《First Frost (Myanmar Translation)》Chapter 28
Advertisement
ဝိန်းရိဖန် ချက်ချင်းခြေတစ်လှမ်းနောက်ဆုတ်လိုက်ကာ လက်ကိုင်ဖုန်းကိုလည်း အိတ်ကပ်ထဲပြန်ထည့်လိုက်သည်။ ဤမေးခွန်းအား သူမ ပြန်မဖြေ ၊ မျက်လွှာချကြည့်လိုက်သည့်အခိုက် စန်းရန်၏ဗလာသက်သက် လက်နှစ်ဖက်ကိုမြင်လေပြီး
"နင်ပြောတော့ ပစ္စည်းဝယ်စရာရှိလို့ဆို"
စန်းရန်က ခပ်မတ်မတ်ပြန်ရပ်လိုက်၍
"သွားမယ်လေ"
"...."
ဝိန်းရိဖန် ;
"မဝယ်ရသေးဘူးလား"
"အမ်?"
စန်းရန်က တစ်ဖက်သို့ခေါင်းလှည့်လိုက်၍ စကားသံက အရှေ့အနောက်မဆီလျော်။
"အခုပဲ သွားဝယ်တော့မှာလေ"
ဝိန်းရိဖန် ;
"နင်ပဲပြောတော့ မသယ်နိုင်လို့ဆို"
စန်းရန် ;
"ဟုတ်တယ်လေ"
ဝိန်းရိဖန်တစ်ယောက် စန်းရန်လုပ်ပြနေသည့် ကောင်းကင်နှင့်မြေကြီးတစ်ခွင် လုပ်ချင်ရာလုပ်မည်ဆိုသည့်အမူအရာကြီးကြောင့် ပြောစရာစကားမဲ့သွားခဲ့ရသည်။
ဟမ်..
သူမကပဲ နားလည်မှုလွဲသွားခဲ့တာလား..
သူဆိုလိုချင်တာက ခုဏတုန်းကပဲ မသယ်နိုင်တာ ၊ အခု မသယ်နိုင်တာမဟုတ်ဘူး ဆိုတဲ့သဘောများလား...
နှစ်ယောက်သားက စူပါမားကတ်ထဲသို့ ဝင်လာခဲ့၏။ ကြားထဲတွင် အချိန်တစ်ခုစာ တိတ်ဆိတ်နေလျက်သား။
ဘယ်နေ့က စမှန်းမသိပါသော်ငြား သူတို့နှစ်ဦးကြားထဲရှိ အခြေအနေမှာ ကသိကအောက်နိုင်နေမှန်း ဝိန်းရိဖန်ခံစားနေမိခဲ့သည်။ အရင်တုန်းကအတိုင်း တစ်ဦးနှင့်တစ်ဦး လျစ်လျူရှုထားခြင်းမျိုးနှင့်လည်း အနည်းငယ်ဆင်တူပြီး တစ်ယောက်ကိုတစ်ယောက် သူစိမ်းများလိုဆက်ဆံထားပါသော်လည်း တစ်နေရာရာက ကွဲပြားနေသလိုလို။
သို့သော်လည်း သူမ တိတိကျကျမပြောပြတတ်။
ဝိန်းရိဖန်က စက်လှေကားပေါ်အရင်တက်လိုက်ပြီး စုထျန်းပြောထားသည့်စကားများကို အစဖော်လိုက်၏။
"နင့်အိမ်ပြင်နေတာ အခြေအနေဘယ်လိုလဲ"
စန်းရန် ရပ်လိုက်သည့်နေရာမှာ သူမထက် လှေကားတစ်ထစ်စာနိမ့်သဖြင့် လက်ရှိအချိန်တွင် သူမထက် အရပ်နည်းနည်းသာမြင့်၏။ သူက လက်ရန်းကိုမှီထားပြီး လက်တစ်ဖက်ထဲ၌ ဖုန်းကိုကိုင်ထားရင်းဖြင့်
"ဟမ်"
ဝိန်းရိဖန် ;
"အရင်က ငါတို့ပြောထားကြတဲ့ အိမ်ခန်းမျှနေမှာက အလွန်ဆုံး သုံးလပဲဆိုတဲ့ကိစ္စလေ..ငါ ဒီနေ့ ရက်တွက်ကြည့်ထားလို့"
ဤစကားကိုကြားလျှင် စန်းရန်က မျက်လုံးပင့်ကြည့်လာ၏။
"နင် စပြောင်းလာတဲ့နေ့ ဇန်နဝါရီလ ၂၀ ရက်ကနေတွက်မယ်ဆိုရင် အခု နှစ်လကျော်နေပြီ..အဲ့ဒါကြောင့် ဒီကိစ္စနဲ့ပတ်သတ်ပြီး နင်နဲ့ အရင်ဆုံး ဆွေးနွေးစရာရှိလို့"
"ဘာကိုဆွေးနွေးမှာလဲ"
ဝိန်းရိဖန် ;
"နင် ခန့်မှန်းခြေ ဘယ်ချိန်လောက်ပြောင်းဖြစ်မှာလဲ"
စန်းရန်က အာရုံစိုက်ရမည်ကို ပျင်းရိလွန်းနေသည့်အလား
"အဲ့အချိန်ရောက်မှ ဆက်ပြောမယ်"
"ငါ့ဘက်က နင့်ကို မြန်မြန်ပြောင်းပေးဖို့ လောနေတာမဟုတ်ဘူးနော်..အဓိကက ငါ အိမ်ခန်းငှားဖော်အသစ်ရှာဖို့ လိုမလိုကို အချိန်မီသိချင်တာ..တကယ်လို့ နင့်ဘက်ကနေ အိမ်ခန်းငှားမယ့်ကိစ္စကို သတ်တမ်းမတိုးဘဲ ငါတို့အရင်ကပြောထားသလိုမျိုး မတ်လ ၂၀ရက် မတိုင်ခင် ပြောင်းသွားမယ်ဆိုရင် ငါ့ဘက်ကလည်း အခန်းငှားဖော်အသစ်နဲ့ ကြိုချိတ်ထားရအောင်လို့ နင့်ဆီမေးကြည့်ထားတာ"
စက်လှေကားက ဒုတိယအလွှာသို့ ရောက်လာခဲ့ကာ နှစ်ယောက်သားကြား၌ စကားစ ပြတ်သွားခဲ့၏။
ထို့ကြောင့် ဝိန်းရိဖန်က နောက်တစ်ကြိမ်ထပ်ပြောရန် စကားစမည်အပြုတွင် စန်းရန်၏စကားသံကိုကြားလိုက်ရသည်။
"ကောင်းပြီလေ"
သူမ နောက်ပြန်လှည့်ကြည့်လိုက်လျှင်...
စန်းရန်က အေးအေးလူလူပုံစံဖြင့်
"ဟိုဘက်အခြေအနေကို မေးကြည့်ပြီးမှ မင်းကို အဖြေလာပေးမယ်"
------
ဤနေရာက 'ရှန့်တုဟွားချန်' အိမ်ရာ ဖွင့်ဖွင့်ချင်းတွင် လွယ်လင့်တကူစျေးဝယ်နိုင်ရန်ဖွင့်ထားခဲ့သော အသေးစားစီးပွားရေးလုပ်ငန်းရပ်ကွက်ဖြစ်သည်။
အိမ်ရာ၏အပြင်ဘက်တွင် စျေးဆိုင်များ ပတ်ပတ်လည်ရှိပြီး ထိုမှတဆင့်ထပ်သွားလျှင် စျေးဝယ်စင်တာအကြီးစားတစ်ခုရှိသည်။ စုစုပေါင်း သုံးလွှာပါရှိကာ ပထမအလွှာတွင် နံပါတ်ကြီးတံဆိပ်ဆိုင်မျိုးစုံ နေရာယူထားပြီး အပေါ်နှစ်လွှာတွင်ကား စူပါမားကတ်ဖြစ်သည်။
ဒုတိယအလွှာတွင် အစားအသောက်များ ရှိပြီး တတိယအလွှာတွင် လူသုံးကုန်ပစ္စည်းများ ထားထားသည်။
စန်းရန်က စျေးဝယ်ခြင်းလှည်းကိုတွန်းရင်း နှစ်ယောက်သားက တတိယအလွှာသို့ တိုက်ရိုက်တက်လာခဲ့၏။
ဝိန်းရိဖန် စျေးဝယ်မထွက်ဖြစ်သည်မှာလည်း အချိန်တစ်ခုစာပင် ရှိခဲ့ပြီ။ ကူလီအထမ်းသမလေးလုပ်ပေးရန် စောင့်နေသည့်အချိန်အတွင်း စန်းရန်က ပစ္စည်းများ စျေးခြင်းထဲပစ်ထည့်နေသည်ကိုကြည့်နေရင်း သူမထံ၌လည်း နေ့စဥ်သုံးပစ္စည်းများကုန်လုနီးနီး ဖြစ်နေပြီမှန်းသတိရလိုက်သည်။
စန်းရန် စျေးဝယ်သည့်ပုံစံမှာ အလွန်တရာကိုမှ ရိုးရိုးရှင်းရှင်းပင်။ လိုအပ်နေသည့်ပစ္စည်း-ကောက်ထည့် ၊ ရင်းနှီးနေသည့်တံဆိပ်-ခြင်းထဲကောက်ထည့် ၊ စျေးနှုန်းများ တံဆိပ်များကို ယှဥ်ကြည့်ပြီး ရွေးယူနေဖို့ရာအတွက် အချိန်တစ်စက္ကန့်လေးမျှ အကုန်မခံပေ။
သို့သော် ဝိန်းရိဖန်၏စျေးဝယ်ပုံနှင့် သူစျေးဝယ်နေပုံမှာ လုံးလုံးလျားလျားမတူညီ။
အလုပ်လုပ်နေသည့်အချိန်မှလွဲ၍ ကျန်သည့်ကိစ္စတိုင်းတွင် သူမက သိမ်သိမ်မွေ့မွေ့လေးသာ လုပ်တတ်သောသူမျိုးပင်။
ထို့အပြင် ဝိန်းရိဖန်က တက္ကသိုလ်ကျောင်းသူဘဝကတည်းက ခြိုးခြံချွေတာနေထိုင်ခဲ့ရပြီး စီးပွားရေးအခြေအနေမှာလည်း သိပ်မကောင်းခဲ့ပေ။ထို့ကြောင့် စျေးနှုန်းများ ယှဥ်ကြည့်သည့်နေရာတွင်တော့ မိနစ်အနည်းငယ်လေးဖြုန်းရပါလိမ့်မည်။
နှစ်ဦးကြားရှိအကွာအဝေးမှာ မသိမသာနှင့်လှမ်းသွားခဲ့၏။
တစ်သျှူးစက္ကူများထားသည့်နေရာသို့အရောက် စန်းရန်က တစ်ချက်လှမ်းကြည့်ပြီး စက္ကူအလိပ်များ ၊ စက္ကူရွက်များအား ခြင်းထဲပစ်ထည့်ကာ ရှေ့ဆက်လျှောက်သွားခဲ့သည်။ ခြေလှမ်းဆယ်လှမ်းနီးပါးလျှောက်ပြီးနောက်တွင် တစ်စုံတစ်ရာက ပုံမှန်မဟုတ်နေမှန်းခံစားမိလိုက်သဖြင့် ရုတ်တရက် နောက်လှည့်ကြည့်လိုက်လျှင် ဝိန်းရိဖန်က အရင်နေရာ၌သာရပ်နေသေးကြောင်း တွေ့လိုက်ရသည်။ သူမက စျေးနှုန်းအပြင် အထုပ်အပိုးပေါ်ရှိ စက္ကူအလိပ်ရေ များကိုပါ အသေအချာလိုက်ကြည့်၍ ပစ္စည်းနှစ်ခုထဲတွင် ဘယ်တစ်ခုက စျေးသင့်ပြီး ဘယ်တစ်ခုဟာ ပိုလှကြောင်း ရွေးနေလေသည်။
စန်းရန်က ပြန်လျှောက်လာပြီး
"မင်း ဘာလုပ်နေတာလဲ"
"စျေးနှုန်းတွက်ကြည့်နေတာ"
ဝိန်းရိဖန်က ခေါင်းမော့ကြည့်မလာသလို ၊ စိတ်လွတ်ကိုယ်လွတ်ပင် ပြောပြနေသေး၏။
"အားလုံးက လေးလွှာပါတွေချည်းပဲ..ဒီတစ်ခုက ယွမ် ၂၀ ကို ၁၀လိပ်..၁လိပ်ကို ၁၄၀ဂရမ် ပါတယ် ၊ ဒီတစ်ခုက ၂၃ယွမ် ကို ၁၂လိပ်..၁လိပ်မှာ ၁၂၀ဂရမ်..ဘာတစ်ခုက ပိုပြီးတန်တာလဲ"
"...."
ဝိန်းရိဖန် သင်္ချာကိန်းဂဏာန်းများကိုကြည့်ရင်း ခေါင်းကိုက်လာရ၏။
Advertisement
"နည်းနည်းတွက်ရခက်တယ်နော်"
စန်းရန်က ချက်ချင်းနားလည်သွားပြီး ဝိန်းရိဖန်အား စနောက်လိုသည့်အကြည့်များဖြင့် လှမ်းကြည့်နေလေသည်။
"အဲ့တော့ ဒီတစ်ခုက ၁လိပ်ကို ၂ယွမ်"
ဝိန်းရိဖန်က တွက်ချက်နေရင်း တဖန်ပြန်ရပ်သွား၍
" ၂၃ ကို ၁၂ နဲ့စားရင် ဘယ်လောက်ရတာလဲ..."
ဝိန်းရိဖန်က အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ပြီး တွက်ချက်တော့မည့်အခိုက် စန်းရန်က ဖြေပေးလာခဲ့၏။
" ၁ယွမ် နဲ့ ၉ ပြားဝန်းကျင်"
"အို့"
ဝိန်းရိဖန်၏လက်ချောင်းများက ၁၂လိပ်ပါသည့် အထုပ်ပေါ်ရောက်သွားရင်း အတွေတွေအဝေဝေဖြင့်
"ဒါဆို ဒီတစ်ခုယူလိုက်ရမလား"
စန်းရန်က ချက်ချင်းပြန်မဖြေသေးဘဲ မျက်လွှာချရင်း သူမအား ငုံ့ကြည့်နေလိုက်၏။ ဤမေးခွန်းအားကြားလိုက်ရသည့်အချိန် သူ့ထံ၌ စနောက်ပြီးရယ်ချင်သည့်စိတ်များသာဖြစ်လာပြီး နှုတ်ခမ်းပါးအားကွေးလိုက်၍
"ယူ..အဲ့တစ်ခုက ပိုတန်တယ်မလား"
ဝိန်းရိဖန် ခေါင်းမော့ကြည့်လိုက်ပြီး
"ဒါပေမယ့် ဒီတစ်ခုက ၁၂၀ ဂရမ်ပဲ ပါတာ"
စန်းရန် ;
"ဒါဆိုလည်း ၁၀လိပ်ဟာ ယူလိုက်လေ"
ဝိန်းရိဖန်က အဖြေကိုမတွက်ကြည့်ရသေးသဖြင့် မသေချာမရေရာဖြစ်နေခဲ့ရင်း
"ငါ ထပ်တွက်ကြည့်လိုက်ဦးမယ်"
စန်းရန်က သူမအား စိုက်ကြည့်နေရင်း ရုတ်တရက်အသံထွက်အောင်ရယ်မိလိုက်တော့၏။
"ဝိန်းရိဖန်..မင်း စူပါမားကတ်လာပြီး စာမေးပွဲဖြေနေတာလား"
"...."
ဝိန်းရိဖန်တစ်ယောက် နင့်ခနဲ။
"ဒါလေးတွက်ဖို့အရေးကို နှစ်တစ်ဝက်လောက်ကြာအောင် တွက်မလို့လား"
စန်းရန်က လက်ကိုင်ဖုန်းကိုထုတ်ကာ အချိန်ကိုကြည့်၍
"ကိုးနာရီပဲထိုးတော့မယ်..မင်း အဖြေမထွက်မှာကိုကြောက်လို့ ဒီတစ်ခေါက်တော့ ကိုယ်ပဲ မင်းအစားတွက်ပေးလိုက်တော့မယ်..အိုကေ?"
ဝိန်းရိဖန် ဘာမှပြန်မပြောရသေးခင် စန်းရန်က မျက်ခုံးများပင့်မြှောက်ပြီး သူ့လက်ချောင်းထိပ်များက ဘေးနားရှိ စက္ကူထုပ်ပေါ် နှစ်ချက်ခေါက်လိုက်၍
"၁၀လိပ်ပါတဲ့တစ်ခုက ပိုတန်တယ်"
"...."
စျေးဆက်ဝယ်နေသည့်ရှေ့လျှောက်တွင်လည်း ဝိန်းရိဖန်က ကုန်စျေးနှုန်းကို နှိုင်းယှဥ်ကြည့်လိုက်သည့်အခါတိုင်း အခြေအနေကမထူးမခြားပင်။နောက်တွင်တော့ ဝိန်းရိဖန်သည် ကိန်းဂဏာန်းများကြား မရမကရုန်းကန်မနေတော့ဘဲ 'တွက်ပေး' ဆိုပြီး စန်းရန်ထံသို့သာ လွှဲပေးလိုက်ပါတော့၏။
နှစ်ယောက်သား ပစ္စည်းများဝယ်လို့အပြီးတွင် ငွေရှင်းရန် ကောင်တာဆီသို့လျှောက်လာခဲ့ကြသည်။
ဝန်ထမ်းလေးက ပစ္စည်းများအား အိတ်ထဲသို့ထည့်ပေးလာပြီး ပစ္စည်းလည်းအရမ်းမများသဖြင့် အထုပ်ကြီးတစ်ထုပ်နှင့်အထုပ်သေးတစ်ထုပ် ၊ နှစ်ထုပ်သာ ရှိ၏။ ကျန်သည့်ပစ္စည်းနှစ်မျိုးမှာတော့ ပလပ်စတစ်အိတ်ထဲထည့်ပေးရန် အဆင်မပြေသည့် တစ်သျှူးစက္ကူလိပ်ထုပ်နှင့် စက္ကူအရွက်များပါသည့်အထုပ်ဖြစ်သည်။
စန်းရန်က ပစ္စည်းအားလုံးကို သယ်လိုက်ပြီး ဝိန်းရိဖန်ဘက်သို့လည်း စကားဆိုလာခဲ့သေး၏။
"ခြင်းလှည်းကို ပြန်သွားထားပေး"
"အင်း"
ဝိန်းရိဖန် ခြင်းလှည်းပြန်ထားပြီးနောက် ခြင်းထဲမှ ထီးနှစ်ချောင်းကိုယူပြီး စန်းရန်ထံသို့ ပြန်လျှောက်လာခဲ့သည်။ အိတ်ကြီးအိတ်ငယ်တို့နှင့်ပြည့်နေသောစန်းရန်ကို ကြည့်ရင်း သူမဘက်က ဦးစွာစကားဆိုလိုက်၏။
"ဒါတွေ ငါ သယ်လိုက်မယ်လေ"
"မင်းက ထီးကိုင်ထားပေး..."
စန်းရန်က ဝိန်းရိဖန်လက်ထဲသို့ မည်သည့်ပစ္စည်းမှမထည့်ပေးလိုက်ဘဲ ဖြေးဖြေးချင်း စကားထပ်ပေါင်းဆိုလာခဲ့၏။
"ကိုယ့်အတွက်.."
"...."
"ကိုယ့်ကို လုံးဝမိုးမစိုစေနဲ့"
"...."
နှစ်ယောက်သားက စူပါမားကတ်ထဲမှ ထွက်လာခဲ့ကြ၏။
အပြင်ဘက်ရှိ မိုးများမှာ ယခင်ကထက် ပိုသည်းလာပြီး ညနက်လာသည်နှင့်အမျှ အပူချိန်ဒီဂရီမှာလည်း သိသိသာသာလျော့ကျသွားခဲ့သည်။ လမ်းသွားလမ်းလာများလည်း မရှိသလောက်နည်းနေခဲ့ကာ ခပ်ဝေးဝေးမှထွန်းလာကြသည့် ကားရှေ့မီးများကြောင့် တဖြုတ်ဖြုတ်ကျနေသော မိုးရေစက်များဟာ အရောင်ဆိုးဆေးခြယ်ခံထားသည့်အလား။
သူတို့နှစ်ဦးစလုံး၏ထီးများဟာ တစ်ယောက်လုံ ထီးများသာဖြစ်သော်ငြား စန်းရန်၏ထီးမှာတော့ အနည်းငယ်ပိုကျယ်ဝန်းသည်။
ဝိန်းရိဖန်က ထီးဖွင့်လိုက်ပြီး လက်ကိုခပ်မြင့်မြင့်မြှောက်ကာ ထီးတစ်ချောင်းစာလုံးနီးပါးအား စန်းရန်ပေါ်သို့မိုးပေးလိုက်သည်။ နှစ်ယောက်သားက ပူးကပ်နေကြပါသော်လည်း ထီး၏အကျယ်အဝန်းမှာ မလောက်ငှ။ ထိုအခါ ထီး၏ထောင့်များမှ အဆက်မပြတ်ကျလာသည့် အေးစိမ့်စိမ့်မိုးရေစက်များသည် သူမ၏ပုခုံးပေါ်မှတဆင့် အင်္ကျီထဲသို့ ဖောက်ဝင်လာကြတော့သည်။
သိပ်မကြာလိုက်ခင်ပင်။
စန်းရန်က ရုတ်တရက် အသံထွက်လာခဲ့၏။
"ဝေ့"
ဝိန်းရိဖန် သူ့အားမော့ကြည့်လိုက်၏။
"အမ်?"
"ထီးကို မင်းဘက်ရွှေ့လိုက်"
စန်းရန်၏စကားပြောသံက ခက်ထန်နေပြီးစိတ်မရှည်သည့်ပုံစံမျိုးဖြင့်
"ကိုယ့်မျက်လုံးရှေ့မှာ လာပိတ်နေတယ်"
"အို့"
ဝိန်းရိဖန်က ထီးကိုမရွေ့ဘဲ လက်ကိုသာ ပိုမြင့်မြင့်မြှောက်လိုက်၏။
စန်းရန် ;
"မြန်မြန်လုပ်လေ"
"အင်းပါ"
မတတ်နိုင်သည့်အဆုံး သူမဘက်သ်ို့ အနည်းငယ်တိုးရွှေ့လိုက်သည်။
"ထပ်ရွှေ့ဦး"
စန်းရန်က စုတ်တစ်ချက်သပ်၍
"ကိုယ့်ကိုကိုယ် အရပ်ဘယ်လောက်မြင့်လဲဆိုတာရော မတွက်တတ်တော့ဘူးလား"
"...."
သူမဘက်ကိုသာ ဆက်ပြီးတိုးရွှေ့နေလျှင် သူ့ဘက်၌ ထီးလုံတော့မည်မဟုတ်ပါပေ။ ဝိန်းရိဖန်က စန်းရန်၏စိုရွဲနေပြီဖြစ်သော ညာဘက်ပုခုံးကိုလှမ်းကြည့်လိုက်၍
"ဒါမှမဟုတ် နင်ပဲ ထီးကိုင်လိုက်မလား"
စန်းရန်က တစ်ချက်လှမ်းကြည့်လာလေပြီး
"ဘာတွေ တွေးနေတာလဲ"
" ? "
"ဘာမှကို ကူမလုပ်ပေးဘဲ နေချင်တယ်ပေါ့"
"...."
ဘယ်လိုပင်ဖြစ်စေ အိမ်ပြန်သည့်လမ်းက အလှမ်းမဝေးသဖြင့် ဝိန်းရိဖန် စောဒကမတက်ဘဲ ငြိမ်နေလိုက်တော့သည်။
အိမ်ပြန်ရောက်ပြီးနောက် ဝိန်းရိဖန် ထီးကိုဖွင့်ပြီး ဝရံတာ၌အခြောက်ခံထားလိုက်၏။ ဧည့်ခန်းထဲသို့ဝင်လာသည့်အချိန်တွင် စန်းရန်၏ပုံရိပ်အား မျက်ဝန်းထောင့်မှတဆင့်လှမ်းမြင်နေခဲ့ရာ သူ့ပုခုံးတစ်ဖက်မှာ လုံးဝ စိုရွဲနေ၍ ဆံပင်အဖျားများ၌ပင် ရေစက်များက ကပ်ညှိနေကာ ကုတ်အင်္ကျီထက်မှလည်း မိုးရေစက်များအဆက်မပြတ်ကျနေသေးသည်။
စန်းရန်က ကုတ်အင်္ကျီကိုချွတ်ပြီး ထမင်းစားပွဲရှိကုလားထိုင်ပေါ် ပစ်တင်လိုက်၏။
ဝိန်းရိဖန် ;
"နင် အရင်ဆုံးရေသွားချိုးလိုက်ပါလား"
သူမက အိပ်ခန်းထဲသို့ တန်းမဝင်သွားသေးဘဲ ဝယ်လာသည့်ပစ္စည်းများအား အထုတ်အပိုးများထဲမှဖြေးဖြေးချင်းထုတ်နေလိုက်၏။ ဝိန်းရိဖန်မှာတော့ လုံးဝနီးပါး မိုးမစိုလိုက်ပေ။ နှစ်ယောက်ကြားရှိ အပြတ်အသတ်ကွာခြားနေမှုကြီးကို ကြည့်ရင်း ဝိန်းရိဖန်တစ်ယောက် စန်းရန်၏ရွဲ့စောင်းပြီးပြောလာမည့်စကားများအတွက် စိုးရိမ်နေမိသား--- ' ထီးလေးကိုင်ခိုင်းတာကိုတောင် ကောင်းကောင်းမကိုင်ပေးဘူး'
Advertisement
တော်သေးသည်က တော်တော်ကြာသည်အထိ စန်းရန်ထံမှ မည်သည့်ဝေဖန်သည့်မှတ်ချက်မျိုးမှ ထွက်မလာချေ။
'အင်း' ဟုသာ အသံတစ်ချက်ပြုပြီး ရေစိုနေသည့်အဝတ်အစားများဖြင့်သာ ရေချိုးခန်းထဲတန်းဝင်သွားခဲ့၏။
ပစ္စည်းများနေရာချပြီးသည့်အချိန်တွင် ဝိန်းရိဖန်က ဖြတ်ပိုင်းစာရွက်နှင့်အတူ ကျသင့်ငွေတွက်ရန် လက်ကိုင်ဖုန်းကိုပါထုတ်လိုက်သည်။ ဖုန်းမျက်နှာပြင်လင်းလင်းသွားချင်း ပထမဆုံးမြင်လိုက်ရသည်က ဖွင့်ထားဆဲဖြစ်သည့် website မှ သူမကိုယ်တိုင် ရှာဖွေထားပြီး မကြည့်ရသေးသော 'မုချန်ယွင်' ပင်။
အကြောင်းအရာများ၏အောက်ဘက်တွင် ဓါတ်ပုံများ ရှိ၏။ ဆယ်ကျော်သက်ကောင်လေးက နှုတ်ခမ်းတင်းတင်းရင်းရင်းဖြင့်ပြုံးနေပြီး ရိုးရိုးရှင်းရှင်းတီရှပ်အဖြူရောင်တစ်ထည်ဝတ်ထားကာ တက်ကြွပြီးနှစ်လိုဖွယ်ကောင်းသည့်ပုံစံ။ အနည်းငယ်သာ ဖော်ပြထားသည့် ကိုယ်ရေးအကျဥ်းမှာ -
မုချန်ယွင် ၊ အမျိုးသား ၊ ရုပ်ရှင်သရုပ်ဆောင်။
2013 ခုနှစ် ဇန်နဝါရီလ ၊《အိပ်မက်ကအနိုးမှာ သရဲအတွေ့》ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်။
"...."
ရုပ်ရှင်ဇာတ်လမ်း၏အမည်ကို မြင်လျှင်မြင်လိုက်ချင်း ဝိန်းရိဖန် တုံ့ဆိုင်းမိသွားခဲ့၏။ မှတ်ဥာဏ်များအရ ဤဇာတ်လမ်းအား ကြည့်ဖူးပုံရသည်။ သို့သော်လည်း အာရုံစိုက်ပြီးမကြည့်ထားသည့်အတွက် ဇာတ်လမ်းပုံစံရော ပါဝင်ထားသည့်သရုပ်ဆောင်များပါ မမှတ်မိ။ မှတ်မိနေသည့်တစ်ခုတည်းသောအရာမှာ ဆိုင်းမဆင့် ဗုံမဆင့် မကြာခဏထွက်ထွက်လာသည့် ဖြူစုတ်စုတ်သရဲမျက်နှာကြီးပင်။
ကိုယ်ရေးအကျဥ်းထဲ၌ မုချန်ယွင်သရုပ်ဆောင်ထားသည့် နေရာအား အတိအကျဖော်ပြထားခြင်းလည်းမရှိ။
ဝိန်းရိဖန်က ဆက်ဖတ်ရမည်ပျင်းရိလွန်းလှကာ သူမ မှတ်မိသလောက်အရ ဤဇာတ်လမ်းအား ကျုံးစစ်ချောင်လည်း ကြည့်ဖူးထားသလိုလိုရှိသည့်အတွက် သူမထံမှသာ မုချန်ယွင်သရုပ်ဆောင်ကို သိမသိမေးကြည့်တော့မည်။ အကယ်၍ ကျုံးစစ်ချောင် သဘောကျလျှင်တော့ လက်မှတ်ထိုးထားသည့်စာအုပ်အား ပေးလိုက်ရုံ။
အတွေးများပြန်သိမ်းရင်း ဂဏာန်းတွက်စက်ကို ဖွင့်လိုက်၏။
အတွက်အချက်များမစခင် စန်းရန်က ရေချိုးခန်းထဲမှ ပြန်ထွက်လာခဲ့ပြီဖြစ်၏။
စန်းရန်က ဆံပင်လေမှုတ်တတ်သည့်အကျင့်မျိုးမရှိ ၊ အမြဲတမ်း တဘက်ဖြင့်သာ သုတ်လေ့ရှိကာ ယခုအချိန်တွင် ဆံပင်များက စိုထိုင်းထိုင်းဖြစ်နေဆဲ။ ထုံစံအတိုင်း ခပ်မှောင်မှောင်အရောင်များကို ဝတ်ထားပြီး ပုံမှန်ထက်ပိုပြီးနူးညံ့နေသယောင်ယောင်။
မည်သည့်ရေချိုးဆပ်ပြာရည်အမျိုးအစားသုံးမှန်းမသိပါသော်ငြား ရနံ့မှာ အတော်လေးသိသာလှပြီး ခပ်ဖျော့ဖျော့ စန္ဒကူးရနံ့လေးများပါ ရောနှောနေသေးသည်။
စန်းရန်က စကားတစ်ခွန်းမဆိုဘဲ ဆိုဖာပေါ်၌ထိုင်ပြီး တီဗွီဖွင့်လိုက်၏။
ဖြတ်ပိုင်းစာရွက်ကို မျက်နှာချင်းဆိုင် ၊ ခေါင်းငုံ့ပြီး ဝိန်းရိဖန် သင်္ချာတွက်တော့မည့်အခိုက်တွင် စန်းရန်၏အသံကိုကြားလိုက်ရသည်။
"သရဲကားတစ်ကားလောက် ညွှန်းကြည့်..အိပ်ချင်စိတ်ဖြစ်လာမျိုး"
"...."
ဝိန်းရိဖန်အတွက် သည်းထိတ်ရင်ဖိုဇာတ်ကားများဟာ စိတ်ဝင်အစားဆုံးဖြစ်သဖြင့် နှုတ်ခမ်းပါးကချက်ချင်းလှုပ်လာပြီး သူမကြိုက်သည့် ရုပ်ရှင်ဇာတ်ကားအချို့အား အကြံပေးရန်စဥ်းစားလိုက်တော့သည်။ သို့သော်လည်း တစ်ဖက်လူထံမှ 'ကြည့်ပြီးသား' ဆိုသည့်တုံ့ပြန်ချက်ကိုလည်း ကြောက်ပါသေးသည်။
ထို့ကြောင့် ဝိန်းရိဖန်က ဒီအတိုင်းအသံတိတ်ပြီးသာ နေလိုက်၏။
အတွက်အချက်မှာတော့ နှစ်ခါတွက်စရာမလိုလိုက်ဘဲ ကိန်းဂဏာန်းများအား အတည်ပြုပြီးသည်နှင့် Alipay အကောင့်မှတဆင့် စန်းရန်ထံငွေလွှဲပေးလိုက်၏။တစ်ချိန်တည်းဆိုသလို တီဗွီထက်မှ အသံများထွက်လာသည့်အတွက် ချက်ချင်းစိတ်ဝင်စားသွားပြီးလှမ်းကြည့်လိုက်သည်။
တီဗွီမှာ အင်တာနက်စနစ်မျိုး အသုံးပြုထားသည့်အတွက် ချန်နယ်များသာမက တစ်ချို့ရုပ်ရှင်ဇာတ်လမ်းနှင့် ဇာတ်လမ်းတွဲ ၊ ပရိုဂရမ်များကိုလည်း အလျင်းသင့်သလိုဝယ်ယူ၍ရသေးသည်။
စန်းရန်က ဇာတ်လမ်းရွေးထားပြီးသည့်ပုံရကာ ခေါင်းစဥ်ထဲ တန်းဝင်ကြည့်လိုက်၏။
ထိုအခါ တီဗွီဖန်သားပြင်ထက်တွင် မိန်းကလေးတစ်ဦးကအိပ်မက်မှ လန့်နိုးလာပြီး သူမ၏မျက်နှာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်ခြင်းများပြည့်ကာ အသက်ကိုရှိုက်ပြီးရှူနေလေသည့်မြင်ကွင်း ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင်မှအလင်းရောင်များကလည်း မှိန်ဖျော့နေပြီး ထူးဆန်းသည့်နောက်ခံတီးလုံးများက ဖြေးဖြေးမှသည် ကျယ်သထက် ကျယ်လာသလို တဒုန်းဒုန်းမြည်နေသည့်အသံများက သရဲထွက်လာတော့မည့် ခြေလှမ်းသံများလိုလိုပင်။
ဝိန်းရိဖန် ကြည့်နေရင်း ရင်းနှီးသလိုလိုရှိလာသည့်အတွက် ဆက်ပြီးကြည့်နေလိုက်၏။
မိန်းကလေး၏ပုံစံက ထိန်းချုပ်ခံထားရသည့်ပုံစံမျိုးဖြစ်ကာ ထပ်၍ တစ်ခုခုကိုသတိထားမိသွားသည့်အလား တောင့်ခနဲရပ်တန့်နေရင်းနောက်တွင် ဗလာကျင်းနေသည့်မျက်နှာအမူအရာဖြင့် ဘယ်ဘက်သို့လှည့်ကြည့်လိုက်ရာ ဒွါရခုနှစ်ပေါက်မှသွေးစီးကျနေသည့်မျက်နှာကြီးအား တွေ့လိုက်ရတော့သည်။
မိန်းကလေး၏ကြောက်လန့်တရားအော်ဟစ်သံနှင့်အတူ နောက်ခံတီးလုံးသံကလည်း တစ်ချိန်တည်းမြင့်တက်လာခဲ့၏။
"အားးး!!!"
ထိုအချိန် စန်းရန်ဘက်မှ ရုတ်တရက်လှုပ်ရှားသံများ ထွက်လာခဲ့၏။
သူ့လက်ကိုင်ဖုန်း ကြမ်းပြင်ပေါ်ကျသွားခြင်းပေ။
ဝိန်းရိဖန် အလိုလိုလှမ်းကြည့်မိလိုက်သည့်အချိန်တွင် စန်းရန်က ခန္ဓာကိုယ်ကိုကိုင်းပြီး ဖုန်းကောက်ယူနေပြီဖြစ်ရာ သူ့အမူအရာကို မမြင်ရနိုင်။
နောက်တစ်က္ကန့်တွင်။
တီဗွီဖန်သားပြင်ထက်၌ "အိပ်မက်ကအနိုးမှာ သရဲနှင့်အတွေ့" ဆိုသည့်စာတန်းတစ်ခု ထွက်ပေါ်လာကာ စာတန်းပေါ်၌ သွေးစွန်းပြီးစက်လက်ကျနေသည့်သဏ္ဍာန်။
အို့။
ဝိန်းရိဖန် အမှတ်ရသွားခဲ့၏။
ဤသရဲကားက သူမ၏အမြင်တွင် ပျင်းစရာကောင်းလွန်းနေသော်လည်း စိတ်ဝင်စားမှုတော့ လျော့ကျမသွား။ အဘယ်ကြောင့်ဆိုသော် အရင်တစ်ခေါက်ကြည့်သည့်အချိန်တုန်းက အာရုံစိုက်ပြီးမကြည့်ထားမိသည့်အတွက် ယခုပြန်ကြည့်ရသည့်အခါ အသစ်စက်စက်လိုမျိုးပင် ဖြစ်နေသေးသည်။
ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလျက်။
ဝိန်းရိဖန်က ရုပ်ရှင်ကြည့်အခါမျိုးတွင် စကားပြောလေ့မရှိဘဲ အာရုံအလုံးစုံက ရုပ်ရှင်ထဲကိုသာ အမြဲတမ်းနှစ်မြှုပ်ထားလေ့ရှိသည်။သို့သော် အဘယ်ကြောင့်မှန်းမသိ ၊ ရုပ်ရှင်ဇာတ်လမ်းက အပေါ်ယံအပြင်အဆင်များလွန်းကြောင့်လည်းဖြစ်နိုင်သလို တည်းဖြတ်မှုညံ့လွန်းခြင်းကြောင့်ဖြစ်နိုင်ကာ အသံပလံများနှင့်အတူ သရဲမျက်နှာကြီး ဗြုန်းခနဲပေါ်လာသည့်အချိန်တွင်တော့ ဝိန်းရိဖန် မနေနိုင်အောင်ရယ်မိလိုက်တော့သည်။
"...."
အမှန်တွင် ဤဇာတ်ကွက်က အတော်လေးကြောက်စရာကောင်းသည့်ဇာတ်ကွက်တစ်ခု။
ညအချိန် ၊ လေးဘက်လေးလံပိတ်ထားသည့်အခန်းငယ်လေးထဲ နှစ်ယောက်တည်း သရဲကားကြည့်နေသည့်အချိန် ၊ ကြောက်စရာအကောင်းဆုံးသော ဇာတ်ရှိန်အမြင့်ဆုံးသော ဇာတ်ကွက်ကို ရောက်နေသည့်အခိုက် ဘေးနားမှလူဟာ ရုတ်တရက် ထရယ်လေခြင်း။
စန်းရန်က မျက်မှောင်ကျုံ့လိုက်၍
"မင်း ဘာလို့ရယ်တာလဲ?"
ဝိန်းရိဖန်က စိတ်နှစ်ကိုယ်နှစ် ကြည့်နေခဲ့ခြင်းဖြစ်ရာ စန်းရန်ကိုပင် လျစ်လျူရှုထားလုနီးနီးပင်။ သူ့စကားသံကိုကြားလိုက်ရသည့်အခါတွင်မှ သတိပြန်ရလာပြီး
"အရမ်းရယ်စရာကောင်းနေလို့လေ"
"...."
စန်းရန်က သူမအား တစ်ခဏစိုက်ကြည့်နေပြီးမှ
"ဒါသရဲကားနော်"
"ဒါပေမယ့် ခုဏလေးတုန်းက တကယ်ကိုအရမ်းရယ်စရာကောင်းနေတာပါဆို"
ဝိန်းရိဖန်က တီဗွီကိုပြန်ကြည့်ပြီး အသေအချာထောက်ပြ၍
"အဲ့သရဲရဲ့မျက်နှာပေါ်ကဟာတွေက ဂျုံမှုန့်တွေ လိမ်းထားတာဖြစ်ဖို့များတယ်..ပြီးတော့ အရမ်းအထူကြီးလိမ်းထားတာမလို့ သူထွက်လာတဲ့အချိန် ပြုတ်ကျကုန်...."
"...."
ထို့အပြင် ခုဏလေးတုန်းကဆယ်မိနစ်ဆိုသည့်အချိန်အတွင်း ရုပ်ရှင်ထဲမှ သရဲဇာတ်ကောင်သည် ယနေ့တွေ့ခဲ့သည့် မုချန်ယွင်ဖြစ်နေမှန်း ဝိန်းရိဖန် မှတ်မိလိုက်သေး၏။ သူမ ရင်းနှီးသလိုရှိခဲ့သည်မှာ မထူးဆန်း ၊ ရုပ်ရှင်တစ်ခုလုံး ဤသရဲမျက်နှာကိုသာ မှတ်မိခဲ့ခြင်းလည်းဖြစ်သည်။
ဝိန်းရိဖန် ဆက်ပြီးကြည့်တော့မည့်အချိန်တွင်တော့ စန်းရန်၏အမူအရာအားသတိထားမိလိုက်ရာ ရုတ်တရက်ဆိုသလို သူမ၏အပြုအမူက သူ့အတွက်အတော်လေးအနှောက်အယှက်ဖြစ်သွားခဲ့မည်မှန်း တွေးကြည့်မိလိုက်၏။
သရဲကားကြည့်နေရင်း ခြောက်လန့်နေသည့်ဇာတ်ဝင်ခန်း၌ ထရယ်ပစ်ခြင်းမှာ အတော်လေးမသင့်လျောသည့်လုပ်ရပ်ပင် မဟုတ်လား။ သူမ၏ရယ်ချင်နေစိတ်ကို မထိန်းထားနိုင်မည်စိုးသောကြောင့် ဤနေရာ၌မနေတော့ဘဲ အိပ်ခန်းထဲပြန်ပြီး ကွန်ပြူတာနှင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
ဝိန်းရိဖန် မတ်တပ်ထရပ်လိုက်သည့်အခါ စန်းရန်က
"မင်း ဘယ်သွားမလို့လဲ"
ဝိန်းရိဖန် ;
"အခန်းထဲ သွားတော့မလို့"
"သရဲကားလေး ကြည့်တာပဲဟာ.."
စန်းရန်က တစ်ခဏရပ်ကာ ခန္ဓာကိုယ်အား အနောက်သို့မှီချလိုက်၍
"အဲ့လောက်ထိ ကြောက်...."
သူ့စကားမဆုံးခင်
ရုတ်တရက် မုချန်ယွင်၏သွေးစက်လက်ကျနေသည့်မျက်လုံးကြီးများက ဖန်သားပြင်၌ အနီးကပ်ပေါ်လာလေတော့သည်။
ရင်းနှီးနေသည့်တီးလုံးသံ ခြောက်လန့်သံများကလည်း မပါမဖြစ်။
စန်းရန်၏အမူအရာမှာ ရပ်တန့်နေရင်း ကျန်နေသည့်စကားလုံးများက လည်ချောင်းများ၌တစ်နေသည့်အလား ဆက်၍မဆိုလာတော့ချေ။
ဝိန်းရိဖန်က စန်းရန်ကြည့်နေသည့်ဖန်သားပြင်ကို လိုက်ကြည့်မိရင်း အကြောင်းအရင်းမရှိပါဘဲ မနေနိုင်မထိုင်နိုင်ရယ်ချင်မိလာပါတော့၏။ နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း
"နင်ပဲ ဆက်ကြည့်တော့..ငါ အခန်းထဲသွားတော့မယ်"
ခြေလှမ်း နှစ်လှမ်းစာပင်မလှမ်းရသေး။
စန်းရန်က နောက်တစ်ကြိမ်လှမ်းခေါ်လာခဲ့၏။
"ဝေ့"
မဆီမဆိုင် စန်းရန်က အတော်လေးထူးဆန်းသလိုဖြစ်နေကြောင်း ဝိန်းရိဖန်ခံစားမိနေတော့၏။
ဝိန်းရိဖန်က ယခုလေးတင်ဖြစ်သွားသည့် စန်းရန်၏အမူအရာအားပြန်မြင်ယောင်ကြည့်လိုက်၍
"နင် ကြောက်လို့လား"
"...."
တစ်ဖက်လူက စကားမဆိုလာသည်ကိုကြည့်ရင်း ဝိန်းရိဖန်လည်း ထပ်မေးမနေတော့ဘဲ အိပ်ခန်းဆီသို့သာဦးတည်လိုက်သည်။
စန်းရန် ;
"ဟုတ်ပါပြီကွာ..ဝိန်းရိဖန်"
သူမ သုံးကြိမ်မြှောက်လှည့်ကြည့်လိုက်၏။
စန်းရန်က သူ့ဘေးနေရာအား လက်ဖြင့်ပုတ်ပြရင်း ခေါင်းသဲ့သဲ့စောင်းကြည့်လာ၍
"လာထိုင်"
"?"
"မင်းလည်း ကြောက်နေမှန်း ကိုယ်သိတယ်"
"...."
(Zawgyi)
"သွားမယ်လေ"
"...."
ဝိန်းရိဖန် ;
"မဝယ်ရသေးဘူးလား"
"အမ်?"
ဝိန်းရိဖန် ;
စန်းရန် ;
"ဟုတ်တယ်လေ"
Advertisement
- In Serial37 Chapters
The Billionaire's Wedding Planner ✔
Wedding Planner's Golden Rule: Don't fall in love with the groom.Handsome, charming, billionaire playboy, Aiden Carlisle's wedding to beautiful, but demanding Caroline Baxter is set to be the event of the century.Sweet, smart and talented, Rosalie Darling is the best in the business; wedding planner to the stars!Planning a wedding brings people together, but what if it brings the wrong people close?*"Aiden. Aiden," she said, softly, hurriedly, breathlessly, clutching my shirt in her delicate hands. Her body was pulling me closer and her mind was pushing me away. I couldn't tear my eyes off her face, her lips.She was breathing heavily. "I'm planning your wedding," she said, her eyes focused on my lips, so close to hers, as she bit down on her lower lip.I smirked, chuckling darkly. "What wedding?" I asked.I tightened the grip that I had on her.And I pressed my lips to hers.*#1 in Love#2 in Romance#20 in Bad Boy
8 199 - In Serial54 Chapters
Daddy Unknown
Moira King had been cheated on, stabbed in the back, and broken beyond repair --be it her father, her best friend, or her boyfriend; she's had enough. So, with that in mind, she gave up on the idea of finding love and opted to become a mother through sperm donation. That way, she could have a child, sans having to possibly bear another heartbreak. With the baby on the way, her life went uphill. Until one day.----------------------------------WARNING: the majority of this story is unedited and there are a lot of plot holes. This was the first book I ever wrote at 15 years old, and I don't agree with the majority of its contents anymore, so expect the worst. In fact, please don't even read it; read my other book -The Song Of The Wolf- instead (it's a Wattpad Featured- and a Wattys Longlist story!) ✨Cover: beingellie
8 232 - In Serial109 Chapters
Unfortunately, I'm an Evil Villainess
I was Lady Valentina Avington, the beautiful, wicked, and narcissistic villainess of a novel. When I recalled memories of my past life, I decided I wanted everything the heroine had. Using my knowledge of the future, I became a fake saint, the successor to my house, the future queen, and won over the male leads. When the novel began, all I had to do was dispose of the female lead. Yet nothing was as it seemed, and before I knew it, my perfect facade fell to pieces. “You’re not who I thought you were.” “I despise you, Sister.” “It’s revolting to even look at you.” Call it ambition or greed, I would get what I wanted, by any means necessary. No matter the cost, I would definitely win. No need to like me, I have no excuses. Will you be cheering for my downfall, like the rest of them? *** Updates every Wednesday and Friday at 10:00 PM EST.Join my discord server to read one chapter ahead: https://discord.gg/WfQAjG3JQxBecome a patron and read a few more chapters ahead: https://ko-fi.com/lyharbour
8 423 - In Serial27 Chapters
Tender in the Night | A Lizkook AU
When idol/maknae of girl group Blackpink Lalisa Manoban helped ease the pain from a lover's quarrel, she didn't put much thought into the complication that could have come with it. A story of destiny and first love, in the harsh world of idols.
8 134 - In Serial10 Chapters
The Pastor, The Confessions of A Blind Girl
18 and Older. Sexual content and scenes. Smut. Absolutely no educational value.Why is the confessions of an innocent blind girl giving Pastor Phillips a hard on? A story of a confession... or a fantasy?
8 203 - In Serial44 Chapters
Cinched Darkness
Maxine Sawyer just has to survive senior year of high school. Bailey Locke, the star lacrosse player and dark prince, is out for blood. Hers. He may be worth bleeding for.Ghost Riders Saga Book 1
8 231

