《First Frost (Myanmar Translation)》Chapter 20
Advertisement
ဝိန်းရိဖန်၏အသက်ရှူနှုန်းများ ရုတ်ချည်းရပ်တန့်သွားကာ မျက်တောင်များပင့်ပြီး စန်းရန်ကို လှမ်းကြည့်မိလိုက်တော့သည်။
"ယီဟဲ?"
စုဟောက်အန်းက အထူးအဆန်းဖြစ်သွားရသည့်အပြင် ပုံမှန်မဟုတ်သောကိစ္စတစ်ခုဖြစ်သောကြောင့်
"မင်း နောက်ဆုံးတစ်ခေါက် လေယာဥ်နဲ့ခရီးသွားတာက အလုပ်ကိစ္စနဲ့မဟုတ်ဘူးလား..ငါပဲ အမှတ်မှားနေတာလား..ဒါပေမယ့် မင်း ဘာကိစ္စမှလည်းမရှိဘဲနဲ့ ယီဟဲကို ဘာသွားလုပ်တာလဲ..ပြီးတော့ မင်း ဘယ်အချိန်တုန်းကသွားလိုက်တာလဲ..ငါလည်း မသိလိုက်ပါလား"
စန်းရန်က တစ်ဖက်သို့ခေါင်းလှည့်ကြည့်ပြီး
"မေးခွန်းက ဘယ်နှခုတောင်မေးနေမှာလဲ"
"အို့..ငါ သိပြီ"
အရက်သောက်ထားခြင်းကြောင့်လည်းဖြစ်နိုင်ကာ စုဟောက်အန်း၏အမူအရာ၊ခံစားချက်တို့က ပုံမှန်ချိန်များထက် ပို၍တက်ကြွနေပြီး သူက ဒေါသထွက်သွားသည့်ဟန်ဖြင့်
"မင်းကြီးတော်ကြီး သွမ့်ကျားရွှီဆီ သွားတာမလား"
စန်းရန်က ပြန်မဖြေ။
"ငါ တကယ်ကြီးကို လက်ခံလိုက်ပါပြီ"
စုဟောက်အန်းက ခပ်ကျယ်ကျယ်အော်ဟစ်ပစ်၍
"တကယ်လို့ လောင်ဇစ်သာ! နန်းဝူတက္ကသိုလ်ကို! လျှောက်နိုင်ခဲ့ရင်! မင်းနဲ့ ပေါက်ကရလေးဆယ်သတင်းထွက်ဖို့အတွက် သူ့အလှည့် ရောက်လိမ့်မယ်များထင်လား!"
"...."
စန်းရန်က စိတ်မရှည်လက်မရှည်ဖြင့်
"မင်း အသံကိုလျော့"
ကျုံးစစ်ချောင်၏ မိခင်တက္ကသိုလ်ကြီးမှာလည်း နန်းဝူတက္ကသိုလ်ပင်ဖြစ်သည့်အတွက် စုဟောက်အန်းပြောသွားသည့်စကားများ၏အဓိပ္ပါယ်ကို နားလည်နေခဲ့ကာ သဘောတကျလိုက်ရယ်လေတော့သည်။ဝိန်းရိဖန်အနားသို့ ကပ်လိုက်ပြီး တစ်ဖက်ကရယ်ရင်း တစ်ဖက်ကလည်းရှင်းပြလိုက်၏။
"စုဟောက်အန်းပြောတဲ့ အဲ့ဒီသွမ့်ကျားရွှီဆိုတာလည်း ငါတို့ကျောင်းကပဲ"
ဝိန်းရိဖန်က ဝမ်လင်လင်ပြောပြခဲ့ဖူးသည့်စကားများကို သတိရပြီးခေါင်းငြိမ့်ပြလိုက်၏။
"သူတို့နှစ်ယောက်က ဌာနတစ်ခုတည်း ၊ မေဂျာတစ်ခုတည်း ၊ အတန်းတစ်ခုတည်း အပြင် အဆောင်ပါတစ်ခန်းတည်း နေတာ"
ကျုံးစစ်ချောင်က ဆက်၍
"ပြီးတော့ နှစ်ယောက်စလုံးက လုံးဝကြည့်ကောင်းပြီးချောနေကြတာဆိုတော့ ကျောင်းထဲမှာရှိတဲ့လူတိုင်းပြောနေကြတာ..သူတို့နှစ်ယောက်က ကွန်ပျူတာသိပ္ပံမေဂျာရဲ့ အတွဲလိုက်အချောဆုံးနှစ်ကောင်တဲ့"
ယခုအချိန်ထိ စုဟောက်အန်းက အသောမသတ်နိုင်အောင် အော်နေဆဲပင်။
ကျုံးစစ်ချောင်ပြောပြနေသည့် အတင်းအဖျင်းများကို ငြိမ်သက်ပြီးနားထောင်နေသော ဝိန်းရိဖန်ကိုကြည့်ရင်း ရှန့်လန်သည်လည်း သူတို့အနားသို့ကပ်လာပြီး နားထောင်နေလေသည်။
"အချိန်အတိအကျကိုတော့မေ့သွားပြီဆိုပေမယ့် ငါတို့ကျောင်းရဲ့ ဖိုရမ်ပေါ်မှာ တစ်ယောက်ယောက်က ပို့စ်တင်လာခဲ့တာကွာ..ငါတို့ကျောင်းမှာ ကျောင်းရဲ့အချောဆုံးကောင်လေး ရှိပြီလားပေါ့..နောက်တော့ အဲ့ပို့စ်ကြီးက အရမ်းနာမည်ကြီးလာပြီး ကိုယ်စီကိုယ်စီ သူတို့မေဂျာကအချောဆုံးကောင်လေးပုံတွေ တင်ကြတော့တာ..ဓါတ်ပုံတွေက များသောအားဖြင့် ဒီအတိုင်းရိုက်ယူထားတဲ့ပုံမျိုးတွေပဲ"
ဝိန်းရိဖန် ;
"နောက်တော့ရော"
ကျုံးစစ်ချောင် ;
"နောက်တော့ စန်းရန်ရော သွမ့်ကျားရွှီပါ ပုံတင်ခံရတာလေ..ဓါတ်ပုံတွေထဲမှာ တစ်ဝက်လောက်နီးနီးက သူတို့နှစ်ယောက်ပုံတွေချည်းပဲ..ဒါပေမယ့်လေ စန်းရန်ရဲ့ပုံကို တင်လိုက်တိုင်းလည်း ပုံထဲမှာ သွမ့်ကျားရွှီပါတယ်..သွမ့်ကျားရွှီရဲ့ပုံကို တင်လိုက်ရင်လည်း အထဲမှာ စန်းရန်ရဲ့ပုံက ပါနေရော"
"...."
"နောက်တော့ အားလုံးလည်း ရှော့ခ်ရကုန်တော့တာပဲ..ဒီလောက်လူတွေအများကြီး ခိုးရိုက်ထားတဲ့ဓါတ်ပုံတွေထဲမှာ ၈၀ရာခိုင်နှုန်းလောက်က နှစ်ယောက်စလုံးပါတဲ့ပုံတွေချည်းပဲလေ..အဲ့ကနေစပြီး လူတိုင်းရဲ့အမြင်မှာ..."
ကျုံးစစ်ချောင်က တစ်ခဏရပ်လိုက်ပြီးမှ ဆက်၍
"သူတို့နှစ်ယောက်က နေ့တိုင်း ပူးကပ်နေကြပါတယ်ပေါ့"
"...."
"ထပ်ပြီးပြောရရင်..တက္ကသိုလ်တက်ခဲ့တဲ့ လေးနှစ်လုံးလုံး သူတို့နှစ်ယောက် မိန်းကလေးတွေနားကပ်တာကို တစ်ခါမှမတွေ့ခဲ့ဖူးဘူး"
ကျုံးစစ်ချောင် ပြောလေ သဘောတကျရယ်လေလေ ဖြစ်ကာ
"အဲ့ဒါနဲ့ နောက်ပိုင်းကျတော့ အခြားသူတွေက သူတို့နှစ်ယောက်ကို ဘယ်လိုတင်စားထားကြလဲသိလား..ကွန်ပျူတာသိပ္ပံမေဂျာက အချောဆုံးဂေးအတွဲတဲ့လေ"
ကျုံးစစ်ချောင်က တက်တက်ကြွကြွကိုပြောပြနေခြင်းဖြစ်ပြီး အသံအား တစ်စက်လေးမျှပင် မနိမ့်ချေ။
ထို့ကြောင့် ရလဒ်အနေဖြင့် စုဟောက်အန်းပါကြားသွားခဲ့ပြီး ချက်ချင်းကစားဝိုင်းထဲသို့ ဝင်လာခဲ့၍
"အဲ့ဒါက ဇကာတင်ရွေးတဲ့ကောင်တွေ မျက်လုံးကန်းနေလို့!..ဓါတ်ပုံထဲမှာ 'ချန်ဖေး' နဲ့ 'ချန်ကျွင့်ဝိန်' အဲ့ဒီအရူးနှစ်ကောင်လည်း ပါနေတဲ့ဟာကို..ရုပ်လည်းမလှရော မမြင်ရတဲ့လေထုလိုပဲ ဇွတ်ဖျောက်ပစ်တော့တာ"
"...."
"အိုင်း..အခုတော့ ငါ့မှာ ဘာမှလည်းမရှိတော့ဘူး"
စုဟောက်အန်းက ရုတ်တရက်ဆိုသလို
"ငါ ထပ်ပြီးလည်း ချစ်သူမရှာတော့ဘူးဟာ"
"...."
စုဟောက်အန်းက စန်းရန်အား လှမ်းကြည့်လိုက်၍
"သူငယ်ချင်းကြီး..ငါတို့နှစ်ယောက်က အကောင်းဆုံးညီအစ်ကိုတွေဟုတ်တယ်မလား..ငါ့မှာ မင်းရှိနေရင်ရပြီ..မင်းလည်း ငါ့ကို မင်းနှလုံးသားထဲမှာ NO.1 အဖြစ်ထားပေး..သိလား"
သူတို့နှစ်ဦး ဘာဆက်ပြောနေကြမှန်းမသိ။
ပေါက်ကရလေးဆယ်ကောလဟလစကားများက ဤအတိုင်းအတာထိရောက်လာသည့်အတွက်ကြောင့် ကျုံးစစ်ချောင်က အနည်းငယ်အားနာသွားဟန်ဖြင့် စန်းရန်အား တစ်ချက်လှမ်းကြည့်ကာ စကားစဆိုလိုက်၏။
"အားလုံးက ဟာသအဖြစ်လျှောက်ပြောနေကြတာတွေချည်းပါပဲ..လာ လာ..ငါတို့ ဆက်ပြီး ကစားရအောင်"
ဝိန်းရိဖန်လည်း ခန္ဓာကိုယ်အား အရှေ့သို့တိုးသွားကာ အန်စာခွက်အားခေါက်လိုက်၏။
မျက်ဝန်းထောင့်စွန်းမှနေပြီး သူမ မြင်နေရသည့်စန်းရန်က မည်သည့်လှုပ်ရှားမှုမှလည်း မရှိသလို စုဟောက်အန်း၏အမေးကိုလည်း ပြန်မဖြေ။ဆိုဖာကိုသာ မှီ၍ထိုင်နေပြီး သူ့ဖုန်းအား တစ်ချက်ကြည့်လိုက်ကာ ရုတ်တရက် မတ်တပ်ထရပ်၍
"မင်းတို့ပဲ ကစားတော့"
စုဟောက်အန်း ;
"အာ?..မင်း ဘာသွားလုပ်မလို့လဲ"
စန်းရန်က ပါးစပ်ထဲရှိသည့်စကားတစ်ခွန်းအား အလျင်းသင့်သလို ဆိုလိုက်၏။
"အိပ်ချင်နေပြီ..သွားအိပ်တော့မလို့"
စုဟောက်အန်း ;
"အခုမှ ဘယ်နှနာရီပဲ ရှိသေးတာမလို့လဲ"
စန်းရန်က ရှားရှားပါးပါးကိုရှင်းပြနေခြင်းဖြစ်၍
"မနေ့ညက အိပ်တာ နောက်ကျလို့"
နောက်တွင်တော့ သူက အရက်တစ်ခွက်အား စနစ်ကျကျငှဲ့လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများက မသိမသာလေးကွေးညွှတ်ပြ၍
"ဒီနေ့ အပျော်တွေကိုဖျက်မိသွားတာ ငါ ပါ..မင်းတို့ပဲ ဆက်ကစားကြတော့"
ထို့နောက် စုဟောက်အန်းရှိရာဘက်သို့ လှမ်းကြည့်ပြီး
"မင်း ဧည့်ခံလိုက်တော့..ကျသင့်ငွေကို ငါ့စာရင်းထဲ ထည့်မှတ်လိုက်"
Advertisement
စကားပြောဆိုပြီးသည်နှင့် စန်းရန်က မည်သူ့ကိုမှ မကြည့်တော့ဘဲ စားပွဲပေါ်မှ မီးခြစ်အား လှမ်းယူကာ ထွက်သွားခဲ့တော့၏။
စန်းရန်၏စိတ်အခြေအနေက ပုံမှန်မျိုးသာဖြစ်ပြီး သူ့အရင်အပြုအမူ၊အမူအရာများနှင့်ယှဥ်လျှင် အတော်လေးနူးညံ့သွားပုံလည်းရသည်။အခြားသူများအနေဖြင့် မူမမှန်သည့်မည်သည့်အရာမျိုးကိုမှ မခံစားရသော်ငြား ဝိန်းရိဖန်အနေဖြင့်တော့ အကြောင်းပြချက်မရှိပါဘဲနှင့် အနည်းငယ်မွန်းကြပ်သလိုခံစားနေမိတော့သည်။
သုံးလေးကြိမ်မျှ ဆက်ကစားနေပြီးနောက် စုဟောက်အန်းက စန်းရန်ရှိမနေတော့သည့်အတွက်ကြောင့်လည်း ဤငယ်ပေါင်းကြီးဖော်သူငယ်ချင်းသုံးယောက်ကြားတွင် နေစရာမရှိထိုင်စရာမရှိဖြစ်နေရကာ သိပ်မကြာလိုက်ခင်ပင် အကြောင်းပြချက်တစ်ခုရှာပြီး ထွက်သွားခဲ့တော့၏။
သူတို့ သုံးဦးသာ ကျန်နေခဲ့၏။
အခြားသူနှစ်ယောက်ထွက်သွားရုံဖြင့် လေထု၏အရှိန်မှာ မကျသွားခဲ့ပေ။
သို့သော် ဝိန်းရိဖန်မှာတော့ အနည်းငယ်စိတ်လွတ်ကိုယ်လွတ်ဖြစ်လာရတော့၏။
နှစ်ဦးသားစကားပြောနေကြသည့်အချိန်၌ ရုတ်တရက်ဆိုသလိုခေါ်လိုက်၏။
"ချောင်ချောင်"
ကျုံးစစ်ချောင် ;
"အာ?..ဘာလဲ"
"နင် ခုဏတုန်းကပြောတဲ့ ဟို သွမ့်ကျားရွှီဆိုတဲ့တစ်ယောက်လေ..သူနဲ့စန်းရန်ရဲ့ဆက်ဆံရေးက အရမ်းကောင်းတာလား"
"အရမ်းကောင်းမယ်လို့ ထင်တာပဲ..မဟုတ်ရင် ဒီလိုပေါက်ကရသတင်းမျိုးတွေထွက်လာမှာမဟုတ်ဘူးလေ..ငါလည်း သေသေချာချာသိနေတာမျိုးတော့မဟုတ်ဘူး..ငါနဲ့ သူတို့နဲ့မှ မေဂျာချင်းမတူတာ..ဒါပေမယ့် ငါ့အခန်းဖော်တစ်ယောက်က အရင်တုန်းက စန်းရန်ကို လိုက်ဖူးတယ်..သူ့ပြောစကားအရတော့ စန်းရန်ကိုလိုက်မယ်ဆိုရင် သွမ့်ကျားရွှီကိုပါ အချစ်ပြိုင်ဖက်ထဲထည့်ထားဖို့ လိုတယ်တဲ့"
"...."
ဝိန်းရိဖန် ;
"သွမ့်ကျားရွှီက အခု ယီဟဲ မှာလား"
"ဟုတ်တယ်..သူက ယီဟဲဇာတိလားလို့..ဘွဲ့ရပြီးနောက်ပိုင်း အလုပ်လုပ်ဖို့ပြန်သွားခဲ့တာ"
ကျုံးစစ်ချောင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
"နင် ဘာလို့ ရုတ်တရက်ကြီး အဲ့တစ်ယောက်ကို စိတ်ဝင်တစားဖြစ်နေရတာလဲ..နင် ယီဟဲမှာနေတုန်းက တွေ့ဖူးလိုက်လို့လား"
ဝိန်းရိဖန်က သက်ပြင်းချလိုက်ရင်း
"မဟုတ်ပါဘူး..ငါ ဒီတိုင်းမေးကြည့်တာ"
ဝိန်းရိဖန်က မနက်ဖြန်အလုပ်သွားရဦးမည်ကိုသိသောကြောင့် သုံးယောက်သားက ကြာကြာမနေဖြစ်ခဲ့ကြဘဲ ဆယ်နာရီခွဲဝန်းကျင်၌ပင် ဘားထဲမှ ထွက်လာကြခဲ့၏။ ရှန့်လန်က ကျသင့်ငွေကိုရှင်းချင်သော်လည်း ဘားထဲ၌ရှိနေဆဲဖြစ်သည့် စုဟောက်အန်းက အတင်းတားသည့်အပြင် ကားပါကင်ထိပါ တက်တက်ကြွကြွလိုက်ပို့ပေးခဲ့သည်။
ရှန့်လန်က ကားမောင်းရမည်ဖြစ်သောကြောင့် တစ်ညလုံးအရက်မသောက်ထားခဲ့။
ဝိန်းရိဖန်နှင့်ကျုံးစစ်ချောင်က အနောက်ခန်းထဲ၌ ဝင်ထိုင်လိုက်၏။
အိမ်ပြန်သည့်လမ်းတွင် ကျုံးစစ်ချောင်က ဝိန်းရိဖန်နှင့်စန်းရန်တို့ အိမ်ခန်းမျှနေကြသည့်ကိစ္စကို ပြန်သတိရလာပြီး
"အေ့..အစက်အစက်"
ဤနာမည်ပြောင်အား သတိရလိုက်ပြီးကတည်းက ကျုံးစစ်ချောင်က မကြာခဏဆိုသလို ခေါ်နေတော့၏။
"နင် စန်းရန်နဲ့ အိမ်ခန်းမျှနေရတာ တကယ်ရောအဆင်ပြေလို့လား..မပြေရင် နင် ရှန့်လန်နေရာမှာ သွားနေလိုက်..ရှန့်လန်ကို စန်းရန်နဲ့ နေခိုင်းလိုက်မယ်"
ရှန့်လန် ;
"ငါက ဘာမဆိုအဆင်ပြေတယ်"
"ဘာအဆင်မပြေစရာရှိနိုင်မှာမလို့လဲ..ငါတို့နှစ်ယောက်က အိမ်မှာဆိုရင် သူစိမ်းတွေလိုပဲ..စကားတောင်မပြောကြဘူး..နင်တို့ ဒီနေ့မြင်တဲ့အတိုင်း သူက စကားများများပြောရတာကိုကြိုက်တဲ့သူမျိုးမှမဟုတ်တာ..ငါတို့ ဒီတိုင်း အိမ်ခန်းမျှနေကြရုံလေးပဲ"
ရှန့်လန် ;
"တကယ်လို့ မင်းပြောင်းလာချင်တယ်ဆိုရင် ငါ့ကို လာပြောနော်"
-----
ရှန့်လန်နေသည့်နေရာက ကျုံးစစ်ချောင်အိမ်နှင့် နီးသောကြောင့် ဝိန်းရိဖန်အား အရင်လိုက်ပို့ခဲ့၏။
စန်းရန်ပြောခဲ့သည့် 'သွားအိပ်တော့မယ်' ဆိုသောစကားကိုတွေးမိလိုက်ရင်း ဝိန်းရိဖန် အိမ်ထဲသို့ဝင်လာသည့်အချိန် အနည်းငယ်အေးအေးလူလူဖြစ်နေခဲ့ကာ ပိန်းပိတ်အောင်မှောင်နေသည့်ဧည့်ခန်းအား မြင်လိုက်ရသည့်အချိန်တွင်တော့ တစ်ခဏမျှကြောင်အရင်း မီးဖွင့်လိုက်တော့၏။
ဧည့်ခန်းအတွင်း တစ်စုံတစ်ယောက်ပြန်လာသွားသည့်အရိပ်အယောင်မျိုးမရှိ။
ဝိန်းရိဖန်က အိမ်နေရင်းဖိနပ်ကိုလဲစီးပြီး သူမ၏အိပ်ခန်းဆီသို့လျှောက်သွားသည့်အချိန် ၊ အိပ်ခန်းငယ်ရှေ့မှ ဖြတ်လာရသည့်အခိုက် အလိုလိုတစ်ချက်လှမ်းကြည့်မိကာ ချက်ချင်းအကြည့်လွှဲပစ်လိုက်၏။အချိန်လည်းနောက်ကျနေပြီဖြစ်သောကြောင့် အိပ်ခန်းထဲသို့ဝင်ပြီး ရေအမြန်ချိုးလိုက်၏။
ပြန်ထွက်လာသည့်အချိန် လက်ကိုင်ဖုန်းအားဖွင့်ကြည့်လိုက်၏။
အခုလေးတင် စန်းရန်ပို့ထားသည့် Wechat မှမက်ဆေ့နှစ်စောင်အား မြင်လိုက်ရသည်။
စန်းရန် ; [ ဒီနေ့ည ပြန်မလာဘူး ]
စန်းရန် ; [ တံခါးကိုသော့ခတ်ထားလိုက် ]
ဝိန်းရိဖန်က ခဏကြာကြာငြိမ်သက်နေပြီးနောက်မှ စာပြန်ပို့လိုက်၏။
[ ကောင်းပြီ ]
စာပို့ပြီးနောက်တွင် ဝိန်းရိဖန်က အိမ်တံခါးအားသော့ခတ်လိုက်တော့သည်။အနည်းငယ်ပင်ပန်းနေသဖြင့်လည်း ဆံပင်ရေစိုနေပါသေးသည့်တိုင် လေမှုတ်ရမည်အား ပျင်းနေမိ၏။ဆိုဖာပေါ်ထိုင်လိုက်ရင်း သတင်းများတစ်ခဏကြည့်ပြီးနောက် ပျင်းရိလာပြန်သဖြင့် တီဗွီဖွင့်ကြည့်လိုက်သည်။
ဖွင့်ဖွင့်လိုက်ချင်း မြို့တော်ချန်နယ်ဖြစ်နေကာ 'ချွမ်တ'သတင်းဌာန၏မနက်ခင်းသတင်းများကို ပြန်ပြသနေခြင်းဖြစ်သည်။တိုက်တိုက်ဆိုင်ဆိုင် သူမ လိုက်ထားသည့် အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု၏နောက်ဆက်တွဲသတင်းပင်။
ဆိုင်ပိုင်ရှင်အမျိုးသား၏မျက်နှာက အညိုအမည်းများဖြင့်ပြည့်နေသော်ငြား ရိုးသားသည့်မူက မပျောက်သွားပေ။
ဤဗွီဒီယိုကြောင့် ဝိန်းရိဖန်တစ်ယောက် မြို့တော်ဆေးရုံ၌ ကျိန့်ခယ်ကျားနှင့်တွေ့ခဲ့သောကိစ္စအား ပြန်သတိရမိသွားကာ လုံးလုံးလျားလျားကိုစိတ်ရှုပ်ထွေးသွားခဲ့ပြီး တီဗွီကိုပိတ် ၊ အိပ်ခန်းထဲသို့သာ ဝင်လာခဲ့သည်။
ကွန်ပျူတာအားဖွင့်လိုက်သည့်အချိန်တွင် ကျုံးစစ်ချောင်ထံမှ မက်ဆေ့ရောက်လာခဲ့၏။
[ ငါ့ရဲ့ အကောင့်ကို Like ပေး! ]
ကျုံးစစ်ချောင် ;
[ ငါ မနက်ဖြန်ကျရင် အသားကင်သွားစားမလို့! Like 100 ရရင် ယွမ် ၁၀၀ လျော့ပေးမှာတဲ့! ]
ဝိန်းရိဖန်က 'အင်း' ဟု ချက်ချင်းစာပြန်ပို့လိုက်၏။
ကျုံးစစ်ချောင်၏ Profile ပုံကိုနှိပ်ပြီး အကောင့်ထဲသို့ဝင်ပြီး နောက်ဆုံးတစ်ခုအား Like ပေးလိုက်၏။ အောက်သို့ ဆက်ဆွဲ၍ကြည့်လိုက်သည့်အခိုက်တွင် လျှပ်တပြက်ဆိုသလို ကျုံးစစ်ချောင်တင်ထားသည့် နှစ်သစ်ကူးညပို့စ်တစ်ခုအား မြင်လိုက်ရ၏။
ကျုံးစစ်ချောင် ; ဒီနေ့ည မီးရှုးမီးပန်းသွားကြည့်! (smile emoji) ဒါပေမယ့် အစောတည်းကကြိုသိခဲ့ရင် 'တုန်းကျို'ရင်ပြင်ကို ရွေးပါတယ်..ငါ့ရဲ့ အချိန်ပိုဆင်းနေရတဲ့ဖန်ဖန်လေးနဲ့ နှစ်သစ်ကူးကို အဖော်လုပ်ပေးချင်လို့ (cry emoji) ။
ဝိန်းရိဖန်က လှစ်ခနဲပြုံးလိုက်ပြီး ထိုပို့စ်အား လက်မတစ်ခု ပေးလိုက်၏။
ယနေ့ အိပ်ရာထနောက်ကျထားခြင်းကြောင့်လည်း ဝိန်းရိဖန်က အိပ်ချင်စိတ် သိပ်မရှိသေး။
Advertisement
သို့သော်လည်း ယနေ့ည ဝိုင်အနည်းငယ်ကြောင့်လားမသိ ၊ ကွန်ပျူတာကို ကြည့်လာသည်နှင့်အမျှ မျက်ခွံများက သိသိသာသာငိုက်ကျလာခဲ့တော့၏။ ဝိန်းရိဖန်က သူမ၏အိပ်ငိုက်သွားသည့်စိတ်ကလေးကို အမြတ်တနိုးတန်ဖိုးထားလွန်းသူဖြစ်ရာ စာဆက်မရေးတော့ဘဲ အိပ်ရာပေါ် တန်းရောက်လာလေတော့သည်။
အိပ်မပျော်သေးခင် ယနေ့ည ပြန်မလာသည့် စန်းရန်အကြောင်းအား တွေးကြည့်မိလိုက်၏။
စုဟောက်အန်းပြောသွားသည့်စကားများမှာ ကျိုးသင့်ကြောင်းသင့်မရှိခြင်းမျိုးတော့ မဟုတ်။
စန်းရန်ကလည်း စုဟောက်အန်းကို နှစ်သိမ့်အားပေးချင်သောကြောင့် ပြန်မလာဘဲ...
စုဟောက်အန်းသည်လည်း ဝမ်လင်လင် ခြေရှုပ်နေသည့်အကြောင်းကို သိကောင်းသိသွားခြင်းကြောင့်ပင် ဖြစ်လိမ့်မည်။
------
ယနေ့တွင် အတိတ်မှအဖြစ်အပျက်ပေါင်းများစွာကို အစဖော်ခံလိုက်ရခြင်းကြာင့် ဤတစ်ကြိမ်အိပ်စက်ခြင်းတွင် ဝိန်းရိဖန်သည် အထက်တန်းကျောင်းတုန်းမှကိစ္စတစ်ခုအား အိပ်မက်မက်ပါတော့သည်။
ဝိန်းရိဖန်၏ နွေးနွေးထွေးထွေး နှေးနှေးကွေးကွေးအကျင့်စရိုက်လေးအရ အခြားသူများ သူငယ်ချင်းအပေါင်းအသင်းများရပြီးနေသည့်အချိန်ထိ သူမတွင် အတန်းထဲ၌ ရင်းနှီးလွန်းသည့်သူငယ်ချင်းဟူ၍ မရှိပါသေးချေ။ ထို့ကြောင့် ကျောင်းဖွင့်ပြီးတော်တော်ကြာသည်အထိ ကျုံးစစ်ချောင် ၊ ရှန့်လန် တို့နှင့်သာ နေ့လည်စာ စားဖြစ်ခဲ့ကြသည်။
တစ်ခါက။
ကျုံးစစ်ချောင် အသင်းဝင်ထားသည့် အဖွဲ့က အသင်းလှုပ်ရှားများရှိနေခဲ့သည့်အတွက် ဝိန်းရိဖန်နှင့်ရှန့်လန် နှစ်ယောက်တည်းသာ ထမင်းအတူစားဖြစ်ခဲ့သည်။
နောက်တွင် ထမင်းစားခန်းထဲ၌ စန်းရန်နှင့် ဆုံလေသည်။
စန်းရန်၏ယောက်ျားလေးချင်းပေါင်းသင်းဆက်ဆံရေးက အတော်လေးကိုကောင်းမွန်ကာ ဝိန်းရိဖန်မှ သူ့ကိုတွေ့လိုက်ရသည့်အချိန်တိုင်းတွင် သူ့ဘေးပတ်ပတ်လည်၌ ယောက်ျားလေးတစ်အုပ်ကြီးက ဝိုင်းနေမြဲဖြစ်ပြီး သုံးလေးယောက်ကသာ အမြဲတမ်းပါသည့်သူများဖြစ်ကြ၍ ကျန်သည့်ကောင်လေးများက တစ်ခါနှင့်တစ်ခါ မတူ။
ကြည့်လိုက်သည်နှင့် ပျော်ပျော်ပါးပါး ဆူဆူညံညံမျိုးပင်။
လူတစ်အုပ်ကြီးက ထမင်းစားပြီးနောက်တွင် နေရာတစ်နေရာရှာပြီး ထိုင်နေကြ၏။
ရုတ်တရက်ဆိုသလို ဝိန်းရိဖန်နှင့်ရှန့်လန်တို့ မျက်နှာချင်းဆိုင်ထမင်းထိုင်စားနေကြသည်ကိုမြင်ပြီး စန်းရန်၏မျက်ခုံးများ ပင့်မြှောက်ကုန်တော့၏။
အခြားကောင်လေးများကလည်း တဝူးဝူးထအော်လာကြကာ သိပ်မကြာလိုက်ခင်ပင် နေရာမှထွက်သွားခဲ့ကြ၏။
ထိုနေ့ညနေခင်းတွင်။
နှစ်ယောက်သား၏ အစကတည်းက အဆက်မပြတ်ထွက်နေသည့်သတင်းများက ဤကိစ္စကြောင့် ပို၍ပင် သတင်းပိုများလာပါတော့သည်။
လုပ်ကြံဖန်တီးပြီးအသစ်ထွက်လာသည့်သတင်းများမှာ - ပန်းအိုးမလေးဝိန်းက စန်းရန်ဆိုသောတစ်ယောက်ကို လုံးဝသဘောမကျပေမယ့် သူ့ဘက်က လက်မလွတ်တမ်းလိုက်ပိုးပမ်းနေတာကြောင့် မကောင်းတတ်လို့လက်ခံရခြင်း ၊ ဒါပေမယ့် ပိုသာသောတစ်ယောက်ကိုတွေ့လိုက်ရသည့်အချိန် ဖောက်ပြန်သွားခဲ့သည်ဟူ၍။
ဝိန်းရိဖန်က အခြားကျောင်းသားများကဲ့သို့ ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်တွင် အတန်းဝင်စရာမလိုဘဲ ညနေခင်းစာကြည့်ချိန်တိုင်း အကလေ့ကျင့်ရေးခန်းထဲ၌ အချိန်ကုန်လေ့ရှိသဖြင့် အသစ်ထွက်လာသည့်သတင်းများနှင့်ပတ်သတ်ပြီး ဘာမှမသိသေးပေ။
အဆောင်ထဲတွင်လည်း အခန်းဖော်ပါနေသည့်အတင်းအဖျင်းကို အခန်းဖော်အား ပြောပြနေမည်မျိုးလည်းမဟုတ်။
သို့သည်တိုင် အဆောင်ထဲသို့ပြန်ရောက်လာသည့်အချိန်တွင် ပတ်ဝန်းကျင်က အနည်းငယ်ထူးဆန်းနေသည်ကိုတော့ သူမ သတိထားမိလိုက်ပါသေး၏။
နောက်တစ်နေ့တွင်။
ဝိန်းရိဖန် အတန်းထဲသို့ရောက်လာသည့်အချိန် အခြားသူများက သူမအားထူးထူးဆန်းဆန်းဝိုင်းကြည့်နေကြောင်း ခံစားလိုက်ရ၏။ပထမတွင် များများစားစားမတွေးလိုက်ဘဲ အခြေအမြစ်မရှိသည့်အတင်းအဖျင်းများကြောင့်ဟုသာယူဆထားလိုက်သည်။
မထင်မှတ်ထားသည့်အတိုင်း အတန်းနှစ်ခုကြားရှိ သန့်စင်ခန်းအတွင်းသို့ဝင်လာသည့်အချိန်တွင် အခြားအတန်းဖော်များပြောနေကြသည့် သူမ၏အကြောင်းကို အမှတ်တမဲ့ကြားလိုက်ရ၏။
"ငါဖြင့် ပန်းအိုးမဝိန်းက ဒီလိုဟာမျိုးမှန်း ထင်တောင်မထင်ထားဘူး...."
"တော်တော်လေးရွံစရာကောင်းတာနော်"
"ရုပ်လှတယ်ဆိုကတည်းက အထင်သေးလို့မရဘူးလေ"
"အကျင့်စရိုက်ကပုတ်နေရင် ရုပ်လှတော့လည်း ဘာထူးမှာလဲ"
------
ဝိန်းရိဖန်က လုံးဝကိုဆွံအသွားခဲ့ရင်း ဘယ်ကနေဘယ်လိုဖြစ်သွားခဲ့ပြီး အတန်းထဲ၌ 'ရွံစရာကောင်းသည့်သတ္တဝါ'ဖြစ်သွားမှန်း မသိလိုက်ပါချေ။ အခြားအတန်းဖော်များထွက်သွားခဲ့သည့်အချိန်ထိစောင့်ပြီးမှ သန့်စင်ခန်းထဲက ထွက်လာကာ လက်ဆေးနေရင်း ယခုတလော သူမလုပ်မိထားလောက်မည့် အပြစ်ပြောစရာကောင်းသည့်လုပ်ရပ်များကို ပြန်စဥ်းစားကြည့်လိုက်၏။
မည်သည့်အရာကိုမှ မစဥ်းစားမိ။
ထို့ကြောင့် ဘယ်ဘက်နားမှဝင်လာပြီး ညာဘက်နားမှထွက်သွားသည့်အတိုင်း မကြားချင်ယောင်သာဆောင်လိုက်သည်။
အတန်းထဲသို့ ပြန်ရောက်သည့်အချိန် ၊ ဝိန်းရိဖန်က သူမ၏ထိုင်ခုံနေရာ၌ ထိုင်ချလိုက်ချင်းတွင်...
စန်းရန်က ကောင်လေးတစ်ယောက်၏အင်္ကျီကော်လံအား ရုတ်တရက်ဆွဲဆောင့်ပြီး ဝိန်းရိဖန်အရှေ့သို့ ဆွဲခေါ်လာခဲ့၏။
"တောင်းပန်"
ဤလှုပ်ရှားမှုအဖြစ်အပျက်များအားလုံးက ရုတ်တရက်ရောက်ချလာခြင်းပင်။
ဝိန်းရိဖန်က ကြောင်အမ်းသွားခဲ့ပြီး သူမအား တောင်းပန်ခိုင်းနေသည်ဟူ၍ ထင်မှတ်မိလိုက်သည်။
စန်းရန်၏ ဆရာကြီးစတိုင်လ်နှင့်အချိန်မရွေး လူထရိုက်တော့မည့်ပုံစံကို လှမ်းကြည့်ရင်း သူမအနေဖြင့် ပြန်ပြောဖို့ပင်သတ္တိမရှိ ၊ သူမဘက်မှ အမှားတစ်ခုမှလုပ်ထားခြင်းမရှိပါသည့်တိုင် ချက်ချင်း စကားဆိုလိုက်၏။
"တောင်းပန်ပါတယ်"
"...."
စန်းရန်က နဖူးကိုတွန့်လိုက်၍
"မင်းကို တောင်းပန်ခိုင်းနေတာ မဟုတ်ဘူး"
အင်္ကျီကော်လံအား ဆွဲဆုတ်ခံထားသည့်ကောင်လေးက မျက်မှန်နှင့်ဖြစ်ပြီး ကြောက်ကြောက်လန့်လန့်နှင့်လှမ်းကြည့်နေလေသည်။
စန်းရန်က ထိုကောင်လေးကို အောက်စိုက်ကြည့်လိုက်၏။
"ငါ မင်းကို သင်ပြပေးနေရဦးမှာလား"
"ငါက ဒီတိုင်းစကားအဖြစ်လျှောက်ပြောတာပါ..."
မျက်မှန်နှင့်ကောင်လေးက ကြောက်လန့်တကြားရယ်နေရင်း
"ဟာသအဖြစ် နောက်နေတာ..ပြီးတော့ ငါတစ်ယောက်တည်းပြောနေတာမှမဟုတ်တာ...မင်း ငါ့ကို အရင်လွှတ်ပေးပါလား"
"ဟာသအဖြစ် နောက်နေတာ?"
စန်းရန်က အသံထွက်အောင်ရယ်ပြီး
"မင်းလိုယောက်ျားရင့်မာကြီးတစ်ယောက်ရဲ့ပါးစပ်က ဒီလောက်စျေးပေါနေတာ..မရှက်တတ်ဘူးလား"
"...."
"ငါစကားကို ဒီထိပဲပြောမယ်..နောက်ကို ဒီလိုသောက်အဓိပ္ပါယ်မရှိတဲ့သတင်းတွေ ဆက်ဖြန့်နေဦးမယ်ဆိုရင်..."
စန်းရန်က ခေါင်းမော့လာကာ အခန်းပတ်ပတ်လည်အား တစ်ချက်ဝေ့ကြည့်လိုက်၍ စကားလုံးတစ်လုံးချင်းစီဆိုလာခဲ့တော့၏။
"ဘယ်သူပြောတာပဲဖြစ်နေနေ လောင်ဇစ်ကြားလိုက်ပြီဆိုတာနဲ့ တစ်ယောက်ချင်းစီ စာရင်းလာရှင်းပေးမယ်"
စန်းရန် ;
"ငါဆိုတဲ့ ဒီကောင်ကလေ ဘာကိုမှ စိတ်ဝင်တစားမရှိဘူး..တစ်ခုတည်းသောဝါသနာကလည်း လက်စားလိုက်ချေနေရတာကိုပဲ"
စကားပြောပြီးသည်နှင့် စန်းရန်က ထိုကောင်လေး၏အင်္ကျီကော်လံအား လွှတ်ချပစ်လိုက်သည်။
မျက်မှန်တပ်ထားသည့်ကောင်လေးက ချက်ချင်းဆိုသလို ခေါင်းငုံ့ပြီး ဝိန်းရိဖန်အား တောင်းပန်လာခဲ့၏။
"တောင်း..တောင်းပန်ပါတယ်..နင် ဖောက်ပြန်နေတယ်ဆိုပြီး ငါ တခြားသူတွေကို လျှောက်ပြောမိပါတယ်..ငါ့မှာ ဘာသက်သေမှမရှိဘဲ အလိမ်အညာတွေပြောမိတာပါ..နောက်ဆို မလုပ်တော့ပါဘူး"
"...."
ဘာကို ဖောက်ပြန်တာလဲ?
ဝိန်းရိဖန်က ကြောင်အနေဆဲ။
တောင်းပန်စကားဆိုပြီးနောက် မျက်မှန်တပ်ထားသည့်ကောင်လေးက သူ့နေရာသူ ပြန်သွားထိုင်တော့မည်ပြင်လိုက်သည့်အခိုက်တွင် စန်းရန်က သူ့ခြေထောက်အားမြှောက်လာပြီး ဘေးနားရှိစားပွဲခုံအောက်မှ သံတိုင်ပေါ်တွင်တင်လိုက်ကာ ထိုကောင်လေး၏လမ်းကိုပိတ်လိုက်သည်။ထို့နောက်တွင် သတိပေးသည့်အသံဖြင့် ဖြေးဖြေးချင်းဆိုလာ၏။
"ငါကရော ခံရတဲ့သူ မဟုတ်ဘူးလား?"
"...."
"မင်းပြောသွားတဲ့အခြေအနေကြီးကို ပြန်စဥ်းစားကြည့်စမ်းပါ..တစ်ဖက်လူက ငါ့ထက်သာတဲ့ကောင်ကိုတွေ့လို့ ငါ့ကိုပစ်သွားတယ်ဆိုတဲ့စကားက ဘာလဲ"
ဤစကားကိုပြောနေရင်း စန်းရန်က ဝိန်းရိဖန်ရှိရာဆီသို့ ရုတ်တရက်လှမ်းကြည့်လိုက်၍
"တကယ်လို့များ ငါ့ဘက်ကနေ လက်မလွှတ်ချင်လောက်အောင် လိုက်ပိုးပမ်းရတဲ့သူသာ ရှိလာခဲ့ရင်.."
ဝိန်းရိဖန်က သူ့အား မော့ကြည့်နေ၏။
စန်းရန်၏မျက်နှာတစ်ခြမ်းက နေရောင်ခြည်အားဆန့်ကျင်ထားကာ အမူအရာတို့က မပြောင်းမလဲခက်ထန်နေဆဲ။
"တစ်ဖက်လူကို ငါကပဲ ဆွဲဆောင်ထားနိုင်ရမယ်..နားလည်လား?"
(Zawgyi)
"ယီဟဲ?"
"အို့..ငါ သိပြီ"
စန်းရန်က ပြန်မဖြေ။
"...."
"မင်း အသံကိုလျော့"
ကျုံးစစ်ချောင်က ဆက်၍
Advertisement
- In Serial251 Chapters
Exploding Attribute System In Douluo Dalu
Someone from Earth reincarnates into Douluo Dalu 1 as someone from the same village as Tang San, Saint Spirit Village. He awakens a system when aged 3. The system enables him to beat up people and get drops from them. He can beat out mental power, Spirit Power, martial spirits, body defence, body strength, agility and flexibility.
8 4153 - In Serial650 Chapters
Livid Guardian’s Endless Coddling
"You jerk! How dare you? Just because you are my guardian and I have nobody to ask, did you think, you can take advantage of me? I thought you stand on high morals…"
8 2777 - In Serial53 Chapters
Ever Lasting
"No!" He yelled, making me jump back a bit. "I am the Alpha of Phoenix Moon! I am not a victim! I am fine.""Atlas, listen to me." I wept. I went to approach him but he turned away from me. "This does not make you any less of an alpha, man, or mate because you are traumatized. You are allowed to not be okay, especially when it comes to this." He scoffed, still not facing me. "How could you possibly think that?" I put my shaking palms on his back, feeling him relax against them. "Because I still want you all of you and love you all of you like I did a few hours ago." I whispered into his shirt. He nearly knocked me over when moved his body to face me. "What?" His face was so broken and held honest shock. "I love you, Atlas Roman Lycurgus."✨Please vote and comment!✨‧͙⁺˚*・༓☾Reads☽༓・*˚⁺‧͙100 - 05/10/2022200 - 05/11/2022300 - 05/17/2022400 - 05/31/2022500 - 05/31/2022600 - 06/04/2022700 - 08/23/2022800 - 08/23/2022900 - 08/23/20221000 - 08/23/20222000 - 08/23/20223000 - 08/24/20224000 - 08/24/20225000 - 08/25/20226000 - 08/26/20227000 - 08/29/20228000 - 09/12/20229000 - 10/12/2022‧͙⁺˚*・༓☾Ranks☽༓・*˚⁺‧͙#80 in Feminism 5/04/2022
8 264 - In Serial22 Chapters
marriage proposal
8 136 - In Serial39 Chapters
MC's Indigo (Broken Demons MC #2)
We return to Broken Demons MC. After The Sons of Satan were wiped out things returned to normal until Knuckles had to go to Montana after the death of his Uncle. He returns with his cousin Indigo. Indigo has a hidden past not even Knuckles knows about, she hides from the world because that's the only way she feels safe. Bullet is the Vice President of Broken Demons MC. He loves his life at the club, but is becoming envious of the family life president Killer now has. Will be find a woman he can build a life with or will he continue with a different club whore every night?***Trigger Warning. This story discusses sexual abuse, mental illness and self harming, not a subject I take lightly, it is close to my heart, as are all the topics in my books.***
8 104 - In Serial34 Chapters
Her Alpha
*COMPLETED*Rose Ivy Lawrence. She becomes an omega for something she didn't do, and faces two months of torture. Because of him. Alpha Playboy, Alpha Eric Alexander Williams. When she finally finds out her true identity as a werewolf, she finally finds herself with two hot, enigmatic mates. Who will be Her Alpha? Excerpt:As I turn to run, I trip and fall. Closing my eyes, I brace myself for impact. Don't astronauts say that? Or was it racers? But nothing comes - I don't fall?A husky, sugar voice that I'd love to bathe in, begins to speak out of nowhere, "Mate?" I open both eyes. My eyes connect with beautiful, forest green eyes.My eyes widen. Alpha Playboy?
8 228