《First Frost (Myanmar Translation)》Chapter 34
Advertisement
ဝိန်းရိဖန် ဖုန်းမျက်နှာပြင်ကို အချိန်အကြာကြီးစိုက်ကြည့်နေမိပြီး 'စိတ်ဆန္ဒ' နှင့် 'အပိုင်ရယူဖို့' ဆိုသည့်စကားစုနှစ်ခုကြောင့် ကြက်သီးမွှေးညှင်းများကထိုးခနဲ။ သူမ၏အမူအရာမှာ တင့်တောင်းနေပြီး လက်ချောင်းထိပ်များက ဖုန်းမျက်နှာပြင်ပေါ်၌ တန့်နေရင်း အမေးသင်္ကေတတစ်ခု ဖြည်းဖြည်းချင်းရိုက်ယူလိုက်သည်။
သို့သော် တစ်ဖက်လူဆီသို့ စာမပို့လိုက်ရသေးခင် စက်ခန်းထဲမှထွက်လာသည့် စုထျန်းက သူမ၏အာရုံကိုနှောက်ယှက်လာခဲ့၏။
စုထျန်းက ဆုံလည်ကုလားထိုင်ကိုလှည့်ပြီး သူမအနာသို့ရောက်လာကာ ခပ်တိုးတိုးဖြင့်
"လခွမ်း..ငါ အခုလေးတင်ဝင်လာတုန်းက ဟိုအလုပ်သင်လေးကိုမြင်ပြီး လမ်းတွေတောင်လွှဲတော့မလို့..ငါ့ကို လန့်အောင်တော့ လုပ်နေပြီ"
ဖုန်းမျက်နှာပြင်ကို အလိုလိုပိတ်လိုက်ရင်း ဝိန်းရိဖန်က ခေါင်းမော့လာ၏။
"ဟမ်?"
"ဟိုအသစ်ဝင်လာတဲ့ အလုပ်သင်ကောင်လေးလေ"
စုထျန်းက မသိမသာတစ်ချက်လှမ်းကြည့်လိုက်ပြီး
"ဘုရားရေ..ငါတော့ အချစ်မှာပျော်ဝင်သွားပြီ..ရုပ်ချောတဲ့ ခွေးပေါက်လေး Type..အရပ်ကလည်းမြင့် ရုပ်ကလည်းချော ချစ်စရာကလည်းကောင်း"
ဝိန်းရိဖန်က ရယ်လိုက်ရင်း
"သာ့ကျွမ့်ကိုကျတော့ ဘာလို့ ခွေးပေါက်လေး Type လို့မပြောတာတုန်း"
ဖြစ်ချင်တော့ ဖုကျွမ့်က အနားမှဖြတ်လျှောက်သည့်အချိန်။
စုထျန်းက မျက်ဖြူလှန်ပြကာ ဗြောင်ကျကျဖြင့်
"သူကတော့ သာမန်ခွေးပေါက်လေး"
"...."
ဖုကျွမ့်က ချက်ချင်းရပ်သွားခဲ့၏။ အရှေ့တွင်ပြောသွားသည့်စကားလုံးများကိုမကြားလိုက်ရသော်ငြား သူပြောပိုင်ခွင့်ကိုအရယူ ၊ အော်ဟစ်၍
"ထျန်းကျဲ..ဘာလို့ လူကိုလာပြီးတိုက်ခိုက်နေရတာလဲ..ကျွန်တော်က ဘာလို့ သာမန်ဖြစ်ရတာလဲ!"
စုထျန်းက စကားလုံးသုံးလေးလုံးဖြင့် ဖုကျွမ့်အား မောင်းထုတ်လေတော့၏။
"မင်းကို မပြောဘူး..သွား"
ဖုကျွမ့် ထွက်သွားပြီးနောက်တွင် စုထျန်းက ဝိန်းရိဖန်နားသို့ ပြန်ကပ်လာပြီး
"ငါ ဘာလို့မှန်းမသိဘူး အဲ့ခွေးပေါက်လေးက ငါတို့ဘက်ကိုလှမ်းလှမ်းကြည့်နေတယ်လို့ ခံစားနေမိတယ်..သူ နင့်ကို ကြိုက်ချင်နေတာလား ဒါမှမဟုတ် ငါ့ကိုလား"
ဤစကားဆိုပြီးနောက် စုထျန်းက ဝိန်းရိဖန်၏ရုပ်ရည်အား တစ်ချက်ပြန်ကြည့်လိုက်ပြီး စကားပြင်ပြောလိုက်တော့၏။
"တော်ပါပြီ..ငါ့ကိုငါ အရှက်ရအောင်မလုပ်တော့ဘူး"
"...."
ဝိန်းရိဖန်လည်း လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် မုချန်ယွင်က သူ့နေရာ၌ထိုင်ပြီး တည်တည်တံ့တံ့ဖြင့် ကွန်ပြူတာကိုစိုက်ကြည့်နေကာ စက္ကန့်ပိုင်းကြာပြီးနောက် သူမတို့၏အကြည့်များကို ခံစားရိပ်မိသွားသည့်အလား မျက်လုံးပင့်ကြည့်လာ၏။ သူတို့၏အကြည့်များနှင့် ဆုံသွားခဲ့သည်နှင့်တပြိုက်နက် ရှက်ပြီးပြုံးပြလာလေတော့သည်။
အတော်လေးချစ်ဖို့ကောင်းသည့်ပုံစံပင်။
ဝိန်းရိဖန်လည်း ယဥ်ကျေးသမှုပြန်ပြုံးပြလိုက်ပြီး အကြည့်လွှဲလိုက်၏။ သူမအနေဖြင့် မူမမှန်သလိုဘာမှမခံစားရသောကြောင့်
"ဘာတွေလျှောက်တွေးနေတာလဲ..ပထမဆုံးအလုပ်ဝင်တဲ့နေ့မလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ရင်းနှီးအောင် လုပ်နေတာနေမှာပါ"
"အတင်းအဖြစ်ပြောရုံပဲဟာ..ချောတဲ့ကောင်လေး တွေ့တာတောင် နင်က ဘာဖြစ်လို့ နည်းနည်းလေးမှစိတ်ဝင်စားသလိုမဖြစ်ရတာလဲ"
စကားပြောနေရင်း စုထျန်းက အနည်းငယ်သိချင်စိတ်ဖြစ်လာခဲ့သဖြင့်
"အေ့..နင် ဒီလို Type မျိုးကိုသဘောကျလား"
"အာ?"
"ငါ့အမြင်မှာတော့ နင်က ဒီလိုပုံစံမျိုးကို လုံးဝစိတ်မဝင်စားသလိုပဲ..နင် သဘောကျတဲ့ Type မျိုးမရှိဘူးလား..နင် လိုချင်တဲ့ပုံစံမျိုးတို့ ဘာတို့လေ..နွေးထွေးတာမျိုး..ပိုင်စိုးပိုင်နင်းဆန်တာမျိုး..တက်တက်ကြွကြွရှိတဲ့ပုံစံမျိုး.."
ဝိန်းရိဖန် ကြောင်အမ်း၍နားထောင်နေရင်း ဦးနှောက်ထဲတွင် ထူးဆန်းပွေလီစွာဖြင့် စန်းရန်၏ တစ်လောကလုံးကိုအရေးမလုပ်သည့်မျက်နှာက ချက်ချင်းပေါ်လာခဲ့၏။
ကိုယ့်အတွေးကို ပြန်သတိထားမိသွားသည့်အချိန် ဝိန်းရိဖန်၏အသက်ရှူသံများ ရပ်တန့်ကုန်ပြီး သူမ၏အဖြေကိုစောင့်နေသည့်စုထျန်း၏မျက်နှာအား လှမ်းကြည့်လိုက်သည်။ စက္ကန့်ပိုင်းကြာအောင် ငြိမ်နေရင်း အတွေးများကိုလက်စဖျောက်ကာ ပြုံးရုံသာပြုံးနေပြီး ပြန်မဖြေ။
အတင်းအဖျင်းပြောသည့်ကဏ္ဍ ပြီးဆုံးသွားခဲ့၏။
ဝိန်းရိဖန်က ဆက်၍ စာမူရေးနေလိုက်ပြီးနောက် အချိန်တစ်ခုအကြာတွင် စန်းရန်ကို စာမပြန်ရသေးမှန်း သတိရလိုက်သည်။ ဖုန်းကိုဖွင့် ၊ ထိုမက်ဆေ့ တစ်သီတသန်းကို နောက်တစ်ကြိမ်ပြန်ကြည့်ပြီး သူမက ခွင့်ပြုချက်မတောင်းဘဲ အခွင့်အရေးအလကားယူလိုက်ရသလိုပင် ခံစားမိသွားခဲ့သည်။
အချိန်တစ်ခုကြာသွားခဲ့၍လားမသိ ယခုအချိန်တွင်တော့ မက်ဆေ့များကိုကြည့်ရင်း အသည်းအသန်ဖြင့်လက်မခံနိုင်သည့် ခံစားချက်မျိုး မရှိတော့ချေ။
ထို့အစား ခပ်ထုံထုံသာဖြစ်လေသည်။
ဝိန်းရိဖန်က စာပို့မည့်နေရာတွင်ရိုက်ထားခဲ့သည့် အမေးသင်္ကေတကိုဖျက်ပြီး နောက်ထပ်တစ်ကြိမ် ချိတုံချတုံဖြင့်စာရိုက်လိုက်သည်။
[ ဒါဆို နင် ]
[ အဆင်ပြေရဲ့လား ]
သုံးစက္ကန့်ကြာပြီးနောက်။
စန်းရန် ; [ ? ]
အိပ်နေရင်းလမ်းထလျှောက်သည့်အချိန် မိမိကိုယ်တိုင် ဘာလုပ်ထားမိမှန်း မသိသည့်အတွက် ဝိန်းရိဖန်လည်း ရှင်းပြ၍မတတ်နိုင်။ 'ကျူးလွန်ခံရသူ' ဆိုသည့်အခြေအနေကို ဂရုစိုက်ပေးသည့်အနေဖြင့် တိုက်ရိုက်သာမေးလိုက်၏။
[ ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးဖို့ နင် မျှော်လင့်ထားလဲ ]
စန်းရန် ; [ နောက်မှ ပြောမယ် ]
ဝိန်းရိဖန် ; [ နင် စဥ်းစားနေတာ ကြာလှပြီမဟုတ်ဘူးလား ]
စာရိုက်ရမည်ကိုပျင်းလွန်းသည့်သူက အသံမက်ဆေ့တစ်စောင်ပို့လာ၏။
"ဟုတ်တယ်လေ"
"...."
သူ့ထံမှ ထပ်၍မက်ဆေ့ ရောက်မလာ။
သူဆိုလိုချင်သည့်ပုံစံမှာ ; ငါ နောက်ထပ်ဆယ်နှစ်လောက် စဥ်းစားဦးမယ်ဆိုရင်တောင်မှ မင်း စောင့်ကိုစောင့်နေရမယ်!
ဝိန်းရိဖန် ထုံးစံအတိုင်းသည်းညည်းခံလိုက်ပြီး ကောင်းကောင်းမွန်မွန်ပြန်ဖြေလိုက်၏။
[ ကောင်းပြီ..ဒါဆို နင် ဖြေးဖြေးချင်းစဥ်းစား ]
-------
ယခုလိုမျိုး ပြောထားခဲ့ကြသော်ငြား ဤကိစ္စနှင့်ပတ်သတ်၍ ဝိန်းရိဖန်ဘက်မှ စကားမစတော့သလို စန်းရန်ဘက်မှလည်း လုံးဝမေ့သွားခဲ့ပုံရသည်။
သို့သော် သူ့အကျင့်မှာမူ ဤကိစ္စနှင့်ပတ်သတ်ပြီး သူ့ဘက်ကသာ စကားမစ၍ ရမည် ၊ မေ့ထား၍ ရမည်။ သို့သော်အကယ်၍များ ဝိန်းရိဖန်၏အမူအရာက ဤကိစ္စကိုမေ့လုနီးနီးဖြစ်နေသည့်ပုံစံမျိုးများဖြစ်သွားခဲ့လျှင်တော့ သူ့မျက်နှာတည်တည်တင်းတင်းဖြင့် ရှိသမျှသောစကားလုံးပေါင်းစုံကိုသုံးပြီး မေ့မရအောင်သတိပေးလာပါလိမ့်မည်။
Advertisement
သူမဟာ 'နစ်နာအောင်လုပ်ထားသည့်တရားခံ' ဖြစ်သည့်အကြောင်း လုံးဝမေ့သွားခွင့်မပေးသလို
သူဟာ အားနည်းသည့်သူ ၊ အနိုင်ကျင့်ခံရသည့်သူ ၊ နစ်နာအောင်ကျူးလွန်ခံထားရသည့်သူ ဖြစ်ကြောင်းကို ပို၍ပင် မေ့ခွင့်မရှိပေ။
ထို့အပြင် သူမသည် မေ့ပျောက်ပစ်ဖို့ကြံစည်နေသည့် တာဝန်မယူသောလူဆိုးမ ဖြစ်သွားခဲ့ရသေး၏။
အချိန်ကြာလာသည်နှင့်မျှ ဝိန်းရိဖန်တစ်ယောက် အိပ်နေရင်းလမ်းထလျှောက်သည့်အချိန်တွင် သူမကိုယ်ထဲသို့ တစ်စုံတစ်ရာဝင်ပူးသွားခဲ့ပြီး 'ညစ်ညမ်းသည့်ဧည့်သည်အမျိုးသမီး' အဖြစ်ပြောင်းသွားသလိုလိုပင် ခံစားမိလာပါတော့သည်။ ထို့အပြင် ဤအိမ်ခန်းထဲတွင် သူမအား ပြုစုပေးမည့် ထိုကံမကောင်းလှပါသော တစ်ဦးတည်းရှိသည့်ကောင်လေးမှာ လမ်းသရဲလမ်းမကြီး၏နာမည်ကြီးတစ်ကိုယ်တော် 'စန်းထို့ဖန်' ပင်။
ခန္ဓာကိုယ်ငှားရမ်းရသည့်ကြေးက မတတ်နိုင်လောက်သည်အထိ မြင့်လွန်းသဖြင့်..
သူမမှာ အကြွေးတစ်ပုံတစ်ပင်။
ထို့အပြင် ယခုလို မိုးသက်လေပြင်းမကျခင် တည်ငြိမ်ပြနေသည့်အခြေအနေကြီးကိုလည်း ကြောက်ရပါသေးသည်။
မသိစိတ်၏ခံစားချက်အရ စန်းရန်က အပြင်ဘက်၌သာတည်ငြိမ်နေပုံပြပြီး မြင်နိုင်သည့်တစ်နေရာတွင် သူမအားကိုင်တွယ်ဖြေရှင်းတော့မည့်ခြေလှမ်းကြီးကြီးကို ပြင်ဆင်နေမှန်း အမြဲခံစားနေမိတော့သည်။
--------
မေလ ၁ရက်နေ့အပြီးတွင် ဝန်ထမ်းခေါ်ယူသည့်စာများမှတဆင့် သတင်းထောက်နှစ်ဦးကို ခေါ်ယူခဲ့သေးသည်။
ထို့ကြောင့် ဒါရိုက်တာက အားလုံးအားလပ်မည့်အချိန်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျရွေးယူပေးပြီး အသစ်ဝင်လာသည့်သူများကို ကြိုဆိုမည့်ပွဲသေးသေးလေးတစ်ခု ကျင်းပပေးရန်စီစဥ်လိုက်သည်။ နေ့လည်ခင်းတွင် ကြိုဆိုပွဲအတွက် အသိပေးစာကျလာပြီး သွားမည့်နေရာကိုတော့ မသတ်မှတ်ရသေးပေ။
အသိပေးစာရပြီးနောက်တွင် ဖုကျွမ့်က ဝိန်းရိဖန်ထံသို့ရောက်လာပြီး မကျေမနပ်ဖြင့်
"ကျဲ..ဒါရိုက်တာပြောတာ ဒီပွဲမှာ ကျွန်တော့်အတွက်လုပ်ပေးရမယ့်ကြိုဆိုပွဲကိုပါ ပေါင်းလုပ်မှာတဲ့"
ဝိန်းရိဖန် ;
"အဲ့တော့ ဘာဖြစ်လို့လဲ"
"ကျွန်တော် ဒီကို အလုပ်သင်အဖြစ်ရောက်တာ ၄လတောင်ရှိပြီ! သူပြောတော့ သူဆိုတဲ့လူက ဘယ်သူ့ကိုမှ မျက်နှာသာမပေးဘူးဆိုပြီး..ကျွန်တော်ကတော့ နည်းနည်းလေးမှ အဲ့လိုမခံစားရပါဘူးနော်!"
"အဆင်ပြေပါသေးတယ်"
ဝိန်းရိဖန် နှစ်သိမ့်ပေးသည့်ဟန်ဖြင့်
"တကယ်လို့ ဒီတစ်ခေါက်ကြိုဆိုပွဲမှာ မင်းကို ထည့်မတွက်ဘဲ ဖန်လိတို့ကိုပဲ ကြိုဆိုလိုက်မယ်ဆိုရင်..ဒါဆို မင်းက ဒီဌာနထဲမှာရှိတဲ့ လေနဲ့ဘာကွာတော့မှာလဲ"
"...."
ဖုကျွမ့်က သုံးစက္ကန့်မျှငြိမ်နေပြီး
"အဲ့လိုကျတော့လည်း နည်းနည်းပါးပါးတော့ ကျိုးကြောင်းသင့်ပါသေးတယ်လေ"
မုချန်ယွင်က သူတို့နှစ်ဦး၏စကားဝိုင်းကို ကြားလိုက်ပြီး အနားသို့ရောက်လာ၍
"ရိဖန်ကျဲ..ညကျရင် လာမှာလား"
ဤကြိုဆိုပွဲက မဖြစ်မနေသွားရမည့်ပွဲမဟုတ် ၊ ထို့အပြင် အားလုံးက နောက်တစ်နေ့တွင်အလုပ်လာကြရမည့်သူများဖြစ်ကြပြီး ဒါရိုက်တာက ကိုယ့်သဘောအရဆုံးဖြတ်ပိုင်ခွင့်ပေးထားသော်လည်း အချင်းချင်းလေးစားမှုအရ အားလုံးပါဝင်ဆင်နွှဲကြမည်ဖြစ်သည်။
ဝိန်းရိဖန်က ညဘက်တွင် ဖုန်းနှင့်အင်တာဗျူးမည့် အချိန်းအချက်တစ်ခုရှိနေသေးသည့်အတွက် သွားမသွား မသေချာသေးပေ။
"မသေချာသေးဘူး..အခြေအနေကြည့်ရဦးမယ်"
ဖုကျွမ့်က နှာတစ်ချက်မှုတ်ပြီး အားလျော့သွားသည့်ပုံစံဖြင့်
"ကျဲ..အစ်မ ညဘက်မှာ လုပ်စရာရှိနေလို့လား"
မုချန်ယွင်ကလည်း မေး၏။
"အရမ်းနောက်ကျတဲ့ထိ လုပ်ရမှာလား"
"အင်း..အမြန်အပြီးသတ်ပြီး လာခဲ့ပါ့မယ်"
--------
ဝိန်းရိဖန် ညဘက်အင်တာဗျူးပြီးသွားသည့်နောက် သည်အင်တာဗျူးအတွက် စာမူများရေးနေရင်း ပထမအပိုဒ်အပြီးတွင် အချိန်မှာ ည ၉နာရီကျော်နေပြီဖြစ်သည်။ ပစ္စည်းများကိုသိမ်းပြီး ဌာနထဲမှထွက်တော့မည့်အခိုက်တွင် ရုံးခန်းထဲမှထွက်လာသည့် ဒါရိုက်တာနှင့်ဆုံလိုက်၏။
ဝိန်းရိဖန် အံ့သြသွားခဲ့ရင်း
"ဒါရိုက်တာက ကြိုဆိုပွဲပါတီကို မသွားဘူးလား"
ဒါရိုက်တာ၏အမည်မှာ 'ကန်ဟုန်ယွမ်' ၊ အသက် ၅၀ ဝန်းကျင်ဖြစ်ပြီး ခပ်ဝဝပုံစံမျိုးဖြစ်သည်။ ပြုံးလိုက်သည့်အခါမျိုးတွင် မျက်လုံးများပျောက်သွားသည်အထိ မှေးသွားပြီး သူတော်စင်တစ်ဦးနီးပါး သဘောထားပြည့်ဝသူပင်။ သူ့လက်ထဲတွင် ရုံးသုံးလက်ဆွဲအိတ်ကိုကိုင်ထားရင်း ဝိန်းရိဖန်အား ပြုံးပြလာ၍
"အခုမှ အစည်းအဝေးပြီးလို့"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်၏။
"မင်းလည်း အခုမှအလုပ်ပြီးတာမလား..ပါတီကို တူတူသွားကြတာပေါ့..အေးအေးဆေးဆေးလေ"
ကန်ဟုန်ယွမ်က ဆက်၍
"သူတို့ရဲ့ ကြိုဆိုပွဲပါတီကပြီးသွားပြီ..အခု တခြားတစ်နေရာကို ထပ်ပြောင်းသွားတယ်တဲ့..ကုမ္ပဏီနားမှာပဲ..ငါတို့ တူတူသွားစို့"
ဝိန်းရိဖန်က သွားဖို့အစီအစဥ်မရှိထားသော်လည်း သည်တစ်ကြိမ်တော့ မဖြစ်မနေ 'ကောင်းပြီ'ဆိုသည့်စကားတစ်ခွန်းကို ဆိုလိုက်ရတော့၏။
လမ်းတစ်လျှောက်တွင်။
ကန်ဟုန်ယွမ်က အတိတ်မှကိစ္စများနှင့်ပတ်သတ်ပြီး စကားစမြည်ပြောခဲ့နေကာ အသံနေအသံထားတို့က တုန်ခါခြင်းမရှိ အေးဆေးသိမ်မွေ့နေ၍ စိတ်ညှို့နေသည့်အသံမျိုးနှင့်ပင် တူနေသေးသည်။ ကြက်စွပ်ပြုတ်လေးတိုက်လိုက် ၊ ဒဿနိကစကားလုံးများကို နှလုံးသွင်းလိုက်ဖြင့် ဝိန်းရိဖန်၏အတွင်းစိတ််သံယောဇဥ်များကို နှိုးဆွပေးနေသလိုပါပင်။
ဝိန်းရိဖန်က အတွင်းစိတ်ထဲ၌မတုန်မလှုပ်ကြီးရှိနေသေးသော်လည်း မျက်နှာထက်တွင်တော့ တရားပေါက်နေသည့်အမူအရာမျိုး လုပ်ပြနေရပြီ။
တရင်းတနှီး စကားစမြည်ပြောရသည််မှာ ပလဲပနှံသင့်လျက်။
ကန်ဟုန်ယွမ်က သူ့အမှတ်တရများထဲစီးမျောနေသည့်အချိန် ဝိန်းရိဖန်က ဖုန်းထဲမှအချိန်အား တစ်ချက်လှမ်းကြည့်လိုက်၏။ အုပ်စုဖွဲ့မက်ဆေ့ထဲ ပို့ထားသည့်သတင်းအရ ဒုတိယအပိုင်းအတွက်ပြောင်းသွားသည့်နေရာမှာ 'Overtime' ဘား။ လူတစ်အုပ်လုံးက ထိုနေရာသို့ရောက်နှင့်နေကြပြီး နေရာပင်ယူထားပြီဖြစ်၍ မရောက်လာသေးသည့်သူများက ထိုနေရာသို့တိုက်ရိုက်သွားရမည်ဖြစ်သည်။
ဤနေရာကြောင့် ဝိန်းရိဖန်က စန်းရန်အား သတိရမိလိုက်တော့၏။
ဝိန်းရိဖန်အနေဖြင့် အခုတလောတွင် စန်းရန်အား အိမ်ထဲ၌ တွေ့ရသည့်အကြိမ်ရေမှာ အရင်ကလောက်မများတော့ ၊ သူ့ပုံစံက အလုပ်များနေပုံရပြီး အရင်လို တစ်နေကုန်တစ်နေခမ်း အိမ်ထဲ၌ရှိမနေ ၊ လေဖြတ်နေသည့်သူလိုလည်း ဆိုဖာပေါ်၌ လှဲအိပ်ပြီးဖုန်းကစားနေခြင်းမရှိ ၊ ဘာမှလုပ်စရာမရှိသည့်အဆုံး အိပ်ခန်းထဲ၌ အိပ်နေခြင်းတို့ကိုလည်း မတွေ့ရတော့ပေ။
သူမဘက်က စန်းရန်အား ဘာတွေအလုပ်များနေသည့်အကြောင်းလည်း မမေးဖြစ်၏။
ခန့်မှန်းချက်အရ အလုပ်အသစ်ရှာတွေ့ပြီး ရုံးသွားရုံးပြန်ရသည့်ဘဝကို စတင်နေပုံရသည်။
'Overtime' ဘားသို့ရောက်သည့်အချိန်။
ဝိန်းရိဖန်က စားပွဲထိုးများ၏လမ်းညွှန်ပေးမှုဖြင့် သူတို့အုပ်စုယူထားသည့်နေရာဆီသို့ ရောက်လာခဲ့သည်။
သူတို့မရောက်သွားခင်အထိ အဝေးမှနေ၍ပင်ကြားနေရသည့် ဆူညံနေသည့်စကားသံများက ကန်ဟုန်ယွမ်အား မြင်လိုက်ရသည့်အချိန်တွင် တိခနဲရပ်သွားတော့၏။
သို့သော်လည်း ကန်ဟုန်ယွမ် ကိုယ်ထင်ပြရန်ရောက်လာသာခြင်းဖြစ်၍ ခဏလေးသာနေပြီး ပြန်သွားခဲ့သည်။
ဝိန်းရိဖန်က နောက်ကျမှရောက်လာသည့်အတွက် သူတို့ကစားနေသည့်ကစားနည်းများကို နားမလည်ဘဲ ငြိမ်ငြိမ်လေးသာထိုင်ကြည့်နေခဲ့သည်။ သူမက ပထမဆုံးခုံနေရာတွင်ဖြစ်ကာ ဘေးနားမှရှိနေသည့်သူက တိုက်တိုက်ဆိုင်ဆိုင် စုထျန်း။ ဤအချိန်များအတွင်းတွင် လူတော်တော်များများက သန့်စင်ခန်းသွားလိုက် အပြင်သွားလိုက်ဖြင့် ထလိုက်ထိုင်လိုက်လုပ်လာကြသည့်အခါ ထိုင်ခုံနေရာများက အချိန်တိုင်းပြောင်းလဲနေခဲ့သည်။
Advertisement
ထို့ကြောင့် မသိလိုက်ပါဘဲ ဝိန်းရိဖန်၏ဘေးလူမှာ မုချန်ယွင် ဖြစ်သွားခဲ့၏။
အတော်လေးသောက်ထားပုံရသည့် မုချန်ယွင်မှာ ပါးနှစ်ဖက်ကနီရဲပြီး စိတ်နှင့်ကိုယ်နှင့်သိပ်မကပ်သည့်ပုံစံမျိုး။ ဝိန်းရိဖန်ကိုမြင်သည့်အခါ ပြုံးပြလာရင်း ယဥ်ကျေးသမှုဖြင့်
"ရိဖန်ကျဲ"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြ၍
"အများကြီးမသောက်နဲ့..မနက်ဖြန် အလုပ်ဆင်းရဦးမှာ"
"အများကြီး မသောက်ပါဘူး"
မုချန်ယွင်က လိမ်မာလွန်းသည့်ပုံစံဖြင့်
"ဒီတစ်ဘူးစာပဲ သောက်တာ"
စကားအဆုံးတွင် သန့်စင်ခန်းမှပြန်လာသည့် ဖုကျွမ့်က ဝိန်းရိဖန်၏ဘေးတွင်ထိုင်လိုက်ပြီး အတင်းအဖျင်းများစပြောလာတော့၏။
"ရိဖန်ကျဲ..ကျွန်တော် ခုဏတုန်းက အစ်မရဲ့ဟိုသူငယ်ချင်းကို တွေ့လိုက်တယ်"
ဝိန်းရိဖန် ;
"ဘယ်သူလဲ?"
ဖုကျွမ့် ;
"ဟို ဟို...."
နာမည်ကို စဥ်းစားမရဖြစ်နေသဖြင့် ဖုကျွမ့်က စကားဆက်မဆိုသေးဘဲ ရပ်တန့်နေ၏။
ဝိန်းရိဖန် ;
"ဟမ်?"
ဖုကျွမ့်က ခေါင်းကိုကုတ်ကာ အချိန်အကြာကြီးစဥ်းစားနေပြီးမှ
"ဟိုတစ်ယောက်လေ!..သနားစရာကောင်းတဲ့အလှလေးလေ!"
"...."
ဝိန်းရိဖန် ပတ်ပတ်လည်ကိုဝေ့ဝဲကြည့်လိုက်၏။
ဘားထဲမှအလင်းရောင်မှာ အတော်လေးကိုမှိန်နေပြီး ဝိန်းရိဖန်၏နေရာမှာ မြင်ကွင်းလည်းမကောင်းလှ ၊ ထို့ကြောင့် စန်းရန်ကို မတွေ့ပေ။ အကြည့်များကို အသာတကြည်ပြန်သိမ်းလိုက်ပြီး ပြုံးရုံသာပြုံးပြလိုက်၏။
ဘေးနားတွင်ထိုင်နေသည့် မုချန်ယွင်ကမူ ;
"ဘာကို သနားစရာကောင်းတဲ့အလှလေးလဲ"
"ငါ မင်းကိုမပြောပြရသေးဘူးလား"
ဖုကျွမ့်က လက်ကိုင်ဖုန်းကိုထုတ်ပြီး ဗွီဒီယိုထဲဝင်လိုက်၍
"လာ..ငါတို့အတူတူ ခံစားကြည့်ရအောင်..ငါ့ idol!..ငါ့ရဲ့ ဒီတစ်ဘဝစာအိပ်မက်က သူ့လိုမျိုး ဖြစ်လာဖို့ပဲ! ရုပ်ချော! ချမ်းသာ! ပြီးတော့ သောက်ရမ်းမိုက်တယ်ကွာ!"
မုချန်ယွင်က အချိန်ကြာကြာစိုက်ကြည့်နေပြီးမှ
"ဒါ စီနီယာအစ်ကိုစန်းရန် နဲ့ တူတယ်နော်"
ဖုကျွမ့် ;
"မင်းရော သိနေတာလား"
"ကျောင်းဖိုရမ်မှာတင်ထားတဲ့ပို့စ်ကို မင်း မတွေ့ဖူးသေးဘူးလား"
မုချန်ယွင်က တစ်ခဏကြာကြာထပ်ကြည့်ပြီးနောက် လက်ကိုင်ဖုန်းကိုပြန်ပေးလိုက်၍
"ကျောင်းရဲ့ King တွေအကြောင်းတင်ထားတဲ့ပို့စ်လေ..နေ့တိုင်း Like ပေးတဲ့သူတွေရှိလို့ အခုထိ ဖိုရမ်ထဲမှာနာမည်နေတုန်း"
"ငါက ဘာကိစ္စမှမရှိဘဲနဲ့ ကျောင်းရဲ့ King တွေကိုလိုက်ကြည့်နေရမှာလဲ..ငါ ဂေးနေတာလည်းမဟုတ်"
ဖုကျွမ့်က ဆက်၍
"အဲ့တော့ မင်းပြောချင်တာက ဒီသနားစရာကောင်းတဲ့အလှလေးက နန်းဝူတက္ကသိုလ်ကလား"
"ဟုတ်တယ်"
ဗွီဒီယိုမှာ အနည်းငယ်ဝါးထားသည့်အတွက် မုချန်ယွင်လည်း ရှင်းရှင်းလင်းလင်းမသေချာပေ။
"တကယ်လို့ ငါ အမှတ်မမှားရင်ပေါ့"
ဖုကျွမ့်၏နှလုံးသားလေးမှာ ပို၍ပင် ဂဏာမငြိမ်ဖြစ်လာပြီး
"နန်းဝူတက္ကသိုလ်ကို ရောက်အောင်ဖြေနိုင်တယ်ဆိုတော့..ဒါဆို သူက အမှတ်တွေကအစ ကောင်းခဲ့မှာပေါ့နော်"
မုချန်ယွင် ;
"ဒါပေါ့..ငါတောင် သူ့ကိုတစ်ခါတွေ့ဖူးတယ်..ငါ့အရင်အထက်လူကြီးက သူနဲ့ တစ်တန်းထဲလေ..သူတို့ ဘွဲ့ရတဲ့နေ့က ညစာစားပွဲပါတီကိုတောင် ငါလိုက်သွားဖူးတယ်"
ဖုကျွမ့် ;
"နောက်တော့ရော..ဘာထူးခြားတဲ့အခြေအနေမျိုးတွေရှိသေးလဲ"
"ဘာမှတော့ မရှိပါဘူး..ဒီအတိုင်း အတော်လေးအထင်ကြီးမိသွားတာတစ်ခုပဲ"
မုချန်ယွင်က ပြုံးလိုက်၍
"ဘွဲ့ရတဲ့နေ့ဆိုတော့ လူတိုင်းက အရက်ကို အထိမ်းအမှတ်အဖြစ် နည်းနည်းပါးပါးသောက်ကြတာချည်းပဲလေ..နောက်နေ့အလုပ်သွားရဦးမယ့်လူတွေဆိုတော့ ဘယ်သူမှတော့ အများကြီးမသောက်ကြဘူးကွာ"
မုချန်ယွင် ;
"ဒါပေမယ့် ကွန်ပြူတာသိပ္ပံမေဂျာရဲ့ နာမည်ကြီးဆုံးနှစ်ယောက်...စီနီယာအစ်ကိုသွမ့် နဲ့ စီနီယာအစ်ကိုစန်း နှစ်ယောက်မှာ တစ်ယောက်က အရက်ကိုတစ်စက်မှမထိဘဲနေပြီး တစ်ယောက်က ပုလင်းကို ဒါဇင်နဲ့ချီပြီး မော့တာတောင် မျက်နှာတစ်ချက်မပျက်သွားတဲ့သူ"
ဖုကျွမ့် ;
"ဒါဇင်နဲ့ချီပြီးမော့တဲ့တစ်ယောက်က ဘယ်သူလဲ"
မုချန်ယွင် ;
"စီနီယာအစ်ကိုစန်း"
ထိုစကားကိုကြားလိုက်ရသည့် ဝိန်းရိဖန်က သောက်လက်စအရက်ခွက်ကို ချပြီး လှမ်းကြည့်လာ၏။
ဖုကျွမ့်က ကျိုးသင့်ကြောင်းသင့် တွေးကြည့်လိုက်ပုံရပြီး
"ဒါဆို သူက အရက်သောက်ရတာကြိုက်လို့ အခုလို ဘားဖွင့်ထားတာများလား"
"ဘယ်သိမလဲ"
မုချန်ယွင်က မှတ်ဥာဏ်များကိုပြန်ဖော်ရင်း
"အဲ့နေ့က သူ့ကိုကြည့်ရတာ စိတ်အခြေအနေက တော်တော်လေးမကောင်းဘူးထင်တယ်..စကားလည်း တစ်ခွန်းမှမပြောဘဲ အရက်ချည်းလိမ့်သောက်နေပြီး အခြားသူတွေက သူ့ကို မသောက်တော့ဖို့တားလည်း မကြားသလိုပဲနေနေတာ"
"အို့"
ဖုကျွမ့်က သည်လိုကိစ္စမျိုးများကို စိတ်အဝင်စားဆုံးဖြစ်၍ ဆက်ပြီး
"ဒါဆို သေချာသလောက်ကတော့ တစ်ခုခုဖြစ်ထားလို့နေမှာ..ဘွဲ့ရတဲ့ချိန်မှာ မပျော်ဘူးဆိုတော့ သူ ထားခဲ့ခံရလို့လား..ဒါမှမဟုတ် ဖွင့်ပြောတာကို အငြင်းခံရလို့များလား..ဒါမှမဟုတ်ရင် သဘောကျရတဲ့သူက အခြားမြို့ကိုပြောင်းသွားပြီး သူနဲ့ဝေးသွားခဲ့လို့များလား"
မုချန်ယွင် ;
"ဟုတ်ချင်လည်း ဟုတ်မှာပေါ့..အဲ့နေ့ညက သူ ပြောတဲ့စကားတစ်ခွန်းကိုတော့ ငါကြားလိုက်သေးတယ်"
ဖုကျွမ့် မနေနိုင်မထိုင်နိုင် စိတ်ဝင်စားသွားခဲ့ပြန်၏။
"ဘာပြောတာလဲ"
မုချန်ယွင်က တစ်ခဏကြာအောင်ပြန်တွေးကြည့်လိုက်၍
"အရမ်းကြာခဲ့ပြီဆိုတော့ ငါလည်း သိပ်မမှတ်မိတော့ဘူး"
ဖုကျွမ့် ;
"ဒါဆိုလည်း အစတည်းက မပြောနဲ့လေ!"
"...."
စကားခေါင်းစဥ်က ဤနေရာတွင် အဆုံးသတ်သွားခဲ့၏။
စန်းရန်၏အတိတ်အကြောင်းများ တစ်ပါးသူပါးစပ်ဖျားမှကြားရသည့်အခါ သူမအနေဖြင့်ပါဝင်ပတ်သတ်ခဲ့ခြင်းမျိုးမရှိပါသည့်တိုင် စိတ်ထဲတွင်တော့ အတိုင်းအတာတစ်ခုထိနေရခက်ခဲ့သည်။ ခေါင်းကိုငုံ့ကာ လက်ထဲမှ အရက်ခွက်ကိုစိုက်ကြည့်နေမိပြီး အချိန်အတော်ကြာသွားပြီးမှ အသိစိတ်ပြန်ကပ်တော့သည်။
-----
မနက်ဖြန်တွင် အလုပ်သွားရဦးမည်ဖြစ်သလို တစ်နေလုံးလည်းအလုပ်လုပ်ထားရသဖြင့် ဝိန်းရိဖန်က အမှန်တကယ်အိပ်ချင်လာတော့၏။ ထို့ကြောင့် ကြာကြာမနေတော့ဘဲ သူမ၏ဖန်ခွက်ထဲမှအရက်တစ်ခွက်ကိုကုန်အောင်သောက်ပြီး အကြောင်းတစ်ခုပြ၍ ထွက်လာခဲ့လိုက်သည်။
မုချန်ယွင်လည်း မတ်တပ်ထရပ်လာခဲ့၍
"ကျွန်တော်လည်း ပြန်မှဖြစ်တော့မယ်"
အားလုံးက တော်တော်ကြာအောင်ပျော်ပါးထားကြပြီးပြီဖြစ်၍ မည်သူကမှ အတင်းအကြပ်မတားတော့ဘဲ အိမ်အပြန်လမ်း၌ဂရုစိုက်ကြရန်သာ မှာလိုက်ကြသည်။
နှစ်ယောက်သား အပြင်ဘက်သို့ ဦးတည်လာခဲ့၏။
ဝိန်းရိဖန်က ဘားခုံအနီးမှ ဖြတ်သွားခါနီးတွင် မျက်လုံးများက အလိုလိုလှမ်းကြည့်မိပြီး အလျင်အမြန်လည်း ပြန်ရုတ်သိမ်းလိုက်၏။
အပြင်ဘက်တွင်။
ဝိန်းရိဖန်က မြေအောက်ရထားဂိတ်ဆီသို့ လျှောက်ရင်း ဘေးနားမှလိုက်လာသည့် မုချန်ယွင်အား မေးလိုက်၏။
"နန်းဝူတက္ကသိုလ်ကို ပြန်မှာမလား"
မုချန်ယွင်၏အရက်သောက်နိုင်သည့်နှုန်းက မြင့်ပုံမရ၊ လက်ရှိအချိန်တွင် သူ့မျက်လုံးများက အနည်းငယ်ဝေဝါးနေပြီး အရက်မူးနေသည့်ပုံစံမျိုးပင်။
"ဟင်..ဟုတ်တယ်"
ဝိန်းရိဖန် ;
"ဒါဆို အစ်မတို့နှစ်ယောက် မြေအောက်ရထားဂိတ်ထိ အတူတူသွားတာပေါ့"
"အင်း"
သုံးလေးလှမ်းမျှပင် မလှမ်းရသေး ၊ မုချန်ယွင်မှာ လမ်းမလျှောက်နိုင်တော့သည့်အလား ယိုင်ကျလာခဲ့သဖြင့် ဝိန်းရိဖန်က သူ့လက်မောင်းအား အမြန်ဖမ်းဆွဲပြီး ထိန်းပေးလိုက်သည်။
"အဆင်ပြေရဲ့လား"
မုချန်ယွင်က ဝေဝေဝါးဝါးဖြင့်
"မတ်တပ်မရပ်နိုင်တော့လို့"
ဝိန်းရိဖန်က ကြောင်အမ်းသွားရင်း ဘာဆက်လုပ်ရမည့်အကြောင်းစဥ်းစားနေသည့်အချိန် ရုတ်တရက်ဆိုသလို အနောက်ဘက်တွင် လူတစ်ယောက်ရောက်လာခဲ့၏။ ထိုလူက လက်ဆန့်ထုတ်လာပြီး မုချန်ယွင်၏ဆွယ်တာအင်္ကျီခေါင်းစွပ်ကို ဆွဲဆုတ်ပြီး မျက်နှာတည်တည်ဖြင့်
"မရပ်နိုင်တော့ဘူး ဟုတ်လား"
အသံကြားလိုက်သည့်အခါ ဝိန်းရိဖန် လှည့်ကြည့်လိုက်၏။
တွေ့လိုက်ရသည်က စန်းရန်၏မျက်နှာ။
စန်းရန်က ယနေ့တွင် ပုံမှန်ဝတ်နေကျအတိုင်းမဟုတ်သည့် အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ထားကာ နက်ကတိုင်လ်ကြိုးက ခပ်လျော့လျော့ ၊ ကုတ်အင်္ကျီမှာ လှစ်ဟထားသဖြင့် အတွင်းထဲတွင်ဝတ်ထားသည့် ရှပ်အင်္ကျီအဖြူရောင်ကိုပါ မြင်နေရသည်။ ဤတည်ကြည်ရင့်ကျက်သည့်ဝတ်စုံမှာ သူ၏အရာအားလုံးကိုဂရုမစိုက်သည့်ပုံစံ ၊ သူ့မထီမဲ့မြင်ပြုသည့်ပုံစံများကို မဖိနှိပ်ပေးနိုင်ရုံသာမက ပို၍ပင် အားဖြည့်ပေးနေသလိုလို။
စကားတစ်ခွန်းအဆုံးတွင် စန်းရန်၏အကြည့်များက မုချန်ယွင်၏လက်မောင်းပေါ်ရောက်နေသည့် ဝိန်းရိဖန်၏လက်ချောင်းများအပေါ်သို့ စိုက်ရောက်လာခဲ့သည်။
ထို့နောက် မျက်လုံးကိုပင့်၍ သူမကို တည့်တည့်စိုက်ကြည့်လာ၏။
ဝိန်းရိဖန် စကားပြောလုနီးနီးတွင်။
စန်းရန်က အရင်ဦး၍
"လက်ဖယ်"
"...."
ဝိန်းရိဖန် ချက်ချင်း လက်ဖယ်ပစ်လိုက်၏။
တစ်ချိန်တည်းဆိုသလို စန်းရန်က မုချန်ယွင်အား အားမနာတမ်း အရှေ့သို့ဒရွတ်တိုက်ဆွဲခေါ်သွားသည့်ပုံမှာ ကုသိုလ်ကောင်းမှုတစ်ခုလုပ်တော့မလိုလိုပင်။ နှစ်ယောက်စလုံးက အရပ်လည်းမြင့်ပြီး လမ်းလျှောက်မြန်သည့်အတွက် ဝိန်းရိဖန်၏ သူတို့၏အနောက်ဘက်လှမ်းလှမ်း၌ ရပ်ကျန်နေခဲ့သည်။
တစ်ခဏကြာပြီးချိန်တွင် မုချန်ယွင်က စန်းရန်၏လက်ထဲမှ ရုန်းထွက်လိုက်ပြီး ခုဏလေးတင်ရှိနေသည့်ဝေဝါးနေသည့်အမူအရာက ပျောက်သွားခဲ့၍
"စီနီယာအစ်ကိုစန်း"
စန်းရန်သည်လည်း လက်ပြန်ရုတ်လိုက်ပြီး ခေါင်းအစခြေအဆုံးကြည့်လိုက်၏။
"မင်းက ဘယ်သူလဲ"
"ကျွန်တော်လည်း နန်းဝူတက္ကသိုလ်ကကျောင်းသားပါ..အရင်က အစ်ကို့ကိုတွေ့ဖူးတယ်"
"အို့"
စန်းရန်က ခပ်ရေးရေးပြုံးလိုက်၍
"နိုးလာပြီလား"
မုချန်ယွင်၏အမူအရာမှာ မလုံမလဲဖြစ်သွားသည်မျိုး လုံးဝမရှိ ၊ သူ့ခေါင်းကိုပင်ပွတ်လိုက်ပြီး စိတ်မကြည်လင်ပုံစံမျိုးဖြစ်နေကာ
"ဟမ်?"
စန်းရန်က စိုက်ကြည့်နေရင်း ရုတ်တရက်ထရယ်လိုက်၍
" ဝေ့..ဟန်ဆောင်မနေနဲ့တော့"
မုချန်ယွင်၏လှုပ်ရှားမှုများ ရပ်သွားခဲ့၏။
"အခြားလှည့်ကွက်တွေဘာတွေ မရှိတော့ဘူးလား..ဒီ မဖြစ်စလောက်အကွက်လေးတွေနဲ့များ.."
Advertisement
- In Serial12 Chapters
Nice Guy Syndrome
18 year-old Raymond McGregory considers himself to be one of the nicest guys out there and a true dominant male. However despite his supposed accolades Raymond is single by choice…... of others, and the only relationships he’s ever had are with his left hand and his couch sleeve. One day the “tfw no gf” is felt strongly within Raymond, and he decides to hatch out a plan to get a girlfriend. But his plan falls apart when he comes to the realization that in order to get girls to fall for him he has to actually talk to them. This isn’t an easy task for Raymond as he suffers from extreme social anxiety. On top of that he’s a massive nerd, not very bright, delusional, and is honestly the kind of guy that would get fourth place in a three-man race. Later Raymond comes across a group of people on the internet known as "Incels" who seem to be in a similar position as he is, but their views on the opposite sex and society seem very wicked. However they say they can help Raymond. Will Raymond seek help from these sinister people or will he try to keep a heart of gold? Furthermore, can Raymond get girls to love him despite not being able to talk to them? How much control does Raymond have over his plan? Find out all of this and more in this dark satirical romantic comedy filled with nice guys, and deep philosophical underpinnings.
8 137 - In Serial141 Chapters
Running Away From Love || Ongoing
[slow updates] After four years will they what will happened when they finally confessed there Love. Alaska Amana- She has a body of a goddess and will kill anyone that looked at her the wrong way. People are memorized at her beauty. But she is a girl who ran away from love, and her past, she looking for her family because she caught rumors that her birth parents are still alive, but this is one reason why she left, the other reason is because of him. She left him behind because she thought it was for the best and she was scared, she was scared to be loved and to be in love because of her last boyfriend. Damon Mateo- He has a body of a Greek God, he is controlling, manipulating, and more than a murder, and the new leader of the Italian Mafia, he will kill you with a single look. But he only has a soft spot for her, she left him and he won't stop running at her till he gets her, he loves her so much that he can't let her go. He would kill anyone who touched her or looked at her the wrong way. He can be very dangerous when he does not get want he wants, and trust me he will always get want he needs and wants. And he wants her. And only her. They both are afraid of love , but will they get over there fear and love each other like they need. They both get want they want and they want each other. And they will get want they want. Even if it kills them. [The second Book of the Unforgivable Lies series] (Can be read as a stand alone) This book has a LOT of smut in it Started: July 3, 2022Ended:Ranking so far: reached #1 in Past LoverRanking so far: reached #1 in Snarky Ranking so far: reached #1 in RussianRanking so far: reached #1 in Book Two
8 182 - In Serial16 Chapters
landslide, neil perry
❝ mirror in the sky, what is love? ❞dead poets society (1989)🕯 ˗ˏˋ gentlemen, what are the four pillars? ˎˊ˗₊˚.༄ travesty, horror, decadence, excrement ! 🎞𝘪𝘯 𝘸𝘩𝘪𝘤𝘩 𝘵𝘩𝘦 𝘢𝘳𝘵𝘪𝘴𝘵𝘧𝘢𝘭𝘭𝘴 𝘧𝘰𝘳 𝘵𝘩𝘦 𝘱𝘰𝘦𝘵lowercase intended© hollywillow-
8 219 - In Serial57 Chapters
ZEUS
TRAILER IN CHAPTER 1#1 Memories 10/10/2019#1 Hurt 27/09/2019#1 Werewolf 04/07/2019#1 Blind 09/02/2020#1 Time 10/06/2020There are three of themThey are ruthlessThey are cursedThey are ImmortalThey are the HellHounds.******They were a legend. A story. But all legends are based off of truth. "Don't go out after dark," My father said. "Don't go anywhere alone," My father said"Don't go deep into the woods, for that is where he waits," My father said.I never broke a rule. I was a good girl. But my question always was, what do I do when the monster comes out to play? ***I was blind, so I slowly walk forward, not knowing where he is exactly. But I use my senses. I let this connection pull into a direction. As I slowly walk ,I reach my hand out, "Where are you?" I asked quietly. A big and calloused hand touches my own. From that one touch, electric shocks courses through my body, a strange and warming sensation. I flinched and gasped in fright. The big and strong hand gently grabs mine and softly pulls me forward. A breath hits my face slightly. I was right in front of him. He leans down toward my ear, his lips almost touching it. His breath makes chills run over my neck as he whispers very quietly with a deep and rough voice, "Here I am."***If you want this book to make sense to you, I would suggest you read Book 2 of my Blood Moon Pack series, it completed and ready to read. You can still read this as stand alone, however there is more information held in Book 2.
8 141 - In Serial13 Chapters
Love At The End
Liz, lost her parents at the age of seven. They died in a car accident along with her cousins parents. She lived with her cousins and uncle for eight years. She never deserve happiness, but what will happen to her when she meets Ethan. Will she still feel the effect of tragedy or will it be love at the end?
8 81 - In Serial19 Chapters
Who Are You?
One accident causes Stevie's life to change completely. 1997-...
8 180

