《First Frost (Myanmar Translation)》Chapter 51
Advertisement
ကသိကအောက်နိုင်သည့် ရှက်ရွံ့မှုလေးအပြီးတွင် ဝိန်းရိဖန်က စိတ်အခြေအနေကို အမြန်ဆုံးထိန်းညှိလိုက်နိုင်သည်။ သူမအတွက်တော့ ထိုစကားလုံးများက ထုတ်ပြောမရသည့်စကားမျိုး မဟုတ်ပါသဖြင့် အသာအယာခေါင်းငြိမ့်ပြရင်း လက်ခံလိုက်၏။
"ကြားဖူးတယ်'"
စန်းရန်က သူမအား ခေါင်းသဲ့သဲ့စောင်းပြီး ကြည့်နေ၏။
"ငါ ပြောထားတဲ့စကား"
"...."
ဤဟိုတယ်က လမ်းကြိုလမ်းကြားမျိုး၌ရှိခြင်းဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခွင်တွင် ဆိုင်များ သိပ်မရှိလှ။ မျက်နှာချင်းဆိုင်တွင်တော့ မနက်စာရောင်းသည့်ဆိုင်တစ်ဆိုင်ရှိပြီး လက်ရှိအချိန်တွင် ဆိုင်ထဲ၌ လူအပြည့်ရှိကာ များသောအားဖြင့် ဤပတ်ဝန်းကျင်မှလူများသာ ဖြစ်သည်။
လေးယောက်သားက ရိုးရိုးရှင်းရှင်းမနက်စာမျိုးကိုသာ မှာစားခဲ့ကြပြီး စားပြီးသည်နှင့် စတင်ထွက်ခွာခဲ့ကြသည်။
ကားက ဟိုတယ်နှင့် အနီးဆုံးနေရာ၌ ရပ်ထားပြီး မီတာ ၅၀ခန့်သာ လှမ်းသည်။
ချန်ဝေ့ဟွာသည် အသက်အရွယ်တစ်ခုစာ အိုမင်းနေပြီဖြစ်ကာ သူ့ခန္ဓာကိုယ်က သည်အတောအတွင်းပြေးလွှားထားရသည့်ဒဏ်များကို အမှန်တကယ်မခံနိုင်ပါတော့ပေ။ လွန်ခဲ့သည့်ရက်များကတည်းက ခါးနာနေခဲ့ပြီး အိပ်ရေးလည်းပျက်ခဲ့ရသေးသည်။
မုချန်ယွင်က ယာဥ်မောင်းခွင့်လိုင်စင်မရသေး။ ထို့ကြောင့် ယနေ့ကားမောင်းရမည့်သူမှာ ဝိန်းရိဖန်ဖြစ်ကြောင်း မနေ့ညကတည်းက သဘောတူလက်ခံပြီးသား ဖြစ်၏။
ယာဥ်မောင်းချိန်က သုံးနာရီမျှသာကြာမည်ဖြစ်သည့်အတွက် ဝေးလွန်းသည့်အခြေအနေမျိုးမဟုတ်။ လမ်းတစ်လျှောက်လုံးတွင် အခြားနှစ်ယောက်က အနားယူခဲ့ကြပြီး အရှေ့ခုံ၌ထိုင်သည့် စန်းရန်ကသာ သူမအား မကြာမကြာစကားပြောနေခဲ့သည်။
နန်းဝူမြို့သို့ရောက်ချိန်တွင် ဝိန်းရိဖန်က အရင်ဦးဆုံး စန်းရန်အား အိမ်ရာ၏ဂိတ်ပေါက်ဝ၌ချပေးခဲ့ကာ နောက်မှ ဌာနသို့ မောင်းလာခဲ့သည်။
ကားပါကင်ထိုးပြီးချိန်တွင်တော့ သုံးယောက်သားက ကားပေါ်မှဆင်းပြီး ပစ္စည်းများကိုသယ်ကာ အဆောက်အဦးဆီသို့ လျှောက်လာခဲ့ကြ၏။ ချန်ဝေ့ဟွာက အရှေ့မှလျှောက်ထွက်နှင့်သွားပြီး မည်သူနှင့်ဖုန်းပြောနေခြင်းကိုတော့ မသိပါပေ။
ကျန်နေခဲ့သည့်အနောက်ဘက်တွင်မူ သိပ်မကြာလိုက်ပါဘဲ မုချန်ယွင်က လှမ်းခေါ်လာခဲ့၏။
"ရိဖန်ကျဲ"
ဝိန်းရိဖန် ဘေးသို့လှည့်ကြည့်လိုက်၏။
"ဘာလဲ?"
မုချန်ယွင်က အချိန်တစ်ခုစာ တိတ်ဆိတ်နေပြီး သူ့စကားသံက မယုံကြည်နိုင်သည့်အရာတစ်ခုကို သေချာအတည်ပြုလိုသည့်အလားသဏ္ဍာန်။
"အစ်မက စီနီယာအစ်ကိုစန်းနဲ့ တွဲနေတာလား"
စန်းရန်အား ရုတ်တရက် ကားပေါ်ခေါ်လာသည့်ကိစ္စနှင့်ပတ်သတ်ပြီး ဝိန်းရိဖန်အနေဖြင့်လည်း သူတို့နှစ်ယောက်ကြားရှိဆက်ဆံရေးကို ပြောင်ပြောင်တင်းတင်းထုတ်ပြောပြလိုက်ရန် ရှက်မိနေသေးသည်။ အခြားသူများ၏အမြင်တွင် သူမက အလုပ်နှင့်ကိုယ်ရေးကိုယ်တာကို မခွဲခြားနိုင်ဘဲ အလုပ်ကိစ္စထက် ရည်းစားထားဖို့ ရောက်လာသည်ဟု တလွဲထင်မြင်သွားမည်ကို စိုးရိမ်ပါသေးသည်။
သို့သော် အသေအချာစဥ်းစားကြည့်မိလိုက်သည့်အခါတွင်တော့ အပြန်လမ်း၌ စန်းရန်ကို ခေါ်လာသည်ကလွဲလျှင် ဝိန်းရိဖန်သည် ဤအလုပ်ကိစ္စခရီးတစ်လျှောက်လုံး နှောင့်နှေးအောင် ဘာမှမလုပ်ထားပါပေ။
သည့်ထက်အပြင် ဖုံးကွယ်ထားစရာအကြောင်းအရင်းလည်း မရှိသဖြင့် ဝိန်းရိဖန်က ခေါင်းငြိမ့်ပြလိုက်၏။
"အင်း"
မုချန်ယွင်က တစ်ခဏကြာကြာတိတ်ဆိတ်သွားခဲ့ပြီးမှ ပြုံး၍စကားပြန်ဆိုလာခဲ့သည်။
"အဲ့လိုလား"
စုထျန်း၏သတိပေးစကားများအပြင် မုချန်ယွင်၏အပြုအမူတို့ကြောင့် ဝိန်းရိဖန်က သူ့အတွေးတို့အား မြင်နေနိုင်သည်ဟု ယူဆ၍ရမည်။ သို့သော် နှစ်ယောက်သားက များသောအားဖြင့် အဆက်အဆံသိပ်မလုပ်ကြသလို မုချန်ယွင်ကလည်း ပေါ်တင်ထုတ်ဟပြောလာခြင်းမျိုးမရှိသဖြင့် သူမကိုယ်တိုင်ကပါ စိတ်ထဲသိပ်မထည့်ခဲ့၏။
ဝိန်းရိဖန် သက်ပြင်းရေးရေးချလိုက်မိ၏။
ဤအချိန်၌ ဤကိစ္စအား အပွင့်လင်းဆုံးပြောပြထားခြင်းကသာ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မည်။
ဌာနသို့ရောက်လာသည့်အချိန်။
ဝိန်းရိဖန်က အခြားသူများကို နှုတ်ဆက်ပြီးနောက် အချက်အလက်များကိုဖတ်ကာ စတင်ပြီး စာမူရေးရတော့သည်။ အပြီးသတ်ရမည့်အလုပ်များကို တတ်နိုင်သမျှအမြန်ဆုံးဆောင်ရွက်ကာ လတစ်ဝက်နီးပါးအလုပ်လုပ်နေရသည့်အချိန်ပိုကာလကြီးကို အဆုံးသတ်၍ အိမ်ပြန်ပြီးအနားယူချင်လှပြီ။
အလုပ်ဆင်းခါနီးအချိန်တွင်တော့ ဝိန်းရိဖန်က စန်းရန်ထံမှ မက်ဆေ့တစ်စောင်ရလိုက်ကာ သူမအား အလုပ်ဆင်းမည့်အချိန်ကို မေးထားခြင်းဖြစ်သည်။ အချိန်ကိုတစ်ချက်ကြည့်ပြီးနောက် ခန့်မှန်းချေတွက်၍ စာပြန်လိုက်သည်။
[ ၇နာရီဝန်းကျင် ]
ဝိန်းရိဖန် ; [ ဘာဖြစ်လို့လဲ ]
နောက်တစ်စက္ကန့်တွင်။
စန်းရန်က အသံမက်ဆေ့တစ်စောင် ပို့လာခဲ့၏ ၊ အသံမှာ ခပ်နှေးနှေးကွေးကွေး။
"မင်းကို ပြောစရာတစ်ခုရှိတယ်"
သုံးစက္ကန့်ကြာပြီးချိန်၌ နောက်ထပ် အသံမက်ဆေ့တစ်ခု။
"မင်းရဲ့ကောင်လေးက မင်းကို လာကြိုမလို့"
အလုပ်များကို အပြီးသတ်ပြီးနောက် ဝိန်းရိဖန်က ပစ္စည်းပစ္စယများကိုသိမ်းဆည်းထုတ်ပိုးပြီး ဌာနထဲမှ ထွက်လာခဲ့သည်။ တစ်ချက်ကြည့်စာအတွင်း မလှမ်းမကမ်းတွင်ရပ်ထားသည့် စန်းရန်၏ကားကို မြင်လိုက်ကာ အနားသို့အမြန်လျှောက်သွားလိုက်ပြီး အရှေ့ခန်း၌ဝင်ထိုင်လိုက်သည်။
စန်းရန်က ခန္ဓာကိုယ်ထက်ရှိ အဝတ်အစားများလဲပြီးဖြစ်ကာ နေ့လည်ခင်းအနားယူထားခြင်းကြောင့်လည်း လက်ရှိအချိန် ၌တော်တော်လေး စိတ်လက်ခန္ဓာကြည်လင်နေ၏။
စန်းရန်က ဘာအတွက်ကြောင့်ရောက်လာမှန်း မသိသဖြင့် ဝိန်းရိဖန်က အမေးတစ်ခုပြုလိုက်၏။
"ငါတို့က အခု ဘယ်သွားမလို့လဲ"
"အိမ်ပြန်မှာ"
စန်းရန်က သူမအား အကြည့်မလွဲတမ်း လိုက်ကြည့်နေသဖြင့် ဝိန်းရိဖန်က တဖန်ပြန်ကြည့်လိုက်၍
"ဘာဖြစ်လို့လဲ"
နောက်ထပ် အချိန်တစ်ခုစာငြိမ်သက်နေမှု။
စန်းရန်က စကားမဆိုဘဲ ရုတ်တရက် သူ့လုံခြုံရေးခါးပတ်ကိုဖြုတ်လိုက်ပြီး သူမအား လုံခြုံရေးခါးပတ်ပတ်ရန် အနားသို့တိုးကပ်လာခဲ့သည်။ သူ့မျက်နှာမှာ လက်တစ်ဖဝါးစာ အကွာအဝေးသာ ခြားနားလေပြီး ခါးပတ်ပတ်ပေးပြီးသည့်တိုင် ချက်ချင်း နောက်ပြန်ဆုတ်သွားခြင်းမရှိ ၊ ထိုအနေအထား ထိုအကွာအဝေးဖြင့် စကားဆုံးအောင်ပြောလာလေသည်။
"မင်း ကိုယ့်ကို ပေးစရာလက်ဆောင် အကြွေးတင်နေသေးတယ်လေ"
ဤအကွာအဝေးမှာ တစ်ဦး၏အသက်ရှုငွေ့များကို တစ်ဦး ခံစားမိသည်အထိ။
ဝိန်းရိဖန်က အလိုလို အသက်ရှူအောင့်လိုက်မိ၍
"နင်ပဲပြောတော့ လက်ခံရရှိပြီးပြီဆို"
စန်းရန်က မျက်ခုံးတစ်ချက်ပင့်ပြလာ၏။
ဝိန်းရိဖန် ;
"ဒါဆို ငါ အဲ့လက်ဆောင်ကို သိမ်းထားပြီး နောက်နှစ်ကျမှပဲ ပေးတော့မယ်လေ"
"ကိုယ် အဲ့ချိန်တုန်းက မင်းကိုမျက်နှာသာပေးချင်လို့ နားထောင်လို့ကောင်းမယ့်စကားမျိုးပြောလိုက်ရုံပဲ.."
စန်းရန်က မျက်ခုံးကို သိသိသာသာထပ်ပင့်ပြလာပြီး ရှည်လျားထွေပြားသောအသံမျိုးဖြင့်
"တကယ့်တကယ် ဘယ်သူကမှ လက်ဆောင်ရသွားတဲ့တစ်ယောက်ဆိုတာကို မင်း မသိလို့လား?"
"ငါထင်တာတော့..."
Advertisement
ဝိန်းရိဖန်က အလေးအနက်တွေးကြည့်လိုက်ရင်း အနည်းငယ်လည်းရယ်ချင်လာမိ၍
"ငါတို့နှစ်ယောက်..တစ်ယောက်တစ်ဝက်စီပါပဲ"
"...."
"နမ်းမိပြီးတဲ့ချိန်..."
ပြောထွက်လာမည့်စကားတစ်ချို့အတွက် ဝိန်းရိဖန်က အနည်းငယ်ရှက်မိသော်လည်း မနေ့ညတုန်းကအခြေအနေကိုတော့ အလေးအနက်ပြန်လည်သုံးသပ်ပြပါဦးမည်။
"နင်လည်း အရမ်းပျော်သွားတဲ့ပုံပါနော်"
စန်းရန်က သူမကိုသာ ကြည့်နေပြီး ထပ်၍ငြင်းမခုံလာတော့ပေ။ သူ့အကြည့်များက တရွေ့ရွေ့နှင့်အောက်သို့ဆင်းလာပြီး သူမ၏နှုတ်ခမ်းတစ်စုံထက်၌ အခြေချလိုက်၏။ စက္ကန့်ပိုင်းကြာပြီးနောက်တွင် ခပ်မတ်မတ်ပြန်ထိုင်လိုက်ကာ ကားစက်နှိုးလိုက်၍
"ဟုတ်ပါပြီ"
"အမ်?"
စန်းရန်က ခပ်တည်တည်ဖြင့်
"ကိုယ် ဝန်ခံတယ်"
-----
ဤအချိန်ကျမှ အိမ်ပြန်ပြီးညစာချက်နေလျှင် ညစာစားချိန်မှာ အတော်လေး နောက်ကျတော့မည်။
အနီးအနားရှိစားသောက်ဆိုင်တစ်ခုအရောက်တွင် စန်းရန်ကကားရပ်ပြီး ညစာတစ်ချို့ဝယ်လိုက်ကာ နှစ်ယောက်သားက အိမ်ပြန်လာကြသည်။
အိမ်နှင့်ဝေးနေခဲ့သည်မှာ လတစ်ဝက်ကျော်ကျော်ရှိခဲ့ပြီး အိမ်အခြေအနေမှာတော့ သူမ ထွက်လာခဲ့သည့်အချိန်ကနှင့် မခြားမနား။ ပစ္စည်းများက မူလနေရာ၌သာရှိပြီး သပ်သပ်ရပ်ရပ်နှင့်သန့်သန့်ရှင်းရှင်း။ ဝိန်းရိဖန်က ညစာစားပြီးသည်နှင့် ချက်ချင်းအိပ်ရာဝင်ရန်တွေးထားပြီး ၊ ညစာစားဖို့ရာ ထိုင်မိရုံလေးရှိသေး ၊ စန်းရန်က သူမအား ရုတ်ချည်းဆွဲမလိုက်လေသည်။
ဝိန်းရိဖန် ကြောင်အမ်းအမ်းနှင့် သူ့အား မော့ကြည့်မိလိုက်၏။
စန်းရန် ;
"မင်း တစ်ခုခုကို မေ့နေသလားလို့"
"...."
ဝိန်းရိဖန်က ချက်ချင်းအမှတ်ရလိုက်ကာ သေသေချာချာမတ်တပ်ထရပ်ပြီး အိပ်ခန်းဆီသို့လျှောက်လာလိုက်၏။
"နင် ခဏလေးစောင့်"
အိပ်ခန်းထဲဝင်ပြီးနောက် ဝိန်းရိဖန်က အဝတ်ဘီဒိုကိုဖွင့် ၊ ထိပ်ဆုံး၌ တင်ထားသည့်အိတ်တစ်ခုအား ဆွဲယူလိုက်သည်။ အတွင်းထဲသို့တစ်ချက်ဖွင့်ကြည့်ပြီး စန်းရန် သဘောကျမကျကိုမသိ၍လည်း အနည်းငယ်စိုးရိမ်မိသေး၏။
ဝိန်းရိဖန်က ထမင်းစားပွဲနားသို့ပြန်လျှောက်လာပြီး အိတ်ကိုလှမ်းပေးလိုက်သည်။
စန်းရန်က လှမ်းယူကာ တစ်ချက်ကြည့်ရင်း
"အဝတ်အစား?"
ဝိန်းရိဖန် ;
"အပေါ်ထပ်ကုတ်အင်္ကျီ"
စန်းရန်က မျက်လွှာချရင်း အိတ်ထဲမှ ထုတ်ကြည့်လိုက်၏။
ကုလားအုတ်ရောင်(အညိုနု) ကုတ်အင်္ကျီအရှည်တစ်ထည်။
ဖြစ်နိုင်သည်မှာ ယခုလိုအရောင်မျိုးကို တစ်ခါမှမဝတ်ဖူးသောကြောင့်လားမသိ ၊ စန်းရန်က တစ်ခဏကြာကြာစူးစိုက်ကြည့်နေပြီးမှ
"ဘာလို့ ဒီအရောင်ကို ဝယ်ထားတာလဲ?"
ဝိန်းရိဖန်က သူ့အမူအရာကို အကဲခတ်နေရင်း
"ငါ့အထင်မှာတော့ နင်နဲ့တော်တော်လေးလိုက်လို့လေ"
ချက်ချင်းဆိုသလိုလည်း စကားထပ်ပေါင်း၍ဆိုလိုက်၏။
"ပြီးတော့ နင် ဒီလိုအရောင်မျိုးဝတ်တာ တစ်ခါမှမတွေ့ဖူးသေးလို့"
သေချာပေါက် စန်းရန်က အနက်ရောင်ကို ပို၍သဘောတကျဝတ်စားတတ်မှန်း သိသော်ငြား ဝိန်းရိဖန်အနေဖြင့် အခြားအရောင်များ ဝတ်စားထားသည်ကိုလည်း ရံဖန်ရံခါမြင်ဖူးချင်ပါသေးသည်။
သူမ ဝယ်ပေးသည့်လက်ဆောင်က စန်းရန်အတွက် အဆင်ပြေမပြေကို မသိသည့်အတွက် စိတ်မသက်မသာဖြင့်
"တကယ်လို့ နင်မကြိုက်ဘူးဆိုရင်..ငါ နောက်ထပ်လက်ဆောင်တစ်မျိုး ထပ်ပေးရမလား"
စန်းရန်က ပြုံးပြလာခဲ့၍
"ကိုယ် ဘယ်အချိန်တုန်းက မကြိုက်ဘူးလို့ပြောလိုက်လို့လဲ"
"...."
"ဒီနှစ်မှာ ရထားတဲ့ လက်ဆောင်တွေကမနည်းဘူး..စိတ်ကျေနပ်စေတာကို အဆင့်သတ်မှတ်ရရင်..."
စန်းရန်က အရေးပါသည့်မှတ်ချက်မျိုးမပြုခင် တစ်ခဏစကားပြောရပ်လိုက်သည့်အလား ရည်ရွယ်ချက်ရှိရှိငြိမ်သွားခဲ့ပြီးမှ
"ဒီတစ်ခုက ဒုတိယ"
ဝိန်းရိဖန် ;
"အာ..ပထမက ဘာလဲ"
"ပထမ?"
စန်းရန်က တိုက်ရိုက်မပြောဘဲနှင့်
"မနေ့က ရထားတာ"
"...."
မနေ့က?
မနေ့က စန်းရန်၏မွေးနေ့ရက်ဖြစ်သဖြင့် လက်ခံရရှိသည့်လက်ဆောင်များမှာ တကယ်လည်းနည်းမည်မဟုတ်။
သူမဘက်က မွေးနေ့ကိတ်တစ်လုံး ပို့ပေးခဲ့ပြီး..
နှစ်ယောက်သားက မနေ့ကမှ သမီးရည်းစားဆက်ဆံရေး စတင်ထားခြင်း။
သည့်ထက်အပြင် စန်းရန်၏စကားအရ နှုတ်ခမ်းချင်းထိသွားသည့် အနမ်းကိုလည်း လက်ဆောင်စာရင်းထဲ ထည့်တွက်၍ရသည်ပင်။
ဝိန်းရိဖန်သည် သူမနှင့်သက်ဆိုင်မှုရှိမရှိကို မသေချာပါသည့်တိုင် အဖြေကိုလည်းကြားချင်နေသည့်အတွက် နောက်တစ်ကြိမ်ထပ်မေးမိလိုက်သည်။
"ဘာလဲလို့.."
စန်းရန်က သူမအား ခန့်မှန်းခိုင်းလာခဲ့၏။
"မင်း ဘယ်လိုထင်လဲ?"
စန်းရန်က အခြားဘယ်လိုလက်ဆောင်မျိုးများကို လက်ခံရထားမှန်း သူမ မသိ ၊ အခြားလက်ဆောင်များသည်လည်း တန်ဖိုးကြီးကောင်းကြီးနိုင်သည်ကို တွေးမိရင်း ထိုအနမ်းတစ်ပွင့်အား လက်လွတ်စပယ်ဖြင့် ပထမနေရာအဖြစ် မသတ်မှတ်ရဲ။ အရင်ဦးစွာ သူမအရှေ့တွင်ရှိနေသည့် အိတ်ခွံအား လှမ်းယူလိုက်ရင်း
"ဒါဆို ငါ အရင်ဆုံးခန့်မှန်းကြည့်လိုက်ဦးမယ်"
သို့သော် သူမ ခန့်မှန်းနေသည့်ကြာချိန်မှာ မိနစ်တစ်ဝက်ပင် မရှိသေးသည့်အချိန်။
ရုတ်တရက်ဆိုသလို ဝိန်းရိဖန်၏ခေါင်းပေါ်၌ ခပ်ပြင်းပြင်းအားတစ်ခု ကျရောက်လာလေကာ မော့ကြည့်လိုက်လျှင် စန်းရန်၏လက်တစ်ဖက်က သူမ၏ခေါင်းပေါ်တင်ထားပြီး အားပြင်းပြင်းနှင့် ဆံပင်များကို ဆွဲဖွနေလေသည်။
သာမန်လူများကဲ့သို့ နူးနူးညံ့ညံ့ ငြင်ငြင်သာသာမျိုး မဟုတ်။
သိပ်မကြာလိုက်ပါဘဲ စန်းရန်၏လှုပ်ရှားမှုများ ရပ်သွားခဲ့ကာ နှုတ်ခမ်းပါးက ရေးရေးလေးမြင့်တက်၍ ကွေးညွှတ်လာခဲ့၏။
"ကျေးဇူးပါပဲ"
သူ့လက်တစ်ဖက်မှာ ဝိန်းရိဖန်၏ခေါင်းပေါ်၌ရှိနေဆဲ။
ဝိန်းရိဖန်က မလှုပ်မယှက်ဖြင့် မည်းနက်နေသောသူ့မျက်ဝန်းကို လှမ်းကြည့်ကာ
"ဘာကို ကျေးဇူးတင်နေတာလဲ"
စန်းရန်က ပြုံးနေရင်း
"လက်ဆောင်"
ဤစကားကိုကြားလိုက်သည့်အခါ ဝိန်းရိဖန်၏အကြည့်များက သူ့လက်ထဲတွင်ကိုင်ထားသည့်ကုတ်အင်္ကျီပေါ်သို့ ရောက်သွားခဲ့သည်။
"ပြီးတော့..ဆက်ပြီးခန့်မှန်းမနေနဲ့တော့.."
စန်းရန်က လက်ကိုပြန်ရုတ်သွားခဲ့ပြီး မတိုးမကျယ် ငြင်သာသယောင်ရှိသည့်အသံဖျော့ဖျော့တစ်ခုဖြင့်
"ပထမနေရာက 'မင်း'ပါ"
-------
ညစာစားပြီးနောက် ဝိန်းရိဖန် အိပ်ခန်းထဲ ပြန်လာခဲ့သည်။
ညအိပ်ရာမဝင်မီ လုပ်သင့်လုပ်ထိုက်သည့်ကိစ္စများအပြီးတွင် ဝိန်းရိဖန်က အိပ်ရာပေါ်လှဲချလိုက်ကာ အခုလေးတင် စန်းရန်ပြောသွားသည့်စကားများကို ပြန်တွေးနေသည့်အခိုက် ရုတ်တရက် အခန်းတံခါးခေါက်သံကိုကြားလိုက်ရသဖြင့် ကြောင်အမ်းပြီးထထိုင်မိလိုက်သည်။
စန်းရန်က ဤအချိန်မျိုးကျမှ ဘာကိစ္စအထူးတလည်ရှိလာမှန်းမသိ ၊ ချက်ချင်းထရပ်ပြီး တံခါးဖွင့်ပေးလိုက်၏။
Advertisement
တံခါးအပြင်ဘက်၌ စန်းရန် ရပ်နေပြီး သူ့ပုံစံမှာ အခုမှ ရေချိုးပြီးထားသည့်ပုံ။ သာမန်အဝတ်အစားမျိုးသာဝတ်ထားပြီး ဆံပင်က စိုထိုင်းထိုင်းရှိနေသေးကာ နားရွက်ဘေးနား၌ ခပ်အုပ်အုပ်လေးဝဲကျနေသည်။ တံခါးဖွင့်ပေးလာသည်ကိုမြင်သည်နှင့်တပြိုင်နက် စန်းရန်က ခေါင်းစောင်းပြီး သူမ၏နားရွက်အနောက်ဘက်အား လှမ်းကြည့်လာပုံရသည်။
နောက်တစ်စက္ကန့်တွင် စန်းရန်က မျက်မှောင်ကျုံ့ကာ သူမ၏လက်ကောက်ဝတ်အား မပြောမဆိုနှင့်ဆွဲပြီး သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်၏။
အားအတန်အသင့်ပါသောကြောင့် ဝိန်းရိဖန် အရှေ့သို့ယိုင်ကျသွားပြီး သူ့ရင်ဘတ်အား နဖူးနှင့်ဝင်တိုက်မိလေတော့၏။
သူမက ခုခံချိန်ပင်မရလိုက်၍
"ဘာဖြစ်တာလဲလို့"
စန်းရန်၏အခြားလက်တစ်ဖက်က သူမ၏လည်တိုင်အနောက်ဘက်ကိုထိန်းကိုင်ပြီး နောက်ထပ်မည်သည့်အပြုအမူမျိုးမှမရှိ။ နောက်တွင်တော့ ခေါင်းသဲ့သဲ့စောင်းလာပြီး သူမ၏နားရွက်အနောက်ဘက်အား ထပ်၍စိုက်ကြည့်လာပြန်ခဲ့၏။
ထိုအခါတွင်မှ ဝိန်းရိဖန် သဘောပေါက်လိုက်၏။
အကွာအဝေးမှာ သိပ်ကိုနီးကပ်လွန်းသဖြင့် ရေချိုးပြီးခါစ သူ့ခန္ဓာကိုယ်ထက်မှ စန္ဒကူးရနံ့ခပ်ပြင်းပြင်းကို ခံစားနေမိကာ သူထိတွေ့လာသည့်နေရာတိုင်းသည်လည်း တဖြည်းဖြည်းနှင့် ပူလောင်လာပေတော့သည်။
ဝိန်းရိဖန် နောက်တစ်လှမ်းဆုတ်လိုက်ချင်ပါသော်လည်း သူက လှုပ်မရအောင်ထိန်းကိုင်ထားသဖြင့် အခြေအနေမှာအခွင့်မသာ။
စန်းရန်က ခပ်တိုးတိုးအသံတို့ဖြင့်
"ဆေးထည့်ပြီးပြီလား"
"မထည့်ရသေးဘူး"
ဝိန်းရိဖန် နှုတ်ခမ်းကို စေ့ထားမိရင်း
"ဒဏ်ရာတောင်ကျက်နေပြီပဲဟာ..ဆေးထည့်စရာမှမလိုတော့တာ"
"ရေထိထားတယ်လေ"
စန်းရန်က လက်လွှတ်ပေးလိုက်ပြီး မကြည်မလင်အသံမျိုးဖြင့်
"မင်း ပြန်မကြည့်ထားဘူးမလား"
"...."
စန်းရန်က အပြင်သို့လျှောက်ထွက်သွားရင်း ဝါကျတစ်ကြောင်းဆိုလာခဲ့သေးသည်။
"ထွက်လာပြီး ဆေးထည့်"
ဝိန်းရိဖန်က နားရွက်အနောက်ဘက်သို့ အလိုလိုထိကြည့်မိလိုက်ပြီး ထိုအခါတွင်မှ ဒဏ်ရာမှာ ရေထိပြီးအနည်းငယ်စိုနေကြောင်းကို သိလိုက်ရသည်။ ထိုဒဏ်ရာသေးသေးလေးအား သူမဖြင့် အာရုံတောင်လုံးဝရောက်မနေခဲ့ပါဘဲ စန်းရန်၏ခြေလှမ်းများအတိုင်းသာ လိုက်လာခဲ့သည်။
တီဗွီစင်ပေါ်မှ ဆေးသေတ္တာဘူးကိုယူရင်း စန်းရန်က ဆိုဖာထက်သို့ မေးငေါ့ပြလာ၏။
"အဲ့မှာထိုင်နေ"
ဝိန်းရိဖန်က အမှန်တကယ်ကို ကြီးကြီးမားမားကိစ္စဟု မတွေးထားသဖြင့်လည်း
"ဒီဒဏ်ရာက သူ့ဘာသာသူ ပုံမှန်အတိုင်းပျောက်သွားမှာပဲဟာ"
စန်းရန်က သူမ၏စကားကိုအရေးမလုပ် ၊ ဘေးနား၌ ဝင်ထိုင်လိုက်ပြီး ခပ်တည်တည်ဖြင့်အနားသို့ တိုးကပ်လာခဲ့သည်။ ဂွမ်းစကို ယူပြီး သူမ၏ဒဏ်ရာပေါ်မှရေများကို သုတ်ပေးမည့်သဘော ရှိနေသည့်အချိန်...
လေထုမှာ အတော်လေးပြွတ်သိပ်ပြီး ကသိကအောက်နိုင်လာရတော့၏။
ဤအခြေအနေကြောင့် အရင်တစ်ခေါက် သူမဘက်မှ စန်းရန်ကို ဆေးထည့်ပေးဖူးသည့်အချိန်အား ပြန်သတိရလာစေမိကာ..
ပြွတ်သိပ်ပြီးကသိကအောက်နိုင်နေသည့်လေထုကို ပြေလျော့စေခြင်းအလို့ငှာ တစ်ခုခုလုပ်လိုက်သင့်သည့်သလို ခံစားမိနေရင်း...
မျက်ဝန်းထောင့်မှတဆင့် စန်းရန်က သူမအား ထိတွေ့လာတော့မည်အပြုတွင် ဝိန်းရိဖန်အတွေးလွန်နေရင်းရုတ်ချည်း နောက်ဆုတ်ပစ်လိုက်တော့သည်။
မျက်လုံးလေးလုံး မှာ အချင်းချင်း ဆုံနေလျက်သား။
ဝိန်းရိဖန်က စကားတစ်ခွန်းကိုလည်း လွှတ်ခနဲပြောထွက်မိလိုက်၏။
"နာတယ်"
"...."
သိက္ခာများက ဤအခိုက်အတန့်တွင်မှ ဖွတ်ဖွတ်ညှက်ညှက်ကျေသွားသည့်အလားပင်။
စန်းရန်က အသံထွက်အောင်ရယ်လိုက်၍
"မင်းက ကြွေရုပ်လား"
ဝိန်းရိဖန်သည် ဤအကွက်များက သူ့ထံက သင်ထားကြောင်း ပြန်ပက်လိုက်ချင်ပါသော်ငြား မျက်နှာသာလေးပေးရန် ဆုံဖြတ်လိုက်ခြင်းကြောင့်သာ။ အနောက်သို့ မှီချလိုက်ရင်း အလျင်းသင့်သလိုဖြင့်
"အနာကျက်သွားပြီးရင် ငါက ဂရုမစိုက်တော့ဘူး..ဘာပဲဖြစ်ဖြစ် သူ့ဘာသာသူ ကောင်းသွားလိမ့်မယ်"
သူ့အား မျက်မှောင်မကျုံ့တော့ရန် တဖြည်းဖြည်းသိမ်းသွင်းနေခြင်းဆိုလည်း မမှားပါပေ။
စန်းရန်က ဤစကားကို တုံ့ပြန်မလာတော့ဘဲ
"မင်းရဲ့ဒီအလုပ်က အမြဲတမ်းဒဏ်ရာရတတ်တာလား"
"အာ..အဲ့လိုလည်း မဟုတ်ပါဘူး"
"...."
"တစ်ခါတစ်လေမှပါ..ဒီတစ်ခေါက်ကတော့ ဘယ်ချိန်ကဖြစ်သွားမှန်း ငါကိုယ်တိုင်လည်း မသိလိုက်ဘူး..ပြီးတော့ ငါ ချက်ချင်းတောင် သတိထားမိသေးတာမဟုတ်ဘူး..လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြောပြမှသိတာ..အရမ်း နာနေတာမျိုးလည်းမဟုတ်ပါဘူး"
စန်းရန်က ပိုးသတ်ဆေးဖြင့် ဒဏ်ရာကိုဆေးကြောပေးနေသည့်အချိန် ကြမ်းရမ်းပစ်တော့မည့်မိစ္ဆာဘုရင်ကြီးလို ကြည့်နေပါသော်ငြား လှုပ်ရှားမှုအထိအတွေ့များမှာတော့ ငြင်ငြင်သာသာ။
"တကယ် မနာဘူးလား?"
ဤစကားကိုကြားလိုက်ရသည့်အခါ ဘာကြောင့်မှန်းမသိ ၊ ဝိန်းရိဖန်က ပြောလက်စ စကားများကိုပြန်မျိုချပစ်လိုက်ပြီး စန်းရန်အား မမှင်မသွေလှမ်းကြည့်နေမိရင်း အမှန်အတိုင်းပြောပြချင်လာတော့၏။
"နည်းနည်းတော့ နာတယ်"
စန်းရန်၏အထိတွေ့တို့မှာ ထပ်ကာငြင်သာသွားခဲ့၍
"အခုရော နာသေးလား?"
"ရပါသေးတယ်"
ကိစ္စပြီးနောက် စန်းရန်က ဂွမ်းစအား အမှိုက်ပုံးထဲပစ်ထည့်လိုက်၏။
"မနက်ဖြန် ရေချိုးတဲ့အချိန်ကျရင် ဒဏ်ရာကို ရေမထိစေနဲ့"
"အင်း"
စန်းရန်က ပစ္စည်းများကိုပြန်သိမ်းနေရင်း
"သွားအိပ်တော့"
ဝိန်းရိဖန် 'အို့' ဟု အသံတစ်ချက်ပြုပြီး မတ်တပ်ထရပ်ကာ အိပ်ခန်းဆီသို့လျှောက်လာခဲ့သည်။ သို့သော် သိပ်မကြာလိုက်ပါဘဲ တဖန်နောက်ပြန်လှည့်လိုက်ကာ ဆိုဖာပေါ်၌ထိုင်နေဆဲဖြစ်သည့် စန်းရန်ကို လှမ်းကြည့်လိုက်၏။
"မနက်ဖြန်ကျရင်ရော နင် ငါ့ကိုဆေးထည့်ပေးမှာလား"
"...."
သူမဘက်က ဤစကားမျိုးပြောလာလိမ့်မည်ဟု မထင်မှတ်ထားသည့်သူမှာ တုံ့ခနဲရပ်သွားရင်း သူမကိုလည်း စူးစိုက်၍ကြည့်လာခဲ့၏။
"ရေချိုးပြီးသွားရင် မင်း ကိုယ့်ဆီလာခဲ့လေ"
အိပ်ခန်းထဲပြန်ရောက်ပြီးနောက်တွင်တော့ ဝိန်းရိဖန် တော်တော်ကြာအောင် အတွေးများနေခဲ့မိသည်။
ဤအခိုက်အတန့်တွင်မှ သူမက စန်းရန်နှင့်ချစ်ကျွမ်းဝင်ရသည့်ခံစားချက်ကို အမှန်တကယ် ခံစားမိလိုက်ခြင်းပါပေ။ ပေယွီမြို့၌ အမှတ်မထင်ပေါ်လာခဲ့သည့်သူကြောင့် အစစ်အမှန်ဟုမယုံကြည်ရဲသည့်ခံစားချက်များဟာ အခုစက္ကန့်ပိုင်းတွင်မှ မြေကြီးနှင့်ရိုက်ချခံလိုက်ရသလို ထင်မှတ်ခြင်းပင်။
အိပ်မောကျလုခါနီးအချိန်လေးတွင်း ညစာစားချိန်တုန်းက စန်းရန်ပြောသည့်စကားတစ်ခွန်းကို ဝေဝေဝါးဝါးပြန်တွေးကြည့်မိလိုက်သော်လည်း လေးလေးနက်နက်တွေးကြည့်ချိန်ပင် မရလိုက်ပါတော့ဘဲ နောက်စက္ကန့်ပိုင်းအတွင်း အိပ်မက်ထဲသို့ ဆွဲခေါ်ခံလိုက်ရပါတော့သည်။
---" ပထမနေရာက 'မင်း' ပါ"
အနမ်းတစ်ပွင့် မဟုတ်။
-------
(Zawgyi)
"ကြားဖူးတယ်'"
"ငါ ပြောထားတဲ့စကား"
"...."
"ရိဖန်ကျဲ"
"ဘာလဲ?"
"အင်း"
"အဲ့လိုလား"
Advertisement
- In Serial39 Chapters
Falling For His Nanny [Book #1]
Book #1 of the "Falling" book seriesWarning: Mature (18+) Content!#1 in Agegap 2022#2 in Daddy 2022#6 in Steamy 2022#1 in Mature 2022#3 in Lovestory 2022#2 in Sexual 2022#34 in Explicit 2022#1 in Kids 2022#4 in Love 2022#1 in Drama 2022#3 in Humor 2022#1 in Cute 2022#1 in Sweet 2022#7 in Romance 2022#2 in Family 2022#90 in Obssessed 2022****After losing her job, 22 year old Laurel Flynn struggles to find a job where she can make enough money to pay off her student loans and pay for her grandmother's housing. And just when she begins to feel all is lost, a wealthy single father looking for a live-in Nanny offers her a job.34 year old Levi Isaacs hires an attractive young woman to care for his mute four year old son. After his ex-wife abandoned their son, Levi never thought his nanny would be the one to flip their entire world upside down.****Overprotective of his little boy, will Laurel be able to break Levi out of the shell he placed around himself and get him to trust again? Find out what happens in this sweet and steamy romance when two worlds collide.
8 280 - In Serial191 Chapters
Coder Girl /Dreamwastaken/
[ Dream (Clay) x Female OC (Eliza) ]What happens when a coder girl gets asked to work on Dream's new minecraft video❗Warnings❗•This fic contains mature jokes. •The chapters that contain smut are extra chapters (they're not important to the plot) and will have disclaimers at the beginning so you can freely skip them without missing out on anything.~~~Enjoy!🧜🏼♂️
8 794 - In Serial34 Chapters
The Impact of Her - Season One
Robert was the Prince of the Kingdom of Western Wind. And he had everything. The crown. The adoration of the people. The utmost respect of noblemen inside and out of their borders. But amidst all the riches and privileges given to him by birth, Robert was unhappy with his life. Shackled to an arranged marriage and struggling with his estranged father, Robert wanted more from life. But at the same time, he didn’t want to disturb the peace of everyone surrounding him. That was until she arrived.
8 316 - In Serial26 Chapters
Mated to my bully
When Maria's bully is her soon to be alpha She has no other choice but to respect him. Though she tries her best to avoid him at all times, when her 16th birthday arrives she is faced with the reality of love,hurt and Betrayal. What will happen when a girl that goes unnoticed and a boy who is so popular and respected is paired up by the moon goddess? Will it work or will it end in sadness.~~~~~~~~~~There is some foul language within this book, if you do not like what you are reading, please... simply leave. Thank you. ❤️
8 264 - In Serial22 Chapters
This Is Me
George loved dresses, they loved how they flowed so elegantly in the slightest of breezes, how beautiful dresses looked when George stood admiring them in front of a mirror for hours, looking at every stitch and every sequin. Clay on the other hand, despite having two dads was homophobic, he despised his dads and how they held one another in each other's arms. But that was all a mask only he didn't dare to admit it. After all the rough times he had gone through, he was not longer the one who was bullied. He was the bully. It was for sure that George wasn't going to be able to keep wearing dresses in secret forever, it was only a matter of time until people found out, but how would everyone respond? More importantly, how would Clay their best friend respond?TW's:-Homo(trans)phobia (F-slur)-Panic attack (just one)-Bullying-Abuse
8 209 - In Serial35 Chapters
RANK
Alpha of the Darks, Vince, imprints on Nya but keeps it a secret.ExcerptVince was resting in bed running the day's events through his mind when his heightened sense of hearing was alerted to the sound of ruffling sheets. Little feet hit the ground telling him it was a female and the odd placement of footsteps lets him know it wasn't Malina. He rises and when he widens his bedroom door Nya's scent flooded through his nostrils. He clears his throat instinctively and follows the smell into the hall. There he finds her coming straight towards him. He was surprised she was up this soon. She should have been out until the morning at least. Her foot was healed and her clothes were changed from earlier. She was now wearing a fitted cotton t-shirt, soft plaid shorts, and her hair was tied up in a messy bun. "What are you doing?" He folds his arms and angles his brows. She keeps her same pace beelined to him.Never, has he ever had the thought of taking a step back when being approached; until now that is. He hesitated. He firmly refused to let anything make him back down. This was his house, his rules, and she had no power over him. His focus inadvertently fell to her breast that lacked cover from a bra, and then to her smooth thighs, and like he has absolutely no control, to her toned calves. She was a foot away when the moon's glow from the skylight illuminated her face. His heart skipped a beat. It had never done that before. Then his train of thought went right off the tracks. He didn't realize how thick her lashes were, or how perfectly red her lips were stained. Where earlier she was pale, she now had a flushed pink color. The darkness from under her eyes was gone and her cheeks were slightly fuller too.He blinks away his unwanted thoughts when she stops inches from him.With a neutral gaze, an expressionless expression almost, she makes a sudden turn and goes around him. "What the f**k?" She was sleepwalking he registered.
8 119

