《First Frost (Myanmar Translation)》Chapter 44
Advertisement
စန်းရန်၏ သူမဆံပင်များကို ဖွသွားသည့်ခွန်အားက မသေး ၊ အဝတ်စုတ်ကိုဆွဲရမ်းသွားသည်နှင့်ပင်တူနေကာ ထိုနေရာလေးတွင်တော့ တစ်ချိန်တစ်ခုစာအထိ အနွေးဓါတ်လေးတစ်ခုကျန်နေခဲ့သည်။
ဝိန်းရိဖန်က နေရာ၌သာ ခဏကြာကြာရပ်နေမိခဲ့ပြီးမှ ကော်ဖီစားပွဲရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။
ကိတ်မုန့်ကြောင့် တအံ့တသြဖြစ်ပြီးသွားသည့်ဝိန်းရိဖန်မှာ နောက်ထပ်လက်ဆောင်တစ်ခုရှိလိမ့်ဦးမည်ဟု အမှန်တကယ်မတွေးထားမိခဲ့ပါပေ။
ဧည့်ခန်းမီးများက မပိတ်ရသေးသဖြင့် အဖြူရောင်မီးများဟာ နေရာတိုင်း၌လင်းထိန်နေလျက်။ ကော်ဖီစားပွဲမှာ သန့်ရှင်းနေအောင်ရှင်းလင်းထားပြီးဖြစ်၍ စားပွဲပေါ်၌ ရေနွေးအိုးနှင့်ရေခွက်နည်းနည်းအပြင် မဂ္ဂဇင်းစာအုပ်နှင့်သတင်းစာတစ်ချို့သာရှိသည်။
သူမ၏ရှု့ထောင့်မြင်ကွင်းမှဆိုလျှင် စားပွဲအောက်တွင်ရှိနေသည့်အရာအား မမြင်ရချေ။
ဝိန်းရိဖန်က အနားသို့လျှောက်လာပြီး ကော်ဖီစားပွဲဘေး၌ထိုင်ချလိုက်ရင်း အတွင်းထဲငုံ့ကြည့်လိုက်သည်။
အတွင်းဘက်ထဲတွင် ပစ္စည်းများမျိုးစုံအောင်ရှိနေပြီး သေသေသပ်သပ်စီထားခြင်းမရှိဘဲ ရောထွေးရှုပ်ပွနေ၏။ နို့မှုန့်ဘူးများ ၊ သစ်သီးစီရီယယ်ထုတ်များ ၊ အပြာနုရောင်အိတ်များက အပြင်ဘက်နားတွင် အလျင်းသင့်သလိုထားထားသည်။
လက်ဆောင်အိတ်မှာတော့ မှောင်မှောင်မှိုင်းမှိုင်းအရောင်မျိုးမဟုတ်ပါပေ ၊ ပန်းပွင့်အဖြူရောင်လေးများဖြင့်ပုံဖော်အလှဆင်ထားပြီး အရမ်းလည်းထင်ပေါ်နေခြင်းမဟုတ်သလို ရှုပ်ယှက်ခတ်နေခြင်းမျိုးလည်းမဟုတ်။
နှစ်စက္ကန့်မျှစိုက်ကြည့်နေမိပြီးနောက်တွင်တော့ ဝိန်းရိဖန် လက်လှမ်းပြီး လှမ်းယူလိုက်သည်။
လက်ဆောင်အိတ်ကိုဖွင့်ကြည့်လိုက်လျှင် အတွင်းထဲ၌ အနက်ရောင်ဘူးတစ်ဘူးရှိနေ၏။ ဝိန်းရိဖန်တစ်ယောက် မတ်တပ်ထရပ်လိုက်ရင်း လက်ထဲတွင်ကိုင်ထားသည့်အရာမှာ အာလူးပြုတ်ပူပူတစ်လုံးကိုကိုင်ထားရသည့်အလား သူမ မယူသင့်သည့်အရာတစ်ခုကိုယူလိုက်မိသည့်ခံစားချက်မျိုး ဖြစ်တည်လာရတော့သည်။
သူမ ချက်ချင်းဖွင့်မကြည့်သေးဘဲ ဧည့်ခန်းမီးများကိုပိတ်ပြီးမှ အိပ်ခန်းထဲဝင်လာခဲ့သည်။
ဝိန်းရိဖန်က အိပ်ရာထက်သို့ လက်ဆောင်အိတ်ကိုတင်ထားလိုက်ပြီး အိတ်ထဲမှာ ဘူးအား ထုတ်ကြည့်လိုက်သည်။
အသွင်အပြင်မှာ ထုထည်အနည်းငယ်ရှိပြီး လက်တစ်ဝါးစာထက်ကြီးသည့် စက်ဝိုင်းပုံစံဖြစ်သည်။ ဖွင့်မကြည့်ရသေးခင်ပင် ခပ်သင်းသင်းမွှေးရနံ့လေးကိုခံစားမိနေရပြီး အထူးတလည်ရှိလှသည်မှာ ခပ်ချိုချိုရနံ့များကြားထဲ အအေးဓါတ်ရောထွေးနေသည့်ရနံ့မျိုးပင်။
ချိတုံချတုံဖြစ်နေရင်း ဝိန်းရိဖန်က ဂရုတစိုက်ဖြင့် ဖွင့်ကြည့်လိုက်သည်။
ရေမွှေးပုလင်းတစ်ခု။
ပန်းနုရောင် ဖန်အကြည်လေးထောင့်ဘူးလေးဖြစ်ပြီး ပုလင်း၏အပေါ်နှုတ်ခမ်းဝနေရာတွင် အနက်ရောင်ဖဲပြားတစ်ကြိုးကိုစည်းထားသေးသည်။
ပုလင်းပေါ်တွင် အနက်ရောင်ဖြင့် အင်္ဂလိပ်စာ စာလုံးနှစ်လုံးအား ထွင်းထား၏။
--First Frost
ရွှမ်းကျန့် ( ပထမဆုံးသောနှင်းစက် )။
သူမ၏ အိမ်နာမည်။
ဝိန်းရိဖန်၏ နှလုံးခုန်သံများ တစ်ချက်လွှဲချော်သွားခဲ့၏။
ဤအရာဟာ တိုက်ဆိုင်မှုသက်သက်လား ဒါမှမဟုတ် တစ်စုံတစ်ရာကိုရည်ရွယ်ခြင်းဟုတ်မဟုတ် မသိပါသော်လည်း ဝိန်းရိဖန်သည်တော့ မဖိတ်ခေါ်ပါဘဲနှင့် အရင်က စန်းရန်မှ သူမအား "ဝိန်းရွှမ်းကျန့်" ဟုခေါ်ခဲ့ဖူးသည့်အကြောင်း တွေးမိလိုက်တော့သည်။ နှုတ်ခမ်းကိုဖိကိုက်ထားမိရင်း အိတ်ကပ်ထဲမှဖုန်းကိုထုတ်ကာ ရေမွှေးတံဆိပ်အား ရှာဖွေကြည့်လိုက်သည်။
ဤတံဆိပ်မှာ လူသိနည်းလွန်းပြီး သိပ်မထင်ပေါ်သည့်ရေမွှေးတံဆိပ်တစ်ခုဖြစ်သည်။
ဝိန်းရိဖန်သည် ရေမွှေးနှင့်ပတ်သတ်ပြီး များများစားစားနားမလည်သောကြောင့် အနည်းငယ်ပွတ်ဆွဲကြည့်ပြီးနောက် ဆက်၍မဖတ်တော့ပေ။မျက်ဝန်းအကြည့်များက ရေမွှေးပုလင်းဆီသို့ တဖန်ပြန်ရောက်သွားခဲ့ပြီး ဖန်ပုလင်းပေါ်မှ လက်ရေးလက်သားသည် ဓါးနှင့်ထွင်းထုထားသည့်သဖွယ် ကြည်လင်ပြတ်သားရှင်းလင်းလွန်းသည်။
ဝိန်းရိဖန်က လက်ချောင်းထိပ်လေးများဖြင့် ဖွဖွလေးထိတွေ့ကြည့်မိကာ အတိတ်များအား ပြန်အမှတ်ရလာမိတော့၏။
အချိန်မှာကား အထက်တန်း ပထမနှစ်၏ ပထမစာသင်နှစ်ဝက်တွင်ဖြစ်ပုံရသည်။
အတန်းဖော်သူငယ်ချင်းများနှင့် စကားစမြည်ပြောနေကြစဥ် ဝိန်းရိဖန်ကလည်း သူမက ပထမဆုံးနှင်းကျသည့်နေ့တွင်မွေးဖွားခဲ့သောကြောင့် အိမ်နာမည် 'ရွှမ်းကျန့်' ဟု ပေးထားခံရကြောင်း အလျင်းသင့်သလို ပြောပြမိခဲ့ဖူးသည်။ထိုအချိန်တုန်းက သူငယ်ချင်းများအားလုံးသည် နားထောင်ရုံသာနားထောင်ပေးခဲ့ကြပြီး မည်သူကမှလည်း အထူးတလည်မှတ်ထားခြင်းမျိုးမရှိ။
သူမကိုယ်တိုင်လည်း တလေးတနက်ဖြင့်ပြောပြနေခြင်းမျိုးမဟုတ်။
ကြည့်ရသည်မှာ စန်းရန်က ထိုအကြောင်းကို ကြားသွားခဲ့ပုံရ၏။
ဘယ်အချိန်က စတင်သွားခဲ့မှန်းမသိ ၊ နှစ်ယောက်သား သီးသန့်ရှိနေကြသည့်အခါမျိုးတွင်တော့ စန်းရန်က သူမအား 'ဂျူနီယာညီမလေး' သို့တည်းမဟုတ် နာမည်အရင်းကို ခေါ်နေရာမှတဆင့် "ဝိန်းရွှမ်းကျန့်" ဟူ၍ပြောင်းခေါ်လာခဲ့သည်။
တစ်စုံတစ်ယောက်ထံမှ သူမအား အိမ်နာမည်အပြင် မျိုးရိုးအမည်ပါတပ်ခေါ်ခံရသည်မှာ ပထမဆုံးပင်။
စစချင်းတွင် ဝိန်းရိဖန်က ကျင့်သားမရဖြစ်ခဲ့သော်လည်း စန်းရန်က အားလျှင်အားသလိုလျှောက်အော်ခေါ်နေသည့်အတွက်ကြောင့် ကြာလာလေ စိတ်ထဲမထည့်လေပင် ဖြစ်သွားခဲ့တော့သည်။ ထိုကဲ့သို့ ပေါင်းခေါ်လိုက်သည့်နာမည်မှာ တမျိုးတမည် နားထောင်လို့ကောင်းသည်ကိုလည်း လက်ခံလိုက်တော့၏။
ပြန်လည်တွေ့ဆုံကြပြီးနောက်ပိုင်းတွင်တော့ စန်းရန်ထံမှ ထိုနာမည်တပ်၍ခေါ်သံမျိုးအား တစ်ခါလေးမျှထပ်မကြားရတော့၏။
သူမ၏အိမ်နာမည်အား ဟိုးအရင်ကတည်းက မေ့သွားနှင့်လောက်ပြီဟုလည်း တွေးကြည့်မိပါသေးသည်။
အဖုံးကိုပြန်ပိတ်လိုက်ပြီးနောက် ဝိန်းရိဖန်က လက်ဆောင်ဘူးအား ပွေ့ပိုက်ထားရင်း နောက်သို့လှန်ချကာ အိပ်ရာထက်သို့လှဲအိပ်လိုက်၏။ ဖြူဖွေးလင်းထိန်နေသည့်မျက်နှာကျက်ကိုစိုက်ကြည့်ရင်း တစ်ခဏတွင် လက်တစ်ဖက်က သူမ၏ဆံပင်များအား တဖန်ထိတွေ့ကြည့်လိုက်သည်။
ယောက်ျားလေး၏ အပြုအမူတစ်ခုက ခပ်ပြင်းပြင်းရှိလှသည့်အပြင် ရင်းနှီးသည့်အငွေ့အသက်တို့လည်း ပါနေသေးသည်။
ယခုလေးတင် စန်းရန်မှ သူမအား ကြည့်သွားခဲ့သည့်မျက်ဝန်းများကိုလည်း ဝိန်းရိဖန် ပြန်မြင်ယောင်လိုက်မိသေး၏။
ဤအခိုက်အတန့်တွင်။
ဝိန်းရိဖန်၏စိတ်ထဲ ခိုင်မာလွန်းသည့်အတွေးတစ်ခု လှစ်ခနဲ ပေါ်လာတော့သည်။
သူမ ရုတ်တရက်ကြီး ချစ်ကျွမ်းဝင်ချင်လာမိ၏။
ဟုတ်ပါ၏ ၊ စန်းရန်နှင့်ပင်။
သူမက စန်းရန်နှင့် ချစ်ကျွမ်းဝင်ချင်လာမိသည်။
ဝိန်းရိဖန်က ခန္ဓာကိုယ်ကိုတစ်ဖက်လှည့်ပြီး စိတ်ငြိမ်အောင်ကြိုးစားကြည့်ချင်ပါသော်ငြား ဤအတွေးတစ်ခုကိုတော့ လုံးဝဖျောက်ဖျက်၍မရ။
ယခုနှစ်အတွက် သူမ၏မွေးနေ့ဆုတောင်းမှာ သိပ်မကြီးမားခဲ့ပါ။
ကိစ္စတော်တော်များများနှင့်ပတ်သတ်ပြီး ဝိန်းရိဖန်ကိုယ်တိုင်က သူမ မပိုင်ဆိုင်သင့်သည့်အရာများအဖြစ် မှတ်ယူထားသောကြောင့် အတင်းကာရော တောင်းဆိုခဲ့ခြင်းမျိုးများ မရှိခဲ့ပါပေ။ သူမ မျှော်လင့်မိသည့်တစ်ခုတည်းသောအရာမှာ သူမကိုယ်တိုင်က လုံလုံလောက်လောက် သတ္တိရှိဖို့ ၊ သူမကိုယ်တိုင်အတွက် တစ်ကြိမ်တစ်ခါမျှ စွန့်စားကြည့်ဖို့ ၊ မည်သည့်ကိစ္စကိုမျှ သုံးသပ်တွေးခေါ်မနေတော့ဘဲ ထိုလူဆီသို့ ပြေးဝင်သွားနိုင်ဖို့ရာအတွက်ပင်။
အကယ်၍ အဲ့ဒီလူကသာ စန်းရန် ဖြစ်နေရင်...
သူမကိုယ်တိုင်က ကြိုးစားအားထုတ်ပြီး တစ်ဖက်လူနီးပါး စိတ်အားထက်ထက်သန်သန်ရှိလာစေရန် ဖြစ်သည်။
အကယ်၍ အကျိုးဆက်ရလဒ်မှာ...
သူမ လိုချင်သည့်အဆုံးသတ်မျိုးဖြစ်လာခဲ့လျှင်..
သေချာပေါက် အကောင်းဆုံးပါပင်။
အကယ်၍များ မရနိုင်ခဲ့လျှင်...
သူမအနေဖြင့် နောက်ပြန်လှည့်လာမည်ပင်ဖြစ်သည်။
ကြည့်ရသည်မှာ ဘာကိစ္စပင်ရှိခဲ့ပါစေ ၊ ကျုံးစစ်ချောင် ပြောခဲ့သည့်စကားအတိုင်း...
သူမ..သူ့ကို လိုက်ပိုးပမ်းကြည့်ချင်ပါသည်။
Advertisement
သူမ တစ်ခါလောက် ကြိုးစားကြည့်ချင်ပါသေးသည်။
ဝိန်းရိဖန်က ထထိုင်လိုက်ပြီး လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်၏။
အနက်ရောင်ဖုန်းမျက်နှာပြင်ထက်တွင် ရောင်ပြန်ဟပ်နေသည့် သူမ၏နှုတ်ခမ်းပါးများက ကွေးတက်၍ပြုံးနေသည်ကို မြင်လိုက်ရကာ ဝိန်းရိဖန် တစ်ခဏမျှကြောင်အမ်းသွားရင်း ကိုယ့်ကိုကိုယ်ပြန်ထိန်းလိုက်၏။ Wechat ထဲသို့ဝင်ကာ စန်းရန်နှင့်စကားပြောထားသည့် မက်ဆေ့ဘောက်ထဲဝင်လာလိုက်သည်။
အချိန်အကြာကြာတွေးပြီးသွားသည်အထိ ဘာစကားဆိုလို့ဆိုရမည်မှန်းမသိသေးသည့်သူက စာလုံးတစ်ချို့သာ ရိုက်လိုက်သည်။
[ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် ^_^ ]
သို့သော်လည်း အနောက်တွင်ပါနေသည့်အမူအရာသင်္ကေတက ပေါတောတောဆန်နေပြန်ကာ..
ဝိန်းရိဖန်က ပြန်ဖျက်ပစ်လိုက်ပြီး..
အဆုံးတွင် 'ကျေးဇူး' ဆိုသည့်စကားလုံးနှစ်လုံးတည်းသာ ကျန်နေခဲ့၏။
ဟိုခေါင်းကြီး ပြန်စာပို့လာသည်မှာ ချက်ချင်းနီးပါး။
စန်းရန် ; [ ? ]
စန်းရန် ; [ ဘယ်နှနာရီရှိနေပြီလဲ ]
စန်းရန် ; [ အိပ်တော့ ]
ဝိန်းရိဖန် ; [ အင်းပါ ]
ဝိန်းရိဖန် ; [ နင့်မွေးနေ့ကျရင် ငါလည်း လက်ဆောင်ပြန်ပေးမယ်နော် ]
နောက်နှစ် ဇန်နဝါရီလထဲတွင်ဖြစ်ရာ..
အကယ်၍ သူသာ လက်ခံလျှင် ၊ ဆိုလိုချင်သည်မှာ စန်းရန် အိမ်ပြောင်းသွားခဲ့လျှင်တောင် နှစ်ယောက်ကြားထဲရှိ အဆက်အဆံကို ထိုအချိန်ထိ ဆွဲဆန့်ထားနိုင်မည်ဖြစ်သည်။ ထို့အပြင် သူမထံ၌လည်း သူနှင့်စကားပြောလို့ရမည့်အကြောင်းပြချက် ရလာလိမ့်မည်။
စန်းရန် ; [ အို့ ]
ဤတစ်ကြိမ်တွင် သူက စာလုံးတစ်လုံးသာ ပြန်ပို့လာခဲ့၏။
လေထုအခြေအနေမှာ အေးစက်သွားလျက်။
ဝိန်းရိဖန်က ဘယ်လိုပြန်စာမျိုးပို့ရမည်မှန်းမသိတော့ဘဲ လက်ချောင်းများက ဖုန်းမျက်နှာပြင်ထက်၌ တန့်နေကာ နောက်ဆုံးတွင်လက်လျော့လိုက်၏။ ဖုန်းကို ဘေးချထားလိုက်ပြီး ရေချိုးရန် ထရပ်လိုက်သည့်အခိုက်အတန့်။
ဤအခိုက်အတန့်တွင် နောက်တစ်ကြိမ်ဖုန်းမြည်လာခဲ့၏။
သူမ လှမ်းယူပြီး ဖွင့်ကြည့်လိုက်သည်။
စန်းရန်ဘက်မှ နောက်ထပ် အသံမက်ဆေ့တစ်ခု ပို့လာခဲ့သည်။
အနည်းငယ်ပျင်းတိပျင်းရွဲနိုင်သည့် သြရှရှအသံတို့ထဲတွင် ပင်ပန်းနေသည့်အရိပ်အယောင်များပါ ရှိနေပြီး
"နောက်ထပ် ၆၉ ရက် လိုသေးတယ်"
ဝိန်းရိဖန် သုံးလေးကြိမ်ခန့်ပင် နားထောင်နေခဲ့ပြီး စန်းရန်ဘက်မှ သူမအား ယခုလိုပြောပြလာသည့်အပေါ် အလွန်ကိုသဘောကျမိတော့၏။ အချိန်တစ်ခုစာ လူးလိမ့်နေပြီးနောက်တွင်
[ တကယ်လို့ အဆင်ပြေမယ်ဆိုရင်..နင် ငါ့ကို နေ့တိုင်း ရက်တွက်ပေးလို့ရမလား? ]
စန်းရန် ; [ ? ]
ဝိန်းရိဖန်က အကြောင်းပြချက်တစ်ခုပေး၍
[ ငါ မေ့သွားမှာစိုးလို့ ]
နောက်ထပ် အသံမက်ဆေ့ သုံးစောင်။
စန်းရန် ; " ဘယ်လိုတောင် မျက်နှာပြောင်နေတာလဲ"
စန်းရန် ; "နည်းနည်းပါးပါးလေး စိတ်ရင်းနဲ့အလေးအနက်ထားပေးပါဦး"
စန်းရန် ; "ဒီကိစ္စက မင်းဘာသာမင်း စိတ်ထဲမှာ အချိန်ပြည့်မှတ်ထားသင့်တာ...ကိုယ့်ကိုလာပြီး မင်းကို နေ့တိုင်းသတိပေးခိုင်းရမှာမဟုတ်ဘူး..နားလည်ပြီလား"
"...."
သူ့စကားကြောင့် ဝိန်းရိဖန်က ချက်ချင်းဆိုသလိုလည်း သူမ၏တောင်းဆိုမှုဟာ အနည်းငယ်လွန်သွားကြောင်းသိလိုက်ပြီး ပြန်ပြောင်း၍စကားဆိုလိုက်၏။
[ တောင်းပန်ပါတယ် ]
ဝိန်းရိဖန် ; [ ငါ သေချာမှတ်ထားလိုက်မယ် ]
ဖုန်းကို ဘေးချထားရင်း ကိုယ့်ဘာသာကိုယ်တွေးကြည့်နေမိလိုက်သည်။
ဝိန်းရိဖန်သည် သူမဘက်က စန်းရန်ကို လိုက်မည့်အကြံအစည်နှင့်ပတ်သတ်၍ စိတ်ဆုံးဖြတ်ချက်ချပြီးဖြစ်သော်လည်း သူမအနေဖြင့် တစ်ခါမှအတွေ့အကြုံမရှိခဲ့ဖူးပေ။ ထို့ကြောင့် မည်သည့်နေရာမှ စတင်ရမည်မှန်းမသိ။ စကားလုံးများဖြင့်သာ ကြိုးစားကြည့်ပြီး တစ်ဆင့်ချင်းစီတက်နေလျှင်လည်း အကျိုးရှိလာမည်မဟုတ်မှန်း သူမ နားလည်မိသေးသည်။ သည်လိုစကားမျိုးများက စန်းရန်ကတောင် ပိုပြောတတ်သေးသည်မဟုတ်လား။ သို့မဟုတ်လျှင် သူမပြောနေသည့်စကားများက သူ့အတွက် ရိုးအီနေသောကြောင့် ထပ်တူညီသောနည်းလမ်းဖြင့် တုံ့ပြန်နေခြင်းများလား။
ဒါဆို တည့်တိုးဆန်သည့်အပြုအမူမျိုးဖြင့် ချဥ်းကပ်လိုက်လျှင်...
သို့သော်လည်း စန်းရန်ဘက်မှ သူမသည် သူ့အား ခန္ဓာကိုယ်ထိပါးစော်ကားချင်နေသည်ဟု ထင်သွားမည်ကိုလည်း စိုးရိမ်ရသေးသည်။
စန်းရန် အရင်ကပြောခဲ့ဖူးသည့်စကားများအရဆိုလျှင်တော့ အိပ်နေရင်းလမ်းထလျှောက်သည့်အခါများတွင် ခန္ဓာကိုယ်ထိပါးစော်ကားသည့်ကိစ္စနှင့် ဆင်တူသည့်လုပ်ရပ်များကို သူမဘက်မှ ကြိမ်ဖန်များစွာ ကျူးလွန်ထားပြီးပြီပင်။ သို့သည်တိုင် အသိစိတ်ကပ်နေသည့်အချိန်မျိုးတွင် ထိပါးလျှင်တော့ စန်းရန်က သူမအား လွယ်လွယ်နှင့်နားလည်ပေးမည်မဟုတ်နိုင်မှန်း ဝိန်းရိဖန် ခံစားနေမိသည်။
အထက်တန်းကျောင်းတုန်းက 'ချွေးကျင့်ယွီ' အပေါ် ပြုမူလိုက်သည့် စန်းရန်၏ပုံစံကို ထပ်တွေးကြည့်လိုက်လျှင်...
စန်းရန်က နွေးနွေးထွေးထွေးနှင့်တည့်တိုးဆန်ပြီး ပွင့်လင်းသည့်စရိုက်မျိုးကို သဘောကျပုံမရပေ။
အချိန်အကြာကြီးတွေးနေခဲ့ပါသည့်တိုင် ဝိန်းရိဖန်က အကြောင်းပြချက်လေးတစ်ခုပင် ရှာမတွေ့နိုင်ခဲ့၏။
---------
နောက်တစ်နေ့ မနက်ရှစ်နာရီဝန်းကျင်တွင် ဝိန်းရိဖန် ပုံမှန်အတိုင်း အိပ်ရာနိုးလာခဲ့သည်။
ထုံးစံအတိုင်း အိပ်ရာထ ၊ အဝတ်အစားလဲပြီး အိပ်ခန်းထဲမှထွက်လာတော့မည်အပြုတွင် မှန်တင်ခုံပေါ်မှ အလှကြည့်မှန်ပေါ်သို့ အာရုံရောက်သွားခဲ့သည်။ မျက်ဝန်းများက မှန်ထဲမှ သူမ၏ပုံရိပ်ကိုသာ စူးစိုက်ပြီး ကြည့်နေမိသည်။
အမျိုးသမီးလေး၏အသားအရည်ဟာ ကြည်လင်ပြီးနူးညံ့လှသည်။ မျက်ဝန်းများသည် အတွင်းဘက်မှအပြင်ဘက်သို့ ကွေးညွှတ်နေသည့်ပုံစံ။ နှုတ်ခမ်းပါးသည် မျက်နှာချေမှုန့်အတိုင်း နီစွေးလွန်းသည်။ ပြောင်ရှင်းရှင်းမျက်နှာပြင်ဟာ မည်သည့်မိတ်ကပ်အကူပစ္စည်းမှမပါပါပေ။ ပိုနီတေးလ်သဏ္ဍာန်စည်းထားသည့် ဆံပင် ၊ ရိုးရှင်းသည့်အားကစားဂျက်ကတ်အထည်နှင့် ကိုယ်ကျပ်ဘောင်းဘီရှည်အား ဝတ်ဆင်ထား၏။
ပုံပန်းသွင်ပြင်မှာ သမာရိုးကျသာဖြစ်သော်လည်း စူးရဲပြီးမြှူဆွယ်တတ်သည့်အငွေ့အသက်မျိုးလည်း ရှိနေပါသေးသည်။
ဝိန်းရိဖန်က မှန်တင်ခုံရှေ့တွင်ထိုင်လိုက်ပြီး ရိုးရိုးရှင်းရှင်းမိတ်ကပ်ပုံစံမျိုး လိမ်းခြယ်လိုက်၏။ မနေ့ညက ချထားခဲ့သည့် ရေမွှေးပုလင်းကို မြင်လိုက်ပြီး ကောက်ယူလိုက်ကာ ချိတုံချတုံဖြစ်နေပြီးမှ နားရွက်အနောက်နှင့်လက်ကောက်ဝတ်နေရာအား ဖြန်းလိုက်သည်။
အနံ့ပြယ်သလိုရှိသွားသည်နှင့်တပြိုင်နက် ဝိန်းရိဖန် အိပ်ခန်းထဲမှထွက်လာခဲ့သည်။
ဒီနေ့က ရုံးပိတ်ရက်ဖြစ်သဖြင့် စန်းရန်က အလုပ်သွားစရာမလို ၊ လက်ရှိအချိန်တွင်တော့ သူကအိပ်ရာနိုးနှင့်နေပြီး သာမန်ဝတ်စားထားကာ မီးဖိုချောင်ထဲ၌ မနက်စာအတွက်ချက်ပြုတ်နေ၏။ အခြားသူတစ်ယောက် အနှောက်အယှက်မပေးခံရသေးသည့် အခြေအနေမျိုး၌ ရှိနေဆဲပင်။
Advertisement
ဝိန်းရိဖန်၏လှုပ်ရှားမှုများကို သတိထားမိလိုက်သည့်အချိန်တွင်တော့ တစ်ချက်လှမ်းကြည့်လာခဲ့ပြီး...
ချက်ချင်းဆိုသလို သူ့လှုပ်ရှားမှုအားလုံး ရပ်တန့်သွားခဲ့သည်။
စန်းရန်၏မျက်ဝန်းများက ဖုံးကွယ်လိုခြင်းမရှိ သူမအား ဗြောင်ကျကျပင် လှမ်းကြည့်နေ၏။ လက်တစ်ဖက်က ဂတ်စ်မီးဖိုတင်ထားသည့်စင်ပေါ်၌ တင်ထားပြီး နှစ်ကြိမ်တိတိခေါက်လိုက်ကာ
"ဒီနေ့ ဘယ်သွားစရာရှိလို့လဲ"
ဝိန်းရိဖန်က အိုးကိုလှမ်းကြည့်ရင်း အမှန်တိုင်းဖြေလိုက်၏။
"အလုပ်သွားမလို့"
စန်းရန်က မျက်ခုံးတစ်ဖက်ပင့်ကာ သူမအား တစ်ခဏကြာကြာစိုက်ကြည့်နေသေး၏။ တစ်ခုခုကို နားလည်သွားဖို့ရာ သိပ်မကြာလိုက်သည့်အလား သူ့နှုတ်ခမ်းထောင့်စွန်းများက ရေးရေးလေးကွေးတက်သွားပြီး အကြည့်လွှဲလိုက်ရင်း အဓိပ္ပါယ်ပါပါ ရည်ရွယ်ချက်ရှိရှိဖြင့် 'အို့' ဆိုသည့်စကားတစ်လုံးကို ဆိုလာခဲ့သည်။
ဝိန်းရိဖန်၏အမူအရာမှာ တည်တည်ငြိမ်ငြိမ်သာဖြစ်ပြီး မသက်မသာနေရခက်နေခြင်းမျိုးမရှိ ၊ ကျိုးကြောင်းသင့်သည့်တုံပြန်မှုတစ်ခုဟုပင် ယူဆထားလိုက်သေးသည်။
စန်းရန်က မီးဖိုကိုပိတ်လိုက်၍
"ပန်းကန်ယူလာခဲ့"
"အို့"
ဝိန်းရိဖန်က ပန်းကန်စင်ကိုဖွင့်ပြီး စကားဆိုလိုက်၏။
"ဒါဆို မနက်ဖြန်မနက်စာကို ငါ ချက်လိုက်ရမလား?"
"မင်းက အိပ်ရာနိုးမှာမလို့လား?"
"နိုးမယ်...ထင်တာပဲ"
ဝိန်းရိဖန်လည်း သိပ်မသေချာချေ။
"နင့်ရဲ့ အချိန်ဇယားကတော့ တော်တော်လေးကိုကျန်းမာရေးနဲ့ညီညွတ်တာပဲနော်..ငါ သိတဲ့လူတွေထဲမှာ မနက်စာကို နေ့တိုင်း စားတာ နင်တစ်ယောက်တည်းပဲရှိတယ်..တစ်ရက်မှတောင် မလွတ်ဘူး"
စန်းရန်က ခေါင်းစောင်းကြည့်လာပြီး အသံနေအသံထားက ပျင်းတိပျင်းရွဲဖြင့်
"ကိုယ်က ဘာဖြစ်နေလို့ မင်းက ကျန်းမာတယ်လို့ပြောနေရတာလဲ"
ဤမေးခွန်းက သူမ ပြောထားပြီးသည့်စကားကိုသာ ထပ်မေးနေခြင်းဖြစ်သော်ငြား ဝိန်းရိဖန်က စိတ်ရှည်လက်ရှည်ဖြင့်
"ဘာဖြစ်လို့လဲဆိုတော့ နင်က နေ့တိုင်း မနက်စာစားလို့လေ"
"...."
စန်းရန်က ရိုးရိုးရှင်းရှင်း ကြက်ဥနှင့်ဆန်ပြုတ် သာ ချက်ပြုတ်ထား၏။
ချက်ပြုတ်ပြီးနောက် အနည်းငယ်ပူနေသေးသောကြောင့် ဝိန်းရိဖန်က ဖြေးဖြေးချင်းသာ စားနေ၏။ စန်းရန်က အမြန်ပင် စား၍ပြီးသွားခဲ့ပြီး မတ်တပ်ထရပ်ကာ အိပ်ခန်းထဲသို့ အဝတ်အစားလဲရန်ဝင်သွားခဲ့သည်။ ပြန်ထွက်လာသည့်အခါ ဝိန်းရိဖန် လှမ်းကြည့်လိုက်လျှင်..
ထပ်၍ တစ်ကိုယ်လုံး ပိန်းပိတ်အောင်မည်းမှောင်နေသည့်ဝတ်စုံ။
ကြည့်လိုက်လျှင် သွေးအေးပြီးသနားညှာတာမှုမရှိသည့် လူသတ်သမားက မစ်ရှင်ထွက်လုပ်တော့မည့်အတိုင်းပင်။
နောက်ဆုံးတစ်ငုံစာကျန်သည့်ဆန်ပြုတ်ကို မျိုချလိုက်ပြီး ဝိန်းရိဖန်က
"နင် အပြင်ထွက်မလို့လား"
"အင်း..မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့မလို့"
ဝိန်းရိဖန်က ထပ်မမေးတော့ဘဲ အချိန်လည်းသိပ်မရှိတော့သည့်အတွက် မတ်တပ်ထရပ်ကာ စန်းရန်နောက်မှလိုက်ပြီး အိမ်ပေါက်ဝဆီသို့လျှောက်လာခဲ့၏။ သူ ဖိနပ်စီးနေသည့်အချိန် သူမက အင်္ကျီချိတ်စင်ပေါ်မှ လျှာထိုးဦးထုပ်ကိုလှမ်းယူပြီး အမြန်ဆောင်းလိုက်သည်။
ခေါင်းပေါ်တင်လိုက်သည့် အခိုက်အတန့်တွင်...
တစ်စုံတစ်ခုက လွှဲမှားသွားပြီဖြစ်ကြောင်း ချက်ချင်းခံစားမိလိုက်၏။
ဦးထုပ်မှာ သူမ၏ပစ္စည်း ဟုတ်ပုံမရဘဲ...
အတော်ကြီး ချောင်ချိနေလေသည်။
တစ်ချိန်တည်းဆိုသလို ဝိန်းရိဖန်က စန်းရန်၏မျက်နှာအား လှမ်းကြည့်မိလိုက်တော့၏။
ပထမတွင် သူက သူမ၏ခေါင်းပေါ်မှ ဦးထုပ်ကိုလှမ်းကြည့်နေခြင်းဖြစ်ပြီး သုံးလေးစက္ကန့်စိုက်ကြည့်နေပြီးနောက်တွင် အောက်သို့ဆင်းကာ သူမ၏မျက်နှာအား လှမ်းကြည့်လာခဲ့၏။
အထက်စီးမှနေ၍ လှမ်းကြည့်နေသည့်အငွေ့အသက်မျိုးများက မပါမဖြစ် ပါနေသေးသည်။
ဝိန်းရိဖန်က ချက်ချင်းနားလည်လိုက်ပြီး အင်္ကျီစင်ရှိရာဘက်သို့ နောက်တစ်ကြိမ်လှမ်းကြည့်လိုက်ရာ ထင်ထားသည့်အတိုင်း နောက်ထပ် ဦးထုပ်အနက်ရောင်တစ်လုံး ရှိနေလေသည်။ တော်တော်ကြာငြိမ်နေမိပြီးမှ လက်လှမ်းပြီး ဆောင်းထားသည့်ဦးထုပ်အား လှမ်းယူလိုက်၏။
မူလပိုင်ရှင်ထံသို့ပြန်ပေးလိုခြင်းအလို့ငှာ ဝိန်းရိဖန်က ခေါင်းမော့ပြီး ချိတုံချတုံဖြင့် သူ့ခေါင်းပေါ်သို့ ဦးထုပ်လှမ်းဆောင်းပေးလိုက်ရာ..
သူမ၏လှုပ်ရှားမှုနှင့်အထိုက်အလျောက်ဖြစ်အောင် စန်းရန်ကလည်း ခန္ဓာကိုယ်ကို ကိုင်းချပေးလာသည်။
အကွာအဝေးမှာ ရုတ်ချည်း နီးကပ်သွားတော့၏။
ပတ်ဝန်းကျင်မှအရာအားလုံးသည် ဝေဝါးသွားသည့်အလား ၊ သူ့ အနက်ရောင်မျက်ဝန်းအိမ်များက မမြင်နိုင်သောဆွဲဆောင်ခြင်းတစ်မျိုးရှိနေသည့်နှယ်။ ဝိန်းရိဖန် မျက်တောင်ပင် မခတ်နိုင်တော့ဘဲ သူ့ခပ်နွေးနွေးအသက်ရှူငွေ့များကိုသာ ခံစားမိနေတော့သည်။
မရေရာ မသေချာသည့်အငွေ့အသက်များက လေထုထဲရောထွေးနေခဲ့ကာ အထိန်းအကွပ်မရှိသည့်သဖွယ်လည်း ပျံ့နှံ့နေသေးသည်။
သို့တည်းမဟုတ် မြှူဆွယ်ဖျားယောင်းနေမှုက တင်စားရမည်လော။
ဤအခိုက်အတန့်တွင် ဝိန်းရိဖန်က အပေါ်သို့မော့ကြည့်လိုက်ပြီး စိတ်လိုလက်ရခြင်းများစွာဖြင့် လက်ကိုမြှောက်ကာ သူ့နဖူးထက်၌ လျှောကျနေသည့်ဆံပင်များကို ပြင်ဆင်ပေးလိုက်၏။ သူ့မျက်ဝန်းများဖြင့် နောက်တစ်ကြိမ်ဆုံလိုက်မိသည့်အခါ လှုပ်ရှားမှုများ တုံ့ခနဲရပ်သွားပြီး လက်ပြန်ရုတ်လိုက်သည်။
ဝိန်းရိဖန်က နောက်တစ်လှမ်းဆုတ်လိုက်၍
"နင့်ဆံပင်တွေ ပွနေလို့..နင့်အစား ပြင်ပေးလိုက်တာ"
စန်းရန်၏လည်စလုတ်မှာ အထက်မှအောက်သို့ မသိမသာလေးလှုပ်ရှားသွားခဲ့၏။
သူ ပြန်ပြောလာမည်ကို မစောင့်တော့ဘဲ ဝိန်းရိဖန်က မျက်လွှာကိုချ ၊ ဖိနပ်စီးရင်း
"အားနာစရာမလိုပါဘူး"
နောက်တစ်ကြိမ် တိတ်ဆိတ်သွားမှု။
"အို့"
စန်းရန်က ရုတ်တရက်ပြုံးလိုက်၍
"အဲ့ဒီတော့ ဆိုလိုချင်တာက..ကိုယ်က မင်းကို ဒီအတွက် ကျေးဇူးတင်ရမယ်ပေါ့"
"...."
ဝိန်းရိဖန်က မကြားချင်ယောင်ဆောင်ထားပြီး ဘေးနားမှ သော့အား လှမ်းယူ၍
"ဒါဆို ငါ အလုပ်သွားပြီနော်"
သူမ ခြေလှမ်းမလှမ်းလိုက်ရခင်ပင် စန်းရန်က ခပ်မတ်မတ်ပြန်ရပ်လိုက်ပြီး အရှေ့တွင်ပိတ်ရပ်လိုက်သည်။ အင်္ကျီစင်ပေါ်၌ရှိနေသေးသည့် နောက်ထပ်ဦးထုပ်တစ်လုံးအား ဖြေးဖြေးသာလှမ်းယူကာ ဝိန်းရိဖန်၏ခေါင်းပေါ်၌ အသာအယာတင်၍ ဆောင်းပေးလိုက်သည်။
လှုပ်ရှားမှုတိုင်းဟာ သေသပ်ပြီး ပြတ်သားလျက်။
ဝိန်းရိဖန်က ခေါင်းမော့ကြည့်မိလိုက်၏။
စန်းရန်သည်လည်း သူမ၏မျက်နှာအား လှမ်းကြည့်နေကာ မစည်းထားသည့်အရှေ့ဆံပင်မွေးတစ်ချို့အား နားနောက်သို့ သိမ်းပေးလာခဲ့၏။ စက္ကန့်ပိုင်းသာ ကြာသည့်ကိစ္စဖြစ်သော်ငြား မိနစ်ပိုင်းလောက် ကြာသွားခဲ့သလိုပင်။ နောက်တွင် မျက်လွှာချ၍လှမ်းကြည့်လာပြီး စကားသံက ထပ်၍အထက်စီးဆန်လာပြန်တော့၏။
"ဘာလို့ စကားမပြောတာလဲ?"
"...."
"ဘာပြောရမယ်မှန်း မသိသေးဘူးလား"
ဝိန်းရိဖန်က ထိုအခါမှ အသိစိတ်ကပ်သွားခဲ့ကာ
"ကျေးဇူး"
နှစ်ယောက်သားက အိမ်ထဲမှ အတူတူထွက်လာခဲ့ကြသည်။
စန်းရန်က နန်းဝူ ရုပ်မြင်သံကြားနှင့်သတင်းဌာနအထိ လမ်းကြုံလိုက်ပို့ပေးခဲ့သည်။ ကားပေါ်မှဆင်းလာသည်နှင့် ဝိန်းရိဖန်က စိတ်အခြေအနေကိုထိန်းကာ ရုံးခန်းထဲဝင်လာခဲ့၏။ နေရာ၌ ထိုင်လိုက်ချင်းပင် စားပွဲပေါ်၌ နို့စတော်ဘယ်ရီတစ်ခွက်နှင့်ကိတ်မုန့်တစ်ခု တင်ထားကြောင်းတွေ့လိုက်ရသည်။
ဝိန်းရိဖန်က စုထျန်းဘက်သို့လှည့်၍
"ရှောင်ထျန်း..ဒါက ဘယ်သူ့ဟာတွေလဲ"
"ဘယ်သူ့ဟာဖြစ်ရဦးမှာလဲ"
စုထျန်းက ခပ်တိုးတိုးဖြင့်
"ဟိုခွေးပေါက်လေးက နင့်အတွက်ပေးထားတာ"
"...."
"နင်တို့နှစ်ယောက်က အခု အီစီကလီအခြေအနေလား? ဟိုဘက်ကပဲ တစ်ဖက်သတ်လား?..သူ နင့်အပေါ်စိတ်ဝင်စားတာကို ထုတ်ပြလာတာက ကြာလေ သိသာလာလေနော်..ဒါမှမဟုတ်လည်း နင် စမ်းကြည့်ကြည့်ပါလား..ခွေးပေါက်လေးက တအားစကားနားထောင်တတ်မယ့်ပုံလေးနော်..ရုပ်ရည်ကလည်း အပြစ်ပြောစရာမရှိဘူး"
ဝိန်းရိဖန်က ဘာမှမဆိုတော့ဘဲ မတ်တပ်ထရပ်ကာ မုချန်ယွင်၏နေရာသို့ လျှောက်သွားလိုက်၏။
ဤအချိန်တွင် ရုံးခန်းထဲ၌ လူသိပ်မရှိသေး။
မုချန်ယွင်က ပြုံးပြီးနှုတ်ဆက်လာခဲ့၏။
"ရိဖန်ကျဲ..မင်္ဂလာနံနက်ခင်းပါ"
"အင်း..မင်္ဂလာနံနက်ခင်း.."
ဝိန်းရိဖန်က မနက်စာအား သူ့စားပွဲပေါ်သို့ ပြန်တင်ပေးပြီး ယဥ်ယဥ်ကျေးကျေးအမူအရာမျိုးဖြင့်
"မနက်စာအတွက်ကျေးဇူးတင်ပါတယ်..ဒါပေမယ့် အစ်မက နေ့တိုင်း မနက်စာစားပြီးမှ ရုံးလာခဲ့တာမလို့..အခုလည်း ထပ်မစားနိုင်တော့ဘူး"
မုချန်ယွင်က နှုတ်ခမ်းလှုပ်သွားရုံရှိသေး။
ဝိန်းရိဖန်က ပြုံးပြ၍
"မင်းပဲ စားလိုက်တော့နော်..နောက်ဆိုလည်း မဝယ်လာပေးနဲ့တော့..ကျေးဇူးတင်ပါတယ်"
"...."
စကားဆုံးသည်နှင့် ဝိန်းရိဖန်က နေရာသို့လှည့်ပြန်လာခဲ့သည်။
စုထျန်းက အနားသို့ပြန်ကပ်လာကာ စပ်စပ်စုစုဖြင့်
"နင် ဘာသွားပြောလာတာလဲ..ဟိုခွေးပေါက်လေးက ချက်ချင်းငိုက်ကျသွားတာရော"
ဝိန်းရိဖန်က ခေါင်းရမ်းပြရင်း
"ဘာမှမဟုတ်ပါဘူး"
"ဒါပေမယ့်လည်း အဲ့ကောင်လေးက တကယ်ကို မဦးဆောင် မတက်မကြွနဲ့..ဘယ်လိုများ ပိုးပမ်းလို့ရ...အေ..."
စုထျန်းက တစ်ခုခုကိုသတိထားမိသွားသည့်အလား အသက်တစ်ချက်ရှူရှိုက်လိုက်ကာ စကားလမ်းကြောင်းပြောင်းသွားပြီး
"ရိဖန်..နင် ဒီနေ့ ရေမွှေးသုံးလာတာလား..ဒီအနံ့လေးက တော်တော်မွှေးတယ်ရော"
ဝိန်းရိဖန်က နားအနောက်ဘက်သို့ထိလိုက်၍
"အင်း"
စုထျန်းက စိုက်ကြည့်လာပြီး
"နင် တစ်ခုခု ပုံမှန်မဟုတ်တော့ဘူးနော်.."
"...."
"ရည်းစားရနေပြီလား?"
"မဟုတ်ပါဘူး"
Advertisement
- In Serial16 Chapters
I Reincarnated As A Villainess, But Why Did I Become A Cat Butler Instead?
I reincarnated as Rowaine, the villainess who was fated to be executed for the sin of mistreating a shapeshifter. To escape death, I decided to replace my sister, Renee, in her arranged marriage.
8 394 - In Serial9 Chapters
My Beauty
Once a year, Rory gets to escape dreary village life and the strict care of her three dumpy godmothers and visit her Aunt for her birthday. For one week of the year, Rory gets to experience life as a princess when she visits Leah, her new husband, King Hubert and his son, Prince Phillip.A spirited young village girl, a handsome prince, a cup of poison and a witch with a grudge against their family. Excerpt:Out in the open, the sunlight reflected off her ebony horns which twisted cruelly upward, making the woman seem even taller, if that were possible.The dark stranger smiled pleasantly. The expression looked strange on her pallid face. Rory wasn’t fooled, her locket was a chip of ice against her collar, warning her about this malefic woman.
8 170 - In Serial51 Chapters
Ace Of Hearts(#Book1 in ACE series)
#BOOK1 in 'ACE' SERIES He was like storm. He liked silence. He had looks which could kill. He is cold , ruthless and arrogant as hell. He had a past which forced him to become what he is. He was a typical billionaire. Ace Parker. She is clumsy. She likes talking. She was beautiful. She was selfless and kind. She had a secret no one knew. She was an ordinary girl. Eva Johns. Polar opposites right? Ace needed a girl who would marry him for 1 year and then leave and all this for a stupid deal that his father made with him. Eva needed money because she had just run away from her home and something else also. two people in need meet in circumstances and maybe will be able to help each other ...... "She met him. She married him. She hated him Yet she knew he was somewhat lost. So she swore to find the Ace of hearts . Not caring what it cost.." But the questions is, will they be able to live with each other? Or will their destiny play games and sparks will fly? "It is like we are two pieces of two different broken worlds who have come together to disentangle each other's twisted lives. " Join both of them and go on a ride to another world which will make you laugh, love, and maybe cry. ----------------------------------------------------------------------------------------------------------------------------- p.s i acknowledge all the sources from where i have taken photos and quotes. Cover credits go to @SushFan191918 have a happy reading!
8 166 - In Serial27 Chapters
Sex On The Beach [completed]
A girl name Latina met this guy name Tony would they fall in love read and find out bitches...
8 263 - In Serial15 Chapters
THARNTYPE ONE SHOTS
Love scenes how I imagine them and randomly written to reflect my obsession
8 178 - In Serial27 Chapters
Lucifer (Gender Swap)
Lucifer has always been depicted as a male archangel. But what if Lucifer is really a female?Cover by@SciFiFantasyNerd
8 185

