《First Frost (Myanmar Translation)》Chapter 22
Advertisement
နောက်ထပ်သုံးရက်ဆက်တိုက်လုံး ဝိန်းရိဖန် ပုံမှန်အတိုင်းအလုပ်ဆင်းရသည်။
စန်းရန်က အလုပ်များနေပုံရပြီး နောက်ဆုံးတွေ့ဆုံပွဲလုပ်ပြီးသည့်နေ့ကတည်းက အိမ်ပြန်မလာခဲ့ပေ။ သို့သော် ချမှတ်ထားသည့်စည်းကမ်းအား အလွန်အမင်းကိုလိုက်နာလျက်ရှိကာ နေ့စဥ် ည ၁၀နာရီထိုးသည့်အခါတိုင်းတွင် ဝိန်းရိဖန် Wechat ထဲ၌ မက်ဆေ့များ အချိန်မှန်ရောက်လာခဲ့သည်။
အချိန်နှင့်အမျှ သူပြောလာသည့်စကားလုံးအရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် လျော့လျော့သွားခဲ့၏။
ပထမရက်တွင်။
စန်းရန် ; [ ဒီနေ့ည ပြန်မလာဘူး..သော့ခတ်လိုက်တော့ ]
ဒုတိယရက်။
စန်းရန် ; [ ပြန်မလာဘူး..သော့ခတ်လိုက် ]
တတိယရက်။
စန်းရန် ; [ သော့ခတ် ]
ဝိန်းရိဖန်၏တုန့်ပြန်မှုမှာတော့ အကြိမ်တိုင်း 'ကောင်းပြီ'ဆိုသည့် ပြန်စာ တစ်ပုံစံတည်းသာဖြစ်၏။
နောက်တစ်နေ့ နေ့လည်ခင်းတွင်။
ဝိန်းရိဖန်နှင့် ဖုကျွမ့် အပြင်မှအင်တာဗျူးပြီး ပြန်ရောက်လာသည့်အချိန်တွင် တည်းဖြတ်ခန်းထဲသို့သွားပြီး ရုပ်သံတည်းဖြတ်နေကြ၏။
သိပ်မကြာခင်အရင်ရက်များတုန်းက ဖုကျွမ့်ကကျောင်းကိစ္စဖြင့် မကြာခဏခွင့်ယူထားခဲ့ကာ ယခုရက်ပိုင်းတွင်တော့ ပိတ်ရက်မရှိဘဲ အလုပ်ဆက်တိုက်ဆင်းရသည်။ထို့ကြောင့် သူက စားပွဲခုံပေါ် လှဲချလိုက်ပြီး သက်ပြင်းချ၍
"အိုင်း..အရမ်းခက်ခဲတာပဲ"
ဝိန်းရိဖန်က အလျင်းသင့်သလိုစကားဆက်ပြောလိုက်၏။
"ဘာတွေ ခက်ခဲနေတာလဲ"
"မနေ့တုန်းက အဘိုးကြီးချန်က ကျွန်တော့်ကိုဆူပြန်ပြီ"
ဖုကျွမ့်က ခပ်မတ်မတ်ပြန်ထိုင်လိုက်ရင်း ချန်ဝေ့ဟွာ၏လေသံမျိုးတု၍
"ကျွန်တော် တည်းဖြတ်ထားတဲ့ဟာက ခွေးဆွဲလာတဲ့မစင်လောက်တောင် မသေသပ်ဘူးတဲ့!..ပြီးတော့ ပြောသေးတယ်..ကျွန်တော့်ဟာကို လိုက်ပြင်နေရတာက သူအသစ်ထလုပ်ပစ်လိုက်တာထက်တောင် ခက်တယ်တဲ့!"
"အို့?.."
ဝိန်းရိဖန်က ခေါင်းသဲ့သဲ့စောင်းလိုက်၍
"ဒါဆိုလည်း သူ့ဟာသူ တည်းဖြတ်ခိုင်းလိုက်လေ"
"...."
"သူ့ကို ပိုသက်သာစေချင်လို့ အကြံပေးတာပါ"
နှစ်စက္ကန့်မျှ ငြိမ်သွားကြပြီးနောက် ဖုကျွမ့်က လိမ်လိမ်မာမာလေးဆက်၍ တည်းဖြတ်နေရင်း
"ကျွန်တော့်ဘာသာပဲ ပိုပြီးအပင်ပန်းခံလိုက်ပါမယ်လေ"
"...."
ဝိန်းရိဖန်က စကားများများမဆိုတော့ဘဲ ဖုကျွမ့်တည်းဖြတ်ထားသည့် စာသားများအား တစ်ချက်စစ်ဆေးကြည့်လိုက်ကာ မှန်ကန်ကြောင်းအတည်ပြုပြီးသည်နှင့် အယ်ဒီတာဆီ ပို့ပေးလိုက်၏။
ဒယ်ဒီတာထံမှ သုံးသပ်ချက်ကိုစောင့်နေရင်း ဖုကျွမ့်နှင့် စကားဆက်ပြောဖြစ်ရာ အကြောင်းအရာက 'ကျုံးနန်ရှစ်ကျိ' မီးလောင်မှုအကြောင်းသို့ရောက်သွားခဲ့၏။
"ဒါနဲလေ ကျဲ..ကျွန်တော် အစ်မကို ပြောစရာရှိသေးတယ်..အရင်တစ်ခေါက်က အစ်မရဲ့သူငယ်ချင်းကို အင်တာဗျူးထားတဲ့ဖလင်လေ..အဲ့ဟာကို သတင်းလွှင့်တဲ့ထဲမထည့်ဘူးဆိုပြီး ဖြတ်ချပစ်လိုက်သေးတယ်မလား"
"အမ်?"
"အဲ့ဒါကိုလေ မနေ့က တစ်ယောက်ယောက်က အဲ့ဒီဝါးထားတဲ့ဗွီဒီယိုတွေကိုစုပြီး သတင်းလွှင့်မယ့်ထဲထည့်လိုက်တာကို ကျွန်တော် တွေ့လိုက်တယ်"
ဖုကျွမ့်က ပုခုံးများလှုပ်သည်အထိ သဘောတကျအော်ရယ်လိုက်ပြီး
"တအားနာမည်ကြီးသွားတာနော်..website ထဲမှာ သူက နာမည်အကြီးဆုံး ၁၀ယောက်ထဲတောင် ပါနေပြီ"
"...."
"ကျွန်တော် သူ့ကို ချီးမွှန်းဖူးတဲ့ သနားစရာကောင်းပြီး အရမ်းလည်းမိုက်တယ်ဆိုတဲ့စကားလေ..သတင်းကြည့်တဲ့ပရိတ်သတ်တွေအားလုံးလည်း သူ့ကို အရမ်းချောတယ် ၊ မာနကြီးကတော့ မိုက်တယ်ဆိုပြီး ပြောနေကြတာ..ကျွန်တော်တို့ဘက်က သူ့မျက်နှာကို ဝါးထားတာကိုတောင်မှ ခန့်နေတုန်းပဲ"
ဝိန်းရိဖန်က ထိုသတင်းများကို ဂရုမစိုက်တတ်သည့်သူဖြစ်သည့်အတွက် ဤအကြောင်းများကို မသိပေ။
"ပုံက အရမ်းသိသာနေလို့လား"
"အဲ့လိုတော့ မဟုတ်ဘူး..ပုံတွေကို သေချာဝါးထားတာမလို့ပဲ အဲ့လောက်ထိပျော်စရာကောင်းနေတာပေါ့"
"အဲ့လိုဆိုရင်တော့ အဆင်ပြေပါတယ်"
တည်းဖြတ်ဗွီဒီယိုအား ပို့ပေးပြီးနောက်တွင် ဝိန်းရိဖန်က စာမူကြမ်းများပေးပို့စရာရှိသေးသဖြင့် မတ်တပ်ထရပ်လိုက်ပြီး
"ခဏနေကျရင် ကိုယ့်ဘာသာကိုယ် အသံသွင်းလိုက်တော့နော်..တကယ်လို့ မေးစရာတစ်ခုခုရှိလာရင် အစ်မကိုအချိန်မရွေးလာရှာ..အစ်မ စာမူသွားရေးလိုက်ဦးမယ်"
"ဟုတ်ပြီ"
ဖုကျွမ့်က အလုပ်အား စိတ်ရင်းဖြင့်လက်ခံသည့်အပြင် ဒရာမာသရုပ်ဆောင်အဖြစ်ပါ ပြောင်းသွားခဲ့၍
"အထီးကျန်အဖော်မဲ့တယ်ဆိုတာ..သန်မာအောင်လုပ်ပေးမယ့် တစ်ခုတည်းသောလမ်းပဲ!"
"...."
ယနေ့တွင် အချိန်ပိုမရှိသဖြင့် ဝိန်းရိဖန်က စာမူရေးပြီးသည်နှင့် အိမ်ပြန်လာခဲ့လိုက်တော့သည်။
အိမ်တံခါးကိုဖွင့် ၊ အကျင့်ဖြစ်နေသည့်အတိုင်း မီးခလုတ်အား လှမ်းလိုက်သည့်အချိန် မီးများဖွင့်ထားသည်ကို သတိထားမိလိုက်သည်။ ခြေလှမ်းများတုံ့ခနဲဖြစ်သွားသလို ဆိုဖာဆီသို့ အလိုလိုလှမ်းကြည့်မိလိုက်၏။ ဧည့်ခန်းထဲ၌ လူမရှိပေ။
အိမ်အဝင်ဝတွင် ဖိနပ်ဘူးများ ပိုများလာပြီး အားလုံးက သေသေသပ်သပ်နှင့်စီရီထားသည်။ ဘေးနားမှဖိနပ်များသည်တော့ အနည်းငယ်ရှုပ်ပွနေပြီး ကြည့်ရသည်မှာ အိမ်ထဲဝင်လာသည့်အချိန် အလွယ်တကူချွတ်ထားပြီး အလျင်းသင့်သည့်အိမ်နေရင်းဖိနပ်အား ကောက်စီးသွားသလိုမျိုးပင်။
ဝိန်းရိဖန်က အိပ်ခန်းငယ်ဘက်သို့ လှမ်းကြည့်လိုက်၏။
စန်းရန်ထဲက အိပ်ခန်းထဲ၌ ရှိနေမည်လား ဒါမှမဟုတ် ခဏတဖြုတ်ပြန်လာပြီး ပြန်ထွက်သွားခဲ့ပြီလား မသိပါပေ။
ဝိန်းရိဖန် အာရုံသိပ်မစိုက်နေတော့ဘဲ ဆိုဖာပေါ်ထိုင်ကာ ရေတစ်ခွက်ငှဲ့လိုက်၏။ဖြေးဖြေးချင်းသောက်နေရင်း ပတ်ပတ်လည်အားဝေ့ဝဲကြည့်မိရာ အိမ်ထဲ၌တစ်စုံတစ်ရာမကပြောင်းလဲနေသည်ကို ခံစားမိလိုက်ရ၏။
ပစ္စည်းများ များလာသည်မှာ နည်းနည်းနှောနှောမဟုတ်။
ကော်ဖီစားပွဲ၏အောက်တွင် တံဆိပ်မတူသည့် နို့မှုန့်ဘူးများ နေရာယူထားကာ သူတို့၏ဘေးတွင် သစ်သီးစုံစီရီယယ်ဘူးများ။ တီဗွီစင်၏တံခါးများက ပိတ်မထားဘဲ အထဲ၌သရေစာမုန့်ထုပ်မျိုးစုံရှိကာ အချို့မုန့်များမှာ တီဗွီရှေ့၌ပင် ချထား၏။
ထမင်းစား စားပွဲပေါ်၌ ပလပ်စတစ်ပတ်ထားသည့်အနက်ရောင်ဘူးများရှိကာ သစ်သီးများဖြစ်ပုံရသည်။
ဝိန်းရိဖန်က အကြည့်များကို ပြန်သိမ်းလိုက်ရင်း တွေးလိုက်မိသည်မှာလည်း ဤသခင်လေး၏ လူနေမှုအဆင့်အတန်းပုံစံမှာ တော်တော်လေးမြင့်သည့်အကြောင်းပင်။
မဆီမဆိုင် ဖုကျွမ့်ပြောသည့်စကားများကို တွေးကြည့်မိလိုက်၏။ လက်ကိုင်ဖုန်းကိုထုတ်ပြီး website ထဲသို့ဝင်လိုက်ကာ ရေသောက်ပြီးနောက်တွင်တော့ မတ်တပ်ထရပ်ပြီး မီးဖိုချောင်ထဲသို့ဝင်လာလိုက်၏။
website ထဲမှ သတင်းတစ်ချို့ကို download လုပ်ပြီးနောက်တွင် ဝိန်းရိဖန်က 'အရမ်းချောပြီး သနားစရာကောင်းတယ်'ဆိုသည့်ခေါင်းစဥ်ဖြင့် ပထမဆုံးနေရာရောက်နေသည့်သတင်းအား ရေခွက်ကိုဆေးကြောနေရင်း ဖွင့်ကြည့်လိုက်သည်။
Advertisement
စန်းရန်၏အေးစက်နေသည့်စကားသံကြီးက ဖုန်းထဲမှ ချက်ချင်းခုန်ထွက်လာလေပြီး..
--ငါ အခုအရမ်းပျော်နေတာလေ..မင်းလည်း ငါ့လိုမျိုး ပျော်နိုင်ပါစေလို့ မျှော်လင့်တယ်...
ဖုန်းသံက တော်တော်လေးမြင့်ထားခဲ့ကာ တိတ်ဆိတ်နေသည့်နေရာလေးအား ချက်ချင်းလွှမ်းမိုးသွားနိုင်လိုက်၏။
ဝိန်းရိဖန် လန့်ဖြန်သွားပြီး ရေပိုက်အားအမြန်ပိတ်ကာ အားနေသည့်လက်တစ်ဖက်ဖြင့် အသံလျော့လိုက်သည်။
တစ်ချိန်တည်းမှာပင် အနောက်ဘက်ဆီမှ ခြေသံများကို ကြားလိုက်ရတော့၏။
ဝိန်းရိဖန် နောက်လှည့်ကြည့်လိုက်လျှင် မြင်လိုက်ရသည်မှာ မီးဖိုချောင်ထဲ ဝင်လာနေသည့် စန်းရန်။
ဝိန်းရိဖန် ချက်ချင်းခေါင်းငုံ့သွားရင်း ဖုန်းမျက်နှာပြင်အား ချက်ချင်းပိတ်ချပစ်လိုက်၏။ တစ်ဖက်လူ ကြားမကြားတော့ သူမလည်း မသိပါပေ။
သို့သော် စန်းရန်မှာတော့ သူမအား လုံးဝမမြင်ရသည့်လူတစ်ယောက်သဖွယ် သဘောထားနေလေသည်။ စကားလည်းတစ်ခွန်းမဆို ၊ သူမရပ်နေသည့်နေရာသို့လည်းမကြည့် ၊ ရေခဲသေတ္တာအား အေးအေးလူလူဖွင့်နေ၏။
ဝိန်းရိဖန်သည်လည်း ဦးစွာစကားစပြောခြင်းမရှိ ၊ လက်ကိုင်ဖုန်းအား အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီးနောက် မျက်လွှာအား အောက်ချလိုက်သည့်အချိန် အရင်က ရေယိုနေသည့်ရေပိုက်ခေါင်းမှာ ပြင်ထားပြီးသည့်အပြင် ရေယိုနေခြင်းမျိုးမတွေ့ရတော့၏။
ထိုအရာမှစ၍ ဝိန်းရိဖန်က မီးဖိုချောင်အား အသေအချာလိုက်ကြည့်မိတော့သည်။
အလုပ်မလုပ်တော့သည့် ဂတ်စ်မီးဖိုနေရာတွင် အသစ်တစ်ခုရောက်နေပြီး သူ့ဘေးတွင်ကား ထမင်းပေါင်းအိုး ၊ မိုက်ခရိုဝေ့ဖ် ၊ သစ်သီးဖျော်စက် နှင့် ဟင်းနွေးသည့်စက်တစ်လုံး။သူမ၏ မျက်ခုံးများတစ်ချက်ခုန်လှုပ်သွားမိကာ ဦးရေပြားတစ်ခုလုံး ထုံကျင်သလိုလိုဖြစ်သွားရတော့၏။
ဦးနှောက်ထဲ ဒိန်းခနဲဝင်လာသည့်အတွေးမှာ -- ဒီပစ္စည်းတွေအားလုံးကို ပျမ်းမျှတွက်လိုက်ရင် ဘယ်လောက်တောင်ပေးရမှာလဲလို့?
ဝိန်းရိဖန်က ချိတုံချတုံဖြင့်
"ဒါတွေက နင် ဝယ်လာတာလား"
စန်းရန်၏ပုံစံက ယခုလေးတင်ရေချိုးပြီးထားသည့်အတွက် အရောင်နုနုဘောင်းဘီရှည်တစ်ထည်နှင့် ခန္ဓာကိုယ်ပေါ်၌ ခပ်ပါးပါးအနွေးထည်တစ်ထည်ဝတ်ထားသည်။ သူက သူမအား အရေးမလုပ်ဘဲ ရေခဲသေတ္တာအပေါ်ဆုံးထပ်မှ အသင့်စားခေါက်ဆွဲထုပ်ကိုယူပြီး အင်္ကျီလက်များပြင်နေလေသည်။ သူ့ပုံစံက ကိုယ်တိုင်ကိုယ်ကျ ညစာချက်တော့မည့်ပုံမျိုးပင်။
ဝိန်းရိဖန်အတွက်တော့ မြင်နေသည့်မြင်ကွင်းပုံရိပ်က အတော်လေးပုံမှန်မဟုတ်လှ။ သူမ၏အမြင်တွင် ဤလူက သူ့လက်ချောင်းလေးများဖြင့် ဘာဆိုဘာမှမထိမကိုင်ဘဲ တယုတယနေတတ်သည့်အကြီးဆုံးသခင်လေးပင်။
မည်သူကမှ ထမင်းဟင်းမချက်ပေးလျှင်တောင် အပြင်စာ မှာစားမည့်ပုံစံမျိုးလည်း ပေါက်နေကာ ကိုယ်တိုင်ကိုယ်ကျ မီးဖိုချောင်ဝင်နေလိမ့်မည်ဟု မထင်ထားမိရုံ။
ဝိန်းရိဖန်ကဆက်၍
"တကယ်လို့ ဟုတ်တယ်ဆိုရင် နင် ငါ့ကို စာရင်းတစ်ချက်လောက် လုပ်ပေးပါလား..ငါ နင့်ကို ငွေလွှဲပေးလိုက်မယ်လေ"
စန်းရန်က 'အင်း' ဟုသာ အထိုက်အလျောက်ပြန်ဖြေပြီး အိုးထဲသို့ရေဖြည့်ရန် ရေပိုက်ခေါင်းအားဖွင့်လိုက်၏။
"...."
သူ့ဘက်မှ သူမအား လျစ်လျူရှုထားသည့်အပြုအမူမှာ အရမ်းသိသာလွန်းနေပါသည့်တိုင် ဝိန်းရိဖန်ကိုယ်တိုင်က ဘာကြောင့်ရယ်မှန်းမသိဘဲ နောက်တစ်ကြိမ်နှုတ်ခမ်းလှုပ်လိုက်၏။
"ဒါဆို ငါ အခန်းထဲဝင်တော့မယ်နော်..နင် တွက်ပြီးသွားမှပဲ wechatကနေ စာပို့လိုက်တော့"
ထင်ထားသည့်အတိုင်း မည်သည့်တုန့်ပြန်ချက်မှမပြု။
ဤပုံစံက စန်းရန်၏ပုံမှန်ပဲလား ဒါမှမဟုတ် စိတ်မကြည်နေခြင်းလား ၊ ဝိန်းရိဖန်လည်း မခန့်မှန်းနိုင်တော့ကာ သူမ၏တည်ရှိနေမှုကို ကွယ်ပျောက်ပေးလိုက်သည့်အနေဖြင့် အိပ်ခန်းထဲသို့သာ ဝင်လာခဲ့သည်။ ထိုင်ခုံပေါ်ထိုင် ၊ ဖုန်းကိုဖွင့်ကြည့်ပြီး ဖုန်းထဲမှတဆင့် ဘဏ်ကဒ်ထဲမှ လက်ကျန်ငွေအား စစ်ကြည့်လိုက်သည်။
ရုတ်တရက် သက်ပြင်းရေးရေးချမိပြီး စန်းရန်နှင့် စကားပြောရန်အခွင့်အရေးရှာမှဖြစ်တော့မည်။
အကယ်၍ ယခုလိုနှစ်ဖက်မျှသုံးမည့်ပစ္စည်းများ ဝယ်တော့မည်ဆိုလျှင် တစ်ဖက်လူနှင့် အရင်ဆုံးတိုင်ပင်ဆွေးနွေးသင့်ကြောင်း....
ဤကဲ့သို့တွေးမိရုံလေးရှိသေး ၊ ယခုလေးတင်မြင်ထားရသည့် စန်းရန်၏ပုံစံက မျက်လုံးထဲပြန်မြင်ယောင်လာတော့ကာ...
အိုင်း...
သူနဲ့ အဆက်အဆံလုပ်ဖို့ဆိုတာ တကယ်မလွယ်ကူတဲ့ကိစ္စ။
တစ်ခဏကြာသွားပြီးနောက်။
ထူးထူးဆန်းဆန်းဆိုသလို ဝိန်းရိဖန်က စန်းရန်၏အပြုအမူနှင့်ပတ်သတ်ပြီး ပုံမှန်လိုပင် ဖြစ်ကြောင်း သတ်မှတ်မိလိုက်ပြန်တော့၏။
ဘယ်လိုပင်ဖြစ်စေ စန်းရန်က 'သူ့အနား မကပ်ဖို့ရာ' အသေအချာမှာထားခဲ့ဖူးသည်။အရင်တစ်ကြိမ် နှစ်ယောက်သား စကားပြောဖြစ်ခဲ့ကြသည်မှာလည်း သူ့ဘား၏စီးပွားရေးအတွက်ကြောင့် ဖြစ်သည်။
သို့သော်လည်း ရလဒ်မှာ..
သူ တစ်ပြားတစ်ချပ်မှ အမြတ်မရလိုက်သည့်အပြင် ယွမ် တစ်ထောင်လျော့လျော့ပင် စိုက်လိုက်ရသေးသည်မဟုတ်လား။
ဝိန်းရိဖန် ; မဟုတ်မှလွဲ သူက ဒီကိစ္စကြောင့် စိတ်မကြည်မလင်ဖြစ်နေတာလား?
အတွေးများကြား ဟိုဟိုဒီဒီလူးလိမ့်ပြီးနောက်တွင်တော့ ဂဏာန်းပေါင်းစက်ကိုဖွင့်ပြီး ထိုနေ့က ကျသင့်ငွေအား ပြန်တွက်ကြည့်လိုက်၏။ သူမအနေဖြင့် ကျုံးစစ်ချောင်နှင့်ရှန့်လန်တို့အတွက်ပါ စိုက်ပေးချင်သော်ငြား ငွေပမာဏက သူမအတွက် အနည်းအကျဥ်းလေးမဟုတ်။
ထို့ကြောင့် ဝိန်းရိဖန်က သူမတစ်ယောက်တည်း၏ပျမ်းမျှကျသင့်ငွေကိုသာ ပေးနိုင်မည်ဖြစ်သည်။
သို့သော်လည်း ရက်အတော်ပင်ကြာသွားခဲ့ပြီဖြစ်ရာ ယခုအချိန်ကျမှ ရုတ်တရက် ပိုက်ဆံလွှဲလိုက်လျှင် မျက်နှာပူစရာဖြစ်လာမည်မှာ မလွဲဧကန်။
ဝိန်းရိဖန်က ဖုန်းကို ချထားလိုက်ပြီး စန်းရန်ဘက်မှ စာရင်းပို့လာမည့်အချိန်ကို စောင့်နေလိုက်ကာ ထိုအချိန်မှ ပေါင်းလွှဲရန် ဆုံးဖြတ်ထားလိုက်၏။
သို့သည့်တိုင် တစ်ညလုံးလုံး...
စန်းရန် ဆိုသည့် ထိုခေါင်းကြီးသင်္ကေတဘက်မှ မည်သည့်လှုပ်ရှားမှုမှ ရှိမလာ။
တဖြည်းဖြည်းဖြင့် ဝိန်းရိဖန် ခံစားသိရှိသွားခဲ့ရမှာလည်း စန်းရန်က သူမအား လုံးလုံးလျားလျားကို မမြင်ရသည့်လေထုတစ်ခုသဖွယ် ၊ သူမ၏တည်ရှိနေမှုကို မမြင်ရသည့်အလားသဏ္ဍာန် သတ်မှတ်ထားလေခြင်းပင်။ တစ်ခါတစ်ရံ သူမဘက်မှ အသံကျယ်ကျယ်လှုပ်ရှားနေခြင်းမျိုးရှိလျှင်တောင် သူက ဘာမှမကြားလိုက်ရသည့်ပုံစံမျိုးဖြင့် မျက်လုံးပင် ပင့်မကြည့်လာ။
နှစ်ယောက်သားက တူညီသော တစ်မိုးအောက်တည်းနေနေသည့် မတူညီသောအချိန်နှင့်နေရာတို့မှလူသားများသဖွယ်။
ဝိန်းရိဖန်သည် ကိုယ့်ကိုကိုယ် ဟာသတစ်ခုလို လုပ်ပြနေတတ်သည့်သူမျိုးမဟုတ်သဖြင့် သုံးလေးကြိမ်မျှ အသိပေးလိုက်ပြီးနောက် စကားစပြောခြင်းမျိုး မလုပ်တော့၏။
နှစ်ယောက်သား၏ တစ်ယောက်ကိုတစ်ယောက် ဝင်ရောက်ပတ်သတ်ခြင်းမပြုသည့်အိမ်ခန်းငှားဖော်ဘဝက စတင်လေပြီဖြစ်သည်။
နှစ်သစ်ကူးနေ့မတိုင်ခင် ညတွင်။
ဝရံတာမှ အဝတ်များသိမ်းနေသည့်အချိန် ဝိန်းရိဖန်က ကျုံးစစ်ချောင်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိလိုက်သည်။ တစ်ဖက်က အဝတ်များကိုပိုက်ထားရင်း တစ်ဖက်က အဝတ်လှမ်းစင်အား ဘေးသို့ထားကာ ကျုံးစစ်ချောင်၏စကားသံကို နားထောင်နေ၏။
Advertisement
"နင် မနက်ဖြန်ညကျရင် အချိန်ပိုဆင်းစရာရှိလား"
"မနက်ဖြန်ညလား..ရုတ်တရက်ပေါ်လာမယ့်ကိစ္စမျိုးသာမရှိရင် မဆင်းရလောက်ဘူး"
"ဒါဆို နင် မနက်ဖြန် အိမ်ပြန်မှာလား"
"မပြန်ဘူးလေ"
ကျုံးစစ်ချောင် ;
"ဒါဆို ငါ့အိမ်ကို မလာချင်ဘူးလား..ငါတို့ နှစ်သစ်ကို အတူတူကူးမယ်လေ"
ဝိန်းရိဖန် :
"အဲ့လောက်အဝေးကြီးထိလာရမှာကို ပျင်းတယ်"
"နင့်ပိတ်ရက်တွေက အများကြီးရထားတာကိုတောင်...ငါ့ကို တစ်ရက်လောက်ခွဲမပေးချင်ဘူးလား!"
"နင် အရမ်းမရက်စက်...."
ဝိန်းရိဖန် ဧည့်ခန်းထဲသို့ဝင်ဝင်လာချင်း တုံ့ခနဲရပ်တန့်သွားမိ၏။ စန်းရန်က ဘယ်အချိန်ကတည်းက အိပ်ခန်းထဲမှထွက်လာမှန်းမသိ ၊ ဆိုဖာပေါ်တွင်ထိုင်ပြီး ဖုန်းကစားနေ၏။ အဝတ်အစားများလဲထားပြီး အမူအရာတို့က ပေါ့ပေါ့ပါးပါးဖြစ်သဖြင့် အပြင်သွားတော့မည့်ပုံစံမျိုးဖြစ်သည်။
ဝိန်းရိဖန် အကြည့်လွှဲလိုက်ပြီးနောက် အိပ်ခန်းဆီသို့လျှောက်လာကာ ကျုံးစစ်ချောင်နှင့်စကားဆက်ပြောလိုက်၏။
"ငါ့မှာ ပိတ်ရက်တွေ တကယ်ကိုအများကြီးရှိလာတဲ့နေ့မှ ဒီစကားကိုဆက်ပြော..ဟုတ်ပြီလား"
ကျုံးစစ်ချောင်က အသံထွက်အောင်အော်ရယ်ရင်း
"ပုံမှန်ထက်စာရင် ဒီတစ်ခေါက် နင့်မှာ ပိတ်ရက်တွေအများကြီးရှိနေပြီမဟုတ်ဘူးလား"
ဝိန်းရိဖန် ;
"ငါ့မှာ အိပ်ချိန် သုံးရက်နဲ့သုံးညလေးပဲ ရတာပါနော်"
အိပ်ခန်းထဲသို့ရောက်ပြီးနောက်။
ကျုံးစစ်ချောင်က မဆီမဆိုင်ဖြင့်ရုတ်တရက်မေးလာ၏။
"ဒါနဲ့..စန်းရန်ကရော နှစ်သစ်ကူးကို အိမ်ပြန်မှာလား"
"သေချာပေါက်ပြန်မှာပေါ့"
သူမ၏မေးခွန်းအား ကြောင်တောင်တောင်နိုင်လွန်းသည်ဟုထင်လိုက်ခြင်းကြောင့်လားမသိ ၊ ဝိန်းရိဖန်၏အသံက အနည်းငယ်ဇဝေဇဝါဖြစ်နေသည့်ဟန်ဖြင့်
"သူ့အိမ်က ဒီမြို့ထဲမှာပဲဟာ..သူ့မိသားစုနဲ့လည်း ဆက်ဆံရေးအဆင်မပြေဖြစ်နေတာမျိုးမှမဟုတ်ဘဲနဲ့"
"အို့..ဟုတ်သားပဲ"
ဝိန်းရိဖန် အိပ်ရာထက်လှဲအိပ်လိုက်၏။
ကျုံးစစ်ချောင်က ဆက်၍
"နင် သူနဲ့ အတူတူမျှနေရတာရော ဘယ်လိုနေသေးလဲ"
"အတူတူမျှနေတယ်လို့တောင် ပြောလို့မရပါဘူး..ငါတို့နှစ်ယောက်က.."
ဝိန်းရိဖန် တစ်ခဏမျှရပ်လိုက်ပြီးမှ
"တစ်မိုးအောက်တည်းနေနေတဲ့ သူစိမ်းနှစ်ယောက်လိုပဲ..အဆက်အဆံတောင် မလုပ်ကြဘူး..ငါ သူ့ကိုမြင်လိုက်ရတဲ့အခါတိုင်း သူ့ပုံစံက ဝိဥာဥ်ကြီးလိုလိုနဲ့"
"အဲ့လောက်တောင်လား..ဟိုနေ့ ညစာစားတုန်းကတောင် အကောင်းကြီးပဲရှိသေးတာမလား"
ဤစကားကိုကြားလျှင်ကြားလိုက်ရချင်း ဝိန်းရိဖန် ခေတ္တခဏကြောင်အမိသွားခဲ့၏။
မသိလိုက်ပါဘဲ ဦးနှောက်ထဲပြေးဝင်လာသည့်အတွေးတစ်ခုမှာ ရှန့်လန် ပြောခဲ့သည့် အမှန်တိုင်းပြောခြင်းကစားနည်းမှ အဖြေကိုပင်။ ချက်ချင်းဆိုသလို အသိစိတ်တို့ပြန်ဝင်ကာ ဝိန်းရိဖန်က ပြုံးလိုက်ရင်း
"အင်း..ညစာစားတဲ့နေ့ကမျက်နှာနဲ့ မထူးမခြားနားပဲ"
တစ်ခဏကြာကြာစကားပြောပြီးနောက်တွင် ဝိန်းရိဖန်က အိမ်တံခါးပိတ်သံအား ကြားလိုက်ရသည်။ ဖုန်းချလိုက်ပြီးနောက် Wechat ကိုဖွင့်လိုက်ရာ လွန်ခဲ့သောငါးမိနစ်ခန့်လောက်က စန်းရန် ပို့ထားသည့်မက်ဆေ့များကို မြင်လိုက်၏။
စန်းရန် ; [ နှစ်သစ်ကူးပြီး ရှစ်ရက်မတိုင်ခင်ထိ ပြန်မလာဘူး..အိမ်သော့ကို တန်းခတ်ထားလိုက် ]
စန်းရန် ; [ ရေခဲသေတ္တာထဲက ပစ္စည်းတွေကို တစ်ချက်လောက်ဖြေရှင်းပေးထားဦး ]
စန်းရန် ; [ ကျေးဇူး ]
ဝိန်းရိဖန်က ထုံးစံအတိုင်း 'ကောင်းပြီ' ဆိုသည့်စကားတစ်ခွန်းသာ ပြန်ပို့လိုက်သည်။
နှစ်သစ်ကူးညတွင်တော့ ဝိန်းရိဖန်က ည ၇နာရီတည်းက အိမ်ပြန်ရောက်လာခဲ့ကာ အိမ်တံခါးအားသော့ခတ် ၊ ရေချိုးပြီး အိပ်ရာမဝင်ခင်လုပ်ရမည့်အရာအားလုံးအား ပြင်ဆင်လုပ်ဆောင်ပြီးနောက်တွင် စောင်ပါးပါးတစ်ထည်ကိုယူပြီး ဧည့်ခန်းထဲ ထွက်လာခဲ့သည်။ ဆိုဖာထက်တွင်ထိုင်ပြီး နွေဦးရာသီပွဲတော်၏အငွေ့အသက်များပါသည့်အစီအစဥ်များအား ကြည့်နေရင်း ကျုံးစစ်ချောင်ကလည်း မလျော့သောဇွဲဖြင့် Wechatမှတဆင့် မက်ဆေ့များအဆတ်မပြတ်ပို့နေခဲ့သည်။
ဝိန်းရိဖန် ; [ ငါလည်း တီဗွီဖွင့်ထားတယ် ]
မက်ဆေ့ဘောက်စ်ထဲဝင်ကြည့်ရင်း ဝိန်းရိဖန်က နှစ်သစ်ကူးဆုတောင်းပေးထားကြသည့်မက်ဆေ့များအား တစ်ခုချင်းစီ ပြန်စာပို့လိုက်၏။ ကျောက်ယွမ့်တုံထံမှ မက်ဆေ့ကိုမြင်လိုက်ရသည့်အချိန်တွင်တော့ ဤသို့သာ ပြန်စာပို့လိုက်သည်။
[ ဒီနေ့ည အချိန်ပိုဆင်းရမှာ..နှစ်သစ်မှာပျော်ရွှင်ပါစေ ]
ပြတင်းပေါက်များပိတ်ထားသော်ငြား အနွေးပေးစက်မရှိသည့်အတွက်ကြောင့် အနည်းငယ်အေးစိမ့်နေသယောင်ယောင်။
တီဗွီမှလာနေသည့် ဆူဆူညံညံအသံများမှလွဲ၍ ဧည့်ခန်းထဲ၌ မလိုအပ်သည့်ဘယ်လိုအသံမျိုးမှမရှိ ၊ ဝိန်းရိဖန်က ကိုယ့်ကိုကိုယ် စောင်နှင့်ထွေးပတ်လိုက်ကာ တီဗွီထက်မှ တဟီးဟီးတဟားဟားပုံရိပ်များအား မမှင်မသွေစိုက်ကြည့်နေပါသည့်တိုင် ထိုခံစားချက်များက ကူးစက်လာခြင်းလည်းမရှိ ၊ အကယ်၍ ပိတ်ရက်သာမဟုတ်ခဲ့ပါလျှင် ယနေ့ည၌ နှစ်သစ်ကူးမည်မှန်းပင် သူမ သတိရမိမည်မဟုတ်ချေ။
သူမ သက်ပြင်းချရင်း စိတ်မပါလက်မပါဖြင့် Weibo ပေါ်မှသတင်းများကို ဆွဲကြည့်ရင်း တစ်ခဏအကြာ၌ အိပ်ခန်းထဲသို့ဝင်ချင်လာပါတော့သည်။
နွေဦးရာသီပွဲတော်နှင့်ပတ်သတ်ပြီး ဝိန်းရိဖန် လုံးဝလုံးဝစိတ်ဝင်စားခြင်းမရှိပါပေ။
သူမ၏အမြင်တွင်တော့ ဤရုပ်ပြပုံရိပ်များဟာ နှစ်သစ်ကူးည၌ မိသားစုများလူစုပြီး စကားတပြောပြော ပျော်ပျော်ရွှင်ရွှင်လုပ်နေကြသည့်အချိန် နောက်ခံအသံတစ်ခုအဖြစ်ဖွင့်ထားခြင်းပင် ဖြစ်၏။ တစ်ယောက်တည်းကြည့်နေရသည့်အခါတွင်တော့ ထူးဆန်းလွန်းသည့်ပုံရိပ်ကားချပ်များဟုသာ မြင်နေမိတော့၏။
သို့သော်လည်း ကျုံးစစ်ချောင်က wechat မှတဆင့် ပွဲတော်အစီအစဥ်များအကြောင်းတတွတ်တွတ်ဖလှယ်နေဆဲ။
ဝိန်းရိဖန်လည်း တစ်ပါးသူ၏ပျော်ရွှင်နေသည့်စိတ်လေးအား မဖျက်စီးလို ၊ ထို့ကြောင့် တစ်ခုခုထစားရန်သာ တွေးလိုက်၏။
ဤစက္ကန့်အပိုင်းအခြားတွင် အိမ်တံခါးဘဲလ်က ရုတ်တရက်ကြီး မြည်လာတော့၏။ အချိန်အား လှမ်းကြည့်လိုက်လျှင် ၉နာရီထိုးလုနီးနီး။
ထို့အပြင် အပြင်ဘက်၌ မည်သူမှန်းလည်း မသိ။
ဝိန်းရိဖန် ထူးဆန်းသလိုခံစားရရင်း စိတ်ထဲလည်းလေးလံလာတော့၏။ အိမ်တံခါးဆီသို့ လျှောက်သွားပြီး အပြင်ဘက်ကြည့်မှန်ဘီလူးလေးမှတဆင့် လှမ်းကြည့်လိုက်သည်။
မီးထိန်ထိန်လင်းနေသည့် ကော်ရစ်တာထက်တွင် အိတ်ကပ်ထဲလက်ထည့်ထားသည့်စန်းရန်က မတ်တပ်ရပ်နေလေသည်။
သူမ သက်ပြင်းချလိုက်မိပြီး အိမ်တံခါးကိုဖွင့်ပေးလိုက်၍
"နင် ဘယ်လိုဖြစ်လို့ ပြန်လာတာလဲ"
စန်းရန်က သူမအားတစ်ချက်လှမ်းကြည့်ကာ ရှားရှားပါးပါးစကားပြန်ပြောလာခဲ့၏။
"အိမ်မှာ ဆွေမျိုးတွေရောက်နေလို့..အိပ်စရာနေရာမရှိဘူး"
"...."
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြရင်း များများစားစားမမေးဘဲ ဆိုဖာပေါ်သို့သာ ပြန်ရောက်လာခဲ့သည်။
စန်းရန်က အိပ်နေရင်းဖိနပ်ပါးကို လဲစီးလိုက်ပြီးနောက် ဆိုဖာ၏အခြားအစွန်းတစ်ဖက်၌ ဝင်ထိုင်လိုက်သည်။
နှစ်ယောက်စလုံး တိတ်ဆိတ်နေကြပြီး ပြောစရာစကားလည်းမရှိ။
ယနေ့လို ပွဲတော်ရက်မျိုးတွင်။
အခန်းထဲ၌ အခြားသူ၏အသက်ရှုငွေ့များ ရုတ်တရက်ရှိလာခဲ့ခြင်းဟာ ဝိန်းရိဖန်အတွက်တော့ ကျင့်သားမရနိုင်မိသလို မသိစိတ်ကနေ၍လည်း သူရှိရာအရပ်သို့ အလိုလိုလှည့်ကြည့်မိတော့၏။
တစ်ခဏကြာပြီးသွားချိန်တွင် စန်းရန်က စပြီးလှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ကာ မတ်တပ်ထရပ်ပြီး မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။
သူ့လှုပ်ရှားသံများကြောင့် ဝိန်းရိဖန်လည်း လိုက်ကြည့်နေလျက်။
စန်းရန်က ရေခဲသေတ္တာမှ ကြာဇံခြောက်တစ်ထုပ် ၊ အသားလုံးတစ်ဘူး အပြင် ဟင်းသီးဟင်းရွက်ဘူးကိုပါ ထုတ်လိုက်၏။နောက်တွင် အအေးခံထားသည့် ဖက်ထုပ်များကို ထုတ်ယူလာခဲ့ကာ သူ့ပုံစံက ညလယ်စာပြင်တော့မည့်ပုံ။
စန်းရန် ဟင်းချက်တတ်သည်ဆိုသောအချက်ကိုတော့ ဝိန်းရိဖန် ချက်ချင်း လက်မခံနိုင်ပေးနိုင်ပါချေ။
ထို့ကြောင့် စန်းရန်က ဂတ်စ်မီးဖိုအား အသုံးမပြုလိုက်ရန် တိတ်တိတ်လေးကျိတ်၍ဆုတောင်းနေတော့၏။
ဤဟင်းလျာအတွက်ဆိုလျှင် လျှပ်စစ်အိုးဖြင့် အဆင်ပြေနေပြီဖြစ်သည်။
ဝိန်းရိဖန် စိုးရိမ်သည်မှာ စန်းရန်က မီးဖိုချောင်ကြီးပေါက်ကွဲအောင်လုပ်မည်ကိုပင်။
မိနစ်အနည်းငယ်လေးမျှ ကုန်သွားပြီးနောက်တွင်...
မီးဖိုချောင်ထဲမှ ဂတ်စ်မီးဖိုဖွင့်လိုက်သည့်အသံအား ကြားလိုက်ရပါလေရော့၏။
"...."
သူမ စိုးရိမ်စိတ်တို့စပြီး ကြီးစိုးလာပြီ။
သို့သော်လည်း နှစ်ယောက်ကြားရှိ ဆက်ဆံရေးအခြေအနေကြောင့် မီးဖိုချောင်ထဲ ပြေးဝင်သွားလို့လည်း မဖြစ်သေး။
ထိုင်ရမလိုလို ထရမလိုလို ၊ ထိုင်မရထမရ အခြေအနေထဲတွင်...
မီးဖိုချောင်ထဲမှ ရေနွေးပွက်လာသည့်အသံကို ထပ်၍ကြားလိုက်ရ၏။
တစ်ချိန်တည်းဆိုသလို စန်းရန်က သူမနာမည်အား ရုတ်တရက်လှမ်းအော်ခေါ်လာခဲ့သည်။
"ဝိန်းရိဖန်"
နှစ်ယောက်သား၏လက်ရှိအခြေအနေကိုကြည့်လိုက်ရလျှင် ထိုလူထံမှ သူမ၏နာမည်ခေါ်သံကို ကြားလာရခြင်းထက် ကောင်းကင်ပေါ်ပြေးတက်လိုက်ခြင်းကမှ ပို၍လွယ်ကူပါဦးမည်။
ထို့ကြောင့် ဝိန်းရိဖန်၏စိတ်ထဲ တစ်ခုခုဖြစ်နေပြီဆိုသည့်အတွေးက ပိုသေချာသွားခဲ့ကာ ချက်ချင်းထလျှောက်သွားတော့၏။
"ဘာဖြစ်လို့လဲ"
မီးဖိုချောင်ထဲ ဝင်ဝင်ချင်းပင်။
ဝိန်းရိဖန်တွေ့လိုက်ရသည်မှာ စန်းရန်က ကြာဇံခြောက်ထုပ်ကို ကိုင်ထားဆဲဖြစ်နေသော်ငြား အထဲတွင်တော့ ဘာမှမရှိတော့ချေ။ သူ့လှုပ်ရှားမှုက ခပ်တောင့်တောင့်ကြီးဖြစ်နေပြီး ပွက်ပွက်ဆူနေသည့်အိုးအား စိုက်ကြည့်နေကာ သူ့အကြည့်များအတိုင်းလိုက်ကြည့်လိုက်လျှင် ကြာဇံထုပ်ကြီးတစ်ထုပ်စာလုံးက အိုးထဲသို့ရောက်နေပြီဖြစ်၏။
မြင်ကွင်းတစ်ခုက တုံ့ခနဲရပ်တန့်သွားသည့်သဏ္ဍာန်။
သုံးလေးစက္ကန့်ကြာပြီးနောက်တွင်။
စန်းရန်က ခေါင်းမော့ကြည့်လာကာ မျက်နှာတည်ဖြင့်
"အများကြီး ပြုတ်မိသွားပြီ"
"...."
စန်းရန်က တဖန်မျက်လွှာချလိုက်ပြီး သူ့ဘေးနားမှအမှိုက်ပုံးထဲသို့ ကြာဇံထုပ်အခွံအားပစ်ထည့်ကာ စကားအဖြစ်သာပြောလိုက်သည့်အလား ဝါကျတစ်ကြောင်းဆိုလာခဲ့သည်။
"ကူစားပေးမလား"
(Zawgyi)
ပထမရက်တွင်။
Advertisement
- In Serial18 Chapters
LILLIAN ✩
Lillian Heart has been heavily trained for the responsibility to eventually conquer her father's business. Being a miracle child, the 19 year-old is the only available heir to her parents, making her the only liable option to eventually takeover.This is of course a problem with Lillian being the most timid, shy, and anxious girl one can ever meet.On a normal basis, Lillian accompanies her father on important meetings to understand how his world works. One specific meeting allows Lillian to come into contact with Klein Grey.Klein Grey unexpectedly offers her a personal assistant position in his office. Unable to decline, Lillian is obligated to say yes.-"Such a shy little girl, hm?" Mr. Grey steps directly behind me, close enough to where I can feel the heat radiating off his body."How could you handle such an important job if you could barely stand to look me in the eyes, little one?"
8 148 - In Serial42 Chapters
Bite or Howl
I could feel its presence from behind me. I tried walking faster, but I could feel it slowly pacing near me.I turned around, expecting a dark, hideous vampire standing behind me, but to my surprise, there was none. I turn back around to start going back to the pack house where it's safe but I realise, he's right in front of me. My breath catches in my throat as I let out a gasp. "Never seen something so beautiful, I see?" He taunts. "Make one sound and I'll bite you right here, right now." ════ *.·:·. ☽ ✧ ✦ ✧ ☾ .·:·.* ════Phoebe Wolf, a gorgeous werewolf and daughter of the Alpha. She could make men fall in love with her in a second with her beauty but despite her charming looks and sweet personality, her family neglected her. Her parents died later on in an attack near the borders of the werewolf clan and the vampire coven, leaving her older brother to take over the werewolf pack as alpha. Phoebe was abandoned in the castle, never to be seen again by any other wolf. But little did they know, Phoebe's mate was still out there. He was somewhere, waiting for her too. But there's one thing stopping them from meeting. The borders.//Story by @barbziecultStarted 20.6.2020Ended 24.8.2020(First book in trilogy)
8 89 - In Serial43 Chapters
Alpha submitted
|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|"You will submit to me!" He growled, clenching his jaw as he glared down at me.I raised a brow and looked him dead in the eyes "No 'Alpha'." I smirked mocking the word Alpha. "You will submit to me." *^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*^*Aylean Rafe Beowulf born a true blood alpha, but was a runt. Being a runt is a disgrace to werewolves, so her pack would have refused her as a Luna, so her parents made her the omega of their pack. Disrespected her entire life, she had enough and chose to become a rouge, but on her journey she met her mate. Alpha Aztec Amaruq Hunter, the alpha of the strongest pack in the world a cold and stern alpha, but when his true mate comes along a stubborn girl who doesn't want to submit, he doesn't know what to do. What will happen? Will Aylean submit or will it be the other way around? Find out :)Just a small warning my grammar isn't good lol, also it's still a working progress, but enjoy! :)(All images are from Google)
8 517 - In Serial67 Chapters
Falling For A Hijabi (part 1 And 2)
#1 in spiritual in 16/6/2019Previously known as " My very own hijabi" Two young people finding shelter within each other from the world and its evils Jannah Mohamed is not your typical hijabi, she is an introvert, her traumatic past has turned her into the person she is today. Her senior year was supposed to be a regular year if it wasn't for a stupid bet. James Wayne is your typical filthy rich popular bully whose money and extreme good looks help him get away with everything he does. Jannah will teach him that he can't get everything he wants. What happens when two worlds collide?!Teaser" Because....because you like me, I know that you like me, but you are trying to suffocate your feelings, you are trying to bury them under the mountain of disappointments you have in your life, you are acting like you don't care, but you do care, very much actually, more than I can imagine, more than anybody can imagine, that's why you always try your best to hide it very Well, I know you care because I can see the spontanous smile that is drawn on your face once you see me, the luster in your eyes When you see me, I know this because I see myself in them, and this is the only reflection of myself that I like, that I love " he said, as tears kept playing at the corners of his eyes. I was speechless, my mind has betrayed me, I just stood there starring at him as he ran away, I couldn't even ask him to stop or come back for me, he just ran away, like a prey from a predator, and I felt guilty about it, he was my victim. High ranks: reached #12 in highschool in 12/6/2019 out of 219k#4 in nerd out of 29k#1 in spiritual in 16/6/2019Not Cliche I promise👌, crowded with Plot twists, joyful moments and heartbreaks. You will laugh, cry and fall in love with the characters. Ps: It's a fictional story, don't take inspirations from it.Real love comes with marriage 👍. It's a story for all religions, races, and countries.You are all welcome.
8 233 - In Serial23 Chapters
Outside The Lines [boyxboy]
Sarcastic Theo is just trying to get through his senior year of high school with his sister Thalia and his best friend Oliver. But Theo’s life gets flipped upside-down when the overly flamboyant Dimitri Ivanov is thrust into his life. Dimitri is cocky, flashy, and makes a hobby out of annoying Theo. But Theo begins to question whether Dimitri’s constant flirting is all in fun, or if it’s becoming serious. And why is straight Theo getting such strong feelings for Dimitri?
8 172 - In Serial200 Chapters
...
8 177

