《First Frost (Myanmar Translation)》Chapter 18
Advertisement
ကျိန့်ခယ်ကျား၏ မည်သည့်အရာမှဖုံးဖိမထားတတ်သည့်အကျင့်စရိုက်အရ ဘာမှမဖြစ်သွားသည့်ပုံစံမျိုး ဟန်ဆောင်၍မရမှန်း ဝိန်းရိဖန် သိနေပါသော်ငြား သူမ မထင်ထားမိသည့်အချက်မှာ နာရီဝက်ပင်မကြာလိုက်သည့်အချိန်အတွင်း ကျိန့်ခယ်ကျားက အကြောင်းစုံသတင်းပို့ပြီးဖြစ်သည်။
ဆေးရုံဝန်းထဲမှ ထွက်လာလာချင်းပင် ကျောက်ယွမ့်တုံဆီမှ ဖုန်းခေါ်ဆိုလာခဲ့သည်။
စက်ပစ္စည်းကိရိယာ၏တစ်ဖက်မှ ထွက်လာသည့်ကျောက်ယွမ့်တုံအသံက အနည်းငယ်ချိတုံချတုံဖြစ်နေပြီး
"အားကျန့်..ကျားကျားဆီကနေကြားထားတာ သမီးကို မြို့တော်ဆေးရုံမှာတွေ့လိုက်တယ်တဲ့..သမီး နန်းဝူကို ပြန်ရောက်နေတာလား"
ဝိန်းရိဖန်က မျက်နှာချင်းဆိုင်ရှိ ဘတ်စ်ကားမှတ်တိုင်သို့ လျှောက်သွားရင်း 'အင်း' ဟုသာ အသံတစ်ချက်ပြုလိုက်၏။
ဤစကားတစ်ခွန်းအဆုံးတွင် နှစ်ဖက်စလုံး အသံတိတ် ငြိမ်သက်သွားခဲ့တော့သည်။
ကျောက်ယွမ့်တုံက သက်ပြင်းချလိုက်ကာ
"ပြန်ရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
ဝိန်းရိဖန် ;
"သိပ်မကြာသေးပါဘူး"
ကျောက်ယွမ့်တုံ ;
"နောက်ရော နန်းဝူမှာပဲ အခြေချဖို့စဥ်းစားထားတာလား"
ဝိန်းရိဖန် သုံးလေးစက္ကန့်မျှငြိမ်နေပြီးမှ
"မသိသေးဘူး"
"ဒါဆိုလည်း နောက်မှပဲ ဆုံးဖြတ်ပါ..နန်းဝူက တော်တော်လေးကောင်းပါတယ်..သမီးတစ်ယောက်တည်း အပြင်မှာနေနေရင် မေမေလည်း စိတ်မချဘူး..ပြီးတော့ နှစ်သစ်ကူးပိတ်ရက်ရရင် အိမ်ပြန်လာပြီး မေမေနဲ့အတူ နှစ်သစ်ကူးကိုဖြတ်သန်းရအောင်..နှစ်သစ်ကူးကို တစ်ယောက်တည်း နေမနေနဲ့"
"အင်း"
ကျောက်ယွမ့်တုံ ;
"အခုတလော နန်းဝူမှာ ရာသီဥတုအရမ်းအေးနေတာ..ထူထူထဲထဲ ဝတ်ဖို့မမေ့နဲ့ဦး..အမြဲတမ်းအလုပ်ပဲလုပ်နေပြီး ထမင်းစားဖို့လည်း မမေ့နဲ့..ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ဦးနော်"
ဝိန်းရိဖန်က ဘတ်စ်ကားမှတ်တိုင်ရှိထိုင်ခုံပေါ်တွင်ထိုင်ပြီး စိတ်လွင့်လွင့်ဖြင့်နားထောင်နေမိ၏။
"အင်း"
နောက်ထပ် တိတ်ဆိတ်သွားမှုကြီးတစ်ခု။
အချိန်မည်မျှပင်ကြာသွားခဲ့မှန်းမသိ ဖုန်းတစ်ဖက်ခြမ်းမှ ချောင်းဆိုးသံသဲ့သဲ့တစ်ခုအား ဝိန်းရိဖန်ကြားလိုက်ရကာ မျက်တောင်များ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့၏။
"အားကျန့်"
ကျောက်ယွမ့်တုံ၏အသံတို့က တဖြည်းဖြည်းနှင့်သိသိသာသာတုန်ယင်လာခဲ့ကာ
"သမီး မေမေ့ကိုအပြစ်တင်နေမယ်မှန်း သိပါတယ်..ဒီနှစ်တွေထဲမှာ အမေတစ်ယောက်ရဲ့တာဝန်တွေကို မကျေခဲ့ဘူး..မေမေ လွန်ခဲ့တဲ့နှစ်ရက်တုန်းက သမီးရဲ့အဖေကို အိပ်မက်မက်တယ်..သူလည်း မေမေ့ကိုအပြစ်တင်..."
"ဘာစကားပဲပြောပြောအဆင်ပြေတယ်ဆိုပေမယ့်.."
ဝိန်းရိဖန်က ကျောက်ယွမ့်တုံအား စကားဖြတ်ပြောလိုက်ကာ
"ဖေဖေ့အကြောင်းကို ထည့်မပြောပေးလို့ရမလား"
"...."
စိတ်ခံစားချက်များက ထိုးထွက်လာမှန်းသိလိုက်သည်နှင့် ဝိန်းရိဖန်က မျက်လွှာကိုချကာ ချက်ချင်းစိတ်ငြိမ်အောင်ကြိုးစားလိုက်၏။
"မငိုနဲ့တော့..သမီး နေရထိုင်ရတာအရမ်းအဆင်ပြေတယ်..အချိန်ရှိရင် အမေ့ဆီလာခဲ့မှာပါ"
ကျောက်ယွမ့်တုံက အသံတစ်ချက်မထွက်လာ၏။
ဝိန်းရိဖန်က ပြုံးလိုက်ရင်း
"ပြီးတော့ အမေ့ရဲ့ အမေတစ်ယောက်တာဝန်တွေကိုလည်း ကောင်းကောင်းကျေပွန်ခဲ့ပါတယ်"
-- ဒီသမီးအတွက် မဟုတ်ခဲ့တာလေးတစ်ခုပဲ...
အချိန်ကိုက်ရောက်လာခဲ့သည့်ဘတ်စ်ကားကြောင့် ဝိန်းရိဖန်က ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ပြီး ဖုန်းချပစ်လိုက်တော့၏။ဘတ်စ်ကားပေါ်ရောက်လာပြီးနောက်တွင် ထိုင်စရာတစ်နေရာရှာလိုက်ပြီး တရွေ့ရွေ့သွားနေသည့်ကားပြတင်းမှန်အပြင်ဘက်ဆီမှ တလက်လက်ထနေသည့် အလင်းရောင်များအား ငေးကြည့်နေမိလိုက်သည်။
အတွေးစများက ဝေဝါးသွားခဲ့ပြီး..
နည်းနည်းချင်း..ဖြေးဖြေးချင်း..မကောင်းသည့်စိတ်ခံစားချက်များအားလုံးက ချေဖျက်ဝါးမြိုခံလိုက်ရခဲ့တော့၏။
မမြင်နိုင်သည့်လက်တစ်စုံက ထိုးဖောက်ဝင်ရောက်ပြီး နှိုက်ယူသွားသည့်သဖွယ်..
ထပ်ပြီးတူနေပြန်သည်မှာ ထိုအရာများအားလုံးကို မမြင်နိုင်တော့သည့်နေရာတစ်ခု၌ သိမ်းဆည်းဖိချုပ်ထားသလိုမျိုးပင် ဖြစ်၏။
ကားပေါ်မှဆင်းလာသည့်အချိန်တွင်။
ဝိန်းရိဖန်၏စိတ်အခြေအနေက ထိန်းညှိပြီးဖြစ်၏။
မနက်ခင်းအိပ်ရေးဝထားခြင်းကြောင့်လည်း တစ်နေ့တာလုံးအတွက် အင်အားများမယုတ်လျော့သွားခြင်းမရှိ။
ရဲစခန်းမှ ပြန်ထွက်လာပြီးနောက်တွင်တော့ ဌာနဆီသို့သာပြန်လာခဲ့ပြီး နေ့လည်ခင်းတစ်ခုလုံးအား တည်းဖြတ်ခန်းထဲ၌ အသံတည်းဖြတ်ရင်းဖြင့် အချိန်ကုန်ဆုံးလိုက်၏။ထို့နောက်တွင်တော့ ရုံးခန်းသို့ပြန်လာပြီး လက်စသတ်ရမည့်စာမူများအား ရေးလိုက်သည်။
ဘေးနားမှလူများ သွားသွားလာလာလုပ်နေကြရင်း တဖြည်းဖြည်းနှင့် သူမ တစ်ယောက်တည်းသာကျန်တော့သည့်အချိန်တွင်တော့ နာရီအား တစ်ချက်လှမ်းကြည့်လိုက်၏။အချိန်မှာ ည ၁၁နာရီ။
ဝိန်းရိဖန် ရုတ်တရက်ကြောင်အမိသွားပြီး စက္ကန့်ပိုင်းအတွင်း ပစ္စည်းများကိုအလျင်အမြန်သိမ်းကာ ဌာနမှထွက်လာခဲ့တော့၏။အချိန်နောက်ကျနေပြီဖြစ်သောကြောင့် လမ်းမကြီးထက်တွင် လမ်းသွားလမ်းလာများသိပ်မရှိတော့ဘဲ သိသိသာသာတိတ်ဆိတ်နေလေသည်။
မြေအောက်ရထားဂိတ်သို့ အသည်းအသန်ပြေးလာရပြီး ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးထွက်မည့်ရထား၏အသိပေးသံအား မှီလိုက်၏။
ဝိန်းရိဖန် သက်ပြင်းရေးရေးချမိကာ လူနည်းနေသည့်အတွက်လည်း လွတ်နေသည့်ထိုင်ခုံနေရာတစ်နေရာတွင် ဝင်ထိုင်လိုက်၏။
လက်ကိုင်ဖုန်းအားဖွင့်ကြည့်လိုက်လျှင် လွန်ခဲ့သည့်သုံးနာရီခန့်က ကျောက်ယွမ့်တုံမှ သူမအား ယွမ်၃၀၀၀ လွှဲထားသည့်အသိပေးစာ ရုတ်တရက်မြင်လိုက်ရကာ ဝိန်းရိဖန်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး တိုက်ရိုက်ငွေပြန်လွှဲပေးလိုက်သည်။
----
အိမ်ရောက်သည့်အချိန်တွင် ည ၁၁နာရီခွဲနေပြီဖြစ်သည်။
အိမ်ထဲသို့ဝင်လာပြီး ခေါင်းငုံ့ကာဖိနပ်ချွတ်လိုက်၏။ဧည့်ခန်းထဲသို့ ဝင်ဝင်ချင်းပင် ဆိုဖာပေါ်လှဲနေသည့် စန်းရန်အား တွေ့လိုက်ရသည်။
ရုတ်တရက်ဆိုသလို ဝိန်းရိဖန်တစ်ယောက် စန်းရန်၏ဘဝအား နည်းနည်းမနာလိုဖြစ်မိသွားခဲ့၏။သူမ အပြင်ထွက်သွားသည့်အချိန်တုန်းကလည်း သူက ဆိုဖာပေါ်တွင် လှဲနေပြီး သူမ တစ်နေ့လုံးအလုပ်လုပ်ပြီးပြန်လာသည့်အချိန်တွင်လည်း ထိုသူက ဆိုဖာပေါ်၌ လှဲနေဆဲပင်။
ဘာအလုပ်မှလုပ်စရာမလိုဘဲ ပိုက်ဆံအမြဲရှိနေသည့် အိမ်ခြေရာမဲ့တစ်ယောက်အတိုင်းပင်။
ဧည့်ခန်းထဲမှ ဖွင့်ထားသည့်တီဗွီထက်တွင် နာမည်ကြီးနေသည့် မိသားစုဒရာမာကားတစ်ကား ပြသနေခြင်းဖြစ်သည်။
စန်းရန်က တီဗွီကြည့်နေခြင်းမဟုတ် ၊ အသံများကိုသာ နားထောင်နေခြင်းဖြစ်ပုံရပြီး လက်ထဲတွင်ကိုင်ထားသည့်ဖုန်းထဲမှအသံများအရလည်း ဂိမ်းကစားနေမှန်း သိသာ၏။ ဖုန်းသံမှာလည်း တော်တော်လေးကိုကျယ်ထားသည့်အတွက် ဖုန်းသံရော တီဗွီသံများပါ ရောထွေးနေလေသည်။
ဝိန်းရိဖန်ဘက်မှ သူ့အား သတိထားပေးရန်ပြောလိုက်ခြင်းတော့မရှိ။
ရေအရင်ချိုးရန် ဆုံးဖြတ်လိုက်ပြီး ၊ ထိုအချိန်ရောက်သည်အထိ စန်းရန်က ယခုလိုအတိုင်း သူ့တည်ရှိမှုအား အစွမ်းကုန်ဖော်ပြနေသေးလျှင်တော့ wechat မှတဆင့် အသံလျော့ပေးရန်ပြောလိုက်တော့မည်ဖြစ်သည်။ ဖုန်းမျက်နှာပြင်မှတဆင့်ဆိုလျှင်တော့ အချင်းချင်း မျက်နှာသာပေးရာ ရောက်လိမ့်မည်မဟုတ်လား။
ဝိန်းရိဖန် အိပ်ခန်းထဲ ဝင်သွားတော့မည့်အချိန်တွင် စန်းရန်က မျက်လုံးပင့်ကြည့်လာပြီး သူမအား လှမ်းခေါ်လိုက်၏။
"ဝေ့"
အနှီအကြီးဆုံးသခင်လေးက ဘယ်လိုမကောင်းဆိုးဝါးလုပ်ရပ်များကို မှာကြားတော်မူဦးမည်မှန်းမသိ ၊ ဝိန်းရိဖန်က ငြိမ်သက်၍ရပ်ကြည့်နေရင်း
"ဘာဖြစ်လို့လဲ"
စန်းရန်က ရုတ်တရက် စကားတစ်ခွန်းကို အစချီလိုက်၏။
"ကိုယ်ဆိုတဲ့ ဒီလူကလေ.."
ဝိန်းရိဖန် ;
"အမ်?"
Advertisement
စန်းရန်က ဂိမ်းကစားမပျက်ဘဲ သူမအား စကားလှမ်းပြောနေခြင်းဖြစ်ပြီး
"ရောဂါတစ်မျိုးရှိတယ်"
"...."
ဝိန်းရိဖန် စိတ်ထဲမှနေပြီး ချက်ချင်းပြန်ပက်ပစ်လိုက်ချင်မိ၏ ; နင့်မှာရှိတာ တစ်ခုတည်းရော ဟုတ်လို့လား?
"ကိုယ့်ရဲ့ စိတ်မလုံခြုံမှုကိုခံစားတတ်တာကလေ အရမ်းပြင်းတာ..အိပ်ရာမဝင်ခင် တံခါးတွေကိုသော့ခတ်ရမှကိုဖြစ်မှာ"
စန်းရန်က သုံးလေးစက္ကန့်မျှရပ်လိုက်ပြီးနောက် သူမအား တည့်တည့်စိုက်ကြည့်၍
"မဟုတ်ရင် ကိုယ် အိပ်မပျော်ဘူး"
သူ့အမူအရာ ၊ သူ့စကားအသွားအလာတို့က သူမအား အပြစ်တင်ချင်နေသည့်သဘောမျိုး။
အဘယ်ကြောင့်ဆိုသော် သူမကြောင့် သူ့ပုံမှန်အနားယူချိန်ပျက်ပြားနေရခြင်းကြောင့်ပင်။
"ငါလည်းအိမ်ပြန်ရောက်ပြီးရင် တံခါးကိုသော့ခတ်ထားတတ်တဲ့အကျင့်ရှိပါတယ်"
ဝိန်းရိဖန်က သူနှင့် ဆွေးနွေးတိုင်ပင်လိုသည့်ဟန်ဖြင့်
"တကယ်လို့ နင် အိပ်ချင်နေလို့ စောစောအိပ်နှင့်လည်း အဆင်ပြေပါတယ်..ငါ နင့်ထက် အိမ်ပြန်ရောက်တာ နောက်ကျတာမျိုးရှိရင် တံခါးကိုသေချာသော့ခတ်မှာပါ..နင် စိတ်မလုံမခြုံဖြစ်ရမှာကို မစိုးရိမ်နဲ့"
"ကိုယ်ပြောချင်တာက..."
စန်းရန်က လှဲနေရင်းတစ်ဝက် ခန္ဓာကိုယ်ထလာရင်းတစ်ဝက်ဖြင့် ဝိန်းရိဖန်အား ခေါင်းထောင်ကြည့်လာကာ အမူအရာတို့က အနည်းငယ်ခက်ထန်ထန်မျိုးဖြစ်ပြီး
"မအိပ်ခင်"
"...."
ဝိန်းရိဖန်က ပြန်အသိပေးရင်း
"ငါတို့ အိမ်ခန်းကိုမျှမနေခင်တုန်းက ငါ့ဘက်ကနေ နင့်ကို ရှင်းရှင်းလင်းလင်းပြောပြခဲ့တယ်လေ..ငါ့အလုပ်က မကြာခဏအချိန်ပိုဆင်းရပြီး အလုပ်ချိန်ပုံသေမရှိဘူးလို့..နင် လက်ခံပေးနိုင်တယ်ဆို"
"ဟုတ်တယ်..ဒါကြောင့်မလို့ နောက်ဆို ဆယ်နာရီမထိုးခင်ပြန်မလာနိုင်ရင် ကျေးဇူးပြုပြီး တစ်ချက်ကြိုပြောပေး"
ဝိန်းရိဖန် ;
"ကြိုပြောတော့ရော ဘာထူးမှာလဲ"
"ထူးခြားတာတော့ ဘယ်ရှိပါ့မလဲ..ကိုယ်တို့နှစ်ယောက် အချင်းချင်း လေးစားသမှုရှိတယ်လို့ခေါ်တာ..မဟုတ်လို့ မင်း တစ်ညလုံးပြန်မလာရင် ကိုယ်က တစ်ညလုံး တံခါးသော့မခတ်ဘဲ အကြောက်တရားတွေ စိတ်မလုံခြုံမှုတွေနဲ့ နေနေရမှာလား"
"...."
ဝိန်းရိဖန် တွေးလိုက်မိ၏ - မိုးလင်းကနေမိုးချုပ်တဲ့ထိ စန်းရန်ဖြစ်ချင်တဲ့ကိစ္စတွေက သိပ်များတာပဲ...
စကားတစ်ခွန်းဆိုလိုက်ရုံဖြင့် ပြီးဆုံးသွားမည့်ကိစ္စအား အချိန်မဆွဲချင်တော့သလို သူနှင့်လည်း စကားမများလိုတော့သဖြင့် ဝိန်းရိဖန်က
"ကောင်းပြီလေ..နောက်ဆို ပြန်လာတာနောက်ကျမယ်ဆိုရင် ငါ နင့်ကို ကြိုပြောလိုက်မယ်"
စကားဆုံးသည်နှင့် ဝိန်းရိဖန်က အိပ်ခန်းထဲပြန်ရန် ပြင်လိုက်တော့၏။
စန်းရန်ကထပ်ပြီး
"ပြီးတော့.."
ဝိန်းရိဖန် စိတ်ရှည်လက်ရှည်ဖြင့်
"ပြီးတော့ ဘာကိစ္စရှိသေးလို့လဲ"
"စီးပွားရေး"
စန်းရန်က စကားအား တိုတိုတုတ်တုတ်သာဆိုလေ၏။
"အားပေးမှာလား"
"...."
ဤကိစ္စအား ဝိန်းရိဖန်က ကျုံးစစ်ချောင်တို့နှင့် မတိုင်ပင်ရသေး ၊ သူမအနေဖြင့်ဆိုလျှင်တော့ တိုက်ရိုက်ငြင်းလိုက်ချင်သော်လည်း စန်းရန် ကူညီပေးခဲ့ဖူးသည့် ယွမ် ၂၀ ကိစ္စအား မဆီမဆိုင်တွေးလိုက်မိကာ ပြောချင်သည့်စကားလုံးများကိုမြိုချရင်း
"တကယ်ကြီး ကိုးဆယ့်ကိုးလား"
"...."
အဆုံးတွင်တော့ စန်းရန်ဘက်မှ အလျော့ပေးသွားခဲ့ကာ...
သူမအား ဂိတ်ဆုံးအောက်ထစ် သူငယ်ချင်းဒစ်စကောင့်အဖြစ်...
ရှစ်ဆယ့်ကိုး (11% discount) သတ်မှတ်ပေးလိုက်တော့၏။
ဝိန်းရိဖန်လည်း ကိုယ့်ကိုကိုယ် ဘာဖြစ်သွားမှန်းမသိ ၊ စန်းရန်၏ကမ်းလှမ်းချက်ကို လက်ခံလိုက်တော့သည်။
အိပ်ခန်းထဲသို့ ပြန်ရောက်ပြီးနောက် ဝိန်းရိဖန် ဖုန်းဖွင့်ကြည့်လိုက်၏။
တိုက်တိုက်ဆိုင်ဆိုင် သုံးယောက်ဖွဲ့ထားသည့် အုပ်စုလိုက်မက်ဆေ့ဘောက်စ်ထဲတွင် ကျုံးစစ်ချောင်နှင့်ရှန့်လန်တို့က သဘက်ခါတွေ့ကြမည့်အစီအစဥ်အကြောင်း ပြောနေကြ၏။ ဝိန်းရိဖန်၏လက်ချောင်းများက ဖုန်းမျက်နှာပြင်ထက်တွင် တစ်ခဏကြာကြာငြိမ်နေမိရင်း ကျေးဇူးတင်လိုသည့်စိတ်နှင့်လက်ခံခဲ့မိသောကိစ္စကြီးအား အကြီးအကျယ်နောင်တရနေလေတော့၏။
ဝိန်းရိဖန် ; [ 'Overtime' ကိုသွားကြမလား ]
ကျုံးစစ်ချောင် ; [ အာ?..အဲ့ဒါက အရင်တစ်ခေါက်က ငါတို့သွားခဲ့တဲ့ ဘားမလား ]
ကျုံးစစ်ချောင် ; [ စန်းရန်ရဲ့ဘားလေ ]
ဝိန်းရိဖန် ; [ အင်း ]
ကျုံးစစ်ချောင် ; [ ဘာလို့ သွားမှာလဲ..ငါတို့ တစ်ခေါက်ရောက်ဖူးပြီးပြီလေ ]
ကျုံးစစ်ချောင် ; [ ဒီတစ်ခေါက် နေရာပြောင်းမှာ! ]
ရှန့်လန် ; [ စန်းရန်? ]
ရှန့်လန် ; [ သူ ဘားဖွင့်ထားတာလား ]
ဝိန်းရိဖန် ; [ ဘာဖြစ်လို့လဲဆိုတော့ ]
ဝိန်းရိဖန် ; [....]
ဝိန်းရိဖန် ; [ ငါ နင်တို့ကို ပြောပြစရာတစ်ခုရှိတယ် ]
ရှန့်လန် ; [ ဘာလဲ ]
ကျုံးစစ်ချောင် ; [ ပြော ]
ဝိန်းရိဖန် ; [ ငါ နင်တို့ကိုပြောပြထားတဲ့ ဟိုအိမ်ခန်းမျှနေတဲ့တစ်ယောက်လေ ]
ဝိန်းရိဖန် ; [ အဲ့လူက စန်းရန် ]
အုပ်စုလိုက်မက်ဆေ့ဘောက်စ်အတွင်း တစ်ခဏကြာ ငြိမ်သက်သွားသည့်အလား။
ရှန့်လန် ; [ ? ]
ကျုံးစစ်ချောင် ; [ ? ? ? ]
ကျုံးစစ်ချောင် ; [ ငါလခွမ်း ? ? ? နင်တို့နှစ်ယောက် အတူတူနေနေတယ်? ]
ကျုံးစစ်ချောင် ; [ ငါ့မျက်စိထဲမှာ သူ နင့်ကို အမှတ်တရသိမ်းထားဆိုပြီး ကုတ်အင်္ကျီပစ်ပေးတဲ့ကိစ္စကြီးတောင် အခုထိမြင်ယောင်နေတုန်း ]
ကျုံးစစ်ချောင် ; [ ဘာ! တွေ! ဖြစ်! နေ! တာ! လဲ! ]
ကျုံးစစ်ချောင် ; [ သေသေချာချာ ရှင်းပြစမ်း! ]
ဝိန်းရိဖန် ; [ တွေ့မယ့်အချိန်ကျမှပဲ နင်တို့ကို သေချာရှင်းပြတော့မယ် ]
Advertisement
ဝိန်းရိဖန် ; [ သွားမှာလား..သူပြောတာတော့ ငါတို့ကို သူငယ်ချင်းဒစ်စကောင့်ပေးမယ်တဲ့ ]
ကျုံးစစ်ချောင် ; [ ဒစ်စကောင့်ပေးမှာတဲ့လား..ဒါဆို ငါ သဘောတူတယ် ]
ကျုံးစစ်ချောင် ; [ ဘယ်လောက်ပေးမှာတဲ့လဲ ]
ဝိန်းရိဖန် ; [....]
ဝိန်းရိဖန် ; [ 11% ]
ကျုံးစစ်ချောင် ; [....]
ရှန့်လန် ; [....]
ကျုံးစစ်ချောင် ; [ နင် အဲ့ကောင်ကို ထွက်သွားခိုင်းလိုက်တော့ ]
ကျုံးစစ်ချောင် ; [ ဘယ်သူ့ကိုလာပြီး အမြတ်ထုတ်နေတာလဲ..သူ့ သူငယ်ချင်းဒစ်စကောင့်ဆိုတာကြီးကို အရူးပဲယုံ ]
ဝိန်းရိဖန် ; [....]
ဝိန်းရိဖန် ; [ ငါ သဘောတူထားပြီးပြီ ]
ရှန့်လန် ; [....]
ကျုံးစစ်ချောင် ; [....]
သူတို့အနေဖြင့် စန်းရန်၏ ကမ်းလှမ်းချက်ကို အထူးတလည်စိတ်ဝင်စားခြင်းမရှိပါသော်ငြား ဝိန်းရိဖန်မှာတော့ ပေးထားသည့်ကတိကို ဖျက်လိုက်ရန်မလွယ်သည့်အတွက် နောက်ဆုံးတွင် တွေ့ဆုံကြမည့်နေရာအဖြစ် 'Overtime' ဘားကိုသာ ရွေးလိုက်ကြ၏။
ကြာသပတေးနေ့ ညနေတွင်။
ဝိန်းရိဖန် အိမ်ပြင်ထွက်ခါနီးတွင် စန်းရန်က အိပ်ခန်းထဲမှထွက်လာသည်နှင့် ကြုံကြိုက်သွားခဲ့ကာ သူက အနက်ရောင်လေကာဂျက်ကတ်ကိုဝတ်ထားပြီး လည်ပင်းနားထိရောက်အောင် ဇစ်ကိုဆွဲတင်နေခြင်းဖြစ်သည်။
"ငါတို့ ညစာစားပြီးမှ လာဖြစ်လောက်မှာ.."
စန်းရန်ဘက်မှ သူမတို့အတွက် နေရာစီစဥ်ထားပေးမပေးကို မသေချာသောကြောင့် ဝိန်းရိဖန်က စ၍
"အဲ့အချိန်ကျရင် စားပွဲထိုးကောင်လေးကို ငါ့နာမည်ပြောလိုက်ရမှာလား..ဟုတ်လား"
စန်းရန်က သူမအား လှမ်းကြည့်ပြီး
"ကိုယ့်ကိုလာပြော"
ဝိန်းရိဖန် ;
"ဒါဆို ကျေးဇူးပါ"
ယခုအခိုက်အတန့်တွင် ရှန့်လန်က ဖုန်းခေါ်ဆိုလာခဲ့၏။
ဝိန်းရိဖန်က ဖုန်းလက်ခံဖြေလိုက်ရင်း တံခါးဝဆီသို့လျှောက်သွားကာ ဖိနပ်စီးလိုက်၏။
"နင်တို့ ရောက်နေပြီလား"
"မင်းအိမ်ရာရဲ့အောက်ဘက်ကို ရောက်နေပြီ"
ရှန့်လန်၏စကားသံတို့ထဲတွင် ရယ်သံများက သိသိသာသာပါနေပြီး
"ကားနဲ့ဝင်လာလို့ မရလို့..မင်းဘာသာမင်းပဲ ထွက်လာလိုက်လို့အဆင်ပြေတယ်မလား..အပြင်ရောက်တာနဲ့ ငါတို့ကိုတွေ့လိမ့်မယ်"
"ပြေတယ်..ဒါဆို ခဏလေးစောင့်ဦး..ငါ အခုချက်ချင်းထွက်လာပြီ"
"ဘာမှမဖြစ်ဘူး..မလောမှမလောတာ..မင်း ဖြည်းဖြည်းပဲလာ"
"ဘာကို မလောဘူးလဲ!"
ဖုန်း၏တစ်ဖက်ခြမ်းမှ ကျုံးစစ်ချောင်၏အသံက စူးခနဲထွက်လာပြီး
"ဝိန်းရိဖန်!..မြန်မြန်လာ!..ငါ ဗိုက်ဆာလို့သေတော့မယ်! "
"ခဏလေးသည်းခံလိုက်ပါဦး..ငါ အခုချက်ချင်း နင့်အသက်ကို လာကယ်ပြီ"
ဝိန်းရိဖန် တံခါးပိတ်ပြီး အပြင်ထွက်သွားလုနီးနီးတွင် စန်းရန်သည်လည်း သူမ၏အနောက်တွင်ရပ်နေပြီး အပြင်ထွက်တော့မည်ကို မြင်လိုက်ရ၏။သူမ တစ်ချက်ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဓါတ်လှေကားဆီသို့လျှောက်လာကာ ဓါတ်လှေကားကိုစောင့်ရင်းဖုန်းချလိုက်၏။
အနောက်ဘက်ဆီမှ စန်းရန် တံခါးပိတ်လိုက်သည့်အသံအား ကြားလိုက်ရပြီးနောက် နှစ်ယောက်သားက ဓါတ်လှေကားထဲ ဝင်လာခဲ့လိုက်သည်။
ဝိန်းရိဖန်က '1' အလွှာကို နှိပ်ပြီးနောက် စန်းရန်အား မေးလိုက်၏။
" '-1' ကိုနှိပ်ပေးရမလား"
စန်းရန်က အိတ်ကပ်ထဲ၌လက်ထည့်ထားရင်း အေးအေးလူလူရပ်နေကာ
"မလိုဘူး"
တိတ်ဆိတ်မှုကတဖန် ကြီးစိုးသွားပြန်တော့၏။
ပထမအလွှာသို့အရောက်တွင် ဝိန်းရိဖန် လျှောက်ထွက်လာခဲ့လိုက်၏။
ယနေ့တွင် စန်းရန်က အဘယ်ကြောင့်ကားဖြင့် အပြင်မသွားသည်ကို မသိသော်ငြား အထူးတလည်ဂရုစိုက်မိနေခြင်းတော့မရှိ။ ကျုံးစစ်ချောင်တို့ ထပ်စောင့်နေရမည်ကိုအားနာသဖြင့် အချိန်အားတစ်ချက်ကြည့်ကာ ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်ထွက်လာလိုက်သည်။
အိမ်ရာထဲမှအထွက်တွင်။
ရှန့်လန် ဖုန်းထဲတွင်ပြောသွားသည့်အတိုင်း သူတို့အား လှမ်းမြင်လိုက်ရ၏။ ရှန့်လန်နှင့်မတွေ့ဖြစ်ခဲ့သည်မှာ နှစ်တော်တော်ကြာသွားသည့်တိုင် သူ့ပုံစံက များများစားစားပြောင်းလဲသွားခြင်းမျိုးမရှိပေ။
ရှန့်လန်၏အသွင်အပြင်ပုံစံက သိမ်မွေ့တတ်သည့်ပုံစံမျိုးဖြစ်ပြီး ဝတ်ထားသည့်အညိုရောင်ကုတ်အင်္ကျီအပြင် မျက်နှာထက်ရှိခပ်ပါးပါးမျက်မှန်ကိုင်းတို့ကြောင့် သိသိသာသာကိုနူးညံ့သည့်ဟန်မျိုးပေါက်နေခဲ့သည်။
ကျုံးစစ်ချောင်က သူ့ဘေးနားတွင်ရပ်နေပြီး သူတို့နှစ်ဦးစလုံးက လက်ရှိအချိန်တွင် ကားအပြင်ထွက်ရပ်နေကြခြင်းဖြစ်၏။
သူတို့ဘေးနားတွင် အရပ်ခပ်မြင့်မြင့် ခန္ဓာကိုယ်တောင့်တောင့်နှင့်ယောက်ျားတစ်ဦး ရပ်နေသေး၏။
ဝိန်းရိဖန်၏မျက်ဝန်းများက ထိုလူအပေါ်၌ ကျရောက်သွားခဲ့ကာ...အခြားသူမဟုတ်...
စုဟောက်အန်း ပင်။
သုံးယောက်သားက စကားစမြည်ပြောနေကြပြီး အချင်းချင်းကြားရှိလေထုမှာ ရင်းရင်းနှီးနှီးပုံစံ။
ဝိန်းရိဖန်တစ်ယောက် စုဟောက်အန်းက အဘယ်ကြောင့်ဤနေရာသို့ရောက်နေကြောင်း တွေးမိလိုက်သည့်အချိန် ရုတ်တရက်ဆိုသလို စန်းရန်က ကားမယူဘဲ အပြင်ထွက်မည့်ကိစ္စကို သတိရလိုက်၏။ အလိုလိုနောက်လှည့်ကြည့်လိုက်မိသည့်အခါ သူတို့နှစ်ဦးကြားတွင် အကွာအဝေးတစ်ခုက သိသိသာသာခြားနားနေခဲ့သည်။
သူက အခုမှ တံခါးဂိတ်ဝမှ ထွက်လာနေဆဲ။
ရှန့်လန်က ဝိန်းရိဖန်အား အရင်ဆုံးမြင်လိုက်သည့်သူဖြစ်ပြီး ရင်းရင်းနှီးနှီးပြုံးကာ လက်ဝေ့ရမ်းပြရင်း
"ရိဖန်..မြန်မြန်လာလေ"
သူမ၏အနောက်တွင်ရှိနေသော စန်းရန်ကို လှမ်းမြင်လိုက်သည့် စုဟောက်အန်းက
"မင်းတို့နှစ်ယောက် အတူတူထွက်လာကြတာလား"
အရှေ့ရှိလူသုံးယောက်၏မျက်လုံးများမှာ ဝိန်းရိဖန်ပေါ်သို့ ကျရောက်လာခဲ့တော့သည်။
"...."
ဘယ်လိုပင်ဖြစ်စေ သူတို့သုံးယောက်လုံးက သူမနှင့်စန်းရန် အိမ်ခန်းမျှနေသည့်အကြောင်းကို သိပြီးကြသူများဖြစ်သည့်အတွက် ဝိန်းရိဖန်က အခြားတစ်စုံတစ်ရာလျှောက်တွေးမနေတော့ဘဲ
"ဟုတ်တယ်"
"ဟေ့.."
စုဟောက်အန်းက စ၍ ဖိတ်ခေါ်မှုပြုလာခဲ့၏။
"ငါတို့ ဆုံကြပြီဆိုမှတော့ အတူတူသွားစားရအောင်..ရှန့်လန်..မင်း မှတ်မိသေးလား..ငါတို့နှစ်ယောက် အရင်တုန်းကတစ်ခုံတည်းတူတူထိုင်ဖူးတယ်လေ"
ရှန့်လန် ;
"မှတ်မိတာပေါ့"
ကျုံးစစ်ချောင် ;
"ဒါဆိုလည်း အတူတူသွားကြစို့..ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခုသွားစားမှာပဲဟာ"
"ကောင်းပြီ..အရင်ဆုံး ကားပေါ်တက်ကြ..အပြင်မှာ အရမ်းအေးတယ်"
စုဟောက်အန်းက သူ့ကားရပ်ထားသည့်ဘက်သို့ လှည့်ထွက်သွားရင်း ချက်ချင်းဆိုသလိုစိတ်ပြောင်းသွားခဲ့ကာ
"ဒီလိုဆို ငါ ကားမယူလာတော့ဘူး..ငါ အရက်သောက်မယ်လို့လည်း တွေးထားသေးတာ..ငါ့ကားကို ဒီမှာပဲရပ်ခဲ့လိုက်တော့မယ်..ရှန့်လန်..ငါ မင်းကားနဲ့ လိုက်ခဲ့ပြီ"
ရှန့်လန် ;
"ဖြစ်တယ်"
သူတို့စကားပြောနေကြစဥ်အတွင်း စန်းရန်က အနားထိလျှောက်လာခဲ့ပြီးဖြစ်ကာ ဝိန်းရိဖန်ဘေးမှ ဖြတ်သွားလုနီးနီးတွင် ရုတ်တရက်ခြေလှမ်းများကိုရပ်လိုက်ပြီး အနောက်လှည့်ကြည့်လာ၍
"ဒီကိစ္စက အရမ်းကြွားလို့ကောင်းတဲ့ကိစ္စမှန်း သိပေမယ့်လည်း..."
ဝိန်းရိဖန် ; "?"
"ကိုယ်တို့ နှစ်ယောက် အိမ်ခန်းကိုအတူတူမျှနေတဲ့ကိစ္စကိုတော့..."
စန်းရန်က စုတ်တစ်ချက်သပ်လိုက်ကာ စိတ်ရှုပ်သွားသည့်ဟန်ပန်ဖြင့်
"မင်း လူတိုင်းကို လိုက်ပြောပြနေစရာမလိုပါဘူးကွာ"
"...."
တစ်ချိန်တည်းဆိုသလို ကားအနောက်ခန်းတံခါးကိုဖွင့်နေသည့် စုဟောက်အန်းက နေရာ၌မတ်တပ်ရပ်နေဆဲဖြစ်သည့် ဝိန်းရိဖန်နှင့်စန်းရန်ကို လှမ်းကြည့်လာပြီး
"မင်းတို့နှစ်ယောက် အဲ့နေရာမှာမတ်တပ်ရပ်ပြီး ဘာလုပ်နေတာလဲ..ပြောစရာရှိရင် ကားပေါ်ရောက်မှ ဆက်ပြော"
ဝိန်းရိဖန်က အကြည့်လွှဲလိုက်၍
"လာပြီ"
ရှန့်လန်၏ကားမှာ ထိုင်ခုံငါးနေရာစာသာရှိပြီး အခုချိန်တွင် အနောက်ခန်းရှိ ခုံနှစ်ခုံသာလွတ်တော့သည်။
ဝိန်းရိဖန်က သူမနှင့်အနီးဆုံးဖြစ်သည့် ကားအနောက်ဘက်တံခါးကို ဆွဲဖွင့်လိုက်ကာ သူမ ဝင်မထိုင်ရသေးခင်...
စန်းရန်က သူမထက်ခြေတစ်လှမ်းဦးအောင် လျှောက်သွားပြီး ကားပြတင်းမှန်ဘောင်အား လက်ဖြင့်ထောက်လျက်...
ခြေလှမ်းကိုရပ် ၊ မျက်လွှာအား အသာချရင်း သူမအားစိုက်ကြည့်ကာ မျက်ခုံးများကို ပင့်မြှောက်ပြ၍
"ကျေးဇူး"
"...."
လုပ်ပြသွားသည့်ပုံက - သူမက ကားတံခါးလိုက်ဖွင့်ပေးနေတဲ့ဝန်ထမ်း?
(Zawgyi)
ဝိန်းရိဖန် ;
"သိပ်မကြာသေးပါဘူး"
ကျောက်ယွမ့်တုံ ;
"မသိသေးဘူး"
"အင်း"
ကျောက်ယွမ့်တုံ ;
"အင်း"
"အားကျန့်"
"...."
Advertisement
- In Serial38 Chapters
The Whitefortis Alpha, Rewriting the rules.
Winter Whitefortis destined to be a great leader, a great alpha.When rejection sends her on a different path will she find a new purpose in life?She definitely didn't expect to meet him.But will he manage to tame her heart and heel her scars?Only time will tell...❥❥❥What's his problem?" Blade asked. "I don't know, he has been going for me since the meeting." Winter replied. "He is definitely intimidated by your power" Blade answered. "And your beauty" Arsen completed. "He has been provoking me from the moment he met me." Winter softly said. "He just wants to fuck you." Blade replied. Arsen smashed his fist on the table and looked with a death glare at Blade. "Looks like he isn't the only one." Blade answered with a smile. "There will be no fucking." Arsen spelled word for word in a tone that send a shiver over Winter's spine. "Except for you, isn't it?" Blade looked amused at Arsen.
8 353 - In Serial41 Chapters
Curse of Blades (Blades #1)
Coulta was born with a curse, one that forces him to obey the commands of those who hold authority over him. For many years he has been the unwilling assassin of the cruel and rebellious Lord Varin. His only hope has been a letter left for him by his father, assuring him that he will one day find someone who will free him. Little does he know that person is the Crown Prince of Phelin and that in order to gain this promised freedom he must first endure war and magic - and risk his life to save the man he loves. This book is being cross-posted on multiple platforms.
8 215 - In Serial58 Chapters
Finally
(Thank you to all who have taken a chance and read Finally. However, I wrote this book years ago and there are many, many errors. Editing will hopefully happen soon and make improvements to the story.)Lisa Grey's life has never been easy with an abusive, alcoholic father, and bullied by classmates with friends. Her life has been very hollow and lifeless but it's all about to change when she meets Aiden Knight. A man you who has everything at his fingertips from money to women to his father's company. But their lives are about to entwine, never being able to go back to normal. A story about love, forgiveness, and revenge.
8 265 - In Serial141 Chapters
Running Away From Love || Ongoing
[slow updates] After four years will they what will happened when they finally confessed there Love. Alaska Amana- She has a body of a goddess and will kill anyone that looked at her the wrong way. People are memorized at her beauty. But she is a girl who ran away from love, and her past, she looking for her family because she caught rumors that her birth parents are still alive, but this is one reason why she left, the other reason is because of him. She left him behind because she thought it was for the best and she was scared, she was scared to be loved and to be in love because of her last boyfriend. Damon Mateo- He has a body of a Greek God, he is controlling, manipulating, and more than a murder, and the new leader of the Italian Mafia, he will kill you with a single look. But he only has a soft spot for her, she left him and he won't stop running at her till he gets her, he loves her so much that he can't let her go. He would kill anyone who touched her or looked at her the wrong way. He can be very dangerous when he does not get want he wants, and trust me he will always get want he needs and wants. And he wants her. And only her. They both are afraid of love , but will they get over there fear and love each other like they need. They both get want they want and they want each other. And they will get want they want. Even if it kills them. [The second Book of the Unforgivable Lies series] (Can be read as a stand alone) This book has a LOT of smut in it Started: July 3, 2022Ended:Ranking so far: reached #1 in Past LoverRanking so far: reached #1 in Snarky Ranking so far: reached #1 in RussianRanking so far: reached #1 in Book Two
8 182 - In Serial98 Chapters
[BL]The Little Merman
Author : Du LaiStatus: CompleteStatus in COO: 92 Chapters+6 ExtrasJiang Yu was a small mermaid who couldn't sing. He had always felt inferior because of this. Not until he came to shore to find the father of his baby did he discovered that his talent turned out to be acting. Since then, he had trampled on the scum man, going on the acting road all the way, and progressing triumphantly.Qin Shen: ??? You ran away after sleeping with me, and you still call me a scum man?The not yet met Jiang Yu: Oh, it's a small star who wants to hug my thighs.The after contact Jiang Yu: Really fragrant.Qin Shen found that things around him often disappeared, at first it was handkerchiefs, then ties, and then his shirt. And every time he lost something, there will be more pearls around him. One day, he caught all the things he had lost in that room, and he saw a little thief in his pajamas.The little thief Jiang Yu is not happy, pointing at the jar of pearls, I am not a thief, I have money for you.••••✷ PLS DON'T REPORT.✷OFFLINE PURPOSE ONLY ,NOT MINE.if u have any problem with novel u can PM me .DON'T LIKE, DON'T READ.✷IMAGE cover is NOT MINE.✷ Beaware of GRAMMATICAL MISTAKES.
8 90 - In Serial35 Chapters
The Blood King
Kill them all" Words used by men that are in complete charge. Leaders. Tyrants. Kings. Words that were used to wipe out my people. Neytiri is the last Inkiri; A group of gifted warriors with icy prowess that was wiped from the face of the earth by the blood king. After spending years in hiding with people who want nothing to do with her, she is betrayed and brought directly to the new king as a prisoner -a king who won't let her look upon his face. What Neytiri didn't expect is that she shares a mysterious past with this "new king" and that her time is running out to collect her memories and stop his vision for his new world.
8 476

