《First Frost (Myanmar Translation)》Chapter 54
Advertisement
အိမ်ပြန်ရောက်သည့်အချိန်တွင်တော့ ၁၁နာရီ ထိုးလုပြီဖြစ်သည်။
ဝိန်းရိဖန်က မနက်ဖြန်၌အလုပ်သွားရဦးမည်ဖြစ်သည့်အတွက် စန်းရန်က သူမအား ဧည့်ခန်းထဲ၌အချိန်ဆွဲပြီးမနေခိုင်းဘဲ စောစောသွားအိပ်ရန် ပြောဆိုနေပါတော့သည်။ ဝိန်းရိဖန်သည်လည်း သူ့အား စောစောအိပ်ရန် တဖန်ပြန်ပြောပြီးနောက်တွင် အိပ်ခန်းထဲသို့ ကိုယ်စီဝင်လာကြတော့၏။
အိပ်ရာမဝင်မီ ကိုယ်လက်ဆေးကြောသန့်စင်လိုက်၏။
ဝိန်းရိဖန်က အိပ်ရာထဲဝင်ပြီးသည်နှင့် ခေါင်းအုံးကိုဖက်ထားလိုက်ကာ အချိန်ကိုက်ဆိုသလို အိပ်ရာခေါင်းရင်း၌တင်ထားသည့်ဖုန်းမှာ အသံတစ်ချက်တုန်ခါသွားခဲ့သည်။
ဖုန်းလှမ်းယူပြီး မျက်နှာပြင်ကိုဖွင့်ကြည့်လိုက်သည်။
စန်းရန်ထံမှ မက်ဆေ့။
စန်းရန် ; [ (/ဓါတ်ပုံ) ]
စန်းရန် ; [ ကြည့်ပြီးရင်အိပ်တော့ ]
သူ ပို့လာသည့်ဓါတ်ပုံမှာ နှစ်ယောက်သား ချားရဟတ်ပေါ်၌ရိုက်ထားသည့်ပုံ ဖြစ်သည်။
ဓါတ်ပုံထဲရှိ သူမဟာ နှုတ်ခမ်းစွန်းလေးများကွေးရုံသက်သက် ရေးရေးလေးပြုံးထားသည်။ ဘေးနားမှ စန်းရန်သည် ပေါ့ပေါ့ပါးပါးအမူအရာမျိုးဖြင့် ပြုံးရုံတမယ် နှုတ်ခမ်းကွေးထားပါသည့်တိုင် အရမ်းမိုက်နေသည့်ပုံစံမျိုးပေါ်နေဆဲပါပင်။ သူတို့နှစ်ဦး၏ စိတ်နေသဘောထားအရ ဖြစ်တည်လာသည့်အမူအကျင့်တို့မှာ လုံးဝ ထပ်တူမကျ မလိုက်ဖက်ပါသည့်တိုင် ပုံမှန်မျိုးမဟုတ်စွာဖြင့် စည်းချက်ဝါးချက်ညီညီ ပလဲပနှံသင့်လှသေးသည်။
ဝိန်းရိဖန်က ဓါတ်ပုံက အချိန်ကြာကြာစိုက်ကြည့်နေပြီးနောက်တွင်တော့ သိမ်းယူလိုက်ပြီး Lock Screen ပေါ်၌ Wallpaper အဖြစ်တင်ထားလိုက်သည်။ သူမ၏ဖုန်းကိုချ ၊ ပက်လက်အိပ်လိုက်ကာ မည်းမှောင်နေသည့်လေထုကြီးကိုကြည့်ရင်း နှုတ်ခမ်းပါးအား ရုတ်တရက် ထိတွေ့ကြည့်လိုက်၏။
ချားရဟတ်ပေါ်မှ အနမ်းဟာ နောက်တစ်ကြိမ် ပြန်ပြီးမြင်ယောင်လာမိတော့သည်။
ငြင်ငြင်သာသာ အထိအတွေ့လေးတစ်ခုဖြစ်ပါသည့်တိုင် စန်းရန်၏အသက်ရှူငွေ့များအား ယခုအချိန်ထိ ခံစားမိနေဆဲပင်။
ဝိန်းရိဖန်၏မျက်နှာတစ်လျှောက် တဖန်ပူနွေးလာရပြန်ကာ အေးစိမ့်နေသည့်ရာသီဥတုကြီးထဲ ဤအခန်းထဲနေရသည်မှာ အနည်းငယ်ပူအိုက်လာသယောင်ယောင်။ အတွေးများထဲတွင် စန်းရန်တစ်ယောက်တည်းဖြင့်သာ ပြည့်နေတော့ကာ သူမကိုယ်သူမ လှောင်ရယ်မိရင်း စိတ်ထဲ၌လည်း ဤသို့ဤနှယ်တွေးလိုက်မိသေး၏။
တစ်နေ့မှာ သည်လိုလူတစ်ယောက်ကတော့ မင်းဘဝထဲမှာ ပေါ်လာပါလိမ့်မယ်...
အဲ့သည်လူက မင်းကို ဘယ်လိုခံစားမိစေမှာလဲဆိုတော့...
လက်စသတ်တော့ အသက်ပြည့်ပြီးအရွယ်တစ်ခုရောက်ပြီးရင့်ကျက်နေတဲ့လူတစ်ယောက်ကလည်း ပုံပြင်ယုံတမ်းစကားတွေကို ယုံကြည်သွားနိုင်သေးတယ်လို့...
------
ဤအချိန်ကာလများအတွင်း ဌာနရှိအလုပ်များမှာ ထပ်၍များပြားလာပါသေးသည်။
နှစ်ပတ်တိတိအလုပ်ဆင်းပြီးနောက်တွင်မှ ဝိန်းရိဖန်တစ်ယောက် အားလပ်ရက်ရခဲ့သည်။ထိုနေ့က သာမန်ရုံးတက်ရုံးဆင်းနေ့တစ်နေ့ဖြစ်နေသဖြင့် စန်းရန်က အလုပ်သွားရပြီး ၊ အလုပ်နားရက်ရထားသည့်သူမကသာ လုပ်စရာအလုပ်မရှိ ၊ တစ်နေ့လုံး အိမ်ထဲ၌သာ နေနေလေသည်။
ဝိန်းရိဖန်က အစားပင်မစားတော့ဘဲ တစ်ခဏနေလျှင် အိပ်လိုက် ၊ အိပ်ပြီးလျှင် ဖုန်းကစားလိုက် ၊ ဖုန်းကစားပြီးလျှင် ပြန်အိပ်လိုက်ဖြင့် တစ်နေ့လုံး အိပ်ရာထဲမှ မထချေ။ စန်းရန် အလုပ်ဆင်းခါနီး အချိန်မှသာ အိပ်ရာထဲမှကုန်းရုန်းထပြီး မီးဖိုချောင်ဝင်၍ ညစာပြင်လိုက်၏။
ရေခဲသေတ္တာထဲတွင် လတ်လတ်ဆတ်ဆတ်သားငါးသီးနှံများကမနည်း။ အိပ်ရာထဲမှထလာပြီးနောက်တွင်တော့ ဝိန်းရိဖန်က ပျင်းရိမနေတော့ဘဲ ဟင်းသုံးခွက်နှင့်စွပ်ပြုတ်တစ်မျိုးကို အေးအေးလူလူချက်ပြုတ်နေလိုက်၏။
နောက်ဆုံးဟင်းတစ်ခွက်ကို ချက်ပြုတ်ပြီး စားပွဲပေါ်တင်လိုက်သည့်အချိန်တွင်တော့ အချိန်ကိုက်ဆိုသလို တံခါးဖွင့်သံအား ကြားလိုက်ရ၏။
စန်းရန်က ကားသော့ကိုဘေးဘက်၌ချိတ်နေရင်း သူမရှိသည့်ဘက်သို့ လှမ်းကြည့်လိုက်၏။ ချက်ချင်းဆိုသလိုအကြည့်များက အောက်လျော့လာပြီး ထမင်းစားပွဲဆီသို့ ထပ်၍လှမ်းကြည့်လာခဲ့သည်။ မျက်ခုံးများ ခပ်ရေးရေးပင့်မြှောက်ပြလာရင်း အိမ်နေရင်းဖိနပ်အပါးကိုလဲစီးကာ အရှေ့သို့လျှောက်လာခဲ့၏။
နှစ်ဦးသားက အရင်ကတည်းက ယခုလိုအတိုင်းပင်ဖြစ်သည်။
အိမ်ခန်းမျှနေကြသည့် အရင်အချိန်များတုန်းကအတိုင်း အားလပ်သည့်သူကသာ ချက်ပြုတ်ပြီး မည်သူ့အလှည့်ဟူ၍ မသတ်မှတ်ထားပေ။ ဝိန်းရိဖန်သည် ယခင်က တစ်ယောက်တည်းနေထိုင်သည့်သူမျိုးဖြစ်သည့်အတွက် တစ်ကိုယ်တည်းစာ ချက်ပြုတ်ရမည်ကိုပျင်းရိပါသော်ငြား တစ်စုံတစ်ယောက်က သူမနှင့်အတူ အဖော်ပြုစားပေးမည်ဆိုလျှင်တော့ အားတက်တရော ချက်ပြုတ်မည်ပင်။
စန်းရန်က ကုတ်အင်္ကျီကိုချွတ်လိုက်ရင်း အလျင်းသင့်သလို သူမ၏ဆံပင်ကိုလည်း ဆွဲဖွသွားသေး၏။
ဝိန်းရိဖန်၏ဆံပင်တို့က စန်းရန်ကြောင့် ပွယောင်းခတ်ကုန်သော်လည်း အထူးတလည် ပြန်ပြင်နေခြင်းမရှိ။ သူမကိုယ်တိုင်အတွက် စွပ်ပြုတ်တစ်ပန်းကန် ခူးခပ်လိုက်ပြီး တစ်ငုံချင်းစီသောက်နေရင်းဖြင့်
"ဒီနေ့ ပင်ပန်းလာလား?"
"ဒီလိုပါပဲ"
စန်းရန်က သူမ၏ဘေးနားတွင်ဝင်ထိုင်လိုက်၍
"ဘာလို့လဲ"
"ဒါဆို ခဏနေကျရင် ငါတို့ ရုပ်ရှင်ကြည့်ရအောင်..အိမ်မှာပဲလေ..ငါ့သူငယ်ချင်းတစ်ယောက် ငါ့ကို သည်းထိတ်ရင်ဖိုကားတစ်ကားညွှန်းပေးထားတာ..ကြည့်လို့ကောင်းမယ့်ပုံပဲ"
စန်းရန်က မျက်လုံးပင့်ကြည့်လာကာ ဝိန်းရိဖန်၏မျက်လုံးအောက်မှ အညိုရောင်အကွင်းရာများကိုစိုက်ကြည့်၍
"အိပ်ချင်နေတယ်ဆိုရင် စောစောနား.."
အချိန်ကို တစ်ချက်ထပ်ကြည့်လိုက်ရင်း
"ဒီနေ့မကြည့်ရလည်း ဘာမှမဖြစ်ပါဘူး"
ဝိန်းရိဖန်က မော့ကြည့်လာခဲ့၏။
စန်းရန် ;
"ကိုယ်က ဘယ်နေ့ဖြစ်ဖြစ် မင်းကိုအဖော်လုပ်ပြီးကြည့်ပေးနိုင်တယ်"
"ငါ မအိပ်ချင်ပါဘူး..တစ်နေ့လုံးအိပ်ထားတာ"
ဝိန်းရိဖန်က ခပ်နွေးနွေးစွပ်ပြုတ်ရည်အားကုန်အောင် သောက်လိုက်ပြီးနောက် စန်းရန်ဘက်သို့လှည့်၍
"ဒါဆို ခဏနေကြည့်မယ်မလား..နောက်ရက်ကျမှ ငါ့သူငယ်ချင်းကို ထပ်ပြီး ဇာတ်ကားတွေထပ်ညွှန်းခိုင်းလိုက်မယ်"
"အမ်?"
ဝိန်းရိဖန် ;
"နောက်တစ်ခါ ထပ်ကြည့်ဖို့"
စန်းရန်က သူမအား တည့်တည့်စူးစိုက်ကြည့်လာပြီး ရုတ်တရက် အသံထွက်အောင်ရယ်လိုက်ပါတော့၏။ သူ့စကားသံတို့ထဲတွင် စနောက်လိုသည့်အငွေ့အသက်များပါဝင်လာပြီး
"ဝိန်းရွှမ်းကျန့်..မင်းရဲ့အဓိကဦးတည်ချက်က ရုပ်ရှင်ကြည့်ဖို့လား..ကိုယ် လား"
ဝိန်းရိဖန်က တဖန်ပြန်ကြည့်နေရင်း
"နင်"
"...."
စန်းရန်၏အမူအရာတို့မှာ မသိမသာလေးတုံ့ခနဲ ဖြစ်သွားခဲ့၏။
ခေါင်းငုံ့သွားပြီး ထမင်းဆက်စားနေသည့်ဝိန်းရိဖန်ထံမှ အသံတိုးတိုးလေးတစ်ခု ထပ်၍ထွက်လာခဲ့သည်။
"နင်နဲ့အတူတူ ကြည့်ချင်လို့"
ညစာစားပြီးနောက်တွင် ဝိန်းရိဖန်က ဧည့်ခန်းထဲအရင်ထွက်လာပြီး ရီမုကိုယူ ၊ ဖုကျွမ့် ညွှန်းထားပေးသည့်ဇာတ်လမ်းကို ရှာကြည့်လိုက်၏။ အင်တာနက်ချိတ်ထားသည့်တီဗွီအတွင်းရှိ ဆော့ဝဲလ်ပေါင်းများစွာ မွှေနှောက်ပြီးကာမှ ခက်ခက်ခဲခဲ ရှာတွေ့လိုက်ခြင်းဖြစ်ကာ ၊ သူမ ရှာတွေ့ပြီး သိပ်မကြာခင်ပင် စန်းရန်က စားပွဲရှင်းပြီးထွက်လာခဲ့သည်။
သူက ဝိန်းရိဖန်၏ဘေး၌ တိုက်ရိုက်ဝင်ထိုင်လိုက်၏။
Advertisement
ဝိန်းရိဖန်က ကော်ဖီစားပွဲပေါ်တင်ထားသည့်ရေခွက်ထဲမှရေတစ်ငုံလည်းသောက်ရင်း တစ်ဖက်ကလည်း ဇာတ်လမ်းကိုစဖွင့်လိုက်သည်။
ကြော်ငြာများလွှင့်နေသည်မှာ တစ်ခဏ။
ဝိန်းရိဖန်က ဘေးနားတွင်ချထားသည့်ဖုန်းအား လှမ်းယူဖွင့်ကြည့်လိုက်ရာ မဖတ်ရသေးသောမက်ဆေ့များစွာကို တွေ့လိုက်ရသဖြင့် အလျင်းသင့်သလိုဖတ်ကြည့်နေရင်း ကျိန့်ခယ်ကျား၏မက်ဆေ့ဘောက်ကို နှိပ်ကြည့်မိလိုက်သည်။
မက်ဆေ့ပေါင်းများစွာက တပြိုင်တည်းတက်လာခဲ့၏။
[ ငါတော့ စိတ်ပျက်တယ် ]
[ နင့်အဖေဘက်ကအမျိုးတွေက အရမ်းအရှက်မဲ့လွန်းတယ်နော် ]
[ သူတို့ ငါ့အိမ်ပေါ်တက်နေနေတာ တစ်ပတ်တောင်ရှိပြီ! အခုထိ မသွားသေးဘူး! ! ! ဘယ်အချိန်ထိနေဖို့များ စဥ်းစားနေကြတာလဲ? ]
[ ဘယ်လိုပဲ အမျိုးတော်ကြည့်ကြည့် နင်နဲ့က ပိုပြီးသွေးချင်းနီးတာမလား..နင် အဲ့လူတွေကို မြန်မြန်လာခေါ်သွားပေးလို့မရဘူးလား? ]
[ နင့်ရဲ့အဲ့ဒီဒေါ်လေးဆိုတဲ့တစ်ယောက်ကလည်း မေမေ့ဆီကိုလာပြီး အမြဲတမ်းပိုက်ဆံတောင်းနေတယ် (smile emoji) ]
[ သူ့သား မင်္ဂလာခါနီး အိမ်ဝယ်ချင်တဲ့ကိစ္စက ငါတို့နဲ့ဘာဆိုင်လို့လဲ? ]
"...."
တစ်ဖက်လူထံမှ မက်ဆေ့များဟာ သစ်ရွက်များတဖြုတ်ဖြုတ်ကြွေနေသည့်အလား တစ်ခုပြီးတစ်ခု အဆက်မပြတ်ပေ။
ဝိန်းရိဖန် တစ်ခဏကြာကြာစိုက်ကြည့်နေမိပြီး နဂိုမူလရှိနေသည့်စိတ်ကြည်လင်မှုများက ရုတ်ချည်း ကွယ်ပျောက်သွားလေတော့၏။ ဤအချိန်တွင် စန်းရန်က သူမ၏အာရုံအား ဝင်နှောက်ယှက်လာ၏။
"ဘယ်သူနဲ့စကားတွေပြောနေတာလဲ"
သူမက ဖုန်းကိုပိတ်ပြီး ခေါင်းမော့ကြည့်လိုက်၏။
"ကိုယ်နဲ့အတူတူ ရုပ်ရှင်ကြည့်ချင်တယ်ဆိုရင်လည်း နည်းနည်းပါးပါး အာရုံစိုက်ပေးလို့.."
စန်းရန်က အေးအေးလူလူဖြင့် ဆက်၍
"ရမလား?"
ဖုန်းတုန်ခါသံမှာ ရပ်မသွားသေး။
ဝိန်းရိဖန်က စိတ်ခံစားချက်များကိုထိန်းပြီး လက်ထဲမှဖုန်းကိုင်ဆုတ်ကိုင်ထားပစ်လိုက်၏။
"သိပါပြီ..ငါ ဖုန်းကို မကြည့်တော့ဘူး"
စန်းရန်က ရေးရေးလေးပြုံးပြ၍
"ဘာဖြစ်လို့ ရုတ်တရက် ဒီမျက်နှာအမူအရာမျိုး ဖြစ်သွားရတာလဲ?"
"မဖြစ်ပါဘူး.."
ဝိန်းရိဖန်က ပြန်ပြုံးပြလိုက်ရင်း
"ရုပ်ရှင်ကြည့်မယ်လေ"
သူမဘက်မှ ဘာမှထုတ်မပြောလာချင်မှန်း နားလည်မိလိုက်သဖြင့် စန်းရန်က လှမ်းကြည့်နေရုံကလွဲ ထပ်မမေးတော့၏။
ဇာတ်လမ်းမှာ စတင်နေပြီ။
စန်းရန်က ရေခဲသေတ္တာထဲမှ သစ်သီးအား ထသွားယူသည့်တစ်ခဏတွင် ဝိန်းရိဖန်သည် နောက်ထပ်တစ်ကြိမ်ဖုန်းဖွင့်ကြည့်လိုက်၏။
ကျိန့်ခယ်ကျားပို့ထားသည့်မက်ဆေ့များမှာ စာတန်းရှည်ကြီးနီးပါးပင်ရှိပြီး အားလုံးမှာ စိတ်ပျက်သည့်အကြောင်းပြောထားသည့်စကားများသာဖြစ်သည်။ အဆိုးမြင်ဝါဒီစာလုံးများအပြီး အောက်ဆုံးတွင် ဝါကျတစ်ကြောင်းက ထင်သာမြင်သာဖြင့်ရှိနေ၏။
[ မေမေက ငါကနေတဆင့် နင့်ကိုမေးခိုင်းလိုက်တယ်..ဒီနှစ် နှစ်သစ်ကူးကို အိမ်ပြန်လာမှာလားတဲ့ ]
ဝိန်းရိဖန်က အပေါ်ဘက်မှစာများကို ဆွဲမကြည့်။
ကျိန့်ခယ်ကျားအား Wechat add ပြီးနောက်တွင် တစ်ဖက်လူက ဘာမှများများစားစား မဆိုလာသဖြင့် ဝိန်းရိဖန်လည်း အနှောက်အယှက်ကင်းကင်းနေနေရကာ အကောင့်ဖျက်ပစ်ဖို့ရာ မေ့သွားခဲ့မိသည်။ လက်ရှိအချိန်တွင် စာပြန်ဖို့ကို စဥ်းပင်မစဥ်းစားဘဲ တစ်ဖက်လူအား Blacklist ထဲချက်ချင်းထည့်ပစ်လိုက်သည်။
စန်းရန်က အခုလေးတင်ရေဆေးလာသည့်ပန်းသီးတစ်လုံးအား သူမ၏လက်ထဲသို့ထည့်ပေးလာခဲ့ရင်း ဘာကိုတွေးထားမိထားမှန်းမသိ စကားတစ်ခွန်းအားလျှပ်တပြက်မေးလာခဲ့သည်။
"မင်း ဘယ်နေ့ကျရင် ပိတ်ရက်ရမှာလဲ"
ဝိန်းရိဖန် ; "အမ်?"
စန်းရန် ; "နှစ်သစ်ကူးအတွက်"
ဝိန်းရိဖန် ;
"နှစ်သစ်ကူးပြီး တစ်ရက်နေ့ကနေ သုံးရက်နေ့အထိ..တကယ်လို့ အရေးပေါ်ကိစ္စမျိုးရှိလာရင်တော့ အချိန်ပိုဆင်းရမှာ"
"အိမ်ပြန်မှာလား?'
ဝိန်းရိဖန် တစ်ခဏတိတိ တိတ်သွားခဲ့ပြီးမှ
"မပြန်ဖြစ်လောက်ဘူး ထင်တာပဲ"
"အို့..ဒါဆို ကိုယ်တွက်ကြည့်လိုက်ဦးမယ်"
"ဘာတွက်ကြည့်မှာလဲ"
"ဘာတွက်ကြည့်မှာလဲဆိုတော့.."
စန်းရန်က ခေါင်းစောင်းကာ အသာအယာလှမ်းကြည့်လာခဲ့၍
"ဘယ်အချိန် မင်းဆီပြန်လာရမလဲဆိုတာ"
ဤစကားတစ်ခွန်းက ဝိန်းရိဖန်အား အရင်နှစ် နှစ်သစ်ကူးအချိန်တွင် စန်းရန်က သူ့ဆွေမျိုးများ အိမ်သို့အလည်လာသည့်အကြောင်းပြချက်ဖြင့် နှစ်သစ်ကူးကာလတစ်ခုလုံး အိမ်ပြန်မအိပ်သည့်ကိစ္စကို ပြန်အမှတ်ရစေမိလိုက်သည်။ သူမ၏နှုတ်ခမ်းပါးက လှုပ်ခတ်သွားသော်လည်း ပြောစရာစကားကိုရှာမတွေ့ ၊ အတော်လေးကြာသွားပြီးခါမှ
"ငါ့မှာ ပွဲတော်ကိုဖြတ်သန်းချင်တာတွေဘာတွေ မရှိပါဘူး..နင် မိသားစုတွေနဲ့ပဲ အတူတူနေနေလို့ရတယ်"
"ဆွေမျိုးတွေဆီ ပတ်ပြီးလည်ရမှာ ပင်ပန်းလွန်းလို့..."
စန်းရန်က ပြုံးလိုက်ရင်း
"မင်းအမြင်မှာ ကိုယ်ကရော ပွဲတော်လုပ်ပြီးဖြတ်သန်းနေရမှာကို ကြိုက်တဲ့သူနဲ့တူလို့လား"
ဝိန်းရိဖန်က ဘာစကားမျိုးဆိုရမည်မှန်း မသိတော့သဖြင့် ပန်းသီးတစ်ကိုက်,ကိုက်လိုက်ပြီး ဇာတ်လမ်းသာ ဆက်ကြည့်နေလိုက်၏။
စိတ်အာရုံမှာတော့ ဇာတ်လမ်းပေါ်၌ လုံးဝမရှိပါပေ။
ကျိန့်ခယ်ကျားပို့လာသည့် မက်ဆေ့များကို တွေးကြည့်နေသည့်အချိန် စန်းရန်က ထပ်၍ သူမ၏စိတ်အခြေအနေကို ခံစားမိပုံရသည့်အရိပ်အခြေမျိုးတို့ ကြုံကြိုက်သွားရသည့်အခါ ဝိန်းရိဖန်အနေဖြင့် သူမ၏လက်ရှိစိတ်ခံစားချက်ကို ဖော်ပြနိုင်စွမ်းပင် မတတ်နိုင်ပါတော့၏။
ထိုမကောင်းသည့်စိတ်ခံစားချက်နေရာတွင် တစ်ခုခုက အစားထိုးဝင်ရောက်လာသလိုမျိုးပင်။
ဆိုးရွာသည်လည်းမဆိုနိုင်။
အနည်းငယ် ပိတ်လှောင်မွန်းကြပ်သွားသလိုမျိုး ခံစားလိုက်ရရုံ။
တစ်စိတ်တစ်ပိုင်းမှာ အိမ်တွင်းရေး ထိုအစုတ်အပြတ်ကိစ္စများကြောင့်..
အများဆုံးမှာတော့ စန်းရန်ကြောင့် - သူ့ဘက်မှ သူမအပေါ် ဆက်ဆံပေးနေသည့်ပုံစံကြောင့်ပင်။
သူမက နှစ်သစ်ကူးတွင်အိမ်မပြန်တော့မည့်အကြောင်းကို သိသွားသော်ငြား စန်းရန်က အကြောင်းပြချက်ကိုမသိနိုင်သလို မေးမြန်းခြင်းလည်းမပြု။ သူ မေးလိုက်သည့်မေးခွန်းက သူမအတွက်အခက်အခဲဖြစ်စေမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်နိုင်ပြီး ၊ ထို့ကြောင့် တခြားနည်းလမ်းဖြင့် သူမအား အဖော်လာလုပ်ပေးမည်ဟု တိုက်ရိုက်ဆိုလိုက်ခြင်းပင်။
သို့သော်လည်း သူမကိုယ်တိုင်သည် ထိုကိစ္စများအားပြောပြဖို့ရာ အမြဲတမ်းရှောင်ဖယ်နေမည့်သူ။
ယခုလိုအခြေအနေမျိုးနှင့်ကြုံလာတိုင်း တုံ့ပြန်လိုက်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ရှောင်ပြေးခြင်းပင်ဖြစ်ပြီး လုံးဝလုံးဝ ထုတ်ဟလာမည်မျိုးမဟုတ်။
သူက သိချင်နေသည့်တိုင် သူမဘက်က မပြောပြချင်။
ထိုအခါ သူ့ဘက်က မသိချင်သလိုမျိုးသာ ဟန်ဆောင်နေလေတော့၏။
ဝိန်းရိဖန်က စိတ်ကိုပြင်ဆင် ၊ ဆုံးဖြတ်ချက်ချပြီးနောက်တွင်တော့ ရုတ်တရက်လှမ်းခေါ်လိုက်သည်။
Advertisement
"စန်းရန်"
စန်းရန်၏အကြည့်များက တီဗွီပေါ်၌ရောက်နေပြီး အလျင်းသင့်သလိုပြန်ဖြေလာ၏။
"ဟမ်?"
"ခုဏတုန်းက ငါ့ကို မက်ဆေ့ပို့လာတာ ကျိန့်ခယ်ကျား"
ဝိန်းရိဖန်သည်လည်း တီဗွီကိုသာကြည့်နေခြင်းဖြစ်ပြီး ပုံမှန်သာစကားဆိုနေ၏။
"သူပြောတာ..ငါ့အမေက ငါ့ကို ဒီနှစ် နှစ်သစ်ကူးအိမ်ပြန်လာမှာလားလို့ မေးခိုင်းလိုက်လို့တဲ့"
"...."
"ဒါပေမယ့် ငါနဲ့ ငါ့ပထွေးရဲ့ဆက်ဆံရေးက အရမ်းအဆင်ပြေနေတာမျိုး မဟုတ်ဘူး"
ဝိန်းရိဖန်က တစ်ခဏမျှရပ်လိုက်ပြီးမှ ဆက်၍
"ငါ့ဖေဖေ ဆုံးပြီးသိပ်မကြာခင်မှာပဲ ငါ့အမေ နောက်အိမ်ထောင်ပြုသွားတာလေ"
စန်းရန်က သူမအား ချက်ချင်းလှည့်ကြည့်လာပြီး သူ့မျက်နှာပေါ်မှ စနောက်နေခြင်းများဟာလည်း လွင့်ပျယ်ပျောက်ကွယ်သွားခဲ့၏။
"ဘယ်အချိန်တုန်းကကိစ္စလဲ"
ဝိန်းရိဖန်က စက္ကန့်ပိုင်းကြာအောင် တိတ်ဆိတ်နေခဲ့သေးသည်။
"အထက်တန်း ပထမနှစ်ရဲ့ နောက်စာသင်နှစ်ဝက်"
"...."
"ဟုတ်တယ်.."
ဝိန်းရိဖန်၏စကားသံတို့မှာ ပြောထွက်ရခက်နေသည့်အလား
"ငါ အတန်းတက်နေရင်း တစ်ဝက်တစ်ပျက်..ဆရာမက အပြင်ထွက်လာဖို့ ခေါ်လိုက်တဲ့အချိန်တုန်းက..."
အတိတ်မှ မှတ်ဥာဏ်များဟာ ရုတ်ချည်းပြန်ပေါ်လာခဲ့ပြီး ဒုတိယနှစ် စာသင်နှစ်ဝက်၏ တစ်နေ့သောနေ့လည်ခင်းအချိန်ဆီသို့။
ထိုနေ့ဟာ အလွန်ကိုမှအေးစိမ့်နေသည့်ဆောင်းရာသီကြီးထဲမှ နေ့တစ်နေ့မှန်း ဝိန်းရိဖန် မှတ်မိနေပါသေးသည်။
စာသင်ခန်းထဲရှိပြတင်းပေါက်များကို အလုံပိတ်ထားပြီး လေဝင်လေထွက်မရှိပါသည့်တိုင် နေရာတိုင်းက လေအေးများ တစိမ့်စိမ့်တိုးဝင်နေခဲ့သည်။ သူမ၏လက်ချောင်းများဟာ အေးခဲလွန်းနေခဲ့သဖြင့် ရေးမိထားသည့် စာလုံးများပင် အရင်ကနှင့်မတူ။
သင်္ချာဆရာ၏ချဲ့ကားလွန်းသည့်စကားများကို နားထောင်ရင်း အနည်းငယ်အိပ်ငိုက်လာတော့၏။
ဤအချိန်တွင် အတန်းပိုင်ဆရာမ'ကျန်ဝိန်ဟုန်'က ရုတ်တရက် တံခါးရှေ့တွင်ပေါ်လာခဲ့သည်။ လက်ထဲတွင်ဖုန်းကိုကိုင်ထားရင်း အမူအရာတို့က လောလောပြာပြာဖြင့် စာသင်ချိန်အား အနှောက်အယှက်ပြုလာခဲ့၏။
"တောင်းပန်ပါတယ်နော်..ချန်လောင်ရှစ်"
သင်္ချာဆရာ ;
"ဘာဖြစ်လို့လဲ"
"ကိစ္စလေးရှိလို့ပါ"
ကျန်ဝိန်ဟုန်က ဝိန်းရိဖန်အား လှမ်းကြည့်လာ၍
"ရိဖန်..သမီး ခဏထွက်လာခဲ့ဦး"
ဘာကြောင့်မှန်းမသိ ကျန်ဝိန်ဟုန်၏ပုံစံကိုကြည့်ရင်း ဝိန်းရိဖန်၏စိတ်ထဲ မကောင်းသည့်ခံစားချက်များ ဖြစ်တည်လာမိတော့သည်။ ကိစ္စကြီးကြီးမားမားမဖြစ်လာခင် အထက်ကောင်းကင်နတ်မင်းကြီးက သနားစာနာမှုကိုပြသည့်အနေဖြင့် ခံစားရမှုဒဏ် အနည်းငယ်ပေါ့လျော့သွားအောင်လုပ်ပေးနေသလိုပါပင်။
သို့သည်တိုင် သူမက သေးသေးမွှားမွှားကိစ္စလေးအဖြစ်သာ ထင်မှတ်ထားပြီး အများဆုံး စည်းကမ်းထိန်းသိမ်းဖို့ရာသင်ခန်းစာပေးခံရ ၊ အုပ်ထိန်းသူခေါ်ခံရလောက်သည်အထိသာ မျှော်လင့်ထား၏။ နောက်ဆက်တွဲမှာတော့ ထိုအသက်အရွယ်လေးတွင် ကြုံတွေ့ရလေ့ရှိသည့် 'ကိစ္စကြီးများ' ဟူ၍။
ဘေးပတ်ပတ်လည်မှအတန်းဖော်များက သူမအား ချက်ချင်းဝိုင်းကြည့်လာခဲ့ကြသည်။
စာရေးခုံပေါ်၌ လှဲနေသည့်စန်းရန်သည်ပင် ခပ်မတ်မတ်လေး ဖြစ်လာခဲ့၏။
ဝိန်းရိဖန် ချက်ချင်းနိုးသွားခဲ့ပြီး ကြောင်အမ်းအမ်းဖြင့် လက်ထဲမှဘောပင်ကိုချလိုက်ကာ ကျန်ဝိန်ဟုန်ဆီသို့ လျှောက်လာသည်။
ကျန်ဝိန်ဟုန်က သူမအား ဘေးတစ်ဖက်သို့ဆွဲခေါ်ပြီး စကားဆိုလာခဲ့၏။
သူမ ထိတ်လန့်သွားမည်ကိုစိုးရိမ်သည့်အလား ကျန်ဝိန်ဟုန်၏အသံမှာ ပုံမှန်ထက်ပင် ငြင်သာနေခဲ့ပြီး သနားစာနာသည့်အရိပ်အယောင်များမှာ စကားလုံးတို့ထဲ၌ သိသိသာသာ။
"သမီးရဲ့ပစ္စည်းတွေကို သိမ်းလာခဲ့နော်..သမီးမေမေက အခုလေးပဲ လောင်ရှစ်ဆီဖုန်းဆက်လာတယ်..အခုချက်ချင်း သမီးကို လာကြိုမယ်တဲ့"
"...."
ဝိန်းရိဖန်က ကြောင်အမ်းနေရင်း
"ဘာလို့လဲ"
"သမီးဖေဖေ..."
ကျန်ဝိန်ဟုန်က ပြောထွက်ဖို့ရာ ခက်ခဲလွန်းနေသည့်ဟန်ဖြင့်
"အခြေအနေ သိပ်မကောင်းဘူး"
ထိုအခိုက်အတန့်တွင် ဝိန်းရိဖန် ခံစားနေမိခဲ့သည်မှာ အိပ်မက်မက်နေသည်ဟူ၍ပင်။
ထိုစကားများအတွက် ကြိုတင်အသိပေးထားခြင်းမရှိသည့် ဦးနှောက်တစ်ခုလုံးဟာလည်း ဗလာကျင်းလျက်။ စိတ်ကူးယဥ်မှုတစ်ခုဟုသာ ထင်နေမိပြီး ထူးဆန်းလွန်းသည့်စကားလုံးများကို ကြားလိုက်မိရုံသက်သက်။ သို့သည့်တိုင် သူမထပ်၍လည်း အတည်ပြုမမေးမြန်းရဲတော့သလို ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေပြီဖြစ်ကြောင်းကိုတော့ ရှင်းရှင်းလင်းလင်းခံစားမိနေခဲ့သည်။
ဝိန်းရိဖန်သည် မည်သည့်အမူအရာမျိုးမှရှိမနေသောမျက်နှာဖြင့် အတန်းထဲပြန်ဝင်လာခဲ့သည်။
သူမ၏နေရာ၌ မတ်တပ်ရပ် ၊ စာသင်ခုံထဲမှ ကျောင်းလွယ်အိတ်ကို ဆွဲထုတ်လိုက်ကာ...
အသံတစ်ချက်မြည်သွားပြီး..
အတွင်းထဲမှ ပစ္စည်းများသည် သူမ ဆွဲထုတ်လိုက်သည့်အရှိန်ကြောင့် ကြမ်းပြင်ပေါ်ပြုတ်ကျကုန်ပါတော့သည်။
သင်္ချာဆရာက စကားပြောနေသည်ကိုရပ်ကာ မျက်မှောင်ကျုံ့လျက်ဖြင့်
"ဘာဖြစ်တာလဲ"
ဝိန်းရိဖန် အသိစိတ်ကပ်သွားသည့်အလား ရုတ်ချည်းလှည့်ကြည့်မိလိုက်၏။
"ဘာမှမဖြစ်ပါဘူး..တောင်းပန်ပါတယ် လောင်ရှစ်"
စကားဆိုပြီးသည်နှင့် ဝိန်းရိဖန်က ကြမ်းပြင်ပေါ်ကျသွားသည့်ပစ္စည်းများကို ဖြေးဖြေးချင်းကောက်ယူလိုက်ကာ ဘေးနားတွင်ထိုင်ကြသည့်အတန်းဖော်များကလည်း ကူကောက်ပေးလာကြသဖြင့် ကျေးဇူးတင်စကားကိုခပ်တိုးတိုးလေးပြောလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
လွယ်အိတ်လွယ်ပြီး ထွက်လာခါနီးတွင်။
သူမ စန်းရန်ရှိသည့်ဘက်သို့ အလိုလိုလှမ်းကြည့်မိလိုက်သည်။
သူက နေရာ၌သာထိုင်နေဆဲဖြစ်ပြီး သူ့အမူအရာမှာ တမျိုးတမည် မရှင်းမလင်းဖြစ်နေပြီး သူမအား လှမ်းကြည့်နေလေသည်။
လူနှစ်ယောက်၏အကြည့်များဟာ ဆုံစည်းသွားကြလျက်။
ဝိန်းရိဖန်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း တစ်ဖက်သို့လှည့်ကာ အတန်းထဲမှထွက်လာခဲ့သည်။ ကျန်ဝိန်ဟုန်ပေးလိုက်သည့် ခွင့်ပေးသည့်စာကို ကိုင်ကာ ကျောင်းဂိတ်ပေါက်ဝဆီသို့အမြန်လျှောက်ထွက်လာခဲ့ရင်း စိတ်ထဲတွင်လည်း ကျန်ဝိန်ဟုန်ပြောသည့်စကားများဖြင့်သာ ပြည့်နေခဲ့သည်။
သမီးဖေဖေရဲ့ အခြေအနေက သိပ်မကောင်းဘူး..
အခြေအနေ..
သိပ်မကောင်းဘူး..
သည်စကားက ဘယ်လိုအဓိပ္ပါယ်များလဲ...
သူမ၏ဖေဖေက အဘယ်ကြောင့် အခြေအနေ မကောင်းရသနည်း။
သူမ၏ဖေဖေက အကောင်းကြီးရှိနေလျက်သားနဲ့။
ခွင့်ပေးသည့်စာကို ဂိတ်အစောင့်အား ပြပြီးနောက် ဝိန်းရိဖန် ကျောင်းထဲမှထွက်လာလိုက်ကာ လွယ်အိတ်ထဲမှဖုန်းကိုထုတ်လိုက်၏။ စက်ဖွင့်ပြီး အခြေအနေကိုအတည်ပြုချင်သည့်အတွက် ကျောက်ယွမ့်တုံထံ ချက်ချင်းဖုန်းခေါ်ဆိုလိုက်သည်။
တစ်ဖက်မှ ဖုန်းဖြေဆိုလာခဲ့သည်။
ကျောက်ယွမ့်တုံ၏အသံတို့မှာ ရှိုက်သံများကပ်ပါလာခဲ့ပြီး ငိုနေမှန်းသိသာလှသည်။
"အားကျန့်..."
ဤအခိုက်အတန့်တွင်တော့။
ကျန်ဝိန်ဟုန်ပြောခဲ့သည့်စကားများကို ဝိန်းရိဖန် အသေအချာယုံကြည်လိုက်ရပါတော့၏။ နှုတ်ခမ်းပါးက လှုပ်ခတ်မိသော်ငြား လည်ချောင်းဝထဲ၌တစ်စုံတစ်ရာ တစ်ဆို့နေသည့်အတိုင်း ဘာမှပြောမထွက်လာတော့သလို ကျောက်ယွမ့်တုံပြောမည့်စကားများကိုလည်း နားမထောင်ချင်ပါတော့ပေ။
"မေမေ..ဘကြီးကိုလာကြိုခိုင်းထားတယ်..ဒါပေမယ့် သူ လာကြိုဖို့က နည်းနည်းကြာဦးမှာ..သမီး မြို့ဆေးရုံကို တက္ကစီစီးလာလိုက်နော်..သမီးရဲ့ဒေါ်လေး အောက်မှစောင့်နေလိမ့်မယ်"
ဝိန်းရိဖန် ခပ်တိုးတိုးလေးသာ ပြန်ဖြေနိုင်ခဲ့၏။
"ဟုတ်"
ဝိန်းရိဖန်က ဖုန်းချပြီးသည်နှင့် ကျောင်းဘေးနားရှိ မှတ်တိုင်ဆီသို့လျှောက်လာခဲ့လိုက်သည်။
နန်းဝူ အမှတ်(၁)အထက်တန်းကျောင်းသည် စိတ်ငြိမ်သောပညာရေးကို အလေးပေးသည့်ကျောင်းဖြစ်ကာ ပထဝီဝင်မြေအနေအထားအရ လူခြေတိတ်သည့်နေရာမျိုးတွင်ရှိ၍ သွားရေးလာရေးအတွက် အတော်အသင့်အခက်အခဲရှိသည်။ မိနစ်ပိုင်းကြာကြာစောင့်နေပါသည့်တိုင် ဖြတ်သွားဖြတ်လာ တက္ကစီတစ်စီးမျှပင် မတွေ့သေး။
ကံကောင်းစွာဖြင့် ဘတ်စ်ကားတစ်စင်းရောက်လာခဲ့ကာ ဝိန်းရိဖန်က ထပ်စောင့်မနေတော့ဘဲ ဘတ်စ်ကားပေါ်တက်လာခဲ့သည်။
ဤအချိန်တွင် ကားပေါ်၌ ယာဥ်မောင်းဆရာနှင့် သူမကလွဲ၍ အခြားမည်သူမှမရှိ။ ဝိန်းရိဖန်က နောက်တန်းရှိထိုင်ခုံများဆီသို့လျှောက်လာခဲ့ပြီး စိတ်ထဲတွင်တော့ အခွံချည်းသပ်သပ်ဗလာကျင်းနေခဲ့ကာ လောကကမ္ဘာကြီး ပြိုလဲကျနေသည့်အတိုင်းပင်။
ကားစတင်ထွက်သွားပြီး...
စက္ကန့်ပိုင်းမျှပင်မကြာသေးခင် ရုတ်ချည်း ဆောင့်ရပ်သွားခဲ့ပြန်သည်။
ဝိန်းရိဖန်က နေရာ၌ထိုင်နှင့်ပြီးဖြစ်ကာ ရပ်လိုက်သည့်အရှိန်ကြောင့် ခန္ဓာကိုယ်က အရှေ့သို့ယိုင်ထိုးသွားခဲ့ရသည်။ မော့ကြည့်လိုက်လျှင် ဘတ်စ်ကားအရှေ့တံခါးက ပွင့်သွားပြီး ကောင်လေးတစ်ယောက် ဘတ်စ်ကားပေါ်တက်လာခဲ့ကာ ယာဥ်မောင်းဆရာအားကျေးဇူးတင်ပြီးနောက် သူမရှိရာဆီသို့ အမောတကောဖြင့်လျှောက်လာခဲ့သည်။
ဝိန်းရိဖန်က တည်တည်ငြိမ်ငြိမ်ဖြင့်
"နင် ဘာလို့ထွက်လာတာလဲ?"
"ရုတ်တရက် အတန်းမတက်ချင်တော့လို့"
စန်းရန်က သူမ၏ဘေး၌ဝင်ထိုင်လိုက်ပြီး
"အတန်းလစ်ရတဲ့အရသာကို တစ်ခါလောက်စမ်းကြည့်မလို့"
တကယ်၍ ပုံမှန်အခြေအနေသာဆိုလျှင် ဝိန်းရိဖန်က သူ့စကားများနောက်လိုက်ပြီး အလိုက်အထိုက်သုံးလေးခွန်း ပြန်ပြောမိပါလိမ့်မည်။ သို့သော် အခုအချိန်တွင်တော့ စနောက်ချင်သည့်စိတ်မျိုး လုံးဝမရှိသဖြင့် ပြုံးရုံသာပြုံးပြပြီး မျက်လွှာကိုအောက်စိုက်ထားလိုက်သည်။
ထူးဆန်းလွန်းခဲ့သည်မှာ သူ ရောက်လာသည့်အချိန်တွင်မှ မျက်ရည်က ဝဲလာခဲ့ခြင်းပင်။
စက္ကန့်ပိုင်းမျှကြာပြီးသွားနောက်တွင်။
စန်းရန်က ခပ်တိုးဖျဖျလေးမေးလာခဲ့၏။
"ဘာဖြစ်နေတာလဲ"
"...."
ဝိန်းရိဖန်က သူ့အားနောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး ခေါင်းရမ်းပြလိုက်ချင်ပါသည့်တိုင်..
သည်တစ်ကြိမ်တွင် မျက်ရည်စက်များက ထိန်းမထားနိုင်တော့ဘဲ စီးကျလာခဲ့ပါတော့သည်။
တစ်ပေါက်ချင်း တစ်ပေါက်ချင်း စီးကျနေခဲ့သည်မှာ ပြင်းပြင်းထန်ထန်။
ဝိန်းရိဖန်သည် ရှက်လာမိသဖြင့်လည်း တစ်ဖက်သို့ချက်ချင်းလှည့်ပစ်လိုက်ကာ မျက်ရည်ကိုမရမကထိန်းနေသည့်အတွက် ခန္ဓာကိုယ်လေးမှာ စတင်ပြီးတသိမ့်သိမ့်တုန်ယင်လာခဲ့တော့၏။ သူမအတွက် ဤလမ်းတစ်လျှောက်ဟာ သိပ်ကိုနှေးကွေးရှည်ကြာလွန်းပြီး အဆုံးသတ်တစ်နေရာမှာ တစ်သက်တာလုံးအဖို့ မရှိလာစေရန်လည်း မျှော်လင့်မိနေပါသေးသည်။
ကျောပေးထားသည့်အတွက် စန်းရန်၏အမူအရာတို့ကို သူမ မမြင်ရပါပေ။
ခံစားနေမိသည့် တစ်ခုတည်းသောခံစားချက်မှာ
Advertisement
- In Serial6 Chapters
She Became The Devil’s Stepmother Who’s About To Be Killed
“I’ll kill you! Do you want to die?”
8 418 - In Serial23 Chapters
Magicae Machina
A Goddess's desire; how deep might it pervade this world?Terror slumbers under every stone, no matter how bright the woods might seem. This is a fantasy story about making sense of a world wherein numerous threads of mystery intertwine.
8 129 - In Serial46 Chapters
When the Sun Fell |✔|
When Summer Princess Lumikki is offered to the Winter King as payment for a debt, the Winter court is dragged into chaos. Alone in a foreign land, with no one but herself to rely upon, Lumi is quick to adapt in order to survive. But the longer the winter king stays with her, the more he is unable to let her go. Like the sun and moon, fate continuously has them moving towards each other- yet apart. As her life unfolds in unexpected ways, Lumi realizes that love can only be found, if all else is sacrificed. But are they willing to pay such a price? And are some loves worth fighting for? This is a story of redemption. This is a story of strength. This is a story of revolution.This is a story, of when the sun fell. COPYRIGHT:©Joy (world_joy_) All rights reservedThank you for reading | COMPLETED
8 112 - In Serial7 Chapters
The Proposal
When Seoul editor Jimin faces deportation to America, he convinces his assistant Yoongi to marry him in return for a promotion. A trip to Yoongi's hometown, however, brings many surprises Jimin's way.
8 171 - In Serial61 Chapters
Bi-Curious (BoyxBoy)
Local bad boy, Ethan Dechart, is starting to get worried about his friends as they start getting him into more and more trouble. Luckily, he's saved when he meets a new friend who shows him that he doesn't have to put up with his crew. College freshman, Charlie King, is handsome, witty, and compassionate, with many secrets hidden away in his leather journal. When he offers Ethan a hookup he can't turn down, Ethan starts to question things about himself and his sexuality.⚠️ Warning ⚠️: Dark topics and mature language/topics. Updates every Friday!Writers: @thesecretwriter888 and Jexis Kane- 2ND PLACE WINNER OF ACHERON AWARDS
8 108 - In Serial66 Chapters
Princess on the Loose [Completed]
Clarissa Marie Valdez, a daughter of a con man, was chosen by King and Queen Academy, a prestigious school full of princes, princesses', heirs, and heiresses. Why was she chosen? Who chose her? How could she get out? And most of all what are they hiding from her?
8 171

