《First Frost (Myanmar Translation)》Chapter 33
Advertisement
ဝိန်းရိဖန်၏နှုတ်ခမ်းပါးတို့ဟာ နွေးထွေးခြောက်ကပ်နေသဖြင့် အမှတ်တံဆိပ်တစ်ခုခတ်နှိပ်လိုက်သည့်အလား အရေပြားပေါ်၌ ပြင်းပြင်းပြပြတောက်လောင်သွားခဲ့သည်။
အသက်ရှူငွေ့များက ပေါ့ပါးသေးမျှင်ပြီး ချောချောမွေ့မွေ့ဖြင့်သဘာဝကျလွန်းကာ ငှက်မွှေးတစ်ခုလေထဲဝဲပျံနေသည့်နှယ်။ သူမ၏ခန္ဓာကိုယ်ထက်မှ နှင်းဆီရနံ့ခပ်ဖျော့ဖျော့ကိုခံစားနေမိပြီး ရိုးတွင်းချင်ဆီများထဲ၌စိုက်ပျိုးထားသည့်သဖွယ် ဘေးပတ်ဝန်းကျင်လေးမျက်နှာတခွင် ထုတ်လွှင့်ပျံ့နှံ့နေကာ တစ်ဖက်လူ၏စိတ်အာရုံကို သိသိသာသာရိပါးနေလေသည်။
အကွာအဝေးတစ်ခုမှာ အနီးကပ်ဆုံးဖြစ်နေပြီး သူမ၏မျက်တောင်မွှေးများခတ်လိုက်ချိန်တိုင်းတွင် သူ့မျက်နှာပေါ် ပွတ်ဆွဲသွားသည်မှာဖြတ်ခနဲ။ အထိအတွေ့အာရုံမှာ တဖွဖွတိုးဝင်နေသည့်ခံစားမှုများကြောင့် ပို၍ပြင်းပြလာပြီး တစ်စထက်တစ်စ သူ့အား ဆိုးဆိုးရွားရွားကို ကုတ်ခြစ်ဆွဲဆုတ်နေပါတော့သည်။
စန်းရန်၏လက်နှစ်ဖက်မှာ ထိန်းချုပ်မှုမရှိနိုင်တော့သည့်အတိုင်း အလိုလိုမြှောက်လာမိပြီး ချက်ချင်းဆိုသလိုလည်း လေဟာပြင်ထဲ၌သာ ရပ်တန့်ပစ်လိုက်၏။ မျက်လုံးကိုမှိတ် ၊ သူ့စိတ်ဆန္ဒများကို အစွမ်းကုန်ထိန်းချုပ်ထားပြီး လက်ဖဝါးနှစ်ဖက်မှသည် လက်သီးဆုတ်များအဖြစ် တင်းနေအောင်ဆုတ်လိုက်ကာ တဖြည်းဖြည်းဖြင့် လက်ပြန်ရုတ်လိုက်၏။
သူ လူတစ်ယောက်လို ပြုမူချင်ပါသေးသည်။
ယခုလို မရှောင်ဖယ်ဘဲနေခဲ့သည့်အပြုအမူတစ်ခုတည်းကပင် ဘာမှမသိသည့်သူထံမှအခွင့်အရေးယူနေခြင်းအတွက် လုံလောက်သင့်ပြီမဟုတ်လား။
ဤအချိန်အတွင်းတွင် ဝိန်းရိဖန်က ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းပြန်မတ်လိုက်ပြီးမှ သူနှင့်အကွာအဝေးတစ်ခုခြားလိုက်သည်။
သူမ၏မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှရှိမနေ ၊ တည်ငြိမ်လွန်းသည့်မျက်နှာထားကမသိလျှင် အခုလေးတင်ခေါင်းငုံ့ပြီး သူ့နှုတ်ခမ်းထောင့်ကိုနမ်းသွားခဲ့သည့်သူက သူမ မဟုတ်သလိုမျိုးပင်။ မျက်လုံးရှေ့ရှိမြင်ကွင်းမှာ လွန်ခဲ့သောမိနစ်ပိုင်းမှ ပုံစံအတိုင်း ပြန်ပြောင်းသွားခဲ့၏။
ဘာမှမဖြစ်သွားသည့်အခြေအနေမျိုး။
"ဝေ့..ဝိန်းရွှမ်းကျန့်"
စန်းရန်က ဝိန်းရိဖန်အား လှမ်းကြည့်ပြီး ခြောက်ကပ်ကပ်နိုင်လှသည့်အသံဖြင့်
"မင်း အခုလေးတင် ကိုယ့်ကိုနမ်းသွားတယ်"
"...."
ကြည့်ရသည်မှာ အချိန်ပြည့်သွားခဲ့ပုံရပြီး ဝိန်းရိဖန် မတ်တပ်ထရပ်၍အိပ်ခန်းဆီသို့ လျှောက်သွားခဲ့သည်။
အခုလေးကလို စာအုပ်စင်နှင့်ထပ်တိုက်မိမည်ကိုစိုးရိမ်၍ စန်းရန်လည်း မတ်တပ်ထရပ်လိုက်၏။ သူ့စကားသံတို့မှာ သူမနိုးသွားမည်ကိုစိုးရိမ်နေသည့်အလား တိုးဖျငြင်သာနေခဲ့၍
"ဒါက လူကိုနမ်းပြီး ထွက်ပြေးတော့မလို့လား"
ဝိန်းရိဖန်က နှေးနှေးကွေးကွေးသာလျှောက်နေခဲ့ပြီး သူ့အိပ်ခန်းနားမှဖြတ်သွားခါနီးတွင်တော့ တစ်ခဏပြန်ရပ်သွားခဲ့သည်။
"ဒါပေမယ့် ကိုယ်ဆိုတဲ့လူက ဒီအတိုင်းတော့ အခွင့်အရေးယူမခံနိုင်ဘူးနော်"
စန်းရန်က နံရံကိုမှီရပ်နေပြီး သူမ၏လှုပ်ရှားမှုတိုင်းကိုလိုက်ကြည့်နေရင်း
"မင်း ကိုယ့်ကိုအကြွေးတစ်ခါတင်သွားပြီ"
"...."
ဝိန်းရိဖန် အိပ်ခန်းကြီးဆီသို့ ဆက်၍လျှောက်လာခဲ့သည်။
မည်သည့်အရာကိုမှ ဝင်မတိုက်နိုင်တော့ကြောင်း အသေအချာအတည်ပြုပြီးမှသာ နောက်မှလိုက်ကြည့်ပေးနေသည့် စန်းရန်၏ခြေလှမ်းများ ရပ်တန့်ပစ်လိုက်၏။ သူ့မျက်ဝန်းများထဲရှိ အဓိပ္ပါယ်မှာ မသဲမကွဲ ၊ ကျန်နေသေးသည့်စကားလုံးတို့ကိုလည်း ဖြေးဖြေးချင်းဆိုလာခဲ့သည်။
"မင်း နိုးလာတဲ့အချိန်ကျမှပဲ ကိုယ့်ကို ပြန်ပေးပေါ့"
------
အိပ်ရေးပျက်ထားခြင်းကြောင့်လားမသိ ဝိန်းရိဖန်သည် နောက်တစ်နေ့ မနက် ၁၀နာရီဝန်းကျင်မှသာ နှိုးစက်မြည်သံကြောင့် အိပ်ရာနိုးလာခဲ့သည်။ အိပ်မှုန်စုံမွှားဖြင့် နှိုးစက်ကိုပိတ် ၊ အိပ်ရာထဲပြန်လှဲနေကာ တော်တော်ကြာပြီးသွားမှ ခက်ခက်ခဲခဲထထိုင်လိုက်သည်။
သူမ၏အမူအရာတို့မှာ နွေးနွေးထွေးထွေးရှိလှပြီး ပုံမှန်ဖြစ်သောအကျင့်တစ်ခုအရ တံခါးဝဆီတစ်ချက်လှမ်းကြည့်ပြီးနောက် ဘာမှမဖြစ်ထားသည့်အတိုင်း ချက်ချင်းအကြည့်ပြန်လွှဲလိုက်သေးသည်။
နောက်သုံးစက္ကန့်အကြာတွင် ဝိန်းရိဖန်၏မျက်လုံးက ပို၍ပွင့်လာကာ တံခါးရှေ့မှနေရာတစ်ဝိုက်အား ပြန်ကြည့်မိလိုက်၏။ ထိုနေရာတွင် ဗလာချည်းသက်သက် ၊ သူမ ချထားသည့်ထိုင်ခုံက ရှိမနေ။ မျက်တောင်များလှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီး အိပ်ရာထဲမှရုတ်ချည်း ကောက်ထကာ ဘေးပတ်ပတ်လည်ကိုဝေ့ဝဲကြည့်တော့သည်။
ကြာကြာပင်မကြည့်လိုက်ရဘဲ ထိုင်ခုံက မှန်တင်ခုံဘေး၌ရှိနေကြောင်းကို တွေ့လိုက်ရ၏။ သူ ရှိနေရမည့်နေရာတစ်ခုတွင် ပြန်ရောက်နေပြီး ဘာမှအမှားအယွင်းဖြစ်မနေသည့်ပုံစံမျိုးပင်။
ဝိန်းရိဖန် အတွေအတွေအဝေဝေဖြစ်သွားခဲ့၏။
မဟုတ်မှလွဲ မနေ့ညက သူမ အိပ်ချင်လွန်းနေခဲ့၍ ထိုင်ခုံကိုရွေ့ထားခဲ့ပါသည်ဟု စိတ်ထင်နေမိခြင်းလား။
ဒါမှမဟုတ် အိပ်နေရင်းလမ်းထလျှောက်ခြင်းလား။
ဤအခိုက်အတန့်တွင် ဝိန်းရိဖန်တစ်ယောက် အိပ်ခန်းထဲ၌ ကင်မရာတပ်ဆင်ထားချင်လာပြီး သူမ အိပ်နေရင်းလမ်းထလျှောက်သည့်အချိန်လုပ်မိသည့်အရာများကို မှတ်တမ်းတင်ချင်လာမိတော့သည်။သို့မှသာ ဖြစ်သွားခဲ့သည့်လုပ်ရပ်များနှင့်ပတ်သတ်၍ ဘာမှမသိနေခြင်းမျိုး မဖြစ်တော့မည်။
အကယ်၍များ တစ်ခုခု အမှန်တကယ်ဖြစ်ခဲ့လျှင်တောင် အနည်းဆုံးအနေဖြင့် ပြဿနာကိုဖြေရှင်းပေးရန် စဥ်းစားချိန်ရပါဦးမည်။ အိပ်ရာထက်မှထလာပြီး မနေ့ညက ထိုင်ခုံရွှေ့မရွှေ့ကိစ္စအား အသေအချာစဥ်းစားရင်း ရေချိုးခန်းထဲဝင်လာခဲ့သည်။
သို့သော် ဤပြဿနာမှာ စဥ်းစားလေလေ မသေချာလေလေ။
ပြင်ဆင်ပြီးနောက်တွင် ဝိန်းရိဖန် အိပ်ခန်းထဲမှထွက်လာခဲ့သည်။ အချိန်လည်း နောက်ကျနေပြီဖြစ်သောကြောင့် အသင့်စား၍ရမည့်ဆန်းဒဝစ်ချ်တစ်ခုယူပြီး အိမ်ပြင်ထွက်ရန် စီစဥ်ထားသော်ငြား မီးဖိုချောင်ထဲဝင်ဝင်ချင်းပင် ခေါက်ဆွဲပြုတ်နေသည့်စန်းရန်နှင့် တည့်တည့်တိုးလေသည်။
သူမ၏ ခြေလှမ်းများ တုံ့ခနဲရပ်သွားသလို
စန်းရန်ကလည်း သူမကို တစ်ချက်လှမ်းကြည့်လာ၏။
လေထုအခြေအနေမှာ ကသိကအောက်နိုင်လျက်။
အရင်ရက်များတွင်ရှိနေခဲ့သည့် သူမကိုယ်ပေါ်မှာ ကသိကအောက်နိုင်မှုများက ယခုအချိန်တွင် စန်းရန်ကိုယ်ပေါ်သို့ လွှဲပြောင်းသွားခဲ့ပုံရသည်။ သို့သော် သူ့အမူအရာက မည်သည့်ခံစားချက်မျိုးကိုမှ ဖော်ပြနေခြင်းမရှိ ၊ သူ့ဘက်က စကားစပြောလာခြင်းလည်းမရှိသည့်အတွက် သူမဘက်ကသာ ထင်ယောင်ထင်မှားဖြစ်နေရသလိုလို။
ဝိန်းရိဖန်က ရေခဲသေတ္တာကိုပိတ်လိုက်ရင်း တွန့်တွန့်ဆုတ်ဆုတ်ဖြင့်
"ငါ မနေ့ညက...."
စန်းရန်က ခေါက်ဆွဲအိုးအား တူဖြင့်မွှေနေခြင်းဖြစ်သည်။
သူမ၏စကားသံတို့က သိသိသာသာတိုးဖျသွားခဲ့၍
"အိပ်နေရင်းလမ်းထလျှောက်သေးလား"
စန်းရန်က အေးအေးလူလူဖြင့်သာ 'အင်း' ဟု အသံပြုလိုက်၏။
"ဒါဆို ငါ ဘာမှတော့မလုပ်မိဘူးမလား?"
စန်းရန်ဘက်မှ အဖြေကိုမစောင့်ဘဲ ၊ ဝိန်းရိဖန်က အရင်ကပြောခဲ့ဖူးသည့်စကားများကို ပြန်ဆွဲယူလာခဲ့ပြီး
"ငါ နင့်ကို အရင်ကပြောခဲ့ဖူးသလိုမျိုး ငါ အိပ်နေရင်းလမ်းထလျှောက်တာကိုတွေ့ရင် ငါ့ကိုမမြင်ရတဲ့လေလိုမျိုးပဲ သဘောထားလိုက်နော်..တကယ်လို့ ငါက နင့်အနားကပ်လာလို့ရှိရင် ချက်ချင်းရှောင်သွားလိုက်"
ဤစကားအဆုံးတွင် စန်းရန်က မီးဖိုကိုပိတ်လိုက်၍
"ကိုယ်ကတောင် ဘာမှမပြောရသေးဘဲနဲ့ မင်းက ဘာဖြစ်လို့ ဆက်ဆံရေးကို ဒီလောက်ထိရှင်းရှင်းလင်းလင်းတွေဖြတ်တောက်ချင်နေရတာလဲ"
ဝိန်းရိဖန် ;
"ဆက်ဆံရေးကိုရှင်းသွားအောင်လုပ်နေတာမဟုတ်ဘူးလေ..ငါက နင့်ကို သတိပေးနေတာ"
စန်းရန်က ခေါက်ဆွဲအိုးကို မ,ယူလိုက်ရင်း
"စားဦးမလား"
ဝိန်းရိဖန်က အချိန်မှာအရမ်းနောက်ကျနေပြီဖြစ်၍ မစားတော့မည့်အကြောင်း ဆိုလိုက်ချင်သော်ငြား အိုးထဲမှခေါက်ဆွဲများကိုကြည့်လိုက်ပြီး တွေဝေသွားခဲ့၏။ ဤအချိန်ပင်ရောက်နေပြီဖြစ်ကာ ထပ်နောက်ကျလည်း မထူးပါတော့ချေ။
Advertisement
"စားမယ်"
စန်းရန် ;
"ကိုယ့်ဘာသာကိုယ် ပန်းကန်ယူခဲ့"
ဝိန်းရိဖန်က ပန်းကန်စင်ထဲမှ ပန်းကန်လုံးနှစ်လုံးကိုထုတ်လာပြီး စန်းရန်၏အမြီးသဖွယ် အနောက်မှတကောက်ကောက်လိုက်၍
"ဒါဆို ငါ မနေ့ညတုန်းက ဘာတွေလုပ်မိသွားသေးလဲ..နင် အဲ့ချိန်ထိ မအိပ်သေးတာလား"
မနေ့ညက ညနှစ်နာရီထိုးခါနီးမှ အိပ်ရာဝင်ခဲ့ကြောင်းကိုတော့ သူမ မှတ်မိပါသေးသည်။
စန်းရန် ;
"ညသန်းခေါင် သန့်စင်ခန်းဝင်တာ"
ဝိန်းရိဖန်က ထိုင်ခုံတွင်အကျအနထိုင်လိုက်ပြီး ထပ်ပြောလာမည့်စကားလုံးများကို စိတ်ရှည်ရှည်ဖြင့်စောင့်နေလေသည်။ သို့သော် သူ့မျက်နှာရရေးကိုသာ အာရုံစိုက်နေသည့်သူက အချိန်ကြာသည်အထိ စကားထပ်၍ဆိုမလာ ၊ ထို့ကြောင့် သူမဘက်က စ၍
"ငါ မနေ့ညကရော..ဟို..မဆီလျော်တဲ့အပြုအမူတွေ လုပ်မိသေးလား"
မျက်နှာရဖို့ရာအတွက် ပြင်ဆင်ပြီးသွားသည့်လူက သူမ၏အရှေ့သို့ရောက်လာကာ စန်းရန်က သူမအား ခပ်လျော့လျော့ပြုံး၍ကြည့်လာပြီး
"မနေ့ညကလား?"
ဝိန်းရိဖန် ;
"အင်း"
စန်းရန်က သုံးလေးစက္ကန့်မျှရပ်သွားပြီး ပြန်တွေးကြည့်နေသည့်ပုံစံမျိုးဖြင့်
"အရင်ကလိုမျိုးတွေတော့ မလုပ်ပါဘူး"
ဝိန်းရိဖန် သက်ပြင်းချလိုက်မိ၏။
သူက ဆက်၍
"ဒါပေမယ့်..."
ဝိန်းရိဖန် ချက်ချင်း ခေါင်းပြန်ထောင်ခဲ့၏။
စန်းရန်က ပြုံးပြလာပြီး
"အရင်ကထက်ကိုလွန်တဲ့ဟာတွေ လုပ်ထားတာ"
ဝိန်းရိဖန် ; "?"
သူမ၏ ဖြစ်သွားခဲ့သည့်မျက်နှာအမူအရာကို ကြည့်နေသည့်စန်းရန်က မျက်ခုံးပင့်မြှောက်ပြ၍
"မဖြူစင်တဲ့အတွေးတွေ ခေါင်းထဲတန်းပေါ်လာတဲ့မျက်နှာမျိုး မလုပ်ပြပါနဲ့"
"...."
သူမ အဲ့လိုတွေးဖို့ စိတ်တောင်မကူးထားဘူး!!!
ဝိန်းရိဖန်တစ်ယောက် မကြာခင်ရူးသွားနိုင်လောက်မည့် ကိုယ့်စိတ်ကိုကိုယ် အရင်ဆုံးတည်ငြိမ်အောင် လုပ်လိုက်၏။ မျက်နှာအသွင်အပြင်တည်ငြိမ်လာသည်နှင့်အမျှ ဤပြဿနာမှာ ကြီးကြီးမားမားမဟုတ်နိုင်လောက်ကြောင်း ခံစားလာမိပြီး နှုတ်ခမ်းပါးကိုတင်းတင်းစေ့လျက်
"အဲ့တော့?"
"အသေးစိတ်ကိုတော့ ကိုယ် မပြောပြတော့ဘူးနော်"
စန်းရန်က ပျင်းတိပျင်းရွဲဖြင့်
"မင်း နားထောင်ပြီးသွားရင် ကမ္ဘာကြီးပြိုကျသွားသလိုမျိုး ခံစားသွားရမှာကို ကိုယ်စိုးရိမ်လို့..ငါ့မှာ ဒီလိုမျိုးအခြမ်းလည်း ရှိနေပါလားဆိုပြီး ကိုယ့်ကိုကိုယ် မယုံကြည်နိုင်ဖြစ်နေမှာ"
"...."
စန်းရန် ;
"ကိုယ်ကလေ..အဲ့လိုမျိုးထိ ဂရုတစိုက်တွေးပေးတတ်ပြီး သည်းညည်းခံတတ်တဲ့လူ"
"ကိစ္စမရှိဘူး..နင် ပြောကြည့်"
ဝိန်းရိဖန် တံတွေးမြိုချရင်း
"ငါ လက်ခံနိုင်တယ်"
စန်းရန် သူမအား လှမ်းကြည့်လိုက်၏။ အကြည့်များက သူမ၏မျက်ဝန်းများမှတဆင့် အောက်သို့ဆင်းသွားပြီး တစ်နေရာ၌ အခြေချလိုက်ကာ သူ့မျက်ဝန်းများက နက်သထက်နက်လာရင်း နှုတ်ခမ်းပါးများကပါ ရေးရေးလေးကွေးတက်လာခဲ့သည်။ အကြည့်များကိုလွှဲလိုက်ပြီးနောက် အသံနေအသံထားက လုံးဝတည်ငြိမ်ပြီး သူ့ပုံစံက အလွန်အမင်းကိုအနိုင်ကျင့်ခံထားရသည့်ပုံစံမျိုးဖြင့်
"ထားလိုက်ပါတော့..ကိုယ် ပြောမထွက်ဘူး"
ဝိန်းရိဖန် ; "..."
နင့်ရဲ့ ဒီအကျင့်နဲ့
နင့်မေကြီးတော်ကြီးက , ပြောမထွက်တဲ့ , စကား , ရှိသေးတယ်လား!
"ကိုယ် ပြောစရာတော့ရှိတယ်"
စန်းရန်က လက်ချောင်းထိပ်များဖြင့် စားပွဲခုံကိုခေါက်၍
"အခုတလောမှာ ကိုယ်က စိတ်ကြည်နေတာမလို့ အချိန်တစ်ခုစာအထိ ဒီကိစ္စနဲ့ပတ်သတ်ပြီး လျစ်လျူရှုထားပေးမှာပါ "
"...."
"ဒါပေမယ့် နောက်ဆိုရင်တော့ ကိုယ် မင်းကို တစ်ခုချင်းစီ တစ်ခုချင်းစီ ပြန်ပေးခိုင်းမှာ"
ဝိန်းရိဖန်အတွက်တော့ အကြွေးတင်နေသည့်ခံစားချက်ကြီးအား အမှန်တကယ်မနှစ်မြို့လှသဖြင့်
"အခုပြန်ပေးလို့မရဘူးလား"
စန်းရန်က ခန္ဓာကိုယ်ကိုအနောက်သို့မှီချလိုက်ရင်း
"အခုက အချိန်မကျသေးဘူး"
ဝိန်းရိဖန် ;
"ဒါဆို ဘယ်လိုမျိုးပြန်ပေးရမှာလဲ"
စန်းရန်က ပြန်မဖြေ။
လက်ရှိအခြေအနေကြီးကြောင့် ဝိန်းရိဖန်က မဆီမဆိုင်ဖြင့် အရင်တစ်ခေါက် 'Overtime' ဘားကိုသွားသည့်အချိန်တုန်းက ပါးစပ်မှလွတ်ခနဲထွက်သွားသည့် 'စန်းထို့ဖန်(သင်္ကတခေါင်းကြီး)' ဆိုသည့်စကားလုံးကို အမှတ်ရလိုက်၏။ ထိုအချိန်တုန်းက စန်းရန်ဘက်မှပင် သူမက သူ့အား အပျော်ငှားယူနေသည်ဟု ထင်သွားခဲ့သေးသည်။
('ထို့ဖန်'က အဓိပ္ပါယ်ကောက်ရင် အခကြေးငွေယူပြီးလိုက်တဲ့ ဟိုလိုကောင်လေးမျိုးကို ပြောချင်တာ)
လက်ရှိတွင် သူမလုပ်ထားမိလောက်မည့်အပြုအမူမှာလည်း 'အပျော်မြည်းစား'နေသည်နှင့်ပင် တူနေပြီဖြစ်ရာ အကြီးအကျယ်အမြတ်ထုတ်နေခြင်းမဟုတ်ရုံတမယ်။
သူမဘက်က မကောင်းတတ်သည့်ကိစ္စမျိုးကိုလုပ်ထားသည့်အတွက် သူ့အား စိတ်ထိခိုက်သွားရသည့်နစ်နာကြေးမျိုး ပေးရမည်မဟုတ်လား။
ဖြစ်နိုင်ချေအများဆုံးမှာ သည်လိုအဓိပ္ပါယ်ပင်ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဝိန်းရိဖန်က သူမလုပ်ထားမိသည့်အပြုအမူမျိုးအတွက် ဘယ်လိုပြန်ပေးရမည်ကိုလည်း စဥ်းစား၍မရဖြစ်နေသောကြောင့် ချက်ကျလက်ကျအဖြစ်ဆုံး ဖြေရှင်းချက်တစ်ခုကိုသာ တွေးကြည့်နိုင်ခဲ့ပြီး ချိတုံချတုံဖြင့်
"ဟို..ပြန်ပေးရမှာက ပိုက်ဆံနဲ့လား"
စန်းရန်၏အမူအရာမှာ တုံ့ခနဲရပ်တန့်သွားခဲ့တော့သည်။
"ဟိုဟာလေ..နင် အရင်ဆုံး အကြွေးမှတ်ထားပေးလို့ရလား"
ဝိိန်းရိဖန်က လက်ရှိအချိန်တွင် အနည်းငယ်အရှက်ရလာမိပါသော်လည်း အထူးတလည် အောင့်အည်းမနေချင်တော့ဘဲ
"နောက်ကျမှ နင် ငါ့ကို ပြန်သတိပေး"
စန်းရန်သည် ဝိန်းရိဖန်အား စူးစိုက်၍သာကြည့်နေပြီး ဤအကြောင်းအရာနှင့်ပတ်သတ်၍စကားမဆိုလာတော့ဘဲ စိတ်မရှည့်တော့သည့်အမူအရာဖြင့်
"မြန်မြန်စား"
-----
ထို့နောက်တွင်တော့ အခြေအနေများက ပြောင်းပြန်သဘောဖြစ်သွားခဲ့သည်။
ဝိန်းရိဖန်သည် အရင်တစ်ခေါက်တည်းက အိပ်နေရင်းလမ်းထလျှောက်သည့်အချိန် သူ့ကိုနမ်းသွားခဲ့သည့်အကြောင်းကို ကြားထားပြီးပြီဖြစ်၍ သူမအနေဖြင့် ယုံနိုင်သည်ဖြစ်စေ မယုံနိုင်သည်ဖြစ်စေ လက်ခံထားနိုင်ခဲ့ပြီ။
စန်းရန်ကိုယ်တိုင်က ဤတစ်ကြိမ်တွင် သူမက အရင်ကထက်ပိုဆိုးသည့်ကိစ္စကိုလုပ်ထားကြောင်း ပြောလာပါသော်လည်း စန်းရန်ကအမြဲတမ်းလျှောက်ပြောနေတတ်သည့်ဖြစ်သည့်အတွက် ဝိန်းရိဖန်လည်း ကိုယ့်ကိုကိုယ် အရမ်းလွန်လွန်ကျူးကျူးလုပ်ထားမိလောက်မည်မဟုတ်ကြောင်း ယုံကြည်ပါသေးသည်။
အရင်တစ်ခေါက်က သူ့ကို နမ်းမိသည့်ကိစ္စမှာ သူ့ဘက်မှ ကြိုတင်ပြင်ဆင်ချိန်မရလိုက်ခြင်းကြောင့် ဟု သတ်မှတ်၍ရသော်လည်း ယခုတစ်ကြိမ်မှာမူ သူမထံ၌ အိပ်နေရင်းလမ်းထလျှောက်တတ်သည့်အကျင့်ရှိကြောင်း စန်းရန်သိထားပြီးဖြစ်ကာ အကယ်၍ တရားလွန်ကိစ္စမျိုးများလုပ်လိုက်လျှင်တောင် သူ မရှောင်ဖယ်နိုင်သည်မျိုးမှာ မဖြစ်နိုင်ချေ။
ဝိန်းရိဖန် ဤတစ်ကြိမ် အိပ်နေရင်းလမ်းထလျှောက်သည့်ကိစ္စအား ရေးကြီးခွင်ကျယ်မလုပ်တော့၏။
ပြောင်းပြန်အနေဖြင့် စန်းရန်ဘက်တွင်မူ ပို၍ထူးဆန်းလာပြီး သူ့အခြေအနေမှာ သူမ၏အရင်ကဖြစ်ပျက်နေသည့်ပုံစံနှင့်ပင် သွားဆင်တူနေလေသည်။ သူမ၏နှေးနှေးကွေးကွေးသာတုန့်ပြန်နားလည်တတ်သည့်အကျင့်ကြောင့် တော်တော်လေးကြာမှ တွေးကြည့်မိလိုက်သည့်တစ်ခုမှာ သူမဘက်က နမ်းမိလိုက်သည့်ကိစ္စက စန်းရန်အတွက် ယခုလိုမျိုးထိလက်မခံနိုင်ဖြစ်သွားစေခြင်းလား။
Advertisement
ညအိပ်ရာမဝင်ခင်တိုင်း ထိုင်ခုံကို တံခါးရှေ့၌အသေအချာထားမထား အစစ်အဆေးပြုခြင်းကြောင့် သူမ၏အိပ်နေရင်းလမ်းထလျှောက်သည့်အကြိမ်ရေမှာ တော်တော်ကြာမှ တစ်ကြိမ်တစ်လေဖြစ်တတ်ပြီး သိပ်မများကြောင်း အကြမ်းဖျင်းခန့်မှန်း၍ရခဲ့သည်။ ထို့အပြင် စန်းရန်သည်လည်း ထိုကိစ္စကိုမကြာခဏပြောနေခြင်းမျိုးမရှိသဖြင့် သူမ တဖြည်းဖြည်းနှင့်စိတ်သက်သာရာရခဲ့သည်။
အထူးတလည်သတိမထားမိပါဘဲ ဧပြီလ၏ လကုန်ခါနီးရက်များဆီသို့ ရောက်လာခဲ့သည်။
ဟိုးအရင်က ဖုကျွမ့်ပြောဖူးသည့် ဌာနအတွင်း ဝန်ထမ်းသစ်ခန့်မည့်ကိစ္စမှာ အကြောင်းထူးလာခြင်းမရှိသည့်အတွက် ဝိန်းရိဖန်ကိုယ်တိုင် သတင်းမမှားဟုပင်ထင်လိုက်မိကာ မေ့ပျောက်လုနီးနီး။
တနင်္လာနေ့ နေ့လည်ခင်းတွင်။
ဝိန်းရိဖန်နှင့်ဖုကျွမ့်တို့ အပြင်ဘက်မှ အင်တာဗျူးပြီး ပြန်လာသည့်အချိန် ဌာနထဲ၌ မျက်နှာသစ်နှစ်ဦးကို တွေ့လိုက်ရ၏။
တစ်ဦးမှာ အမျိုးသား ၊ တစ်ဦးမှာ အမျိုးသမီး ဖြစ်ပြီး နှစ်ယောက်စလုံးက ကျောင်းသားအရွယ်လေးများနှင့်တူလွန်းသည်။ လမ်းပြပေးမည့်ဆရာလည်းမရှိသေးသည့်အတွက် သူတို့နှစ်ဦးမှာ လက်ရှိအချိန်တွင် ဘာမှလုပ်စရာမရှိသေးဘဲ နေရာ၌သာထိုင်ပြီး စာတမ်းများ ဖတ်နေလေသည်။
ဖုကျွမ့်က သူတို့ထဲမှတစ်ဦးနှင့် ရင်းနှီးပုံရပြီး လှမ်းနှုတ်ဆက်လိုက်၏။
"မုချန်ယွင်"
ဤနာမည်ကြားလိုက်သည့်အခါ ဝိန်းရိဖန် ချက်ချင်းဆိုသလို ကောင်လေး၏မျက်နှာအား လှမ်းကြည့်မိလိုက်ပြီး ထိုအခါမှသာ သူမကို လက်မှတ်ထိုးပေးဖူးသည့်ကောင်လေးမှန်း အမှတ်ရလိုက်သည်။ ခေါင်းကိုတစ်ဖက်လှည့် ၊ ဖုကျွမ့်ကို လှမ်းကြည့်၍
"အသိတွေလား"
"ဟုတ်တယ်..ကျွန်တော့်သူငယ်ချင်း..နာမည်က မုချန်ယွင်တဲ့"
ဖုကျွမ့်က တက်တက်ကြွကြွဖြင့် မိတ်ဆက်ပေးလာခဲ့၏။
"ကျွန်တော် အရင်က အစ်မကိုပြောပြဖူးတဲ့ ဌာနမှာလူခေါ်သေးလားလို့ မေးတဲ့တစ်ယောက်လေ..သူက ကျွန်တော်တို့မေဂျာမှာ အရမ်းနာမည်ကြီးတာနော်..ရုပ်ရှင်တောင်ရိုက်ဖူးသေးတယ်..ဆရာကြီး.."
သူတို့နှစ်ဦး၏စကားများကို နားစွန်နားဖျားကြားသွားသည့် မုချန်ယွင်က မတ်တပ်ထရပ်ပြီး နှုတ်ဆက်ရန်အနားသို့လျှောက်လာခဲ့သည်။
"စီနီယာ မင်္ဂလာပါ..ကျွန်တော်က အလုပ်သင်အသစ်လေး မုချန်ယွင်ပါ"
"ရိဖန်ကျဲ မဟုတ်ရင် ဝိန်းကျဲ လို့ခေါ်လို့ရတယ်..မင်းသာ စီနီယာလို့ လိုက်ခေါ်နေရင် ဒီမှာရှိတဲ့လူတွေအားလုံး မင်းရဲ့စီနီယာတွေချည်းပဲမလို့ ဘယ်သူ့ခေါ်လို့ခေါ်မှန်းမသိဖြစ်နေလိမ့်မယ်"
ဖုကျွမ့်က သူ့ကိုယ်သူလည်း ရင်ဘတ်ပုတ်ပြ၍
"ငါလည်း မင်းစီနီယာပဲ"
မုချန်ယွင်က ဝိန်းရိဖန်ဆီသို့ ခွင့်တောင်းသည့်အမူအရာမျိုးဖြင့်လှမ်းကြည့်လာခဲ့၏။
"ဘယ်လိုခေါ်ခေါ်ရတယ်"
ဝိန်းရိဖန်က တဆက်တည်းဆိုသလို
"အစ်မတို့ အရင်ကတွေ့ဖူးကြတယ်မလား"
"ဟုတ်.."
မုချန်ယွင် ရှက်ပြုံးပြုံးလာပြီး
"ရိဖန်ကျဲက ကျွန်တော့်ရဲ့ Fan ဖြစ်နေလိမ့်မယ်လို့ တကယ်မထင်ထားမိဘူး"
"...."
ဖုကျွမ့် ;
"ကျဲ..အစ်မ သူ့ရဲ့ရုပ်ရှင်ကိုကြည့်ဖူးတာလား"
ဝိန်းရိဖန်က သုံးစက္ကန့်မျှငြိမ်နေပြီး အထူးတလည်ရှင်းပြမနေဘဲ
"အင်း"
နောက်ထပ် အလုပ်သင်ကျောင်းသူလေးပါ အနားသို့ရောက်လာ၏။သူမ၏အပြုအမူများက ပို၍တက်တက်ကြွကြွရှိပြီး ပြုံးလိုက်သည့်အခါ သွားတက်လေးပါ ပေါ်လာသေးသည်။
"ဘာရုပ်ရှင်လဲ..ငါကြည့်ဖူးလားသိအောင်လို့ ပြောကြည့်ကြည့်"
မည်သူမှအဖြေပြန်မပေးခင် ထိုကောင်မလေးကပဲဆက်၍
"ဟုတ်သားပဲ..ကျွန်မ နာမည်က 'ဖန်လိ' ပါ..စီနီယာ..နောက်ဆိုရင် ကျွန်မလည်း ရိဖန်ကျဲ လို့ပဲခေါ်မယ်နော်"
ဝိန်းရိဖန် အသံတစ်ချက်တုံ့ပြန်လိုက်ပြီးနောက် သူတို့နှင့် စကားဆက်မပြောတော့ဘဲ အလုပ်နေရာသို့ပြန်လာခဲ့၏။ ကွန်ပြူတာကိုဖွင့်နေရင်း ဖန်လိက လက်ကိုင်ဖုန်းကိုထုတ်ပြီး ဖုကျွမ့် ၊ မုချန်ယွင်တို့နှင့် Wechat အကောင့် Add နေကြမှန်း လှမ်းမြင်နေရသည်။
တစ်ခဏကြာတွင်။
ဝိန်းရိဖန် အချက်အလက်ဖိုင်တွဲကိုဖွင့်ကြည့်လိုက်သည့်အချိန် ဘေးနားမှ အလင်းရောင်မှိန်ကျသွားမှန်းခံစားမိလိုက်သဖြင့် ခေါင်းမော့ကြည့်လိုက်ရာ မုချန်ယွင်က သူမ၏ဘေးနား၌ လာရပ်နေပြီး ယဥ်ယဥ်ကျေးကျေးဖြင့်
"ရိဖန်ကျဲ..ကျွန်တော် အစ်မရဲ့ Wechat ကို add လို့ရမလား"
ဖန်လိသည်လည်း ရောက်လာပြီး ဘေးနားတွင်ရပ်နေလျက်။
ဝိန်းရိဖန် ဖုန်းကိုလှမ်းယူပြီး ခေါင်းငြိမ့်ပြလိုက်၏။
"ရတယ်"
သူငယ်ချင်းအဖြစ် လက်ခံပေးပြီးနောက်တွင် ဝိန်းရိဖန်က Wechat ထဲမှ မက်ဆေ့များအား စစ်ဆေးကြည့်လိုက်၏။ သိပ်မကြာသေးခင်ကမှ ယခုလက်ရှိအိမ်ခန်းပိုင်ရှင်ပို့ထားသည့် မက်ဆေ့တစ်စောင်ရှိနေပြီး သူမအား ယခုလအတွက် အိမ်ခန်းလခ တောင်းနေခြင်းဖြစ်သည်။
ဤမက်ဆေ့ကိုမြင်မှသာ အိမ်ခန်းလခပေးရဦးမည်ကို သတိရလာတော့၏။ အလုပ်များလွန်းနေသည့်အတွက် ဘာဆိုဘာမှလည်းမမှတ်မိပါတော့ချေ။
ဝိန်းရိဖန်က အားနာသည့်အကြောင်း စကားအမြန်ဆိုလိုက်ပြီး Online Banking စနစ်ဖြင့် ချက်ချင်းငွေလွှဲပေးလိုက်၏။ ငွေလွှဲပြီးနောက် စန်းရန်၏မက်ဆေ့ဘောက်ထဲသို့ ဝင်၍
[ ဒီလအတွက် အိမ်ခန်းလခ ပေးရတော့မယ် ]
ဝိန်းရိဖန် ; [ ငါ့ကို Alipay ကနေပဲ လွှဲပေးလိုက်လို့ရတယ် ]
နောက်တွင်တော့ ဖုန်းချထားလိုက်ပြီး စာမူကြမ်းများ ရေးနေလိုက်၏။
မိနစ်ဝက်ကြာပြီးသွားနောက်တွင်။
ဖုန်းမျက်နှာပြင် မီးလင်းလာ၏။
ကွန်ပြူတာကိုကြည့်နေရင်း ဝိန်းရိဖန်က ဖုန်းကိုကောက်ယူအား လော့ခ်ဖြည်လိုက်၏။
ဖန်သားပြင်ထက်ရှိ အသိပေးစာမှာ စန်းရန်ငွေလွှဲထားသည့်အကြောင်း။
ဝိန်းရိဖန်က ထုံးစံအတိုင်း ငွေလွှဲထားသည့်ပမာဏကို စစ်ကြည့်လိုက်သည်။
---စန်းရန်မှ သင့်အား ယွမ် ၃၀၀၀၀ ငွေလွှဲထားပါသည်။
Alipay အကောင့်ထဲမှထွက် ၊ Wechat ထဲသို့ဝင်ပြီး လက်ခံရရှိကြောင်း စာပို့တော့မည့်အခိုက်တွင် တစ်ခုခုမဟုတ်ကြောင်း သတိထားမိလိုက်ကာ Alipay အကောင့်ထဲပြန်ဝင်ပြီး စန်းရန် ငွေလွှဲထားသည့်ပမာဏကို ပြန်စစ်ကြည့်လိုက်သည်။
ဝိန်းရိဖန် အသံတိတ်ဖြင့် သုညအလုံးရေကို ရေတွက်ကြည့်လိုက်၏။
တစ် , နှစ် , သုံး , လေး ....
" ? "
သုည လေးလုံး။
ဒါဆို သောင်းဂဏန်းဖြစ်သွားပြီမလား။
တစ်လကိုမှ ယွမ် ၃၀၀၀ ပဲပေးရမှာလေ...
အကယ်၍ နောက်ထပ် သုံးလေးလ ပိုနေမယ်ဆိုရင်တောင် ယွမ် ၃၀၀၀၀ ထိ လွှဲစရာမှမလို...
ဝိန်းရိဖန်က Screenshot ရိုက်ပြီး Wechat မှတဆင့် ပို့ပေးလိုက်၏။
[ နင် ဘာလို့ဒီလောက်အများကြီးလွှဲလာတာလဲ ]
စန်းရန်က ချက်ချင်းပြန်စာပို့လာ၍ ;
[ ဟမ် ]
တစ်မိနစ်နီးပါးကြာသွားပြီးနောက်။
စန်းရန် ; [ အို့ ]
စန်းရန် ; [ သုညတစ်လုံး ပိုရိုက်မိသွားတာပဲ ]
"...."
ဝိန်းရိဖန် ; ပိုက်ဆံရှိတဲ့သူတွေများ တကယ်ကိုပဲ တမူထူးခြားပါဘိ..
အကယ်၍ သူမကသာ မပြောပြလျှင် သူ့ဘက်က လုံးဝမသိလိုက်မည့်ပုံစံမျိုး။
ဝိန်းရိဖန် ; [ ဒါဆို ငါ နင့်ကို ပြန်လွှဲပေးလိုက်မယ်နော် ]
စန်းရန် ; [ ရပြီ ]
စန်းရန် ; [ နောက်တစ်ကြိမ်အတွက်ပါ ယူထားလိုက် ]
ဝိန်းရိဖန်အနေဖြင့် စန်းရန်က တစ်လလောက်သာ ပိုနေမည်ဟုထင်မှတ်ထားခြင်းဖြစ်ရာ ဤစကားကြောင့် အနည်းငယ်ကြောင်အမ်းသွားခဲ့၏။ ထို့ကြောင့် တွေးကြည့်နေရင်း မနေနိုင်အောင်မေးကြည့်လိုက်၏။
[ နင် အလွန်ဆုံး ဘယ်နှလကြာကြာနေမှာလဲ ]
စန်းရန် ; [ ? ]
အဖြေက မသဲမကွဲဖြစ်နေသဖြင့် ဝိန်းရိဖန်က ဆက်၍
[ ငါ အတည်ပြုထားချင်လို့ ]
ဝိန်းရိဖန် ; [ မေးကြည့်ထားမှ ဘယ်အချိန်မှာ အိမ်ခန်းငှားဖော်အသစ်ထပ်ရှာမလဲဆိုတာ ဆုံးဖြတ်လို့ရမှာ ]
ဤတစ်ကြိမ်တွင် စန်းရန်က ချက်ချင်းပြန်စာမပို့လာပေ။
မိနစ်ပိုင်းကြာပြီးသွားမှ အသံမက်ဆေ့တစ်ခုပို့လာခဲ့၏။
စန်းရန်၏အသံမှာ လေးလေးပင်ပင်ရှိနေပြီး
"မင်း ကိုယ့်အပေါ်တင်နေတဲ့အကြွေး ပြန်ဆပ်ပြီးတဲ့အချိန်ထိ"
"...."
ဝိန်းရိဖန် နားမလည်ချေ။
[ ဘာအကြွေးလဲ ]
နောက်ထပ် အသံမက်ဆေ့တစ်ခု။
စန်းရန် ; "ဘာလဲ..ကိုယ် မင်းကို ပြန်သတိပေးနေရဦးမှာလား"
ဝိန်းရိဖန် စဥ်းစားမရသေး။
ဤတစ်ကြိမ်တွင် စန်းရန်က စပြီး မက်ဆေ့ပို့လာခဲ့၏။
တစ်သီတသန်းရောက်ချလာသည့် မက်ဆေ့များက...
တူအကြီးကြီးတစ်လက်နှင့်တူလေပြီး...
သူမ၏ဦးနှောက်ထဲသို့ တစ်လုံးချင်းစီ ရိုက်ထည့်နေသည်နှင့်ပင် တူနေပါတော့သည်။
[ မင်း ]
[ ညသန်းခေါင်တုန်းက ]
[ စဥ်းစားတွေးခေါ်နိုင်စွမ်းကို စိတ်ဆန္ဒတွေက အနိုင်ပိုင်းပြီး ]
[ ကိုယ့်ကို အပိုင်ရယူဖို့ ]
[ ကြံစည်တယ် ]
---------
(Zawgyi)
Advertisement
- In Serial534 Chapters
Chosen by Fate, Rejected by the Alpha
Eighteen-year-old Trinity is unlike any other werewolf in her pack. For one, there were unusual circumstances surrounding her birth, for another, she is the only pack member to never shift into a wolf...
8 1007 - In Serial68 Chapters
The CEO's Safe Haven [EDITING SOON!]
"Your not serious right?"He gave me a bored look, turning around to face me fully. He brought his face a little closer and parted his lips to reply,"Kitten I've been serious the moment you fell into my arms"---Noah King had it all. He was well-known, handsome, influential, and the CEO of his company; King Enterprise. He knew he had everything but deep down, he knew that he was missing something.That 'missing something' was no longer incomplete within a few weeks. Now, what would you do if you were in his shoes and two annoying friends of yours wanted a little more sauce, a little more spice brewing in the air instead of the constant repeat of work both in and out of business hours?Sparks fly suddenly when Lily Cole becomes a new employee at King Enterprise. Despite working at the company for a short period of time, she's heard the famous name 'Noah King' but never seems to know his face.Lily's initial aim is to work diligently with minor flaws along the way but clearly, it doesn't work like that...Now what happens when these two individuals meet over someone who planned it all? Someone who desperately wanted their paths to cross? Someone who wanted a little more action?One simple flaw turned into something major; making their presence become the greatest thing yet. Little did they both know that despite the heartache and pain, the screams, taunts and the kindness... it was fate that brought them closer than ever before.Read the journey of Lily and Noah and see what happens. Will love blossom between them or will they continue to have elephants in the room? There's only one way to find out! By reading of course!! --Rough Drafts Began From: May 2018Official Published Start Date: 25th Oct 2018Official Published End Date: 28th Feb 2020--1M Reads: 21st Oct 2020
8 292 - In Serial34 Chapters
The Devil's Smile
Charlie King is the towns resident bad boy, always has been always will be ever since he punched a kid's loose tooth out in the 1st grade. He's unruly, brooding and fascinating. Nyx Ross isn't exactly the most popular girl in school, nor does she want to be, but that doesn't mean people don't know who she is. Some would say she's quiet, cold and quiet honestly; dull. Charlie couldn't disagree more. You wouldn't believe me if i told you they've been best-friends since first grade.Or as much of a best-friend as the bad boy can be.Ranked #2 in High school dramaRanked #2 in DevilRanked #4 in Best friendsRanked #8 in SmileRanked #9 in Racing
8 120 - In Serial18 Chapters
✓ I Chose Dauntless ↠ Eric Coulter | Divergent | #Wattys2015
Gabriella never belonged in Erudite. She preferred physical to mental. She didn't want to be weak. So the obvious choice is Dauntless. Little does she know that she'll have to deal with the heartless Eric.---Under major rewrites as of July 2022
8 168 - In Serial97 Chapters
parties // billie eilish
Why does all this shit happen to me? "To have someone so close to you just disappear is a pain I can't explain. It just feels empty. So incredibly empty."Girlxgirl with Billie Eilish.Ember suffers from anxiety and depression but she tries to hide it as good as she can. For her, the way to do it is to put on a mask and act as if she's this confident and cocky girl that no one messes with because they're scared. Sometimes, the mask slips off and people get to see the real Ember, who's emotional, caring and kind. One day, Ember meets a girl who makes her want to take her mask off and show her real personality.
8 53 - In Serial36 Chapters
HIDDEN {Taekook}
Where Jungkook and Taehyung are hiding their love because no one should know that the prince is dating a simple peasant. _______________________________________-Top kook.-Bottom Tae.-Warewolf. -Royalty.~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Hope you enjoy 🙏*Ended on 16/01/2021
8 150

