《First Frost (Myanmar Translation)》Chapter 41
Advertisement
ဝိန်းရိဖန်က အကြည့်များပြန်လွှဲလိုက်ပြီး မည်သည့်မှတ်ချက်မျိုးမှမပေးဘဲ 'အင်း' တစ်လုံးတည်းသာ အထိုက်အလျောက်ပြန်ဖြေလိုက်သည်။
ဤစကားတစ်ခွန်းက အမှန်တကယ်ဟုတ်မဟုတ် အတည်ပြုနေဖို့ရာလည်း သူမတွင်အကြောင်းပြချက်ကရှိမနေ။
တစ်ခုတည်းသော နားမလည်သလိုဖြစ်နေသည့်ကိစ္စမှာ သူတို့၏တက္ကသိုလ်ဘွဲ့ရညစာစားပွဲတွင် အဘယ်ကြောင့် စန်းရန်၏အထက်တန်းကျောင်းမှကိစ္စများကို ပြန်စမြုံပြန်နေခဲ့ခြင်းကိုပင်။ အသေးစိတ်လိုက်ပြောရလျှင် သူတို့နှစ်ဦးကြားရှိကိစ္စများကို စုဟောက်အန်းပင် ခရေစေ့တွင်းကျမသိခဲ့ပါပေ။
သည့်ထက်အပြင် စန်းရန်၏ မာနကြီးသည့်အကျင့်စရိုက်အရ သူ့အားနည်းချက်အား အခြားသူများရှေ့၌ ဘယ်တော့မှထုတ်ပြမည်မျိုးမဟုတ် ၊ အခြားသူများအား ရင်ဖွင့်ရမည်ကိုပင် ပျင်းနေပါလိမ့်မည်။
ထို့ကြောင့် ဝိန်းရိဖန်လည်း ဤကိစ္စအား အဘယ်ကြောင့် အစမရှိ အဆုံးမရှိဘဲ စကားချီလာမှန်းကို နားမလည်တော့၏။
သို့သော်လည်း ဖြစ်နိုင်ချေအဖြစ်နှင့် တွေးမိသည်မှာ ဟာသစကားတစ်ခု အဖြစ် တရင်းတနှီးပြောပြလာခြင်းဟူ၍ပင်။
ဘယ်လိုပင်ဖြစ်စေ အချိန်တွေမှာကြာလှခဲ့ပြီ။
ဤသို့ဤနှယ်တွေးလိုက်ပြန်တော့လည်း အတင်းစကားပြောလာခြင်းက ကျိုးသင့်ကြောင်းသင့်ရှိသလိုလို။
ဝိန်းရိဖန်က ထပ်မတွေးတော့ဘဲ မုချန်ယွင်က မဆီမဆိုင်ပြောပြလာခြင်းအပေါ်ကိုသာ နားလည်ရခက်သလိုခံစားမိလိုက်ရသည်။
ဝိန်းရိဖန်သည်လည်း မထင်ထားမိ ၊ သူမကိုယ်တိုင်က ထိုကဲ့သို့သော 'အကောင်းဆုံး' ဆိုသည့်တစ်ယောက်ဖြစ်နေလိမ့်မည်ဟူ၍။
"နောက်တော့ စီနီယာအစ်ကိုစန်းက ပြောသေးတယ်"
မုချန်ယွင်က သူမအား လှမ်းကြည့်လာပြီး စကားတစ်ခွန်းကို ထိုက်လျောက်စွာထည့်ပေါင်းပြောဆိုလာခဲ့သည်။
"တကယ်လို့ အဲ့ဒီတစ်ယောက်ကို သူ ထပ်တွေ့ခဲ့ရမယ်ဆိုရင်လည်း သူ အစကနေ ပြန်ပြီး လိုက်ပိုးပမ်းနေဦးမှာ..ဒါပေမယ့် နှလုံးသား ၊ ခံစားချက်တွေကတော့ အရင်ကနဲ့ တူနိုင်တော့မှာမဟုတ်ဘူးတဲ့"
ဝိန်းရိဖန်က စကားတစ်ခွန်းမှမဆိုဘဲ ကားစတီယာရင်ကို ကွေ့ချလိုက်သည်။
စကားပြောပြီးနောက်တွင် မုချန်ယွင်က တစ်ခဏမျှငြိမ်သွားခဲ့ရင်း ကြည့်ရသည်မှာ သူမ၏အတွေးကို လိုက်ခန့်မှန်းကြည့်နေသည့်ပုံ။ မုချန်ယွင်က တဖန်ပြန်ပြုံးပြလာခဲ့၍
"ဒါပေမယ့်လည်း အရက်မူးနေလို့ လျှောက်ပြောတာနေမှာပါ..တကယ့်ခံစားချက်အမှန်တွေ ဟုတ်ချင်မှလည်းဟုတ်မှာ"
ဤစကားအဆုံးတွင် ကားအတွင်း နောက်တစ်ကြိမ် ငြိမ်သက်လို့သွားခဲ့ပြန်သည်။
တစ်အောင့်ကြာအောင် ငြိမ်နေခဲ့သည့် ဝိန်းရိဖန်က ရုတ်တရက်စကားဆိုလာခဲ့၏။
"မင်း အရင်ကပြောတော့.."
"အမ်?"
ဝိန်းရိဖန်က မုချန်ယွင်၏စကားများထဲမှ အပေါက်အဖာများကို ထောက်ပြလိုက်၏။
"သူက တစ်ညလုံးကိုမှ စကားတစ်ခွန်းပဲ ပြောခဲ့တာဆို"
"...."
မုချန်ယွင်၏ အပြုံးမှာ တင်းခနဲဖြစ်သွာခဲ့ပြီး ချက်ချင်းဆိုသလို ပုံမှန်အတိုင်းပြန်ပြင်လိုက်၍
"ကျွန်တော် အရင်က အဲ့လိုပြောခဲ့မိတာလား..ကျွန်တော် သိပ်တောင်မမှတ်မိတော့ဘူး..အဲ့တုန်းက အရက်မူးနေလို့ အမှားလုပ်မိသွားတာနေမှာ"
"ဒါဆိုလည်း နောက်ဆိုရင်တော့ ပိုပြီးသတိထားပေးပေါ့..အပြင်ထွက်တဲ့အခါမျိုးကျရင် အများကြီးမသောက်မိစေနဲ့..အစ်မတို့ရဲ့ ဒီအလုပ်က အချိန်မရွေး အရေးပေါ်အချိန်ပိုဆင်းရတတ်တယ်"
ဤစကားကိုပြောနေရင်း ဝိန်းရိဖန်က တလေးတနက်ဖြင့်လည်းအသိပေးလိုက်၏။
"ပြီးတော့ ရှိသေးတယ်..ပုံမှန်အချိန်မှာ အတင်းတွေ ကောလဟလတွေပြောတာက အဆင်ပြေပေမယ့် သတင်းရေးတဲ့နေရာမှာတော့ ဒီလိုအကျင့်မျိုးကို အသုံးချလို့မရဘူး"
"...."
"မြင်ထားတာတွေ..ကြားထားတာတွေက ဘာလဲ ဆိုတဲ့အတိုင်း ရေးထွက်လာမယ့် သတင်းကလည်း ဘာလဲ ဆိုတာပဲဖြစ်ရမယ်"
ဖုကျွမ့်ကို ဆက်ဆံနေသည့်အတိုင်း ဝိန်းရိဖန်က တသမတ်တည်းညီတူမျှတူ သဘောရိုးဖြင့်
"ခန့်မှန်းထားတာတွေကို ရေးလို့မရဘူး..နားကြားမှားတာတို့ အမှတ်မှားတာတို့ ပြောမှားသွားတာတို့ လည်းမရဘူး..အရာအားလုံးက ကိစ္စရဲ့တကယ့်ဖြစ်ရပ်မှန်တွေပဲ ဖြစ်နေရမယ်"
မုချန်ယွင်၏အပြုံးများဟာ လုံးဝကို ကွယ်ပျောက်သွားခဲ့တော့သည်။
သူ့အမူအရာက တလေးတနက်ထားသည့်ဟန်မျိုးအဖြစ်ပြောင်းလဲသွားကာ ချက်ချင်းတုံ့ပြန်လာခဲ့၏။
"ကျွန်တော် နားလည်ပါတယ်"
ကားတစ်စင်းက နန်းဝူပြည်သူ့ဆေးရုံကြီးဆီသို့ မောင်းနှင်လာခဲ့သည်။
ဝိန်းရိဖန်က ကားပါကင်တစ်နေရာ၌ရပ်လိုက်ပြီး နှစ်ယောက်သားက ပစ္စည်းများကိုသယ်ကာ လမ်းညွှန်သင်္ကေတများအတိုင်း အရိုးအထူးကုဌာနဆီသို့ လျှောက်လာခဲ့ကြသည်။ တစ်ခဏတာအားလပ်သွားသည့်အချိန်အတွင်း ဝိန်းရိဖန်က လက်ကိုင်ဖုန်းကိုထုတ်ပြီး မက်ဆေ့များကို စာပြန်နေလိုက်သည်။
ဆေးရုံမလာခင်ကတည်းက ဝိန်းရိဖန်က ဆေးရုံနှင့် ဒဏ်ရာရကျောင်းသားလေး၏မိခင်တို့ထံ ဆက်သွယ်ခဲ့ပြီး သဘောတူညီချက်ရယူပြီးမှသာ အင်တာဗျူးရန်ရောက်လာခြင်းဖြစ်သည်။ ဒဏ်ရာရကျောင်းသားလေးမှာ အလယ်တန်း ပထမနှစ်တက်နေသည့် 'ကျန်းယွီ' ဆိုသော ကောင်မလေး။
ကျန်းယွီက မွေးရာပါ အသံအိုးပျက်နေခဲ့ပြီး စကားမပြောနိုင်ပေ။
ထို့နေ့ကအဖြစ်အပျက်မှာ ကျန်းယွီနှင့်သူငယ်ချင်းဖြစ်သူတို့က အနီးအနားတွင် တစ်ခုခုစားသောက်နေခဲ့ကြသဖြင့် အိမ်ကို ပုံမှန်အချိန်ထက်နောက်ကျပြီးမှ ပြန်ဖြစ်ခဲ့သည်။ လမ်းဖြတ်ကူးသည့်အချိန်တွင် ကျူးလွန်သူက သူမအား ဝင်တိုက်မိပြီး ဘရိတ်အုပ်လိုက်သည့်အချိန်တွင်တော့ ညာဘက်ခြေထောက်ပေါ် တက်ကျိတ်နှင့်ပြီးသား။
ဤအခြေအနေတွင် ကျူးလွန်မိသူက ချက်ချင်းအသိစိတ်ဝင်သွားခဲ့ပြီး ကားပေါ်မှဆင်းကာ လူနာတင်ယာဥ်ခေါ်ပေးခဲ့သည်။
နှစ်ယောက်သားက ကျန်းယွီရှိသည့်လူနာဆောင်ထဲ ဝင်လာခဲ့ကြသည်။
သုံးယောက်ခန်းလေးထဲတွင် လက်ရှိအချိန်၌ လူများအပြည့်။ ကျန်းယွီက အလယ်ကုတင်ထက်၌ လှဲအိပ်နေကာ ခွဲစိတ်ကုသမှုခံယူထားပြီးပြီဖြစ်သည့်အတွက် သူ့ခြေထောက်ပေါ်၌ ပတ်တီးတစ်ခုရှိနှင့်နေပြီ။ သူမ၏ပုံစံက ကလေးသာသာအရွယ်လေးဖြစ်ပြီး နီရဲဖောင်းအစ်နေသည့်မျက်ဝန်းများကိုကြည့်ခြင်းအရ ငိုထားမှန်း သိသာလှသည်။
ကျန်းယွီ၏အမေက ဘေးနားတွင်ထိုင်ပြီး နှစ်သိမ့်ပေးနေ၏။
ဝိန်းရိဖန်က အနားသို့လျှောက်သွားပြီး နှုတ်ဆက်စကားအရင်ဆိုလိုက်ကာ ကိုယ့်ကိုကိုယ်လည်း မိတ်ဆက်လိုက်သည်။
ကျန်းယွီ၏အမေဖြစ်သူမှာ 'ချန်လိကျိန်' ဟုအမည်ရပြီး ဒီအရွယ်ကလေးတစ်ယောက်ရှိနေသည့် အမေနှင့် နည်းနည်းလေးမျှမဆင်။ ရုပ်ရည်ကို စနစ်တကျထိန်းထားနိုင်ပြီး အကျင့်စရိုက်မှာလည်း အလွန်တရာကိုသိမ့်မွေ့လှသည်။ ဝိန်းရိဖန်၏အင်တာဗျူးအတွက် အထူးတလည်ကိုပူးပေါင်းပေးပြီး အင်တာဗျူးနေသည့်တစ်လျှောက်လုံးတွင်လည်း အမူအရာတစ်ချက်ပျက်မသွားသလို စိတ်မရှည့်ဟန်မျိုးလည်း မရှိပေ။
ကျန်းယွီ၏စိတ်အခြေအနေကို အနှောက်အယှက်ပေးမိမည် စိုးရိမ်သဖြင့် အင်တာဗျူးအား လူနာဆောင်အပြင်ဘက်၌သာပြုလုပ်ခဲ့သည်။
ဝိန်းရိဖန်က မေးခွန်းများမေး ၊ မှတ်စုများ ချရေးနေသည့်အချိန် မုချန်ယွင်က ဘေးနားမှနေ၍ ကင်မရာဖြင့်ရိုက်ကူးရေး လုပ်နေခဲ့သည်။
"စိတ်အထိခိုက်ဆုံးကတော့ ကလေးအတွက်ပါပဲ..."
ချန်လိကျိန်က မျက်ခုံးများကိုပွတ်နေရင်း စကားပြောနေသည့်တစ်လျောက်တွင်လည်း မျက်ဝန်းများနီရဲနေခဲ့ကာ
Advertisement
"ကလေးက ဟိုတလောကမှ နန်းဝူအနုပညာကျောင်းကို ပြောင်းလာခဲ့တာ..အခုတော့ ဘာလုပ်လို့လုပ်ရမှန်း မသိတော့ပါဘူး..ဒီအခြေအနေကြီးက ကလေးရဲ့အက,ပညာအပေါ်မှာရော ထိခိုက်လာနိုင်မှာလားဆိုတာလည်း မသိရသေးဘူး"
ဝိန်းရိဖန်က တုံ့ခနဲရပ်သွားရင်း မေးလိုက်၏။
" 'ရှောင်ယွီ'က က,တတ်တာလား?"
ချန်လိကျိန်က တစ်ဖက်သို့လှည့်သွားပြီး မျက်ရည်များကိုသုတ်လိုက်၍
"ဟုတ်ကဲ့..ဘဲလေးအက,က တတ်ပါတယ်..အသက် ခုနှစ်နှစ်တည်းက စလေ့ကျင့်ခဲ့တာပါ"
ဤစကားကိုကြားလိုက်ရသည့်အခါ ဝိန်းရိဖန်က လူနာဆောင်ထဲသို့ လှမ်းကြည့်မိလိုက်တော့၏၊
ကလေးမလေးက ခေါင်းကိုငုံ့ထားပြီး လက်ကလေးနှစ်ဖက်မှာ အရှေ့တွင်စပ်ယှက်ထွေးဆုတ်ထားလျက်။ မျက်တောင်များက တဆစ်ဆစ်နှင့်တုန်ယင်နေပြီး မျက်ရည်များစီးကျနေသည်မှာ အထိန်းအချုပ်မရှိ ၊ သို့သည့်တိုင် မည်သည့်ပေါက်ကွဲထွက်လာမှုမျိုးမှမလုပ်နိုင်သည့်အပြင် ငိုနေသည်မှာပင် အသံတိတ်လျက်ဖြင့်။
"ရှောင်ယွီက စကားမပြောနိုင်တော့ အမြဲတမ်းလည်း စိတ်ထဲမှာပဲ သိုဝှက်ထားတတ်တာ..သူငယ်ချင်းတောင်မှ မရှိခဲ့ဘူး"
ချန်လိကျိန်က စကားပြောရင်း လက်ကိုင်ဖုန်းကိုထုတ်ကာ ဓါတ်ပုံများကို ပြ၍
"အရင်က သူ့မှာ အကပါရမီပါမှန်း သိခဲ့လို့ အက,သင်တန်းကျောင်းတွေပို့ပေးဖြစ်ခဲ့တာ..အက,ကပြီးတဲ့နောက်ပိုင်းမှာ ကလေးက အရင်ကထက်ပိုပြီး တက်ကြွလာခဲ့တယ်လေ"
"ဆရာဝန်ပြောတာတော့ အခြေအနေက ရှောင်ယွီ ပြန်ကောင်းလာတဲ့အပေါ်မှာပဲ မူတည်တယ်တဲ့..အခုလက်ရှိမှာတော့ ဆိုးကျိုးသက်ရောက်သွားမှာလားဆိုတာ မပြောနိုင်သေးဘူး..ကျွန်မလည်း ရှောင်ယွီရဲ့အဖေနဲ့ ကလေးကို အရင်အလယ်တန်းကျောင်းကိုပဲ ပြန်ပို့ရမလားဆိုတာ တိုင်ပင်နေတုန်းပါ"
ဝိန်းရိဖန်၏မျက်ဝန်းများက မရွေ့လျားနိုင်တော့ဘဲ အမူအရာမှာ အနည်းငယ်မှိုင်တွေတွေဖြစ်ခဲ့ရင်း...
သူမ အထက်တန်းကျောင်းတုန်းကအချိန်တစ်ခုအား အမှတ်ရလာမိတော့သည်။
ထိုအချိန်တုန်းက ဝိန်းရိဖန်သည်လည်း တူညီသောအကြောင်းပြချက်ကိစ္စတစ်ခုကြောင့်ဖြင့် အက,ကျောင်းသူအဖြစ်မှ သာမန်ကျောင်းသူအဖြစ် ပြောင်းလာခဲ့ရခြင်းပေ။
အထက်တန်း ပထမနှစ်၏နွေရာသီကျောင်းပိတ်ရက်တွင် ဝိန်းရိဖန်က ကျောင်းတော်ကြီးမှစီစဥ်ပေးသော ပြင်ပ အက,လေ့ကျင့်သင်တန်းတစ်ခုတွင် ပါဝင်ခဲ့သည်။ ထိုမတိုင်ခင်ကတည်းက သူမ၏ဒူးဆစ်များကိုက်ခဲနေခဲ့ရာ လေ့ကျင့်ပေးသည့်ဒဏ်ကို မခံနိုင်ဘဲရှိခဲ့၏။
ကျောက်ယွမ့်တုံနှင့်အတူ ဝိန်းရိဖန် ဆေးရုံသို့ရောက်လာသည့်အချိန်တွင်တော့ ဒုတိယအဆင့်ရှိသည့် ဒူးဆစ်ရိုးလွဲနေသည့်အတွင်းဒဏ်ရာရှိကြောင်း သိခဲ့ရသည်။
ဆရာဝန်က ဆေးများညွှန်ကြားပေးပြီး သုံးလတိတိအနားယူခဲ့ခိုင်းကာ ထိုကာလများအတွင်း ပြင်းထန်သည့်အားကစားမျိုးမလုပ်ရန် တားမြစ်ခဲ့၏။ ဤပြဿနာက အရေးကြီးလွန်းသည်မဟုတ်သော်ငြား အက,ကျောင်းသူ ဝိန်းရိဖန်အတွက်တော့ စိတ်ထိခိုက်မိသည်မှာ မသေးခဲ့။ စိတ်ရှုပ်ထွေးရပါသည့်တိုင် ဆရာဝန်၏ညွှန်ကြားချက်ကို ပူးပေါင်းခဲ့ပြီး အမြန်သက်သာလာစေရန် ဆုတောင်းခဲ့ကာ ပြန်ကောင်းမွန်လာမည့်အချိန်ကိုစောင့်ပြီးမှသာ ပိုတိုး၍လေ့ကျင့်မည့်အကြောင်း စိတ်ထဲတေးထားခဲ့၏။
သို့သော် နောက်နှစ်ဝက်စာသင်နှစ် မစခင်။
တစ်ညတွင် ဝိန်းရိဖန်၏အခန်းထဲသို့ ကျောက်ယွမ့်တုံဝင်လာခဲ့ပြီး သူမအား သာမန်ကျောင်းသူအဖြစ် ပြောင်းဖို့ရာ ဆန္ဒရှိမရှိမေးလာခဲ့သည်။
ထိုအခိုက်အတန့်၌ သူမ ခံစားမိလိုက်သည်မှာ လုံးဝအဓိပ္ပါယ်မဲ့နေသည့်စကားဟူ၍ပင်။
ထိုမျှထိသေးငယ်လှသောကိစ္စလေးဖြင့် သူမ၏ ဆယ်နှစ်တာကခုန်လာခြင်းအပေါ် လက်လျော့ပစ်ဖို့ရာ လုံးဝမဖြစ်နိုင်။
ဝိန်းရိဖန်က တွေးနေစရာပင်မလိုဘဲ ငြင်းပစ်လိုက်၏။
သို့သော် ကျောက်ယွမ့်တုံက တစ်ကြိမ်ထက်တစ်ကြိမ် ပို၍စကားစလာသည့်အခါ...
ဝိန်းရိဖန် ဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့တော့၏ ၊ ကျောက်ယွမ့်တုံက ဤမေးခွန်းအား သူမ၏ခြေထောက်ဒဏ်ရာကိုစိတ်ပူ၍ ကမ်းလှမ်းလာခြင်းမဟုတ်ရပါပေ။ နောက်ပိုင်းတွင် သူမ၏ပထွေးနှင့် ကျောက်ယွမ့်တုံတို့၏ ပြောနေသည့်စကားများကို အမှတ်မထင်ကြားလိုက်ရကာ - အကြောင်းအရင်းမှာ အနုပညာကျောင်းသူတစ်ဦး၏ အားလပ်ရက်လေ့ကျင့်ရေး သင်တန်းကြေးက အလွန်မြင့်နေသောကြောင့်ပင် ဖြစ်၏။
တစ်ကြိမ်တစ်ခါတည်းအတွက်မဟုတ်။ အားလပ်ရက်တိုင်းတွင် လေ့ကျင့်ရေးသင်တန်းရှိပြီး အကြိမ်တိုင်း ငွေကြေးကုန်ကျနေမည်ဖြစ်ရာ..
သူတို့အဖို့ သည်းညည်းခံထားဖို့ရာ ခက်ခဲလာပါတော့၏။
ကျောက်ယွမ့်တုံက ဝင်ငွေမရှိ ၊ လက်ထဲရှိ ဝိန်းလျန်ဇယ်ချန်ထားပေးခဲ့သည့် အရာများအားလုံးကလည်း မိသားစုအသစ်၏ဘုံပိုင်ပစ္စည်းများ ဖြစ်သွားခဲ့သည်။ ပထွေးဖြစ်သူက ဤပိုက်ဆံများကိုထုတ်ပေးရန်လက်တွန့်လာသဖြင့် အခွင့်အရေးကိုအရယူပြီး ဝိန်းရိဖန်အား သာမန်စာလုပ်သည့်ကျောင်းသူအဖြစ်သို့ ပြန်ပြောင်းပေးလာတော့၏။ သူ့ပုံစံမှာ ခက်ထန်ထန်နှင့်မရေမတွက်နိုင်သောအကြောင်းပြချက်များ လုပ်ကြံပေးနိုင်သည့်အပြင် ကျောက်ယွမ့်တုံကပါ သူ့စကားကို မလွန်ဆန်နိုင်ဘဲ တဝေမသိမ်းနားထောင်ကာ သဘောတူခဲ့လေသည်။
နောက်တွင်တော့ ဝိန်းရိဖန်၏ငြင်းဆန်မှုများအား လုံးဝအသုံးမဝင်ပါတော့ပေ။
လူကြီးများ ဆုံးဖြတ်ထားပြီးသည့်ကိစ္စအား ကလေးတစ်ယောက်က ဘယ်လိုပင် လက်မခံဘဲငြင်းဆန်နေပါစေ အသုံးဝင်တော့မည်မဟုတ်။ သေးနုတ်လှသောစကားလုံးလေးများက သူတို့အဖို့ မမြင်ရနိုင်သောအရာဝတ္ထုသဖွယ်။
အထက်တန်းဒုတိယနှစ်၏ စာသင်နှစ်အစတွင်တော့ ဝိန်းရိဖန်က သာမန်ကျောင်းသူအဖြစ် ရောက်သွားခဲ့တော့၏။
ဤသတင်းကြောင့် အတန်းထဲရှိကျောင်းသားတော်တော်များများ အံ့သြပြီးထူးဆန်းကြကုန်တော့၏။ သည်စကားတစ်ခွန်းမှာ အထက်တန်းတတိယနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးဖြေခါနီးကာမှ အမှတ်အမြင့်ဆုံးရထားသည့် သိပ္ပံဘာသာတွဲကျောင်းသားတစ်ဦးက ရုတ်တရက် ဝိဇ္ဇာတွဲ ပြောင်းချင်သည်ဟုဆိုလာခြင်းနှင့် အတူတူပါပင်။
အတန်းထဲမှရင်းနှီးသူများအားလုံးက အမေးအမြန်းပြုလာကြသည်။
ဝိန်းရိဖန်အနေဖြင့် မိသားစုမှာ ကုန်ကျငွေများလွန်းသောကြောင့် သည်းညည်းမခံထားပေးနိုင်တော့သည်ဟု ပြောမထွက်နိုင်ခဲ့ချေ။ ထို့ကြောင့် မေးလာသမျှသူအားလုံးအား သူမ၏ရောဂါက အခြေအနေအရမ်းဆိုးနေခြင်းကြောင့်ဟုသာ လိမ်ညာခဲ့သည်။
---ဘာလို့လဲဆိုတော့ ခြေထောက်ဒဏ်ရာကြောင့် နောက်ဆို ဆက်မက,နိုင်တော့ဘူး---
နောက်ဆုံးတစ်ယောက်အနေဖြင့် မေးလာခဲ့သည့်သူမှာ စန်းရန်။
ထိုအချိန်တုန်းက ဝိန်းရိဖန်သည် သူမ၏ထိုင်ခုံ၌ထိုင်နေပြီး မျက်လွှာကို ချထားခဲ့၏။ စန်းရန်ကို မော့မကြည့်ဘဲ လက်ထဲတွင်ကိုင်ထားသည့် ဖတ်စာအုပ်ကို တည်တည်ငြိမ်ငြိမ်ကြည့်နေရင်း တူညီသည့်အဖြေကို ထပ်ကာဖြေကြားပေးလိုက်သည်။
စန်းရန်က မည်သည့်မေးခွန်းမှမမေးလာခင် အတော်ကြာအောင်တိတ်ဆိတ်နေခဲ့ပြီး
"တကယ်ပဲ မက,နိုင်တော့ဘူးလား"
ဝိန်းရိဖန် ;
"အင်း"
စန်းရန် ;
"မင်း ဖြစ်နေတဲ့ ဒီဒဏ်ရာက ဘယ်လိုဟာကြီးမလို့လဲ"
ဝိန်းရိဖန်က အသံထွက်အောင်ရယ်လိုက်၍
"ဘာပဲဖြစ်ဖြစ် အဖြေကတူတူပဲ"
မျက်လုံးရှေ့မှ ကောင်လေးဟာ နောက်တစ်ဖန် တိတ်ဆိတ်သွားပြန်တော့၏။
ဝိန်းရိဖန်က စာမျက်နှာတစ်ရွက်ကိုလှန်ရင်း ငြင်ငြင်သာသာလေးသာ စကားဆိုလိုက်သည်။
"ဘာမှမဖြစ်ပါဘူး..ငါလည်း အက,ကရတာကို အဲ့လောက်သဘောကျနေတာမျိုး မဟုတ်ပါဘူး"
Advertisement
ဘယ်လောက်မှပင်မကြာလိုက်ဘဲ ဝိန်းရိဖန် မျက်ဝန်းထောင့်မှတဆင့် မြင်လိုက်ရသည်မှာ..
စန်းရန်က လက်တစ်ဖက်ကိုမြှောက်လာပြီး သူမ၏နှာခေါင်းထိပ်အား ဖွဖွလေးထိလိုက်ခြင်းပေ။
သူမ မော့ကြည့်လိုက်လျှင် စန်းရန်၏အကြည့်များနှင့် ထိပ်တိုက်ဆုံလိုက်ရပြီး သူက နှုတ်ခမ်းပါးကို ရေးရေးလေးကွေးပြ၍
"နှာခေါင်းလေး ရှည်ထွက်လာပြီ"
"...."
လိမ်ညာသည့်အခါတိုင်း နှာခေါင်းလေးက ရှည်ထွက်လာလိမ့်မည်။
ရှိသမျှသောသူအားလုံးက သူမ၏တည်ငြိမ်နေသည့်အပြုအမူအောက်၌ အလိမ်ခံထားရပါသည့်တိုင်...
စန်းရန်တစ်ယောက်တည်းကသာ သူမ၏ဟန်ဆောင်ထားမှုများကို ဖောက်ထွင်းမြင်နိုင်ခဲ့သည်။
"ဘာမှမဖြစ်ဘူး..ငါတို့ ထပ်ပြီးစောင့်ကြတာပေါ့..."
စန်းရန်က သူမ၏စားပွဲပေါ် ခန္ဓာကိုယ်တစ်ဝက်လှဲလိုက်ရင်း သူမအား မော့ကြည့်လာခဲ့၍
"ပြန်ကောင်းသွားတဲ့အခါကျမှ အနုပညာကျောင်းသူအဖြစ် ပြန်ပြောင်းလည်း နောက်မကျပါဘူး..မင်းရဲ့လက်ရှိ အမှတ်တွေ ဗရမ်းဗတာဖြစ်နေတာကိုပဲကြည့်..ဒီအခွင့်အရေးကိုယူပြီး စာကောင်းကောင်းလုပ်လိုက်ရင်လည်း အကျိုးမယုတ်ဘူးလေ"
ဝိန်းရိဖန်က သူ့ကိုသာစိုက်ကြည့်နေပြီး စကားမဆိုဖြစ်တော့။
"တကယ်ပဲ ပြန်မကောင်းနိုင်တော့ရင်တောင် အကြာကြီးနေမှ တစ်ခဏလောက်ဖြစ်ဖြစ် က,လို့ရရင် ရမှာပါ"
"...."
"အဲ့ဒါလေးတောင်မှ လုပ်လို့မရဘူးဆိုရင်လည်း..."
စန်းရန်က ပြုံးပြလာခဲ့ကာ ကလေးတစ်ယောက်ကိုနှစ်သိမ့်နေသည့်ပုံစံဖြင့်
"ငါ အက,သွားသင်ပြီးတော့ မင်းအတွက် က,ပြပေးမယ်"
------
ဝိန်းရိဖန်၏အတွေးများဟာ ချန်လိကျိန်၏စကားများဖြင့် ကြားဖြတ်နှောက်ယှက်ခံလိုက်ရ၏။
ချိန်လိကျိန်က အားယူသည့်အနေဖြင့် ပြုံးလိုက်ပြီး
"ဒါပေမယ့် ရှောင်ယွီသဘောထားပေါ်ပဲ မူတည်မှာပါ..ကျွန်မရော သူ့အဖေရောက သူ ရွေးချယ်လိုက်တဲ့ဘယ်လိုအရာမျိုးကိုမဆို ထောက်ပံ့ပေးမှာ..လေးစားပေးမှာပါ"
ဝိန်းရိဖန်က ချန်လိကျိန်ကို တဖန်ပြန်ကြည့်လိုက်ပြီး ခက်ခက်ခဲခဲမျက်တောင်များခတ်ကာ ပြုံးပြမိလိုက်သည်။
"အင်း..သေချာပေါက် အကောင်းဆုံးတွေဖြစ်လာမှာပါ"
အင်တာဗျူးအပြီးတွင် ဝိန်းရိဖန်နှင့် မုချန်ယွင်က နေရာအချို့ပြေးလွှားလိုက်ရသေးသည်။
နှစ်ယောက်သား ဌာနသို့ပြန်ရောက်သည့်အချိန်တွင် ညနေ ၄နာရီထိုးနေပြီဖြစ်သည်။ တည်းဖြတ်ခန်းထဲသို့ဝင်လာကြပြီး ရိုက်ကူးလာသည့်အရာများကို စက်ထဲထည့်သွင်းရင်း အလျင်းသင့်လျှင်သင့်သလို ဝိန်းရိဖန်အား မေးခွန်းများမေးနေခဲ့သည်။ သူမသည်လည်း တစ်ခုချင်း ပြန်ဖြေပေးနေခဲ့ကာ နားထောင်နေရင်းနှင့်တပြိုင်နက် စာရိုက်နေလေသည်။
သတင်းတစ်ပုဒ်မှ ထုတ်လွှင့်မည့်ဗွီဒီယိုတစ်ပုဒ်အဖြစ် ပြောင်းလဲပြီးသည့်အချိန်တွင်တော့ ညစာစားရမည့်အချိန်ပင် ရောက်နေခဲ့ပြီ။
ဝိန်းရိဖန်က သူမ၏ပစ္စည်းများကိုသိမ်းပြီး တည်းဖြတ်ခန်းထဲမှ ထွက်လာခဲ့သည်။
မုချန်ယွင်လည်း သူမအနောက်မှ လိုက်ထွက်လာခဲ့ပြီး
"ရိဖန်ကျဲ..အစ်မ ဒီနေ့ည အချိန်ပိုဆင်းမှာလား..ကျွန်တော်တို့ ညစာ အတူတူစားရအောင်"
"အင်း..အလုပ်တွေရှိနေသေးတယ်"
အမှန်တကယ်တွင် ဝိန်းရိဖန်ထံ၌ လုပ်စရာအလုပ်မှာမကျန်တော့ပေ။ ဤအချိန်တွင် ရုံးဆင်းအိမ်ပြန်၍ရနေပြီဖြစ်သော်ငြား ပြန်သွားပြီး စန်းရန်နှင့်မျက်နှာချင်းဆိုင်ရမည်ကို ကြောက်သဖြင့်လည်း
"အစ်မ မစားတော့ဘူး..မင်းပဲ သွားစားတော့"
မုချန်ယွင်က ခေါင်းကုတ်ရင်း
"ကျွန်တော် ကြည့်နေတာ အစ်မက အမြဲတမ်းလိုလို ညစာမစားသလိုပဲ..ခန္ဓာကိုယ်အတွက်မကောင်းဘူးနော်"
ဝိန်းရိဖန် ;
"အစ်မ သိပါတယ်..ဗိုက်ဆာရင်တော့ စားပါတယ်"
"ဒါဆို ကျွန်တော် တစ်ခုခုဝယ်လာပေးရမလား"
"မလိုပါဘူး"
"ဒါဆိုလည်း...ဟုတ်ပါပြီ"
မုချန်ယွင်က အတင်းအကြပ်လုပ်နေခြင်းမျိုးမရှိဘဲ ဝိန်းရိဖန်နှင့်အတူ ရုံးခန်းထဲသို့ ဝင်လာခဲ့ရင်း
"ခဏနေကျရင် ကျွန်တော် ကုမ္ပဏီကန်တင်းသွားပြီး တစ်ခုခုစားလိုက်ဦးမယ်..ညဘက်လည်း စာမူရေးဖို့အတွက် အချိန်ပိုဆင်းရဦးမှာမလို့လေ"
ဝိန်းရိဖန်က ဖုန်းထဲမှမက်ဆေ့များကို ဖတ်ကြည့်နေရင်း စကားဆိုလိုက်၏။
"အင်း"
တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့သည့်အတွက် အခြားအရာများကို တွေးမိဖို့ရာအချိန်မရှိခဲ့ ၊ သို့သော် ဤအချိန်တွင် အားလပ်နေပြီဖြစ်သည့်အတွက် မနက်တုန်းကကိစ္စများက စိတ်ထဲ ဝိုးတဝါးပြောလာရာမှတဆင့် ကွက်ကွက်ကွင်းကွင်းပြန်မြင်ယောင်သည့်အဆင့်ထိပါ ရောက်လာခဲ့တော့သည်။
ပြန်ရောက်ပြီးနောက် ဘယ်လိုအနေအထားမျိုးဖြင့် ဖြေရှင်းပေးရမည်မှန်း ဝိန်းရိဖန် အခုထိအကြံမရသေး။
သို့သော် တစ်နေ့လုံးအချိန်ယူထားပြီးဖြစ်သည့်အတွက် စိတ်အခြေအနေမှာ စစချင်းအချိန်ကလောက် ယိုင်နဲ့မနေတော့ချေ။
ဝိန်းရိဖန်၏စိတ်မှာ ကြည်သထက်ကြည်လင်လာပြီး ပြဿနာအား ဟိုးအစမှပြန်၍ စဥ်းစားကြည့်လိုက်၏။ မနက်ခင်းနိုးနိုးချင်းတွင် စန်းရန်က မျက်လုံးဖွင့်ကြည့်လာပြီးနောက် သူမအား အိပ်ရာထက် ပြန်ဆွဲခေါ်သွားပြီး ဖက်ထားခဲ့သည်။
သူမ ကြောင်အမ်းမိသွားရင်း...
ချက်ချင်းဆိုသလိုလည်း မူမမှန်သောအငွေ့အသက်များကို ခံစားလိုက်ရ၏။
ဤအတွေးမျိုး ဝင်လာသည့်အချိန်မှစ ဝိန်းရိဖန်သည် တွေးကြည့်လေလေ မယုံကြည်နိုင်လေလေ ဖြစ်လာရတော့၏။
မနက်ခင်းတစ်ခု၌ နိုးလာရသည့်အချိန် ဆန့်ကျင်လိင်တစ်ဦးက ကိုယ့်အိပ်ရာပေါ်ရောက်နေသည်ကို မြင်လိုက်ရသည့်အခါ ဘယ်လိုများ စိတ်အေးလက်အေးနှင့်ဆက်အိပ်နေနိုင်ပါ့မည်နည်း။
သူမလိုမျိုး ချက်ချင်းနိုးသွားလျှင်တောင် အကြောင်းမဟုတ် ၊ ပြန်ဆွဲခေါ်ပြီးဖက်ထားသည့်လုပ်ရပ်ကိုပင် လုပ်နိုင်နေသေး၏။
ဝိန်းရိဖန် အနည်းငယ် သံသယဝင်လာမိတော့သည်။
သူမဘက်က ဖြစ်နေသည့်ပြဿနာလား ဒါမှမဟုတ် စန်းရန်ဘက်မှဖြစ်သည့်ပြဿနာက ပိုကြီးနေခြင်းလားပင် မသိပါတော့ပေ။
တစ်ယောက်ယောက်ကို မေးမြန်းကြည့်လိုက်ချင်သော်ငြား ပြောပြလို့ကောင်းသည့်စကားလည်းမဟုတ်။ သူမအနေဖြင့် 'ငါ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်' ဆိုသည့်စကားအစချီရုံဖြင့်ပင် တစ်ဖက်လူက သေချာပေါက်အထင်လွဲမည်မှာ အသေအချာ။
ထိုအခါ ဤလောကကြီးထဲတွင် သူမ အိပ်နေရင်းလမ်းထလျှောက်ပြီး စန်းရန်၏အိပ်ရာပေါ်ရောက်သွားသည့်အကြောင်းကို သိလာမည့် တတိယလူရှိလာပေတော့မည်။
သူမက ဤကဲ့သို့အရှက်မရှိကိစ္စအား လုပ်ထားလေခြင်းဟူ၍။
ရုတ်တရက် အရင်တစ်ခေါက်ကတွေ့ထားသည့် 'စုထုန်းပေါ်'ကို သတိရလိုက်မိ၏။
(စုထုန်းပေါ် - Weibo ပေါ်မှာ နာမည်ဖျောက်ပြီး ပို့စ်တင်မေးခိုင်းတာမျိုး )
ဝိန်းရိဖန်က Weibo ထဲ ချိတုံချတုံဝင်လာခဲ့ပြီး ထို Blogger အားရှာဖွေကာ ဘောက်ထဲ၌ ဖြည်းဖြည်းချင်းစာရိုက်လိုက်၏။ အမှန်အတိုင်းလည်း အလုံးစုံမပြောပြရဲ ၊ ကံမကောင်းစွာဖြင့် စန်းရန်ကပါ ဤ Blogger အား Follow လုပ်ထားနိုင်သည်မဟုတ်လား။
အချိန်အကြာကြီးတွေးပြီးနောက် ဝိန်းရိဖန်က ဖြစ်စဥ်ကိုရိုးရိုးရှင်းရှင်းပြောင်းပစ်လိုက်၏။
[ အမည်မသိသူမှ စာရိုက်နေပါသည် ၊ သိပ်မကြာခင်တုန်းက ငါနဲ့ ငါ့သူငယ်ချင်းအုပ်စုလိုက်ကြီး ပါတီတစ်ခုလုပ်ပြီး သီချင်းဆိုချင်ကြတာမလို့ သီးသန့်ခန်းယူခဲ့ကြတယ်..အားလုံးနီးပါးက မူးနေကြတာမလို့ ငါတို့ တစ်ညလုံး သီးသန့်ခန်းထဲမှာပဲ အိပ်ဖြစ်ခဲ့တယ်ဆိုပါတော့..ငါ နိုးလာတဲ့အချိန်ကျတော့ ငါကလေ ငါ့ကိုဖက်ထားတဲ့ယောက်ျားလေးသူငယ်ချင်းနားမှာ အိပ်ပျော်နေမှန်း သိလိုက်ရရော..ငါ ထထိုင်မယ်လုပ်လိုက်တဲ့အချိန် သူက နိုးလာပြီး ငါ့ကို အိပ်ချင်းမူးတူးပုံစံမျိုးနဲ့ လှမ်းကြည့်နေတာကွာ..နောက်တော့ ငါ့ကိုဆွဲဖက်ပြီး ပြန်အိပ်သွားခဲ့ရော။ ငါမေးချင်တာက ပုံမှန်လူတစ်ယောက်ကအိပ်ရာနိုးလာပြီး သူ့ဘေးနားမှာ ဆန့်ကျင်လိင်တစ်ဦးရောက်နေတာကို မြင်လိုက်ရဲ့သားနဲ့ ဒီလိုမျိုးတုန့်ပြန်တယ်ဆိုတာက ပုံမှန်ပဲလား? ]
စာရိုက်ပြီးသွားနောက်တွင် ဝိန်းရိဖန် တဖန်ပြန်စစ်ကြည့်လိုက်ရာ 'ဖက်သည်' ဆိုသောစကားလုံးက နှစ်ခါတိတိပါနေသည်ကိုကြည့်ရင်း မသက်မသာဖြစ်လာရ၏။ အချိန်ကြာကြာ တွေဝေနေခဲ့ပြီးမှ ပေးပို့သည့်နေရာအား နှိပ်လိုက်နိုင်ခဲ့သည်။
တစ်ချိန်တည်းဆိုသလို Wechat ထဲ မက်ဆေ့တစ်စောင်ဝင်လာခဲ့၏။
ဝိန်းရိဖန် ဖွင့်ကြည့်လိုက်လျှင် စာပို့ထားသူက စန်းရန်။
[ ဘယ်အချိန် ပြန်လာမှာလဲ ]
ဤစကား၏အသံအနေအထားက 'အခု အားပြီမလို့ နောက်အကျိုးဆက်အတွက် စတင်ပြီးစစ်ဆေးမေးမြန်းတော့မယ်' နှင့်ပင် ခပ်ဆင်ဆင်။ ဝိန်းရိဖန်က တွေးကြည့်နေရင်း ခေါင်းကိုက်လာရကာ ဟောခန်းမကြီးထဲမှ ဆိုဖာအား တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်ကိုပြင်ဆင်ထားလိုက်တော့သည်။
[ ငါ ဒီနေ့ လုပ်စရာတွေရှိနေသေးလို့ ]
ဝိန်းရိဖန် ; [ ပြန်လာဖို့ မသေချာဘူး ]
ဝိန်းရိဖန် ; [ နင် အိမ်တံခါးကို သော့ခတ်ထားလိုက်ပါတော့လား ]
မိနစ်ဝက်ခန့်ကြာပြီးသွားနောက်။
စန်းရန် ; [ ဝိန်းရိဖန် ]
ထို့နောက်တွင် ရပ်သွားခဲ့၏။
ဤကဲ့သို့ နာမည်အပြည့်အစုံခေါ်လိုက်သည့်အသံကြီးက အခြားမည်သည့်စကားကိုမှ ပြောစရာမလိုတော့ဘဲ လူကို ကြောက်လန့်စေနှင့်နေပြီဖြစ်သည်။
ဝိန်းရိဖန်က စိတ်လှုပ်တရှားဖြင့် ငါးမိနစ် ခြောက်မိနစ်ခန့် စောင့်နေလိုက်သေးသည်။
အခြားတစ်ဖက်က အလွန်ကိုမှ နှေးကွေးနေသည့်အလား အကြာကြီးနေပြီးကာမှ မက်ဆေ့ထပ်ပို့လာခဲ့၏။
[ လူတစ်ယောက်လုပ်မယ်ဆိုရင် နည်းနည်းပါးပါးတော့ တာဝန်ယူတတ်ရတယ် ]
"...."
စန်းရန်က ဤသို့ ဆိုလာသည့်အခါ ဝိန်းရိဖန်လည်း သူမ၏အပြုအမူက အတော်လေးအရှက်မရှိဘဲ စက်ဆုပ်ဖွယ်ကောင်းနေကြောင်း ခံစားမိလိုက်ရပါတော့၏။ ထို့အပြင် သေချာစဥ်းစားကြည့်လိုက်သည့်အခါ သူမအနေဖြင့် အိမ်မပြန်ဘဲ ကုမ္ပဏီထဲ၌သာ အမြဲတမ်းနေသွားဖို့ မဖြစ်နိုင် ၊ အနှေးနှင့်အမြန် ရင်ဆိုင်ရမည်သာဖြစ်၏။
ထွက်ပြေးနေခြင်းက အသုံးမဝင်။
တတ်နိုင်သမျှ အမြန်ဖြေရှင်းရန်သာ လိုအပ်၏။
ဝိန်းရိဖန် ; [ ငါ အလုပ်တွေအမြန်ပြီးအောင်လုပ်ပြီး ပြန်လာခဲ့မယ် ]
Advertisement
- In Serial49 Chapters
Archaic - Archaic #1 (Complete)
Ava is a typical seventeen-year-old dealing with everyday teenage problems. A job opportunity for her father takes her parents overseas. Not wanting to move, she accepts her grandmother's offer to let her live with her, until her parents return.On her first day at school in the new town, she meets Jared Walker-tall, dark and gorgeous, with an ego to match. Ava soon discovers that there is more to him than meets the eye. He is hiding a secret that will pull her into his world and put her life in danger.Meet Ava Delaney. Analyze the way she looks, the way she acts and who she is. Memorize who she is, because she'll never be the same again.
8 202 - In Serial46 Chapters
Seashells
Iara was a simple, kind girl who lived in the woods with a crotchety old elf. She thought she would live out her days, practicing her craft and learning how to become the best witch she could be. Unfortunately she didn’t get to do that. The very night she turned twenty, her world ripped apart at the seams. She knew things would always change, even if you begged all the gods above to keep them the same. She never expected her life to go in the direction it did. Uncovering the mysteries of her long missing mother, falling in love with a prince, and breaking curses laid by the gods themselves were things she never anticipated. Her notes could not have prepared her for it. First book in series completed.
8 170 - In Serial42 Chapters
a set-up
xiao x reader." when two friend groups decide to team together and try setting up two people together. those two people just so happened to be xiao and you. "- au modern- 7/6/2022- 7/26/2022thank you for the good times
8 103 - In Serial37 Chapters
Fifty Shades Alternative | ✔
Our faces are just inches away, his breath fanning my face. And after that, he says something, says a simple sentence that makes everything in my insides clench and yet makes me feel safe at the same time."You are not alone", he says in a firm yet soothing voice.~*~*~*~Ana took a self pregnancy test and found out she is pregnant. She, being young & naïve confronts Christian indirectly about it and is heart broken when she finds out he doesn't want kids until a distant future.She runs away, thinking there is no way she can convince him otherwise. But after 6 years, she comes back to Seattle.The question is Why? Why did she come back all of a sudden? What will Christian think when he finds out he has a child?*Gets Better As You Read It*•Top Rank In Fanfiction: #734 on 3rd May, 2018 (based on previous ranking system)In Life: #38 on 11th May 2018.In Fifty Shades Trilogy: #1 on 11th May, 2018In Fifty Shades Fanfiction: #1 on 11th October, 2019.Start: 13th October, 2017.Finished: 22nd March, 2019.
8 132 - In Serial200 Chapters
Wei Sama, Let's Stuff Them With Dog Food[1]
Qi Le An, a young actor who died a horrible death in his last life, without anyone collecting his body. His parts were stolen, he was framed up by his best friend, he had endured the various ills of life. Those people who had hurt him were indelibly imprinted on his mind. He swore he would wreak vengeance and redress hatred.As luck would have it, Qi Le An reincarnated five years ago when he was a trainee in the entertainment company. And on top of that, he is blessed with Nightmare System! He is able to control and fabricate other people's dreams... ...'Great! I want to say a thank you to that special someone! And people who have hurt me, prepare for your worst nightmare! I won't allow you to steal anything from me now that I'm given a second chance in life!'
8 178 - In Serial43 Chapters
Harry Potter One Shots
hello potterheads! in this fanfiction I will be writing about the Harry Potter characters x reader! i apologize, but i cannot take requests right now, but they should be open soon! xoxohighest ranking: #266 in fanfiction #219 in books
8 234

