《First Frost (Myanmar Translation)》Chapter 52
Advertisement
ဤတစ်ကြိမ်အလုပ်ကိစ္စခရီးအပြီးတွင် အရင်ရက်အနည်းငယ်အတွင်းရှိထားသည့်တရားဝင်နှစ်သစ်ကူးပိတ်ရက်ကို အစားထိုးပေးသည့်အနေဖြင့် ဌာနမှ ဝိန်းရိဖန်အား ပိတ်ရက်သုံးရက် ခွင့်ပေးခဲ့သည်။
ဝိန်းရိဖန်၏အစီအစဥ်မှာ သည်ပိတ်ရက်အတွင်း ကျုံးစစ်ချောင်နှင့်တွေ့ရန် စဥ်းစားထားပါသော်ငြား အိမ်မှုကိစ္စများတပုံတပင်ရှိနေခဲ့သည့်အတွက် အပြင်ထွက်လည်ချိန်ပင်မရလိုက်ချေ။ နှစ်ဖက်စလုံးကလည်း အလျင်လိုနေခြင်းမျိုးမရှိသဖြင့် အားလပ်မည့်အချိန်တစ်ခုတွင် ထပ်ချိန်းကြရန် ဆုံးဖြတ်လိုက်သည်။
ဝိန်းရိဖန်နှင့်စန်းရန်တို့ တွဲသွားကြသည့်ကိစ္စနှင့်ပတ်သတ်၍လည်း ကျုံးစစ်ချောင်က ခပ်ကြာကြာပင် အထူးအဆန်းလုပ်မနေဘဲ ဤကိစ္စက ဖြစ်သင့်သည့်ကိစ္စဟုပင်ကောက်ချက်ချနေသေးသည်။ ဝိန်းရိဖန်အတွက် ပျော်ရွှင်ပေးရင်း တစ်ကိုယ်တည်းသမားဘဝမှကျွတ်သွားသည့်အတွက် ထမင်းလိုက်ကျွေးရမည့်အကြောင်းကိုလည်း ပြောထားသေး၏။
ဝိန်းရိဖန်က ခပ်ပြုံးပြုံးလေးပင်။
သုံးရက်တာပိတ်ရက်ကာလမှာ မျက်စိတစ်မှိတ်စာအတွင်း ကုန်ဆုံးသွားခဲ့၏။
နှစ်သစ်ကူးပြီးသည့်နေ့မှစ အဆက်မပြတ်သည်းကြီးမည်းကြီးရွာနေသည့်မိုးကြောင့် နန်းဝူမြို့၏အပူချိန်မှာ ကိန်းဂဏာန်းတစ်လုံးထဲသာ ကျန်လေတော့သည်။ အစကတည်းက ရေခိုးရေငွေ့များကြား လေအေးရောနေသည့်ရာသီဥတုမျိုးဖြစ်ကာ အအေးဓါတ်ကို ထပ်လောင်းထည့်ပေးလာသည့်အခါတွင်တော့ လူတိုင်းလူတိုင်းမှာ အရိုးခိုက်ခိုက်တုန်အောင်အေးစိမ့်နေပါရော့၏။
တည်းဖြတ်ခန်းထဲ၌ တစ်နေ့လည်ခင်းလုံး အလုပ်လုပ်ပြီးနောက် ဝိန်းရိဖန်က ရုံးခန်းဆီသို့ပြန်လာခဲ့၏။ ကွန်ပြူတာကိုဖွင့် ၊ စားပွဲပေါ်ရှိပစ္စည်းများကို ရှင်းလင်းပြီး မနက်ခင်းရှိရေးလက်စ စာမူကြမ်းအား အဆုံးသတ်ပြီးလျှင် အလုပ်ဆင်းရန်လည်း ကြိုတွေးထားခဲ့သည်။
ထိုအချိန်တွင် အပြင်ဘက်မှ စုထျန်းပြန်ရောက်လာခဲ့၏။
မျက်ဝန်းထောင့်တစ်နေရာမှ ဖြတ်ခနဲလှမ်းမြင်နေခြင်းကြောင့် ဝိန်းရိဖန်က ခေါင်းမော့ကြည့်ရင်း နှုတ်ဆက်စကားဆိုလိုက်သည်။
နှစ်ယောက်သားမတွေ့ဖြစ်ကြသည်မှာ တစ်လနီးပါးပင် ရှိလေပြီ။
ဝိန်းရိဖန် ပေယွီမြို့မှပြန်လာသည့်နေ့တွင်ပင် စုထျန်းက အနီးအနားရှိမြို့တစ်ခုသို့ အလုပ်ကိစ္စခရီးဖြင့် စေလွှတ်ခံလိုက်ရသည်။ ဤအချိန်များအတွင်း လုပ်စရာအလုပ်များက သိပ်ကိုများလွန်းခဲ့ပြီး ရုံးတက်ချိန်မျိုးတွင် စကားစမြည်ပြောရန်အချိန်ပိုလေးပင်မရှိလောက်သည်အထိ သနားစရာကောင်းခဲ့ကြ၏။
စုထျန်းက စားပွဲပေါ်လှဲချလိုက်ကာ ပင်ပန်းနွမ်းနယ်နေသည့်အလား သက်ပြင်းချလိုက်သည်။
"ငါ့ကောင်လေးက ငါ့ကို စိတ်ဆိုးနေပြီ"
ဝိန်းရိဖန်က လှည့်ကြည့်ရင်း စိတ်ဝင်တစားနှင့်မေးလိုက်၏။
"ဘာဖြစ်တာလဲ"
စုထျန်း ;
"ဟိုတလောက 'ထုန်းရှီ'ရပ်ကွက်မှာ စီးပွားရေးစင်တာ အသစ်ဖွင့်လိုက်သေးတယ်လေ..နန်းဝူရဲ့ ပထမဆုံး ချားရဟတ်လေ..ငါ့ကောင်လေးက အစတည်းက အဲ့ဒါသွားစီးကြမယ်ဆိုပြီး ငါနဲ့ချိန်းထားတာ..ငါကလည်း အဲ့တုန်းက သဘောတူလိုက်တယ်"
"နောက်တော့ရော"
"နောက်တော့!..ဒီအစုတ်အပြတ်အလုပ်ကြီးကြောင့်မလို့ပေါ့!..ငါ သူ့ကိုထပ်ပြီးချိန်းထားတာဖျက်လိုက်ရပြန်တယ်လေ..အဲ့လောက်ထိတောင်တိုက်ဆိုင်ရလားဟာ!..ငါ အလုပ်ဆင်းခါနီးလေးကျမှ တစ်ယောက်ယောက်က ရေမြောင်းထဲပြုတ်ကျသွားသလိုပဲ!"
"...."
"သူ ငါ့ကို စစ်အေးတိုက်ပွဲခင်းနေတာ သုံးလေးရက်လောက်ရှိပြီ..ငါ ထင်တာသာမမှားရင် နောက်တစ်ခါချိန်းထားတာကိုထပ်ဖျက်လို့ကတော့ သူ ငါနဲ့လမ်းခွဲတော့မှာ အသေအချာပဲ"
ဝိန်းရိဖန်က ရယ်ချင်သလိုလိုဖြစ်လာရင်း
"နင့်ကောင်လေးကို ပြောပြလိုက်လေ..အလုပ်နဲ့ပတ်သတ်လာရင်တော့ ဘာမှမတတ်နိုင်ဘူးလို့..သူ နားလည်ပေးလောက်မှာပါ"
"အိုင်း...တစ်ခါ နှစ်ခါလောက်ဆိုရင်တော့ အဆင်ပြေတယ်လေဟာ"
စုထျန်းက အနည်းငယ်စိုးရိမ်နေသည့်ပုံမျိုးလည်းပေါက်သလို မကျေမနပ်ဖြစ်နေသည့်ပုံစံမျိုးလည်းဖြစ်၍
"အကြိမ်ရေတွေများလာရင်တော့ နားလည်နိုင်မှာမဟုတ်ဘူး..သူက ငါ့ကိုအလုပ်ပြောင်းဖို့တောင် လာပြောနေတာ..ငါတော့ စည်းရုံးသိမ်းသွင်းခံနေရပြီ"
ဤစကားကိုကြားလိုက်သည့်အခါ ဝိန်းရိဖန်က တစ်ခဏငြိမ်သွားပြီး သူမနှင့်စန်းရန်၏အလုပ်အကြောင်းကို တွေးကြည့်မိလိုက်၏။
နှစ်ဦးနှစ်ဖက်လုံး အတော်လေးအလုပ်များနေကြသည်ချည်းသာ။
သို့သော် ကံကောင်းစွာဖြင့် နှစ်ယောက်သားက အိမ်ခန်းအတူတူငှားနေနေသည့်အတွက် အိမ်ပြန်လာဖို့အချိန်မရှိသည့်ကိစ္စများမှလွဲလျှင် ကျန်နေသည့်အချိန်များအားလုံး ပုံမှန်အားဖြင့်နေ့တိုင်းတွေ့ကြရသေးသည်။
အလုပ်များနေကြသည့်ကြားက စိတ်ပြေလက်ပျောက်အားလပ်ချိန်လေးဟုဆိုလည်း မမှားပါပေ။
မကျေနပ်ချက်များထုတ်ပြောအပြီးတွင် စုထျန်းက တစ်ခုခုကိုသတိရသွားသည့်ဟန်ဖြင့် မေးမြန်းလာခဲ့၏။
"ဒါနဲ့..နင်နဲ့ နင့်ဘဲဘုရင်ကြီးရဲ့အခြေအနေရော ဘယ်လိုလဲ?"
စကားခေါင်းစဥ်က ရုတ်တရက်ကြီးပြောင်းသွားခဲ့သည့်အပြင် သူမအတွက် ရင်းနှီးလွန်းနေသည့်မေးခွန်းဖြစ်ကာ ဝိန်းရိဖန်တစ်ယောက် ထုံးစံအတိုင်း 'ကြိုးစားနေတုန်းပါပဲ' ဟုပင် ပြောထွက်လုနီးနီး။ နောက်တွင်မှ စကားတစ်ခွန်းမဆိုလိုက်ဘဲ ပြုံးရုံသာပြုံးပြလိုက်၏။ သူမ၏ဆိုလိုရင်းအဓိပ္ပါယ်မှာ သိသိသာသာပင်။
ဝိန်းရိဖန်၏အမူအရာကိုကြည့်ပြီး စုထျန်းက ချက်ချင်းနားလည်သွားခဲ့၍
"နင် ဘဲမိဖုရားခေါင်ကြီး ဖြစ်သွားပြီလား...."
"...."
ဝိန်းရိဖန် သီးလုနီးနီးပင်ဖြစ်သွားခဲ့၏။
"ဘာစကားကြီးလဲဟာ"
"ဘယ်လိုစကားဖြစ်ရဦးမှာလဲ..ဘုရင်ဆိုမှတော့ မိဖုရားခေါင်မြှောက်တာပဲ မဟုတ်ဘူးလား.."
စုထျန်းက ခပ်ပြုံးပြုံးဖြင့်
"ဘယ်အချိန်တုန်းက တွဲလိုက်ကြတာလဲ?..နင် ရှုံးလာမှာမဟုတ်မှန်း ငါ သေချာပေါက်သိနေပေမယ့်လို့ အခုလောက်ထိ မြန်မြန်ဖြစ်သွားလိမ့်မယ်လို့တော့ မထင်ထားဘူး"
ဝိန်းရိဖန်က အမှန်အတိုင်းဆိုလိုက်၏။
"၂ရက်နေ့က"
"၂ရက်နေ့?..နင် ပေယွီကနေ နန်းဝူကိုပြန်လာတဲ့နေ့မလား"
"ဟုတ်တယ်"
"အဲ့ဒီတော့ နင် ခရီးကပြန်ရောက်ပြီး သူနဲ့ချိန်းတွေ့လာတာလား"
ဝိန်းရိဖန်က မရှင်းပြတော့ဘဲ ပြုံးပြီးသာခေါင်းငြိမ့်လိုက်သည်။
"အားတဲ့ချိန်ကျရင် ငါနဲ့ မိတ်ဆက်ပေးဦး!"
စုထျန်းက 'ဘဲဘုရင်ကြီး'က အဘယ်လိုအဆင့်မျိုးဆိုသည့်အကြောင်းကို သိချင်လှသည့်အပြင် ထိုအမည်နာမက ဝိန်းရိဖန်လိုအလှလေးကိုယ်တိုင် သရဖူဆောင်းပေးထားခြင်း မဟုတ်လား။
"ငါလည်း အစ်ကိုအချောလေးကို ကြည့်ချင်တယ်"
"အင်း..အခွင့်သာရင် မိတ်ဆက်ပေးမယ်"
တစ်ချိန်တည်းဆိုသလို ဝိန်းရိဖန်၏ဖုန်းသံတစ်ချက်မြည်လာခဲ့သည်။
ခေါင်းငုံ့ကြည့်လိုက်လျှင်
စန်းရန် ; [ အလုပ်ဆင်းဖို့ ဘယ်လောက်ကြာဦးမလဲ ]
ဝိန်းရိဖန်က အလုပ်လည်းသိပ်မကျန်တော့သဖြင့်
[ ခဏလေးလောက်ပဲ ]
ဝိန်းရိဖန် ; [ နင်ရော? ]
စန်းရန် ; [ Overtime ]
သူ့စကားလုံးက မရှင်းမလင်းဖြစ်သွားခြင်းကြောင့်လားမသိ စက္ကန့်ပိုင်းအတွင်း မက်ဆေ့တစ်စောင်ထပ်ပို့လာခဲ့၏။
[ ဘား ]
ဝိန်းရိဖန် ; [ နင် ဒီနေ့အချိန်ပိုဆင်းစရာမလိုဘူးလား ]
စန်းရန် ; [ အခုလေးတင် အလုပ်ဆင်းလာတာ ]
နောက်တစ်စက္ကန့်တွင် စန်းရန်က အသံမက်ဆေ့တစ်ခုပို့လာခဲ့၏။
"အလုပ်ပြီးခါနီးရင် ကိုယ့်ကို လှမ်းခေါ်လိုက်..အပြင်ဘက်မှာ အေးတယ်..မထွက်လာခင် မာဖလာကိုသေချာပတ်ခဲ့..ကိုယ် ရောက်လာပြီးမှ အောက်ထပ်ကိုဆင်းလာ"
Advertisement
ဝိန်းရိဖန် ; [ ဟုတ်ပြီ ]
ဖုန်းကို ဘေးချထားလိုက်ပြီးနောက် ဝိန်းရိဖန်နှင့်စုထျန်းလည်း စကားစပြတ်သွားခဲ့သည်။ ကွန်ပြူတာကို တစ်ခဏလှမ်းကြည့်ပြီးနောက် လက်ချောင်းများက ကီးဘုတ်ပေါ်၌အမြန်ဆုံးပြေးလွှားလိုက်ကာ ချက်ချင်းဆိုသလို အလုပ်ကြမ်းပိုးအမူအရာမျိုး ဖြစ်သွားခဲ့၏။
စုထျန်းသည်လည်း အကြည့်လွှဲလိုက်ရင်း တိုက်တိုက်ဆိုင်ဆိုင် အပြင်မှပြန်လာသည့် မုချန်ယွင်ကို တွေ့လိုက်ရ၏။
မုချန်ယွင်က လက်ထဲတွင် စာရွက်စာတမ်းများကိုကိုင်ထားပြီး ကြည့်ရသည်မှာ အင်တာဗျူးပြီး ပြန်လာပုံရသည်။ သူတို့အနားမှဖြတ်သွားခါနီးတွင် ထုံးစံအတိုင်း ဝိန်းရိဖန်ရှိရာဘက်သို့ လှည့်ကြည့်သွားခဲ့သေးသည်။
ဤအချင်းအရာကြောင့် စုထျန်းက ဝိန်းရိဖန်အနားသို့ ပြန်ရောက်လာပြီး
"အေ့..ဟိုခွေးပေါက်လေးရော နင် ရည်းစားရသွားတာကိုသိပြီးပြီလား"
ဝိန်းရိဖန်က စန်းရန်ကိုအကြာကြီးစောင့်မနေစေချင်သည့်အတွက် အလုပ်လုပ်ရင်းသာပြန်ဖြေလိုက်၏။
"အင်း"
"အဲ့ဒါကြောင့်ကိုး..သူ့မျက်နှာပေါ်မှာ အချစ်ရှုံးသမားဆိုတဲ့စာတန်းကြီးကို မရေးထားရုံတမယ်ပဲ"
--------
အခြားတစ်ဖက်တွင်။
စန်းရန်က ဖုန်းကိုချထားပြီး ရေခဲရေတစ်ငုံအား ထပ်သောက်လိုက်သည်။
သူ့ဘေးတွင်မူ စုဟောက်အန်းက သူ့ချစ်မှုရေးရာအဖြာဖြာအတွေ့အကြုံများအား 'ယွိကျော'ကို လေကျယ်ပြနေလေသည်။ အချစ်ဇာတ်ဝင်ခန်းများတွင် နှစ်ပေါင်းများစွာပါဝင်ခဲ့ဖူးသည့် ဝါရင့်ဆရာသမားကြီးအသွင်ဖြင့် စကားပြောသည့်အခါ မေးတငေါ့ငေါ့ ;
"မိုက်တယ်မလား..ငါ စုဟောက်အန်း ဒီအသက်အရွယ်ထိအသက်ရှင်လာသမျှကာလမှာ ငါ မလိုက်နိုင်ခဲ့တဲ့မိန်းကလေးဆိုတာမျိုး မတွေ့ဖူးသေးဘူး"
ယွိကျောက ပိုင်ရှင်သူဌေးကို အားပေးအားမြှောက်လုပ်ကာ လက်မထောင်ပြ၍
"ဟောက်အန်းကောက အရမ်းမိုက်!"
"ဒါက ဘာမှမဟုတ်သေးပါဘူး..ငါ့ရဲ့ ဆွဲဆောင်မှုအားပြင်းနေတဲ့အဓိကအချက်ကကွာ အရပ်မြင့်၊ရုပ်ချော၊ရေလျှံ နေလို့မဟုတ်ဘူး.."
စုဟောက်အန်းက အားနာပါးနာပြုံးလိုက်၍
"ရိုးရိုးရှင်းရှင်းလေးဖြစ်တဲ့ ငါဆိုတဲ့ဒီလူရဲ့ ထင်ပေါ်ကျော်ကြားလွန်းတဲ့အကျင့်စရိုက်ကြောင့်ပဲ"
"...."
"လေကျယ်နေလိုက်တာ"
စန်းရန်က နှာတစ်ချက်မှုတ်လိုက်၍
"နောက်ဆုံးတော့လည်း ဦးထုပ်စိမ်းဆောင်းခံလိုက်ရတာပဲ မလား"
"...."
စုဟောက်အန်းက ပေါက်ကွဲထွက်လာသည့်အလား စန်းရန်အား လက်ညှိုးတထိုးထိုးဖြင့်
"ငါ-ိုး!..မင်းမေကြီးတော် ငါက ကြာကြာမတွဲချင်တာကွ ok?..ငါ့ဘက်ကပဲစပြီး လမ်းခွဲမယ့်အခြေအနေရောက်အောင် လမ်းကျောင်းပေးခဲ့တာကွ!..ဒါကိုက ငါ့ရဲ့ပြိုင်ဘက်မရှိ လူကြီးလူကောင်းအပြုအမူ!"
စန်းရန်က အာရုံစိုက်ရမည်ကိုပင် ပျင်းရိလွန်းလှပြီး ဘေးနားမှ ကုတ်အင်္ကျီအား လှမ်းယူပြီးဝတ်နေလိုက်၏။
"အေ့..ပြောရရင် ငါ သဘောအကျဆုံးကတော့ ငါ့ရဲ့ဆယ့်နှစ်ယောက်မြောက်တစ်ယောက်ပဲ"
စုဟောက်အန်းက တစ်ငုံသောက်ကာ သက်ပြင်းချ၍
"ချစ်စရာကောင်းလွန်းတဲ့တက္ကသိုလ်ကျောင်းသူလေးလေ..စကားပြောလိုက်ရင် ချိုမြလို့..ဝါဂွမ်းချိုချဥ်လေးအတိုင်းပဲ..ငါ လိုက်ပြီးသိပ်မကြာလိုက်ခင်ပဲ စိတ်မထိန်းနိုင်ဘဲ သူ့ကို နမ်းမိသွားတဲ့အချိန်"
စန်းရန်က ကုတ်အင်္ကျီအား အကျအနဖြစ်အောင်ဝတ်ပြီးသည့်အချိန်။
စုဟောက်အန်း ;
"လျှာပါမိသွားလို့"
"...."
"နောက်တော့..အဲ့နေ့ပြန်ရောက်ပြီးတဲ့ချိန် ငါ့ကို လမ်းခွဲမယ်လို့ပြောတော့တာပဲ.."
အမှန်တကယ် ခံစားနေပုံရသည့်စုဟောက်အန်းက အသံတို့ပါ အနည်းငယ်သိမ်ဝင်သွားခဲ့ပြီး
"ငါ့ကို မကောင်းတဲ့ကောင်တဲ့..ပထမဆုံးနမ်းတာကို လျှာပါထုတ်လာပါတယ်ဆိုပြီး အတွေ့အကြုံအရမ်းများမယ့် လူယုတ်မာတဲ့"
ယွိကျော ;
"အဲ့စကားက ဟုတ်လည်းဟုတ်တာပဲလေ..အစ်ကို အဲ့အကြိမ်တုန်းကနမ်းတာနဲ့ဆို တကယ်လည်း ဆယ့်နှစ်ကြိမ်မြောက်မဟုတ်လား"
စုဟောက်အန်းက ပြောထွက်လာမည့်စကားများနင့်ခနဲဖြစ်သွားပြီး စူးစူးဝါးဝါးစိုက်ကြည့်လာ၍
"သွားစမ်းကွာ..သွားပြီး အလုပ်လုပ်တော့"
ဤစကားအဆုံးတွင် စုဟောက်အန်းက စန်းရန်အား တဖန်ပြန်လှမ်းကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်ထက်မှ ကုလားအုတ်ရောင်ကုတ်အင်္ကျီကို သတိထားမိလိုက်ကာ မနေနိုင်အောင် စကားစမိလိုက်၏။
"မင်းရဲ့ ဒီအင်္ကျီက ဘယ်လိုဖြစ်နေတာလဲ..ကြည့်ရတာ မိန်းကလေးဆန်လိုက်တာ"
သည်စကားကြောင့် ယွိကျောပါ လှမ်းကြည့်လာ၏။
"အရမ်းမိုက်တယ်ဗျ"
ကပြောင်းကပြန်လိုက်ပြောခံနေရခြင်းကြောင့် စုဟောက်အန်း ဒေါသထွက်လာခဲ့ပြီး စီးကရက်ဘူးအခွံဖြင့်လှမ်းပေါက်လိုက်၍
"ဒီကောင်လေး အလုပ်မြန်မြန်သွားလုပ်စမ်းပါ!"
ယွိကျောက ချက်ချင်းပြေးထွက်သွားရင်း
"အေ့အေ့အေ့!..ကျွန်တော် သွားပါပြီဗျ!"
"မင်းရဲ့မရီးဝယ်ပေးထားတာ"
စန်းရန်က မနှေးလွန်းမမြန်လွန်း ၊ စကားသံမှာ လေတိုက်တော့မည့်အလားဖြင့်
"ကောင်မလေးက ငါ ဒီအရောင်ဝတ်တာကို မြင်ချင်တယ်ဆိုလို့"
"...."
စန်းရန်က ဖုန်းကိုကြည့်နေရင်း
"သွားပြီ..မင်းဘာသာမင်း ဒီနေရာမှာတစ်ယောက်တည်းဆက်ထိုင်ပြီး သောက်ကြီးသောက်ကျယ်တွေပြောရင်းနေခဲ့တော့"
"ဝေ့..မင်းနဲ့ မင်းရဲ့ရည်းစားက ဘယ်အဆင့်ရောက်နေပြီလဲ"
စန်းရန်က ပြန်မဖြေ။
"လူပျိုသိုးကြီး..ခုဏတုန်းက ငါ့အတွေ့အကြုံတွေကိုနားထောင်လိုက်ရတယ်မလား..တစ်ဆင့်ချင်းစီသွားဦးနော်"
စုဟောက်အန်း၏စကားသံက ရည်ရွယ်ချက်ရှိရှိလုပ်ပြနေသည့်အသံ ;
"မင်းရဲ့ဒီခွေးဒေါသကြီးကို လက်ခံထားနိုင်တဲ့ တစ်ယောက်တည်းသောရည်းစားလေးကို လန့်မပြေးစေနဲ့ဦး"
"အို့..ကျေးဇူး.."
စန်းရန်က အောက်နှုတ်ခမ်းကိုကွေးပြ၍
"ဒါပေမယ့်..."
"?"
"ငါ မင်းရဲ့ဒီအသုံးမဝင်တဲ့အကြံဥာဏ်တွေကို နားမထောင်ထားမိဘူး"
စုဟောက်အန်းက ဆွံ့အသွားသည့်ဟန််ဖြင့်
"မင်း ဘယ်အချိန်ကျမှ မင်းရဲ့ရည်းစားလေးကို ခေါ်လာပြီးမိတ်ဆက်ပေးမှာလဲ?..ရက်တွေတောင်ကြာနေပြီ..အဲ့လောက်ထိဖွက်ထားစရာလိုလို့လား..မင်းကိုယ်မင်း ယုံကြည်မှုမရှိတာတော့မဟုတ်ပါဘူးနော်..မင်းရည်းစားက ငါ့ကိုမြင်ပြီးကြိုက်သွားမှာ ကြောက်နေတာလား"
ဤစကားကိုကြားသည့်အခါ စန်းရန်၏ခြေလှမ်းများရပ်သွားပြီး စုဟောက်အန်းငုံ့ကြည့်ကာ အေးအေးလူလူဖြင့်မှတ်ချက်ပြုလိုက်၏။
"မင်း သောက်ကြီးသောက်ကျယ်တွေပဲ ပြောနိုင်တာပါကွာ"
------
နောက်ဆုံးအလုပ်အား အဆုံးသတ်ပြီးနောက် ဝိန်းရိဖန်က ကွန်ပြူတာကိုပိတ်ပြီး ဌာနထဲမှထွက်လာလိုက်သည်။ စန်းရန်ပြောထားသည့်စကားကို ပြန်တွေးရင်း အိတ်ထဲမှမာဖလာကို ထုတ် ၊ အသေအချာပတ်လိုက်၏။ ပထမအလွှာနားရောက်သည့်အချိန်တွင် ဖုန်းတုန်ခါသံမြည်လာခဲ့သည်။
စန်းရန် ; [ ရောက်ပြီ ]
ဝိန်းရိဖန်က 'အင်း' ဟု ပြန်စာပို့ပြီးနောက် တုံ့နှေးမနေတော့ဘဲ အဆောက်အဦးထဲမှအမြန်ထွက်လာလိုက်၏။ ဘေးပတ်လည်ကို ဝေ့ဝဲကြည့်လိုက်ရာ စန်းရန်၏ကားရော လူအရိပ်အယောင်ပါ မတွေ့သဖြင့် တဖန် ဖုန်းကိုထုတ်ပြီးကြည့်လိုက်ပြန်သည်။
Advertisement
ထိုအချိန်တွင် ဝိန်းရိဖန်၏ခန္ဓာကိုယ်အနောက်ဘက်၌ အရိပ်တစ်ခုဖြတ်ခနဲပေါ်လာခဲ့၏။
စန်းရန်က သူမ၏ဘေးနားသို့ ရုတ်တရက်ရောက်လာပြီး စကားအဖြစ်မေးလာခဲ့သည်။
"ဘာတွေကြည့်နေတာလဲ"
ဝိန်းရိဖန် အလိုလိုခေါင်းမော့မိလိုက်၏။ မြင်လိုက်ရသည်မှာ သူမပေးထားသည့်ကုလားအုတ်ရောင်ကုတ်အင်္ကျီကိုဝတ်ထားသောစန်းရန် ၊ သူမနှင့်စကားပြောမည့်အတွက်ကြောင့်လည်း သူက ခန္ဓာကိုယ်ကိုနည်းနည်းလေးကိုင်းထားကာ အမူအရာတို့က ပေါ့ပေါ့ပါးပါး ၊ မျက်နှာကျမှာမူ ကြည်လင်စူးရှပြီး ရုပ်ရည်၏ချောမောမှုသည် ထင်သာမြင်သာရှိလွန်းလှသည်။
ကုတ်အင်္ကျီမဝယ်ခင်တုန်းက ဝိန်းရိဖန်အနေဖြင့် ဤအရောင်မှာ အတော်လေးကိုနွေးထွေးလှသည့်အရောင်ဟု ထင်ခဲ့မိသေးသည်။ အစကထင်ထားခဲ့သည်မှာ အကယ်၍ သူသာဝတ်လိုက်လျှင် သူ၏တစ်လောကလုံးကိုမထီမဲ့မြင်ပြုတတ်သည့်အရိပ်အယောင်များက နည်းနည်းပါးပါးလျော့သွားလိမ့်မည်ဟူ၍။ ပုံမှန်ဆိုလျှင် လူတစ်ယောက်က အဝတ်အစားကို မှီပြီးရုပ်ထွက်ခြင်းဖြစ်ပါသည့်တိုင် သူ အဝတ်အစားဝတ်လိုက်သည့်အခါတွင်တော့ အဝတ်အစားကို ပိုမိုက်သွားအောင် ပြုလုပ်ပေးလိုက်သလိုပါပင်။
ဝိန်းရိဖန်၏အကြည့်များက သူ့ခန္ဓာကိုယ်ပေါ်၌သာ ကပ်ညှိနေပြီး သူမ၏အဝတ်အစားရွေးတတ်သည့်အရည်အချင်းက အတော်လေးကောင်းကြောင်းကိုလည်း ခံစားမိလိုက်ရသေး၏။ ရုတ်ချည်းဆိုသလို အောင်မြင်ချင်သည့်စိတ်များတဖွားဖွားပေါက်လာကာ အလုပ်ကြိုးစားလုပ်၍ပိုက်ဆံများများရှာပြီး သူ့အတွက် အဝတ်အစားများကို အရူးအမူးပြေးဝယ်ပေးချင်လာပါတော့သည်။
"ဘာလဲ?"
သူမ၏အမူအရာကို သတိထားမိသည့်စန်းရန်က မျက်ခုံးများပင့်ပြ၍
"မင်းကောင်လေး အရမ်းချောလို့လား"
ဝိန်းရိဖန် ပြုံးပြလိုက်ရင်း
"အင်း..ငါ့ကောင်လေး အရမ်းချောလို့"
"...."
ဤစကားကိုကြားလိုက်သည့်အခါ စန်းရန်၏အကြည့်များက အောက်သို့ဆင်းလာပြီး သူမ၏ပြုံးနေသည့်နှုတ်ခမ်းပါးအား စိုက်ကြည့်နေကာ တစ်ခဏအကြာတွင် သူပါ လိုက်၍ပြုံးလာခဲ့သည်။ လက်နှစ်ဖက်ကိုမြှောက် ၊ သူမ၏မာဖလာကို ပြန်ပြင်ပေးရင်း
"ဒါဆို များများပိုကြည့်ပေးပါဦး"
ဝိန်းရိဖန်က နေရာ၌သာရပ်နေရင်း အသာအယာခေါင်းမော့ကြည့်လိုက်သည်။
"Overtime ကနေ လာခဲ့တာလား"
"အင်း"
"နောက်ဆိုရင် နင့်သူငယ်ချင်းတွေနဲ့ ပျော်နေတဲ့အချိန်မျိုးဆို ငါ့ကို လာမကြိုလည်းရတယ်"
ဝိန်းရိဖန်၏ရည်ရွယ်ချက်မှာ နားလည်ပေးတတ်သည့်ချစ်သူကောင်မလေးတစ်ဦး ဖြစ်စေရေး ၊ ထို့ကြောင့် တလေးတနက်ဖြင့်
"ငါ့ဘာသာငါ ပြန်ရင်လည်းအဆင်ပြေတယ်"
စန်းရန် ;
"အဲ့ယောက်ျားရင့်မာအုပ်စုကြီးနဲ့နေနေရတာ ဘယ်နားကများ ပျော်စရာကောင်းမှာမလို့လဲ"
"...."
စန်းရန်က လမ်း၏တစ်ဖက်ခြမ်း၌ ကားရပ်ထားခြင်းဖြစ်သည်။
နှစ်ယောက်သားက ဘေးချင်းကပ်ရပ်ယှဥ်၍လမ်းလျှောက်နေကြကာ အလယ်တွင် ၂၀စင်တီမီတာနီးပါး အကွာအဝေးခြားနေပြီး နောက်ထပ်လူတစ်ယောက်ပင် ဝင်လာရပ်နေ၍ရသည်။ လမ်းမကြီးဘေးသို့ရောက်သော် နှစ်ဦးသားကရပ်ပြီး မီးနီမည့်အချိန်ကိုစောင့်နေ၏။
ဝိန်းရိဖန်က သူရှိသည့်ဘက်သို့လှမ်းကြည့်လိုက်ရင်း အကြည့်များက ဗလာကျင်းနေသည့်သူ့လက်ချောင်းများဆီသို့ ရောက်လာခဲ့သည်။
အကြည့်ပြန်လွှဲလိုက်ရင်း မာဖလာကိုပြန်ပြင်မည့်အမူအရာမျိုး ပြုလိုက်ကာ..
လမ်းဖြတ်ကူးသည့်အခါတွင်မှ..
သဘာဝကျကျနည်းလမ်းဖြင့် လက်ကို လှမ်းကိုင်ရန် တွေးထားလိုက်သည်။
ဝိန်းရိဖန်က မီးပွိုင့်ပေါ်မှ ရေတွက်ပြနေသည့်ကိန်းဂဏာန်းများကိုကြည့်နေပါသော်လည်း စိတ်အာရုံမှာတော့ ထိုနေရာ၌လုံးဝရှိမနေ။ သုံးစက္ကန့်သာကျန်တော့သည့်အချိန် သူမက နောက်တစ်ကြိမ် မျက်လွှာချလိုက်ရင်း ကိုယ့်ကိုကိုယ် စိတ်ခွန်အားပေးလိုက်၏။
သုံး။
နှစ်။
တစ်စက္ကန့်သာ လိုတော့သည်။
သို့သော် ဝိန်းရိဖန်၏လှုပ်ရှားမှုများ ဘာမှမပြုလိုက်ရခင်..
စန်းရန်က ရုတ်တရက် သူမ၏လက်ကောက်ဝတ်ကို ဆွဲယူလိုက်တော့၏။ သူက သူမကိုမကြည့်ဘဲ အရှေ့ကိုသာ တည့်တည့်ကြည့်နေပုံအရ လမ်းဖြတ်ကူးဖို့ရာ ဆွဲခေါ်သည့်ပုံပါပင်။ သူမကိုဆွဲထားသည့်ခွန်အားသည်ပင် ခပ်လျော့လျော့လေးသာ ဖြစ်၏။
ဝိန်းရိဖန်၏ခြေလှမ်းများက သူ့ထက်သေးသဖြင့် အနောက်ဘက်မှကပ်ပါသွားခဲ့၏။ သူမ၏လက်ကောက်ဝတ်ကို ကိုင်ထားသည့်စန်းရန်၏လက်ချောင်းများကို စိုက်ကြည့်နေမိရင်း ယခုလိုလေးကလည်း အတော်လေးကိုကောင်းမွန်ပါကြောင်း တွေးလိုက်မိသည့်အချိန် ၊ ထိုအခိုက်အတန့်တွင် စန်းရန်၏လက်ချောင်းများက ဖြေးဖြေးချင်း ၊ တစ်လက်မချင်း အောက်ဆင်းလာခဲ့သည်မှာ သူမ၏လက်ဖဝါးလေးနှင့် မထိမချင်း။
နောက်တွင်တော့ စန်းရန်က သူမ၏လက်အား သဘာဝကျကျတွဲကိုင်လိုက်ပါတော့သည်။
သူ့လက်ဖဝါးဟာ ခပ်ကြီးကြီးနှင့်နွေးထွေးလွန်းလှပြီး သူမ၏လက်ဖဝါးတစ်ခုလုံးကို ထွေးဆုတ်ထားနိုင်သည့် လျှပ်စစ်ဓါတ်တစ်မျိုးရှိနေပါသေးသည်။
ဝိန်းရိဖန်၏နှလုံးခုန်သံများ တဖြည်းဖြည်းမြန်ဆန်လာခဲ့ကာ အသိအာရုံအလုံးစုံက ဘယ်ဘက်လက်ဖဝါးပေါ်၌သာရှိနေပြီး ဦးနှောက်တစ်ခုက အလုပ်မလုပ်နိုင်ပါတော့ချေ။
ပထမဆုံးတွေးလိုက်မိသည့် အတွေးမှာ..
အရင်ဦး၍ အသားယူခံလိုက်ရပြီး..
သူမဘက်က တစ်စက္ကန့်နောက်ကျသွားခဲ့ရခြင်း။
---------
နှစ်ယောက်သားက ကားပေါ်တက်ပြီးနောက် ဝိန်းရိဖန် လုံခြုံရေးခါးပတ်ကိုပတ်လိုက်၏။
"ငါတို့ အခုပြန်တော့မှာလား"
စန်းရန်က လက်ကောက်ဝတ်မှနာရီကိုတစ်ချက်လှမ်းကြည့်၍
"တစ်ခုခုစားပြီးမှ ပြန်မယ်လေ"
ဝိန်းရိဖန် ; "အင်း"
စန်းရန် ကားစက်နှိုးလိုက်၏။
"ဘာစားချင်လဲ"
"ဘာပဲဖြစ်ဖြစ်ရတယ်"
"ဒါဆို အရင်ဆုံးစီးပွားရေးရပ်ကွက်တစ်ခုခုကို ရှာကြည့်ရအောင်"
ဤစကားကိုကြားသည့်အခါ ဝိန်းရိဖန်က စုထျန်းပြောထားသည့်စကားကို အမှတ်ရလိုက်၏။ စန်းရန်ရှိသည့်ဘက်သို့လှည့်ကြည့်ရင်း ချိတုံချတုံဖြင့်အကြံပြုလိုက်သည်။
" 'ထုန်းရှီ'ရပ်ကွက်ဘက်က အသစ်ဖွင့်ထားတဲ့စီးပွားရေးစင်တာဆိုရင်ရော"
စန်းရန်က အကြောင်းပြချက်ကိုမမေး ၊ 'အင်း' ဟုသာဆိုလာခဲ့သည်။
ဝိန်းရိဖန် ;
"ကြိုတင်ပြီးနေရာယူထားလိုက်မယ်နော်"
"...."
ဤစကားကိုပြောပြီးသည့်အခါ ဝိန်းရိဖန်က ပြတင်းပေါက်အပြင်ဘက်သို့လှမ်းကြည့်နေပြီး အမူအရာက ဘာဆိုဘာမှဝင်မပြောထားသည့်သူတစ်ယောက်နှယ်။
တစ်ခဏအကြာတွင်။
စန်းရန်၏ရယ်သံသဲ့သဲ့အား ဝိန်းရိဖန်ကြားလိုက်ရတော့၏။
ကားမောင်းသည့်ကြာချိန်မှာ နာရီဝက်။
ဤစီးပွားရေးစင်တာက နှစ်တော်တော်ကြာအောင် ဆောက်လုပ်ယူထားသည့်အဆောက်အဦးကြီးဖြစ်ပြီး မကြာသေးမီကမှ ဖွင့်ထားခြင်းဖြစ်သည်။ တည်နေရာက မြို့လယ်ခေါင်မဟုတ်သည့်အတွက် လူထူထပ်ခြင်း ၊ ယာဥ်ကြောပိတ်ဆို့ခြင်းမရှိ။ လက်ရှိ ညစာစားချိန်မျိုး၌ပင် စင်တာထဲ၌ လူသူသိပ်မများပေ။
ကောင်းကင်ကြီးမှာ လုံးလုံးလျားလျားအမှောင်ဖုံးနေလျက်။ စင်တာကြီးမှာ စုစုပေါင်းခြောက်လွှာရှိပြီး အပြင်ဘက်အောက်ခြေမှလှမ်းကြည့်လျှင် လေသာထပ်၌ရှိနေသည့် ချားရဟတ်ကြီးကိုလှမ်းမြင်နေရကာ ရောင်စုံမီးရောင်များက အချိန်နှင့်အမျှ အရောင်ပြောင်းရင်း တပျိုးပျိုးလက်လျက်။
ဤသည်မှာ နန်းဝူမြို့၏ ပထမဆုံးချားရဟတ်ကြီးဖြစ်ကာ ထိုချားရဟတ်ကြောင့်လည်း စီးပွားရေးစင်တာအား လူအများစိတ်ဝင်စားနေကြခြင်းဖြစ်သည်။
ဝိန်းရိဖန် ငေးစိုက်ကြည့်နေမိသည်။ ယခုလိုအပန်းဖြေကစားစရာမျိုးကြီးပေါ်၌ တစ်ခါမှမထိုင်ခဲ့ဖူးသလို စန်းရန်သည်လည်း ထိုချားရဟတ်ပေါ် လိုက်ချင်စိတ်ရှိမရှိ တွေးကြည့်နေမိကာ ၊ နောက်တစ်စက္ကန့်တွင် သူမ၏လက်ဖဝါးကို နောက်တစ်ကြိမ်ဆုတ်ကိုင်လာသည့်စန်းရန်ကြောင့် အတွေးများပျယ်လွင့်သွားရတော့သည်။
စန်းရန်က ခေါင်းစောင်းကြည့်လာပြီး
"ဘာစားကြမလဲ?"
ဝိန်းရိဖန် ကြောင်အမ်းမိသွားရင်း နှလုံးခုန်သံများလည်း မြန်ဆန်လာလေတော့သည်။ မျက်လွှာကိုအောက်စိုက်ထားရင်း သူ့လက်ဖဝါးအား ပြန်ထွေးဆုတ်ပစ်လိုက်၏။ နောက်တွင်တော့ စန်းရန်၏ဆုတ်ကိုင်ထားသည့်ခွန်အားဟာ သိသိသာသာလေးတင်းကြပ်သွားကြောင်း ခံစားလိုက်ရပါတော့၏။
ဝိန်းရိဖန် ခပ်တိုးတိုးသာပြန်ဖြေလိုက်၏။
"ပေါ့ပေါ့ပါးပါးပဲစားရအောင်"
စန်းရန်က ရေးရေးလေးပြုံးပြလာပြီး အရှေ့မှဦးဆောင်၍ခေါ်သွားတော့သည်။
"ရတယ်"
နှစ်ယောက်သားက ဒုတိယအလွှာရှိ အိမ်ချက်အရသာ စားသောက်ဆိုင်တစ်ဆိုင်အား ရွေးလိုက်ကြသည်။
မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့်စန်းရန်က မီနူးကို သူမရှေ့သို့ တိုးပေးလာ၍
"ဘာစားချင်လဲ ကြည့်ကြည့်"
ဝိန်းရိဖန်က လှမ်းယူပြီး စာရွက်တစ်ချို့လှန်လှောရင်း
"နင်ရော?"
"အားလုံးအဆင်ပြေတယ်"
"နင်..."
ဝိန်းရိဖန်က အရင်တစ်ခေါက် စန်းရန်ကိုညစာဖိတ်ကျွေးဖူးသည့်ကိစ္စအား မဆီမဆိုင်တွေးကြည့်မိလိုက်၏။ ဝိန်းရိဖန်က အမှာစာရွေးရန် ဘောပင်ကိုလှမ်းယူ၍
"အရမ်းအစားရွေးတယ် မဟုတ်ဘူးလား"
စန်းရန် ;
"အို့..အခုမဟုတ်တော့ဘူး"
ဝိန်းရိဖန်သည် သူ့အား လှမ်းကြည့်လိုက်ရင်း သူတို့နှစ်ဦး 'Overtime' ဘား၌ ပထမဆုံးပြန်တွေ့ကြသည့်အချိန် အဘယ်ကြောင့် မသိချင်ယောင်ဆောင်နေသည့်အကြောင်းကို မေးမြန်းချင်လာမိသည်။ သို့သော်လည်း တွေးကြည့်မိနောက်တွင်တော့ အကြောင်းပြချက်ကို ခပ်ရေးရေးခန့်မှန်း၍ရနေသည်ပင်။
နှစ်ယောက်သားက တစ်နှစ်နီးပါး အတူတူနေခဲ့သေးကြသည်လည်း မဟုတ်လား။
ဝိန်းရိဖန်က စန်းရန်ကြိုက်တတ်သည့်ဟင်းပွဲတစ်ချို့ကို မှာလိုက်ပြီးနောက် မီနူးအား စန်းရန်ထံလှမ်းပေးလိုက်သည်။
စန်းရန်က တစ်ချက်လှမ်းကြည့်ပြီးနောက် ဝိန်းရိဖန်ဆီသို့ တဖန်ပြန်ကြည့်လာကာ မျက်ခုံးပင့်ပြလာခဲ့၏။ နောက်တွင် သူသည်လည်း ဘောပင်ကိုလှမ်းယူကာ နှစ်ချက်ခြစ်လိုက်ပြီး စားပွဲထိုးကိုလှမ်းခေါ်လိုက်သည်။
ပထမဆုံးရောက်လာသည့်ဟင်းပွဲမှာ ဝိန်းရိဖန်မှာထားသည့်ဟင်းပွဲမဟုတ်ဘဲ သူမ ကြိုက်တတ်သည့်အစားအစာ။
ဝိန်းရိဖန် မျက်တောင်တစ်ချက်ခတ်မိသွားခဲ့၏။
ညစာစားပြီးနောက် နှစ်ယောက်သားက ပြန်ဖို့အလျင်မလို။
Advertisement
- In Serial1203 Chapters
The Days Of Being In A Fake Marriage With The CEO
No one is optimistic about the marriage between the most respectable man in Yun Cheng and the most disfavored daughter of the Mu family.
8 1386 - In Serial41 Chapters
A Sheep Among Wolves
When Leah is gifted with an abusive mate, you'd think she would give up on werewolves altogether. But a new experience opens her mind and heart to pack life. Can she thrive as a human member of a wolf pack?Or will she be in constant danger?_____________________________"My experience with your people gives me absolutely no confidence in that statement." I say cheekily and I swear the corner of his lip almost quirks up. "Understandable. I just want to understand why you, a human, were locked in a cell on wolf pack lands." He says evenly and I cross my arms over my chest, averting my gaze. "Because Alpha Asshole was supposedly my mate." I say quietly and his brow quirks in surprise."I was not expecting that." He murmurs more to himself and I can't help but bark out a laugh."Yeah. Me either."Cover made by @ViaAlyssaNicole
8 223 - In Serial25 Chapters
The Diablarist King
Years ago I had my revenge, and reclaimed my kingdom from the Usurper who murdered my father. Edeva Delsor, his only daughter, managed to escape me. When she is found nearly twelve years later, I agree to marry her rather than execute her. But the moment our eyes meet on our wedding day, I realize I want her more than anything else, even my own crown. I must tread lightly though. She isn't like me. She is kind, gentle, merciful and giving. I am cruel and dangerous, especially with my dark powers, and the demon in my head who wants her as much as I do. But we will fight to protect her from those who seek to bring her harm. I will use dark magic if I must. She is mine. She is ours.
8 111 - In Serial41 Chapters
THE ALPHA AND HIS UNWANTED MATE Kim Taehyung ff
Kim Taehyung the strongest and the most powerful Alpha of the Shadow pack. Who's waiting for his mate.Y/N an omega who's treated badly and has a devastating and painful past. What would happen when THE ALPHA discovers that the girl he hates the most is his mate. How would this Love and Hate Journey continue? Will they Love each other or Will they Hate each other for eternity?⚠️ TRIGGER WARNING ⚠️This is just a fictional story, the characters and their personalities as shown in the story are just imaginary. This story contains harsh language, abuse, violence that may be traumatising to some readers, I DO NOT aim to harm anyone in anyways. THANK YOU! : )
8 388 - In Serial48 Chapters
King of the Alphas
#1 in Luna 11.16.2018#1 in Romantic 3.7.2019#1 in Suspense 4.8.2019{Completed}Summary:Charlotte Woods finds herself in a life or death situation. After war breaks out on her territory, she seeks survival, but unknowingly runs onto Royal Territory. Kayden Giordano is the Alpha King. He is protective and sometimes overbearing, which may come across as attractive to some people. But to Charlotte, hell is bound to break loose. Two stubborn mates is never a good combination. But could this be an exception?Read to find out more.UNDER EDITING!!!----Enjoy! Feel free to comment and vote!I love you all!-A.J.
8 427 - In Serial39 Chapters
Beautiful Mess (MxM)
ALPHA KING LUCIO:The only living hybrid.A beast.He is the king of all supernatural creatures.Centuries and centuries he longed and search for his mate.His beasts howling for their other half.One meeting changes his life.ALPHA ROSCIO:He doesn't have the "body" or "skills" to be an Alpha,that's what people say.But they pee themselves when they see his shadow.He doesn't want a mate,doesn't even dream of having one.A meeting turns his world upside down.This is a powerful paranormal romance between two scarred and lost souls.Read about these Alphas and found out how they fight battles coming their way with a new bond that has so many frightened to death in Beautiful Mess.
8 168

