《First Frost (Myanmar Translation)》Chapter 29
Advertisement
ဝိန်းရိဖန် ; "ငါ မကြောက်...."
စန်းရန်ရှိရာလှမ်းကြည့်နေရင်း သူပြောသွားသည့်စကားများထဲမှ 'လည်း' ဆိုသည့်စကားလုံးကို ချက်ချင်းသတိထားမိလိုက်ကာ သုံးစက္ကန့်မျှအသံတိတ်လိုက်တော့၏။စန်းရန်၏မျက်နှာကိုထောက်ထားပေးလိုခြင်းအလို့ငှာ နောက်ကျန်နေသည့်စကားလုံးကို အတင်းဖြစ်ညှစ်ထုတ်လိုက်တော့သည်။
"....သလားလို့?"
"...."
စန်းရန်က ယခုလို ကြောက်တတ်လိမ့်မည်ဟု ဝိန်းရိဖန်အနေဖြင့် လုံးဝလုံးဝပင် မတွေးထားခဲ့ဖူးပါချေ။
စန်းရန်၏ပုံစံက အမြဲတမ်းအကြောက်အလန့်မရှိသည့်ပုံစံမျိုးဖြစ်ကာ သူမ မှတ်မိသလောက်အရ ဤတစ်ကြိမ်မှာ စန်းရန်အတွက် ပထမဆုံးအကြိမ် သရဲကားကြည့်ဖူးခြင်းလည်း မဟုတ်။
မှတ်ဥာဏ်များထဲတွင် အထက်တန်းပထမနှစ်မှ ကာယအချိန်အား ပြန်အမှတ်ရလိုက်သည်။ ထိုနေ့က မိုးရွာနေခဲ့သဖြင့် ကာယဆရာသည် ကျောင်းတွင်းအားကစားကော်မတီမှတဆင့် အတန်းသားများအား စာသင်ခန်းထဲ၌သာ စာကြည့်နေကြခြင်းဖြစ်ဖြစ် ၊ ရုပ်ရှင်တစ်ခုခုရှာကြည့်နေကြခြင်းဖြစ်ဖြစ် လုပ်နေကြရန် အသိပေးလာခဲ့သည်။
ထိုအချိန်တုန်းက အတန်းထဲရှိ ကွန်ပြူတာမှာ အင်တာနက်မချိတ်ရသေး ၊ ထို့အပြင် ကျောင်းသားတစ်ဦးတည်းထံ၌ ရှိသည့် တစ်ခုတည်းသော USB မှာလည်း သရဲကားတစ်ကားတည်းသာ သိမ်းထားခဲ့ရာ ရွေးချယ်စရာဟူ၍ ဘာဆိုဘာမှမရှိ။ သို့သော် ကျောင်းသားအများစုမှာ စာမကြည့်ချင်ကြသဖြင့် လူနည်းစုလေး၏ငြင်းဆန်မှုကြားမှနေ၍ နောက်ဆုံးတွင် ထိုသရဲကားကြည့်ရန် ရွေးချယ်ဖြစ်ခဲ့ကြသည်။ ထိုအချိန်တွင် ဝိန်းရိဖန်၏နေရာမှာ တတိယလိုင်းတွင်ဖြစ်ပြီး စန်းရန်မှာ စတုတ္ထလိုင်း၏ထောင့်ဖြတ်အနောက်တစ်ခုံတွင်ဖြစ်သည်။
ထိုသရဲကားမှာ သူမကြည့်ဖူးပြီးသား ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေသောကြောင့် ဝိန်းရိဖန်က အိမ်စာများလုပ်နေရင်း တစ်ချက်တစ်ချက်သာ မော့ကြည့်ဖြစ်ခဲ့၏။ မျက်လုံးပင့်ကြည့်မိလိုက်သည့်တစ်ကြိမ်တွင်တော့ ပရိုဂျက်တာပေါ်မှ သရဲမျက်နှာကြီးနှင့် တည့်တိုးဆုံလိုက်မိရာ...
တစ်ချိန်တည်းဆိုသလို အနောက်ခုံများဘက်မှ အာမေဍိတ်သံအကျယ်ကြီးတစ်ချက်လည်း ကြားလိုက်ရတော့၏။
အသံကြားရာ လှမ်းကြည့်မိလိုက်လျှင်
ဖြစ်ချင်တော့ စန်းရန်နှင့် တစ်ခုံတည်းထိုင်သည့်ယောက်ျားလေး။
ထိုအခိုက်အတန့်တွင် ထိုယောက်ျားလေးက သရဲမျက်နှာကြောင့် လန့်ဖြန့်ပြီးနောက်သို့မှီလိုက်ရာမှတဆင့် ထိုင်ခုံလှန်ကျသွားကာ ပြုတ်ကျလုနီးနီးစက္ကန့်ပိုင်းအလိုတွင် ခန္ဓာကိုယ်ဟန်ချက်ကိုပြန်ထိန်းရန်အတွက်လောလောပြာပြာဖြင့် ရမိရရာဆွဲလိုက်သည်မှာ စန်းရန်၏ထိုင်ခုံပင်။
သို့သော် ထိုကောင်လေး၏ခန္ဓာကိုယ်ဝ,နေသောကြောင့် စန်းရန်ကိုပါ နောက်ပြန်လှန်ချသလို ဖြစ်သွားခဲ့တော့သည်။
နှစ်ယောက်သား ပြုတ်ကျသွားသည့်အသံမှာ အုန်းခနဲ။
တစ်တန်းလုံးလည်း အလန့်တကြားဝိုင်းကြည့်လာလျက်။
စန်းရန်၏ပုံစံမှာ ထိုလှုပ်လှုပ်ရှားရှားဖြစ်သွားမှုကြီးကြောင့် လှုပ်နှိုးခံလိုက်ရသလိုဖြစ်သွားပြီး စိတ်ရှုပ်သွားသည့်အလား မျက်မှောင်ကျုံ့ကာ ကြမ်းပြင်ပေါ်မှ ကောက်ထလိုက်၏။
"မင်း ဘာလုပ်တာလဲကွာ"
ကောင်လေးမှာ လန့်ဖြန့်နေဆဲဖြစ်၍
"ငါ-ူး..လန့်လွန်းလို့ သေတော့မယ်"
"...."
ဤစကားကိုကြားလိုက်သည့်အခါ စန်းရန်က ပရိုဂျက်တာကိုတစ်ချက်လှမ်းကြည့်လိုက်ရာ တိုက်တိုက်ဆိုင်ဆိုင် သရဲမက တီဗွီထဲမှတွားသွားပြီးထွက်လာသည့် မြင်ကွင်းနှင့် တည့်တည့်တိုးလေတော့၏။ သူ့မျက်လုံးများက စူးစိုက်ကြည့်နေပြီး အမူအရာက လုံးဝလုံးဝမပြောင်းပါဘဲ
"မင်းမေကြီးတော်..ဒီလောက်လေးနဲ့ လန့်ရလား"
"...."
ဒါဆို အဲ့တုန်းကစန်းရန်က ကြောက်လို့ အိပ်နေတာလား?
အဲ့လိုပဲဖြစ်ဖို့များတယ်...
စန်းရန်က ဆိုဖာပေါ် လက်ပုတ်ပြထားခြင်းကြောင့် ဝိန်းရိဖန်သည်လည်း သဘာဝကျကျ သူ့ဘေးနား၌ ဝင်ထိုင်လိုက်၏။
ဧည့်ခန်းထဲတွင် ရုပ်ရှင်ဇာတ်လမ်းသံမှလွဲ၍ အခြားအပိုအသံဟူ၍ မရှိ။ စန်းရန်၏ခန္ဓာကိုယ်ထက်မှ ရေချိုးဆပ်ပြာရည်နံ့ခပ်သင်းသင်းလေးရနေပြီး ဇာတ်လမ်းကြည့်နေသည့်တစ်လျှောက်လုံးတွင် သူထံမှ မည်သည့်အသံကိုမှ မကြားရပါသော်ငြား သူ့တည်ရှိနေမှုမှာတော့ အတိုင်းအတာတစ်ခုထိပြင်းပြသိသာနေခဲ့သည်။
ဝိန်းရိဖန် ရေနွေးတစ်ခွက်ငှဲ့လိုက်ပြီး ဇာတ်လမ်းဆက်ကြည့်နေလိုက်၏။ သို့သော် ဤတစ်ကြိမ်တွင် အာရုံကောင်းကောင်းစူးစိုက်ထား၍မရနိုင်ခဲ့။
တစ်ခဏကြာသွားပြီးနောက်တွင်တော့ ဝိန်းရိဖန်တစ်ယောက် သူမထိုင်နေသည့်နေရာမှာ ပုံမှန်ထိုင်နေကျနေရာမဟုတ်မှန်းရိပ်မိလိုက်တော့၏။
နှစ်ယောက်သားကြားရှိအကွာအဝေးမှာ ပုံမှန်ထက်ပိုပြီး နီးကပ်နေလျက်။
ဤအကွာအဝေးကြောင့် ဝိန်းရိဖန်တစ်ယောက် မဆီမဆိုင်ဖြင့် ယနေ့ညစူပါမားကတ်၌ စန်းရန်က သူမ၏ဘေးတွင်ရုတ်တရက်ပေါ်လာသည့်ပုံရိပ်အား ပြန်မြင်ယောင်လာမိတော့၏။
အာမေဍိတ်သံတစ်ခု အပြီး...
ဘေးပတ်ပတ်လည်မှအရာအားလုံးနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည့်အလား...
အေးစိမ့်စိမ့်မိုးစက်များကြောင့် ဖြစ်ပေါ်လာသည့်စိုထိုင်းထိုင်းအငွေ့အသက်များက ယောက်ျားတစ်ဦး၏အသက်ရှူငွေ့များဖြင့် ရုတ်ချည်းဖုံးလွှမ်းခံလိုက်ရတော့၏။ သူမ ခေါင်းမော့ပြီးငေးကြည့်မိလိုက်လျှင် မြူခိုးရေငွေ့များကြားမှ စန်းရန်၏မျက်တောင်မွှေးများဟာ တစ်ပင်ချင်းရေတွက်၍ရနိုင်လောက်သည်အထိ ကြည်လင်သန့်စင်....
စန်းရန်၏ရေခွက်ကို လှမ်းယူလိုက်သည့်လှုပ်ရှားမှုကြောင့် သူမ၏အတွေးများဟာတိခနဲပြတ်တောက်သွားရတော့သည်။
အကွာအဝေးမှာလည်း လျှပ်တပြက် ပို၍နီးကပ်သွားသည့်အချိန်။
အကြောင်းအရင်းမရှိပါဘဲ ဝိန်းရိဖန် စိတ်လှုပ်ရှားလာမိကာ ရုတ်တရက် မတ်တပ်ထရပ်ပစ်လိုက်၏။
စန်းရန် မျက်လုံးပင့်ကြည့်လာခဲ့သည်။
သူ့ဘက်မှ စကားမစခင် ဝိန်းရိဖန်က တည်တည်ငြိမ်ငြိမ်ဖြင့်
"ငါ ဒိန်ချဥ်သွားယူမလို့..နင်ရော သောက်ဦးမလား"
"အို့"
စန်းရန်က အကြည့်လွှဲလိုက်၍
"မသောက်တော့ဘူး"
ရေခဲသေတ္တာထဲမှ စတော်ဘယ်ရီဒိန်ချဥ်ဘူးတစ်ဘူး ယူပြီးသည့်အခါ ဧည့်ခန်းထဲ ပြန်လာခဲ့၏။ စန်းရန်က ရေသောက်နေပြီး အကြည့်များက တီဗွီပေါ်၌မဟုတ် ၊ ပုံစံက အေးအေးလူလူမျိုးဖြင့်။ ဝိန်းရိဖန်၏လှမ်းလက်စခြေလှမ်းများက တုံ့ခနဲရပ်သွားပြီး ဦးတည်ရာပြောင်းလိုက်ကာ ပုံမှန်ထိုင်နေကျနေရာ၌သာပြန်ထိုင်လိုက်သည်။
သူ့ဘေးနားတွင် မဟုတ်ပါတော့ပေ။
ရုပ်ရှင်ဇာတ်ကားပြီးသွားသည့်အခါ ဝိန်းရိဖန်က ဇာတ်လမ်းနှင့်ပတ်သတ်သည့်အမြင်များကို ဖလှယ်ကြပြီး ယခုလိုအရာမျိုးလောက်ကို ကြောက်မနေသင့်ကြောင်း စသည့် သူ့မာနကိုထိခိုက်သွားစေမည့်စကားများကိုတော့ သိသိသာသာရှောင်ဖယ်ပြီးပြောခဲ့၏။ နောက်တွင် သူမ၏ပစ္စည်းများကို သိမ်းပြီး အိပ်ခန်းထဲသို့ပြန်လာခဲ့လိုက်တော့သည်။
ညအိပ်ဝတ်စုံလဲပြီးသည့်အချိန်တွင် ယနေ့ညကြည့်ထားသည့် ရုပ်ရှင်ဇာတ်လမ်းအကြောင်းအား မသိလိုက်ပါဘဲအလိုလိုထပ်ပြီး တွေးမိလာခဲ့၏။
Websiteထဲတွင် မုချန်ယွင်၏အကြောင်း ရှာဖွေကြည့်မိခြင်း...
ဝိန်းရိဖန်၏လှုပ်ရှားမှုများမှာ နှေးကွေးလာခဲ့ရင်း ယခုအချိန်မှာမှ သတိထားမိလေတော့၏။
တိုက်ဆိုင်မှုတစ်ခုဟု ထင်ရပါသော်လည်း...
မဟုတ်မှလွဲ စန်းရန်က မုချန်ယွင်အကြောင်းရှာကြည့်ထားသည်ကို တွေ့သွားခဲ့၍ ယခုရုပ်ရှင်ကားကို ရှာကြည့်နေခြင်းလား?..
နောက်တစ်က္ကန့်တွင် ဝိန်းရိဖန်က စန်းရန် ရေချိုးပြီးခါစတုန်းက ပြောသည့်စကားကို ပြန်ကြားယောင်လာမိပြန်တော့၏။
---"သရဲကားတစ်ကားလောက် ညွှန်းကြည့်..အိပ်ချင်စိတ်ဖြစ်လာတာမျိုး"
ဝိန်းရိဖန် ကြောင်အမ်းမိသွားကာ ပေါက်ကရအတွေးများကို ချက်ချင်းရပ်ပစ်လိုက်တော့သည်။
-----
နောက်တစ်နေ့တွင်။
ဝိန်းရိဖန်က အဝတ်အစားလဲပြီး မနက်စာစားရန်အတွက် ဧည့်ခန်းထဲသို့ ထွက်လာခဲ့၏။ ကော်ဖီစားပွဲအောက်မှ နို့မှုန့်ကို ထုတ်ယူလိုက်သည့်အချိန် ဘေးနေရာမှ ဆိုဖာတွင် လစ်လပ်နေကြောင်း မျက်ဝန်းထောင့်မှတဆင့်ဖမ်းကြည့်မိလိုက်ကာ ကျင့်သားမရသည့်ခံစားချက်တစ်ခု ဖြစ်တည်လာခဲ့ရသည်။
Advertisement
နှစ်ယောက်သား အိမ်ခန်းမျှနေကြသည့် ဤအချိန်များအတွင်းတွင် စန်းရန်၏နေ့စဥ်လုပ်ငန်းဆောင်တာများက ပုံသေမဟုတ်မှန်း သတိထားမိခဲ့ပါသည်။ သူ့အိပ်ချိန်များက စောလည်းစောတတ်သလို နောက်ကျလေ့လည်းရှိကာ တစ်ခါတစ်ရံ နေ့လည်ခင်း၌ပင် အိပ်နေတတ်သေးသည်။ သို့သည့်တိုင် ဘယ်လောက်ထိညနက်နောက်ကျပြီးမှအိပ်သည်ဖြစ်စေ မနက်စောစော ထလာလေ့ရှိစမြဲ။
နေ့တိုင်းနေ့တိုင်း ဝိန်းရိဖန် အိပ်ခန်းထဲမှထွက်လာသည့်အချိန်တွင် စန်းရန်က အိပ်ချင်မူးတူးဖြင့် ဆိုဖာပေါ်လှဲထိုင်ပြီး ဖုန်းကစားနေတတ်သည်။
အိပ်ငိုက်ပြီး ပျင်းရိနေသည့်ပုံစံမျိုးပင်။
အရင်တစ်ခေါက် ဝမ်လင်လင်နှင့်အချိန်ကြာကြာမနေဖြစ်ခဲ့ကြောင့် ဝိန်းရိဖန်အနေဖြင့် အထူးတလည်ခံစားမိခဲ့ခြင်းမရှိသော်ငြား ယခုအချိန်တွင်တော့ ဝိန်းရိဖန်သည် နောက်ထပ်တစ်လလောက်နေလျှင် စန်းရန် ပြောင်းသွားတော့မည့်အကြောင်း ၊ သူမအနေဖြင့် အိမ်ခန်းငှားဖော်အသစ်နှင့်သင့်တင့်လျောက်ပတ်အောင် နေရဦးမည်ဖြစ်ကြောင်း တွေးမိကာ စိတ်ခံစားချက်များက အနည်းငယ်ဂဏာမငြိမ်ဖြစ်လာရတော့သည်။
'မပျော်ရွှင်ဘူး'ဆိုသည့် စကားမျိုးလည်း သုံး၍မရသလို မည်သို့ဖော်ပြရမည်မှန်းလည်း မသိပါပေ။
ဝိန်းရိဖန် မျက်တောင်ခတ်လိုက်မိ၏။
သည်လိုဖြစ်ရခြင်းမှာ ပုံမှန်သဘာဝပင်...
ဘယ်လိုပင်ဖြစ်စေ နှစ်လကျော်ကျော် အတူတူနေခဲ့ကြသည်မဟုတ်လား...
ပထမဆုံးအကြိမ်လည်းဖြစ်နေတာကြောင့် နောက်တစ်ခါ အိမ်ခန်းငှားဖော်နှင့်လမ်းခွဲကြသည့်အခါမျိုးတွေမှာ လိုက်လျောညီထွေဖြစ်၍နေသားကျသွားအောင် အမြန်ဆုံးအတွေ့အကြုံယူသွားနိုင်ပါလိမ့်မည်။
မီးဖိုချောင်ထဲဝင်လာပြီး မီးကင်စက်သုံးရင်း ပေါင်မုန့်သုံးလေးချပ်ကင်လိုက်၏။ ထမင်းစားပွဲဆီသို့ လျှောက်လာသည့်အချိန် ရေချိုးခန်းထဲမှထွက်လာသည့်စန်းရန်ကို မြင်လိုက်ရပြီး အခုလေးတင်မှ မျက်နှာသစ်ပြီးပုံရကာ မျက်နှာတစ်ခုလုံး စိုနေလေသည်။
ထမင်းစားပွဲမှဖြတ်သွားသည့်အချိန်တွင် စန်းရန်က သူမ၏မနက်စာအား လှမ်းကြည့်သွားသေး၏။
ဝိန်းရိဖန်က ယဥ်ကျေးသမှုဖြင့်
"နင် စားဦးမလား"
"အာ.."
စန်းရန်၏ခြေလှမ်းများက ချက်ချင်းရပ်သွားပြီး အားမနာတမ်း ကုလားထိုင်ဆွဲယူပြီး ထိုင်လိုက်၏။
"ဒါဆိုရင်တော့ ကျေးဇူးပါပဲ"
"...."
သူမရှေ့တွင်ချထားသည့် နွားနို့ခွက်ကိုလှမ်းကြည့်ရင်း စားသောက်ဆိုင်၌ အမှာစာတင်နေသည့်အလား စန်းရန်က စားပွဲကိုခေါက်၍
"နွားနို့လည်း တစ်ခွက်ယူမယ်..ကျေးဇူး"
ဝိန်းရိဖန် ; "...."
ဘယ်လိုပင်ဖြစ်ဖြစ် ကြီးကြီးမားမားကိစ္စလည်းမဟုတ်သည့်အတွက် ဝိန်းရိဖန်က ကော်ဖီစားပွဲဆီသို့ပြန်လျှောက်ကာ ကျန်နေသည့်ရေနွေးဖြင့် နို့မှုန့်တစ်ခွက်ဖျော်ပေးလိုက်၏။ ဖန်ခွက်အား မယူတော့မည့်အခိုက်တွင် စန်းရန်က နေရာမှထ၍ ကော်ဖီစားပွဲဆီသို့လျှောက်လာကာ သစ်သီးစီရီယယ်တစ်ထုပ်ကို လှမ်းယူလိုက်သည်။
အထုပ်ကိုဖောက် ၊ သူ့နွားနို့ခွက်ကိုယူပြီး ထမင်းစားပွဲဆီပြန်လျှောက်သွားပြန်သည်။
ဝိန်းရိဖန်က ကြောင်အမ်း၍ကြည့်နေရင်း သူ့နောက်မှလိုက်လာခဲ့၏။
နှစ်ယောက်သား၏ထိုင်ခုံနေရာချထားပုံမှာ ဘေးချင်းကပ်ရပ်။
ဖန်ခွက်များကလည်း ဘေးချင်းယှဥ်ထားလျက်။
ဝိန်းရိဖန် ထိုင်လိုက်သည့်အချိန်တွင်တော့ သူမဘေးရှိ စန်းရန်မှာ မတ်တပ်ရပ်နေဆဲဖြစ်ပြီး အထုပ်ထဲမှ စီရီယယ်များအား သူမ၏ဖန်ခွက်ထဲသို့ ဇွန်းဖြင့်ခပ်ထည့်ပေးနေလေသည်။ ဝိန်းရိဖန် ခေါင်းမော့ကြည့်လိုက်၍
"နင် ခွက်မှားနေပြီ"
စန်းရန်က 'အမ်' ဟု အသံတစ်ချက်ပြုပြီးမှသတိရသွားသည့်ပုံစံမျိုးဖြင့် သူ့ဖန်ခွက်ထဲသို့ စီရီယယ် သွန်ထည့်လိုက်၏။
အခုလေးတင်မှနိုးလာသည့်အတွက် စိတ်ကြည်ကြည်လင်လင်ဖြစ်ပုံမရသေးသည်ဟု တွေးလိုက်ပြီး ဝိန်းရိဖန်က အာရုံသိပ်မစိုက်ဖြစ်ပေ။ ဖန်ခွက်အား ဇွန်းဖြင့်မွှေလိုက်ပြီး စီရီယယ်ပါသည့်နွားနို့အား မော့သောက်လိုက်တော့၏။
"နင် အိမ်ပြင်တဲ့ဘက်ကိုမေးပြီးသွားပြီလား"
"ဟိုဘက်က ဖုန်းမကိုင်ဘူး..နောက်နှစ်ရက်နေရင် ကိုယ်တိုင်သွားကြည့်မလို့"
ဝိန်းရိဖန်က စကားအဖြစ်သာပြောခြင်းဖြစ်သည့်အတွက် စိတ်လောနေခြင်းမရှိ၏။
"အင်း"
---------
အင်္ဂါနေ့မနက်ခင်းတွင်။
ဝိန်းရိဖန် အလုပ်သွားဖို့အတွက် အပြင်ထွက်လာခဲ့သည်။ မြေအောက်ရထားဂိတ်၌စောင့်နေရင်း လက်ကိုင်ဖုန်းအား ကြည့်မိသည့်အချိန် ကျောက်ယွမ့်တုံပို့ထားသည့် မက်ဆေ့များကို မြင်လိုက်ရသည်။
ကျောက်ယွမ့်တုံအိမ်မှ ပြန်လာခဲ့သည့်နေ့ကတည်းက ဝိန်းရိဖန်ထံသို့ မက်ဆေ့ပေါင်းစွာ ပို့ခဲ့ခြင်းဖြစ်သည်။ ကျောက်ယွမ့်တုံဘက်မှ မလုပ်ရဲခြင်းကြောင့်လည်းဖြစ်နိုင်ကာ ဖုန်းခေါ်ဆိုလာမှုမရှိပါဘဲ စကားလုံးများဖြင့်သာ အခြေအနေကို ရှင်းပြနေခဲ့ခြင်းဖြစ်သည်။
ဝိန်းရိဖန် စာပြန်ခြင်းမရှိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စိတ်ရှုပ်လာရကာ မက်ဆေ့ဘောက်အား အသံပိတ်ထား၏။
မြေအောက်ရထားရောက်သည့်အချိန်တွင် ဝိန်းရိဖန်က အိတ်ကပ်ထဲသို့ ဖုန်းပြန်ထည့်လိုက်ကာ နေရာယူပြီးပြီးချင်းပင် ဖုန်းသံမြည်လာခဲ့၏။ ခေါ်ဆိုသူနံပါတ်က နန်းဝူမြို့နံပါတ်ဖြစ်နေသည့်အတွက် လက်ခံဖြေဆိုလိုက်၏။
"မင်္ဂလာပါ..ကျေးဇူးပြု၍ လူကြီးမင်းက..?"
"ရွှမ်းကျန့်..ဒေါ်လေးပါ"
ချယ်ယန့်ချင်၏ မြူးမြူးထူးထူးအသံက ဖုန်းတစ်ဖက်မှထွက်ပေါ်လာပြီး
"ဒီကလေးမလေးကတော့ တကယ်ပါပဲ..တကယ်လို့သာ အဲ့နေ့က မတွေ့ဖြစ်ခဲ့ကြရင် သမီးရင်ထဲမှာ ဒေါ်လေးကို အဲ့လောက်ထိအပြစ်မြင်နေမယ်မှန်း ဒေါ်လေးသိမှာမဟုတ်ဘူး..ဒေါ်လေးတို့ စကားကောင်းကောင်းပဲပြောကြရအောင်..ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လေးက သမီးကို နှစ်တွေအကြာကြီး စောင့်ရှောက်ပေးခဲ့တာပဲလေ..ပြီးတော့ အဲ့ဒါတွေအားလုံးကလည်း သမီးဘက်က အထင်လွှဲ...."
"...."
ဝိန်းရိဖန်က အဆုံးထိနားမထောင်ဘဲ ဖုန်းချပစ်ကာ တစ်ခါတည်း Blacklist ထဲထည့်ပစ်လိုက်၏။
ဝိန်းရိဖန် ယီဟဲတက္ကသိုလ်တက်နေသည့်နှစ်များမှစ နန်းဝူမြို့သို့ အလုပ်လုပ်ရန်ပြန်ရောက်လာသည့်အချိန်ထိ ကြားကာလထဲတွင် ဖုန်းနံပါတ်ပေါင်းများစွာပြောင်းခဲ့ရပြီးပြီ။ ယခုလိုလုပ်ထားခြင်းကြောင့်လည်း ချယ်ယန့်ချင်က သူမထံသို့ ဆက်သွယ်ဖို့ရာ နည်းလမ်းမရှိနိုင်ပေ။
ထို့ကြောင့် ဤဖုန်းနံပါတ်ရနိုင်မည့်တစ်ခုတည်းသောလမ်းမှာ ကျောက်ယွမ့်တုံပေးမှသာ ချယ်ယန့်ချင်ထံရောက်မည်ဖြစ်၏။
ချယ်ယန့်ချင်က နန်းဝူ၌ ဘယ်လောက်ကြာကြာနေပြီးမှ ပေယွီသို့ ပြန်မည်မှန်းလည်းမသိ ၊ ဝိန်းရိဖန်စိတ်ထဲ မတင်မကျဖြင့်စိတ်ရှုပ်လာရသဖြင့် စိတ်ခံစားချက်ကိုအမြန်ထိန်းပြီး အတွေးမလွန်စေရန်ကြိုးစားလိုက်သည်။
နန်းဝူက မြို့ကြီးဖြစ်သည့်အတွက် အမှတ်တမဲ့တွေ့နိုင်သည့်တိုက်ဆိုင်မှုမျိုးမှာ အခွင့်နည်းနည်းလေးသာ ရှိမည်လည်းဖြစ်၏။
ထို့အပြင် နန်းဝူမြို့သို့ ပြန်ရောက်ပြီးသည့်နောက် ဝိန်းရိဖန်အနေဖြင့် ကျောက်ယွမ့်တုံအား သူမ၏လက်ရှိအခြေအနေ ၊ နေရပ်လိပ်စာနှင့် အလုပ်ဌာနများအား ဘာမှမပြောပြထားသည့်အတွက် သူတို့ဘက်မှရှာတွေ့သွားနိုင်ဖို့ရာလည်း မလွယ်နိုင်ချေ။
ဝိန်းရိဖန်အတွက်တော့ ဤဇာတ်ကွက်ဟာ အရေးမပါသည့်ဇာတ်ဝင်ခန်းတစ်ခုအဖြစ် သတ်မှတ်လိုက်တော့၏။
ဌာနသို့ရောက်လာပြီး နေရာ၌ထိုင်လိုက်လိုက်ချင်းပင် ဖုကျွမ့်က အနားသို့ပြေးလာပြီး
"ရိဖန်ကျဲ..ကျန့်လောင်ရှစ် အလုပ်ထွက်သွားပြီ"
"ကျန့်လောင်ရှစ်?..အခုတလော ဘာလို့ လူတွေအများကြီးအလုပ်ထွက်ကုန်ကြတာလဲ"
ဝါရင့်သတင်းထောက်တစ်ဦးက အပူထိန်းခွက်ကိုကိုင်ထားရင်း အနားမှဖြတ်လျှောက်သွားသည့်အခိုက်တွင် ဝိန်းရိဖန်၏စကားကိုကြားလိုက်ပြီး စကားအမှန်ပြင်ပေးရန်ရောက်လာခဲ့၏။
"လူတွေက အမြဲတမ်း အလုပ်ထွက်နေကြတာပါ"
Advertisement
ထို့နောက် ဗုဒ္ဓ၏အလယ်အလတ်လမ်းစဥ်နောက်သို့ လိုက်ပါစီးမျောသွားပါတော့၏။
"...."
ဖုကျွမ့် ;
"ဟုတ်တယ်နော်..ကျွန်တော် ရောက်လာပြီးတဲ့နောက်မှာကို ဘယ်နှယောက်လောက် အလုပ်ထွက်သွားကြပြီးပြီလဲ..အရင်နှစ်က 'လင်ကျဲ' အလုပ်ထွက်သွားတာမလား..ပြီးတော့ သိပ်မကြာခင်က 'ချန်ကော' လည်းထွက်သွားသေးတယ်..အခုတလော အဖွဲ့ထဲမှာ လူအင်အားနည်းနေပြီ..ကျွန်တော် ခုဏလေးကမှ ဒါရိုက်တာပြောနေတာကို ခိုးနားထောင်လာသေးတယ်..ကြည့်ရတာ လူသစ်ထပ်ခေါ်တော့မှာလားမသိဘူး"
ဝိန်းရိဖန် ;
"အဲ့လိုဆို ပိုတောင်ကောင်းသေးတာပေါ့"
"အတွေ့အကြုံရှိတဲ့သူရော ကျောင်းဘက်ကလူရောခေါ်လောက်မယ်ထင်တာပဲ..ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို ကျွန်တော် နန်းဝူရုပ်မြင်သံကြားဌာနမှာ အလုပ်သင်ဆင်းနေမှန်းသတင်းကြားလို့ဆိုပြီး လွန်ခဲ့တဲ့ရက်ကတောင် လူသစ်ခေါ်သေးလား မေးနေသေးတယ်"
"ဒါဆို သူ့ကို အကြောင်းပြန်ပေးလိုက်လေ"
ဖုကျွမ့် ;
"ကျွန်တော် သူ့ကို ပြောတောင်ပြောပြပြီးလို့ အင်တာဗျူးဖြေဖို့တောင် ပြင်ဆင်နေလောက်ပြီ"
နှစ်ဦးသား စကားအနည်းငယ်ဆက်ပြောပြီးနောက်တွင်တော့ စကားစဖြတ်လိုက်ကာ ကွန်ပြူတာကိုယ်စီဖွင့်ပြီး အလုပ်လုပ်ကြတော့သည်။
အလုပ်ရှုပ်သည့်တစ်နေ့တာအပြီး ဝိန်းရိဖန် အိမ်ပြန်ရောက်သည့်အချိန်တွင် ည ၁၀နာရီပင် ထိုးနေပြီ။
မည်းမှောင်ပြီးတိတ်ဆိတ်နေသည့်အိမ်ခန်းအား မီးဖွင့်လိုက်ချင်းပင် ဝိန်းရိဖန်၏ဖုန်းမက်ဆေ့သံမြည်လာခဲ့၏။ ဖွင့်ကြည့်လိုက်လျှင် Wechat မှတဆင့် စာပို့လာသည့်သူမှာ စန်းရန် ;
[ နောက်ကျမှပြန်ရောက်မယ် ]
ဝိန်းရိဖန် ; [ ကောင်းပြီ ]
------
ဘားထဲ၌ ကိစ္စအနည်းငယ်ပေါ်လာသဖြင့် ည ၂နာရီထိုးသည့်အချိန်မှသာ စန်းရန် အိမ်ပြန်ရောက်လာခဲ့၏။ ငြင်ငြင်သာသာလှုပ်ရှား၍ဝင်လာပြီး အိမ်တံခါးကိုလည်း အသာအယာပြန်ပိတ်လိုက်သည်။ အိမ်အဝင်ဝမှလှမ်းကြည့်လိုက်လျှင် စင်္ကြံလမ်း မီးလုံးသာ ဖွင့်ထားပြီး ဧည့်ခန်းထဲမှမီးချောင်းအားလုံး မှိတ်ထားသည်။
စန်းရန်က မီးမဖွင့်ဘဲ မီးဖိုချောင်ထဲသို့တိုက်ရိုက်ဝင်သွားကာ ရေခဲရေတစ်ဘူးယူပြီး ဧည့်ခန်းဆီသို့ ပြန်လျှောက်လာခဲ့သည်။
ရေဘူးအဖုံး ဖွင့်ဖွင့်လိုက်ချင်းတွင်။
အိပ်ခန်းကြီးဘက်မှတံခါးဖွင့်သံကို ကြားလိုက်ရသည်။
စန်းရန်၏မျက်ခုံးများ ပင့်မြှောက်သွားခဲ့ကာ သိပ်မကြာလိုက်ခင်အတွင်း ညအိပ်ဝတ်စုံဝတ်ထားသည့်ဝိန်းရိဖန်မှာ သူ့မြင်ကွင်းထဲ ပေါ်လာခဲ့၏။ စကားတစ်ခွန်းမဆို ၊ မည်သည့်အမူအရာမျိုးမှမပါသည့်မျက်နှာဖြင့် ဆိုဖာဘက်သို့လျှောက်လာကာ ငြိမ်ငြိမ်လေးထိုင်နေလေသည်။
"...."
မြင်နေရသူ စန်းရန်အတွက် အနည်းငယ်ကသိကအောက်နိုင်လာသဖြင့် ဝိန်းရိဖန်အား လှမ်းကြည့်ပြီး
"မင်း ဘာလုပ်နေတာလဲ"
ဝိန်းရိဖန်ထံမှ စကားတစ်ခွန်း ပြန်မလာ။
စန်းရန်က ဆက်၍
"အိပ်မပျော်လို့လား"
ကြည့်ရသည်မှာ သူမထံမှ 'အင်း' ဆိုသည့်အသံတိုးတိုးလေးတစ်ခု ထွက်လာသလိုလို။
"ဒါဆို မီးသွားဖွင့်လိုက်လေ"
စန်းရန်က ဆိုဖာပေါ်လှဲမှီလိုက်ရင်း သူမကိုကြည့်နေရသည်မှာလည်း တစ်ခုခုမူမမှန်သလိုခံစားမိနေကာ
"မင်း ကိုယ့်ကို အထူးတလည် ထွက်လာကြိုဖို့မလိုပါဘူးကွာ..ညသန်းခေါင်ကြီးမှာ လူကိုလန့်အောင်လို့..."
သူ့စကားမဆုံးခင် ဝိန်းရိဖန်က မတ်တပ်ထရပ်လိုက်၏။
သူ့အထင်တွင် ဝိန်းရိဖန်က စကားနားထောင်ပြီးမီးသွားဖွင့်မည်ဟု ထင်နေမိကာ စန်းရန်က ကျန်နေသည့်စကားတို့ကိုဆက်မပြောတော့ဘဲ ရေသောက်ရင်း လှမ်းကြည့်နေလိုက်၏။ မထင်မှတ်ထားသည့်အတိုင်း ဝိန်းရိဖန်က သူ့စကားအား လေအဖြစ်သာသတ်မှတ်ထားပုံရ၍ တစ်ဖက်သို့လှည့်ပြီး အိပ်ခန်းဆီသို့ ဦးတည်လျှောက်သွားခဲ့သည်။
တူနေသည်မှာ စိတ်ဝိဥာဥ်လွင့်နေသည့်ပုံစံမျိုးနှင့်။
နောက်ဆယ်စက္ကန့်တွင် စင်္ကြံလမ်းဘက်မှ အိပ်ခန်းတံခါးပိတ်သံကိုကြားလိုက်ရ၏။
"...."
စန်းရန် ; "?"
နောက်တစ်နေ့သည်ကား ပိတ်ရက်ဖြစ်သည့်အတွက် ဝိန်းရိဖန်တစ်ယောက် အိပ်ရာနိုးနိုးချင်းမထသေး။
အိပ်ရာထက်၌ နာရီပိုင်းကြာသည်အထိ လူးလိမ့်နေလိုက်သေးသည်။
အချိန်ကျသည့်အခါတွင်မှ အိမ်ရာထပြီး ကျုံးစစ်ချောင်နှင့်သွားတွေ့ရန် ရေချိုးသန့်စင်အဝတ်အစားလဲလိုက်သည်။
သိပ်မကြာခင်ရက်များတုန်းက ကျုံးစစ်ချောင်ဘက်မှ သူမ၏ပိတ်ရက်တွင် နှစ်ယောက်တည်းအပြင်လျှောက်လည်ရန် အချိန်းအချက်ပြုထားခဲ့သည်။ အိမ်အဝင်ဝသို့ရောက်ပြီး ဖိနပ်စီးကာ အပြင်ထွက်တော့မည့်အချိန်တွင် မီးဖိုချောင်ထဲမှထွက်လာသည့် စန်းရန်က သူမ၏မြင်ကွင်းထဲသို့ သိသိသာသာရောက်လာခဲ့၏။ ဗြောင်ကျကျမျက်နှာအမူအရာမျိုးဖြင့် လာရပ်နေသည့်သူ၏မျက်ဝန်းက အဓိပ္ပါယ်ပါပါဖြင့်လှမ်းကြည့်နေပြီး သူမထံမှ စကားတစ်ခွန်းခွန်းကိုစောင့်နေသည့်ပုံစံမျိုးပင်။
ဝိန်းရိဖန်က အိမ်သော့ကိုလှမ်းယူရင်း
"နင် မနေ့က ဘယ်အချိန်ပြန်ရောက်တာလဲ"
စန်းရန်က မျက်မှောင်ကျုံ့၍
"မင်း မသိဘူးလား"
"မသိဘူးလေ"
စန်းရန်၏ပုံစံက ထူးဆန်းသလိုဖြစ်နေသည်ဟု ခံစားနေမိရင်း ဝိန်းရိဖန် ရှင်းပြလိုက်၏။
"ငါ မနေ့ညက စောစောအိပ်တာမလို့ နင် ပြန်လာတဲ့အသံကို မကြားလိုက်ဘူး"
"...."
တစ်ဖက်လူက ဘာမှပြန်မပြောလာသည့်အတွက် ဝိန်းရိဖန်က အိမ်တံခါးဖွင့်ရင်း
"ဒါဆို ငါ အပြင်သွားပြီနော်"
စန်းရန်က တစ်စုံတစ်ခုကိုတွေးနေသည့်အလား ငြိမ်သက်နေကာ စက္ကန့်ပိုင်းကြာပြီးမှ သူမအား ပြန်လှမ်းကြည့်လာပြီး 'အင်း' ဟုသာအထိုက်အလျောက်ပြန်ဖြေလာခဲ့သည်။
-------
ဝိန်းရိဖန် နှင့် ကျုံးစစ်ချောင်တို့ ဆုံသွားခဲ့သည်မှာ မြေအောက်ရထားဂိတ်တွင်။
နှစ်ယောက်စလုံး နေ့လည်စာမစားရသေးသဖြင့် အနီးဆုံးခေါက်ဆွဲဆိုင်တစ်ဆိုင်၌သာ နေ့လည်စာဝင်စားလိုက်ကြသည်။ ခေါက်ဆွဲစောင့်နေသည့်အချိန်အတွင်း ဝိန်းရိဖန်က အိတ်ထဲသယ်လာသည့် လက်မှတ်စာအုပ်ကို ထုတ်လိုက်၍
"နင် ဒီသရုပ်ဆောင်ကို သိလား"
ကျုံးစစ်ချောင်က လှမ်းယူကာ အချိန်အတော်ကြာစိုက်ကြည့်နေပြီးမှ
"ဘာစာလုံးတွေလဲ?"
"...."
ဝိန်းရိဖန် ;
"မုချန်ယွင်"
"မသိဘူး"
"ဒီတစ်ခုကို ငါအရင်တစ်ခေါက် အင်တာဗျူးလိုက်ရင်းနဲ့ရခဲ့တာ..အဲ့တစ်ယောက်က ငါ့ကို သူ့ Fan လို့ထင်ပြီး လက်မှတ်ထိုးပေးလိုက်တယ်လေ"
ဝိန်းရိဖန်က ဆက်၍
"ငါ နောက်မှ ရှာကြည့်လိုက်တော့ 《အိပ်မက်ကအနိုးမှာ သရဲအတွေ့》ဇာတ်လမ်းထဲက သရဲကောင် ဖြစ်နေတာ"
"《အိပ်မက်ကအနိုးမှာ သရဲအတွေ့》ထဲက သရဲကောင်?"
ကျုံးစစ်ချောင်က တဟားဟားအော်ရယ်လိုက်ပြီး
"ဒါဆို အသက်သုံးဆယ့်ရှစ်နှစ်လောက်ရှိမယ့် သရုပ်ဆောင်ကြီးပေါ့"
ဝိန်းရိဖန်က သက်ပြင်းချလိုက်၏။
"သူများက စေတနာနဲ့လက်မှတ်ထိုးပေးထားတာကို လွှင့်ပစ်လိုက်လို့လည်းမကောင်းဘူး..အင်းပါ..ငါ့ဟာငါ စာအုပ်အသစ်ပြောင်းသုံးလိုက်တော့မယ်"
နှစ်ဦးသားက စကားခေါင်းစဥ်တစ်ခုပြီးတစ်ခုပြောင်းသွားကာ စကားပြောလုံးဝမပြတ်။
"ဒါနဲ့..."
ကျုံးစစ်ချောင်က စကားအစချီလိုက်၏။
"ရှေ့ရက်တုန်းက ငါ့တူလေး အဖျားကြီးလို့ဆိုပြီး ငါ့ယောင်းမနဲ့အတူ ဆေးရုံသွားပြခဲ့ကြသေးတယ်..အဲ့တုန်းက ငါ ဘယ်သူနဲ့တွေ့ခဲ့တယ်လို့ထင်လဲ"
"ဘယ်သူနဲ့တွေ့တာလဲ"
"ငါ 'ချွေးကျင့်ယွီ' နဲ့တွေ့တာပါဆို..အဲ့ဒါနဲ့ ငါတို့နှစ်ယောက် ခဏလောက်စကားပြောဖြစ်ကြသေးတယ်..အခု သူ(မ) အိမ်ထောင်ကျပြီးသွားလို့ ဒုတိယကလေးတောင်ရနေပြီ"
ကျုံးစစ်ချောင်က အချိန်ကုန်မြန်လွန်းသည့်အကြောင်းတွေးကာ သက်ပြင်းချ၍
"သူနဲ့ပတ်သတ်ပြီး ငါ ကောင်းကောင်းကြီးမှတ်မိနေတာတစ်ခုက သူ အထက်တန်းတုန်းက စန်းရန်ကို သေလောက်အောင်သဘောကျတာကိုပဲ..အသည်းအသန်လည်း လိုက်တာလေ"
ဝိန်းရိဖန်သည်လည်း ထိုတစ်ယောက်နှင့်ပတ်သတ်၍ မှတ်မှတ်ရရရှိခဲ့ဖူးပါသည်။
"အိုင်း..ဒီကိစ္စကိုပြောရင်း ငါ အရမ်းသိချင်တဲ့ကိစ္စတစ်ခုလည်းရှိသေးတယ်..ငါ နင့်ကို ဘယ်တုန်းကမှလည်းမမေးခဲ့ဖူးတဲ့မေးခွန်းတစ်ခုပေါ့"
ဝိန်းရိဖန် ;
"ဘာလဲ"
"နင် အရင်တုန်းက တကယ်ကြီး စန်းရန်ကို လုံးဝ သဘောမကျခဲ့ဖူးတာလား"
"...."
ဝိန်းရိဖန် ရုတ်တရက်ကြောင်အမ်းသွားရင်း
"ဘာဖြစ်လို့မေးတာလဲ"
"ဘာဖြစ်လို့လဲဆို စန်းရန်က ချောလို့လေဟာ..ပြီးတော့ မျက်လုံးထဲ အကြည့်ခံတဲ့ပုံစံမျိုး"
ကျုံးစစ်ချောင်က ပါးနှစ်ဖက်က်ို ဖိအုပ်၍
"ပြီးတော့လည်း ငါ သူနဲ့စကားအများကြီးမပြောခဲ့ဖူးပေမယ့် သူ နင့်ကို အရမ်းသဘောကျတာကိုတော့ ငါသိတယ်..နင့်ကိုဆို အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံပေးတာ"
ဤစကားတစ်ခွန်း အပြင် ခုဏလေးက ကျုံးစစ်ချောင်ပြောလိုက်သည့် အမည်နာမတစ်ခု တို့ကြောင့် ဝိန်းရိဖန် တစ်ခဏစာ မိန်းမောတွေဝေသွားရတော့သည်။
အတွေးများကလည်း အတိတ်မှပုံရိပ်များဆီသို့ ဦးဆောင်ဆွဲခေါ်ခံလိုက်ရ၏။
Advertisement
- In Serial185 Chapters
Onyx Lycan Nightclub
[18+] A Lycan's favourite meal is a fresh virgin mortal. If you dare visit the Onyx Lycan Nightclub in Dire Wolf City, it's just a matter of time before you fall to a Lycan's deadly wolf charm.Contract to Entry: Onyx Requirements. No panties, dispose of them at the front. Swallowing isn't optional. If you die it's not our fucking fault. Signed, Lycans of Dire Wolf City. Your signature, blank space.WARNING:HEAVY ADULT CONTENTHORROR-ROMANCEEROTICA
8 410 - In Serial35 Chapters
Alien Affair
Mira, dripping wet from head to toe, gazed at the alien man before her and all she wanted to do was taste his lips again."Mira, are you hurt?" He repeated, growing more concerned with every passing moment."No," her voice was barely a whisper, and she threw her arms around him, her lips colliding with his. The towel slipped from her body and she no longer cared. All she cared about was the taste of him, the feeling of his hands on her skin, the smell of his short brown hair. She wrapped herself around him on the bathroom floor, and she was fully prepared to give into temptation when he stopped her."Mira," he pushed up on her hips, her name a groan on his lips. "Wait." She lifted herself off of him, a bolt of rejection striking through her like lightning.She sat up grabbing for the towel. "Sorry," she said, feeling destroyed with embarrassment."I just want to make sure you didn't hit your head," he chuckled a little, holding out a hand to tuck her wet strands of hair behind her ear."I'm fine," she said. His gaze darkened. "You sure you want to do this?" He asked.****MATURE CONTENT EROTIC/SEXUAL CONTENT For ages 18+ ONLY
8 560 - In Serial18 Chapters
The Girl He Used To Know - An UnderCurrent Story
Pierre Havelock is an author, atleast now he is. In truth 3 decades ago Pierre was dragged across space & time only to land on our boring old earth.So when one of his 'characters', a girl based on someone he once knew in his past life, appears before him - Pierre is less than best pleased. He is even less happy when said girl decides to make his house her new home! __Now on Royal-Road! ‘The Girl he Used To Know’ began life when I came across a rather silly prompt on a web-novel site I was using; "Theme: My 2D waifu is now my real life Valentine's!?"Well with a title like that I couldn’t help but be interested by the idea of leaving my usual writing niche and trying something a bit more novel. Tying it loosely back to my main series ‘UnderCurrent’, ‘GUK’ was born as a standalone romance novella which you are now holding, styled with Japanese tropes in mind from a more western perspective.I hope you will find this to be an interesting and fun read - Designed with the intent of being a somewhat contemplative and ‘cosy’ story - Whatever the case I thank you for picking it up and giving it a once over.- Momentie __I adapted Draft 2 to audio - I can't voice act, or edit, yet I kinda like it & find it personally the best way to enjoy the story😂 - https://youtu.be/kNWiSiZU53U
8 323 - In Serial75 Chapters
Seme!Male!Reader x Uke!Male!Insert
Basically it's you (the seme) and whom ever you want as your uke. Whether it be your long time crush or just a fictional character, it's all up to you.ATTENTION! There will be smut and fluff and boy x boy (hence the seme and uke) so read at your own risk!#1 in Random thoughts, December 2020.
8 240 - In Serial57 Chapters
Sweet little imperfections
Brooke Farewell is the poster child that every mother wishes to have. She is an A honor roll student, co captain of the cheer team, and of course the perfect daughter. Brooke is all in all perfect.Along with being the perfect daughter she's also the perfect girlfriend. Fin is Brooke's boyfriend along with Brooke being perfect Fin is also a star child. Captain of the football team, guitar player, and has Brooke wrapped around his finger. The two are the 'it' couple. The real otp. Brooke and Fins relationship is clockwise perfection. Only to be set counterclockwise after one unfortunate event, Brooke starts questioning everything she knew or ever thought she knew starting with her sexuality.-------------Grace Everheart has never had an easy life. She's also not one to make her life easy. She's crazy, wild, and some would even say unhinged. While she maybe all of these things throw in a new town and we have some fun. However with Grace fun doesn't come without a bit of trouble. More trouble then even she can handle this time. This new town may not be her new start but her demise. Follow Brooke and Grace ad their lives intwine as they become neighbors.
8 180 - In Serial15 Chapters
A Devil's Angel (Black Hat x Reader)
(Y/N) was a simple girl living a simple life. Until she moved. What happens when she starts working under the universe's most dangerous villain ever known, and what will it take to make weird her normal? One thing is for sure: anything can happen in Hatsville.~~~~~~~~~~~~Woah, information~~~~~~~~~~~1) No smut. Sorry, but no. 2) The characters are not mine, but i'm sure you know that by now. 3) Congratulations, you can throw your old name out the window. Your new name is (Y/N)[Your Name]. I know, how original~4) Hi, i'm weird 5) I try to make my story sound as nice as possible. Constructive criticism is most definitely welcome and feel free to give chapter recommendations!6) I said no smut. Go away, weirdos.7) Wait, you're actually reading this? 8) The story cover is my own art. If you wish to use it, please ask. I am more than likely to say it's ok. 9) If you genuinely like the chapter, please give it a vote. It may not seem like much, but the more votes a book has, the more likely it will be recommended for others! Every vote counts and every reader means everything! Sorry to keep you bothered with these 9 random notes. I hope you enjoy the story as much as I enjoy writing it! -I_live_4_fandumz#3 blackhatxreader#15 villainous
8 233

