《First Frost (Myanmar Translation)》Chapter 32
Advertisement
မျက်ဝန်းနှစ်စုံမှာ မျက်နှာချင်းဆိုင်ဆုံလျက်။
ဤအခိုက်အတန့်တွင် နောက်ခံတီဗွီက လူစကားကိုနားလည်နေသည့်အလား ပူးပေါင်းပါဝင်ပေးစွာဖြင့် အသံတိတ်သွားခဲ့သည်။ ပတ်ဝန်းကျင်တစ်ခွင်ကလည်း အပ်ကျသံပင်ကြားရလောက်သည်အထိ တိတ်ဆိတ်နေပြီး သေမတတ်ရှက်စရာကောင်းနေသည့်လေဟာပြင်ထဲသို့ ထိုးကျသွားပါလေရော့သည်။
ဝိန်းရိဖန်က ကြောင်အမ်းပြီးစိုက်ကြည့်နေမိသည့်သူမ၏အကြည့်များကို တည်တည်ငြိမ်ငြိမ်ပြန်ရုတ်သိမ်းလိုက်၏။
အတွင်းထဲမှစိတ်ခံစားချက်များမှာတော့ လေပြင်းမုန်တိုင်းဝင်လာသည့်သဖွယ် ဝုန်းဒိုင်းကျဲနေပါတော့သည်။
ကိုယ့်ကို , ဖက် , သွားတယ်။
ကိုယ့်ကို , နမ်း , သွားသေးတယ်။
ဖက်တယ်။
နမ်းတယ်။
"...."
ဤစကားလုံးနှစ်လုံးက ဝိန်းရိဖန်တစ်ကိုယ်လုံးအား တဟုန်းဟုန်းတောက်ပြီးပေါက်ကွဲလာစေမိလုနီးနီး။
သူမ၏ပါးပြင်နှစ်ဖက်စလုံးဟာ ပူတက်လာခဲ့မှန်း ဝိန်းရိဖန် ရှင်းရှင်းလင်းလင်းခံစားနေမိကာ ထိုအခြင်းအရာက လုံးဝထိန်းချုပ်၍မရပါတော့ပေ။ သူမအနေဖြင့် တည်ငြိမ်ဖို့ရာ ၊ စိတ်ငြိမ်ဖို့ရာကြိုးစားပြီး ပြဿနာ၏ဖြစ်နိုင်ချေများကို ခွဲခွဲခြားခြားသုံးသပ်ကြည့်ချင်ပါသေးသည်။
ထို့အပြင် စန်းရန်ကိုလည်း ဆီလျော်မည့်အဖြေတစ်ခု ပေးရဦးမည်မဟုတ်လား။
သို့သော် စန်းရန်က သူမအား ထိုသို့လုပ်နေဖို့ရန် အချိန်လုံးဝမပေးပါဘဲ သူမအား လှမ်းကြည့်နေလျက်သားဖြင့်
"မဟုတ်သေးပါဘူး..မင်း ဘာဖြစ်လို့ မျက်နှာတွေနီနေတာလဲ"
ဝိန်းရိဖန်က တည်တည်ငြိမ်ငြိမ်ဖြင့်
"အို့..နီနေတာလား"
ကုန်းမြေတိုက်ကြီး အသစ်တစ်ခု ပေါ်လာသည့်အလား စန်းရန်က သူမကိုသာစိုက်ကြည့်နေ၍
"အင်း"
"ငါ ညနေတုန်းက အရမ်းစပ်တဲ့ဟာတွေ စားခဲ့လို့ ဖြစ်တာနေမှာ"
ဝိန်းရိဖန်၏မျက်နှာမှာ အတည်ငြိမ်တစ်ချက်မပျက် ၊ တုံ့ဆိုင်းနေခြင်းလည်း လုံးဝမရှိပါဘဲ
"ခုဏတုန်းက ငါ့သူငယ်ချင်းလည်း ငါ့မျက်နှာနီနေတယ်လို့ ပြောသွားသေးတယ်"
စန်းရန်က နှုတ်ခမ်းကိုလျော့လျော့လေးကွေးလိုက်ကာ လုံးဝ မယုံသည့်အမူအရာမျိုးဖြင့်
"လက်စသတ်တော့ အဲ့လိုကိုး.."
စန်းရန် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဝိန်းရိဖန် ဂရုမစိုက်နိုင်တော့ပေ ၊ ဤပြဿနာက ဤနေရာတွင် ပြီးပြီဖြစ်သည်။ အံ့သြသွားမှုကြီးအပြီးတွင် သူမ အသေအချာပြန်တွေးကြည့်မိရာ စန်းရန်၏စကားများက တစ်နေရာရာတွင်မဖြစ်နိုင်သလိုခံစားလာမိတော့၏။
အကယ်၍ သူ့ဘက်မှ ဖက်သွားသည့်ပြဿနာတစ်ခုတည်းသာဆိုလာခဲ့လျှင် ဝိန်းရိဖန်အနေဖြင့် ဖြစ်နိုင်ခြေရှိကြောင်း လက်ခံနိုင်ပါဦးမည်။
ထို့အပြင် ဤအပြုအမူက ကြီးကြီးမားမားဟူ၍တွက်မရ။
သို့သော် ထပ်ပြောလာသည့် နမ်း....
ဝိန်းရိဖန်အတွက်တော့ အိပ်နေရင်းလမ်းထလျှောက်သည့်အချိန် သူ့ကို လာရိုက်သွားပါသည်ကမှ သူပြောသွားသည့်စကားထက် ယုတ္တိရှိပါဦးမည်။
"ဒီကိစ္စကလေ..နင် ပြောတာ..."
ဝိန်းရိဖန်၏အသံတို့က ခပ်တိုးတိုးလေးသာ ကျန်နေတော့ပြီး
"အရမ်းချဲ့ကားလွန်းသလို ဖြစ်မနေဘူးလား..ငါ့ဘက်က အိပ်နေရင်းလမ်းလျှောက်တဲ့အချိန်မှာ မတော်တဆ နင့်ကို ဝင်တိုက်မိပြီး ခန္ဓာကိုယ်ကိုထိမိသွားတာမျိုးနေမှာပါ"
"အို့..မင်း ဆိုလိုချင်တာက.."
စန်းရန်၏အသံက အေးအေးလူလူနှင့် တည့်တိုးဆန်ဆန်ပြောလာခဲ့သည်မှာ
"ကိုယ်ကပဲ မင်းကို တမင်သက်သက်စွပ်စွဲနေတယ်လို့လား"
"...."
ဝိန်းရိဖန်က ချက်ချင်း ;
"ငါပြောတာ အဲ့လိုအဓိပ္ပါယ်မဟုတ်ဘူးလေ"
"ကိုယ်ကလည်း မင်းကို စွပ်စွဲချင်နေတာမျိုး မဟုတ်ပါဘူး"
စန်းရန်၏ဆံပင်တို့က သူ့နဖူးထက်၌ဝဲကျနေပြီး အသွင်အပြင်ကပေါ့ပေါ့ပါးပါးဖြင့်
"ဒါပေမယ့် အခုလက်ရှိမှာ ကိုယ်က အခွင့်အရေးယူခံထားရတဲ့ဘက်ကနော်..မင်း ကိုယ့်ကို တစ်ခွန်းမကျန် ပြန်ခံပြောပြီး အပြစ်တင်မနေသင့်ဘူးလေ..ဟုတ်တယ်မလား"
ဝိန်းရိဖန်က ဘာဆိုဘာမှမမှတ်မိသည့်သူဖြစ်သည့်အတွက် ယခုအချိန်တွင်တော့ ဆွံအနေသည့်သူတစ်ယောက်ကဂျင်းဆင်းမြစ်ကိုက်စားနေသည့်ခံစားချက်ကြီးသာ ဖြစ်တည်နေပါတော့၏။ ဤစကားတစ်ခွန်းက တော်တော်လေးမသင့်လျော်မှန်းသိပါသည့်တိုင် မပြောဘဲမနေနိုင်တော့၍
"ဒီလိုပြဿနာမျိုးရှိထားတဲ့ဟာကို နင် ဘာလို့ ငါ့ကို မပြောဘဲနေရတာလဲ"
"ဘာတုန်းက မပြောဘဲနေလို့လဲ..ကိုယ်ပြောတဲ့အချိန်တုန်းက မင်းပဲ အရေးကြီးတဲ့အခြေအနေမလို့ဆို"
"...."
"ကိုယ်ကလေ..အဲ့လောက်ထိ သဘောထားသေးသူမျိုးလည်း မဟုတ်ပါဘူး"
ဤစကားတစ်ခွန်းက ဝိန်းရိဖန်အား ကြောင်အမ်းသွားအောင် ပြုလုပ်နိုင်လိုက်၏။ ပြန်တွေးကြည့်လိုက်လျှင် ကျောက်ယွမ့်တုံအိမ်မှပြန်လာသည့်နောက်တစ်နေ့ မနက်ခင်းတွင် အိပ်ရာနိုးပြီးနောက် စန်းရန်ထံမှ မရှင်းမလင်းပို့ထားသည့် လက်မ Emoji ကို ရထားခဲ့သည်မဟုတ်လား။
ဝိန်းရိဖန် အသံတိတ်သွားခဲ့ရင်း ကိုယ့်ကိုကိုယ်အား စပြီးသံသယဝင်လာတော့၏။
စန်းရန်၏မကျေမနပ်ဖြစ်နေသည့်ဓါးထက်ထက်များက ဆက်၍
"ဒါနဲ့လေ ဒါမျိုးကို ဘယ်လိုခေါ်တာပါလိမ့်.."
ဝိန်းရိဖန် ခေါင်းမော့ကြည့လိုက်၏။
"နေ့ဘက် တွေးထားတဲ့အတွေးတွေကို ညဘက်မှာ အကောင်အထည်ဖော်...."
စန်းရန်ကအသံနေအသံထားကို သိသိသာသာဆွဲချပြီး ကျန်သည့်စကားလုံးများအား တမင်ပြောင်းပြောပစ်လိုက်၏။
"အိပ်နေရင်းလမ်းထလျှောက်မိတာများလား?"
ဝိန်းရိဖန်က သည်းညည်းခံထားရင်း
"ငါ နင့်ကို တစ်ခုလောက်မေးလို့ရလား"
စန်းရန် ;
"ပြောပါ"
ဤကိစ္စကို သူစပြောလာကတည်းက ဝိန်းရိဖန်က သည်မေးခွန်းကို မေးချင်နေခဲ့ခြင်းဖြစ်သည်။သို့သော်လည်း မေးခွန်းက ကသိကအောက်နိုင်လှသည့်ဖြစ်ရာ လက်ရှိအခြေအနေထက်ပိုဆိုးသွားပြီး ရှက်စရာကောင်းနေမည်မှာမလွဲပေ။ ထို့ကြောင့် ဝိန်းရိဖန်က ထုတ်ပြောလိုက်ဖို့ရာ ဝန်လေးနေခဲ့ခြင်း။
သို့သော် ယခုအချိန်တွင်တော့ သူ့ပုံစံကြောင့် အောင့်အည်းမထားနိုင်တော့ဘဲ
"ငါ နင့်ရဲ့ ဘယ်နားလေးကိုနမ်းမိသွားတာလဲ..."
"...."
စန်းရန်၏အမူအရာများ ရုတ်ချည်းရပ်တန့်သွားခဲ့တော့၏။
မရေရာမပြတ်သားခြင်းများက ဤစကားတစ်ခွန်းနှင့်အတူ လေထဲတွင်ပျောက်ရှသွားခဲ့အလား လှုပ်လှုပ်ရှားရှားဖြစ်လာရကာ မတည်ငြိမ်စပြုလာတော့သည်။
စကားတစ်ခွန်းအဆုံးတွင် ဝိန်းရိဖန်သည်လည်း အတော်လေးနောင်တရသွားခဲ့သည်ပင်။ သို့သော်လည်း စကားလုံးများက ရေအစင်လိုကြည်လင်အောင် ထုတ်ပြောထားပြီးပြီဖြစ်သည့်အတွက် ပြန်ထုတ်သိမ်း၍မရနိုင် ၊ သူမ၏ဦးနှောက်ထဲတွင် မျဥ်းကြောင်းကြီးတစ်ခုသာရှိနေတော့ပြီး သူမ၏မျက်ဝန်းများမှာတော့ စန်းရန်အပေါ်၌သာ ကပ်ညှိထားမိကာ တည်တည်ငြိမ်ငြိမ် စိတ်ရှည်လက်ရှည်စောင့်ပေးနေသည့်အမူအရာမျိုး ဟန်ဆောင်နေလိုက်သည်။
စန်းရန်က မျက်တောင်များပင့်ကြည့်လာသည်နှင့်အတူ သူ့ညာဘက်ပါးပြင်တစ်နေရာအား အလျင်းသင့်သလို ထောက်ပြလာခဲ့သည်။
"ဘာလို့လဲ"
"နင် လက်ညှိုးထိုးပြနေတဲ့ နေရာက ငါတို့နှစ်ယောက်ရဲ့အရပ်ကွာခြားပုံနဲ့ဆိုရင် ငါ့အမြင်မှာတော့ ငါ..."(နမ်း)
ဝိန်းရိဖန်က နှစ်စက္ကန့်မျှရပ်သွားပြီး ထိုစကားလုံးကိုပြောမထွက်တော့သည့်အတွက် အခြားစကားလုံးပြောင်းသုံးလိုက်၏။
Advertisement
"လှမ်းထိဖို့ မမှီဘူးထင်တယ်နော်"
စန်းရန်က တစ်ခဏကြာကြာ သူမအား စိုက်ကြည့်နေပြီးနောက် သဘောကြီးကြီးခွင့်လွှတ်ပေးနိုင်သည့်အသံမျိုးဖြင့်
"ရပါတယ်လေ..ဝန်မခံလည်း ဘာမှမဖြစ်ပါဘူး"
"...."
ဝိန်းရိဖန်က ရုတ်တရက်မတ်တပ်ထရပ်လိုက်၍
"ဒါမှမဟုတ်"
စန်းရန် မော့ကြည့်လိုက်၏။
နောက်တစ်စက္ကန့်တွင် ဝိန်းရိဖန်က စကားထပ်ဆိုလာခဲ့သည်။
"ငါတို့နှစ်ယောက် နောက်တစ်ခါ ပြန်လုပ်ကြည့်ကြမလား"
"...."
စန်းရန်က ရယ်မိလိုက်ပြီး
"မင်း ကိုယ့်ကို နောက်တစ်ကြိမ်ထပ်ပြီး အခွင့်အရေးယူချင်တယ်ပေါ့"
"ငါ့ဘက်က နင့်ကို တကယ်ထိမှာမဟုတ်ဘူးလေ"
ဝိန်းရိဖန်က စိတ်ရှည်ရှည်ဖြင့်
"ငါ့စိတ်ထဲမှာ နင်ပြောတာက ဖြစ်နိုင်ခြေနည်းတယ်လို့ထင်နေလို့..တစ်ချက်လောက် အတည်ပြုကြည့်ချင်တာ..အဲ့ဒါမှ နောက်ဆို နင် ဒီမှာဆက်နေသွားတဲ့အချိန်ကျရင် နင့်လုံခြုံရေးအတွက် ဘာမှစိတ်ပူစရာမလိုဘူးဆိုတဲ့ ခံစားချက်မျိုးရှိနေအောင်လို့"
"...."
ဝိန်းရိဖန် ;
"နင် ခဏလောက် မတ်တပ်ရပ်ပေးပါလား"
စန်းရန်က ဆိုဖာပေါ်မှီနေထိုင်နေရင်း အသာအယာခေါင်းမော့ကာ ဝိန်းရိဖန်အား လှမ်းကြည့်နေလိုက်၏။ သူ့ဘက်က မည်သည့်အပိုစကားမှမဆိုလာတော့ဘဲ လက်ကိုင်ဖုန်းအား ဘေးသို့ချလိုက်ကာ ပူးပေါင်းပေးသည့်သဘောဖြင့် မတ်တပ်ရပ်ပေးလာခဲ့သည်။
နှစ်ယောက်သား၏အခြေအနေမှာ ကပြောင်းကပြန်။
စန်းရန်က သူမထက် ခေါင်းတစ်လုံးစာပိုမြင့်နေသည့်အတွက် သူမ၏ဦးခေါင်းထိပ်က သူ့မေးဖျားထိမိလုနီးနီးသာရှိသည်။သူ့လှုပ်ရှားမှုအတိုင်း ဝိန်းရိဖန်အကြည့်များက ခြေမှအစ ခေါင်းအဆုံး သူခေါင်းငုံ့ထားရာမှ ခေါင်းထောင်ပေးလာသည်အထိ လိုက်ကြည့်နေသည်။
ဤအခြေအနေအရဆိုလျှင် သူပြောသည့်နေရာအား လုံးဝ မထိနိုင်ပါပေ။
"တွေ့လား"
ဝိန်းရိဖန်က စန်းရန်၏နှုတ်ခမ်းထောင့်စွန်းကို စိုက်ကြည့်နေပြီး စိတ်သက်သာရာလည်းရသွားခဲ့၍
"ငါ ထိလို့မမှီပါဘူးဆို..အဲ့ဒါကြောင့်မလို့ တစ်နေရာရာက အထင်လွဲစရာရှိနေတာနေမှာ..ငါ့ဘက် ခြေဖျားထောက်ရင်ထောက် မဟုတ်ရင် နင် ခေါင်းငုံ့ပေးလာမှ...."
ဝိန်းရိဖန်က စကားပြောနေရင်း ခေါင်းမော့ကြည့်လိုက်ရာ စန်းရန်၏အကြည့်များနှင့် ဆုံစည်းသွားခဲ့ပါတော့၏။
သူမ၏အမူအရာမှာ တုံ့ခနဲရပ်သွားရင်း သူတို့နှစ်ယောက်ကြားရှိအကွာအဝေးမှာ အတော်လေးကိုမှနီးကပ်နေပြီဖြစ်ကြောင်း အခုချိန်မှသတိထားမိလိုက်ကာ...
ပတ်ဝန်းကျင်တစ်ခွင်မှာ တောင့်ခနဲ တင်းခနဲ။
ကြည့်ရသည်မှာ နောက်တစ်စက္ကန့်တွင် သူမရှေ့တွင်ရှိနေသည့် အမျိုးသားက သူမပြောသည့်အတိုင်း အမှန်တကယ်ခေါင်းငုံ့လာတော့မည့်ပုံမျိုးပင်။
ဝိန်းရိဖန် အကြည့်လွဲလိုက်မိပြီး နှလုံးခုန်သံများက ရှင်းပြမရအောင်မြန်ဆန်လာခဲ့တော့၏။ နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး ဤပြဿနာနှင့်ပတ်သတ်၍ ထပ်ပြီးအဖြေမရှာချင်ပါတော့ချေ။
"ဒါကလည်း ငါ ခန့်မှန်းချက်ချည်းသပ်သပ်ပါ"
စန်းရန်၏မျက်ဝန်းများက မည်းနက်နေပြီး အဆုံးအစမဲ့သောညနက်ကြီးနှင့်ပင် တူနေခဲ့သည်။
"နင့်ဘက်ကလည်း ငါ့ကို လိမ်ပြောနေစရာအကြောင်းမှမရှိတာ..ဒီအပြုအမူက ငါ့ထိန်းချုပ်မှုအောက်မှာမရှိလို့ဆိုပေမယ့်လည်း ငါ့ဘက်က နင့်ကို တောင်းပန်ပါတယ်"
ဝိန်းရိဖန်က တစ်ခဏမျှပြန်တွေးကြည့်လိုက်၍
"တကယ်လို့ နောက်ဆို ဒီလိုအခြေအနေမျိုးထပ်ဖြစ်လာခဲ့ရင် နင် ငါ့ကို တန်းပြီးသာ တွန်းထုတ်ပစ်လိုက်"
"...."
ဝိန်းရိဖန်က တော်တော်ကြာအောင် ငြိမ်သွားခဲ့ပြီးမှ
"ကိုယ့်ကိုကိုယ် သေချာကာကွယ်"
------
စကားလုံးတသီတသန်းပြောဆိုပြီးသည်နှင့်နောက်တွင် ဝိန်းရိဖန် အိပ်ခန်းထဲပြန်လာခဲ့တော့သည်။ အိပ်ခန်းတံခါးကို ပိတ်ပြီး တံခါးဘောင်ကိုမှီထားမိရင်းက အခုလေးတင်ပြောခဲ့သည့်စကားများထဲတွင် အဘယ်လိုပေါက်ကရများပါသွားသေးသည့်အကြောင်းအား ပြန်သုံးသပ်မိလိုက်၏။
တစ်ခုချင်းစီ စဥ်းစားကြည့်ပြီး မည်သည့်နေရာမှပြဿနာမရှိတော့ကြောင်း သေချာမှာသာ ဝိန်းရိဖန် အသိစိတ်ပြန်ကပ်သွားသည့်အတိုင်း အိပ်ရာဆီသို့လျှောက်လာခဲ့သည်။
အိပ်ရာထက်လှဲချပြီး မျက်နှာကျက်အားစိုက်ကြည့်ရင်း စန်းရန် လက်ညှိုးထိုးပြသည့်နေရာကိုလည်း ပြန်မြင်ယောင်လာခဲ့သည်။
သူ့ ပါးချိုင့်ရှိသည့်နေရာပင်။
"...."
အိုင်း။
တကယ်ဖြစ်သွားတာတော့ မဟုတ်လောက်ပါဘူးမလား။
တက္ကသိုလ်တက်နေသည့်လေးနှစ်တာကာလအတွင်း အကြိမ်ရေမည်မျှမှန်းမရေတွက်နိုင်လောက်အောင် အိပ်နေရင်းလမ်းထလျှောက်ခဲ့ဖူးသော်လည်း အိပ်ခန်းဖော်သူငယ်ချင်းများထံမှ သူမသည် အိပ်နေရင်းလမ်းထလျှောက်သည့်အချိန် အခြားသူအား ဖက်လားနမ်းလား လုပ်သည်ဟူ၍ မကြားခဲ့ဖူး...
သို့သော်လည်း အရင်ကဆိုလျှင်..
အမှန်တကယ်..
စန်းရန်၏ထိုပါးချိုင့်လေးအား..
အရမ်းကိုမှ သဘောကျခဲ့ရပါသည်။
လက်ရှိအချိန်တွင်တော့ ဝိန်းရိဖန်အတွက် ဘာဆိုဘာမှရေရေရာရာမရှိတော့ချေ။ ခံစားနေမိသည်မှာလည်း သူမ၏ဦးနှောက်ကြီးတစ်ခုလုံးက နွယ်ပင်များလိုရှုပ်ယှက်ခတ်နေပြီး ဘာမှလည်းစဥ်းစားမရတော့၏။ နောက်တွင် ဝိန်းရိဖန် ဆတ်ခနဲကောက်ထလိုက်ကာ စာကြည့်စားပွဲရှေ့မှထိုင်ခုံကိုယူပြီး တံခါးဝတွင်ပိတ်ထားလိုက်သည်။
ရှေ့လျှောက်ရက်များတွင်တော့ ဝိန်းရိဖန် အိပ်ရာနိုးနိုးချင်းလုပ်တတ်သည်မှာ တံခါး၌ပိတ်ချထားသည့်ထိုင်ခုံက နေရာပျက်ယွင်းမှုရှိမရှိ စစ်ဆေးရခြင်းပင်။ လောလောပြာပြာနှင့်လှမ်းကြည့်ပြီးတိုင်း ပုံမှန်မဟုတ်သည့်အရာတစ်ခုခုကို မတွေ့မှသာ စိတ်လျော့နိုင်သည်ဆိုလည်း မမှား။
စန်းရန်ပြောသည့်စကားက အမှန်လား ၊အမှားလား ဆိုသည်မှာ အတည်မပြုနိုင်ခဲ့သော်လည်း ဝိန်းရိဖန်အနေဖြင့် သူမလုပ်မိထားသည့်ကိစ္စကြီးအတွက် အတော်လေးစိတ်မသာမယာဖြစ်ခဲ့ရသည်။ သူ့ကိုမြင်ရသည့်အခါတိုင်းလည်း စိတ်ထဲ၌ အလိုလိုမသိုးမသန့်ဖြစ်လာပြီး ကသိကအောက်နိုင်စိတ်များက အကြောင်းမရှိဘဲပေါ်ပေါ်လာတတ်တော့သည်။
ရလဒ်မှာတော့ စန်းရန်နှင့်အိမ်ခန်းမျှနေရသည်မှာ အရင်ကထက် ပို၍နေရထိုင်ရခက်လာခြင်းပင်။
သို့သော်လည်း စန်းရန်၏ပုံစံမှာမူ လုံးဝဂရုမစိုက်သည့်ပုံစံမျိုးဖြစ်ကာ ဘာမှမဖြစ်ခဲ့သည့်အတိုင်း သူ့အမူအရာတို့မှာ ပြောင်းလဲသွားခြင်းမရှိ။ ထို့ကြောင့်လည်း ဝိန်းရိဖန်ဘက်က သူမ၏အမူအရာများကို အလွန်အကျွံလုပ်ပြနေခြင်းမျိုး မလုပ်ခဲ့၏။
သူမအနေဖြင့်တော့ နောက်တစ်ကြိမ် အိပ်နေရင်းလမ်းထလျှောက်လျှင် ထပ်တူညီသည့်ကိစ္စ သို့မဟုတ် ဒီထက်ပိုဆိုးမည့်ကိစ္စများ မလုပ်မိလာစေရန်သာ ဆုတောင်းနေလိုက်တော့သည်။
မျက်စိတစ်မှိတ်စာအတွင်း မတ်လတစ်လ အချိန်ကုန်လွန်သွားခဲ့၏။
ဝိန်းရိဖန်က သည်တစ်ကြိမ်တွင် ဒါရိုက်တာထံမှ ဦးစွာခွင့်ရက်တောင်းယူခဲ့သည်။ သည်နေ့က ချင်းမင်ပွဲတော်နေ့(သင်္ချိုင်းကန်တော့ပွဲ) ၊ ဝိန်းရိဖန်က တစ်ညလုံးအိပ်မပျော်နိုင်ဖြစ်နေခဲ့သဖြင့် သည်းထိတ်ရင်ဖိုဇာတ်လမ်းအချို့အား ရှာကြည့်နေပြီး မနက်မိုးသောက်လင်းခါနီးလောက်မှ တစ်မှေးအိပ်ပျော်သွားခဲ့သည်။
သို့သော်လည်း နှစ်နာရီပြည့်အောင်ပင် မအိပ်လိုက်ရဘဲ အလိုလိုနိုးလာခဲ့၏။
အိပ်ရာပေါ်မှဆင်း ၊ ရေချိုးသန့်စင်ပြီးနောက် အဝတ်ဗီဒိုထဲမှ အနက်ရောင်ဆွယ်တာကိုထုတ်ဝတ်ကာ အိပ်ခန်းထဲမှထွက်လာခဲ့သည်။ ပုံမှန်ထက် အိပ်ရာစောထခြင်းဖြစ်သောကြောင့် စန်းရန်က အိပ်နေဆဲဖြစ်ပုံရကာ ဧည့်ခန်းထဲ၌ လူရိပ်ယောင်မတွေ့ရချေ။
အပြင်ဘက်တွင် တိမ်ထူထပ်နေသဖြင့်လည်း အိမ်ထဲသို့ဝင်လာသည့်အလင်းရောင်မှာ ခပ်ဖျော့ဖျော့။
ဝိန်းရိဖန်က အစားစားချင်စိတ်မျိုးမရှိ၍ ရေခဲသေတ္တာထဲမှ နွားနို့ဘူးတစ်ဘူးကိုယူပြီးသာ အပြင်ထွက်လာတော့သည်။
Advertisement
သွားရမည့်လမ်းခရီးကိုတစ်ချက်ကြည့်ပြီးနောက် ဝိန်းရိဖန်က အနီးဆုံးဘတ်စ်ကားဖြင့်သာ နန်းဝူးမြို့ပြင် ဆင်ခြေဖုံးရှိ သင်္ချိုင်း ဆီသို့သွားခဲ့၏။
အရင့်အရင်အကြိမ်များတုန်းက ဝိနိးရိဖန် လာသည့်အချိန်တွင် ကျောက်ယွမ့်တုံ သို့မဟုတ် ဘကြီး ၊ ဘွားဘွားတို့နှင့်အတူလာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်များတုန်းက သူတို့ကိုယ်တိုင် ဤနေရာထိ ကားမောင်းလာခဲ့ကြခြင်းဖြစ်ပြီး သည်တစ်ကြိမ်ကသာ သူမကိုယ်တိုင် ဘတ်စ်ကားဖြင့် လာခဲ့ခြင်းဖြစ်၏။
တည်နေရာက မြို့ထဲနှင့်အတော်လေးအလှမ်းဝေးပြီး ဘတ်စ်ကားနှင့်ဆိုလျှင် အသွားအပြန် အချိန် လေး၊ငါးနာရီလောက်ယူလိမ့်မည်။
ကားပေါ်မှဆင်းလာပြီးနောက် တစ်ကီလိုမီတာနီးနီး လမ်းလျှောက်ရသေးသည်။ ဤဆင်ခြေဖုံးနေရာတွင် ဆောက်လက်စလုပ်ငန်းများရှိပြီး လမ်းမကြီးသည်လည်း အချိုင့်အခွက်များအပြည့်။ တိတိကျကျသတ်မှတ်ထားသည့် ကားပါကင်မရှိသဖြင့် ကားများက ကြုံသလိုသာထိုးရပ်ထားကြ၏။
ဝိန်းရိဖန်က လက်ကိုင်ဖုန်းထဲမှညွှန်ပြနေသည့်ဦးတည်ရာအတိုင်း လျှောက်လာခဲ့သည်။
သင်္ချိုင်းမြေသို့ရောက်ပြီးချိန်တွင်။
ရိုးရိုးရှင်းရှင်း ဝင်ခွင့်စာတစ်ခုတင်ပြီးနောက် အရိုးပြာတိုက်ထဲသို့ ဝင်လာခဲ့လိုက်၏။
ကော်ရစ်တာကြီး၏ရှည်လျားပုံမှာ အဆုံးမရှိသည့်အလား ၊ ဘေးနှစ်ဖက်စလုံးကိုကြည့်လျှင် ဘီဒိုအမြင့်ကြီးများကိုအတန်းလိုက်စီထားပြီး အထဲတွင် မရေမတွက်နိုင်လှသောကြွေလွင့်သွားသူတို့၏အရိုးပြာများကို ထိန်းသိမ်းပေးထားသည်။ ဝိန်းရိဖန် တိတ်တဆိတ်သာဝင်လာခဲ့ပြီး အတန်းများထဲမှ လိုင်းတစ်နေရာတွင် ရပ်လိုက်၏။
ဖြေးဖြေးချင်းလျှောက်သွားရင်း 'ဝိန်းလျန်ဇယ်' ဆိုသည့်အမည်အား ဂရုတစိုက်ရှာကြည့်လိုက်သည်။
နောက်ဆုံးတစ်ခေါက်လာတွေ့ခဲ့သည့်အချိန်မှာ နှစ်တွေလတွေ မည်မျှပင်ကြာသွားခဲ့ပြီမှန်း မမှတ်မိပါတော့ချေ။
ဝိန်းရိဖန်က အမည်နာမတစ်ခုအား စိုက်ကြည့်နေမိပြီး ခပ်ဖွဖွလေးရေရွတ်လိုက်ဖို့ရာ အချိန်အတော်ကြာယူလိုက်ရ၍
"ဖေဖေ"
"...."
"ရွှမ်းကျန့် ပြန်ရောက်လာပြီ"
ဤသည်မှာ ပြန်ဖြေမည့်သူမရှိမည့် ခေါ်ဆိုလိုက်သံတစ်ခု။
ထိုအချိန်တုန်းကဆိုလျှင် ဝိန်းရိဖန်အတွက် လုံးဝမယုံကြည်ရဲခဲ့သည့်ကိစ္စတစ်ခု။ အခုကလေးကတင် အကောင်းကြီးရှိနေသည့်လူတစ်ယောက်က အဘယ်ကြောင့် အေးစက်နေသည့်ခန္ဓာကိုယ်ကြီးအဖြစ် ရုတ်တရက်ပြောင်းလဲသွားရပါသနည်း။ အရပ်မြင့်မြင့် သန်သန်မာမာကြီးရှိသည့်အဖေက ဘယ်လိုမကောင်းသည့်အတတ်များဖြင့်ပြုစားခံလိုက်ရသောကြောင့် ယခုလို ပုလင်းသေးသေးလေးထဲ ထည့်၍ရသွားခဲ့ပါသနည်း။
ပြန်မဖြေပေးမည့်သူ မရှိခဲ့၏။
သူမအတွက် ဤအရာများဟာ အိပ်မက်တစ်ခုလိုသာဖြစ်နေခဲ့ပြီး
နိုးထလာသည်နှင့် ပျောက်ကွယ်သွားမည့်အရာများလိုလို။
သို့သော် ဤအိပ်မက်ဆိုးက အချိန်ပြည့်မက်နေခဲ့ပြီး ဘယ်လိုပင်ကြိုးစားပြီးရုန်းကန်ခဲ့ပါစေ လုံးဝမနိုးထလာနိုင်တော့၏။
ဝိန်းရိဖန် နေရာ၌သာရပ်ပြီး စကားတစ်ခွန်းမဆိုဘဲ အချိန်အကြာကြီးတိတ်ဆိတ်နေခဲ့သည်။ အချိန်တစ်ခုကြာသွားပြီးချိန်တွင် သူမ၏မျက်တောင်များလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အရိုးပြာပိုင်ရှင်၏နာမည်ရေးကဒ်ပြားမှာ ဘေးနားမှကဒ်ပြားများနှင့်ယှဥ်လိုက်လျှင် ပို၍ဖုန်ထူနေကြောင်း သတိထားမိလိုက်သည်။
ကြည့်ရသည်မှာ လာရောက်အောက်မေ့လွမ်းဆွတ်ပေးမည့်သူမရှိသည်မှာ ကြာလှခဲ့ပုံပင်။
ကျောက်ယွမ့်တုံက မိသားစုအသစ်တစ်ခုရှိသွားသည့်အတွက် သုံးလေးနှစ်ကြာလျှင်တောင် တစ်ခေါက်လောက်မှလာကြည့်လိမ့်မည်မဟုတ်။ ဘွားဘွားနှင့်ဘကြီးတို့မိသားစုသည်လည်း ပေယွီသို့ ပြောင်းသွားပြီဖြစ်၍ ဤကိစ္စလေးတစ်ခုဖြင့် နန်းဝူသို့လာကြလိမ့်မည်မဟုတ်ပေ။
နာမည်ရေးကဒ်ပြားပေါ်မှ 'ဝိန်းလျန်ဇယ်'၏အပြုံးတစ်ခုဟာ တစ်သက်စာလုံးအတွက် ထိုအခိုက်အတန့်လေးတွင်ရပ်တန့်ပေးထားခဲ့ပြီ။ နောက်ထပ်လည်း ခံစားချက်ပုံရိပ်တွေ ပြောင်းလဲပြတော့မည်မဟုတ်၏။
ဝိန်းရိဖန်၏မျက်လုံးများ တဖြည်းဖြည်းရဲတက်လာရကာ မျက်တောင်များကိုခပ်ပြင်းပြင်းခတ်နေမိရင်း ဖုန်မှုန့်များကို သုတ်ယူပစ်လိုက်သည်။
-----
အိမ်ပြန်ရောက်သည့်အချိန်မှာ ခါတိုင်းအလုပ်ဆင်းချိန်များထက် အနည်းငယ်စောလျက်။
ဝိန်းရိဖန်က ထုံးစံအတိုင်း ဧည့်ခန်းနှင့်အိပ်ခန်းငယ်ဘက်သို့ လှည့်ပတ်ကြည့်နေမိ၏ ၊ စန်းရန် ပြန်လာသေးပုံမရပေ။ ထို့နောက် မီးဖိုချောင်ထဲဝင်လာခဲ့သည်။ တစ်နေ့လုံးလည်း ဘာမှမစားရသေးသဖြင့် သူမ၏အစာအိမ်က အခုချိန်၌ နေမသာထိုင်မသာဖြစ်ခါစပြုလာခဲ့၏။
ဝိန်းရိဖန်က ချက်ရလွယ်သည့်ဆန်ပြုတ်ကို အရင်ဆုံးပြုတ်လိုက်ပြီး ရေခဲသေတ္တာထဲမှ အသားငါးဟင်းရွက်တစ်ချို့ကိုထုတ်ကာ ဆန်ပြုတ်နှင့်လိုက်ဖက်မည့် ဟင်းရည်တစ်ခွက်ချက်ရန် ပြင်လိုက်သည်။
ရေပိုက်ကိုဖွင့် ၊ သခွားသီးကိုအခွံပြီး ဆေးကြောလိုက်၏။ မီးဖိုချောင်ဓါးကိုယူပြီး အစိတ်သေးသေးလေးများအဖြစ် စနစ်တကျလှီးဖြတ်ပြီးနောက် ရေခဲသေတ္တာထဲမှ ငါးအရေခွံဘူးကိုယူကာ နှစ်ခုစာအတန်းလိုက်ချစီထားလိုက်သည်။
ချက်ပြုတ်ပြီးခါနီးတွင် စန်းရန်က အပြင်မှပြန်ရောက်လာပြီး သူ့ကုတ်အင်္ကျီကိုချွတ်ရင်း မီးဖိုချောင်ဘက်သို့လှမ်းကြည့်၍
"ဒီနေ့ အလုပ်ပြေးလာတာလား"
"လုပ်စရာမရှိတာနဲ့ စောစောပြန်လာလိုက်တာ..နင် ညစာစားပြီးပြီလား"
"မစားရသေးဘူး"
"ဒါဆို အတူတူစားမယ်လေ..ငါ အများကြီးချက်ထားတယ်.."
ဝိန်းရိဖန်က ဂတ်စ်မီးဖိုပိတ်လိုက်ကာ ဟင်းရည်အိုးကိုချ၍
"ဒါပေမယ့် ညစာကို ဆန်ပြုတ်ပဲစားမှာဆိုတော့ နင် ဗိုက်ပြည့်ပါ့မလားတော့ မသိဘူး..ဒါမှမဟုတ် နင် တခြားဟင်း ထပ်ချက်လိုက်မလား"
စန်းရန်က မီးဖိုချောင်ထဲဝင်လာခဲ့ပြီး သူ့အင်္ကျီလက်အားခေါက်တင်ကာ ဆန်ပြုတ်အိုးကို လှမ်းယူပေးလိုက်၏။
"ပျင်းတယ်"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်၏။
နှစ်ယောက်သားက ညစာကို တိတ်တိတ်ဆိတ်ဆိတ်သာ စားနေကြခြင်း။
အရင်စားပြီးသည့်သူက ထုံးစံအတိုင်း စန်းရန်ပင် ဖြစ်သော်လည်း သည်တစ်ကြိမ်တွင် သူက ဧည့်ခန်းထဲသို့ထထွက်မသွားဘဲ နေရာ၌သာထိုင်ပြီးဖုန်းကစားနေ၏။ ဝိန်းရိဖန်က ဆန်ပြုတ်ကို မြန်မြန်ဆန်ဆန်လက်စသတ်ပြီးနောက် မတ်တပ်ထရပ်လိုက်၍
"ဒါဆို စားပွဲကို နင် ရှင်းလိုက်တော့နော်"
အရင်က ညစာကို စန်းရန်ကသာ ချက်လေ့ပြီး ပိုချက်ထားသည့်အရာများအားလုံး သူမကိုသာ စားခိုင်းခဲ့သည်။ ဤစကားက နားထောင်ကြည့်လျှင်တော့ သူမကို အကူအညီတောင်းနေသည့်ပုံစံမျိုးဖြစ်သော်ငြား 'အခြားသူ၏အစားကိုယူလျှင် ထိုက်သင့်လျောက်ပတ်သည့်ကျေးဇူးတစ်ခုကို ပြန်ပေးရမည်' ဆိုသည့်အသိတရားအရ ဝိန်းရိဖန်ဘက်က အကြိမ်တိုင်း စားပွဲရှင်းသိမ်းဆည်းပေးခဲ့သည်။ ထို့အပြင် အိမ်ထဲတွင်ပန်းကန်ဆေးစက်ရှိသဖြင့် စားပွဲရှင်းသိမ်းဆည်းပေးရုံကလွဲ၍ အခြားဘာမှလုပ်စရာမလိုပေ။
စန်းရန်က မျှမျှတတသဘောမျိုးဖြင့်
"ဖြစ်တယ်"
ဝိန်းရိဖန် အိပ်ခန်းထဲသို့ဝင်လာပြီး ရေချိုးသန့်စင်ပြီးသည်နှင့် အိပ်ရာပေါ်လှဲအိပ်လိုက်တော့၏။
တစ်ညလုံး နှစ်နာရီတည်းသာ အိပ်ခဲ့ပါသော်လည်း ဘာကြောင့်မှန်းမသိ အိပ်ချင်စိတ်ကရှိမနေ။ အိပ်ရာထက်၌ ဟိုလူးဒီလိမ့်လုပ်နေပြီးနောက် အတင်းအကြပ်အိပ်မည့်အစီအစဥ်အားလက်လျော့လိုက်ကာ အိပ်ရာထက်မှထ ၊ ကွန်ပြူတာကိုဖွင့်ပြီး ကျန်နေသေးသည့်စာမူများ ရေးနေလိုက်သည်။
ည နှစ်နာရီထိုးသည့်အချိန်ကျမှ ဝိန်းရိဖန် ငိုက်မျည်းလာရကာ ဖွင့်ရခက်လာသည့်မျက်လုံးများကိုပိတ်ရင်း အိပ်ရာထက်လှဲချတော့မည့်အခိုက် တစ်ခုခုကိုသတိရသွားခဲ့၍ တစ်ဖက်သို့လှည့် ၊ ထိုင်ခုံကိုယူပြီးတံခါးဝ၌ချကာ
အပြင်ထွက်၍ရမည့်တစ်ခုတည်းသောလမ်းကို ပိတ်ထားလိုက်သည်။
----
ည သုံးနာရီ။
စန်းရန် နောက်ဆုံးဂိမ်းတစ်ပွဲအပြီးတွင် မီးဖိုချောင်ထဲသွားပြီး ရေခဲရေတစ်ဘူးထုတ်လိုက်၏။ အဖုံးကိုဖွင့် ၊ သုံးလေးငုံခန့်မော့သောက်ပြီးနောက် အိပ်ခန်းထဲသွားတော့မည့်အချိန်တွင် အပြင်ဘက်နားဆီမှ အသံများကိုကြားလိုက်ရသည်။
သူ့မျက်တောင်များ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကာ အပြင်လျှောက်ထွက်လာ၏။
စင်္ကြံလမ်းအတိုင်းလျှောက်လာသည့်ဝိန်းရိဖန်က သူ့ပုံရိပ်ကိုမမြင်သည့်အလား ခြေလှမ်းတစ်ချက်လေးမှတွန့်မသွားဘဲ နှေးနှေးကွေးကွေးဖြင့် လျှောက်လာလေသည်။ သူမ၏အမူအရာမှာလည်း ပျင်းရိလေးကန်နေသည့်ပုံစံမျိုးဖြစ်ကာ သူလှမ်းကြည့်လိုက်သည့်အချိန်တွင် သူမက ဘေးနားမှစာအုပ်စင်အား ဝင်တိုက်လုနီးနီး။
စန်းရန်၏မျက်ခုံး တစ်ချက်မြင့်တက်သွား၍ သူမ၏ဘေးနားသို့ အမြန်လျှောက်သွားလိုက်ကာ သူမ၏နဖူးနှင့်တိုက်မိတော့မည့်နေရာ၌ သူ့လက်ဖဝါးခံပေးလိုက်၏။ တပြိုင်နက်တည်းဆိုသလို ဝိန်းရိဖန်၏နဖူးသည် သူ့လက်ဖဝါးကို ဝင်ဆောင့်မိသွားခဲ့သည်။
လှုပ်ရှားမှုများက တုံ့ခနဲ ရပ်သွားခဲ့၍။
နောက်စက္ကန့်ပိုင်းတွင် ဝိန်းရိဖန်က ဦးတည်ရာပြောင်းသွားကာ ဆိုဖာဆီသို့ လျှောက်သွားပြန်သည်။
စန်းရန်က လက်ကိုပြန်ရုတ်ပြီး တစ်ဖက်ကလည်းရေသောက်ရင်း တစ်ဖက်က ဝိန်းရိဖန်၏လှုပ်ရှားမှုများကို ဂရုတစိုက်လိုက်ကြည့်နေ၏။
အရင်တစ်ခေါက်နှင့် အလားတူစွာ။
ဝိန်းရိဖန်က ဆိုဖာပေါ်၌ထိုင်လိုက်ပြီး ဗလာကျင်းသည့်အကြည့်များဖြင့် လေဟာပြင်ကိုစိုက်ကြည့်နေခြင်း။
စန်းရန်က အနားသို့လျှောက်သွားလိုက်ပြီး သူအရင်ထိုင်နေကျနေရာ၌မထိုင်ဘဲ ဘေးနားရှိနေသည့်ထိုင်ခုံတစ်ခုအား အလျင်းသင့်သလိုဆွဲယူကာ သူမ၏အရှေ့တည့်တည့်တွင် ထိုင်လျက်။
ဧည့်ခန်းထဲရှိ မီးရောင်များက မှိန်ပျပျ ၊ စန်းရန်သည်လည်း အထူးတလည်မီးထဖွင့်နေခြင်းမျိုးမရှိ။ အပြင်ဘက်မှဝင်လာသည့် လရောင်နှင့်အတူ စင်္ကြံလမ်းပေါ်၌ထွန်းထားသည့်မီးလုံးလေးများဖြင့်ပင် အိမ်အတွင်း၌ လုံးဝမှောင်မိုက်နေခြင်းမရှိချေ။
ပတ်ဝန်းကျင်မှာ အလွန်တရာ တိတ်ဆိတ်လွန်းနေခဲ့ပြီး..
စန်းရန် ရေသောက်နေသည့်အသံတစ်ခုတည်းသာ ရှိသည်။
Advertisement
- In Serial37 Chapters
The Lilly Within the Ashes
Jason doesn't play nice. If you owe him money and it's past its due date, you best believe he's going to f*ck you up. That's until one of these cases change his mind. When another gang got to the idiot that borrowed money before him, all that was left behind was the most beautiful girl in the ashes of her now burnt home. Instead of ruining her for her father's mistakes, Jason brings her to his home.The need to protect and to love the girl over rode his want on revenge. But there is one little problem, she is completely terrified of him.
8 189 - In Serial60 Chapters
Book 3: Go Go Squid [English Version]
Tong Nian, a cosplay cover singer, falls in love at first sight with a man she spots at a Net cafe. Chasing him, she signs up for the MMO she saw him playing, albeit it's a super high ranked account a friend acquired for her. Who could have known he was a pro gamer, moreover a legend in the gaming circle at that!Story Info:Author: Mo Bao Fei BaoAssociated Names: Cá mực hấp mật ong, Stewed Squid with Honey, 蜜汁燉魷魚Genre: Romance, Comedy, E-SportOriginal Language: ChineseEnglish Translator: hoju hui3r.wordpress.comCredit's to:Author: Mo Bao Fei BaoEnglish Translator: hoju hui3r.wordpress.comNOTES: This book is the Sequel of the trilogy. It is the last book. The first book is God's Left hand, the second book is Fish Playing while trapped in a secret room, and Stewed Squid with Honey or also known as Go Go Squid is the last book. BUT it is also fine to read this first because The first two book are mainly about Appledog and Dt. While Stewed Squid With Honey is about mainly about Han Shangyan and Tong Nian.
8 187 - In Serial71 Chapters
Untamed Flower( ပန်းရိုင်း)
(unicode+zawgyi)ယောက်ျားမုန်းဝါဒကို လက်ခံထားသော သူမ၊သူမကို မြင်မြင်ချင်း ချစ်မိသွားသော သူနှစ်ယောက်စလုံး မိဘသဘောတူမှုဖြင့် လက်ထပ်လိုက်ရသည့်အခါ...သူမကရော ယောက်ျားမုန်းဝါဒကို စွန့်ပယ်ပြီး သူ့ကို ချစ်နိုင်မလား..?သူကရော ခပ်ချေချေ ဇနီးဆိုးလေးကို ချစ်လာအောင် လုပ်နိုင်မလား ?လာပါ စာရေးသူနှင့် အတူတူongoing ကြရအောင်😚own creationauthor-အငဲး(Mee Mee)ယောက်ျားမုန်းဝါဒကို လက်ခံထားသော သူမ၊သူမကို မြင်မြင်ချင်း ချစ်မိသွားသော သူနှစ်ယောက်စလုံး မိဘသဘောတူမှုဖြင့် လက်ထပ်လိုက်ရသည့်အခါ...သူမကရော ယောက်ျားမုန်းဝါဒကို စွန့်ပယ်ပြီး သူ့ကို ချစ်နိုင်မလား..?သူကရော ခပ်ချေချေ ဇနီးဆိုးလေးကို ချစ်လာအောင် လုပ်နိုင်မလား ?လာပါ စာရေးသူနှင့် အတူတူongoing ကြရအောင်😚own creationauthor-အငဲး(Mee Mee)
8 147 - In Serial70 Chapters
✅ Little Ollie's Daddy |The Phantom Series #1| [DDLB] [MXM] [MPREG]
FINISHED REVISING AS OF MAY 2022.Oliver Pines discovered his little side when he was seventeen. Without a daddy to take care of him, he is having a hard time surviving on his own. He just moved out of his last apartment because of unforeseen circumstances. He needs a daddy but at the same time scared to have one.Stefan Alexandrei is so tired of looking for the perfect little. All they want from him is his money and status, that's why he is having a hard time keeping one. He is thinking that maybe there's no such thing as a perfect little for him. Should he just give up?SEQUEL? CHECK STEF AND OLLIE IN MY PROFILE. 😁Started: December 2020Finished: April 2021Warning: DDLB, MXM#40 in gay#12 in gayfiction#350 in love#136 in romance
8 137 - In Serial32 Chapters
Cupid Falling
Eros thought he knew everything about love. Being a Cupid and all. But that was before he met Penelope...For nearly a decade, he's tried-and failed-to match her and her true love, Trevor. If he doesn't make the match by the ten-year deadline, he faces demotion to a position that would mean horns. And his face really deserves better than to be marred by such unsightliness.By now he's tried every trick in the book to get his unwilling targets to fall in love. Every meet-cute, every setup, every skill in his Cupid repertoire. Everything but dating Penelope himself...
8 147 - In Serial27 Chapters
One of Us (Hitachiin Twins)
COMPLETED. "By the way," Hikaru glanced back at her, smirking, "You won the game."(Hikaru X Haruhi, Kaoru X Haruhi, Hikaru X Kaoru)
8 203

