《First Frost (Myanmar Translation)》Chapter 17
Advertisement
ဝိန်းရိဖန် အမှန်တကယ်က်ုမထင်ထားမိခဲ့သည်မှာ - အချိန်အကြာကြီး တိတ်ဆိတ်နေပြီး သူမအား မမြင်ရသည့်လေထုသဖွယ် သဘောထားထားသည့်သူက နောက်ဆုံးတွင် သူမနှင့်စကားစမြည်ပြောရန်ဆုံးဖြတ်လိုက်သော်ငြား 'တလေးတစား'ဖြင့် စပြောလာသည့်စကားမှာ သူဖွင့်ထားသည့်ဆိုင်အတွက် ပရိုမိုးရှင်း ဆင်းနေခြင်းပင်။
သူမ သုံးလေးစက္ကန့်မျှငြိမ်နေမိပြီးနောက်
"နင့်ဘားက ဒီလိုမျိုးပြောစရာလိုလောက်တဲ့ထိ ကျပ်တည်းနေလို့လား"
"ဝင်ငွေနည်းနေတာဆိုတော့ ဆိုင်လူသိများလာအောင်လို့ ကြိုးစားအားထုတ်တာ"
စန်းရန်က ပျင်းတိပျင်းရွဲဖြင့်
"လာမှာလား မလာဘူးလား?..မင်း လာမယ်ဆိုရင် ကိုယ့်ဘက်ကရက်ရောတဲ့အနေနဲ့ အိမ်ခန်းဖော် ဒစ်စကောင့် ပေးမယ်"
သည်လိုဆိုပြန်တော့လည်း ဝိန်းရိဖန် စိတ်ထဲ သွားချင်သည့်စိတ်က အနည်းငယ်အလေးသာသွားခဲ့၍
"ဒစ်စကောင့် ဘယ်လောက်ပေးမှာလဲ?"
တကယ်လို့သာ လျော့စျေးရမယ်ဆိုရင် အကောင်းပဲလေ ဟုတ်တယ်မလား?..သူ့စီးပွားရေးကိုလည်း အားပေးရင်း သူမလည်း ချွေတာရာရောက်ရင်း..
စန်းရန်က ခေါင်းသဲ့သဲ့စောင်းကာ အသေအချာစဥ်းစားပြီးမှပြောလိုက်သည့်အသံမျိုးဖြင့်
"ဒါဆိုလည်း 99% ပဲယူမယ်" ( mean 1% Discount )
"...."
ဝိန်းရိဖန်က နားကြားမှားသွားသည်ဟုပင် ထင်လိုက်ပြီး
"ဘယ်လောက်?"
စန်းရန်က သူပြောလိုက်သည့်စကားနှင့်ပတ်သတ်ပြီး အနည်းငယ်လေးမျှပင်လွဲမှားနေသည်ဟု မထင်မှတ်သည့်အလား စိတ်ရှည်လက်ရှည်ဖြင့် နောက်တစ်ကြိမ်ပြန်ဖြေပေးလာခဲ့၏။
"ကိုးဆယ့်ကိုး"
"...."
--ဝင်ငွေများအောင်လုပ်နေရတာကို မထူးဆန်းမိတော့ပါဘူးနော်..
--နင့် ဆိုင်ပိတ်ပစ်ရမယ့်အချိန်ကိုသာ စောင့်နေလိုက်..
သူ့အား တစ်ခဏကြာအောင် စိုက်ကြည့်နေမိပြီးနောက် ဝိန်းရိဖန်က
"အရမ်းရက်ရောထားတာပဲနော်..ငါ တစ်ချက်လောက်စဥ်းစားကြည့်လိုက်ဦးမယ်"
"ရတယ်..လာမယ်ဆိုရင် ကိုယ့်ကို အရင်ဆုံးကြိုပြော"
စန်းရန်က သူ့ဖုန်းပေါ်သို့ အာရုံရောက်သွားပြီဖြစ်ပြီး
"ကိုယ် မင်းတို့အတွက် နေရာလုပ်ပေးထားမယ်"
"အင်း"
တစ်ဖက်လူက သူမအား ကူညီပေးခဲ့ဖူးသည့်ကိစ္စများမှာ မနည်းလှသည်ကိုတွေးမိရင်း ဝိန်းရိဖန်က သူ့အား သဘောရိုးဖြင့်သာအကြံဥာဏ်ပေးလိုက်၏။
"လူသိများအောင်လုပ်တာမျိုးက အရေးကြီးတယ်ဆိုပေမယ့်လည်း ဆိုင်ရဲ့အပြင်အဆင်ကိုလည်း ဂရုစိုက်သင့်သေးတယ်"
စန်းရန်က မျက်လုံးပင့်ကြည့်လာ၍
"ဘာကို ဆိုလိုချင်တာလဲ"
"နင့်ဘားရဲ့ ဆိုင်းဘုတ်က သိပ်မထင်းဘူး..ပြီးတော့ 'ဘား'နဲ့မတူဘဲ..တူနေတာက.."
ဝိန်းရိဖန် တစ်ခဏမျှရပ်လိုက်ရင်း ဤစကားက စန်းရန်အား စိတ်မကြည်သွားအောင်လုပ်လိုက်မည်လားကို တွေးလိုက်၍
"ဆံပင်ညှပ်ဆိုင်နဲ့"
"...."
"ငါ ပထမဆုံးလာတဲ့အချိန်တုန်းကဆို 'Overtime' ဘားကို မနည်းရှာလိုက်ရတာ..ပြီးတော့ ကြည့်လိုက်ရင်လည်း အထဲဝင်လာချင်တဲ့စိတ်မျိုး သိပ်မဖြစ်စေဘူးကွာ"
ဧည့်ခန်းအတွင်း တစ်ခဏတာ တိတ်ဆိတ်သွားတော့သည်။
ဤလိုအကြံပေးချက်မျိုးအား ယခင်က ပြောခဲ့ ကြားခဲ့ဖူးလားတော့မသိ ၊ ဝိန်းရိဖန်အနေဖြင့်တော့ သူမနှင့်စန်းရန်ကြားရှိ ဆက်ဆံရေးမှာ ယခုလိုဝေဖန်အကြံပေးသည့်စကားများကို ပြောနေကြရမည့်အခြေအနေမဟုတ်မှန်း နားလည်နေခဲ့သည်။ လက်ကျန်ကော်ဖီတစ်ဝက်ကိုသောက်ရင်း တင်းမာနေသည့်လေထုကို ဖြေလျော့လိုခြင်းငှာ
"ဒါပေမယ့် ငါက ငါ့အမြင်ကို အကြံပေးရုံသက်သက်ပဲနော်"
"တကယ်ပဲ အဲ့လောက်ထိရှာရခက်တယ်ဆိုရင်..."
သို့သည့်တိုင် စန်းရန်က သူမ၏စကားလုံးများကို စိတ်ထဲထည့်၍ဂရုစိုက်ပုံမရဘဲ အဓိပ္ပါယ်ပါပါဖြင့် သံယောင်လိုက်ကာ
"ပြီးတော့ အထဲဝင်လာချင်တဲ့စိတ်မျိုးကိုလည်း အဲ့လောက်ထိမဖြစ်စေခဲ့ဘူးဆိုရင်..."
စကားလုံးအထားအသိုတို့က အမှန်ဆုံးနေရာ၌ ရုတ်ချည်းရပ်ချပစ်လိုက်ကာ စကားသံတို့ထဲတွင် ကစားလိုသည့်အငွေ့အသက်လေးများပါလာခဲ့ပြီး
"ဒါဆို မင်း ကိုယ့်ဘားထဲကို ဘာဖြစ်လို့ဝင်လာခဲ့တာလဲ?"
"...."
ဝိန်းရိဖန် သီးခနဲဖြစ်သွားခဲ့ပြီး ပြန်မဖြေတတ်ပါတော့ချေ။
စကားစလိုက်သည့်လူက သူမ ဆိုလျှင်တောင် သူ့စကားဦးတည်ချက်ကြီးက သေချာပေါက်မရိုးမရှင်း။
စန်းရန်က အသေးစိတ်လိုက်မေးနေခြင်းမျိုးမရှိပါဘဲ အကြည့်များကိုလွှဲလိုက်၍
"မင်းအကြံပေးတာကို ကိုယ် စဥ်းစားကြည့်လိုက်ပါမယ်"
ဝိန်းရိဖန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း
"ဒါဆို....."
"ဒါပေမယ့်လည်း.."
စန်းရန်၏စကားသံက တော်တော်လေးပင် ဆန့်ကျင်ဘက်သဘောဆောင်ထားရင်းဖြင့်
"ကိုယ် ပြန်ပြင်လိုက်ဖို့တော့ အစီအစဥ်မရှိဘူး"
"...."
စန်းရန်နှင့် ဤနေရာ၌စကားဆက်ပြောနေလျှင် အချိန်ဖြုန်းရုံသက်သက်ဖြစ်နေမည့်အလား ခံစားလိုက်ရသည့်ဝိန်းရိဖန်က ဘီစကစ်ကိုကုန်အောင်စားပြီးနောက် အပေါ်ထပ်ကုတ်အင်္ကျီကိုဝတ်ပြီး အပြင်ထွက်လာခဲ့လိုက်၏။ကုမ္ပဏီသို့ရောက်သည့်အချိန်မှာကား နေ့လည်စာစားရတော့မည့်အချိန်။
အလုပ်စားပွဲရှေ့တွင် ထိုင်နေသည့် စုထျန်းက
"နင် ဒီနေ့ နောက်ကျတယ်နော်"
"ဒီနေ့ ဘာမှအထူးတလည်လုပ်စရာမရှိဘူးလေ..နေ့လည်ခင်း အင်တာဗျူးတစ်ခုပဲရှိတာ..အလုပ်နဲ့ယှဥ်ရင်တော့ အသက်ကလေးကပိုအရေးကြီးတာမလို့ နည်းနည်းလေးသာ ပိုမအိပ်ရရင် နောက်နှစ်ထဲတောင် အသက်မရှင်လောက်တော့ဘူးလို့ ခံစားနေမိလို့"
"အိုင်း..အတူတူပဲ..ငါဆို အနားပဲယူချင်လွန်းလို့ အိမ်ပြင်တောင်မထွက်ချင်တော့ဘူး"
စုထျန်းက စားပွဲခုံပေါ် မှောက်လှဲပစ်လိုက်ရင်း
"အချိန်တွေ မြန်မြန်ကုန်သွားရင်ကောင်းမှာပဲ..နှစ်သစ်ကူးရောက်ပြီး ပိတ်ရက်ရချင်ပြီ"
စကားပြောနေရင်း စုထျန်းက ရုတ်တရက် ခပ်မတ်မတ်ပြန်ထိုင်လိုက်ကာ
"ဟုတ်သားပဲ..ငါ နင့်ကိုပြောပြဖို့မေ့နေတာ"
"ဘာလဲ"
"ခုဏတုန်းက ဝမ်လင်လင် wechat ကနေ စာပို့လာသေးတယ်..နင့်ကို wechatထဲမှာ သူ့ဆီ စာပြန်ဖို့ပြောပေးတဲ့"
စုထျန်းကဆက်၍
"နင် သူ့ဆီစာမပြန်ဘူးလား..ဒါနဲ့ သူကရော ဘာလို့နင့်ကိုရှာနေတာတုန်း..ကြည့်ရတာ အရမ်းလောနေလို့ ငါ့ဆီပါ ရောက်လာတဲ့ပုံပဲ"
ဝိန်းရိဖန်က ကွန်ပျူတာအား ဖွင့်လိုက်၍
"ငါ ကြည့်ကြည့်လိုက်မယ်"
ဝိန်းရိဖန်၏အမူအရာက တစ်စက်စက်ကျနေသည့် ရေစက်များအလား တည်ငြိမ်နေခဲ့သဖြင့် စုထျန်းက မူမမှန်သည့်မည်သည့်အရာကိုမှ မခံစားမိဘဲ
"ဒါပေမယ့်လေ ရိဖန်..နင် အရမ်းသဘောကောင်းလွန်းတယ်..နင် ပြောင်းလာတာနဲ့ သူက ချက်ချင်းပြောင်းထွက်သွားတာလေ..ငါသာ နင့်နေရာမှာဆိုရင် သေချာပေါက်လိုက်ပြောင်းပစ်မှာ..ဘယ်လိုပဲဖြစ်ဖြစ် အိမ်ခန်းက သူ့နာမည်နဲ့ငှားထားတာမလား"
Advertisement
စုထျန်းက မျက်စောင်းတစ်ချက်ထိုးကာ
"အခုချိန်လောက်ဆို သူ တအားပျော်နေရောပေါ့..စာချုပ်သက်တမ်းကုန်ဖို့ အများကြီးလိုသေးတာကိုတောင် ကြိုပေးထားတဲ့စရံငွေကလည်း ပြန်ရသေးတယ်"
"ပြဿနာကြီးကြီးမားမားမှမဟုတ်တာ..ငါလည်း အိမ်ခန်းကို အတော်လေးသဘောကျလို့ပါ"
စုထျန်းက သက်ပြင်းချ၍
"ဒါကြောင့်မလို့ နင် အရမ်းသဘောကောင်းတယ်လို့ ပြောတာပေါ့"
-----
တစ်ချိန်တည်းဆိုသလို ချန်ဝေ့ဟွာသည် ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည့်ရာဇဝတ်တစ်ခုအကြောင်း အချိန်မှီလိုက်ပေးရန် အကြာင်းဖန်လာခဲ့ရသည်။သူ့လက်ထဲတွင်လည်း အပြီးသတ်ရမည့်အင်တာဗျူးတစ်ခုရှိနေသေးသောကြောင့် မတတ်နိုင်သည့်အဆုံးတွင် ထိုသတင်းက ဝိန်းရိဖန်၏လက်ထဲရောက်လာခဲ့၏။
အမှုမှာ ၁၇ရက်နေ့ညတွင် မုဒိမ်းကျင့်ရန်ကြိုးပမ်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အမှုထဲမှအမျိုးသမီးမှာ အလုပ်ဆင်းချိန်၌ အိမ်အပြန်လမ်းတွင် ယောက်ျားတစ်ယောက်၏ဓါးဖြင့်ခြိမ်းခြောက်ခြင်းကို ခံရပြီးလူခြေပြတ်သည့် မြောက်ပိုင််းလမ်းကြားတစ်ခုဆီသို့ ဆွဲခေါ်ခံသွားရသည်။ လမ်းသွားလမ်းလာ ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးမှ လှမ်းမြင်လိုက်ပြီးကယ်ဆယ်ခဲ့ခြင်းကြောင့် အမျိုးသမီးမှာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။
နှစ်ဦးနှစ်ဖက်ထိပ်တိုက်ရင်ဆိုင်သည့်အချိန် ဆိုင်ပိုင်ရှင်အမျိုးသား၏ လက်မှသွေးကြောများ ပြင်းပြင်းထန်ထန်ဒဏ်ရာ ရသွားခဲ့၏။
အဓိကကျသည့်အချက်အလက်များရေးထုတ်ပြီးသွားသည့်နောက်တွင် ဝိန်းရိဖန်က အချိန်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ ဘေးပတ်ပတ်လည်ကိုဝေ့ဝဲကြည့်၍
"သာ့ကျွမ့်ရော"
စုထျန်း ;
"တစ်ယောက်ယောက်က အင်တာဗျူးအတွက် အတူတူလိုက်ပေးဖို့ခေါ်သွားတယ်ထင်တာပဲ..ငါလည်း သေချာမသိဘူး"
"ဟုတ်လား..ဒါဆိုလည်း ငါ့ဘာသာငါပဲ သွားလိုက်တော့မယ်"
ဝိန်းရိဖန်သည် 'ချွမ်တ'သတင်းဌာနဆီသို့ စာမူရေးရမည့်သတင်းထောက်အဖြစ် ဝင်လာခြင်းဖြစ်သော်ငြား ဝန်ထမ်းအင်အားမလုံလောက်ခြင်းကြောင့် ကိစ္စတိုင်း၌အလျင်းသင့်သလို ဝင်လုပ်ပေးနေရခြင်းဖြစ်သည်။
အလုပ်လုပ်ရင်း သင်ယူရင်းပင်။
ကင်မရာဖြင့်အင်တာဗျူး ၊ စာမူရေး ၊ တည်းဖြတ်နှင့်ထုတ်လွှင့်မှုကအစ တစ်ဦးတည်းကသာ အဆင်ပြေသလို အပြီးအစီးလုပ်ပေးရသည်။
လိုအပ်သည့်ပစ္စည်းကိရိယာများကိုယူပြီး မြို့တော်ဆေးရုံသို့ တစ်ကိုယ်တည်းထွက်လာခဲ့လိုက်၏။
နစ်နာသူအမျိုးသား ဆေးရုံတက်နေသည့်အခန်းထဲသို့ ရောက်ပြီးနောက်တွင် နစ်နာသူထံမှခွင့်ပြုချက်တောင်းခံပြီး သူ့လက်ရှိအခြေအနေအား အင်တာဗျူးလိုက်၏။
ဆိုင်ပိုင်ရှင်အမျိုးသားက အသက်သုံးဆယ်စွန်းစွန်းဖြစ်ပြီး အလွန်ရိုးသားသည့်ပုံစံမျိုးဖြစ်သည်။မေးသမျှမေးခွန်းတိုင်းကိုလည်း တလေးတနက်ဖြေပေးသည့်အပြင် သူမနှင့်မျက်လုံးချင်းမဆုံရဲဘဲ မတော်တဆဆုံသွားသည့်အခါတိုင်း၌လည်း မျက်နှာကြီးရဲပြီးရှက်နေလေသည်။
အဓိကကျသည့်မေးခွန်းများအပြင် ဝိန်းရိဖန်က လိုအပ်လောက်မည့်မေးခွန်းတစ်ချို့မေးပြီးသည့်နောက်တွင်တော့ ထပ်၍အနှောက်အယှက်မပြုတော့ဘဲ ကင်မရာပစ္စည်းများကိုသိမ်းကာ ဆိုင်ပိုင်ရှင်အမျိုးသားအား ကျေးဇူးတင်ပြီးထွက်လာခဲ့လိုက်သည်။နောက်တွင်တော့ တာဝန်ကျဆရာဝန်ဆီမှ အသေးစိတ်အချက်အလက်များမေးရန်ပြင်လိုက်၏။
ဆေးရုံလူနာခန်းထဲမှထွက်လျှင်ထွက်ချင်း ဝိန်းရိဖန်အား တစ်စုံတစ်ယောက်မှ လှမ်းခေါ်လိုက်လေသည်။
"နင်က..ဝိန်းရိဖန် မလား?"
အသံကြားရာ လှည့်ကြည့်လိုက်၏။
နှစ်မီတာ သုံးမီတာအကွာအဝေးခန့်တွင် အနည်းငယ်ရင်းနှီးဟန်ရှိသောမိန်းကလေးတစ်ဦးက သူမအား မသဲမကွဲလှမ်းကြည့်နေခဲ့သည်။ ထိုမိန်းကလေးက ငယ်ရွယ်သည့်အသွင်အပြင်မျိုးဖြစ်ပြီး လက်ထဲတွင် သစ်သီးခြင်းတစ်ခြင်းကိုင်ထားပုံအရ လူနာလာကြည့်ပုံရသည်။
ဝိန်းရိဖန်က ထိုမိန်းကလေးအား ချက်ချင်းမမှတ်မိနိုင်ဖြစ်နေသေးသော်လည်း ပြုံးပြလိုက်၏။
"နင် ဘယ်အချိန်တုန်းက နန်းဝူကို ပြန်ရောက်တာလဲ"
ထိုမိန်းကလေးက မျက်မှောင်ကျုံ့လိုက်၍
"ငါ မေမေ့ဆီကပြောသံလည်း မကြားမိပါဘူး"
ဤစကားတစ်ခွန်းတွင် ဝိန်းရိဖန် ထိုမိန်းကလေးအား ချက်ချင်းအမှတ်ရလိုက်တော့၏။
ကျိန့်ခယ်ကျား။
သူမပထွေး၏သမီးပင်။
ဝိန်းရိဖန်နှင့် ကျိန့်ခယ်ကျားတို့ နောက်ဆုံးတွေ့ခဲ့သည့်အကြိမ်မှာ အထက်တန်း ဒုတိယနှစ်တွင်ဖြစ်၏။
ထိုအချိန်တုန်းက ကျိန့်ခယ်ကျားမှာ အလယ်တန်းပထမနှစ်သာရှိသေးပြီး ကိုယ့်ကိုကိုယ်ပင် မဝတ်တတ်မစားတတ်သေးသည့် ကလေးသာသာအရွယ်လေးဖြစ်ကာ ယခုလို လှလှပပဝတ်စားထားပုံနှင့် များစွာကွာခြားခဲ့သည်။
ဝိန်းရိဖန်အနေဖြင့် ကျိန့်ခယ်ကျားနှင့် ယခုလိုနေရာမျိုး၌ တွေ့ကြလိမ့်မည်ဟု လုံးဝမတွေးထားမိ။
ဝိန်းရိဖန် ကိုင်ထားသည့်ပစ္စည်းများကို ကြည့်ရင်း ကျိန့်ခယ်ကျားက
"အလုပ်ကိစ္စနဲ့ခရီးထွက်လာတာလား"
"မဟုတ််ဘူး..ငါ နန်းဝူကို ပြန်ပြောင်းလာတာ"
ဝိန်းရိဖန်က ခပ်လေးလေးကင်မရာအိတ်ကို ထိန်းကိုင်လိုက်ရင်း
"ငါ့မှာ အလုပ်ရှိသေးလို့..အချိန်ရမှပဲ ဆက်သွယ်တော့မယ်"
ကျိန့်ခယ်ကျားက မတိုးမကျယ်အသံဖြင့်
"ဘယ်သူက နင်နဲ့အဆက်အသွယ်လုပ်ချင်နေလို့လဲ"
"ပြီးတာပါပဲ..ငါတို့လည်း အချိန်မဖြုန်းပဲနေလိုက်ရအောင်"
"...."
ကျိန့်ခယ်ကျားက ဝိန်းရိဖန်၏စကားကြောင့် ပြောစရာစကားမဲ့သွားခဲ့ကာ အချိန်တော်တော်ကြာသွားခဲ့ပြီးမှ
"ဘာကိစ္စမှမရှိဘဲနဲ့ နင် ဘာလို့ပြန်လာတာလဲ"
"ငါ့မှာကိစ္စရှိမှ ပြန်လာရမှာလား?"
ဝိန်းရိဖန် ခပ်ရေးရေးပြုံးလိုက်၍
"နင် စိတ်ပူနေစရာမလိုဘူး..ငါ နန်းဝူကို ပြန်လာရတဲ့အကြောင်းအရင်းက အိမ်မှာပြန်နေချင်လို့ လုံးဝမဟုတ်ဘူး..ဒီနေ့ ငါတို့နှစ်ယောက်တွေ့တဲ့ကိစ္စကို မရှိခဲ့သလိုမျိုးသာ သဘောထားလိုက်..နင်သာ မပြောရင် တခြားဘယ်သူမှလည်းသိမှာမဟုတ်ဘူး"
ကျိန့်ခယ်ကျားက မျက်မှောင်ကျုံ့ပြီး
"နင့်ကို အိမ်မှာပြန်မနေရဘူးလို့လည်း ငါမပြောပါဘူး"
ဝိန်းရိဖန် ;
"အင်း..ဟုတ်တယ်..နင် မပြောဘူး"
"နင်စကားပြောတာ ဘာလို့ဒီလောက်ထိရန်လိုနေရတာလဲ..ငါ့ဘက်ကလည်း နင့်ကို စကားကောင်းကောင်းပြောနေပြီပဲမလား..ပြီးတော့ ငါ အရင်တုန်းကပဲ နင်နဲ့အတူမနေချင်ဘူးလို့ ပြောခဲ့တာပါ..အခုပြောနေတာမှ မဟုတ်တာ"
ဝိန်းရိဖန်က နေရာ၌သာ မတ်တပ်ရပ်ပြီး လှမ်းကြည့်နေလေသည်။
စကားပြောနေရင်း ကျိန့်ခယ်ကျားက တဖြည်းဖြည်းဂနာမငြိမ်ဖြစ်လာရကာ
"ပြီးတော့ ဒီကိစ္စတွေက ဘယ်တုန်းက ကိစ္စတွေမလို့လဲ..အဲ့တုန်းက ငါ့အသက်ကဖြင့် ဘယ်လောက်မှ..."
"တကယ်ကို အရမ်းကြာခဲ့ပါပြီ..ငါတောင် နင့်ကို မမှတ်မိသလိုဖြစ်တော့မလို့..ငါတို့နှစ်ယောက်က အချင်းချင်းမှတ်မိနေဖို့လည်း လိုမယ်မထင်ဘူး..နင် လူနာကြည့်တာမလား မြန်မြန်သွားလေ..သစ်သီးတွေသယ်ထားရတာ ပင်ပန်းမှာပေါ့"
"နေဦး!..နင် နှစ်သစ်ကူးကျရင် အိမ်ပြန်လာမှာလား..မောင်လေးကို ပြန်လာမကြည့်တော့ဘူးလား"
ကျိန့်ခယ်ကျားပါးစပ်ဖျားမှပြောနေသည့် မောင်လေးဆိုသည့်သူမှာ ကျောက်ယွမ့်တုံ နောက်အိမ်ထောင်ပြုပြီး ရလာသော ကလေးပင်။
ဝိန်းရိဖန် လုံးဝမတွေ့ခဲ့ဖူးသည့်ကလေးဆိုလည်း မမှား။
ကျောက်ယွမ့်တုံပို့ပေးသည့် ဓါတ်ပုံများထဲမှသာ မြင်ခဲ့ဖူး၏။
"မလာဘူး"
ဝိန်းရိဖန်က အကြောင်းပြချက်တစ်ခုသာ ပေးလိုက်၏။
"ငါက အမြဲတမ်းအလုပ်ရှုပ်နေတာ..ပိတ်ရက်မရှိဘူး"
တစ်ခဏတာ တိတ်ဆိတ်သွားခဲ့ပြန်သည်။
ကျိန့်ခယ်ကျားက အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကိုထုတ်လာပြီး
"ဒါဆို Wechat မှာ add ထားရအောင်..ဒီနေ့ည ထမင်းအတူစားမယ်လေ အဆင်ပြေမလား..ငါ နင့်ကို တောင်းပန်ချင်လို့..အရင်တုန်းက ငါ နင့်အပေါ်..."
Advertisement
"ကျိန့်ခယ်ကျား"
ဝိန်းရိဖန်က ခဏနေတွင် ရဲစခန်းသို့ ခရီးတစ်ထောက်ပြေးရမည်ဖြစ်ပြီး ဌာနသို့ပြန်ရောက်လျှင်လည်း သတင်းရေးပြီးဗွီဒီယိုတည်းဖြတ်ရဦးမည်ဖြစ်ကာ စကားပြောနေရန် အမှန်တကယ်အချိန်မရှိပေ။
"ငါ့ဘဝကို ငါ့ဟာငါပဲ ဖြတ်သန်းချင်တယ်"
"...."
"ငါ နန်းဝူကိုပြန်လာခဲ့တာလည်း ဘယ်သူ့ကြောင့်မှမဟုတ်ဘူး..အိမ်ပြန်မလာတာကလည်း နင့်ကြောင့်မလို့ မဟုတ်ဘူး"
ဝိန်းရိဖန်က စကားသံတို့က သိသိသာသာငြင်သာသွားပြီး
"ငါလုပ်သမျှအရာအားလုံးက ငါ့အတွက်ကြောင့်ချည်းပဲ"
"...."
ဝိန်းရိဖန်က နာရီအားတစ်ချက်လှမ်းကြည့်ပြီးနောက်
"ငါ တကယ်အလျင်လိုနေတာမလို့ အရင်ဆုံး သွားနှင့်ပြီ"
ကျိန့်ခယ်ကျား၏နှုတ်ခမ်းတို့လှုပ်ခတ်သွားသော်လည်း မည်သည့်စကားမှ မဆိုဖြစ်တော့၏။
တစ်ဖက်လူ၏တုန့်ပြန်မှုများကို မစောင့်တော့ဘဲ ဝိန်းရိဖန်က လမ်းပြထားသည့်သင်္ကေတများကိုကြည့်ရင်း ဦးနှောက်နှင့်အာရုံကြောဌာနဆီသို့ထွက်လာခဲ့လိုက်သည်။
ဆိုင်ပိုင်ရှင်အမျိုးသားအား ကုသပေးထားသည့်တာဝန်ကျဆရာဝန်ကို တွေ့ပြီးနောက် အချိန်မဖြုန်းချင်တော့သည့်အတွက် သတင်းနှင့်သက်ဆိုင်မည့်မေးခွန်းတစ်ချို့အားမေးပြီး ဆရာဝန်အားကျေးဇူးတင်စကားဆိုကာ ပြန်ထွက်လာခဲ့သည်။
ဆေးရုံဝန်းထဲမှထွက်မလာခင် ဝိန်းရိဖန်က သန့်စင်ခန်းထဲဝင်လိုက်၏။
ရေပိုက်ခေါင်းကိုဖွင့်ပြီးနောက် အေးစိမ့်နေသည့်ရေများကိုထိတွေ့မိလိုက်သည့်တစ်ခဏတွင် ခန္ဓာကိုယ်အလိုလို ကွေးကျုံ့သွားမိတော့၏။ တစ်ခဏကြာကြာကြောင်အမ်းနေမိရင်း ယခုလေးတင်တွေ့ခဲ့ရသည့် ကျိန့်ခယ်ကျားကြောင့်လားမသိ အတိတ်မှကိစ္စများအား ပြန်တွေးမိလာတော့သည်။
သူမ၏အဖေဖြစ်သူ 'ဝိန်းလျန်ဇယ်' ပြောဖူးသည့်စကားတစ်ခွန်းအား အမှတ်ရလိုက်ကာ
--"ဖေဖေတို့ရဲ့ ရွှမ်းကျန့်က ကောင်မလေးလေ..ရေအေးတွေချည်း အမြဲတမ်းထိမနေနဲ့"
ဤနှစ်များအတွင်း ဝိန်းရိဖန်၏စိတ်ခံစားချက်များမှာ ဝိန်းလျန်ဇယ်အကြောင်းတွေးမိသည့်အခါမျိုး၌သာ မတည်မငြိမ်ဖြင့်ခံစားရလွယ်လာခဲ့ပုံရပါသည်။သူမ၏ နှာခေါင်းလေးက ကျဥ်တက်လာပြီး မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်မိကာ လက်နှစ်ဖက်အား နှေးနှေးကွေးကွေးဆေးကြောနေမိလိုက်၏။
အထက်တန်းကျောင်း၌ရလာခဲ့သည့် ဝိန်းရိဖန်၏နာမည်ပြောင်မှာ ကျောင်းသားများ အလကားသက်သက်ပေးထားခြင်းမျိုးမဟုတ် ၊ အမှန်တကယ်လည်း အဓိပ္ပါယ်ရှိရှိပေးထားခြင်း ဖြစ်သည်။
ထိုအချိန်တုန်းက သူမသည် အမှန်တကယ်ကို မည်သည့်ကိစ္စကိုမှ မလုပ်တတ်ခဲ့ ၊ နေ့စဥ်လုပ်ရသည့် အဆောင်သန့်ရှင်းရေးကအစ အခန်းဖော်များ သင်ပေး၍သာ တတ်မြောက်ခဲ့သည်။ သူမ၏စိတ်နေသဘောထားမှာ တော်တော်လေးကောင်းမွန်သည့်အတွက် တစ်ခါတစ်ရံ သူငယ်ချင်းများက စိတ်မရှည်ဘဲဒေါသထွက်ပြလျှင်တောင် တေးမှတ်ခြင်းမျိုးမရှိခဲ့ပေ။
ဝိန်းရိဖန်မှာ ငယ်ငယ်လေးကတည်းက အလိုလိုက်ခံရပြီး မိသားစုထဲတွင်လည်း တစ်ဦးတည်းသောသမီးလေးဖြစ်သည့်အတွက် ဝိန်းလျန်ဇယ်နှင့်ကျောက်ယွမ့်တုံတို့၏လက်ဖဝါးထဲမှ ပုလဲလုံးလေးသဖွယ် ကြီးပြင်းခဲ့ရသည်။မိဘနှစ်ပါးက သူမလိုချင်သမျှအရာအားလုံးကို ပံ့ပိုးပေးထားပြီး ၊ မိဘနှစ်ပါးမှာ သူမနှင့်ပတ်သတ်ပြီး များများစားစားတွန်းအားပေး မျှော်လင့်ထားခြင်းမျိုးမရှိဘဲ သူမဘဝလေးအား အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်သာ ဖြတ်သန်းစေခဲ့ကြသည်။
ထိုအချိန်တုန်းက ဝိန်းရိဖန်မှာ အလွန်ကိုမှ အပူအပင်ကင်းသည့်ဘဝတစ်ခုအား ရရှိထားခဲ့၏။
အတန်းထဲ၌ သူငယ်ချင်းအပေါင်းအသင်း များများစားစားမရှိခဲ့သည်တောင်မှ သူမ ပျော်ရွှင်နေခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာများအား လုံလောက်သည်ထက်ပိုအောင်ရရှိထားခြင်းကြောင့်ပင်။
သို့သော် ထိုနေ့လိုနေ့မျိုးတစ်ရက် ရှိလာလိမ့်မည်ဟူ၍ ဝိန်းရိဖန် ဘယ်သောအခါကမှ မတွေးထားမိခဲ့၏။
ဝိန်းလျန်ဇယ် ဆုံးပါးသွားခြင်း ၊ ကျောက်ယွမ့်တုံက နောက်အိမ်ထောင်ပြုခြင်း ၊ ဖခင်မေတ္တာ လုယူခံရမည်ကိုကြောက်သည့် ကျိန့်ခယ်ကျား၏ပယောဂကြောင့် မိခင်အရင်းကျောက်ယွမ့်တုံက သူမအား အဘွားရှိရာဆီသို့ ပို့လိုက်ခြင်း...
နောက်တွင် အဘွား၏ကျန်းမာရေးအခြေအနေကြောင့် သူမအား ဘကြီးအိမ်သို့ ပို့လိုက်ခြင်း..
ထိုအချိန်ကာလများက ဝိန်းရိဖန်၏ဘဝတွင် ထိလွယ်ရှလွယ်ဖြစ်ခဲ့ဆုံးသောအချိန်ကာလများဖြစ်ကာ
--မည်သူတစ်ဦးတစ်ယောက်ကမှ သူမအား အလိုမရှိတော့သည့်စိတ်ခံစားချက်မျိုးများပင် ဖြစ်တည်လာခဲ့ရ၏။
နေစရာထိုင်နေရာ နေရာတစ်ခုရှိနေခဲ့သော်လည်း ဤလောကကြီးထဲ၌ သူမအတွက် နေရာတစ်နေရာစာပင်မရှိတော့သည့်ခံစားချက်မျိုးပင်။
ထိုခံစားချက်မှာ မပိုင်ဆိုင်ထားရသည့်ခံစားချက်မျိုး။
ဝိန်းရိဖန်က တစ်ခုခုအမှားလုပ်မိသွားမည်ကိုပင် ကြောက်လန့်နေခဲ့ရပြီး နေ့ရက်တိုင်းအား အလန့်တကြားဖြင့်အသက်ရှင်ခဲ့ရသည်။ ထမင်းစားနေသည့်အချိန်မျိုးတွင် ထမင်းပန်းကန်လုံးနှင့်တူ ရိုက်မိသွားသည့်အသံကအစ သူမ၏အသက်ရှူသံများအား ရပ်တန့်သွားသည်အထိ ကြောက်လန့်ခြင်းပင်။
ဝိန်းရိဖန် အတိတ်မှဖြစ်ရပ်တစ်ခုအား ဝေဝေဝါးဝါးအမှတ်ရလိုက်၏။
တစ်ခါက ကျောင်းပိတ်ရက်တစ်ခုတွင်။
ဒေါ်လေးဖြစ်သူက သူမအား ယွမ် ၂၀ ပေးပြီး ကြက်ကြော်တစ်ဘူး သွားဝယ်ခိုင်းခဲ့သည်။ဝိန်းရိဖန်က ပိုက်ဆံကို တရိုတသေယူပြီး အပြင်ထွက်လာခဲ့ကာ ကြက်ကြော်ဆိုင်ရှေ့အရောက်တွင် ဒေါ်လေးပေးလိုက်သည့်ပိုက်ဆံမရှိတော့မှန်း သိလိုက်ရ၏။
ထိုအချိန်တုန်းကဆိုလျှင် သူမ၏ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားခဲ့ပြီး ဆိုင်ရှင်၏မျက်နှာအား အရိပ်တကြည့်ကြည့်လုပ်နေမိကာ ခဏလေးအတွင်း ပြန်လာခဲ့မည်ဆိုပြီး လာရာလမ်းအတိုင်း ပြန်လျှောက်ရင်း မြေကြီးထောင့်တစ်နေရာမချန်ဘဲ အသည်းအသန်ပြန်ရှာခဲ့သည်။
အရှေ့မှအနောက် အနောက်မှအရှေ့သို့ လျှောက်ခဲ့သည်မှာလည်း အကြိမ်ကြိမ်။
သို့သည့်တိုင် ယွမ် ၂၀ ၏အစွန်းအစလေးပင် ရှာမတွေ့ခဲ့ချေ။
ထိုအချိန်တုန်းက သူမ ခံစားမိခဲ့သည့်ခံစားချက်ကြီးကို မှတ်မိနေပါသေးသည်။
တစိမ့်စိမ့်ကြောက်လန့်နေသည့်ကြားမှ ကူကယ်ရာမဲ့ခြင်းများ။
ယခုအချိန် တွေးမိသည့်အခါတွင်တော့ ရယ်စရာကောင်းသည့်ကိစ္စတစ်ခုလိုပင်။
ယွမ် ၂၀ တည်း...
သူမ ကျပျောက်ခဲ့သည်မှာ ယွမ် ၂၀ တည်း...
ဤမျှထိ သေးငယ်လွန်းသည့်ကိစ္စလေး...
ဝိန်းရိဖန်က တစ်နေ့လည်ခင်းလုံး ပြန်မသွားရဲခဲ့ဘဲ ညနေစောင်းသည်အထိ ဦးတည်ရာမဲ့လျှောက်သွားနေမိခဲ့ကာ လူသူကင်းသည့်ဘတ်ကားမှတ်တိုင်တစ်ခု၏ ထိုင်ခုံအလွတ်ပေါ်တွင်ထိုင်ပြီး မီးခိုးရောင်ကွန်ကရစ်လမ်းမကြီးအား ကြောင်ကြည့်နေမိခဲ့၏။
ခံစားမိခဲ့သည်မှာလည်း အရာအားလုံးက နှေးကွေးသွားခဲ့သည်ဟူ၍။
သူမ ပြန်မသွားရဲတော့ပေ။
ဤကိစ္စအတွက်ကြောင့်ဖြင့် ဘကြီးက သူမအား တခြားနေရာသို့ ပို့ပစ်လိုက်မည်ကို ကြောက်နေမိကာ ယခုလိုကိစ္စမျိုးများ မကြာခဏဖြစ်လာမည်ကိုလည်း စိုးရိမ်နေခဲ့သည်။
သူမက လူတိုင်း လက်ရှောင်ချင်ကြသည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်လာမည်ကို ကြောက်နေမိ၏။
နောက်တွင်တော့..
ထိုအချိန်ကလေးအတွင်းတွင် စန်းရန်က ကောင်းကင်ပေါ်မှပြုတ်ကျလာသည့်အလား သူမ၏အရှေ့၌ ရုတ်တရုတ် ပေါ်လာခဲ့တော့၏။ သူပုံစံက တစ်နေရာရာမှ ဘတ်စကတ်ဘောကစားပြီး ပြန်လာပုံရကာ လက်ထဲတွင် ဘောလုံးကိုကိုင်ထားပြီး အပေါ်ပိုင်းအင်္ကျီတစ်ခုလုံးအပြင် သူ့ဆံပင်အနားသတ်များ၌ ချွေးများစိုရွဲနေခဲ့သည်။
ဆယ်ကျော်သက်အရွယ် အရောင်အဝါများဖြင့်တောက်ပနေသည့်စန်းရန်က သူမ၏အရှေ့ထိလျှောက်လာပြီး ခန္ဓာကိုယ်ကိုကိုင်းချလိုက်၏။ ထိုအချိန်တွင် စန်းရန်က သူမ၏အိမ်နာမည်အား သိနှင့်နေပြီးဖြစ်ကာ ၊ တမင်သက်သက်ပင်ဖြစ်စေ အမှတ်တမဲ့ပင်ဖြစ်စေ သူမ၏နာမည်အရင်းအား ထပ်မခေါ်တော့သည့်အချိန်
"ဝိန်းရွှမ်းကျန့်...မင်း ဒီမှာဘာလုပ်နေတာလဲ"
အသံကြားလိုက်သည့်အတွက် ဝိန်းရိဖန်က သူ့အားမော့ကြည့်လိုက်၏။ စကားတစ်ခွန်းတော့ မဆို။
စန်းရန်က မျက်မှောင်ကျုံ့လိုက်ကာ
"ဘာလို့ ဒီလိုပုံစံဖြစ်နေရတာလဲ"
ဆက်၍ တိိတ်ဆိတ်နေဆဲ။
စန်းရန်က ဘောလုံးဖြင့် သူမအား လှမ်းထိပြီး
"မင်း စကားပြောလေကွာ"
"စန်းရန်"
ဝိန်းရိဖန်က ခပ်တိုးတိုးအသံလေးဖြင့်
"နင် ငါ့ကို ယွမ် ၂၀ လောက်ချေးပေးလို့ရမလား"
"...."
"ငါ အပြင်ထွက်ပြီးပစ္စည်းလာဝယ်တာ..ပိုက်ဆံ ပျောက်ကျသွားလို့"
စန်းရန်က ရုတ်တရက် ကြောင်အမ်းသွားရသော်လည်း ချက်ချင်းဆိုသလို အိတ်ကပ်များထဲသို့ နှိုက်ကြည့်၍
"ငါ အပြင်ထွက်လာတုန်းက ပိုက်ဆံမယူလာမိဘူး"
ဝိန်းရိဖန်က မျက်လုံးများကို ချက်ချင်းအောက်သို့စိုက်ချလိုက်ပြီး
"ဒါဆိုလည်း မလို...."
"ဘာကို မလိုဘူးလဲ..ငါက အခုလောလောဆယ် ပိုက်ဆံမပါဘူးလို့ပဲပြောတာ..နောက်ငါးမိနစ်နေရင် မရှိဘူးလို့ မဆိုလိုဘူး"
စန်းရန်က မတ်တပ်ထရပ်လိုက်၍
"မင်း ဒီနေရာမှာပဲထိုင်နေ..ငါးမိနစ်ဆိုရင် ရပြီ"
"...."
တွေးရင်း တွေးရင်း စန်းရန်က ဘောလုံးကိုပါ ဝိန်းရိဖန်လက်ထဲထည့်ပေးလိုက်၍
"ငါ့ကို စောင့်နေ"
ဝိန်းရိဖန် ဘာမှပြန်မပြောရသေးခင်ပင် စန်းရန်က ပြေးထွက်သွားခဲ့ပြီဖြစ်၏။ သူမ နောက်တစ်ကြိမ်ခေါင်းငုံ့လိုက်ကာ လက်ထဲရှိ ညစ်ပတ်နေသည့် ဘတ်စကတ်ဘော ဘောလုံးပေါ်ရှိ မျဥ်းကြောင်းများအား စိုက်ကြည့်နေမိတော့၏။
ညနေခင်း၏လေညှင်းလေးက တိတ်တိတ်ကလေးတိုက်ခတ်နေသည့်အချိန် အရှေ့တွင်မြင်နေရသည့် ကားများကလည်း လမ်းမကြီးပေါ်၌ တစ်စင်းပြီးတစ်စင်း ဖြတ်သန်းသွားလာနေကြသည်။
အချိန်ငါးမိနစ်ကြာမကြာ ဝိန်းရိဖန် မသိပါသော်လည်း စန်းရန်က သိပ်မကြာလိုက်ပါဘဲ ပြန်ရောက်လာသည်ကိုသာ မှတ်မိနေတော့၏။ သူက တရှိုက်ရှိုက်ဖြင့်မောနေပြီး သူမ၏အရှေ့၌ ဆောင့်ကြောင့်ထိုင်ချလိုက်ကာ မည်သည့်နေရာမှရလာမှန်းမသိသည့် ယွမ် ၂၀အား အိတ်ကပ်ထဲမှထုတ်လာပေး၍
"ယူထား..ပြန်ပေးဖို့မမေ့နဲ့နော်"
ဝိန်းရိဖန်က တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ပိုက်ဆံကိုလှမ်းယူလိုက်ပြီး
"ကျေးဇူးတင်ပါတယ်"
ဆံပင်များကြားထဲမှ နဖူးပေါ်ထိ ချွေးများတစ်စက်စက်ကျနေသည့် စန်းရန်က သူမအား မော့ကြည့်နေရင်း
"ဘာလို့ ငိုချင်နေတဲ့ပုံစံလေးဖြစ်နေရတာလဲ"
"...."
စန်းရန်က အသံထွက်အောင်ရယ်လိုက်ကာ
"ဒီလောက်ထိ ခံစားသွားရစရာလည်း မလိုပါဘူးကွာ"
Advertisement
- In Serial26 Chapters
The Strawberry Witch Chronicles
Have you ever wondered what happens to the person in your dreams when you awaken, the person who appeared to be your friend, or your enemy or lost love interest? Do they disappear? No, they get enrolled as a student at the University of Creative Arts. Here, the dream person has a last chance at staying in this new world if they graduate. Julia Blossom is one such student at the department of Witchcraft. However, there's one problem. She is a light-type witch whereas all witches are known to be dark-type. Follow Julia's journey as she tries to find friends of her own. Cover art by Shantona Shantuma.
8 336 - In Serial62 Chapters
Masked
A white wolf was a special breed. A witch was respected but also not very common. So imagine the surprise when one girl holds both in one body. Rumors and myths were made about her but no one knew for certain if she existed.Stories claimed that her mother, Rose Taylor, who was a witch was mated to an Alpha werewolf where they had four children. Three of which didn't bear the gift of witchcraft, but their daughter did. The family denied all allegations and nobody was the wiser. But what if I told you she did exist? That her name was Emerald Taylor, she was nineteen years old, and she was deprived of seeing her wolf and being in fresh air for nine years. Her parents died trying to keep her safe one night and her brothers never forgiving her for it, so their revenge? Locked her away like Princess Fiona to never be seen or heard from again. Only to be viewed when she received her daily beating from none other than her own brothers and being fed by the maid that has been serving her for years. The maid is the only person who truly understood her and cared for her. When enough was enough and she finally escaped to only become a rogue who could be sensed entering any territory. What's a witch/white wolf to do? To be masked of course.
8 433 - In Serial21 Chapters
Winds
If you are a fan of C.S. Lewis, John Bunyan, or Orson Scott Card, you may enjoy this. The year is 1901 in a culturally east/southern American location: After her failure of a debut, a young heiress, Lilian Truit, is pushed out of her comfort and privilege to find her place in the world. She is called by the deity, El, to be part of something greater than she can comprehend but the Mallelum (evil winds) are after her. Either to use her for the gift she was given as a child by the Elson himself, or to discourage her from healing the past pains of her family. Lilian will discover the secrets of the unseen realm, learn independence, and contribute to the salvation of a world, or at least her long-lost sister.
8 125 - In Serial45 Chapters
The Matrimony
Diana Prichard learned early on about how much of a bitch life could be. Forced to abandon the one she loves and marry a monster to save her father from his debt and keep his business afloat, She believes her life to be a hell hole. Her only consolation being her 5 year old boy Benjy. She believes her luck is finally starting to change when her abusive husband gets jailed for fraud, but only finds herself being sold to appease her father's debts, again! So she finds herself walking down the aisle towards a total stranger, or so she thought. ................. Alejandro Delmanti has been hurt before. Left by the love of his life for a seemingly better and richer man, he knows nothing but anger and bitterness. He worked his ass off to be the billion dollar success he is now. He left America to rid himself of the heartache and now he is back to take revenge on her, to make her suffer as she did to him ............Diana isn't sure how this is going to turn out and neither is Alejandro. Both try their best to ignore each other, but what happens when the old sparks start igniting, and old feelings start coming back?. ................. "You still love me Diana, you know you do", he breathed down her neckShe shivered, " I... ""You still love me and you still want me. And I'm gonna prove it to you", with that, he claimed her lips.
8 140 - In Serial45 Chapters
All's Fair
Grace, a high-powered attorney, is forced to work with small-town lawyer, Jack. Sparks fly as their case goes forwards, but will their love be overruled? *****Grace Wallace is a high-powered attorney, determined to earn her place as a partner at her firm. When she's given an important case, she's sent to Florida and forced to work alongside a laid-back lawyer who's got the opposite philosophy about work, Jack Rollins. Despite the craziness of the clients and the case, Grace begins to see how much Jack truly cares, and Jack learns about the woman behind Grace's professional facade. Soon they're falling for each other, but their relationship could cost Grace her reputation, and Jack stubbornly refuses to leave Florida for the big city. Can they win the case, and each other's hearts? Or will Jack and Grace be disbarred from the court of love?[[word count: 100,000-150,000 words]]
8 161 - In Serial30 Chapters
Tigh Na Faol: House of Wolf (A Wulvers Prequel)
{Featured Story!}#71 in Romance #5 in Historical Fiction"They say at night, the howls of wolves echo across the land, and in the morning farmers find their animals missing or slaughtered. Keep your wits about you, my dearest friend."1561Alba - Scotland Màili is the only child of Catholic Lord, Seumas MacDhòmhnaill, and a daughter of Clan Donald. Most of her life has been spent hidden away in the Scottish countryside a few days ride from the capitol city of Edinburgh.Kept away from the rumours about her mother that are rife at court since her death, Màili knows one wrong word could bring those rumours at her feet too. Cries of witchcraft and gossip about her father's dwindling funds means Màili's future remains uncertain. Close to destitute, her dowry gone, her only chance - in the eyes of her father at least - comes in the form of an unexpected marriage match from a family willing to pay handsomely for Màili's hand. It's an offer her father dare not refuse.Quickly married to a man she doesn't know, he flouts Màili's every belief in what is expected from her as a wife on the night of their wedding. Torian seems uninterested in following Catholic marriage tradition, citing laws of his own Clan he must follow. Trapped amongst people so different from her, speaking a language she barely remembers from childhood, she's whisked away to her new home where she will live with her new husband and his family. The wild and mountain filled Highlands are a beautiful place where purple heather and thick forests covers the land, and mighty sea winds batter the waves against ancient rock. Myth and mystery swirl as thick as the grey mists in the glens; where creatures from old stories are said still to roam.And the Lyall family have secrets of their own. The only advice given to Màili is this:Beware of the wolves. . .
8 383

