《First Frost (Myanmar Translation)》Chapter 31
Advertisement
ထိုအချိန်တုန်းကဆိုလျှင် စန်းရန်မှာ စကားတစ်ခွန်းမှထပ်မဆိုလာပါတော့ဘဲ တိတ်ဆိတ်သွားခဲ့သည်မှာ အသက်ရှူနေသောအသံကိုပင် မကြားနိုင်တော့ကြောင်း ဝိန်းရိဖန်မှတ်မိနေပါသေးသည်။ နှစ်ယောက်စလုံး မိနစ်တဝက်စာကြာသည်အထိ အသံတိတ်နေခဲ့ကြပြီး သူမကသာ စီးကျနေသည့်မျက်ရည်များကိုသုတ်ရင်း ဖုန်းချပစ်ခဲ့သည်။
ထိုနေ့ထိုအချိန်မှစ။
သူတို့နှစ်ဦးသည် ကျောင်းထဲ၌အဆက်အဆံမလုပ်ကြပါတော့ပေ။
နောက်တွင် ဝိန်းရိဖန်က ဘကြီးတို့မိသားစုနှင့်အတူ ပေယွီမြို့သို့ ပြောင်းလာခဲ့သည့်အတွက် ကျောင်းလည်း တစ်ခါတည်းပြောင်းခဲ့ရသည်။ စန်းရန်နှင့် လုံးဝအဆက်အသွယ်ပြတ်သွားတော့မည်ဟု တွေးထားလိုက်သည့်အချိန်တွင်တော့ သူ့ထံမှ မက်ဆေ့များ စပြီး လက်ခံလာရတော့၏။
ထိုမှတဆင့် အဆက်မပြတ်...
မက်ဆေ့များက မကြာခဏဆိုသလို ပို့လာပါတော့၏။
ထို့နောက် ထို့နောက်များတွင်တော့
အထိမ်းအမှတ်နေ့ကျောင်းပိတ်ရက်များ ၊ အားလပ်ရက်များတိုင်းတွင် စန်းရန်က ပေယွီမြို့သို့ရောက်လာခဲ့တော့သည်။ ရောက်လာတတ်သည့်အကြိမ်ရေများမှာ အတိအကျမရှိ ၊ ပုံမှန်အားဖြင့် တစ်လလျှင် တစ်ခေါက် သူမဆီသို့ ပုံမှန်ရောက်လာတတ်ပြီး အကြိမ်တိုင်းတွင်လည်း သူမ၏သဘောထားကို မေးပြီးမှ လာခဲ့ခြင်းမျိုးပင်။
နှစ်ယောက်သားက တွေ့ဆုံကြသည့်အကြိမ်တိုင်းတွင်လည်း ခေါက်ဆွဲဆိုင်တစ်ဆိုင်တည်းကိုသာ သွားလေ့ရှိသေးသည်။ ထိုခေါက်ဆွဲဆိုင်က ခပ်ကျဥ်းကျဥ်းနှင့်ခေတ်ဟောင်းပုံစံမျိုးဖြစ်ပြီး ခေါက်ဆွဲ၏အရသာမှာလည်း ပုံမှန်မျိုးသာဖြစ်သည့်အတွက် စီးပွားရေးအခြေအနေမှာ အကောင်းကြီးမဟုတ်။ ထိုခေါက်ဆွဲဆိုင်သို့ လာသည့်အခါတိုင်းတွင် ဆိုင်ထဲ လူသူကင်းနေတတ်ပြီး ဆိုင်ပိုင်ရှင်ကြီးကသာ ကောင်တာ၌ထိုင်ပြီး တီဗွီကြည့်နေတတ်၏။
အကြိမ်ရေများလာသည်နှင့်အမျှ ဆိုင်ပိုင်ရှင်ကြီးက သူတို့နှစ်ဦးကိုမှတ်မိလာကာ အထူးတလည်မှာနေစရာမလိုတော့ဘဲ နှစ်ယောက်သားကိုမြင်လိုက်သည်နှင့် မီးဖိုထဲဝင်၍ပြင်ဆင်ပေးကာ..
ခေါက်ဆွဲပန်းကန်အား နှစ်ယောက်သား၏ နေရာငယ်လေးဆီသို့ လာချပေးထားလျက်။
သူမပြောခဲ့ဖူးသည့်စကားတစ်ခွန်းကြောင့် စန်းရန်က သူမအရှေ့တွင် စကားနည်းလာခဲ့သည်။ သူ၏ တစ်လောကလုံးကိုဂရုမစိုက်သည့်အပြုအမူတို့မှာလည်း အရာရာကိုသတိထားနေသည့်ပုံစံမျိုးအဖြစ်ပြောင်းသွားခဲ့ပြီး အရင်ကလောက် လက်လွတ်စပယ်မနိုင်ပါတော့ချေ။
အလိုက်သတိ နားလည်ဆင်ခြင်ပေးနေသည့်ပုံစံမျိုးပင်။
ထို့အပြင် ထိုဖုန်းပြောခဲ့ကြသည့်ကိစ္စတစ်ခုကိုလည်း နှစ်ယောက်စလုံး ထပ်၍အစမဖော်ခဲ့တော့၏။
------
ပုံမှန်ဆိုလျှင် ကျုံးစစ်ချောင်အနေဖြင့် ဝိန်းရိဖန် ဒေါသထွက်သည့်ပုံစံမျိုး မတွေ့ဖူးသလောက်ဖြစ်ရာ ထို့ကြောင့် ယခုအချိန်၌ သိချင်စိတ်များ ပိုဖြစ်လာရသည်။
"နင် ဘာလုပ်ခဲ့လို့လဲ?...နင့်ရဲ့ဒီလိုမျိုးအကျင့်လေးနဲ့ သူ့ကို နာကျင်သွားအောင်လုပ်မိလိုက်တယ်ဆိုတာ သေရောသေချာလို့လားဟာ"
ဝိန်းရိဖန်က ဤတစ်ကြိမ်တွင်ပြန်မဖြေတော့ဘဲ ခေါင်းငုံ့ပြီး ခေါက်ဆွဲစားနေလိုက်သည်။
"ပြောမရရင် နင်ကသာ အရမ်းဆိုးသွားတယ်လို့ တစ်ဖက်သတ်ထင်နေပြီး အခြားသူဘက်က သူ့အတွက် အယားတောင်မပြေတဲ့ ကြီးကြီးမားမားကိစ္စမျိုးမဟုတ်ဘူးလို့ တွေးရင်တွေးနေမှာ"
ကျုံးစစ်ချောင်က အားပေးနှစ်သိမ့်နေသည့်အစ်မတစ်ဦးနှင့်ပင် တူနေလေပြီး
"ဒါမှမဟုတ်လို့ သူ့ဘက်က ဒီကိစ္စနဲ့ပတ်သတ်ပြီး တကယ်စိတ်ဆိုးနေတယ်ဆိုရင်တောင် နင် သူ့ကို တောင်းပန်ပြီးပြန်ရှင်းပြလိုက်ရင် သူ စိတ်ပြေသွားလောက်မှာပါ"
ဝိန်းရိဖန် ခပ်ဖွဖွပြုံးလိုက်၍
"ဘယ်လောက်တောင် ကြာခဲ့ပြီမလို့လဲ"
"ဘာဖြစ်လဲဟာ..တောင်းပန်တယ်ဆိုတာက ဘယ်ချိန်တောင်းပန်ပန် နောက်ကျသွားတယ်လို့မှမရှိတာ..ပြောရမယ့်ပါးစပ်က နင့်ခန္ဓာကိုယ်ပေါ်မှာ..နင်ပြောချင်တာအကုန် ပြောချင်သလိုပြောလို့ရတယ်လေ..ပြောပိုင်ခွင့်က နင့်ဘက်မှာ..လက်ခံတာ မခံတာကတော့ တစ်ဖက်လူရဲ့လုပ်ပိုင်ခွင့်ပေါ့.."
ပြောသည့် စကားက နားဝင်သွားမသွားလည်းမသိ ၊ ဝိန်းရိဖန်က ပြုံးရုံသာပြုံးနေခဲ့၏။
စကားခေါင်းစဥ်က ဤနေရာ၌ အဆုံးသတ်သွားခဲ့သည်။
ခေါက်ဆွဲစားပြီးနောက်တွင်တော့ ဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။ ကျုံးစစ်ချောင်က အိတ်ကိုလွယ်ထားပြီး အခြားအကြောင်းအရာများလည်း အဆက်မပြတ်ပြောပြနေခဲ့ကာ စကားပြောနေရင်းတန်းလန်း ရုတ်တရက် အာမေဍိတ်သံတစ်ခုပြုလိုက်၍ သူမ၏လက်မောင်းကိုဆွဲညစ်ပြီး
"အစက်အစက်လေး..နင် နည်းနည်းဝလာတယ်ရော"
"...."
ဝိန်းရိဖန် ခေါင်းငုံ့ကြည့်လိုက်၍
"အာ?"
"နင် အရင်တုန်းကဆို အရိုးပေါ်အရေတင်လေးပဲရှိတာလေ..ငါ နင့်ကိုမှီလိုက်တိုင်း အရိုးနဲ့ထိုးနေသလိုမျိုး"
ကျုံးစစ်ချောင်က ဝိန်းရိဖန်၏မျက်နှာကို စိုက်ကြည့်၍
"အခုကြည့်ရတာ နင် နည်းနည်းလေးပြည့်လာသလားလို့"
"ဟုတ်လား"
ကျုံးစစ်ချောင်က စနောက်ချင်သည့်အမူအရာမျိုးဖြစ်သွားပြီး
"စန်းရန်နဲ့ အတူတူနေရတာ အခြေအနေအရမ်းကောင်းလို့များလား"
"...."
ဤစကားကိုကြားလိုက်ရသည့်အချိန် ဝိန်းရိဖန် ပြန်တွေးကြည့်မိရင်း သတိထားမိလိုက်သည့်တစ်ခုမှာ စန်းရန် အိမ်ပြောင်းလာသည့်အချိန်မှစ၍ သူမ အစားပိုစားမိလာခြင်းပင်ဖြစ်သည်။နဂိုကဆိုလျှင် ညစာစားကျင့်မရှိသော်လည်း စန်းရန်၏ အားရပါးရလျှောက်ထည့်ပြီး ချက်ပြုတ်ထားသည့်အစားအသောက်များကိုတော့ သူမက အကြွင်းအကျန်ရှင်း အမှိုက်ပုံးလေးအဖြစ်ဖြင့် တာဝန်ယူစားသောက်ပေးခဲ့ရပေသည်။
နှစ်ယောက်သား ဆုံကြသည့်နေရာမှာ နှစ်ဦးနှစ်ဖက်နေကြသည့်နေရာများ၏ အလယ်တွင်ဖြစ်ကာ နှစ်ဖက်စလုံးသည်လည်း အဝေးကြီးပြန်ကြရဦးမည်ဖြစ်သည်။ ထို့ကြောင့် အပြင်ဘက်၌ကြာကြာနေရန်အချိန်မရတော့ဘဲ ညစာစားပြီးသည်နှင့် ကိုယ်စီ အိမ်ပြန်ခဲ့ကြသည်။
အိမ်သော့ဖြင့် တံခါးဖွင့်ဝင်လာပြီး ဝိန်းရိဖန် ဖိနပ်ချွတ်နေသည့်အခိုက်တွင် ထုံးစံအတိုင်း ဆိုဖာပေါ်တွင်ထိုင်ပြီး ဂိမ်းကစားနေသည့်စန်းရန်အား မျက်ဝန်းထောင့်မှတဆင့်လှမ်းမြင်နေရသည်။ တီဗွီကို မတိုးမကျယ်အသံမျိုးဖြင့် ဖွင့်ထားသော်လည်း ဆူညံသလို ခံစားနေရမြဲ။
အချိန်တစ်ခုစာကြာလာသည်နှင့်အမျှ အိမ်ထဲတွင် အိမ်မွေးသတ္တဝါလေးမွေးထားရသလိုပင် ဝိန်းရိဖန် ခံစားလာမိကာ သူမ အပြင်ထွက်သွားသည့်အချိန်၌ဖြစ်စေ ၊ အိမ်ပြန်လာသည့်အချိန်တွင်ဖြစ်စေ ဤ'အိမ်မွေးသတ္တဝါလေး' က ပျင်းပျင်းရိရိ အိမ်စောင့်နေသလိုမျိုးသာ ထင်မြင်မိပါတော့သည်။
ဝိန်းရိဖန် ဆိုဖာပေါ်၌ ရေသောက်ရင်းထိုင်လိုက်ပြီး စန်းရန်အား လှမ်းကြည့်လိုက်၏။ ကျုံးစစ်ချောင်ပြောခဲ့သည့်စကားများကိုပြန်တွေးကြည့်ရင်း နှုတ်ခမ်းပါးက ဖွင့်လိုက်ပိတ်လိုက်လုပ်နေမိကာ အချိန်အတော်အကြာသွားပြီးမှ သတ္တိမွေး ၊ စကားဆိုလိုက်၏။
"စန်းရန်"
စန်းရန်က မျက်လုံးပင့်ကြည့်မလာဘဲ
"ပြော"
"...."
ဝိန်းရိဖန်တစ်ယောက် အကြောင်းပြချက်မရှိ စကားပြောထွက်မလာပါတော့ချေ။
နှစ်တွေအများကြီးကြာလာခဲ့ပြီဖြစ်ရာ တစ်ဖက်လူက ထိုအချိန်တုန်းကကိစ္စများကို မှတ်မိချင်မှမှတ်မိနေပါဦးမည်။ လက်ရှိအချိန်မှာမှ ရုတ်တရက် ပြန်အစဖော်လိုက်လျှင် အတော်လေးထူးဆန်းနေပါတော့မည် မဟုတ်လား။
သို့သော်လည်း တစ်ဖက်လူကိုလှမ်းခေါ်ပြီး ဘာမှမပြောဘဲနေနေလျှင် ပို၍ ကသိကအောက်နိုင်သွားမည်မှာလည်း မလွဲ။ စန်းရန်၏ပျင်းတိပျင်းရွဲလုပ်နေသည့်ပုံစံကိုကြည့်ရင်း ဝိန်းရိဖန်က ရောက်တတ်ရာရာစကားတစ်ခွန်းကိုသာ ဆိုလိုက်၏။
"ဘားဖွင့်ထားတဲ့ဟာက နင့်ရဲ့အဓိကလုပ်ငန်းလား"
စန်းရန် ;
Advertisement
"အရံစီးပွားရေး"
ဝိန်းရိဖန် ;
"အရင်တစ်ခေါက်ပြောပြဖူးထားတာကို မှတ်မိသလောက်အရ နင် တက္ကသိုလ်ကို ကွန်ပြူတာသိပ္ပံမေဂျာနဲ့ ကျောင်းပြီးတာမလား"
"အင်း"
စန်းရန်က ယခုအချိန်တွင်မှလှမ်းကြည့်လာကာ ခပ်လျော့လျော့ပြုံးနေ၍
"ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး..ဒီတိုင်း သိချင်လို့..နင် နေ့တိုင်းအလုပ်သွားနေရတာမျိုးကို မတွေ့လို့ မေးကြည့်ကြည့်တာ"
"အလုပ်ပြောင်းနေလို့..ကုမ္ပဏီတွေအများကြီးက ကိုယ့်ကို ကမ်းလှမ်းထားကြတာဆိုတော့ သဘောပြောရရင် ဝိုင်းလုနေသလိုမျိုး"
စန်းရန်က လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ ထိုမျက်နှာကြီးကိုလည်းမလိုချင်တော့အလား ဆက်ပြော၏။
"သူတို့တွေ လုလို့ပြီးမှပဲ ဆက်ပြောကြတာပေါ့"
"...."
စန်းရန်က လေကြီးလေကျယ်ပြောနေခြင်းလား သို့မှမဟုတ် သူ့လက်ရှိအခြေအနေက အမှန်တကယ်ကို အများကဝိုင်းလုနေရသည့်အရည်အချင်းမျိုးလားတော့ ဝိန်းရိဖန်လည်း သေချာမခွဲတတ်ပါပေ။ ထို့ကြောင့် မည်သည့်မှတ်ချက်မျိုးမှမပြုတော့ဘဲ စကားလမ်းကြောင်းလွှဲလိုက်၏။
"ဒါနဲ့..အိမ်ပြန်ပြင်နေတာကိုရော သွားကြည့်ခဲ့ပြီးပြီလား"
စန်းရန်က အကြည့်လွှဲသွားခဲ့၏။
"အင်း"
"ဘယ်လိုနေလဲ"
"ပြင်လို့မပြီးသေးဘူး..နှစ်သစ်ကူးဆိုတော့ အလုပ်သမားတွေနားတယ်"
စန်းရန်၏အသံက ခပ်ပြတ်ပြတ်နှင့်တည့်တိုးဆန်ဆန်။
"ပြင်လို့ပြီးသွားရင်လည်း ချက်ချင်းသွားနေလို့မရသေးဘူး..အချိန်နည်းနည်းကြာဦးမယ် ထင်တယ်"
ဝိန်းရိဖန် ;
"ဒါဆို နင် ဒီတစ်လကုန်သွားပြီးရင် မပြောင်းသေးဘူးပေါ့..ထပ်ပြီး နေဦးမှာလား"
"အဲ့သဘောပဲ"
စန်းရန်က ဝိန်းရိဖန်ကို တဖန်ပြန်ကြည့်လိုက်၍
"ရပါပြီ..မင်း အဲ့လောက်ထိလည်း ပျော်သွားစရာမလိုပါဘူး"
"...."
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး စကားတော့မဆို။ စိတ်ထဲ၌လည်း စုထျန်း၏သူငယ်ချင်းအား အိမ်ခန်းအသစ်ထပ်ရှာရန် ပြောလိုက်တော့မည့်အကြောင်း တွေးလိုက်၏။ ဘယ်လိုပင်ဖြစ်စေ သူမအနေဖြင့် စန်းရန်ကို မောင်းထုတ်လိုက်၍မရချေ။ တစ်ဖက်က ရေသောက်ရင်း တစ်ဖက်ကလည်း တီဗွီကကိုသာ လှမ်းကြည့်လိုက်တော့သည်။
နှစ်ယောက်သား အိမ်ခန်းမျှနေခဲ့ကြသည့်အချိန်များအတွင်း ဝိန်းရိဖန် ထပ်ပြီး သတိထားမိခဲ့သည်မှာ စန်းရန်က တီဗွီကို အမြဲတမ်းဖွင့်ထားတတ်သော်ငြား တီဗွီကြည့်နေခြင်းမျိုးနှင့်မတူဘဲ အိမ်ထဲ၌ ဆူညံသံတစ်ခုခုရှိနေစေလိုသည်နှင့် တူနေခြင်းပင်။
တစ်ခါက စန်းရန် တီဗွီဖွင့်ထားသည့်အချိန်တွင် သူမ ဝင်ကြည့်ခဲ့ဖူးသည်။
ထိုအချိန်တုန်းက တီဗွီထဲမှအမျိုးသမီးသည် ထမင်းစားရင်း ငိုနေသည်မှာ ရှိုက်ကြီးတငင်ပုံစံမျိုးနှင့်ပင်ဖြစ်သည်။ ဝိန်းရိဖန်က အရင်ဇာတ်လမ်းအသွားအလာကိုနားမလည်သေးဘဲ ထိုဇာတ်ကွက်ကိုကြည့်ရင်း သနားသလိုဖြစ်လာရကာ စန်းရန်အား မေးကြည့်မိလိုက်၏။
"သူက ဘာဖြစ်နေတာလဲ"
သူမ၏မေးခွန်းကိုကြားလိုက်သည့်အခါ စန်းရန်က မျက်လုံးတစ်ချက်ပင့်ကြည့်လိုက်ပြီး ပျင်းတိပျင်းရွဲဖြင့်
"ဗိုက်အရမ်းဆာနေလို့ နေမှာ"
"...."
ထို့ကြောင့် ထိုအချိန်တုန်းက ဝိန်းရိဖန်မှာ ဇာတ်လမ်းအသွားအလာကို နားမလည်သော်လည်း စန်းရန်ကို ထပ်မမေးတော့ဖို့သာ ဆုံးဖြတ်ချက်ချလိုက်၏။
ဤတစ်ကြိမ်တွင်တော့ စန်းရန်က ဇာတ်လမ်းပေါ်၌အာရုံရောက်နေပုံသဖြင့် ဝိန်းရိဖန်လည်း ဖုန်းကိုဘေးချထားလိုက်ကာ ဇာတ်လမ်းလိုက်ကြည့်လိုက်၏။ မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ဇာတ်လမ်းထဲမှ ဇာတ်ကောင်ပုံစံနှင့်ပတ်သတ်ပြီး သူမအား မေးစမြန်းစလုပ်လာသေး၏။
"ဒီလူက ဘယ်လိုအခြေအနေမျိုးဖြစ်နေတာလဲ"
ဇာတ်လမ်းက သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုး။
ယခုကြည့်နေသည့် ဇာတ်လမ်းထဲမှဇာတ်ကွက်မှာ ညသန်းခေါင်အချိန်ဖြစ်နေပြီး မီးရောင်များကို မှုန်ဝါးဝါးသာထွန်းထားသည်။ ယောက်ျားတစ်ဦးက အိပ်ရာနိုးလာပုံရပြီး အဝတ်အစားများကို နှေးတိနှေးကွေးလဲကာ သူ့ကိုယ်သူ အဝတ်များဖြင့်တင်းတင်းကြပ်ကြပ်ထုတ်ပြီး တံခါးအပြင်ထွက်လာခဲ့သည်။
ဝိန်းရိဖန် ခန့်မှန်းကြည့်လိုက်၏။
"အကျင့်စရိုက် နှစ်ကိုယ်ခွဲတာမျိုးထင်တယ်"
"ကိုယ့်အမြင်မှာတော့..."
စန်းရန်က ဝိန်းရိဖန်ဘက်သို့ လှည့်ကြည့်လိုက်ကာ တစ်လုံးချင်းစီ ပီပီသသဆိုလာခဲ့၏။
"အိပ်နေရင်းလမ်းထလျှောက်တာနဲ့ ပိုတူနေတယ်"
"ဟုတ်လား?"
ဤစကားတစ်ခွန်းကြောင့် ဝိန်းရိဖန် ကြောင်အသွားရသော်လည်း တီဗွီကိုလှမ်းကြည့်နေခဲ့ရင်း
"ငါလည်း သေချာတော့မခွဲတတ်ဘူး..အကျင့်စရိုက်ကို နှစ်ကိုယ်ခွဲလို့ရတဲ့သူတွေမှာ အဓိကလူက နောက်ခွဲလိုက်တဲ့လူ လုပ်ထားတာတွေကို မမှတ်မိတာမျိုးလား?..ငါ သိတာကတော့ အိပ်ရင်းလမ်းထလျှောက်တဲ့သူတွေဆို မမှတ်မိဘူး"
စန်းရန် ;
"မင်းက ဘယ်လိုလုပ်ပြီးသိနေတာလဲ"
"ဘာလို့လဲဆို ငါ အရင်တုန်းက အိပ်နေရင်းလမ်းထလျှောက်တတ်လို့လေ"
"...."
ဝိန်းရိဖန်အတွက်တော့ ဤကိစ္စက ဖုံးကွယ်ထားသင့်သည့်ကိစ္စတစ်ရပ်ဟု မထင် ၊ စန်းရန်၏အမူအရာကို သတိထားကြည့်ရင်း သူမ၏ပြဿနာက အနည်းငယ်ကြောက်စရာကောင်းနေမည်မှန်းသိ၍
"ငါ ငယ်ငယ်တုန်းကပဲ ဖြစ်ဖူးတာပါ..အော်..တက္ကသိုလ်တက်တုန်းကတော့ ဖြစ်ခဲ့ဖူးပေမယ့် အဲ့ရောဂါပြန်မထလာတာ ကြာလှပြီ"
စန်းရန်က စကားကို ချက်ကျလက်ကျကောက်ယူ၍
"ပြန်မဖြစ်တာကြာပါပြီဆိုတာကျတော့ မင်း ဘယ်လိုလုပ်ပြီးသိလဲ"
"အာ.."
ဝိန်းရိဖန် တစ်ခဏရပ်သွားရင်း အကြောင်းပြချက်ခိုင်ခိုင်မာမာပေးလာ၏။
"ဘယ်သူကမှ ငါ အိပ်နေရင်းလမ်းထလျှောက်ပါတယ်ဆိုပြီး လာမပြောလို့လေ"
"အဲ့ဒီတော့ မင်း ဘွဲ့ရပြီးနောက်ပိုင်း.."
စန်းရန်က ပြုံးလိုက်၍
"အခြားသူနဲ့ အတူတူနေခဲ့ဖူးလို့လား"
ဝိန်းရိဖန်က ပြန်တွေးကြည့်လိုက်၏။
"ဝမ်လင်လင်နဲ့နေဖူးတယ်ဆိုပေမယ့် တစ်ပတ်လောက်ပဲ..ငါကိုယ်တိုင်လည်း နန်းဝူကို ပြောင်းလာပြီးမှ အိမ်ခန်းမျှနေဖူးတာ..အရင်တုန်းက အဲ့လိုမနေခဲ့ဖူးဘူး"
တိတ်ဆိတ်သွားခဲ့၏။
စန်းရန်၏စကားလုံးတို့ထဲတွင် အဓိပ္ပါယ်တစ်ခုခုပါနေမှန်း ခံစားနေမိကာ ဝိန်းရိဖန်၏စိတ်ထဲ ဝိုးတိုးဝါးတားအတွေးတစ်ခုပေါ်လာခဲ့ပြီး တွန့်တွန့်ဆုတ်ဆုတ်ဖြင့်မေးမိလိုက်၏။
"ငါ နင့်ရှေ့မှာ အိပ်နေရင်းလမ်းလျှောက်ဖူးလို့လား?"
"...."
အိပ်နေရင်းလမ်းလျှောက်သည့် ဖြစ်နိုင်ခြေတစ်ခုက အလေးသာလာသည့်အခါ ဝိန်းရိဖန် ထိတ်လန့်လာမိတော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်နေသည့်အချိန်တွင် သူမက နိုးနေခြင်းမဟုတ် ၊ အရာအားလုံးက ထိန်းချုပ်အောက်မှလွတ်ထွက်နေပြီး သူမ လုပ်မိနိုင်မည့်အရာများကိုလည်း သူမကိုယ်တိုင်မသိ ၊ မမှတ်မိခြင်းကြောင့်ပင်။ ဘာမှမသိတော့ခြင်း၏နောက်ကွယ်တွင် ကြောက်လန့်စိတ်များ အကူအညီမဲ့သည့်ခံစားချက်တို့က ကိန်းအောင်းလာခဲ့၏။
အကြောင်းအရင်းကိုမမှတ်မိတော့သော်ငြား သူမ တက္ကသိုလ်တက်ခါစတုန်းက အိပ်နေရင်းလမ်းထလျှောက်သည့်ရောဂါ ပြန်ဖြစ်ခဲ့ဖူးသည်။
အဆောင်ထဲ၌ ပထမဆုံးဖြစ်သည့်အချိန်တွင် ညသန်းခေါင် သန့်စင်ခန်းသွားနေသည့်အိပ်ခန်းဖော်သူငယ်ချင်းအား လန့်ဖြန့်သွားအောင် လုပ်ခဲ့မိပါသေးသည်။ ပြဿနာ၏ရလဒ်အနေဖြင့် နောက်သုံးလေးရက်ထိ သူမ ညမအိပ်ရဲတော့ဘဲ အခြားသူများအားခြောက်လန့်မိမည်ကိုကြောက်နေခဲ့တော့သည်။
Advertisement
အဆောင်အိပ်ခန်းဖော် သုံးယောက်လုံး သိသွားခဲ့ပြီးသည့်အချိန်တွင်တော့ လေးယောက်သား မျက်နှာချင်းဆိုင်ပြီး ပြဿနာအတွက်ဆွေးနွေးဖြစ်ခဲ့ကြ၏။ ကောင်မလေး သုံးဦးစလုံးက အလွန်တရာသဘောကောင်းကြသူများဖြစ်ရာ ပြဿနာကိုလက်ခံပေးကြသည့်အပြင် ဝိန်းရိဖန်က အိပ်နေရင်းလမ်းထလျှောက်သည့်အချိန်တွင်လည်း အခြားဆိုးဆိုးရွားရွားအပြုအမူများမလုပ်သဖြင့် အချိန်ကြာသည်နှင့်အမျှ ကျင့်သားရသွားခဲ့ကြသည်။
စန်းရန်ဘက်မှ ပြန်မဖြေလာသည့်အတွက် ဝိန်းရိဖန်က နောက်တစ်ကြိမ်ထပ်မေးလိုက်၏။
"ရှိလားလို့"
စန်းရန်က တဖန်ပြန်မေးခွန်းထုတ်လာခဲ့သည်။
"မနေ့ညက ကိုယ်ပြန်လာတာကို မင်း မသိဘူးမလား"
ဤမေးခွန်းကို သူမေးနေသည်မှာ ဒါဆိုလျှင် ဒုတိယအကြိမ်။
ဝိန်းရိဖန်က မသဲကွဲသလိုဖြစ်လာရင်း
"မနေ့ညက ငါအစောကြီးအိပ်သွားတာ..နင် အိမ်ပြန်ရောက်လာတဲ့အသံကို မကြားလိုက်ဘူး"
စန်းရန် သူမအား စူးစိုက်ကြည့်နေသည့်ပုံမှာ သူမဘက်က လိမ်နေခြင်းလား ၊ အမှန်တိုင်းပြောနေခြင်းလား ဟူ၍အကဲခတ်နေသလိုမျိုးပင်။
"...."
ဝိန်းရိဖန်က ရုတ်တရက် အခြေအနေကိုနားလည်သွားခဲ့ရသလို တိတ်ဆိတ်၍လည်းငြိမ်သွားခဲ့၏။ နောက်တွင်မှ အနည်းငယ်ဖြစ််နိုင်ခြေရှိနေသည့်အရာတစ်ခုအား မေးမြန်းကြည့်လိုက်တော့သည်။
"နင် မနေ့ညက အိမ်ပြန်ရောက်တဲ့အချိန် ငါ အခန်းကထွက်လာတာကို တွေ့လိုက်လို့လား"
ဆိုဖာပေါ်မှီချလိုက်သည့် စန်းရန်က သူမဘက်သို့ ခေါင်းစောင်းကြည့်လာပြီး ပေါ့ပေါ့ပါးပါးအသံမျိုးဖြင့် 'အင်း' ဟု ဆိုလာခဲ့သည်။
ထိုစကားတစ်ခွန်းက ဝိန်းရိဖန်အတွက်တော့ မိုးကြိုးပစ်ချခံလိုက်ရသည့်အလားပင်။ ဘယ်လိုပုံစံမျိုးဖြင့် တုန့်ပြန်ရမည်မှန်းမသိပါတော့ဘဲ မေးခွန်းများသာ မေးနိုင်ပါတော့၏။
"ဒါဆို ငါ ဘာတွေလုပ်မိသွားသေးလဲ"
စန်းရန်သည်လည်း အမှန်တိုင်းသာပြောလာခဲ့၏။ မျက်လုံးများဖြင့် ထိုင်ခုံနေရာသို့ ညွှန်ပြ၍
"ဒီနေရာမှာ ခဏလေးထိုင်နေရုံပဲ..ပြီးတော့ ဒီတိုင်း ပြန်ဝင်သွားခဲ့တယ်"
ဝိန်းရိဖန် အနည်းငယ်ရှက်လာမိရင်း
"နင့်ကို လန့်အောင်လုပ်မိသွားသေးလား"
"ကိုယ့်ကို လန့်အောင်လုပ်တယ်?"
စန်းရန် အသံထွက်အောင်တစ်ချက်ရယ်လိုက်ပြီး
"ဝိန်းရိဖန်..မင်း စဥ်းစဥ်းစားစားလေးလည်းပြောပါဦး..ကိုယ်ဆိုတဲ့လူက ကြောက်တဲ့ဟာဆိုလို့ ဘာမှမရှိဘူး..မင်း အိပ်နေရင်းလမ်းထလျှောက်ရုံလေးကို ကိုယ်က ဘာကိုလန့်ရမှာလဲ"
"မလန့်သွားဘူးဆိုလည်း ပြီးတာပါပဲ"
သူ့စကားသံက အရမ်းအမြင်ကတ်စရာကောင်းနေပါသော်လည်း ဝိန်းရိဖန်က သက်ပြင်းတစ်ချက်သာ ချလိုက်၏။
"ငါ့အခန်းဖော်သူငယ်ချင်းတွေပြောတာတော့ ငါ အိပ်နေရင်းလမ်းလျှောက်တဲ့အချိန်မှာ တခြားဘာမှမလုပ်ဘူးတဲ့..နောက်ဆို နင် အဲ့လိုအခြေအနေမျိုးထပ်တွေ့ရင် ငါ့ကို မမြင်ရတဲ့လေလိုမျိုးသာ သဘောထားလိုက်"
စန်းရန်က 'အို့' ဆိုသည့်စကားတစ်လုံးအား အဓိပ္ပါယ်ပါပါဖြင့်ဆိုလာခဲ့တော့သည်။
ဝိန်းရိဖန် ;
"အိပ်ရေးဝဝအိပ်လိုက်ရင် အိပ်နေရင်းလမ်းထလျှောက်မှာ မဟုတ်လောက်တော့ဘူး..နင့်ကိုလည်း အရမ်းအနှောက်အယှက်ဖြစ်စေမှာမဟုတ်ပါဘူး"
စန်းရန် ;
"အင်း"
"ဒါနဲ့.."
ဝိန်းရိဖန်က ပြဿနာ၏ အရေးကြီးဆုံးသောမေးခွန်းတစ်ခုအား ရုတ်တရက်သတိရသွားခဲ့၍
"မနေ့ညတုန်းကတွေ့တဲ့အကြိမ်က နင့်အတွက် ငါ အိပ်နေရင်းလမ်းထလျှောက်တာကို ပထမဆုံးတွေ့ဖူးတာမလား"
စန်းရန် ; "သေချာပေါက်..."
ဝိန်းရိဖန်က စိတ်သက်သာရာရသွား၍
"ဒါဆို..."
သူမ၏စကားပင်မဆုံးသေး ၊ စန်းရန်က ကျန်နေသည့်စကားလုံးများကို ပြောထုတ်လာပစ်တော့၏။
"...မဟုတ်ဘူးပေါ့"
"...."
ဝိန်းရိဖန် ဆွံအသွားခဲ့ရ၍
"အာ?..နောက်ထပ် ရှိသေးတာလား"
စန်းရန်က နှုတ်ခမ်းကို လှစ်ခနဲကွေးလိုက်ပြီး ခန္ဓာကိုယ်ကိုခပ်မတ်မတ်ပြန်ထိုင်ကာ သူကိုယ်တိုင်အတွက်ရေတစ်ခွက်ငှဲ့လိုက်၏။ နောက်တွင် မျက်လုံးများကို ဖြေးဖြေးချင်းပင့်ကြည့်လာပြီး ဝိန်းရိဖန်အား စိတ်ရှည်လက်ရှည်ဖြင့်ပြောပြလာခဲ့သည်။
"နောက်ထပ်တစ်ကြိမ် ရှိသေးတယ်"
"အဲ့.."
ဝိန်းရိဖန်တစ်ယောက် မကောင်းသည့်အငွေ့အသက်များခံစားလာမိတော့ကာ ချိတုံချတုံဖြင့်
"အဲ့တစ်ကြိမ်မှာရော ငါ ဘာလုပ်မိလိုက်သေးလဲ"
"ဘာလုပ်လိုက်တာပါလိမ့်"
စန်းရန်က မမှတ်မိတော့သည့်အလား သူမ၏စကားအဆုံးကို ဖြတ်ယူ၍စကားဆိုလိုက်ရင်း
"ကိုယ် စဥ်းစားကြည့်လိုက်ဦးမယ်..."
ဝိန်းရိဖန် ငြိမ်ငြိမ်သက်သက်လေး စောင့်နေမိ၏။ ဤမျှအကြာကြီးစဥ်းစားနေပုံအရ ကြီးကြီးမားမားကိစ္စတော့ မဟုတ်နိုင်လောက်ပေ။
စက္ကန့်ပိုင်းလောက်ကြာပြီးသွားချိန်တွင် စန်းရန်က
"အာ..ကိုယ် သတိရပြီ"
ဝိန်းရိဖန် ;
"ဘာလဲ?"
စန်းရန်က သူမအား အဓိပ္ပါယ်ပေါင်းများစွာဖြင့် လှည့်ကြည့်လာပြီး
"မင်း ရုတ်တရက်ပြေးလာပြီး ကိုယ့်ကို လာဖက်သွားတာ"
"...."
ဝိန်းရိဖန်၏အမူအရာတို့မှာ ရပ်တန့်ကုန်ပြီး ကိုယ့်နားကိုယ် မယုံကြည်နိုင်သည့်အလား
"ဟမ်?..ဘယ်လို?"
အိပ်နေရင်းလမ်းထလျှောက်သည့်ကိစ္စတစ်ခုနှင့်ပင် ရှော့ရပြီးပြီဟု ထင်မှတ်ထားသည့်အချိန်
ပို၍လက်မခံနိုင်စရာကောင်းသည့်ကိစ္စတစ်ရပ်က အနောက်မှာ စောင့်နေသေးကြောင်း မသိခဲ့လေခြင်း။
စန်းရန်က မျက်ခုံးကိုပင့်မြှောက်ပြရင်း
"ပြီးတော့ ကိုယ့်ကို နမ်းသွားသေးတယ်"
(Zawgyi)
ထိုနေ့ထိုအချိန်မှစ။
ထိုမှတဆင့် အဆက်မပြတ်...
------
"...."
"အာ?"
Advertisement
- In Serial251 Chapters
Exploding Attribute System In Douluo Dalu
Someone from Earth reincarnates into Douluo Dalu 1 as someone from the same village as Tang San, Saint Spirit Village. He awakens a system when aged 3. The system enables him to beat up people and get drops from them. He can beat out mental power, Spirit Power, martial spirits, body defence, body strength, agility and flexibility.
8 4153 - In Serial75 Chapters
The Mafia Man's Girl
17 year old Arya Cadel is the sweetest girl you'll ever meet. With a heart full of joy she loves to see the good in people. However, she likes to focus on one thing and one thing only. School. And that's because of her parents.He's mean. He's dangerous. He's cruel.Rome Black is his name. When you hear it, you better run for the hills. But she doesn't. Why?Simply because she loves to see the good in people.What happens when innocence and sinful meet?
8 1763 - In Serial185 Chapters
The Village Girl Who Jinxes Her Husband Is Filthy Rich
SynopsisLin Xinlan, who possessed both spatial and wood manipulation abilities, was betrayed by her boyfriend and best friend. They had drugged her and sent her to a laboratory to become a test specimen all for the sake of a month's worth of food supply. Having suffered both physical and mental torture, she chose to self-destruct, taking the lab researchers down with her! When she woke up again, she found herself in another era as a twelve-year-old girl named Lin Yuelan.When Lin Yuelan was nine years old, a Taoist who had been begging for water asserted that she would grow up to jinx her husband! Rumors spread and the assertion of her jinxing her husband turned into jinxing her parents, to her relatives, then her friends, and eventually she was said to be a jinx of the world. Her grandparents, uncles, and awful relatives were terrified of being jinxed to death, so they resolutely severed ties with nine-year-old Lin Yuelan. They removed her from the family register and made her live on her own. Her foolish father had obeyed the clan's wishes, her mother was a crying mess, and her siblings couldn't do anything to help. Being separated from the family at nine years old, she was given a shabby and shaky little hut, one paddy field, and two dry fields as severance compensation. From then on, the Lin family had nothing to do with Lin Yuelan, and Lin Yuelan became a girl with no background. She warily reached the age of twelve, but accidentally offended the village's bully. The bully's comrade eventually beat her to death, and that allowed Lin Xinlan to transmigrate onto her."I have spatial abilities, and the world will be mine! Watch as I, Lin Xinlan, command authority wherever I go, and become a supreme being!"_______________https://bonnovel.com/manga/the-village-girl-who-jinxes-her-husband-is-filthy-rich-novel/
8 880 - In Serial18 Chapters
Sunset at Han river
Her eyes felt too heavy to open, her head felt like it was cracking and her body felt like it was dead. In the midst of her confusion, Ana could hear voices from afar but could not understand a single word that was being said. "This is what being buried alive must feel like." Feeling like stuck in a bad dream she was starting to panic, she had no clue about what was going on and feared she was no longer in her apartment. The voices in the distance were getting closer as she slowly began to regain control of her body, she could now move her fingers. She heard the people clearly now and still, she could not understand a word. They were speaking in the native language, one she did not speak. She could move her head now and her eyes did not feel so heavy anymore, she opened them in fear and discovered she was alone. She was definitely not in her apartment anymore and she had no idea about where she could be."This is not happening!"
8 156 - In Serial41 Chapters
Love Binds Us (COMPLETED)
Abhimanyu Malhotra and Shivani Khanna had been school mates and best of friends.....But the rejection brought them apart!!!After years both were tied in the knot of marriage....Abhimanyu clearly hates Shivani for what she had done with him in past....But was it really her fault?She was quite yet fierce...With all the blame on her she still manages to smile but that smile hides her own pain and misery.....It's the anger of rejection that made Abhimanyu a totally different man.... That now he hates the person he loved once....LOVED!?One is a stone-hearted and other one is broken soul.....••••••••••••••••••••••••••••••Is it the DESTINY or the LOVE that binded them together ❤️
8 236 - In Serial40 Chapters
The Second Chance (GirlXGirl)
~COMPLETED~Dying young was never Rachel Kidder's plan, especially on the night of graduation. She had just laid everything on the table with her bestfriend, Devon, and after a horrible rejection she faces the fatality of drunk driving. Getting a second chance at life, Rachel does not remember who she used to be, because she isn't Rachel anymore. Getting a second chance is well worth it, but will Rachel's past memories resurface? Along with the undying love for her bestfriend?
8 96

