《First Frost (Myanmar Translation)》Chapter 35
Advertisement
စန်းရန်၏စကားကြောင့် မုချန်ယွင်၏အမူအရာမှာ အနည်းငယ်အံ့သြသွားသည့်ပုံစံမျိုးဖြစ်သွား၏။ အနောက်တွင်ရပ်ကျန်နေခဲ့သည့် ဝိန်းရိဖန်ကိုလည်း တစ်ချက်လှမ်းကြည့်မိလိုက်ကာ သူ မထင်မှတ်ထားသည့်ကိစ္စများဖြစ်နေသည့်အတွက် တအံ့တသြဖြင့် မေးလိုက်သည်။
"စီနီယာအစ်ကိုက ရိဖန်ကျဲနဲ့ ရင်းနှီးနေတာလား"
စန်းရန်၏မျက်လုံးများထဲတွင် မည်သည့်ဖော်ပြချက်မျိုးမှမရှိ ခပ်တည်တည်ဖြင့်သာ စိုက်ကြည့်နေ၏။
"ဒါပေမယ့်လည်း ရင်းနှီးတာ မရင်းနှီးတာတွေက ကိစ္စမရှိပါဘူး"
မုချန်ယွင်၏မျက်ခုံးတစ်စုံက တွန့်ချိုးသွားခဲ့၍ မွေးခါစနွားပေါက်လေးက ကျားကို မကြောက်သည့်သဖွယ် သူ့စကားလုံးတို့ဖြင့် တစ်စုံတစ်ရာကိုလည်းသိသာထင်ရှားအောင် လုပ်ပြနေသေးသည်။သူ့ခန္ဓာကိုယ်မှာတော့ ယိုင်ထိုးနေသည့်အနေအထားမျိုးဖြစ်နေဆဲဖြစ်သော်ငြား စကားသံများတော့ လုံးဝကြည်လင်၏။
"အစ်ကိုက ကျွန်တော့်ထက် အတွေ့အကြုံများကောင်းများနိုင်ပါတယ်..ဒါပေမယ့် ဒီလိုကိစ္စမျိုးဆိုတာ ကျွန်တော့်အမြင်မှာတော့ အဓိကအချက်က လူပေါ်ပဲ မူတည်တာ..အကွက်တွေဘာတွေနဲ့မဆိုင်ဘူး"
"လူပေါ်ပဲ မူတည်တာ?"
စန်းရန်က ပျင်းတိပျင်းရွဲဖြင့်
"ဒါဆို မင်း အခုချက်ချင်း အိမ်ပြန်ရေချိုးပြီး အိပ်လိုက်တော့"
"...."
စန်းရန်က အဓိပ္ပါယ်မရှိ ပေါက်ကရစကားများ ဆက်ပြောနေရမည်ကိုပျင်းလွန်းလှသဖြင့် အနောက်ဘက်သို့လှည့်ကြည့်ပြီး
"ဝိန်းရိဖန်"
တိုက်တိုက်ဆိုင်ဆိုင် ဝိန်းရိဖန်ကလည်း သူတို့နောက်သို့ လိုက်လာနေသည့်အချိန်
"ဘာဖြစ်လို့လဲ"
သူတို့နှစ်ဦး၏မျက်နှာကိုကြည့်ရုံဖြင့် သူတို့ယခုလေးတင်ပြောနေကြသည့်စကားများကို ဝိန်းရိဖန် မခန့်မှန်းနိုင်။
မုချန်ယွင် ဘားထဲတွင်ပြောသွားသည့်စကားအရ သူတို့နှစ်ဦးက အချင်းချင်းသိနေကြမည့်ပုံလည်းရသည်။ ထို့အပြင် စန်းရန်က မုချန်ယွင်အား အထုပ်တစ်ထုပ်လိုဒရွတ်တိုက် ဆွဲခေါ်သွားပါသော်ငြား တစ်ဖက်လူဘက်မှ မကျေမနပ်ဖြစ်နေသည့်ပုံစံမျိုးမရှိသည့်အတွက် သူတို့နှစ်ဦးမှာ တော်တော်လေး ရင်းနှီးပုံလည်းရ၏။
ဝိန်းရိဖန်တစ်ယောက် သူမကိုယ်တိုင်က သူတို့နှစ်ဦးကြားထဲတွင် သွားနှောက်ယှက်နေမိသလိုပင် ခံစားလာရတော့သည်။
စန်းရန်က ဝိန်းရိဖန်၏မျက်နှာကို စိုက်ကြည့်နေရင်း
"သောက်ထားသေးလား?"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြ၏။
"နည်းနည်းသောက်ထားတယ်"
စန်းရန် ;
"မတ်တပ်ရပ်နိုင်သေးလား?"
စန်းရန်က အဘယ်ကြောင့်လာမေးနေမှန်း မသိပါသော်ငြား ဝိန်းရိဖန်က အလေးအနက်ဖြင့်ပြန်ဖြေလေ၏။
"ရပ်နိုင်တယ်"
"ဒါဆို တစ်ခုလောက်ကူညီပေး"
စန်းရန်က သူ့အိတ်ကပ်ထဲမှ ကားသော့ကိုထုတ်ပြီး ဝိန်းရိဖန်ထံသို့ပစ်ပေးလိုက်၍
"အရှေ့ကိုအရင်သွားပြီး ကားတံခါးဖွင့်ထားနှင့်"
ဝိန်းရိဖန် ချက်ချင်းလှမ်းဖမ်းလိုက်သည်။
သူမဘက်က စကားမဆိုရသေးခင် စန်းရန်က မုချန်ယွင်၏ အင်္ကျီဦးထုပ်ကို နောက်တစ်ကြိမ်ဆွဲဆုတ်ပြီး ခပ်လျော့လျော့ပြုံးနေသည့်အသံဖြင့်
"ကိုယ့်ရဲ့ဒီညီလေးက သောက်ပြီးအမူးလွန်နေတာမလို့ လမ်းတောင်မလျှောက်နိုင်တော့ဘူး"
ဝိန်းရိဖန်က မုချန်ယွင်ကိုလှမ်းကြည့်ပြီး ချိတုံချတုံဖြင့်
"အကူအညီလိုသေးလား?"
"မလိုတော့ဘူး"
စန်းရန်က မုချန်ယွင်ကို အရှေ့သို့ဆောင့်ဆွဲခေါ်သွားသည့်အားမှာ မနည်းလှ ၊ မုချန်ယွင်၏မျက်နှာသည်ပင် နီရဲနေလေပြီ။
"မင်းက လျှပ်ပြာလျှပ်ပြာနဲ့ နမော်နမဲ့ကလည်းနိုင်သေးတယ်..ဘယ်လိုလုပ်ပြီး ကိုယ့်ရဲ့ ဒီခြေတံရှည်လက်တံရှည်တဲ့ညီလေးကို ထိန်းထားပေးနိုင်မှာလဲ"
"...."
စန်းရန်၏အမူအရာကို ဝိန်းရိဖန် တစ်ခဏလောက်ငြိမ်ကြည့်နေပြီးနောက်တွင်တော့ စောဒကမတက်တော့ဘဲ
"ကားက ဘယ်နားမှာရပ်ထားတာလဲ"
စန်းရန် မေးငေါ့ပြ၍
"ဟိုဘက်"
မုချန်ယွင်မှာမူ သူ့ဦးထုပ်နှင့်ကော်လံနေရာကိုဆွဲဆုတ်ခံထားရသဖြင့် အနည်းငယ်မသက်မသာဖြစ်လာတော့၏။ သို့သော်လည်း ဇာတ်က တစ်ဝက်နီးပါးက,လာပြီဖြစ်သည့်အတွက် ဖြတ်ချလိုက်ဖို့ရာလည်း မဖြစ်နိုင်။ သူနှင့် အတော်အလှမ်းဝေးသွားခဲ့သည့်ဝိန်းရိဖန်ကိုလည်း လိုက်ကြည့်မိလိုက်သလို တစ်ချိန်တည်း၌လည်း သူ့နုနုထွတ်ထွတ်အရေပြားလေးကို ဆွဲဖြဲမတတ်ကိုင်ထားသည့် စန်းရန်၏ဒဏ်ကိုလည်း သည်းခံနေရကာ အရက်မူးချင်ယောင်ဆောင်မိသည့်အတွက် နောင်တပင်ရချင်လာတော့သည်။
ကားပါကင်၏အတွင်းဘက်ဆီသို့ ရောက်လာခဲ့သည်။
ဝိန်းရိဖန်က အမြန်လျှောက်သွားခဲ့ပြီး ကားနောက်ခန်းတံခါးကို ဖွင့်ထားပေး၏။
စန်းရန်က သူမ၏အနောက်မှ လိုက်လာပြီး မုချန်ယွင်အား သေသေသပ်သပ် ခပ်ပြတ်ပြတ်ပင် ကားနောက်ခန်းထဲ ထိုးထည့်ပစ်လိုက်သည်။
ဝိန်းရိဖန် ကားသော့ကို ပြန်ပေးလိုက်ပြီး သူမရပ်နေသည့်နေရာ၌သာ မလှုပ်မယှက်လေးရပ်နေ၏။ စန်းရန်က သူမကိုပါ လိုက်ပို့ပေးမပေးချင်ကို မသိသဖြင့် ကိုယ့်ကိုကိုယ် အရှက်ရစေလိမ့်ကိစ္စမျိုးလည်း လိုက်မလုပ်ချင်ပေ။
ထိုအချိန်တွင် မုချန်ယွင်က
"ရိဖန်ကျဲ..အစ်မ ကားပေါ်မတက်ဘူးလား"
ဝိန်းရိဖန်က စန်းရန်အား ချိတုံချတုံဖြင့် လှမ်းကြည့်လိုက်၏။
ဤအခိုက်အတန့်၌ စန်းရန်က ကားနောက်ခန်းဘေး၌ရပ်နေပြီး သူမကို ငုံ့ကြည့်နေသည့်အချိန်။ သူ့မျက်ဝန်းများဟာ မှင်ရောင်အတိုင်းမည်းနက်နေပြီး မသိမသာမြှောက်ပြလာသည့်မျက်ခုံးများက သူမကိုရန်စနေခြင်းပေ။ ထို့နောက် စကားတစ်ခွန်းမဆိုဘဲ ကားနောက်ခန်းတံခါးကို ပိတ်လိုက်၏။
ငြင်းဆန်လိုက်သည့်အဓိပ္ပါယ်ကြီးမှာ သိသိသာသာ။
ဝိန်းရိဖန်က အချိန်ကိုတစ်ချက်လှမ်းကြည့်လိုက်လျှင်တော့ ၁၀နာရီမထိုးသေး။
အချိန်မှာ သိပ်နောက်မကျသေးဟုဆိုရမည်။ သူမအနေဖြင့် နှုတ်ဆက်စကားဆိုပြီး ထွက်လာတော့မည့်အခိုက်တွင် စန်းရန်က ယာဥ်မောင်းသည့်နေရာဘက်သို့လျှောက်သွားနှင့်ပြီဖြစ်ပြီး ဝါကျတစ်ကြောင်းကိုလည်း ပစ်လွှတ်လိုက်သေး၏။
"အရှေ့မှာထိုင်"
ဤမထင်မှတ်ထားသည့်စကားတစ်ခွန်းက ဝိန်းရိဖန်ကို ကြောင်အမ်းသွားစေခဲ့ကာ
"နင် ငါ့ကိုပြောနေတာလား"
စန်းရန်က ကားတံခါးကိုဖွင့်ပြီး ခဏရပ်လိုက်၍
"မဟုတ်ရင်ရော..."
ဝိန်းရိဖန် ;
"အို့..အင်းပါ"
"သူများက အရက်မူးပြီး နေမသာထိုင်မသာဖြစ်နေတာ..အနောက်ခန်းမှာ လှဲခိုင်းထားလိုက်..မင်းက အနားမှာသွားထိုင်ပြီး ဘာကိစ္စနဲ့နှောက်ယှက်နေမှာလဲ"
"...."
ဝိန်းရိဖန် ကားပြတင်းပေါက်မှတဆင့်လှမ်းကြည့်လိုက်လျှင် မုချန်ယွင်၏ဖြူဖျော့နေသည့်အမူအရာကို မြင်လိုက်ရသည့်အတွက် ယနေ့တွင် စန်းရန်က အတော်လေးကိုတွေးတောပေးတတ်ကြောင်း မဆီမဆိုင်ခံစားမိလိုက်သေး၏။
"ဟုတ်တယ်နော့"
ထို့နောက် ဝိန်းရိဖန်က မုချန်ယွင်ကိုလှမ်းကြည့်ရင်း
"ဒါဆို အနောက်ခန်းမှာကောင်းကောင်းအနားယူလိုက်နော်..နောက်ဆို ဒီလောက်အများကြီးမသောက်နဲ့တော့"
မုချန်ယွင် ; "...."
ကားပေါ်တက်ပြီးနောက်တွင် စန်းရန်က
"သူ ဘယ်မှာနေတာလဲ"
ဝိန်းရိဖန်သည်လည်း အသေးစိတ်သိနေခြင်းတော့မဟုတ် ၊ ထို့ကြောင့် သူမ သိထားသည့်အဖြေမျိုးကိုသာ ပေးနိုင်၏။
"နန်းဝူတက္ကသိုလ်ရဲ့နောက်ဆုံးနှစ်ကျောင်းသားဆိုတော့ ကျောင်းထဲမှာပဲနေမယ်ထင်တယ်"
စန်းရန် ;
"ဘယ်အဆောင်လဲ"
"...."
ဝိန်းရိဖန်က သူမ အရင်တစ်ခေါက်အင်တာဗျူးထားဖူးသည့်အချက်အလက်များကို ပြန်တွေးကြည့်ရင်း
Advertisement
"အဓိကကျောင်းဆောင်ထင်တာပဲ"
"ဟုတ်တယ်"
မုချန်ယွင် အနောက်မှနေ၍ ဝိုးတိုးဝါးတားဖြင့်စကားဆိုလာ၏။
နောက်တွင်တော့ မည်သူမျှကစားမဆိုတော့ဘဲ ကသိကအောက်နိုင်နိုင် တိတ်ဆိတ်နေခဲ့ကြသည်။
ဝိန်းရိဖန်အနေဖြင့် ဘယ်အရာက ကသိကအောက်နိုင်နေပါကြောင်း သတိမထားနိုင်တော့ဘဲ သောက်ထားခဲ့သည့်အရက်အရှိန်ကြောင့် မူးဝေလာသည့်ခံစားချက်ကြီးသာရှိနေတော့၏။ လက်ရှိအချိန်တွင် အစာအိမ်ထဲတွင် ကမောက်ကမဖြစ်နေပြီး တစ်စုံတစ်ရာက လည်ချောင်းဝထိပျို့တက်လာသည့်ခံစားချက်မျိုးဖြစ်လာကာ နေမသာထိုင်မသာတော့ပေ။
ထို့အပြင် ကားအတွင်း လေလုံနေခဲ့သဖြင့် အရက်နံ့များထောင်းထောင်းထနေသေးသည်။
ထိုအနံ့အသက်ကြောင့်လည်း ပျို့အန်ချင်သည့်စိတ်များ ပြည့်လာရတော့၏။
သည်းညည်းမခံနိုင်တော့သည့်အဆုံးတွင် ဝိန်းရိဖန်က
"ငါ ကားပြတင်းပေါက်မှန်ချထားလို့ ရမလား"
စန်းရန်က တစ်ချက်လှမ်းကြည့်လာပြီး ဘာမှမဆို။ လက်တစ်ဖက်ကိုလွှတ်လိုက်ပြီးနောက် သူ့ဘယ်ဘက်အခြမ်းတွင်ရှိသည့် ထိန်းချုပ်ရေးခလုတ်များထဲမှတစ်ခုကို နှိပ်လိုက်သည်။
နောက်တစ်က္ကန့်တွင် ဝိန်းရိဖန်ထိုင်နေသည့်ဘက်မှ ပြတင်းမှန်ကျလာခဲ့၏။
အပြင်ဘက်မှတိုးဝင်လာသည့်လေအေးများထဲတွင် ဖော်ပြရခက်ခဲသောပန်းရနံ့များ ပါလာကာ ဝိန်းရိဖန်က ရုတ်ချည်းဆိုသလို တော်တော်လေးနေသာထိုင်သာရှိသွားခဲ့သဖြင့် ကျေးဇူးတင်စကားဆိုလိုက်၏။ ကားပြတင်းမှန်ဘောင်ကိုမှီရင်း အစာမစားဘဲ အရက်သောက်မိခဲ့သည့်အတွက် အနည်းငယ်နောင်တရသလိုရှိလာကာ အိမ်ပြန်ရောက်ပြီးလျှင် စွပ်ပြုတ်တစ်ခွက်ချက်သောက်မည့်အကြောင်းပါ ကြိုတွေးထားလိုက်သည်။
တိုက်ခတ်နေသည့်လေအေးများနှင့်ထိတွေ့လာသည်နှင့်အမျှ ဝိန်းရိဖန်၏အတွေးများလည်း ရောက်တတ်ရာရာ။
ကြိုဆိုပွဲပါတီတုန်းက မုချန်ယွင်ပြောပြသည့် စန်းရန်ကဒါဇင်နှင့်ချီပြီးအရက်သောက်ထားသည့်တိုင် မျက်နှာမပျက်သွားသည့်အကြောင်းအား ပြန်တွေးကြည့်မိလိုက်ရင်း အကြောင်းအရင်းရေရေရာရာမရှိပါဘဲ အထက်တန်းကျောင်းတုန်းက သူမအရှေ့၌ စန်းရန်အရက်သောက်နေသည့်ပုံစံအား ပထမဆုံးမြင်ဖူးခဲ့သည့်အချိန်ကို ပြန်မြင်ယောင်လာမိ၏။
မှတ်မိသလောက်အရ ထိုနေ့က စုဟောက်အန်း၏မွေးနေ့။
စုဟောက်အန်းက အတန်းထဲမှသူငယ်ချင်းအားလုံးနီးပါး မွေးနေ့ပွဲသို့ဖိတ်ခဲ့ပြီး ထိုထဲတွင် ဝိန်းရိဖန်လည်း အပါအဝင်။
အမှန်တကယ်တွင် ဝိန်းရိဖန်သည် ထိုကဲ့သို့သောအုပ်စုလိုက်ပျော်ပါးသည့်ကိစ္စများ ၊ စုပေါင်းပါတီပွဲများတွင် ပါဝင်ခြင်းမျိုးသိပ်မရှိ ၊ စုဟောက်အန်းက အကြိမ်ကြိမ်အခါခါ လာဖိတ်နေခြင်းကြောင့်သာ ငြင်းရမည်ကိုအားနာပြီး လာခဲ့ခြင်းဖြစ်သည်။
နေရာမှာ 'ရှန့်အန်း' ရပ်ကွက်ထဲမှ KTV တစ်ခုတွင်ဖြစ်သည်။
စုဟောက်အန်းက သီးသန့်ခန်းနံပါတ်ကိုပြောပြထားသဖြင့် ဝိန်းရိဖန်က စားပွဲထိုးလေးကိုမေးမြန်းပြီး အထဲဝင်လာခဲ့၏။ တံခါးတွန်းဖွင့်လိုက်ချင်းပင် သီးသန့်ခန်း၏ဘေးနေရာ၌ ထိုင်နေသည့်စန်းရန်ကို မြင်လိုက်ရ၏။ သူက အနက်ရောင်တီရှပ်ကိုဝတ်ထားပြီး ထိုင်ခုံကိုမှီထားကာ လက်ထဲတွင်အချိုရည်တစ်ခွက်ကိုကိုင်ထားသည်။
သူမကိုမြင်လိုက်သည့်အခါ စန်းရန်က လှည့်ကြည့်လာရင်း နှုတ်ခမ်းထောင့်တွင်လည်း အကွေးလေးတစ်ခုပေါ်အောင် ပြုံးပြလာခဲ့၏။
သူမဘက်မှ ဘာမှမတုံ့ပြန်ရသေးခင် အခြားမိန်းကလေးတစ်ဦးက ဝိန်းရိဖန်အား ဆွဲခေါ်သွားခဲ့၍
သူတို့နှစ်ဦးကြားတွင် တစ်ညလုံး စကားပြော ၊ အဆက်အဆံဟူ၍ မရှိခဲ့ပေ။
ဝိန်းရိဖန်က ကြာကြာမနေဖြစ်ဘဲ ည ၉နာရီထိုးခါနီးတွင်တော့ စုဟောက်အန်းအား မွေးနေ့မှာပျော်ရွှင်စေရန် ဆုတောင်းစကားဆိုပေးရင်း နှုတ်ဆက်ပြီးထွက်လာခဲ့၏။ အခြားသူငယ်ချင်း၏အာရုံကိုလည်းမဖျက်လိုသဖြင့် တိတ်တဆိတ်သာအခန်းအပြင်ထွက်လာပြီး KTV ၏အနောက်ဘက်မှတံခါးလေးမှတဆင့် လျှောက်ထွက်လာခဲ့သည်။
လှေကားအတိုင်းဆင်းလာပြီးနောက် အောက်ဘက်တွင် ရင်ပြင်ငယ်အသေးစားလေးတစ်ခုရှိပြီး စားသောက်ဆိုင်များတန်းစီရှိနေသည့်ဘေးတွင် McDonald' ဆိုင်တစ်ဆိုင်။
ဝိန်းရိဖန် အိတ်ကပ်ထဲစမ်းကြည့်ရင်း ဂျုံလေပွေမုန့်(Wheat Whirlwind)တစ်ခုဖြစ်ဖြစ် ဝယ်စားရနိုးနိုး စဥ်းစားနေသည့်အချိန် အရှေ့တွင်မြင်နေသည့်မြင်ကွင်းတစ်ခုလုံးက မှောင်သထက်ပိုမှောင်သွားသလိုခံစားမိလိုက်ရကာ သူမ အလိုလိုခေါင်းမော့ကြည့်လိုက်သည့်အချိန် စန်းရန်၏ မထီမဲ့မြင်ပြုတတ်သောမျက်ခုံးနှင့် တည့်တည့်တိုးသွားခဲ့သည်။
ဝိန်းရိဖန် အံ့သြသွားရင်း
"နင်လည်း ပြန်တော့မလို့လား"
စန်းရန်က ပျင်းတိပျင်းရွဲအသံဖြင့်
"အင်း"
နှစ်ယောက်သားပြန်ကြရမည်မှာ ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ဝိန်းရိဖန်က ခေါင်းသာငြိမ့်ပြလိုက်၏။
"ဒါဆို တနင်္လာနေ့မှတွေ့မယ်..လမ်းမှာ ဂရုစိုက်ပြီးပြန်ပါ"
စကားပြောပြီးသည်နှင့် ဝိန်းရိဖန်က McDonald' ဆိုင်ဘက်သို့ ခြေဦးလှည့်လိုက်၏။ ခြေလှမ်းနှစ်လှမ်းခန့်မျှပင် လှမ်းရုံရှိနေသေး ၊ သူမ၏ဘေးနားတွင်ရပ်နေသည့် စန်းရန်က အနည်းငယ်ယိုင်ကျလာကာ ဟန်ချက်ညှိလိုက်သည့်အလား သူမ၏လက်မောင်းကိုဖမ်းဆွဲလိုက်သည်။
ဝိန်းရိဖန် ပြန်လှည့်ကြည့်ပြီး
"ဘာဖြစ်လို့လဲ"
စန်းရန်က လက်မလွှတ်ပေးသေးခင် စကားလုံးတစ်ချို့ကို ဝေဝေဝါးဝါးပြောလာခဲ့၏။
"မူးလို့"
ဤစကားကိုကြားလိုက်ရသည့်အခါ ဝိန်းရိဖန် သူ့မျက်နှာအား လှမ်းကြည့်လိုက်၏။ ပုံမှန်နှင့် ဘာမှမကွာ ၊ သူ့မျက်လုံးများက မည်းနက်နေသော်ငြား တောက်ပနေဆဲဖြစ်ပြီး လမ်းမီးတိုင်ထက်မှမီးလုံးများသဖွယ်။ သူမအနေဖြင့် စန်းရန်က ဘာဖြစ်လို့ဖြစ်နေမှန်းပင် မခန့်မှန်းတတ်ပါတော့ချေ။
"နင် ဘာဖြစ်နေတာလဲ"
"မတ်တပ်မရပ်နိုင်တော့လို့"
စန်းရန်က ဝိန်းရိဖန်ကို လှမ်းကြည့်လာကာ လေးလံထိုင်းမှိုင်းနေသည့်ဟန်ဖြင့်
"ကူတွဲပေးမှ ရတော့မှာ"
"...."
ဝိန်းရိဖန်က သူ့နားသို့ ချိတုံချတုံဖြင့်ပြန်ကပ်သွားသည့်အခါ သူ့ခန္ဓာကိုယ်ထက်မှ အရက်နံ့ဖျော့ဖျော့ကို ခံစားလိုက်၏။
"နင် အရက်သောက်ထားတာလား"
စန်းရန်က 'အင်း' ဟုအသံတစ်ချက်ပြုလာခဲ့၏။
ဝိန်းရိဖန် ;
"နင် အခုမှ အထက်တန်းကျောင်းသားပဲရှိသေးတာကို ဘာကိစ္စနဲ့ အရက်သောက်ရတာလဲ"
"မှားယူမိလို့..အားလုံးက အနီရောင်ဘူးတွေဆိုတော့ ကိုလာ(Cola)လို့ထင်လိုက်တာ"
"အို့"
ဝိန်းရိဖန်လည်း ဘာလုပ်ပေးရမှန်းမသိ၍ တစ်ခဏမျှစဥ်းစားကြည့်လိုက်ရင်း
"ငါ စုဟောက်အန်းဆီဖုန်းဆက်ပြီး နင့်ကို လာခေါ်ခိုင်းလိုက်ရမလား?..ဒါမှမဟုတ် နင့်မိဘတွေဆီ ဖုန်းဆက်..."
စန်းရန်က သူမ၏စကားကိုဖြတ်ပြောလာ၏။
"သူများတွေကို အနှောက်အယှက်သွားပေးရမှာကိုမကြိုက်ဘူး"
သူများကို အနှောက်အယှက်ပေးရမှာမကြိုက်ဘူး?
ဒါဆို သူမလည်း ပါလောက်မှာပေါ့?
"ဒါဆို နင်.."
ဝိန်းရိဖန် ဟိုဟိုဒီဒီတွေးကြည့်ရင်း မလှမ်းမကမ်းတွင်ရှိနေသည့် လှေကားထစ်များဘက်သို့ ညွှန်ပြ၍
"အရင်ဆုံးထိုင်နေပြီး စိတ်ကြည်သွားအောင်လုပ်လိုက်မလား"
"...."
သူမ၏နွေးနွေးထွေးထွေးစကားတစ်ခွန်းအပြီးတွင်
"ငါ အရင်ပြန်နှင့်တော့မယ်နော်"
စိတ်ဆိုးသွားခြင်းလား ဒါမှမဟုတ် ရယ်စရာကောင်းသွား၍လားမသိ စန်းရန်က သူမကို စိုက်ကြည့်နေ၏။ စိတ်တိုနေသည့်ပုံနှင့်ပိုတူပြီး တစ်ခဏအကြာ၌ လက်ရမ်းပြ၍
"ရတယ်..ပြန်တော့"
ဤစကားကို ကြားရပြီးနောက် ဝိန်းရိဖန်က McDonald' ဆီသို့ ပြန်ဦးတည်လိုက်၏။ သိပ်မကြာလိုက်ပါဘဲ သူမ ပြန်လှည့်ကြည့်လိုက်သည့်အခိုက်တွင် စန်းရန်က ထိုလှေကားထစ်ပေါ်၌ထိုင်နေသည့်မြင်ကွင်းအား မြင်လိုက်ရသည်။ သူ့ပုံစံမှာ ခပ်လျော့လျော့ထိုင်ချထားပြီး အနက်ရောင်ဆံပင်တို့က နဖူးရှေ့၌ ဝဲကျနေ၏။ ခေါင်းငုံ့ထားခြင်းကြောင့် သူ့မျက်လုံးများကိုတော့ ရှင်းရှင်းလင်းလင်းမမြင်ရပေ။
Advertisement
ကြည့်ရသည်မှာ ပြန်စရာအိမ်မရှိသည့် သနားစရာအိမ်ခြေရာမဲ့လေးပင် တူနေတော့သည်။
ဝိန်းရိဖန် အကြည့်လွှဲလိုက်ပြီး အရှေ့သို့ဆက်လျှောက်လာခဲ့သည်။ ဘယ်လောက်မှပင်မကြာလိုက်ပါဘဲ ခြေလှမ်းများကိုရပ် ၊ သက်ပြင်းချပြီး သူ့ဆီသို့ ပြန်လျှောက်လာလိုက်သည်။
"စန်းရန်"
စန်းရန်က မော့ကြည့်မလာဘဲ 'အင်း' ဟုသာဝိုးတိုးဝါးတားအသံတစ်ခုဖြင့် တုံ့ပြန်လာသည်။
ယခုလိုကိစ္စမျိုးတွင်တော့ ဝိန်းရိဖန်လည်း အနည်းငယ်လမ်းပျောက်ရကာ မဖြေရှင်းတတ် ၊ ကိုယ့်ကိုကိုယ်ပင် ဖြစ်ဖြစ်မြှောက်မြှောက်မစောင့်ရှောက်နိုင်တတ်သေးသည်ဖြစ်ရာ အခြားသူကိုစောင့်ရှောင်ဖို့ ပို၍ပင် မတတ်နိုင်ချေ။ ထို့ကြောင့် တတ်နိုင်သည့်အခြေအနေတစ်ခုကိုသာ စကားဆိုလိုက်၏။
"နင် လမ်းလျှောက်နိုင်သေးလား..ငါ နင့်ကို ဘတ်စ်ကားမှတ်တိုင်နားထိ လိုက်ပို့ပေးမယ်"
ထိုအခါ စန်းရန်က ခေါင်းမော့လာပြီးနောက် သုံးလေးစက္ကန့်အကြာတွင် သူမဆီသို့ လက်ဆန့်ထုတ်ပေးလာ၏။
"မတ်တပ်မရပ်နိုင်တော့ဘူး"
ဝိန်းရိဖန် နှုတ်ခမ်းကိုကိုက်ပြီး သူ့လက်ကောက်ဝတ်ကိုဆုတ်ကိုင်ကာ မတ်တပ်ရပ်နိုင်ရန်အတွက် ဆွဲထူပေးလိုက်သည်။
နည်းနည်းလေးမျှ မလှုပ်လာပေ။
သူမ အားထည့်ပြီး ထပ်ဆွဲထူလိုက်၏။
ထပ်ပြီး မလှုပ်မယှက်သာရှိနေဆဲ။
ဝိန်းရိဖန် အားလျော့သွားရကာ ခန္ဓာကိုယ်ကို တစ်ဝက်ထိုင်ချလုနီးနီးထိ ငုံ့လိုက်၍
"ငါ အပေါ်တက်ပြီး စုဟောက်အန်းကိုပဲ သွားခေါ်လိုက်တော့မယ်"
စန်းရန်က သူမအား လှမ်းကြည့်လာလေပြီး တည်တည်ငြိမ်ငြိမ်ဖြင့်
"မင်း နည်းနည်းပိုပြီးအားစိုက်လိုက်လေ"
"ငါ နင့်ကိုဆွဲမထူနိုင်ဘူး..အရမ်းလေးတယ်"
ဝိန်းရိဖန်က သူ့အား နောက်တစ်ကြိမ်ဆွဲထူလိုက်ရင်း
"နင် ကြည့်...."
စကားပင်မဆုံးသေး ၊ ဤတစ်ကြိမ်တွင် စန်းရန်က လွယ်လွယ်လေးဖြင့် ပါလာခဲ့၏။
ဝိန်းရိဖန်လည်း ကြောင်အမ်းသွားလျက်။
စန်းရန်က မတ်တပ်ရပ်နေပြီး အမိန့်ပေးမပျက်သေးဘဲ
"သွားမယ်လေ..မှတ်တိုင်ဆီ"
"...."
ဝိန်းရိဖန်က အတော်လေးထူးဆန်းသလိုခံစားမိပါသော်ငြား ဘယ်နေရာကမှားယွင်းနေကြောင်း တိတိကျကျမသိ ၊ ထို့ကြောင့် ကြောင်တောင်တောင်လေးဖြင့်
"ငါ ဘယ်လိုမျိုးထိန်းပေးရမှာလဲ"
စန်းရန် ;
"ပုခုံးတစ်ဖက် ငှား"
အခုလေးတင် နေ့တစ်ဝက်လောက်ကြာအောင် ဆွဲထူပြီးမှ မတ်တပ်ရပ်နိုင်သည့်ကိစ္စအား ပြန်တွေးကြည့်မိလိုက်သည့်အခါ ဝိန်းရိဖန် အနည်းငယ်သဘောမတူချင်တော့ပေ။ သူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးသာ သူမပေါ်သို့ မှီကျလာလျှင် သူမ၏တစ်ကိုယ်လုံးပါပျောက်သွားလိမ့်မည်။
"ငါ နင့်လက်မောင်းကိုပဲ တွဲပြီး ထိန်းထားပေးလို့မရဘူးလား"
စန်းရန်က ပြုံးလိုက်၍
"ဒါဆို နှစ်ဖက်စလုံး ထိန်းထားပေးမှာလား"
ဝိန်းရိဖန်က နားမလည်။
"ဘယ်လိုလုပ်ပြီးနှစ်ဖက်စလုံးကို ထိန်းလို့ရမှာလဲ"
သူမ၏ဦးနှောက်ထဲ နှစ်ဖက်စလုံးကိုတွဲပြီးထိန်းပေးရမည့်ပုံစံအား ပုံဖော်ကြည့်လိုက်ရာ ဖက်ထားလိုက်သည်နှင့် ဘာမှမခြားပေ။
"တစ်ဖက်တည်းပဲ ထိန်းပေးထားရင်"
စန်းရန်က နှုတ်ခမ်းကိုစေ့ထားလျက်ဖြင့်
"ကျန်တဲ့တစ်ဖက်က မတ်မတ်မရပ်နိုင်ဘူး"
"...."
ဝိန်းရိဖန် အတော်ကြာအောင်တွေးကြည့်နေပြီးမှ ခက်ခက်ခဲခဲဖြင့်လက်ခံလိုက်ရတော့၏။ သွားရမည့်လမ်းခရီးမှာလည်း သိပ်မဝေး ၊ အရက်မူးနေသည့်သူတစ်ယောက်ကို ယခုလိုနေရာမျိုး၌ပစ်ထားခဲ့လျှင်လည်း မြင်မကောင်းပါပေ။
သူမ အနားသို့ကပ်သွားလိုက်၏။
"ဒါဆိုလည်း နင် ကိုင်ထားလိုက်"
စကားပြောနေသည့်အချိန်တုန်းက အပြောင်အပျက်လုပ်နေသည့်စန်းရန်မှာ တကယ်တမ်းလက်တွေ့စစ်မြေပြင်ပေါ်သို့ ရောက်သွားသည့်အချိန်တွင်တော့ အချိန်ဆွဲနေသည့်အလား နှေးကွေးသွားခဲ့ပြီး တော်တော်နှင့်လက်မမြှောက်လာတော့ချေ။
နောက်ဆုံးတွင် စောင့်နေရသည့်ဝိန်းရိဖန်ကသာ ကူကယ်ရာမဲ့စွာဖြင့်သူ့လက်မောင်းကိုဆွဲယူပြီး သူမ၏ပုခုံးပေါ် တင်ပေးလိုက်တော့သည်။
သူမဘက်က ထင်ယောင်ထင်မှားဖြစ်ရုံလားတော့မသိ ၊ စန်းရန်၏ခန္ဓာကိုယ်မှာ အနည်းငယ်တောင့်တောင့်ကြီးဖြစ်နေပြီး သူမထင်ထားသလိုမျိုး အလေးတုံးကြီးတစ်ခုသဖွယ် မှီချလာခြင်းမျိုးမရှိ။
သူမသည်လည်း မသိလိုက်ပါဘဲ သူ့မျက်နှာအား ခဏခဏမော့ကြည့်မိလိုက်ပါသေး၏။
တိုတောင်းလွန်းသည့်လမ်းတစ်ထောက်စာ လျှောက်လာသည့်အပြီးတွင်။
စန်းရန်၏ခန္ဓာကိုယ်က မသိမသာလေးတုန်ယင်နေကြောင်း ဝိန်းရိဖန် ရုတ်တရက်ခံစားမိရာ နောက်တွင် အောင့်အည်းမနေနိုင်တော့သည့်အတိုင်း ရယ်သံသဲ့သဲ့ထွက်လာခဲ့တော့သည်။ သူမ မော့ကြည့်မိလိုက်လျှင် မျက်ဝန်းများက သူ့နှုတ်ခမ်းထောင့်စွန်းမှ ပါးချိုင့်နေရာနှင့် တစ်တန်းထဲရှိနေပြီး အပေါ်ထပ်တိုးပြီးကြည့်လိုက်လျှင်မူ တွေ့ရသည်မှာ သူ့မျက်ခုံးများ။
သူ့ဘာသာသူ သဘောတကျရယ်နေခြင်းဖြစ်ပြီး မှုတ်ထုတ်လာသည့်အသက်ရှုငွေ့များက သူမ၏လည်တိုင်ပေါ် ဖြတ်ပြေးသွားသယောင်ယောင်။
သူ့ပုံစံက အမှန်တကယ်ကို အရက်မူးသမားနှင့်တူလာသည့်အတွက် ဝိန်းရိဖန် တည့်တိုးဆန်ဆန်သာမေးကြည့်လိုက်သည်။
"နင် ဘာရယ်နေတာတုန်း"
စန်းရန်က ရယ်နေဆဲသာဖြစ်ပြီး
"ဘာမှမဟုတ်ပါဘူး"
"...."
သူမ အထူးအဆန်းလိုလှမ်းကြည့်ပြီးနောက် ရှေ့သို့သာ ဆက်ပြီးတွဲခေါ်လာခဲ့သည်။
မှတ်တိုင်နားသို့ရောက်ခါနီးတွင် စန်းရန်က သူမ၏နာမည်အား ရုတ်တရက်ခေါ်လာခဲ့သည်။
"ဝိန်းရွှမ်းကျန့်"
ဝိန်းရိဖန် ;
"အမ်?"
"ငါ မင်းကိုပြောစရာတစ်ခုရှိတယ်"
"ဘာကြီးလဲ"
"ခုဏတုန်းက အမှတ်မှားသွားလို့"
စန်းရန်က နှုတ်ခမ်းကိုကွေးညွှတ်ပြီး စကားသံတို့က သိသိသာသာနိမ့်သွားရင်း မျက်နှာသည်လည်း သူ့ကိုယ်ပိုင်ဟန်ဖြစ်သော တစ်လောကလုံးကိုဂရုမစိုက်သည့်မျက်နှာထားမျိုး ပြန်ဖြစ်သွားခဲ့၍
"ငါ ဒီနေ့ညသောက်ခဲ့တာ ကိုလာ(Cola)ချည်းပဲ"
-------
သတိမထားခဲ့စဥ်မှာပင် နန်းဝူတက္ကသိုလ်၏ဂိတ်ပေါက်ဝသို့ ရောက်လာခဲ့သည်။
ကားထဲတွင်အနားယူခဲ့ခြင်းကြောင့်လည်း မုချန်ယွင် အနည်းငယ်လန်းလန်းဆန်းဆန်းဖြစ်လာခဲ့သည်။ ကားပေါ်မှဆင်းပြီးနောက် မုချန်ယွင်က ပြုံးပြရင်း စန်းရန်မှ သူ့အား ဘယ်လိုဘယ်ပုံလိုက်ပို့သည့်အကြောင်းကို စကားတစ်ခွန်းမှမဟ ၊ ကျေးဇူးတင်စကားဆိုပြီးသာ ဝင်သွားခဲ့သည်။
ဝိန်းရိဖန်က လက်ရမ်းပြနှုတ်ဆက်ပြီး နန်းဝူတက္ကသိုလ်၏ဂိတ်ပေါက်ဝကြီးအား တစ်ခဏလှမ်းကြည့်မိနေသေးသည်။
တစ်ဖက်သို့လှည့်ကြည့်မိလိုက်သည့်အချိန်တွင်တော့ စန်းရန်၏အကြည့်များနှင့် တိုက်တိုက်ဆိုင်ဆိုင်ဆုံသွားခဲ့၏။
သူမ ချက်ချင်းအကြည့်လွှဲလိုက်ပြီး
နောက်ထပ် တိတ်ဆိတ်နေသောခရီးတစ်ထောက် ဖြစ်ခဲ့ပြန်သည်။
တစ်လျှောက်လုံးတွင် စန်းရန်က မေးခွန်းတစ်ခုသာ မေးလာခဲ့၏။
"မင်းရဲ့ အလုပ်ကမိတ်ဆွေလား?"
"အသစ်ဝင်လာတဲ့ အလုပ်သင်..နင်နဲ့လည်း ရင်းနှီးတဲ့ ဂျူနီယာညီလေးမလား"
စန်းရန် ;
"ဟုတ်တယ်ပဲဆိုပါတော့"
တဖြည်းဖြည်းနှင့် အိမ်ရာ၏မြေအောက်ကားပါကင်ဆီသို့ ရောက်လာခဲ့ကြသည်။
ဝိန်းရိဖန်၏ခြေတစ်လှမ်း မြေကြီးပေါ်ချလိုက်သည့်အခါတွင်တော့ သူမ သောက်ထားသည့်အရက်ရှိန်မှာ အတော်လေးပြင်းကြောင်း ခံစားမိလိုက်တော့၏။ လက်ရှိတွင် လေပေါ်မြောက်နေသည့်ခံစားချက်ကြီးနှင့်အတူ ကမ္ဘာကြီးမှာ ချာချာလည်လျက်။
စန်းရန်က ဝိန်းရိဖန်က အနည်းငယ်နောက်ကျပြီးမှ ကားပေါ်မှဆင်းလာခြင်းဖြစ်ပြီး ကားတံခါးလော့ခတ်ပြီးနောက် ဝိန်းရိဖန်၏အခြေအနေကို သတိထားမိလိုက်၏။
"ဘာဖြစ်လို့လဲ"
စန်းရန်၏အသံကိုကြားလိုက်သည့်အခိုက် ဝိန်းရိဖန်၏စိတ်ထဲ မဆီမဆိုင် မြင်ယောင်လာသည့်မြင်ကွင်းမှာ မုချန်ယွင်၏နီရဲနေသောလည်ပင်း ပင်။ လက်နှစ်ဖက်ကိုမြှောက်ကာ သူမ၏ဆွယ်တာအင်္ကျီခေါင်းစွပ်ကို မသိမသာလှမ်းကိုင်လိုက်ရင်း
"ဘာမှမဖြစ်ဘူး..."
"...."
ဝိန်းရိဖန်၏အပြုအမူမှာ စန်းရန်အတွက် အတော်လေးထူးဆန်းနေပါသော်ငြား သူမ၏မျက်နှာထက်တွင်တော့ တစ်ခုခုပုံမှန်မဟုတ်သည့်အရာမျိုးကို မတွေ့။ တစ်ခဏကြာကြာစိုက်ကြည့်နေပြီးနောက်တွင်တော့ အကြည့်လွှဲကာ ဓါတ်လှေကားဆီသို့ လျှောက်လာခဲ့သည်။
ဝိန်းရိဖန်က သူ့အနောက်မှ နှေးနှေးကွေးကွေးဖြင့်သာ လိုက်သွားလိုက်၏။
ဓါတ်လှေကားထဲသို့ စန်းရန် အရင်ဝင်သွားပြီးမှ ဝိန်းရိဖန်က နောက်မှလိုက်လာပြီး အတွင်းအကျဆုံးနေရာကိုယူကာ ဓါတ်လှေကားနံရံကို မှီရပ်နေလိုက်၏။
ဆယ့်ခြောက်လွှာသို့ ရောက်သည့်အချိန်တွင်။
ဓါတ်လှေကားပွင့်သွားခဲ့၍ ဝိန်းရိဖန်က အပြင်လျှောက်ထွက်ရန်ပြင်လိုက်သည့်အချိန်တွင် အချိန်အကြာကြီးမတ်တပ်ရပ်လာရခြင်းကြောင့်လားမသိ ခြေထောက်များ ခါတိုင်းနှင့်မတူအောင်နုံးချိပြီး ညွှတ်ကျလာခဲ့သည်။ တစ်ချိန်တည်းဆိုသလို စန်းရန်ကလည်း သူမဘက်သို့လှည့်လာပြီး တစ်ခုခုပြောချင်နေသည့်ပုံစံ။ သူ့စကားသံကို မကြားလိုက်ရခင် ဝိန်းရိဖန်က အရှေ့သို့ယိုင်ကျသွားခဲ့ပြီး အထိန်းအကွပ်မဲ့သွားခဲ့သည့်အလား တစ်ဖက်က သူ့လက်မောင်းကိုလှမ်းကိုင်လိုက်ကာ အခြားတစ်ဖက်က နက်ကတိုင်လ်ကို လှမ်းဆွဲလိုက်၏။ မျက်နှာသည်လည်း သူ့ရင်ဘတ်ထဲ ဝင်တိုက်လျက်။
တစ်ဖြတ်စာအချိန်ကလေးအတွင်း ပတ်ဝန်းကျင်တွင်ရှိသမျှသောရနံ့တို့အား သူ့ခန္ဓာကိုယ်ထက်မှ စန္ဒကူးရနံ့များက လွှမ်းခြုံသွားခဲ့တော့၏။
စန်းရန်၏ခန္ဓာကိုယ်မှာ အောက်သို့ကိုင်းကျလာခဲ့သည်။
သူမက အလိုလိုခေါင်းပြန်မော့လိုက်သည့်အချိန် သူမ၏နှာခေါင်းထိပ်နှင့် သူ၏မေးဖျားတို့က ဖြတ်ခနဲပွတ်ဆွဲသွားနောက် နောက်သို့လည်းခြေတစ်လှမ်းဆုတ်လိုက်၏။
Advertisement
- In Serial126 Chapters
The Real Young Miss's Secret Identities Revealed
After the real daughter of the Jiang family fell sick, she became stupid and insisted on marrying the cold-blooded, cruel, and crippled Fu Jiu.
8 476 - In Serial22 Chapters
Wood Boy
A reclusive man obsesses over a seemingly inconsequential detail and attempts to create a meaningful narrative to explain it which ends up changing the way he sees and interacts with the world. He finds his new outlook to be at odds with his established life as it crumbles around him.
8 322 - In Serial39 Chapters
All I wanted
Tutoring one of the hottest typical fuckboy with daddy issues at my school is easy right? Wrong.I won't catch feeling right?Very wrong. The cliché love story between Theo and Athena.Easy read/ fast paste storyline
8 151 - In Serial9 Chapters
The Promise of Yuuko Asahino - Volume 2
It's been ten months since the incident, and Yuuko's moved to a new school. But there's one student he notices is different from the others, and his father's words echo through his mind everytime he sees her. How should a person cope with something lost? And just what is it that a child should, and should not, do?
8 120 - In Serial19 Chapters
Haunting My Boyfriend
** Dropped ** Tomoya was only five years old when he learned that his father had died in a freak car accident. Torn by a mixture of grief and confusion, he ran away from home only to return late in the night, to the relief of his teary-eyed mother. But he was not alone. The ghost of a teenage girl had somehow drifted into his life and over the course of ten years the unlikely duo had grown to be inseparable. Together, they stumble across a series of clues that shed light on the truth of his father's disappearance, only to have their desperate search overshadowed by another, more dangerous conspiracy. Tomoya couldn't help but ask himself, 'If she is a ghost, then how did she die? And why has she never left my side?' ---- Release schedule: Daily
8 173 - In Serial132 Chapters
THE WAY OF FAITH
She has a good family background and has never been violently abused. Why does a double personality appear at the age of 12? "Are you there? It happened again today..." Her "she" listened silently, "Everything is mortal chaos and stupid." "...It's here again..., this feeling." At the age of 14, manic depression came to her and she began to break down. "Child. Come back." Who was speaking to her? "Come home." Who are you?Or...just, Where are you……?
8 185

