《First Frost (Myanmar Translation)》Chapter 15
Advertisement
သူ့မျက်နှာအမူအရာကို ကြည့်လိုက်ရခြင်းအားဖြင့် လက်ရှိအခြေအနေမှာ မသိလိုက်ပါဘဲနှင့် ယမ်းနံ့များအောက်သို့ရောက်သွားခဲ့ပြီဖြစ်မှန်း ဝိန်းရိဖန် သတိထားမိလိုက်သည်။
သို့သော်လည်း ဝိန်းရိဖန်ထံ၌ စန်းရန်နှင့်ငြင်းခုန်လိုသည့်စိတ်မျိုးမရှိသည့်အပြင် ဘယ်စကားတစ်ခွန်းက သူ့အား မပျော်မရွှင်ဖြစ်အောင်လုပ်မိလိုက်မှန်းပင်မသိပါပေ။သူမဘက်က စန်းရန်အပေါ် မည်သည့်စိတ်ခံစားချက်မျိုးမှ မရှိနေသလို ဒေါသစိတ်များအားလုံးက ဝမ်လင်လင်တစ်ယောက်တည်းကိုသာ ဦးတည်ခြင်းဖြစ်သည်။
"မဟုတ်ပါဘူး..နင် စိတ်မပူနဲ့"
ဝိန်းရိဖန်က တစ်ခဏမျှရပ်လိုက်ပြီးမှ တည်တည်ငြိမ်ငြိမ်ဖြင့်ဆက်၍
"နင် အာရုံနှောက်သွားအောင်လည်း ငါမလုပ်ရဲပါဘူး"
"...."
"ပြီးတော့ စိတ်ထဲလည်းမထည့်ထားဘူး..ငါ့ဘက်က အခြေအနေတွေကို ရှင်းပြချင်ရုံသက်သက်ပဲ..ငါပြောလိုက်တဲ့ထဲမှာ ဘယ်စကားတစ်ခွန်းက နင့်ကို မပျော်မရွှင်ဖြစ်သွားအောင် လုပ်မိလိုက်မှန်းမသိပေမယ့် ဒီကိစ္စကြီးက ရုတ်တရက်ဖြစ်သွားခဲ့တာမလို့ ငါ့အနေနဲ့ ချက်ချင်းမတုန့်ပြန်တတ်သလိုဖြစ်သွားလို့ပါ..ပြီးတော့ ငါတို့နှစ်ယောက်လုံးရဲ့ လက်ရှိစိတ်အခြေအနေက သိပ်မကောင်းကြဘူးလို့ ငါထင်တယ်..ထပ်ပြီး အချိန်ကလည်း မစောတော့တာမလို့...."
ဝိန်းရိဖန်က တစ်ခဏမျှတွေးကြည့်လိုက်ပြီးနောက် ဆက်၍
"ဒါမှမဟုတ် ဒီလိုလုပ်ကြရအောင်..နင် ဒီနေ့ညတော့ ဒီမှာပဲနေလိုက်..ငါတို့နှစ်ယောက် နောက်တစ်ခေါက်ပြန်စဥ်းစားကြည့်ကြပြီး မနက်ဖြန် ငါ အလုပ်ဆင်းလာပြီးတဲ့အချိန်ကြမှ ပြန်ဆွေးနွေးကြမယ်"
စန်းရန်က ဝိန်းရိဖန်ကိုသာ ကြည့်နေပြီး စကားတစ်ခွန်းမဆိုပေ။
ဝိန်းရိဖန် ;
"အိမ်ခန်းကိုမျှနေတယ်ဆိုတာက အသေးအမွှားကိစ္စမှမဟုတ်တာ..ငါတို့ကလည်း အခုချက်ချင်း ဆုံးဖြတ်ချက်ချနိုင်တဲ့ စိတ်အခြေအနေမျိုးမဟုတ်သေးဘူး..ထပ်ပြောရရင် နင် ဒီနေ့မှာ လက်ခံနိုင်တယ်ထင်တဲ့ကိစ္စက မနက်ဖြန်ကျရင် လက်မခံနိုင်တော့တာမျိုးရှိနိုင်ပြီး အဲ့ကျမှရွှေ့မယ်ပြောင်းမယ်ဆိုရင် ငါ့အနေနဲ့ပြောရရင်တော့ အရမ်းကိုအလုပ်ရှုပ်မှာ"
တစ်ခဏမျှ တိတ်ဆိတ်သွားပြန်တော့သည်။
ဝိန်းရိဖန်က အမှန်တကယ် အိပ်ရာဝင်ချင်နေပြီဖြစ်သော်ငြား စန်းရန်က ဘာကိုမှမစိုးရိမ်သည့်အလား ထိုနေရာ၌သာထိုင်နေလေသည်။ ထိုနေရာ၌ တစ်စက္ကန့်ပိုထိုင်နေတိုင်း သူမ၏အိပ်ချိန်များကို တစ်စက္ကန့်ပိုဖြုန်းတီးနေရသလိုပါပင်။ ဝိန်းရိဖန်က အနည်းငယ်စိတ်မရှည်ဟန်ဖြစ်လာပြီး
"ဒါဆို နင့်ဘာသာနင် စဥ်းစားကြည့်လိုက်တော့နော်..ငါတော့ အရင်...."
ငါတော့ အရင်အိပ်နှင့်ပြီ။
"ကောင်းပြီလေ"
စန်းရန်က ရုတ်တရက်စကားဖြတ်ပြောလိုက်ကာ သူ့အသံတို့က စိတ်မဝင်စားသည့်ပုံစံမျိုးဖြင့်
"မနက်ဖြန် မင်း ဘယ်အချိန်အလုပ်ဆင်းမှာလဲ"
"မသေချာသေးဘူး"
ဝိန်းရိဖန် စက္ကန့်ပိုင်းမျှတွေးကြည့်လိုက်၍
"ည ၈နာရီထက် နောက်မကျအောင်တော့ ပြန်လာခဲ့မယ်"
စန်းရန်က မျက်လုံးပင့်ကြည့်လာပြီး 'အင်း' ဟူ၍ ခပ်တိုးတိုးသာတုန့်ပြန်လိုက်သည်။
ထိုစကားတစ်ခွန်းကြားလိုက်ရပြီးသည်နှင့်တပြိုင်နက် ခွင့်လွှတ်နားလည်ပေးမှုဆိုသည့်ခံစားချက်များကိုပါ တစ်ပါတည်းခံစားမိလိုက်ရ၏။ဝိန်းရိဖန်က မတ်တပ်ထရပ်ပြီး အတွင်းဘက်အား ညွှန်ပြ၍
"ဒါဆို နင် ဒီနေ့ည အိပ်ခန်းအကြီးထဲမှာ အိပ်လိုက်လို့ရတယ်..ဒါပေမယ့် အထဲမှာ ဘာမှမရှိလို့ နင့်ဘာသာနင်တော့ အိပ်ရာပြင်ရမှာ"
ထို့နောက် စန်းရန်၏ခရီးဆောင်အိတ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
"စောင်တွေ ခေါင်းအုံးတွေတော့ ယူလာခဲ့တယ်မလား"
စန်းရန်က ပြန်မဖြေ။
ဝိန်းရိဖန်က ထပ်၍ အမေးအမြန်းမပြုတော့ဘဲ
"ဒါဆိုလည်း ငါ ရေချိုးပြီးအိပ်တော့မယ်..နင်လည်း စောစောအနားယူပါ"
ထို့နောက်တွင် ဝိန်းရိဖန်က အိပ်ခန်းထဲသို့ဝင်လာပြီး အဝတ်အစားလဲကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့၏။ အရမ်းအိပ်ချင်နေခဲ့သဖြင့် မျက်လုံးများ စပ်ဖျင်းဖျင်းဖြစ်ခဲ့သလို ဦးနှောက်တစ်ခုလုံးသည်လည်း ပေါက်ကွဲထွက်မတတ်ပင်။ သို့သည်တိုင်အောင် ရေချိုးခြင်းအမှုကိုတော့ ဒီထက်မြန်အောင်မလုပ်နိုင်တော့ချေ။
ဝိန်းရိဖန် ထွက်လာသည့်အချိန်တွင် ဧည့်ခန်းထဲ၌ စန်းရန်၏အရိပ်အယောင်ကို မတွေ့။ သူ့ခရီးဆောင်အိတ်က နဂိုနေရာ၌သာ ရှိနေဆဲ ၊ အိပ်ခန်းကြီး၏တံခါးသည်လည်း ပုံမှန်အတိုင်းပိတ်ထားဆဲဖြစ်ရာ အတွင်းထဲမှ မည်သည့်လှုပ်ရှားသံကိုမှမကြားရသဖြင့် သူရှိမရှိကိုတော့ မသေချာပေ။
ဝိန်းရိဖန်က ချိတုံချတုံဖြစ်နေသေးသော်လည်း စန်းရန်ကိုတော့ လှမ်းမခေါ်ကြည့်မိတော့၏။
အိပ်ရာမဝင်ခင် ဝိန်းရိဖန်က ဖုန်းအားတစ်ချက်လှမ်းကြည့်လိုက်သည်။
မကြာခင်အချိန်လေးအတွင်း၌ ဝမ်လင်လင်က သူမအား မက်ဆေ့များ ပို့ထားခဲ့သေး၏။
ဝမ်လင်လင် ; [ ရှောင်ဖန်..တောင်းပန်ပါတယ်နော်..အစ်မ ခုဏတုန်းက အိပ်နေတာကနေနိုးနိုးချင်းမလို့ စကားပြောတာ နည်းနည်းမာသွားခဲ့တယ်..ဒီကိစ္စက အစ်မဘက်က ကောင်းကောင်းမကိုင်တွယ်လို့ ဖြစ်ရတာမှန်း အစ်မသိပါတယ်..အစ်မရဲ့ကောင်လေးကိုလည်း မေးကြည့်ပြီးပါပြီ..သူပြောတာက သူလည်း များများစားစားမတွေးမိလိုက်လို့ပါတဲ့..ဒါပေမယ့် သော့ကို အလွယ်တကူမပေးလိုက်သင့်မှန်း အစ်မတို့နှစ်ယောက်စလုံး နားလည်ပါတယ်..မင်းကို လန့်အောင်လုပ်မိသွားခဲ့တဲ့အတွက် တကယ်ကို အားနာမိပါတယ် ]
ဝမ်လင်လင် ; [ သူ့ဘက်က စန်းရန်ကိုလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြလိုက်မယ်တဲ့..ပြီးတော့ အစ်မကိုလည်း သူ့အစား တောင်းပန်ခိုင်းလိုက်သေးတယ် ]
ဝမ်လင်လင် ; [ မင်း စိတ်မဆိုးပါနဲ့နော်..ပြီးတော့ ဟို Ferrari က အစ်မ ဝမ်းကွဲအစ်ကိုရဲ့ကားပါ..အထင်မလွဲနဲ့ဦး ( /kiss emoji ) ဒီကိစ္စကိုတော့ လျှို့ဝှက်ပေးထားနော်..အစ်မကောင်လေးကို မပြောပြနဲ့ဦး..အစ်မနဲ့ ဝမ်းကွဲအစ်ကိုနဲ့ ပတ်သတ်တာကို သူ သိပ်သဘောမကျဖြစ်နေလို့ ]
ဝိန်းရိဖန်က စာမပြန်တော့ဘဲ ယနေ့အဖြစ်အပျက်ကိုသာ ပြန်တွေးကြည့်မိလိုက်သည်။
ထိုအချိန်တုန်းက ဝမ်လင်လင်အား အဘယ်ကြောင့်အလွန်ဒေါသထွက်သွားမိမှန်းကို သေချာမသိပါသော်ငြား သူမ၏စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်လိုက်ရခြင်းမှာတော့ ကြောက်လန့်မိသွားခဲ့ခြင်းကြောင်းပင်။
အကယ်၍ ယနေ့ရောက်လာသည့်သူက စန်းရန်သာ မဟုတ်လျှင်...
အကယ်၍ ဝမ်လင်လင် သော့ပေးလိုက်သည့်သူက အခြားသူစိမ်းယောက်ျားတစ်ယောက်ဖြစ်နေပြီး ယခင်က အိမ်နီးချင်းကဲ့သို့သော လူမျိုးဖြစ်နေခဲ့လျှင် သူမ အခုလိုမျိုး အေးအေးချမ်းချမ်းနှင့်အိပ်နေနိုင်ပါဦးမလား...
ဝိန်းရိဖန် ထပ်ပြီး သက်ပြင်းချလိုက်မိတော့၏။
ဘယ်လိုပင်ဖြစ်စေ ဝိန်းရိဖန်အနေဖြင့် ဝမ်လင်လင်နှင့်ထပ်၍ အဆက်အဆံမလုပ်ချင်တော့၏။
ထို့နောက်ဆက်ပြီး စန်းရန်နှင့် အိမ်ခန်းမျှနေကြမည့်အကြောင်းအား စဥ်းစားကြည့်လိုက်သည်။
Advertisement
စိတ်ခံစားချက်များတည်ငြိမ်သွားခဲ့ပြီးနောက် နောက်တစ်ကြိမ်ပြန်တွေးကြည့်သည့်အခါ ဤကိစ္စက သူမအတွက် လက်ခံပေးလိုက်ရန်မခက်ခဲမှန်း နားလည်မိလိုက်သည်။ သူမအနေဖြင့် အတူနေမည့်အိမ်ခန်းဖော်က ဘယ်လိုဘယ်ပုံရှိနေရမည်ဆိုသည့် သတ်မှတ်ချက်မှာ များများစားစားမရှိ ၊ မိန်းကလေးချင်းဖြစ်နေလျှင်တော့ အကောင်းဆုံးပင်ဖြစ်သော်ငြား ဆန့်ကျင်ဘက်လိင်ဆိုလျှင်လည်း အကျင့်စာရိတ္တသာကောင်းမွန်လျှင် ပြဿနာမရှိပေ။
စန်းရန်က စကားဆိုးများ အနည်းငယ်ပြောတတ်သော်လည်း သူ့အကျင့်စာရိတ္တကိုတော့ ဝိန်းရိဖန် ယုံကြည်နေဆဲဖြစ်၏။
ထို့အပြင် စန်းရန်က အချိန်ကြာကြာနေမည်မဟုတ်ဘဲ သုံးလသာ နေထိုင်မည်ဖြစ်ပြီး ၊ ထိုအချိန်များအတွင်း၌ သူမနှင့်ရေရှည်နေထိုင်သွားမည့် အခန်းဖော်အသစ်တစ်ယောက်အားရှာဖွေရန်လည်း အချိန်ပိုရှိသွားခဲ့မည်ဖြစ်၏။
သို့သော်လည်း ဝိန်းရိဖန် ခံစားနေမိသည်မှာ...
'အပြင် ယခုတလော စန်းရန်မှ သူမအပေါ်ဆက်ဆံခဲ့သည့်အပြုအမူများအရ သူ့ဘက်က သူမနှင့် နေ့တိုင်းညတိုင်း မျက်နှာချင်းဆိုင်နေချင်လောက်မည် မဟုတ်၏။
နောက်တစ်နေ့မနက်ခင်းတွင် ဝိန်းရိဖန်က ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် နိုးလာခဲ့သည်။
ဖုန်းခေါ်ဆိုသူနံပါတ်အား မကြည့်ဖြစ်လိုက်ဘဲ မှုန်စုံဝေဝါးဖြင့်လက်ခံဖြေဆိုလိုက်ရာ အခြားတစ်ဖက်မှ သူမ၏အမေဖြစ်သူ 'ကျောက်ယွမ့်တုံ' ၏အသံကို ကြားလိုက်ရ၏။
"အားကျန့်"
ဝိန်းရိဖန်၏မျက်ခွံအား လှုပ်ခတ်သွားရင်း 'အင်း' ဟူ၍ ဝိုးတိုးဝါးတားဖြေလိုက်သည်။
ကျောက်ယွမ့်တုံ ခေါ်လိုက်သည်မှာ သူမ၏ အိမ်နာမည်။
ဝိန်းရိဖန်မွေးသည့်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင် ပထမဆုံးဆီးနှင်းများ ကျလာခဲ့ခြင်းကြောင့် အမည်မပေးရသေးသည့်သူမအား အဖေဖြစ်သူက 'ရှောင်ရွှမ်းကျန့်'(နှင်းစက်လေး)ဟု အရင်ဦးစွာခေါ်စေခဲ့၏။ နာမည်ပေးပြီးနောက်ပိုင်းတွင်လည်း အကျင့်ဖြစ်သွားကြသောကြောင့် အိမ်နာမည်ကိုသာ အခေါ်အဝေါ်များခဲ့ကြသည်။
အသက်အနည်းငယ်ကြီးလာသည့်အချိန်တွင် ထိုအိမ်နာမည်အား တဖြည်းဖြည်းဖြင့် 'အားကျန့်' ဟူ၍ နှစ်လုံးတည်းသာ အတိုချုံ့လိုက်ကြတော့သည်။သို့သော် ဤအိမ်နာမည်အား မိသားစုဝင်များမှလွဲ၍ လက်ရှိအချိန်တွင် အခြားမည်သူတစ်ဦးတစ်ယောက်ကမှ ခေါ်ဝေါ်ခြင်းမရှိကြတော့ပေ။
ကျောက်ယွမ့်တုံ ;
"အိပ်နေတုန်းလား..မေမေ ခဏနေလောက်မှ ဖုန်းထပ်ခေါ်လာရမလား"
"ရတယ်..နိုးနေပြီ"
"ယီဟဲမှာ ရာသီဥတုအေးလား..အင်္ကျီကိုထူထူထဲထဲဝတ်ဖို့ မမေ့နဲ့နော်..မေမေ မိုးလေဝသသတင်းကိုကြည့်ထားတာ..ယီဟဲဘက်မှာ -10/20 ဒီဂရီတောင်ရောက်တယ်ဆို..ကြောက်စရာကောင်းလိုက်တာ..အအေးမမိစေနဲ့ဦး"
"ကောင်းပါပြီ"
ကျောက်ယွမ့်တုံက သက်ပြင်းချ၍
"သမီးဘက်က မေမေ့ဆီဖုန်းမဆက်တာ ဘယ်လောက်တောင်ကြာသွားခဲ့ပြီလဲ"
"အာ.."
ဝိန်းရိဖန် အသံတစ်ချက်ဖြင့်အာမေဍိတ်ပြုမိလိုက်ပြီး
"အခုတလော အလုပ်များနေလို့"
"သမီးအလုပ်များနေမှန်းသိလို့ မေမေလည်း အနှောက်အယှက်ဖြစ်မှာစိုးလို့ ဖုန်းမဆက်ရဲတာပေါ့..ဒါပေမယ့် မကြာခင်ပဲ နှစ်သစ်ကူးရောက်တော့မှာလေ..မေမေ မေးကြည့်ချင်တာက ဒီနှစ် ပြန်လာဖြစ်မှာလားဆိုတာ"
(အရင်တစ်ခေါက် နှစ်သစ်ကူးက Dec 31 ပါ ၊ အခုက တရုတ်လိုနှစ်သစ်ကူးပါ)
"...."
ဝိန်းရိဖန်က ပြန်ဖြေရမည့်အစား ပြန်မေးခွန်းထုတ်လိုက်၏။
"ဘယ်ကိုပြန်ရမှာလဲ"
ဖုန်း၏အခြားတစ်ဖက်တွင် စက္ကန့်ပိုင်းလောက်တိတ်ဆိတ်သွားခဲ့ပြီး စကားသံတို့က ပုံမှန်အတိုင်းမဖြောင့်ဖြူးတော့ဘဲ
"ဘယ်လို 'ဘယ်ကိုပြန်ရမှာလဲ' တုန်း..မေမေ့ဆီ ပြန်လာရမှာပေါ့..မေမေ သမီးကို မတွေ့ရတာ ဘယ်နှနှစ်တောင်ရှိနေပြီလဲ..သမီးရဲ့ ဦးလေးကျိန့်ကလည်း သမီးကိုသတိရနေတာ"
ဝိန်းရိဖန်က မျက်လုံးတစ်စုံကိုဖွင့်လိုက်ပြီး ငြင်ငြင်သာသာလေးဖြင့်
"အမေက သမီးကို ဘကြီးတို့ဆီသွားခိုင်းမယ်လို့ထင်နေမိလို့"
သူမ၏စကားကြောင့် ကျောက်ယွမ့်တုံက ပြုံးလိုက်ပြီး
"မေမေကလည်း သမီးကို မေမေ့ဆီပဲလာရမယ်လို့ ပြောနေတာမဟုတ်ပါဘူး..ဘကြီးတို့ဆီသွားချင်ရင်လည်း သွားလေ"
"သမီးက အမေ့ဆီကို ပိုလာချင်တာ"
ဝိန်းရိဖန်၏စကားသံတို့က ငြင်သာဆဲဖြစ်ပြီး ငြင်းခုန်လိုခြင်းအလျင်းမရှိ။
"ဒါပေမယ့် အမေက 'ကျိန့်ခယ်ကျား' ကို ပြောပြပြီးပြီမလို့လား..သူ့(မ)ဘက်ကရော နှစ်သစ်ကူးကို သူတို့နဲ့အတူတူ ဖြတ်သန်းစေချင်လို့လား"
ထပ်၍ တိတ်ဆိတ်သွားပြန်တော့၏။
ဤရုတ်တရက်ဆန်ဆန်မေးလိုက်သည့်မေးခွန်းမှာ ယဥ်ကျေးမှုအရ စကားအဖြစ်မေးလိုက်သည့်မေးခွန်းတစ်ခုသာဖြစ်ပြီး ထိုသူမဘက်မှ လက်ခံပေးရန် မျှော်လင့်နေခြင်းမဟုတ်။
ဝိန်းရိဖန်က နှုတ်ခမ်းကိုကွေးညွှတ်လိုက်ပြီး ချက်ချင်းဆိုသလို
"သမီးက အမေ့ကို နောက်နေတာ..သမီး ဘယ်နေရာကိုမှ မပြန်ဘူး"
ကျောက်ယွမ့်တုံဘက်မှ မတုန့်ပြန်ခင် သူတို့နှစ်ဦး၏စကားဝိုင်းထဲသို့ စူးရှတက်ကြွနေသည့်ကလေးမလေးတစ်ယောက်အသံက ကြားဖြတ်ဝင်လာ၍
"မေမေ..မြန်မြန်လာလို့!..ဒီလိမ္မော်သီးတွေက ဘယ်လိုရွေးရတာလဲ"
ထိုစကားသံက ကသိကအောက်နိုင်နေသည့်လေထုကို ချိုးဖျက်လိုက်ခြင်းနှင့်တူသလိုလိုနှင့် ပို၍ ပြင်းထန်သွားအောင် ပြုလုပ်လိုက်ခြင်းပင်။
စကားသံကိုနားထောင်လိုက်ရခြင်းဖြင့် အသံပိုင်ရှင်က 'ကျိန့်ခယ်ကျား' မှန်း ဝိန်းရိဖန် ခန့်မှန်းနိုင်လိုက်၏။
"အေ့!..မေမေက ဘာလို့ဖုန်းပြောနေတာလဲ..မေမေ ဒီလိုလုပ်နေရင် နောက်ဆို စျေးဝယ်ထွက်ရင်အဖော်မလိုက်ပေးတော့ဘူး"
"အင်းပါ အင်းပါ အင်းပါ..အခုလာပြီ!"
ကျောက်ယွမ့်တုံက တစ်ဖက်သို့အကြောင်းပြန်ပြီးသည်နှင့် အသံကိုတိုးနိမ့်လိုက်ကာ
"အားကျန့်..မေမေ နောက်မှပြန်ခေါ်လာခဲ့မယ်နော်"
သူမဘက်မှ ဘာစကားမှမဆိုလိုက်ရသေးခင် ကျောက်ယွမ်တုံ ဖုန်းချသွားခဲ့၏။
ဤမျှထိ လောလောပြာပြာပုံစံမျိုးဖြင့်...
ကြည့်ရသည်မှာ ဆက်ခံသူအသေးလေး စိတ်ဆိုးသွားမည်ကို စိုးရိမ်နေသည့်ပုံ။
ဝိန်းရိဖန်က ဖုန်းအား ဘေးတစ်ဖက်သို့ပစ်တင်လိုက်ကာ ပြန်အိပ်ပျော်ရန် ကြိုးစားလိုက်တော့၏။
သူမက ဤဖုန်းခေါ်ဆိုမှုကြောင့် စိတ်အနှောက်အယှက်ပြုခံရခြင်းကြောင့်မဟုတ်လျှင်တောင် အစတည်းက ကောင်းကောင်းမွန်မွန်အိပ်ပျော်နေခြင်းမျိုးမဟုတ်။
ဝိန်းရိဖန်သည် အိပ်မောကျနေရာမှအနှိုးခံလိုက်ရလျှင် အလွန်အမင်းအိပ်ချင်နေလျှင်တောင် ပြန်အိပ်ပျော်ဖို့ရန်ခက်ခဲသည့် အမျိုးအစားထဲတွင်ပါသဖြင့် ဖုန်းကိုသာနောက်တစ်ကြိမ်လှမ်းယူပြီး အချိန်တစ်ချက်ကြည့်ကာ အိပ်ရာမှထလာခဲ့သည်။
ရေချိုးခန်းဆီသို့ သွားသည့်အချိန် ဧည့်ခန်းထဲမှ ခရီးဆောင်အိတ်အား လှမ်းမြင်လိုက်ရပြန်တော့၏။
တစ်ညလုံး ဘယ်နေရာမှမရွေ့ဘဲ ရှိနေဆဲ။
ဝိန်းရိဖန်က မနေ့ညမှဖြစ်အပျက်အား ဝိုးတဝါးပြန်တွေးကြည့်ရင်း...
စန်းရန်က ရေချိုးပြီး အင်္ကျီမလဲဘူးလား???
ဝိန်းရိဖန် များများစားစားမတွေးနေတော့ဘဲ အလျင်အမြန်ကိုယ်လက်ဆေးကြောကာ အဝတ်အစားလဲပြီး အပြင်ထွက်ရန်ပြင်လိုက်တော့၏။ တံခါးပေါက်ဝဆီသို့ရောက်လာပြီး ဖိနပ်လဲမည်အပြုတွင် စန်းရန်၏ဖိနပ် ရှိမနေကြောင်းကို သတိထားမိလိုက်၏။
အကယ်၍ စန်းရန်၏ခရီးဆောင်အိတ်သာ ထိုနေရာ၌ ရှိမနေခဲ့လျှင် ဝိန်းရိဖန် သေချာပေါက်တွေးလိုက်မိမည်မှာ စန်းရန်က သူမနှင့် နည်းနည်လေးမှအတူမျှမနေချင်ဘဲ ထွက်သွားခဲ့သည် ဟူ၍ပင်။
Advertisement
ဝိန်းရိဖန်က တစ်ခဏတာချိတုံချတုံတွေဝေနေပြီးနောက်တွင်တော့ အိပ်ခန်းကြီး၏တံခါးအားခေါက်ရန် စိတ်ဆုံးဖြတ်ချက်ချလိုက်သည်။ခပ်ကြာကြာလေးစောင့်ပြီးသည်အထိ ဘာမှမထူးခြားသေး။ နောက်ထပ် သုံးကြိမ်ခန့်ထပ်ခေါက်လိုက်ရင်းဖြင့်
"ငါ ဝင်လာမယ်နော်"
တစ်ခဏကြာကြာ ထပ်စောင့်လိုက်၏။
နောက်တွင် ဝိန်းရိဖန်က တံခါးလက်ကိုင်အား လှည့်ဖွင့်ပြီး အသာအယာတွန်းဝင်လာခဲ့လိုက်သည်။
အထဲတွင် ဗလာကျင်းလျက် ၊ ကုတင်ပေါ်မှ မွေ့ရာသာရှိပြီး တစ်ယောက်ယောက်အိပ်သွားသည့်အစအနမျိုးမရှိ ၊ ဝမ်လင်လင်ထွက်သွားသည့်အချိန်ကနှင့် မခြားမနားပေ။ မည်သူမှမနေသေးသည့်အတွက်လည်း စားပွဲပေါ်၌ ဖုန်မှုန့်များပင် ရှိနေသေးသည်။
ဝိန်းရိဖန် ပြန်ထွက်လာပြီး ၊ ကုမ္ပဏီသို့သွားရန် မြေအောက်ရထားပေါ်၌ ရောက်နေသည့်အချိန်။
ဤအဖြစ်အပျက်နှင့်ပတ်သတ်၍ သူမဘက်က မည်သည့်အမှားမျိုးမှမရှိနေကြောင်း သေချာပါသည့်တိုင် စန်းရန်ညအိပ်မနေဘဲထွက်သွားခဲ့သည့်အမှုကြောင့် သူမသည်သာ လူစိတ်မရှိ ကိုယ်ချင်းစာစိတ်မရှိသည့်သူတစ်ယောက်နှယ် ခံစားမိလိုက်တော့သည်။
သူ့ပုံစံမှာ - သူ့အား ညအိပ်နေသွားရန် ပြောသည့်စကားက မသိလျှင် သူမဘက်က မကောင်းတတ်၍ပြောနေရသည့်အလား ၊ သူမ၏အပြုအမူက ဆိုးရွားလွန်းနေသောကြောင့် တစ်ဖက်လူက ဂုဏ်သိက္ခာမာနများထိခိုက်သွားရပြီး သည်းညည်းမခံနိုင်တော့သည့်အလားပင်။
သူမကသာ ဗီလန် ဖြစ်နေသလိုလို...
တွေးရင်းတွေးရင်း ဝိန်းရိဖန်က Wechat မှတဆင့် စာပို့လိုက်၏။
[ နင် မနေ့ညက ဘယ်မှာအိပ်တာလဲ ]
မက်ဆေ့ပို့ထားသော်လည်း ဝိန်းရိဖန် ဌာနသို့ရောက်သည့်အချိန်ထိ စန်းရန်က ပြန်စာမပို့လာသေးပေ။
နောက်တွင်တော့ ထိုအရာများကို တွေးချိန်ပင်မရတော့ဘဲ တောက်လျှောက်အလုပ်များနေခဲ့ကာ နေ့လည်ခင်း နှစ်နာရီထိုးသည့်အချိန်မှသာ အသက်ရှူချောင်ရတော့၏။ဝိန်းရိဖန်က ဖုန်းကိုကြည့်လိုက်သော်လည်း စန်းရန်ထံမှ ပြန်စာတစ်လုံးပင်မရှိသေး။
သူ၏ ဤအပြုအမူအရ ယနေ့ည သူတို့နှစ်ဦးစကားပြောမည့်ကိစ္စမှာ အဆင်များပြေနိုင်ပါဦးမလား။
ဝိန်းရိဖန်က မက်ဆေ့တစ်စောင်ထပ်ပို့လိုက်၏။
[ ငါတို့ ဘယ်နေရာမှာ စကားပြောမှာလဲ ]
ဝိန်းရိဖန် ; [ အိမ်မှာပြောမှာလား ဒါမှမဟုတ် တခြားနေရာမှာ ချိန်းပြီးမှပြောကြမလား ]
ဤတစ်ကြိမ်တွင် စန်းရန်၏ပြန်စာက ခပ်မြန်မြန်ရောက်လာခဲ့၏။
ဝိန်းရိဖန် နေ့လည်စာစားမပြီးခင်ပင်
[ ည ရှစ်နာရီ..မင်းအိမ်မှာ ]
ဝိန်းရိဖန် ; "...."
မင်းမေကြီးတော်ကြီး..ဘယ်လိုတောင် ဒီလောက်ထိ ဟိုလိုလိုဒီလိုလို ပြောနိုင်ရတာလဲ?..
မက်ဆေ့ကိုစိုက်ကြည့်နေရင်း တစ်ခုခုပုံမှန်မဟုတ်မှန်း ဝိန်းရိဖန် ခံစားနေမိပါသည့်တိုင် ပြန်စာမပို့လျှင် မကောင်းတတ်သည့်အတွက် 'OK' ဟုသာ ဟန်ဆောင်ပန်ဆောင်ပို့ပေးလိုက်သည်။
-------
အလုပ်မဆင်းခင်တွင် ချန်ဝေ့ဟွာက သတင်းတစ်ခုအား ရုတ်တရက်ပေးလာပြီး စာမူအဖြစ်အချောရေးခိုင်းလာခဲ့လေသည်။ထို့ကြောင့် အလုပ်ကိစ္စဖြင့် အချိန်ပိုဆင်းလိုက်ရပြီး ဌာနမှထွက်လာသည့်အချိန်တွင် ည ရှစ်နာရီ ထိုးလုနီးနီး။
စန်းရန် စိတ်မရှည်ဖြစ်နေမည်ကို စိုးရိမ်သဖြင့် ဝိန်းရိဖန်က သူ့အား အကျိုးအကြောင်းအရင်ပြောပြထားလိုက်သည်။
အိမ်တံခါးရှေ့ရောက်သည့်အချိန်တွင် ရှစ်နာရီခွဲပြီ ဖြစ်၏။
ဝိန်းရိဖန် တံခါးဖွင့်ပြီး အိမ်ထဲဝင်လာလိုက်၏။
အထဲတွင် ပိန်းပိတ်အောင်မှောင်မည်းနေကာ စန်းရန်က ပြန်မရောက်သေး။
သော့အား ဖိနပ်စင်ပေါ်သို့တင်လိုက်သည့်အချိန်တွင်တော့ ဝမ်လင်လင်၏သော့ပါ ရှိနေကြောင်း ဝိန်းရိဖန် သတိထားမိလိုက်တော့၏။လှုပ်ရှားမှုများ ရပ်တန့်ကုန်ကာ သော့ကိုလှမ်းယူပြီး စိုက်ကြည့်နေမိ၏။
စန်းရန်က သော့ကိုပင် မယူသွားခဲ့ခြင်း။
ဝိန်းရိဖန်က အတွေးများမနေတော့ဘဲ ရေနွေးတစ်အိုးတည်ကာ ဆိုဖာပေါ်၌ထိုင်နေလိုက်သည်။ ဧည့်ခန်းက သိသိသာသာကိုတိတ်ဆိတ်နေသဖြင့် ဝိန်းရိဖန်က တီဗွီဖွင့်လိုက်ပြီး ၊ ရေနွေးအိုးဆူလာသည့်အခိုက်တွင် အိမ်တံခါးဘဲလ်လည်း မြည်လာခဲ့သည်။
သူမ တံခါးသွားဖွင့်ပေးလိုက်လျှင် စန်းရန်က အိတ်ကပ်ထဲသို့လက်ထည့်ပြီး မတ်တပ်ရပ်နေကာ ဝတ်ထားသည့်အနက်ရောင်ဂျက်ကတ်က အသစ်ဝယ်ထားပုံရသည်။သူ့မျက်လုံးတစ်ဝိုက်တွင် အနည်းငယ်မည်းနေပြီး တစ်ညလုံးအိပ်ရေးပျက်ထားသည့်အလား သူ့ပုံစံက မှိန်တွေတွေဖြစ်နေသေး၏။
ဝိန်းရိဖန်က နှုတ်ဆက်ရင်း သူ့အား လမ်းဖယ်ပေး၍
"အရင်ဆုံး ထိုင်လေ"
စန်းရန်က စကားတစ်ခွန်းပြန်မပြောဘဲ အိမ်ထဲသို့လျှောက်ဝင်လာကာ နှစ်ယောက်သားက မနေ့ကထိုင်ခဲ့သည့်နေရာအတိုင်း ပြန်ထိုင်နေကြတော့သည်။
ဝိန်းရိဖန်က သူ့အတွက် ရေနွေးနွေးတစ်ခွက်ငှဲ့ပေးလိုက်ပြီး အဓိကအကြောင်းအရာအား မဆွေးနွေးခင် အလျင်းသင့်သည့်စကားတစ်ခွန်းအားအရင်ဆိုလိုက်၏။
"မနေ့ညက ဘယ်မှာအိပ်တာလဲ..ကြည့်ရတာ အိပ်ခန်းကြီးထဲမှာ နင် မအိပ်သွားဘူးလားလို့"
စန်းရန်က ရေနွေးကို လှမ်းယူလိုက်သော်လည်း မသောက်ဘဲနှင့်
"ဟိုတယ်"
ဝိန်းရိဖန်က အနည်းငယ်အံ့အားသင့်သွားသလိုမျိုးဖြင့်
"နင်ပြောတော့ သွားရမှာပျင်းတယ်ဆို"
စန်းရန် ;
"သူများအိမ်မှာ အိပ်တတ်တဲ့အကျင့်မရှိလို့"
"...."
သူ့ ဒီစကားတစ်ခွန်းက အဓိပ္ပါယ်အကြီးကြီးကို ပါနေတယ်မလား???
မနေ့ညက သူ့ဘက်မှ ပြောင်းလာနေဖြစ်မည့်အကြောင်းအား ဆုံးဖြတ်ချက်မချရသေးသဖြင့် ဤအိမ်ခန်းက ဝိန်းရိဖန်၏အိမ်ဟု သတ်မှတ်၍ရကာ ၊ အကယ်၍ မနေ့ညကသာ ဤအိမ်ခန်းထဲ၌နေလိုက်လျှင် သူ့အဖြစ်က သူမဆီမှသနားခံရပြီး အိမ်ခြေရာမဲ့သတ္တဝါလေးတစ်ကောင် ဖြစ်သွားတော့မည့်အလားပင်။
"နင် အိပ်တာအဆင်ပြေရင် ပြီးတာပါပဲ"
ဝိန်းရိဖန်က ရေတစ်ငုံသောက်လိုက်ပြီးမှ
"ဒါဆို ငါတို့ စပြီးဆွေးနွေးကြမလား?..မနေ့က ငါနင့်ကိုပြောပြတဲ့ဟာကိုရော နင် နားလည်တယ်မလား"
"အင်း"
ဝိန်းရိဖန် ;
"နင် သေချာစဥ်းစားပြီးပြီလား"
စန်းရန်က သူမအား လှမ်းကြည့်၍ ပြန်မေးလိုက်သည်။
"မင်း သေချာစဥ်းစားပြီးပြီလား"
"အင်း..ငါ့အနေနဲ့ အတူမျှနေမယ့်အိမ်ခန်းဖော်နဲ့ပတ်သတ်ပြီး လိုချင်တဲ့စည်းကမ်းချက်တွေက သိပ်မများဘူး..အကျင့်စာရိတ္တမှာ ပြဿနာမရှိတာရယ် ၊ တစ်ယောက်ကိုတစ်ယောက် အရမ်းစွက်ဖက်တာမျိုး မရှိရင်ရပြီ..ပြီးတော့ နင်က သုံးလပဲနေမှာမလား..အရမ်းမှမကြာတာ"
စန်းရန်က မျက်ခုံးများပင့်မြှောက်လိုက်၍
"မင်းက ကိုယ်နဲ့ပတ်သတ်ပြီး အဲ့လောက်တောင်စိတ်ချလက်ချနေနိုင်တယ်လား"
ဝိန်းရိဖန်က ကြောင်အသွားလျက်ဖြင့်
"စိတ်မချစရာအကြောင်းမှမရှိတာ"
စန်းရန်က ပြုံးလိုက်ကာ ဖြေးဖြေးချင်းစကားဆိုလာလိုက်၏။
"ဒါပေမယ့် ကိုယ်ကတော့ မင်းနဲ့ပတ်သတ်ပြီး သိပ်စိတ်မချနိုင်ဘူးရော်"
"...."
ဒါဆိုလည်း နင် မနေနဲ့လေ..
သူ၏ ကိုယ့်ကိုကိုယ်အထင်ကြီးဂုဏ်ဆာလွန်းနေသည့်အပြုအမူကြောင့် ဝိန်းရိဖန်တစ်ယောက် ပြောစရာစကားပျောက်ရှသွားခဲ့ရသော်လည်း သည်းညည်းခံလိုက်ရကာ
"ငါက ပုံမှန်ဆိုရင်လည်း အိမ်မှာနေနေတဲ့အချိန်မှာ အခန်းဖော်နဲ့သိပ်ပြီးအဆက်အဆံလုပ်လေ့မရှိဘူး..ဝမ်လင်လင်နဲ့နေတုန်းကလည်း ဒီလိုပဲ..တကယ်လို့ နင် စိတ်မချဘူးဆိုရင် နင် အခန်းထဲမှာရှိနေတဲ့အခါ အခန်းတံခါးကိုလော့ချထားလိုက်လေ"
သော့ပေါင်းရှစ်ထောင်လောက် ခတ်ထားလည်း သူမ ဂရုမစိုက်ဘူးဟေ့..
စန်းရန်က မျက်ခုံးကိုသာ ပင့်မြှောက်လိုက်ပြီး စကားတစ်ခွန်း ပြန်မဆို။
ဝိန်းရိဖန်က ဆက်၍
"တကယ်လို့ နင် လက်ခံနိုင်ပြီဆိုရင် ငါတို့ အိမ်ခန်းကိုမျှနေတဲ့အချိန် လိုအပ်မယ့်ဆောင်ရန်ရှောင်ရန်အချက်တွေကို ဆွေးနွေးရအောင်"
စန်းရန် ;
"ဘာဆွေးနွေးမှာလဲ"
"ပထမဆုံးတစ်ခုက အိမ်ခန်းငှားခနဲ့စရံငွေ"
ဝိန်းရိဖန်က စီးပွားရေးဆန်ဆန်ဖြင့် တည့်တိုးသာစကားဆိုလေသည်။
"ဝမ်လင်လင်ပြောင်းသွားတဲ့အချိန်တုန်းက အိမ်ခန်းပိုင်ရှင်ရဲ့ wechat အကောင့်ကို ငါ့ဆီပေးထားခဲ့တယ်..အခန်းငှားစာချုပ်က ဝမ်လင်လင်တစ်ယောက်တည်းရဲ့နာမည်နဲ့ စာချုပ်ချုပ်ထားပြီးတော့ နောက်ထပ် ၆လနေမှ သက်တမ်းကုန်မှာ"
ဝိန်းရိဖန် ; "အိမ်ခန်းငှားခက တစ်လကို ယွမ် ၅၀၀၀..စရံငွေက တစ်လစာကြိုပေးထားရတယ်..အခုလောလောဆယ်တော့ ငါပဲ ပေးထားတာ..နင် ပြောင်းလာပြီဆိုမှတော့ ငါတို့နှစ်ယောက် တစ်ယောက်တစ်ဝက်ညီတူမျှတူခွဲကြမလား"
စန်းရန်က ပျင်းတိပျင်းရွဲဖြင့်
"ရတယ်"
"ဒါဆို ငါ နင့်ကို ပိုပြီးရှင်းသွားအောင်ပြောပြမယ်"
ဝိန်းရိဖန်က ခန္ဓာကိုယ်ကိုကိုင်းကာ စားပွဲအောက်မှ ဘောပင်နှင့်စာအုပ်ကို လှမ်းယူလိုက်ပြီး နံပါတ်စဥ်များ တပ်လိုက်၏။
"ငါက အခု အိပ်ခန်းငယ်ထဲမှာ နေနေတာ..နင့်အခန်းက ဝမ်လင်လင်နေသွားခဲ့တဲ့အိပ်ခန်းကြီး..အိပ်ခန်းကြီးထဲမှာ ရေချိုးခန်းပါတယ်..ဒါကြောင့်မလို့ ငှားခက ငါ့ထက်တော့များလိမ့်မယ်..တစ်လကို ယွမ် ၃၀၀၀"
ဤအထိ စကားဆိုလာပြီးနောက် ဝိန်းရိဖန်က တစ်ခဏရပ်ကာ ခေါင်းမော့ကြည့်လိုက်၍
"ဒီလိုဆိုရင်ရော နင် အဆင်ပြေတယ်မလား"
စန်းရန်၏လက်တစ်ဖက်က သူ့မေးဖျားအားပွတ်သပ်နေရင်း မျက်ဝန်းများက သူမအပေါ်၌သာ ကျရောက်နေလျက်ရှိပြီး ပေါ့ပျက်ပျက်ဖြင့်နားထောင်နေလေသည်။
"အင်း"
ခြားနားနေသည့်အကွာအဝေးမှာ စကားပြောနေကြခြင်းကြောင့် နှစ်ယောက်သားက ပို၍နီးသထက်နီးလာခဲ့ကြသည်။
"ရေဖိုးနဲ့မီတာခွန်က စာအုပ်နဲ့သပ်သပ်စီပေးရတယ်..ငါ ဟိုတလောတုန်းကမှ ရေဖိုးသွားပေးထားတာမလို့"
ဝိန်းရိဖန်က လျှောကျလာသည့်ဆံပင်စများအား နားရွက်အနောက်သို့သပ်တင်လိုက်ကာ စာအုပ်အားလှမ်းပြလိုက်၍
"ဒီထဲမှာ ယွမ် ၈၀၀ ရှိသေးတယ်"
ဝိန်းရိဖန်က ဆက်၍
"ဒါဆို နင် ငါ့ကိုအရင်ဆုံး ယွမ် ၅၉၀၀ လွှဲပေးထားလိုက်ရင်ရပြီ"
( တစ်လစာ စရံငွေတစ်ဝက် ၂၅၀၀ ၊ အိပ်ခန်းကြီးတစ်လငှားခ ၃၀၀၀ ၊ ရေဖိုးမီးဖိုး တစ်ဝက် ၄၀၀ )
စကားပြောနေရင်း ဝိန်းရိဖန်က စန်းရန်အား လှမ်းကြည့်လိုက်လျှင် စန်းရန်က အကြည့်များကိုလွှဲလိုက်၍
"ဖြစ်တယ်"
"အခြားဟာတွေကတော့..ဘာပဲဖြစ်ဖြစ် အတူတူမျှနေကြတာဆိုတော့ တစ်ချို့ပစ္စည်းတွေက နင့်ဟာ ငါ့ဟာဆိုပြီး သေသေချာချာခွဲလို့မရတာမျိုးတွေရှိတယ်လေ..အိမ်သုံးပစ္စည်းတွေကိုရော ငါတို့မျှသုံးကြမှာလား?..သုံးမယ်ဆိုရင် ငါ မနက်ဖြန်ကျမှ စာရင်းအတိအကျလုပ်ပေးခဲ့မယ်..နင့်ဘက်က မလုပ်ချင်ဘူးဆိုရင်တော့ ငါတို့ ကိုယ့်ပစ္စည်းကိုယ်ခွဲသုံးလည်း အဆင်ပြေတယ်"
Advertisement
- In Serial74 Chapters
Trapped With The Doctor
He is the director of the largest hospital in Shine Empire.
8 1044 - In Serial43 Chapters
The One She Loved
Katelyn Gonzalez a 16-year-old girl that has suffered from the young age at the hands of her family. The reason her mom was pregnant she was expecting twins but due to complications her twin was born weak and was barely able to survive. From that day her family started hating her. She was named after her old nanny. When she turned 10 her dad and mom started verbally abusing her, her brothers started physically and verbally abusing her and most importantly her brothers best friend and her first love Alessandro Moretti also started joining her brothers in hurting her. Finally having enough Katelyn ran away on her 16th birthday. What will happen when her family and Alessandro realize their mistake but she is already gone What if they are not willing to let her go? What happens when they finally meet her again? Will she forgive them or not? Read to find out.Start - 9th November 2020End-Warning: This book contains mature themes like violence, abuse etc. Please don't read if any of these themes trigger you. Here is the first and last warning. Read at your own risk. Also English is not my first language so there will be grammar mistakes.Cover by @emilyawesome383Word Count till Now 32,859
8 322 - In Serial31 Chapters
Heart of darkness
Marriage was never something Aurora Whitmore wanted, especially not a loveless one with the heir to the Redburn throne, Damian Redburn. She hated him and his family, they were ruthless, villainous and wicked. Slaughtering village after village, kingdom after kingdom.Now to be Queen of this sickening monarchy, she never thought, she never wanted to be a queen.Though as Aurora fights for her freedom, a powerful enemy is lurking in the shadows, ready to strike.Will Aurora be able to get free? Or will she be doomed to this lifetime of pain and suffering?Find out in 'Heart of Darkness'Contains-~Swearing~~Abuse~~Blood and gore~~A badass heroine~YOU HAVE BEEN WARNED!(Book 1 of 2)Hopefully everyone will read the trilogy instead of just this one!
8 197 - In Serial57 Chapters
His Unknown Child
Charlie Grace had a perfect life. She wasn't popular, but did have a boyfriend. They say one night can ruin everything. Well, that's what happened to Charlie. Charlie found out she was pregnant with her boyfriend's child. Her boyfriend, Ashton Burns, was caught cheating the day Charlie was gonna tell him. I guess Ashton never found out. Charlie moved schools, and never wanted Ashton to know about his child. When Charlie finally graduates, her son is three years old.Charlie ran into Ashton one day, and she just happened to have her son with her. Ashton was pretty confused but soon enough he was terrified.Will Ashton ever figure out the real reason behind all of this? Can Charlie really keep a secret from the father of her son? (Sorry if the description is confusing or very boring. Read and you'll be surprised.)
8 133 - In Serial200 Chapters
...
8 177 - In Serial42 Chapters
Her Boyfriend's Girlfriend (GirlXGirl)
Adam Bennett - insensitive, player extraordinaire, shamelessly flirts with any girl he pleases any time or place. He has been cheating on his girlfriend of two years with a girl from another school for the past year.Peyton Saunders - athletic, punky, rebel, has been dating Adam for the past two years halfheartedly. She wants more, she wants different and she knows exactly what that is and it's definitely not Adam but she must bide her time.Sadie Wells - sweet, naive, fashionista, has been wholeheartedly dating Adam for the past year. She is in heaven. Or so she thinks.What happens when Peyton finds out that Adam has been cheating on her? What happens when she tracks down Sadie and eventually confronts her? Will they join forces against Adam? Will they become archenemies and fight for their man? Only time will tell.
8 98

