခဲ့လိုက်တော့သည်။
နောက်တစ်နေ့ မနက်ခင်းတွင်။
အဘယ်ကြောင့်မှန်းမသိ ဝိန်းရိဖန် ရုတ်တရက်နိုးလာခဲ့ကာ အိပ်မှုန်စုံမွှားမျက်လုံးကိုဖွင့်လိုက်သည်နှင့်တပြိုင်နက် စန်းရန်၏မျက်နှာနှင့် ရုတ်ချည်းထိပ်တိုက်ဆုံလေတော့သည်။ အသက်ရှူငွေ့များ ရပ်တန့်သွားခဲ့ကာ မနေ့ညက အဖြစ်အပျက်အလုံးစုံဟာ ဦးနှောက်ထဲ ရိပ်ခနဲပြေးတက်လာပါတော့၏။
တစ်လမ်းလုံးရှိကိစ္စများ၏ အပြင်။
ဝိန်းရိဖန် မှတ်မိနေခဲ့သည့်နောက်ဆုံးသောကိစ္စမှာ စန်းရန်က သူမအား ရေချိုးခန်းထဲထိပွေ့ချီလာပြီး မိတ်ကပ်ဖျက်ပေးနေသည့်ကိစ္စ။
နောက်တွင်တော့ သူမ အသိစိတ် လုံးဝလုံးဝလွတ်သွားခဲ့ပြီ။
အဲ့ဒီတော့ ဆိုပါဦး...
သူမ အခု! ဘာဖြစ်လို့! စန်းရန်ရဲ့အိပ်ရာပေါ်! ရောက်နေရတာလဲ! ! !
မနေ့ညက စန်းရန်ကို အရူးထပြီးပြောမိထားသည့်စကားများကို ပြန်တွေးမိရင်း ဝိန်းရိဖန်က ခေါင်းငုံ့ကာ ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများကို ကြည့်မိလိုက်၏။ မနေ့ကအတိုင်း ရှိနေဆဲ။ ထိုအခါမှ သက်ပြင်းချမိကာ စန်းရန်ဘက်သို့နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။
ဖြစ်နိုင်ချေအရှိဆုံးသောအဖြေတစ်ခုအား အလေးအနက်တွေးကြည့်လိုက်၏။
ကြည့်ရသည်မှာ သူမ ထပ်ပြီး အိပ်နေရင်းလမ်းထလျှောက်ခဲ့သည့်ပုံ။
စန်းရန်၏လက်ကိုင်ဖုန်းက ဘေးနားတွင်သာ ထားထားသဖြင့် ဝိန်းရိဖန်က လှမ်းယူပြီး မျက်နှာပြင်အားဖွင့်ကြည့်လိုက်၏။ တစ်ချက်ဖွင့်ကြည့်ရုံဖြင့် မြင်လိုက်ရသည်မှာ Lock Screen ထက်မှ သူတို့နှစ်ဦး ချားရဟတ်ပေါ်၌ရိုက်ထားသည့်ဓါတ်ပုံ။ တစ်ခဏကြာကြာ ကြည့်နေမိပြီးသွားမှ အချိန်နာရီအား တဖန်ပြန်ကြည့်လိုက်သည်။
Advertisement
လက်ရှိအချိန်မှာကား ခုနှစ်နာရီထိုးပြီးခါစ။
မနေ့ညတုန်းက ရေမချိုးဘဲအိပ်လိုက်သဖြင့် တစ်ကိုယ်လုံးလည်း ညောင်းညာကိုက်ခဲနေကာ သက်တောင့်သာက်တာမရှိလှ။ ဝိန်းရိဖန်က ခြေလက်များကိုအသာအယာလှုပ်ရှား၍ အိပ်ရာထက်မှထလိုက်ကာ ရေချိုးပြီးမှဆက်အိပ်ရန်လည်း တွေးနေသည့်အချိန် အနောက်ဘက်မှ ယောက်ျားလေးက ရုတ်တရက်လှုပ်ရှားလာပြီး သူမ၏လက်မောင်းကိုဖမ်းဆွဲကာ သူရှိနေသည့်နေရာဆီသို့ အားဖြင့်ဆွဲခေါ်သွားခဲ့ရင်း ရင်ခွင်ထဲထည့်၍ ဖက်ထားလေတော့သည်။
ပြင်ဆင်ရုန်းကန်ချိန်လေးပင်မရလိုက်သလို ဤအခြေအနေမျိုးမှာ အနည်းငယ်ရင်းနှီးနေသယောင်ယောင်။
သူမ သတိကြီးကြီးထားရင်း လှည့်ကြည့်လိုက်၏။
စန်းရန်မှာ မျက်လုံးမှိတ်ထားဆဲဖြစ်ပြီး သက်တောင့်သက်တာနှင့်ပုံမှန်အတိုင်းရှိသည့် သူ့အသက်ရှူနှုန်းများအရ အိပ်ပျော်နေဆဲဖြစ်မှန်း သိသာလှသည်။
ဝိန်းရိဖန်က သူ့မျက်နှာကို ငေးကြည့်နေရင်း တစ်ခဏကြာကြာ ရုန်းကြည့်လိုက်သေး၏။ အချိန်ကြာသွားသည်သာရှိပြီး အကျိုးမထူးသဖြင့် ရုန်းကန်နေသည့်အလုပ်အား လက်လျော့လိုက်ကာ ခန္ဓာကိုယ်ကိုတစ်ဖက်သို့လှည့် ၊ သူ့ရင်ခွင်ထဲသို့ ခေါင်းအပ်ထားပြီး တဖန်ပြန်တက်လာသည့်အိပ်ချင်စိတ်များနှင့်အတူ မျက်လုံးအား ပြန်မှိတ်ထားလိုက်တော့သည်။
ထားလိုက်ပါတော့..
ခဏနေမှ ရေချိုးလည်း နောက်မကျပါဘူး..
သူဖက်ထားတာကို သူမလည်း သဘောကျနေတာပဲ..
ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန်ဖြစ်လာမယ့် ကိစ္စပဲဟာ..
ခွဲခွဲခြားခြားကောင်းကောင်းကြီးကိုနားလည်နေတာက သူမကိုယ်တိုင်ကလည်း အသားယူခံနေရတယ်လို့ မသတ်မှတ်တာပါပဲ..
သိပ်မကြာလိုက်ခင်ပင် ဝိန်းရိဖန် ထပ်၍အိပ်ပျော်သွားခဲ့ပြန်တော့၏။
သူမ သတိမထားမိခဲ့သည်မှာ..
သူမ မမြင်ရသည့်နေရာရှုထောင့်တစ်ခုတွင်..
စန်းရန်သည် မျက်လုံးများကိုဖြေးဖြေးချင်းဖွင့်လာပြီး သူမအား ငေးကြည့်နေခဲ့ကာ နှုတ်ခမ်းထောင့်စွန်းများကလည်း အသာအယာကွေးတက်လာလျက်။
-----
ဤတစ်ကြိမ်အိပ်ပျော်သွားခဲ့ခြင်းက အရင်အကြိမ်များထက်ပင် နှစ်နှစ်ခြိုက်ခြိုက်ရှိခဲ့၏။ အိပ်မှုန်စုံမွှားမရေရာမသေချာအိပ်စက်နေခြင်းကြားတွင် ဝိန်းရိဖန် ခံစားမိနေသည်မှာ စန်းရန်က အိပ်ရာထက်မှထပြီး အလုပ်သွားဖို့ရာအတွက် ပြင်နေသလိုလို။ ခက်ခက်ခဲခဲမျက်လုံးဖွင့်ကြည့်လာပြီး ဝေဝေဝါးဝါးဖြင့်စကားဆိုလိုက်သည်။
"နင် အလုပ်သွားတဲ့ချိန် လမ်းမှာဂရုစိုက်နော်"
"အင်း"
စန်းရန်က အဝတ်အစားလဲပြီးသည်နှင့် ဝိန်းရိဖန်အား အိပ်ရာထဲမှဆွဲခေါ်ပါတော့၏။
"ထလာပြီး ဆန်ပြုတ်သောက်..ပြီးမှ ဆက်အိပ်"
"...."
ဝိန်းရိဖန် ဆက်၍အိပ်ချင်နေသေးသည့်အခြေအနေမှာ အသက်ပင် ပေးရပေးရ ၊ ထို့ကြောင့် အတင်းနှိုးခံရသည့်အခါ ဒေါသက ထောင်းခနဲထွက်လာပြီး စကားများရန်ဖြစ်ခြင်းမရှိ စန်းရန်အား စူးစိုက်ကြည့်ပေးလိုက်၏။ သုံးစက္ကန့်လောက်ကြာသွားပြီးချိန်တွင်တော့ စောင်ပုံထဲ ပြန်၍ကွေးဝင်သွားပါတော့၏။
"မြန်မြန်ထ.."
လက်ရှိအချိန်မှာ ဝိန်းရိဖန်အနေဖြင့် တစ်နေ့လုံး မစားမသောက်ဘဲအိပ်နိုင်နေသည့်အချိန်။ စန်းရန်ကလည်း အလျော့မပေးဘဲ
"ဆန်ပြုတ်သောက်ပြီးမှ ပြန်အိပ်"
ဝိန်းရိဖန်က အထိုက်အလျောက်ပြန်ဖြေလာခဲ့၏။
"ငါ ခဏနေမှသောက်လိုက်မယ်"
စန်းရန် ;
"မရဘူး"
"...."
ဝိန်းရိဖန် သေချင်ယောင်ဆောင်လိုက်ပြီး တုတ်တုတ််မျှမလှုပ်လာတော့ချေ။
စန်းရန်က ရယ်နေရင်း
"ဘာဖြစ်နေတာလဲ?..ဒေါသက တော်တော်လေးကြီးနေတာရော"
ဝိန်းရိဖန် ;
"ငါ ဒေါသတောင်မထွက်ရသေးဘူး"
"ဒါဆို ထတော့"
"စန်းရန်"
ဝိန်းရိဖန်က စောင်ပုံထဲမှ ခေါင်းထွက်လာခဲ့ပြီး စန်းရန်အား အေးအေးဆေးဆေးစကားလှမ်းပြောလာခဲ့သည်။ စကားသံမှာတော့ အိပ်ချင်မူးတူးဖြစ်နေဆဲပင်။
"ငါ အိပ်ချင်သေးတယ်..အခု မထချင်ဘူး"
စန်းရန်က မျက်ခုံးပင့်မြှောက်ပြရင်း ဝိန်းရိဖန်အား တိုက်ရိုက်သာလှမ်းဖက်ထားလိုက်၏။
ကြိုတင်အသိပေးခြင်းပင်မခံလိုက်ရသည့်ဝိန်းရိဖန်မှာ သူနှင့်အကြည့်ချင်းဆုံလျက်။
သူမဘက်မှ စကားပြောလာမည်ကိုမစောင့် ၊ စန်းရန်က ခေါင်းငုံ့၍စိုက်ကြည့်လာကာ အေးအေးလူလူဖြင့်
"ဘာလဲ?..မနေ့ညကကိစ္စတွေကို ကိုယ်ပြန်ပြောမှာ ကြောက်လို့လား"
"...."
ဝိန်းရိဖန်၏ဒေါသများ ရုတ်ချည်းပျောက်ကွယ်သွားတော့၏။
ဦးနှောက်တစ်ခုလုံး ထုံထိုင်းသွားခဲ့ကာ ထိုကိစ္စများအား ပြန်အမှတ်ရလာတော့၏။ သို့သော် တည်ငြိမ်ချင်ယောင်ဆောင်ရင်း
"အရက်မူးနေတဲ့အချိန်ကျရင် ဘယ်သူမဆို လျှောက်ပြောတတ်ကြတာပဲ..အဲ့ဒါက သဘာဝအတိုင်းဖြစ်လာတဲ့ဟာ..နင် စိတ်ထဲသိပ်မထည့်နဲ့"
စန်းရန်က 'အို့' ဟု သံရှည်တစ်ချက်ပြုရင်း
"လမ်းသရဲလမ်းမကြီးရဲ့ ခေါင်းကြီးသင်္ကေတ?"
"...."
"ခန္ဓာကိုယ်ကို လာရွေးမယ်?"
"...."
"ရေကူချိုးပေး?"
"...."
"ကိုယ်က အတည်မသတ်မှတ်မှာကို စိုးရိမ်လို့?"
ဝိန်းရိဖန် ရှက်လွန်းသဖြင့် ဆက်မနားထောင်နိုင်တော့ပေ။ ခပ်တည်တည်ဖြင့် စန်းရန်၏ပါးစပ်ကို လှမ်းပိတ်လိုက်၍
"ဆန်ပြုတ်သောက်ရမှာမလား..အခု သွားမသောက်ရင် ခဏနေ အေးကုန်လိမ့်မယ်"
စန်းရန်က စကားပြောရပ်သွားခဲ့၏။
"ပြီးတော့လည်း နင် ငါ့ကို ရေကူချိုးပေးထားတာမှမဟုတ်တာ..နင့်ကိုယ်နင် အခုလိုမျိုးကာကွယ်လိုက်တာ အရမ်းကောင်းပါတယ်နော်.."
"...."
-------
(Zawgyi)
ေက်ာေပၚရွိသူ၏အသက္ရႉႏႈန္းမ်ားဟာ တေျဖးေျဖး ၿငိမ္သက္လာခဲ့ၿပီး မည္သည့္စကားသံမ်ိဳးမွ ထြက္မလာပါေတာ့ဘဲ တစ္ေန႕လုံးပင္ပန္းထားခဲ့သည့္အရာမ်ားအား အရက္ရွိန္ႏွင့္အတူ လႊတ္ခ်လိဳက္ပုံပင္။
အေဆာက္အဦး၏ေအာက္ထပ္သို႔ ေရာက္ဖို႔ရာ အခ်ိန္ဘယ္ေလာက္ ယူသြားခဲ့မွန္းမသိ။
စန္းရန္က ဝိန္းရိဖန္၏ေဝေဝဝါးဝါးစကားေျပာသံကို ၾကားလိုက္ရ၏။
"စန္းရန္..."
စကားသံေၾကာင့္ စန္းရန္ ေခါင္းေစာင္း၍လွည့္ၾကည့္လိုက္၏။ တင္းတင္းၾကပ္ၾကပ္ဖိမွိတ္ထားသည့္ သူမ၏မ်က္ဝန္းတစ္စုံအား ေတြ႕လိုက္ရသည့္အခါ တစ္ခဏၾကာၾကာ ေငးၾကည့္ေနခဲ့ၿပီးမွ အၾကည့္လႊဲလိုက္ၿပီး ခပ္တိုးတိုးရယ္ရင္းစကားဆိုလိုက္သည္။
"အိပ္ခ်င္မူးတူးနဲ႕စကားေတြေျပာေနတာလား.."
ေနာက္တစ္စကၠန့္တြင္ သူ႕လည္ပင္းကိုသိုင္းဖက္ထားသည့္အားတစ္ခုမွာ မသိမသာေလးတင္းၾကပ္လာပါေတာ့သည္။
-------
က်န္ေနေသးသည့္လမ္းတစ္ေလွ်ာက္လုံးတြင္ ဝိန္းရိဖန္သည္ ရႈပ္ေထြးေပြလီျခင္းမ်ားစြာၾကား နစ္မႊန္းေနခဲ့သည္။
အိပ္မက္ ႏွင့္ အမွန္တကယ္ျဖစ္တည္မႈကိုပင္ မခြဲျခားနိုင္ေတာ့သည္အထိ ဦးႏွောက္ထဲမွ မွတ္ဥာဏ္ကားခ်ပ္မ်ားက တရိပ္ရိပ္ႏွင့္ျဖတ္ေျပးေနကာ အဆုံးမဲ့ေသာအေမွာင္ထုႀကီးထဲ၌ လြင့္ေမ်ာေနရသလိုပင္။ က်န္ေနေသးသည့္ လက္က်န္အသိနိုးၾကားစိတ္ေလးမွာေတာ့ ေယာက္်ားေလး၏ေက်ာျပင္ထက္မွ အႏြေးဓါတ္ ၾကင္နာမႈတို႔ကို ခံစားမိေနခဲ့ကာ ဤေအးစိမ့္လွေသာေဆာင္းရာသီ၏အေအးဒဏ္မ်ားထံမွ ကာကြယ္ေပးထားသည့္သဖြယ္။
ျပန္နိုးလာခဲ့ရသည္မွာ စန္းရန္က ဝိန္းရိဖန္အား လႈပ္နိုးေနျခင္းေၾကာင့္။ သူမက ဆိုဖာထက္၌ထိုင္ေနၿပီး မ်က္ႏွာခ်င္းဆိုင္ရွိေယာက္်ားေလးအား စူးစိုက္ၾကည့္ေနေလသည္။ စိတ္အစဥ္တစ္ခုလုံးက လက္ရွိအခ်ိန္တြင္ ရႈပ္ေထြးေနရသျဖင့္ စန္းရန္က ဘာလုပ္ၿပီးဘာေျပာခ်င္ေနမွန္း သူမ မေတြးနိုင္ ၊ အေတြးထဲ၌ စန္းရန္က သူမအိပ္ေနသည့္အခ်ိန္ကိုလာႏွောင့္ယွက္ေနေသာ အနိုင္က်င့္လူဆိုးေကာင္ႏွင့္သာ တူေနသည္။
သူမက အလြန္တရာကို စိတ္ဆတ္ေနၿပီး အိပ္ရာနိုးနိုးခ်င္းထြက္လာတတ္သည့္ေဒါသမ်ားမွာ ယခုအခ်ိန္၌ မဖိတ္ေခၚဘဲေရာက္လာပါေတာ့သည္။
"စန္းရန္"
စန္းရန္က ပန္းကန္လုံးတစ္လုံးကိုကိုင္ထားၿပီး စကားဆက္ေျပာခ်င္ေနသည့္ဟန္။
ဝိန္းရိဖန္က ထပ္၍
"ငါအိပ္ေနတာကို လာမဆူနဲ႕"
"...."
စန္းရန္သည္လည္း သူမအား လိုက္ၾကည့္ေနျခင္းေပ။ တစ္ခဏတြင္ ပန္းကန္လုံးအား စားပြဲေပၚတင္လိုက္ရင္း သေဘာတက်လည္းရယ္ေန၍
"မင္းက ကိုယ့္ကို ေဒါသေတာင္ ထြက္ျပရဲေနၿပီေပါ့?"
ဝိန္းရိဖန္က သူ႕အား အေရးမလုပ္ ၊ ခႏၶာကိုယ္က ေဘးဘက္သို႔တိုးသြားၿပီး ဆက္၍အိပ္ဦးမည့္အလား လွဲခ်ပစ္လိုက္သည္။ သို႔ေသာ္ စန္းရန္က ေနာက္တစ္ႀကိမ္ျပန္ဆြဲထူၿပီး တည့္တည့္ျဖစ္ေအာင္ ျပန္ထိုင္ခိုင္း၏။
စန္းရန္က မ်က္ခုံးပင့္ကာ ခပ္ေလာေလာအသံျဖင့္
"မအိပ္ရဘူး"
"ငါက ဘာျဖစ္လို႔ အိပ္လို႔မရတာလဲ"
ဝိန္းရိဖန္အတြက္ေတာ့ စန္းရန္၏လုပ္ရပ္မ်ားဟာ ဆီေလ်ာ္မႈမရွိ ၊ ထို႔ေၾကာင့္ ၿခိမ္းေျခာက္ပစ္လိုက္၏။
"နင္ လက္မလႊတ္ဘူးဆိုရင္ ငါ နင့္ကို ဆဲေတာ့မွာေနာ္"
"ရတယ္"
စန္းရန္က ဝိန္းရိဖန္အား သူ႕ရင္ခြင္ထဲဆြဲထည့္ကာမွီထားေစၿပီး အသစ္အဆန္းလည္းျဖစ္ေနရ၍
"မင္းဆဲခ်င္သေလာက္ဆဲ"
"နင္ ဒီ..စန္း..စန္း.."
ဝိန္းရိဖန္၏ေဒါသမ်ားက ဆဲေရးေတာ့မည့္အခါတြင္ေတာ့ ျပတ္ေတာင္းေတာင္းျဖစ္သြားခဲ့ရ၏။ စကားမေျပာတတ္ေတာ့သည့္ အ,အတစ္ေယာက္လို အခ်ိန္အၾကာႀကီး ဆြံ႕အေနၿပီးမွ
"စန္း..စန္းအိမ္က ေခြးေလး.."
"...."
စန္းရန္၏မ်က္လႊာမ်ားက ေအာက္သို႔စိုက္ထားၿပီး ဝိန္းရိဖန္အား ၾကည့္ေနခဲ့ကာ အဆဲခံေနရသည့္တိုင္ အရယ္မပ်က္ေသးဘဲ
"မင္းဟာက ဘယ္ကစကားလုံးေတြယူသုံးလာတာလဲ"
ဝိန္းရိဖန္ ျပန္မေျဖ။
စန္းရန္ ;
"ဒါပဲလား?"
"ဒါပဲ..မရွိေတာ့ဘူး..ငါ အိပ္ခ်င္တယ္လို႔"
ဝိန္းရိဖန္က စန္းရန္အား ဖက္ထားၿပီး အရက္မူးၿပီးေနာက္ဆက္တြဲေဝဒနာမ်ားျဖစ္လာပုံရကာ ၾကည့္ရသည္မွာ သက္ေတာင့္သက္သာမရွိသည့္ဟန္။ သူမ၏မ်က္လုံးမ်က္ခုံးမ်ားက ရီေဝေဝျဖစ္ေနသည့္တိုင္ အေလးအနက္ပုံစံမ်ိဳးျဖင့္စကားဆိုလာခဲ့သည္။
"နင္ ငါ့ကိုလာမႏွောင့္ယွက္နဲ႕..ငါ နင့္ကို မဆဲခ်င္ဘူး"
"ဒီဟာကိုကုန္ေအာင္ေသာက္ၿပီးမွအိပ္"
စန္းရန္က ဝိန္းရိဖန္၏ေခါင္းကိုထိန္းထားၿပီး အျခားတစ္ဖက္က စားပြဲေပၚရွိပန္းကန္လုံးကိုလွမ္းယူကာ သူမ၏ႏႈတ္ခမ္းထားထိ တိုးကပ္ေပးလာ၏။
"မဟုတ္ရင္ မနက္ျဖန္အိပ္ရာနိုးတဲ့ခ်ိန္ ေခါင္းကိုက္ေနလိမ့္မယ္"
ဤလႈပ္ရွားမႈေၾကာင့္ ဝိန္းရိဖန္က မ်က္လုံးဖြင့္လာ၏။ သို႔ေသာ္ လက္ခံၿပီးေသာက္လိုက္မည့္အရိပ္အေယာင္မ်ိဳး လုံးဝမရွိ။
တစ္ခဏၾကာၿပီးခ်ိန္တြင္ေတာ့ စန္းရန္က တိုက္ရိုက္စကားဆိုလာ၏။
"မေသာက္ရင္ ေပးမအိပ္ဘူး"
ႏွစ္ေယာက္သား မမွင္မေသြအၾကည့္ခ်င္းဆုံေနၾကသည္မွာ မည္မွ်ပင္ၾကာသြားခဲ့မွန္းမသိ။
ဝိန္းရိဖန္က ေခါင္းသဲ့သဲ့ေစာင္းလိုက္ၿပီး တစ္စုံတစ္ရာကိုေတြးမိသြားသည့္ပုံစံျဖင့္
"နင္က စန္းရန္နဲ႕ အရမ္းတူတာပဲ"
"...."
"သူလည္း အဲ့လိုပဲခက္ထန္ေနတာ.."
စန္းရန္က ခပ္တည္တည္ျဖင့္
"မင္း ေသာက္မွာလား မေသာက္ဘူးလား"
ဤတစ္ႀကိမ္တြင္ေတာ့ ဝိန္းရိဖန္က ကလန္ကဆန္မလုပ္ေတာ့ဘဲ သူ႕လက္အား လိမ္လိမ္မာမာေလးဆြဲယူလိုက္ကာ တစ္လုတ္ခ်င္းစီ ျဖည္းျဖည္းခ်င္းေသာက္လိုက္၏။ ေသာက္ေနသည့္အခ်ိန္အတြင္း မ်က္ဝန္းေလးကိုပင့္ကာ စန္းရန္အား တိတ္တိတ္ေလးလွမ္းလွမ္းၾကည့္ေနပါေသးသည္။
"ကိုယ္ ဒီေန႕ည ဘယ္ေလာက္ေတာင္မွေသာက္ထားခဲ့ရလဲဆိုတာကို မင္းသိလား"
စန္းရန္က ဝိန္းရိဖန္ကိုၾကည့္ေနရင္း စကားသံကလည္း ခပ္တည္တည္ျဖင့္
Advertisement
- In Serial200 Chapters
[1] Young Master Mo , Are You Done Kissing ?
Having been reborn, she takes one glance at her ridiculously handsome husband and wonders if she had suffered from brain damage back then-she had actually demanded for a divorce with him. Repeatedly!In her previous life, she had been deceived by her relatives who eventually led her to her tragic death. With this second chance at life, she vows to cozy up to her husband both literally and figuratively to destroy all her enemies and to take down the women who hid behind their scheming, innocent facades. She would be in control of her own happiness!This is a sweet, doting love story featuring an intelligent female lead and a perfect male lead who's good at turning her knobs.Author : Qingqing Who LaughsThis book isn't mine nor the translations.All credit goes to the rightful owner.
8 425 - In Serial65 Chapters
Surviving His Royal Highnass, Prince Ashton
**COMPLETED AND UNDERGOING EDITING**Note: The title's not a typo.His fingers traced up my arms as I steadily backed away, stopping only when I felt the wall. His feather light touch sent satisfying shudders down my spine. He leaned in and kissed my collarbone and slowly moved up, leaving a trail of kisses behind. I hissed and reached up to stop him."Ash!" I chastised.He looked into my eyes with his own, the blue in his glazed over with desire, "Hm?""We can't. Not now."He let out a low whimper, "Then when?"He'd never been so persistent before.It was the wine.What if your kingdom was on the verge of destruction, and the only thing that you could do to stop it is by marrying an intolerant, rudimentary, blue-blooded man who has never been on your good side from birth? The king of Sedalia has passed away, bringing two kingdoms on the verge of war. Evelyn must marry Prince Ashton in order for him to take over the kingdom as the rightful heir. How will this arrangement work out, if at all? Will Evelyn succeed with all the duties of being Queen, nonetheless being the wife of a highnASS?
8 142 - In Serial21 Chapters
The Marriage Deal
Khushi means happiness but not in Khushi's life.Khushi is the total opposite of her name.Her life is filled with sorrow,hatred and unhappiness.Khushi only had one wish in life that her husband will take her away from this sorrow and hatred life and will give her that happiness,love and care life which every girl deserves.But her wish was broken when she was married to one of the most eligible bachelor of India,Armaan Kapoor just because of a marrige deal.
8 321 - In Serial32 Chapters
The Player Broke My Leg
Hattie Page is a nobody, and who's fault is that? Jasper Kings.Hattie is the outcast. She has no one in her life. Her parents always seem to be gone when she needs them the most, and her friends...well she has none. All thanks to Jasper. Jasper sees her as his toy. A human play thing for him to mess with.But when a prank goes too far, causing Hattie to break a leg, Jasper has no choice but to be there to pick up the pieces.
8 211 - In Serial95 Chapters
His Maid | Kim Taehyung
[cover made by @kimtata12301995 thank you so much] Everything was fine until Kim Taehyung, the classmate who definately doesn't like you, found out about you working at a maid caffee.And you're afraid of the way he might use it to his benefit.Highest ranks:#1 on btsv#1 on kimtaehyung#1 on jungkook#1 on jhope#1 on reader*Inspired by the anime Kaichou wa maid-sama!**BTS V Fanfiction*
8 108 - In Serial22 Chapters
Almarillion
A collection/An anthology of short stories full of surrealism and absurdism.
8 103

