《First Frost (Myanmar Translation)》Chapter 49
Advertisement
ခေါက်ဆွဲဆိုင်ထဲ ရုတ်တရက်ရောက်ချလာသည့် စန်းရန်၏တည်ရှိမှုကိုပင် ထင်ယောင်ထင်မှားအဖြစ် ခံစားမိနေသေးသည့် ဤအခိုက်အတန့်တွင် ထပ်၍ဆိုလာခဲ့သော သူ့စကားများကြောင့် ဝိန်းရိဖန်၏အတွေးများသည် အသိစိတ်နှင့်ခန္ဓာကိုယ် အသားတကျမဖြစ်နိုင်အောင်ကို ဦးတည်ရာမဲ့ရွက်လွင့်နေတော့သည်။
ဝိန်းရိဖန်သည် သူမ၏အရှေ့၌ရပ်နေသည့်သူအား ဗလာကျင်းစွာဖြင့်စိုက်ကြည့်နေမိပြီး တစ်ညနေခင်းလုံး ရှုပ်ထွေးပွေလီနေသည့်စိတ်နေရာ၌ အခြားသောခံစားချက်များ အစားထိုးနေရာယူလာခဲ့သည်။ သူမ၏နှာခေါင်းထိပ်လေးမှာ စူးခနဲကျင်တက်လာပြီး နှုတ်ခမ်းပါးတို့က တလှုပ်လှုပ်ဖြစ်ပါသော်လည်း စကားတစ်ခွန်းမှပြောမထွက်လာနိုင်ပါတော့ပေ။
လုံးဝ မမျှော်လင့်ထားသည့် အံ့အားသင့်စေမှုတစ်ခု ၊ ဘယ်တော့မှ စိတ်မကူးရဲခဲ့ပါသည့် ဆန္ဒတစ်ခုက ကြိုတင်အသိမပေးဘဲ ရုတ်တရက်ရောက်လာခဲ့သလိုမျိုးပါပင်။ သူမအနေဖြင့် မယုံကြည်ရဲလိုက်သလို လက်လှမ်းပြီး လှမ်းယူလိုက်ဖို့ရာအတွက် သတ္တိတို့လည်းမရှိပါချေ။
လက်လှမ်းယူလိုက်သည်နှင့်တပြိုင်နက် အရှေ့တွင်ရှိနေသည့်အရာအားလုံး ပျောက်ကွယ်များမည်ကို ကြောက်လန့်နေမိသည်။
ဤအချိန်လေးတွင်း ဝိန်းရိဖန်၏အတွေးထဲ အရင်နှစ် နှစ်ကုန်ခါနီးတုန်းက 'Overtime' ဘား၌ စန်းရန်နှင့် အမှတ်မထင်တွေ့ဖြစ်ခဲ့သည့်ဖြစ်ရပ်ကို ပြန်တွေးကြည့်မိလိုက်သည်။ သူ့ဘက်က သူစိမ်းတစ်ယောက်ကိုဆက်ဆံသည့်အပြုအမူမျိုး လုပ်ပြခဲ့သည့်အပြင် ဤကာလတစ်လျှောက်လုံးတွင်လည်း သူမအပေါ် မကောင်းမကန်းဆက်ဆံခဲ့ကာ သူမဘက်က အတတ်နိုင်ဆုံး အခန့်မသင့်မဖြစ်ကြရန် လျစ်လျူရှုထားပေးခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမဘက်က နားလည်ပေးနိုင်ပြီး ဤလုပ်ရပ်အားလုံးဟာ ဖြစ်သင့်ဖြစ်ထိုက်သည့်အခြေအနေတစ်ရပ်အဖြစ် ခံယူထားကာ...
အရာအားလုံးသည် သူမ၏ပြုခဲ့မိသည့်အပြုအမူကြောင့် သူမ ခံစားသင့်သည့် 'အကျိုးဆက်ရလဒ်' ကို ခံစားရခြင်းဟူ၍ပင်။
ဝိန်းရိဖန်ဆိုသည်မှာ စန်းရန်အပေါ် ထိခိုက်နာကျင်စေမှုများကို သယ်ဆောင်လာသည့်တစ်ယောက်။
ထို့ကြောင့် အဖိုးတန်လှသော သူ့အမှတ်တရမှတ်ဥာဏ်များထဲတွင် သူမကဲ့သို့သောလူတစ်ဦးက နေရာယူထားဖို့ရာ လုံးဝလုံးဝမထိုက်တန်ပါချေ။ သူ့အနေဖြင့်ဆိုရလျှင် သူမက အရေးမပါအရာမရောက် မထင်မရှားလူသားတစ်ဦးပင်ဖြစ်သင့်ကာ ထိုကျန်ရစ်နေခဲ့သောအတိတ်မှခြေရာများအားလုံးကို အခြားသောသူတစ်ယောက်က လမ်းတစ်လျှောက်စာလုံး ဖုံးအုပ်ပေးသွားလိမ့်ဦးမည်။
သူမ၏အထင်အမြင်ထဲတွင် သူမဆိုသည့်လူတစ်ယောက်က ဤကဲ့သို့သာ တည်ရှိသင့်သောသောသူ။
သို့သော် ဤအပိုင်းအခြားလေးတွင်တော့ ဝိန်းရိဖန်က အစစ်အမှန်များကို အမှန်တကယ်နားလည်လိုက်ရတော့၏။
ကြည့်ရသည်မှာ သူမထင်ထားသလိုမျိုး ဟုတ်ပုံမရ။
သူသည်လည်း မတူညီသောလူပေါင်းများစွာဖြင့် တွေ့ကြုံဆုံစည်းဝေးကွာခဲ့ခြင်းမျိုး ရှိကောင်းရှိပါလိမ့်မည်။
သူမအပေါ်ထားရှိခဲ့ဖူးသည့် သူ့ခံစားချက်များသည်လည်း မှေးမှိန်ကောင်း မှေးမှိန်သွားပါလိမ့်မည်။
သို့သော် သူက တစ်ချိန်လုံး သူမကို မေ့မပစ်ခဲ့ခြင်းပါပေ။
ဤမျှကြာရှည်ခဲ့ပြီးသည့်နှစ်များအတွင်း အရာအားလုံးပြောင်းလဲနေပါသည့်တိုင်။
ကိုယ်ကတော့ အခုချိန်ထိ မင်းတစ်ယောက်တည်းကို သဘောကျနေဆဲပါပဲ...
ဝိန်းရိဖန် မျက်တောင်မခတ်တမ်းဖြင့် စန်းရန်အား ငေးကြည့်နေမိ၏။
ရုတ်တရက်ဆိုသလို အလွန်တရာကိုမှမျှော်လင့်မိလိုက်သည့် ဆုတောင်းမှာ လူတစ်ယောက်၏မှတ်ဥာဏ်များကို ရုပ်ရှင်ဇာတ်ကားတစ်ခုသဖွယ် အကန့်တစ်ခုချင်းစီအဖြစ် ခွဲခြမ်းခွင့်ရလိုခြင်းပါပေ။ အကယ်၍သာ ဖြစ်နိုင်ခဲ့လျှင် ဤမြင်ကွင်းအကန့်လေးအား တစ်သက်စာလုံးအတွက် သိမ်းထားချင်မိသည်။
တစ်သက်စာလုံးအတွက် မမေ့ပစ်မည့် ၊ တစ်သက်စာလုံးအတွက် မမေ့ပစ်ချင်သည့်အရာတစ်ခုအဖြစ်။
အသံတစ်စက်မှထွက်မလာတော့သည့် ဝိန်းရိဖန်ကိုကြည့်ရင်း စန်းရန်က အကူအညီမဲ့နေသည့်အလား အောက်နှုတ်ခမ်းကိုတင်းတင်းစေ့မိလိုက်သည်။
"ဝေ့..စကားပြောဦးလေ"
အတွေးများဟာ သူ့စကားသံကြောင့် အနှောက်အယှက်ပြုခံလိုက်ရပြီး ဝိန်းရိဖန်တစ်ယောက် စိတ်နှင့်ကိုယ် ပြန်ကပ်သွားခဲ့သည်။ သူမက နှာတစ်ချက်ကိုအသာအယာရှုံ့လိုက်ရင်း ရိုမန့်တစ်ဆန်ဆန်တစ်ခုခုကို ပြန်တုံ့ပြန်လိုက်သင့်ကြောင်း တွေးမိလိုက်၏။ သို့သော် အခြေအနေမှာမူ အံ့သြစရာတွေချည်းဖြစ်နေသောကြောင့် ခြေလှမ်းတိုင်းကို သတိကြီးကြီးထားပြီး လှမ်းနေမိပါတော့သည်။
"တကယ်လို့ ဒီလိုစကားမျိုးပြောရတာက နင့်အတွက် ဟန်ဆောင်ပန်ဆောင်နိုင်တယ်လို့ ထင်တယ်ဆိုရင်..."
စန်းရန်က သူမအား ငုံ့ကြည့်နေဆဲ။
ဝိန်းရိဖန်က တလေးတနက်ဖြင့် စကားဆုံးအောင်ဆိုလိုက်၏။
"နောက်ဆိုရင် ငါကပဲ ပြောပါ့မယ်"
ဤစကားကိုကြားလိုက်သည့်အခါ စန်းရန်၏အမူအရာတို့ ရပ်တန့်သလိုဖြစ်သွားခဲ့၏။
ကလေးတစ်ယောက်က တန်ဖိုးကြီးလွန်းသည့်ကစားစရာကို ရထားသည့်အလား ဝိန်းရိဖန်၏နားရွက်များ တဖြည်းဖြည်းပူရဲလာကာ မည်သို့မည်ပုံတုံ့ပြန်ရမည်မှန်းပင် မသိပါတော့၏။ စကားလုံးတိုင်းကိုလည်း သတိကြီးကြီးထားမိနေ၍
"ဒါပေမယ့် လောလောဆယ်တော့ ငါ ပြောရမှာနည်းနည်းခက်နေလို့"
စန်းရန်က သူမအားစိုက်ကြည့်နေရင်း နှုတ်ခမ်းပါးများက ရေးရေးလေးကော့ညွှတ်သွားခဲ့သည်။
ဤစကားအဆုံးတွင်လည်း ထပ်၍ တိတ်ဆိတ်သွားကြပြန်ပါတော့၏။
ဝိန်းရိဖန် တွေးကြည့်မိလိုက်၏။ လက်ရှိအခြေအနေကိုကြည့်ရသည်မှာ သူမက စန်းရန်၏ဖွင့်ပြောထားခြင်းကို မတုံ့ပြန်ရသေး။ သူ့အား တစ်ချက်လှမ်းကြည့်လိုက်ပြီး 'ဤကိစ္စကမပြီးပြတ်သေး ၊ ဆက်သွားရဦးမည်' ဟူသောခံစားချက်အရ ;
"ဒါဆို ငါတို့က အခု..."
"အမ်?"
"နှစ်ဦးနှစ်ဖက် မေတ္တာမျှနေတာ"
"...."
သည်စကားကိုကြားသည့်အခါ စန်းရန်က အောင့်အည်းမနေနိုင်တော့သည့်အလား ရုတ်တရက်ရယ်လာတော့၏။
ထပ်ပြီး အသက်ရှူငွေ့များမှုတ်ထုတ်နေသည့်ရယ်သံတစ်ခု။
စန်းရန်က ဘယ်အရာကိုတွေးပြီးရယ်နေမှန်း ဝိန်းရိဖန် နားမလည်။ သူမအတွက်တော့ ကိစ္စကအဆုံးမသတ်ရသေးသည်ဟုသာ ခံစားမိပြီး လမ်းကြောင်းတည့်အောင်ပြန်ဆွဲခေါ်လိုက်၏။
"အဲ့တော့..အခုချိန်ကစပြီး နင်က ငါ့ကောင်လေး?"
စန်းရန်က ရယ်နေဆဲသာ ဖြစ်ပြီး
"ဟုတ်တယ်"
ဝိန်းရိဖန်က မျက်လုံးရှေ့၌ ရယ်နေဆဲဖြစ်သည့်ယောက်ျားလေးအား မော့ကြည့်လိုက်၏။
သူ့ညာဘက်နှုတ်ခမ်းထောင့်ရှိ ပါးချိုင့်လေးမှာ ပြုံးလိုက်သည့်အခါတိုင်း ချိုင့်ဝင်သွားပြီး မျက်ခုံးနှင့်မျက်လုံးများကလည်း ဘေးဘက်သို့ကျယ်ဝန်းလာခဲ့ကာ သူ့ပုံစံမှာ အလွန်တရာကိုမှပျော်နေသည့်ပုံပင်။
ဝိန်းရိဖန်၏နှုတ်ခမ်းပါးသည်လည်း အလိုလိုကွေးညွှတ်လာခဲ့တော့သည်။
ထိုမရေမသေချာ ထင်ယောင်ထင်မှားဖြစ်နေသည့်ခံစားချက်က ကွယ်ပျောက်မသွားသည့်အပြင် ပို၍ အားကောင်းပြင်းထန်လာခဲ့သည်။ သို့သော် ထိုခံစားချက်ကြောင့်ပင် သူမကိုယ်တိုင်က အတိုင်းအဆမရှိပျော်ရွှင်နေရပါတော့၏။ တစ်ခုတည်းသောမျှော်လင့်ချက်မှာ ဤခံစားချက်တစ်ခုလေးသာဖြစ်တည်နေလျှင်တောင် သူမ ဖြစ်စေချင်သည့်ထင်ယောင်ထင်မှားခံစားချက်က ယခုလိုလေးသာဆက်ဖြစ်တည်နေပြီး မည်သည့်အပြောင်းအလဲမျိုးမှ မကြုံဆုံချင်တော့ခြင်းပါပေ။
ရုတ်တရက်ပြောင်းလဲသွားသည့် ဖြစ်တည်မှုနေရာအရ ဝိန်းရိဖန်က စန်းရန်နှင့် အထိုက်အလျောက်နေသားကျအောင် ဘယ်လိုဘယ်ပုံနေရမည်မှန်း မသိ ၊ စကားလည်း တစ်ခွန်းမဆိုတော့သလို ၊ လက်မအနည်းငယ်လေးသာအကွာအဝေးခြားသည့် သူ့မျက်နှာအား စိုက်ကြည့်နေကာ မျက်ရစ်နားမှ ခပ်ဖျော့ဖျော့နတ်ဆိုးမှဲ့နက်လေးကိုပင် ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ဝိန်းရိဖန် ထပ်ပြီး စိတ်လွတ်ချင်ပြန်လာတော့၏။
Advertisement
နေမထိထိုင်မသာဖြစ်နေသည့်ခံစားချက်ကြောင့်လားမသိ ၊ ဆက်စပ်၍တွေးလိုက်မိသည်မှာ ဤမိုးသည်းနေသည့်ညတွင် ရုပ်ဖျက်ထားသည့်မိစ္ဆာတစ်ကောင်က သူ အဖြစ်ဟန်ဆောင်ပြီး လူကို စိတ်ရှုပ်ထွေးအောင်ပြုစားနေခြင်းလား?။
နောက်တစ်စက္ကန့်တွင်။
စန်းရန်က ခပ်ဖြေးဖြေးချင်းသာရယ်နေပြီးနောက် စကားဆိုလာခဲ့၏။ အထက်စီးဆန်သည့်အသံမှာလည်း မပါမဖြစ်။
"ဒီလောက်ထိတောင် ပျော်သွားတယ်ပေါ့?"
ဝိန်းရိဖန် ;
"အမ်?"
"အို့..ဟုတ်လည်းဟုတ်တာပဲလေ.."
စန်းရန်က ဝိန်းရိဖန်၏ကွေးညွှတ်နေသည့်နှုတ်ခမ်းထောင့်တစ်နေရာကိုကြည့်ပြီး
"ကိုယ့်လိုမျိုး နာမည်ကြီးအထင်ကရယောက်ျားကို ရလိုက်တာက တကယ်ကိုလည်း ရှစ်နှစ်ဆယ်နှစ်လောက် ပျော်နေသင့်တာ"
"...."
စန်းရန်က စာနာပြီးနားလည်သည့်ပုံစံဖြင့်
"အင်းပါ..မင်း ဆက်ပြီးပျော်ပါ.."
ဝိန်းရိဖန် အောက်နှုတ်ခမ်းကိုတင်းနေအောင်စေ့လိုက်ရင်း ခုဏလေးက အတွေးများအားလုံးကို ပြန်သိမ်းပစ်လိုက်တော့သည်။
မိစ္ဆာတစ်ကောင်က ဘယ်လိုနည်းနဲ့မှ အခုလိုမျိုး အရှက်မရှိ မျက်နှာပြောင်နေမှာမဟုတ်ဘူး!..
ပေယွီမြို့၏အပူချိန်က နန်းဝူမြို့ထက် အနည်းငယ်လျော့လေ့ရှိသည့်အပြင် အခုတလော၌ မိုးမကြာခဏရွာသေးသည်။ လက်ရှိအချိန်တွင်လည်း လေပြင်းများတိုက်နေသောကြောင့် ညရှစ်နာရီမထိုးသေးပါသည့်တိုင် လမ်းပေါ်ရှိဆိုင်များအားလုံးနီးပါး ပိတ်ကုန်ကြပြီး အစားအသောက်ဆိုင်တစ်ချို့သာ ကျန်နေတော့သည်။
နှစ်ယောက်သားက အရှေ့သို့ဆက်လျှောက်လာကြသည်။
ဝိန်းရိဖန်က စကားဦးစ၍မေးလိုက်၏။
"နင် ဟိုတယ်ငှားပြီးပြီလား"
စန်းရန် ;
"မငှားရသေးဘူး"
ဝိန်းရိဖန်က သူ့အား လှမ်းကြည့်လိုက်ရင်း ချက်ချင်းဆိုသလိုလည်း သူ့ပုခုံးပေါ်၌ မိုးရေစက်များတင်နေသည်ကို သတိထားမိလိုက်သည်။ သူ့လေကာအင်္ကျီမှာ ရေစိုခံအမျိုးအစားဖြစ်သည့်အတွက် အထဲသို့ဖောက်မဝင်ဘဲ တစ်စက်စက်ဖြင့်အင်္ကျီပေါ်မှ စီးကျနေလေသည်။ ဝိန်းရိဖန် လက်မြှောက်လိုက်ပြီး အင်္ကျီပေါ်မှ မိုးရေစက်များကိုခါချပေးလိုက်၍
"ညစာရော စားပြီးပြီလား"
"မစားရသေးဘူး"
စကားပြောနေရင်း စန်းရန်က သူမ၏လှုပ်လှုပ်ရှားရှားလုပ်နေသည့်လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်၏။
"ဘာတွေလျှောက်လုပ်နေတာလဲ..မအေးဘူးလား?"
"ထီးကို နည်းနည်းရွှေ့လိုက်ဦး..ကြည့်..နင့်အင်္ကျီတွေစိုကုန်ပြီ"
"ဝိန်းရွှမ်းကျန့်"
စန်းရန်က ခပ်နွေးနွေးလက်ချောင်းများဖြင့် သူမ၏မိုးရေစိုသွားခဲ့သည့်လက်တစ်ဖက်အား ဖွဖွလေးသုတ်ပေးပြီး ချက်ချင်းလည်းပြန်လွှတ်ပေးလိုက်၍
"အခြားတစ်ယောက်က ဝန်ဆောင်မှုပေးနေတာကို သဘောတကျလက်ခံနေတဲ့အချိန်မှာ အဲ့လောက်ကြီးထိ စကားမများရဘူးလေ..နားလည်လား?"
"...."
ဝိန်းရိဖန်က လေထုထဲ၌သာရပ်တန့်နေဆဲဖြစ်သည့် သူမ၏လက်ကို ပြန်ကြည့်မိလိုက်ပြီး စက္ကန့်ပိုင်းကြာပြီးနောက်တွင်တော့ ဖြည်းဖြည်းချင်းပြန်သိမ်းယူလိုက်သည်။ သူ ထိတွေ့သွားခဲ့သည်နေရာမှာ အချိန်တစ်ခဏလေးသာဖြစ်ပါသော်လည်း လက်ရှိထိတိုင် ပူနွေးနေဆဲ။
မိုးရေစက်တို့၏အအေးဓါတ်များကိုပင် လုံးဝပယ်ပျောက်သွားစေခဲ့သည်။
ဘာကြောင့်မှန်းမသိ ၊ ဝိန်းရိဖန်က လက်နှစ်ဖက်အား အိတ်ကပ်ထဲပြန်ထည့်မိလိုက်တော့သည်။
နှစ်ယောက်သားက လမ်းတစ်လျှောက်လုံးတွင်လည်း များများစားစား စကားမပြောဖြစ်ကြဘဲ အချိန်တော်တော်များများမှာ တိတ်ဆိတ်နေသည်ချည်းသာ။ သို့သော် တိတ်ဆိတ်နေမှုထဲတွင် မရေရာမသေချာသည့်ငြိတွယ်ခြင်းတစ်ခုက သူတို့နှစ်ယောက်အား ချည်နှောင်ထွေးဖက်ပေးနေလျက်ဖြင့်။
သစ်သီးများရောင်းသည့်စျေးဆိုင်တန်းသို့အရောက်တွင် ဝိန်းရိဖန်က ရုတ်တရက်ရပ်လိုက်၏။
စန်းရန်က သူမအား လှည့်ကြည့်လာခဲ့သည်။
"ဘာဖြစ်တာလဲ?"
ဝိန်းရိဖန် ;
"ဝယ်စရာရှိလို့"
စန်းရန်က ဘာဝယ်မည့်အကြောင်း တစ်ခွန်းတစ်လေမမေးဘဲ ထို့အစား ပျင်းတိပျင်းရွဲဖြင့်
"အင်း..သွားယူလေ"
ဝိန်းရိဖန်က အထဲဝင်လာပြီး ပန်းသီးနှစ်လုံးကိုသာ ယူလိုက်၏။ထို့နောက် ငွေရှင်းကောင်တာနားသို့လာပြီး ငွေရှင်းတော့မည့်အခိုက်တွင် စန်းရန်က ဖုန်းဖြင့် QR code မှတဆင့် Scan ဖတ်ပြီးပေးချေလိုက်သည်။
ပိုင်ရှင်က ပန်းသီးကိုအိတ်ဖြင့်ထုတ်ပိုးပြီး သူတို့ထံ လှမ်းပေးလာကာ စန်းရန်က လှမ်းယူပြီး အလျင်းသင့်သလို စကားဆိုလိုက်သည်။
"ပန်းသီးစားချင်လို့လား"
ဝိန်းရိဖန်က ပန်းသီးကို လက်ညှိုးပြပြီးနောက် သူ့ထံသို့ ပြန်ညွှန်ပြကာ
"နင့်ကို အစစ်ပေးမယ်လို့ ပြောထားတယ်လေ"
"...."
စန်းရန်က 'အို့' ဟု အသံတစ်ချက်ပြုလိုက်၏။
သစ်သီးစျေးဆိုင်တန်းမှထွက်လာပြီး ဝိန်းရိဖန်က အနီးအနားမှဆိုင်တစ်ခုတွင် စန်းရန်အတွက် ညစာဝင်ဝယ်လိုက်သည်။
လမ်းလျှောက်နေကြရင်း မသိလိုက်ပါဘဲနှင့် နှစ်ယောက်သားက ဝိန်းရိဖန်တည်းနေသည့်ဟိုတယ်ရှေ့သို့ ရောက်လာခဲ့သည်။ အရှေ့ကောင်တာဆီသို့ လျှောက်လာရင်း ဝိန်းရိဖန်က
"ဒါဆို နင် ဒီနေ့ည ဒီဟိုတယ်မှာပဲတည်းလိုက်တော့လေ..မနက်ဖြန်ကျမှ ငါတို့ကားနဲ့အတူတူ နန်းဝူကို ပြန်မလား?"
စန်းရန် ;
"ရတယ်"
ဝိန်းရိဖန်က အရှေ့ကောင်တာ၌ စန်းရန်၏မှတ်ပုံတင်ကိုသုံးပြီး သူမနှင့် တစ်လွှာတည်းကျသည့်အခန်းတစ်ခန်း ယူလိုက်သည်။ ထိုအချိန်လေးအတွင်း သူ့မှတ်ပုံတင်အား လှမ်းကြည့်နေလိုက်ကာ ဓါတ်ပုံထဲတွင် သူက လက်ရှိအချိန်လောက် မရင့်ကျက်သေးသည့်ပုံစံ ၊ မျက်ခုံးကို မသိမသာပင့်ထားပြီး အရိုးများထဲမှကိုစိမ့်ထွက်နေသည့် မထီမဲ့မြင်ပြုတတ်သောအငွေ့အသက်များအား လုံးဝမဖုံးကွယ်ထား။
မှတ်ပုံတင်ထဲမှ ဓါတ်ပုံကိုကြည့်ရသည်မှာ တက္ကသိုလ်ကျောင်းသားအရွယ်၌ရိုက်ထားသည့်ပုံပင် ဖြစ်လိမ့်မည်။
သူမ မနေနိုင်အောင် ခဏခဏလှမ်းကြည့်နေမိလိုက်သည်။
စန်းရန်က လှမ်းကြည့်နေ၍
"ဘာလုပ်နေတာလဲ?"
ဝိန်းရိဖန်က ရှင်းပြမည်ဟုစဥ်းစားမိလိုက်သော်လည်း...
တစ်ချက်အကြည့်တွင် အချိန်ကာလအရ ပိုပြီး မထီမဲ့မြင်ပြုတတ်လာသည့်သူ့မျက်နှာနှင့် တည့်တည့်တိုးကာ ပြောချင်သည့်စကားလုံးများကို ပြန်မျိုချပစ်လိုက်၏။
"ဘာမှ မလုပ်ပါဘူး"
အရှေ့ကောင်တာမှ လိုအပ်သည့်လုပ်ငန်းစဥ်များဆောင်ရွက်ပြီးချိန်တွင် စန်းရန်က အခန်းကဒ်နှင့်မှတ်ပုံတင်အား ယူကာ နှစ်ဦးသားက ဓါတ်လှေကားဆီသို့ လျှောက်လာခဲ့သည်။ သူက အခန်းကဒ်အား အိတ်ကပ်ထဲထည့်လိုက်ပြီး မှတ်ပုံတင်အား သူမထံသို့ သဘာဝကျကျလှမ်းပေးလိုက်သည်။
ဝိန်းရိဖန်က လှမ်းယူလိုက်သော်လည်း တစ်ဖက်လူက မည်သည့်အတွက်ကြောင့် ပေးသည်ကိုတော့မသိ။
"ဘာဖြစ်လို့လဲ?"
စန်းရန်က ခပ်နှေးနှေးဖြင့်
"ကြည့်ချင်နေရင် ကြည့်"
"...."
စန်းရန်က ယခုလိုမျိုးလုပ်လာလိမ့်မည်ဟု မထင်မှတ်ထားမိသည့်အတွက် ဝိန်းရိဖန် ရုတ်တရက်ကြောင်အမ်းသွားရ၏။ နောက်တွင်တော့ ဓါတ်လှေကားစောင့်နေရင်း ခေါင်းငုံ့သွားပြီး မှတ်ပုံတင်ပေါ်မှ စန်းရန်အားတစ်လှည့် ၊ ခေါင်းပြန်မော့လာပြီး သူမ၏ဘေး၌ရပ်နေသည့် စန်းရန်ကိုတစ်လှည့် ကြည့်နေလေတော့သည်။
Advertisement
စန်းရန်က သူမဘက်သို့လှည့်မနေတော့ဘဲ ဓါတ်လှေကားနံပါတ်ကိုသာ စူးစိုက်ကြည့်နေ၏။
ဝိန်းရိဖန်သည် အကြည့်များ ပြန်သိမ်းရင်း ခပ်ရေးရေးလေးလည်း ပြုံးနေမိလိုက်တော့၏။
နှစ်ဦးသားက တတိယအလွှာဆီသို့။
ဝိန်းရိဖန်က နံရံ၌ကပ်ထားသည့် နံပါတ်ပြားများကို အသေအချာလိုက်ကြည့်ပြီးမှ နေရာတစ်ခုဆီသို့ ညွှန်ပြလိုက်၏။
"နင့်အခန်းက ဟိုဘက်မှာ ဖြစ်လောက်တယ်"
စန်းရန် ;
"ကိုယ့်အစား လိုက်ရှာပေးလေ"
"အင်း"
အခန်းတံခါးဝထိ ခေါ်လာပေးပြီးနောက် ဝိန်းရိဖန်က ဝင်သင့်မဝင်သင့်ကို တွေဝေနေသဖြင့်
"ဒါဆို ငါ့အခန်းကို ပြန်နှင့်ပြီနော်"
စန်းရန် တစ်ဖက်လှည့်ကြည့်လာ၍
"အလုပ်လုပ်စရာရှိသေးလို့လား?"
ဝိန်းရိဖန် ; "မရှိပါဘူး"
စန်းရန် ; "အခြားကိစ္စရော ရှိလို့လား"
ဝိန်းရိဖန် ; "မရှိဘူး"
"ဒါဆို အခန်းပြန်ပြီး ဘာသွားလုပ်မလို့လဲ?"
စန်းရန်က အိတ်ကပ်ထဲမှ အခန်းကဒ်ကိုထုတ်လာပြီး ဝိန်းရိဖန်လက်ထဲသို့ ထည့်ပေးလိုက်၍
"ကိုယ့်ဘာသာကိုယ် ဝင်သွား"
"...."
ဝိန်းရိဖန်က ကဒ်ကိုယူပြီး တံခါးဖွင့်လိုက်သည်။ အခန်းထဲသို့ဝင်လာပြီး အိပ်ရာဘေးမှ ထိုင်ခုံပေါ်၌ထိုင်လိုက်၍ စိတ်ထဲ၌လည်း မနေသာမထိုင်သာသဖြင့် ခပ်တိုးတိုးစကားဆိုလိုက်၏။
"ငါတို့နှစ်ယောက်က ခုဏလေးကမှ ဆက်ဆံရေးအခြေအနေပြောင်းထားတာလေ..ဒီအတိုင်းကြီး နင့်သီးသန့်နေရာမျိုးကို ငါက တိုက်ရိုက်လိုက်ဝင်လာလို့ရှိရင် နင် အဆင်မပြေဖြစ်မှာစိုးလို့"
စန်းရန်က လက်ထဲမှပစ္စည်းများအား စားပွဲခုံပေါ်သို့တင်လိုက်၍
"စကားပြောနေတဲ့ပုံစံကတော့ မသိရင် လူကြီးလူကောင်းအတိုင်းပဲနော်"
"...."
"ဘယ်သူကများ သိနိုင်ပါ့မလဲ.."
စန်းရန်က တဖန်လှည့်ကြည့်လာပြီး စကားသံက ရွှတ်နောက်နောက်ဖြင့်
"မင်းက ကိုယ့်တစ်ကိုယ်လုံးကို ပွတ်သပ်ထိတွေ့ပြီးသားဆိုတာ.."
"...."
ဝိန်းရိဖန်က ကိုယ့်ကိုကိုယ်အတွက်ခုခံကာကွယ်လိုက်ချင်သော်လည်း သူပြောသည့်စကားမှာ အမှန်တရားဖြစ်နေပြန်သည်။ ထို့ကြောင့် ပြန်မငြင်းတော့ဘဲ
"နင် အရင်ဆုံးညစာစားလိုက်ပါလား..အရမ်းနောက်ကျနေပြီ"
စန်းရန် ;
"မင်းရော စားပြီးပြီလား?"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြရင်း
"ခေါက်ဆွဲစားထားတယ်"
စကားပြောနေရင်းဖြင့် စန်းရန်က ဝိန်းရိဖန်၏အနားသို့ ပြန်လျှောက်လာကာ တစ်ခဏကြာကြာကြည့်နေ၏။ နောက်တွင် ရုတ်တရက် မျက်မှောင်ကျုံ့လိုက်၍
"မင်းရဲ့ဒီအလုပ်က ဘာတွေများလုပ်နေရတာလဲ"
ဝိန်းရိဖန် ;
"အာ?.."
"နည်းနည်းပါးပါးလေးရော ကျိုးကြောင်းဆီလျော်သေးရဲ့လား..ကိုယ်ကတော့ အချိန်တွေအများကြီးအကုန်ခံပြီး မင်းကို မနည်းပြည့်အောင်လုပ်ပေးထားတာ..အခုလို လဝက်လောက်ခရီးထွက်လိုက်တာနဲ့ပဲ အသားတွေ ပျောက်သွားအောင်လုပ်ပစ်လိုက်တာလား?"
ဝိန်းရိဖန်က တစ်ခုခုပြောတော့မည့်အခိုက်တွင်။
စန်းရန်က တစ်စုံတစ်ရာကိုထပ်ပြီး သတိထားမိသွားသည့်အလား သူမ၏ဘေး၌ ချက်ချင်းဝင်ထိုင်လိုက်ကာ နားရွက်နောက်မှဆံပင်များကို အနောက်သို့ပို့လိုက်၏။ သူ့အပြုအမူတို့မှာ ငြင်ငြင်သာသာပင်ဖြစ်ပြီး သူမနှင့်ထိတွေ့လိုက်ခြင်းမရှိ။
သို့သော် ဤအကွာအဝေးကြောင့် ဝိန်းရိဖန် ကြောင်အမ်းသွားရင်း
"ဘာဖြစ်လို့လဲ?"
စန်းရန်က နားရွက်အနောက်ဘက်မှ ဒဏ်ရာကိုတွေ့သွားခြင်းဖြစ်ပြီး နှုတ်ခမ်းထက်ရှိ ခပ်ရေးရေးအကွေးသဏ္ဍာန်မှာ ဖြည်းဖြည်းချင်း မှေးမှိန်လာခဲ့သည်။
"ဘာဖြစ်ထားတာလဲ?"
"အမ်?"
စန်းရန်က လက်ချောင်းထိပ်များဖြင့် ဒဏ်ရာအား မနေနိုင်အောင်ထိကြည့်လိုက်၍
"ဘယ်လိုထိခိုက်မိထားတာလဲ"
ဤစကားကိုကြားသည့်အခါတွင်မှ ဝိန်းရိဖန်သည် အခင်းဖြစ်ပွားရာနေရာ၌ ဒဏ်ရာသေးသေးလေးရခဲ့သည့်အကြောင်း ပြန်အမှတ်ရလိုက်သည်။ ဒဏ်ရာမှ ရက်ကြာနေပြီဖြစ်သည့်အတွက် အနာဖေးပင်ပြန်တက်နေပြီဖြစ်ကာ နာလည်းမနာတော့သဖြင့် မေ့နေခြင်းလည်းဖြစ်သည်။
ဝိန်းရိဖန်က သူ့အထိအတွေ့များကြောင့် စိတ်လှုပ်ရှားလာရပြီး
"ကျောက်ခဲအချွန်နဲ့ခြစ်မိထားတာ..ဒဏ်ရာက မပြင်းပါဘူး"
စန်းရန်က ထပ်မထိတော့ဘဲ ဒဏ်ရာကိုသာ ကြည့်နေ၏။
"ဒီအတိုင်း ခြစ်မိရုံလေးပဲ..တခြားဘာမှမဖြစ်ဘူး"
ဝိန်းရိဖန်က သဘာဝကျကျဖြင့် စကားလမ်းကြောင်းလွှဲလိုက်၍
"ဒါနဲ့..နင် ဘယ်လိုဖြစ်ပြီး ပေယွီကို ရောက်လာတာလဲ?..ငါ မနက်ဖြန်ဆို ပြန်လာတော့မှာလို့ ပြောထားတယ်လေ..နင့်အတွက် ကိတ်မုန့်တောင် မှာထားပေးတာကို"
စန်းရန်က လက်ကိုအောက်ချလိုက်ပြီး
"ကိုယ်က လက်ဆောင်ယူဖို့ လာခဲ့တာ"
ဝိန်းရိဖန် ;
"ဒါပေမယ့်..ငါ နင့်ကိုပေးဖို့ပြင်ထားတဲ့လက်ဆောင်က အိမ်မှာ"
စန်းရန်က 'အို့' ဆိုသည့်အသံတစ်ခုကို သံရှည်ဆွဲနေသည့်အချိန်။
ဝိန်းရိဖန်က ဆက်၍
"အိမ်ပြန်ရောက်မှပဲ ပေးတော့မယ်"
"အင်း"
စန်းရန်က သူမ၏နှုတ်ခမ်းကို စိုက်ကြည့်နေရင်း ရုတ်တရက်စကားဆိုလိုက်သည်။
"ကိုယ့်ကို ဖုန်းလေးယူပေးပါဦး"
ဝိန်းရိဖန်က လှမ်းကြည့်လိုက်သော်လည်း စားပွဲပေါ်၌ ဖုန်းကိုမတွေ့ ၊ တစ်ဖက်သို့ပြန်လှည့်ပြီး ထိုနေရာ၌ ဖုန်းမရှိကြောင်း ပြောပြမည်အပြု ၊ မည်သည့်စကားမျှပင်မဆိုလိုက်ရသေးခင် သူမနှင့် မလှမ်းမကမ်းလေးတွင်ထိုင်နေသည့်စန်းရန်က ရုတ်ချည်း အရှေ့သို့တိုးကပ်လာသည်ကိုသာ မြင်လိုက်ရတော့၏။
မူလအနေအထားဆီသို့ ပြန်အရောက်တွင်။
အရှိန်ထိန်းဖို့ပင် မမှီတော့ဘဲ သူမ၏နှုတ်ခမ်းက သူ့နှုတ်ခမ်းထောင့်အား ဖြတ်ခနဲပွတ်ဆွဲသွားလေတော့သည်။
ဝိန်းရိဖန် ရပ်တန့်သွားမိကာ...
စန်းရန်သည်လည်း သူ့အရင်နေရာသို့ ပြန်ရောက်သွားပြီဖြစ်သည်။ သူမ၏ သတိမထားမိလိုက်ဘဲဖြစ်သွားသည့်အမူအရာကို သူက မမှင်မသွေလှမ်းကြည့်နေပြီး နှစ်စက္ကန့်အကြာတွင် ခပ်ရေးရေးပြုံးပြလာကာ တိုးဖျဖျလေသံတစ်ခုဖြင့်
"ကျေးဇူး"
"...."
"အခု လက်ခံရရှိသွားပါပြီ"
----------
(Zawgyi)
"ဝေ့..စကားပြောဦးလေ"
Advertisement
- In Serial697 Chapters
The Genius’ First Love
Warning: Amazingly, absurdly and deliriously funny chaps ahead. Read and laugh at your own risk.
8 1155 - In Serial33 Chapters
Behind the mask - Erik Killmonger
This story has been discontinued. There will be no more updates.-Everyone has a mask.Whether it is a mask to hide your emotions, or a mask to cover your imperfections.And I knew,I knew that once we started to get closer, we will try to break each other's mask. "I want you.." he whispers in my ear as his breathing quickens. "Then you have to earn me." I say. When I walk away from him he pulls me back and pushes me gently against the wall. Next thing I know, he crashes his lips on mine. I knew, That once we started to get closer, we will try to break each other's mask.Only thing that I didn't know.. was that we would actually succeed at it. You will be the death of me, Erik Killmonger.--------------------------I do not own the Marvel's franchise, all rights go to the Marvel Cinematic Universe and Walt Disney Pictures.--------------------------Copyright ©: Nothing of mine must be used without my permission.© 2018
8 123 - In Serial38 Chapters
Replacement Bride
Amani wasn't ready for marriage, nor was she willing to marry her cousin. She was just 17 and had recently rounded up her secondary school. Her intention was to further her education before thinking about marriage but then something happened, something very big... ***Hamid was set to marry Rahmat Ali, his colleague and long-term girlfriend. She was the girl he had ever dreamed about and the girl he would forever risk his life for. But just a day to their wedding, she was caught up in a big mess that forced his parents to replace her with his cousin, Amani.•••••••••••••••••••• Whatever your relationship status is, read this story at your leisure time. It is not your usual love story of a boy and girl, it is a lesson to behold. •••••••••••••••••••• Dedicated to all my fans, I love you all💝
8 201 - In Serial35 Chapters
The Bad Boy Hates Me
"You know what I hate about you?" His minty breath fanning my face. He placed his hands on the wall right beside my head. His eyes dance a lot of emotions I couldn't decipher as his gaze moved from my eyes down to my lips.Gulp. "W-What?" I breathed nervously."You reminded me of her," he whispered into my ear, "and I fucking hate it." He pushed himself away from me and slammed the door shut.
8 154 - In Serial39 Chapters
quiet | stenbrough ✔️
bill is quiet, andstan is determinedto change that..⋆。⋆༶⋆˙⊹ started: jan 6 '18100k on aug 9 '20 ⊹˙⋆༶⋆。⋆..⋆。⋆༶⋆˙⊹ ended: jan 14 '21
8 96 - In Serial56 Chapters
innuendo || benedict bridgerton
It is said that second-born sons have all the fun. This much is certainly true for Benedict Bridgerton, free from the burdens held by his eldest brother, the Viscount. One must wonder, how does the second eldest Bridgerton spend his time? To the ton's surprise, it seems a certain lady may have captured his attention this evening. Could Benedict Bridgerton, the tortured artist of the clan, finally find himself a reason to settle down? And could Madeleine Sinclair, who has until now, been doomed for a future of spinsterhood, finally find herself in a love match?** this story may not chronologically follow the events of the show and things may be switched around in order to compliment the storyline **highest rankings:no. 1 in bridgertonno. 1 in benedict bridgertonno. 1 in colin & eloise bridgerton
8 144

