《First Frost (Myanmar Translation)》Chapter 14
Advertisement
ဝိန်းရိဖန်အတွက်တော့ ဤပြဿနာက ကောင်းကင်ပေါ်မှကျလာသည့်ကပ်ဆိုးတစ်ခုနှင့် မခြားနားပေ။
ထို့အပြင် အရိပ်အမြွက်လေးပင် မပြဘဲရောက်ရှိခြင်း။
သူမ၏ခွင့်ပြုချက်တောင်းခံထားသည်ကို မဆိုထားနှင့် ၊ ဝမ်လင်လင်ထံမှ အိမ်ခန်းဖော်တစ်ယောက်ရှာပေးထားသည့်အကြောင်းအား ကြားပင်မကြားရသေး ၊ အမှန်စင်စစ် ဤကိစ္စက သူမအတွက် အရေးအကြီးဆုံးဖြစ်နေရမည့်တိုင် သူမအနေဖြင့် အပြင်လူတစ်ယောက်အလား ဘာမှမသိခဲ့ရချေ။
ဝိန်းရိဖန်တစ်ယောက် ဘာဆိုဘာမှမသိခဲ့သည့်အချိန်အတွင်း သတ်မှတ်ပြီးသားအဆုံးသတ်တစ်ခုက ရှေ့မှောက်ရောက်ချလာပါလေရော့၏။
ရယ်ချင်စရာကောင်းလောက်အောင် အဓိပ္ပါယ်မရှိလိုက်လေခြင်း။
အစတွင် ဝိန်းရိဖန်၏စိတ်ထဲ ရေအစင်လိုတည်ငြိမ်နေပါသေးသည့်တိုင် အလှုပ်အခတ်များရှိလာသည့်အချိန်တွင်တော့ သူမ စိတ်တိုလာမိတော့၏။မျက်လုံးအရှေ့မှ စန်းရန်အား စူးစိုက်ကြည့်နေပြီး တိုက်ရိုက်နှင်ထုတ်ပစ်လိုက်ချင်သည့်စိတ်များအား ထိန်းချုပ်နေလိုက်သည်။
စန်းရန်၏လက်ရှိတုန့်ပြန်မှုကိုကြည့်ခြင်းအားဖြင့် စန်းရန်သည်လည်း ကြိုမသိထားသည့်ပုံစံမျိုးမှန်း သိလိုက်ရ၏။
ဝိန်းရိဖန်သည် အခြားသူများအပေါ် ဒေါသထွက်တတ်သည့်အကျင့်မျိုးမရှိသည့်အတွက် တည်တည်ငြိမ်ငြိမ်ဖြင့် အောက်သို့ငုံ့ကြည့်လိုက်ကာ ဖိနပ်ချွတ်လိုက်၏။ထို့နောက် ဆိုဖာရှိသည့်နေရာအား လက်ညှိုးထိုးပြပြီး ဧည့်သည်တစ်ဦးအား ဧည့်ခံသည့်အနေအကျင့်မျိုးဖြင့်
"နင် ခဏလောက်ထိုင်နေလိုက်နော်..ဒီကိစ္စက ငါ့အတွက် မရှင်းမလင်းဖြစ်နေတာမလို့ အရင်ဆုံး ဖုန်းဆက်ပြီးမေးကြည့်လိုက်ဦးမယ်"
စန်းရန်က မလှုပ်မယှက်ဖြင့် မတ်မတ်ရပ်နေဆဲ။
သူ့ဘက်မှ တုန့်ပြန်ချက်ကိုမစောင့်တော့ဘဲ ဝိန်းရိဖန်က အိပ်ခန်းထဲသို့ လျှောက်ဝင်သွားခဲ့၏။
လက်ရှိအချိန်မှာ ည ၁၁ နာရီနီးပါးဖြစ်သည်။
ရေအမြန်ချိုးပြီး အိမ်ရာထဲဝင်မည့် ဝိန်းရိဖန်၏စိတ်ကူးလေးမှာ ပျောက်ချင်းမလှပျောက်သွားခဲ့ရပြီး ထို့အစား တွေးပင်မတွေးထားမိဖူးသည့်ကြောက်စရာကောင်းသောကိစ္စကြီးကို ဖြေရှင်းနေလေရသည်။ ဝမ်လင်လင် အိပ်ပျော်မပျော်ကို မတွေးပေးနိုင်တော့ဘဲ တိုက်ရိုက်ဖုန်းခေါ်ဆိုလိုက်သည်။
ဆယ်ကြိမ်ခန့်မျှ ဖုန်းသံကြားရပြီးနောက် တစ်ဖက်လူက ဖုန်းလက်ခံဖြေလာသည်။
ဝမ်လင်လင်က အလှတရားအတွက်အိပ်ချိန်မှန်မှန် ခရီးစဥ်လေးကို စတင်နေပြီဖြစ်ရာ ဖုန်းမြည်သံကြောင့်လန့်နိုးလာခဲ့ပြီး စိတ်မရှည်သည့်အသံဖြင့်
"ဘယ်သူလဲဟာ!..ရူးနေတာလား!..သူများအိပ်ချိန်ရောက်နေပြီ!"
ဝိန်းရိဖန် ;
"လင်ကျဲ..ဝိန်းရိဖန်ပါ"
ဝမ်လင်လင် ;
"ကိစ္စရှိရင် မနက်ဖြန်မှပြောတော့..အစ်မ အရမ်းအိပ်ချင်နေပြီ"
"ကျွန်မလည်း အစ်မကို မနှောက်ယှက်ချင်ပါဘူး..မေးစရာရှိနေလို့"
ဝိန်းရိဖန်၏အသံတို့က လောပြာနေခြင်းမျိုးမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်
"အစ်မ အိမ်သော့ကို အခြားသူကိုပေးလိုက်သေးလား...အခု အိမ်ခန်းထဲမှာ အခြားသူရောက်နေလို့"
"အာ?"
ဤစကားကြားရလိုက်ခြင်းကြောင့်လားမသိ ဝမ်လင်လင်၏အသံက လုံးဝကြည်လင်သွားခဲ့၍
"ဘယ်သူရောက်နေတာလဲ..အစ်မကောင်လေးတော့ မဟုတ်ဘူးမလား..မင်း အစ်မကောင်လေးနဲ့ မရောနဲ့နော်!"
"မဟုတ်ဘူး..ရောက်နေတာက စန်းရန်"
"ဒီလိုလား.."
ဝမ်လင်လင်က သက်သာရာရသွားပြီးမှ ရှင်းပြလာခဲ့၏။
"အို့..အစ်မ သတိရပြီ..အစ်မက အစ်မနေရာမှာအစားထိုးပေးဖို့ လူရှာနေခဲ့တာမလား?..အရမ်းစိတ်ထဲထည့်ပြီးစိုးရိမ်နေခဲ့တာမလို့ အစ်မကောင်လေးနဲ့ ခဏခဏတိုင်ပင်ဖြစ်ခဲ့သေးတယ်"
ဝိန်းရိဖန်က စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးနေခဲ့သည်။
"သူ့ဘက်က အစ်မစိတ်ဆင်းရဲနေတာကို မကြည့်ရက်လို့ အစ်မအစား ဒီကိစ္စကို သူ့ဘာသာသူ ဖြေရှင်းပေးလိုက်တာထင်တယ်"
ဝမ်လင်လင်က နှာတစ်ချက်ရှုံ့ကာ ဒရာမာ စခင်းပါတော့၏။
"အစ်မတောင် မသိဘူးရော..သူက အစ်မကို Suprise လုပ်ပေးချင်တာထင်တယ်"
"...."
ဝိန်းရိဖန်ထင်ထားမိသည်ခဲ့သည်မှာ ဝမ်လင်လင်ဘက်က အများကြီးမဟုတ်လျှင်တောင် နည်းနည်းလေးမျှဖြစ်ဖြစ်တောင်းပန်စကားဆိုလိမ့်မည်ဟူ၍ပင်။
ကြည့်ရသည်မှာ သူမကသာ အတွေးလွန်နေခဲ့ပုံရ၏။
သူမသည် အမှန်တကယ် အမှန့်အမှန်တကယ် ယခုလိုကိစ္စမျိုးများနှင့် မွှေနှောက်ပတ်သတ်ရမည်ကို အမုန်းဆုံး။
စကားကောင်းထည့်ပြောရလျှင် သူမက စိတ်နေစိတ်ထားကောင်းမွန်ပြီး အခြားသူများနှင့် ယခုလိုအသေးအဖွဲကိစ္စများအတွက်ဖြင့် စကားများနေမည်လည်းမဟုတ်။ အချက်ကျကျပြောရလျှင်တော့ သူမက အခြားသူများဘာလုပ်လုပ် သူမနှင့်မသက်ဆိုင်သရွေ့ ဂရုမစိုက်ဘဲနေတတ်ခြင်းပင် ဖြစ်၏။
အခြားသူများ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ၊ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ၊ သူမနှင့် လျားလျားမျှမသက်ဆိုင်။ သူမ၏ဘဝအား သူမဘာသာကောင်းကောင်းမွန်မွန်ဖြတ်သန်းနေရလျှင် အဆင်ပြေပြီဖြစ်သည်။
တစ်ဦးတစ်ယောက်ယောက်မှ သူမအား အထင်လွဲခြင်း ၊ သူမအပေါ် ဆိုးဆိုးရွားရွားဆက်ဆံခြင်း ၊ စကားပြောသည့်အခါတိုင်း ယင်နှင့်ယန် လို အကန်တွေချည်းပြောနေလျှင်တောင် သူမအပေါ်၌ တစ်စုံတစ်ရာ ကြီးကြီးမားမားထိခိုက်စေခြင်းမျိုးမရှိသရွေ့ မည်သည့်ပြဿနာမျိုးမှ ဖြစ်လာမည်မဟုတ်၏။
ထိုကိစ္စလေးများလောက်ဖြင့် သူမ၏စိတ်ခံစားချက်များအပေါ် မသက်ရောက်မထိပါးနိုင်။
ဘယ်လိုပင်ဖြစ်စေ လောကကြီးထဲ၌ ပြဿနာပေါင်း မြောက်မြားစွာရှိကာ အကယ်၍ အရာအားလုံးအပေါ် ဝင်စွက်ဖက်နေလျှင် အဘယ်လိုများအသက်ရှင်နေထိုင်ရတော့မည်နည်း။
ဤနှစ်တွေအတွင်း ဝိန်းရိဖန်က သည်ဆောင်ပုဒ်ကိုလက်စွဲကိုင်တာ မည်သူ့အပေါ်မဆို ဒီအတိုင်းသာဆက်ဆံခဲ့၏။
သူမ၏အသက်ရှင်သန်ရာဘဝအား တစ်ခုခုမထိခိုက်စေသေးသ၍ အခြားသူများနှင့် ငြင်းခုန်မည်လည်းမပြု ၊ အာခံမည်လည်းမဟုတ် ၊ ဆန့်ကျင်ဘက်ပြုမည်လည်းမဟုတ်ပေ။
ဝမ်လင်လင်က အခြားတစ်ဖက်မှစကားပြောနေဆဲ
"လက်ရှိ စန်းရန်နေနေတဲ့အိမ်က မီးလောင်သွားတာ..ဒါကြောင့်မလို့ ခဏတဖြုတ်နေဖို့ နေရာရှာတာနေမှာ..အိုက်ယား.. မင်း သူနဲ့ နေလိုက်ပေါ့..ဒါလည်း..."
ဝိန်းရိဖန်က စကားဖြတ်ပြောလိုက်၏။
"အစ်မ အရင်တုန်းက ကျွန်မကို ဘယ်လိုစကားမျိုးပြောခဲ့ဖူးလဲ"
"...."
ဝိန်းရိဖန်ထံမှ ယခုလိုခပ်ပြတ်ပြတ်အသံမျိုးကို မကြားခဲ့ဖူးသောဝမ်လင်လင်က တစ်ခဏမျှကြောင်အသွားခဲ့ပြီး
"မင်း ဘာလို့ဒီလောက်အသံမာနေတာတုန်း..လန့်လိုက်တာ..ပြီးတော့ သာမညယောက်ျားလည်း မဟုတ်..စန်းရန်က အရုပ်လည်းမြင့် ၊ ရုပ်ရည်ကလည်း ချော ၊ မိသားစုအခြေအနေကလည်း ချမ်းသာပါတယ်..ဒီလိုတွေးကြည့်ရင် မင်းဘက်ကတောင် အမြတ်ထွက်သေးတယ်မဟုတ်ဘူးလား"
ဝိန်းရိဖန် ;
"အစ်မက အရင်ကဘယ်လိုစကားမျိုးပြောခဲ့သလဲဆိုတာကိုပဲ ပြန်ဖြေပေးပါ"
"ဒါတော့ အစ်မလည်း မသိတော့ဘူး!..မင်းက ဘာကိစ္စနဲ့အစ်မကို အပြစ်လာတင်နေတာလဲ! တကယ်ပါပဲ!"
ဝမ်လင်လင်က ခုဏလေးတင် လန့်ပြီးနိုးလာရသည့်အပြင် အမေးအမြန်းခံနေရသည့်လေသံကြောင့် အပြုအမူတို့ကသိပ်မကောင်းလေတော့ဘဲ
Advertisement
"အို့..အစ်မ သဘောပေါက်ပြီ..မင်း အဲ့လောက်ထိလျှောက်တွေးနေစရာမလိုပါဘူး..သူ မင်းကို သဘောကျနေသေးမှာကို စိုးရိမ်နေတာလား"
ဝမ်လင်လင်က ဆက်၍
"အစ်မကောင်လေးဆီက ကြားထားတာတော့ စန်းရန်က တက္ကသိုလ်တက်တဲ့လေးနှစ်လုံး ရည်းစားကောင်မလေးတစ်ယောက်မှ မထားခဲ့ဘူးတဲ့..မိန်းကလေးတွေအနားကို ကပ်တာမျိုးလည်း တစ်ခါမှမမြင်ခဲ့ဖူးဘူး..နေ့တိုင်းနေ့တိုင်း သူ့အဆောင်ကအခန်းဖော် မြက်ပင်ကောင်နဲ့ပဲ တပူးပူးတတွဲတွဲလုပ်နေတာ..သူတို့ကျောင်းကလူတွေတောင် သူတို့နှစ်ယောက်ကို အတွဲဆိုပြီး ထင်ကြသေးတယ်တဲ့"
(မြက်ပင်ကောင် - သွမ့်ကျားရွှီ)
ဝိန်းရိဖန်က ဒေါသထွက်ထွက်ဖြင့်ပြုံးလိုက်မိပြီး တစ်ဖက်လူက ဘယ်လိုစကားမျိုးများဖြင့်ဝေ့လည်ကြောင်ပတ်လုပ်နေဦးမည်ကိုလည်း နားထောင်နေလိုက်၏။
"သူ အခုချိန်ထိ လုံးဝလုံးဝ ရည်းစားမထားခဲ့ဘူးနော်!..ဒီပြဿနာက တကယ်တော့ အကြီးကြီး..ဖြစ်နိုင်တာက ဒီနှစ်တွေအတွင်း သူ့လိင်စိတ်တိမ်းညွှတ်နေကြောင်း ကိုယ့်ကိုကိုယ် နားလည်လက်ခံသွားထင်တယ်..ဒီလိုတွေးကြည့်လိုက်မိတော့ အစ်မကောင်လေးမှာလည်း အန္တရာယ်ရှိနေပြီမလား?"
ဝမ်လင်လင်ကအားကိုး၍မရမှန်း ဝိန်းရိဖန်သိနေခဲ့ပါသည့်တိုင် ယခုလောက်ထိ ကပေါက်တိကပေါက်ချာနိုင်နေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။
မျက်လုံးကို မှိတ်ချလိုက်ပြီး ဝမ်လင်လင်နှင့် စကားတစ်ခွန်းပင်ဆက်၍မပြောချင်တော့သည့်အချိန်။
ဝမ်လင်လင်က စိတ်မရှည်လက်မရှည်ဖြင့်
"စိတ်မပူနဲ့..သူ ဂေးနေတာ သေချာလောက်တယ်..ဒီကိစ္စကို ထည့်မပြောရင်တောင် ဆန့်ကျင်ဘက်လိင်တစ်ယောက်နဲ့ အိမ်ခန်းအတူငှားနေတာ ဘာမှမဖြစ်ပါဘူး..အစ်မရဲ့အရင်ရည်းစားကတောင် အိမ်ခန်းငှားနေရင်း တွေ့တာ"
တစ်ဖက်လူ၏စကားအဆုံးတွင် ဝိန်းရိဖန်က
"အစ်မရဲ့စကားကို နားထောင်ကြည့်ရတာ..အစ်မနဲ့စုဟောက်အန်းရဲ့ဆက်ဆံရေးက တကယ်ကြီးကောင်းတဲ့ပုံပဲနော်.."
ဝိန်းရိဖန်၏စကားပြောနှုန်းက သိသိသာသာကိုနှေးသွားပြီး အပ်တစ်သောင်းဖြင့်ထိုးနှက်သည့်အလား
"ဒါဆို Ferrari နဲ့ လာကြိုနေတဲ့ယောက်ျားက သူ့သူငယ်ချင်းပဲဖြစ်ရမယ်"
ဝမ်လင်လင် ရုတ်ချည်းရပ်တန့်သွား၍
"မင်း ဘာပြောချင်တာလဲ"
"အာ..ဒါနဲ့..အစ်မဘက်က စန်းရန်နဲ့အတူတူနေရတာကိုကောင်းတယ်လို့ခံစားနေရတာဆိုတော့ ဒါဆို အစ်မပြန်လာပြီး သူနဲ့နေလိုက်လေ"
"...."
"ဘာပဲဖြစ်ဖြစ် တစ်ယောက်ပိုသွားလည်း ထူးမှမထူးတော့တာ..လှေနှံနှစ်ဖက်နင်းနေမယ့်တူတူ တစ်ခါတည်း သုံးလေးဖက်နင်းလိုက်ပါလား"
ဝိန်းရိဖန်က အသံထွက်အောင်ရယ်လိုက်ရင်း
"အစ်မအတွက်တော့ ဒါမျိုးကိစ္စတွေလုပ်ရတာ ခက်မှမခက်ဘဲ...ဟုတ်တယ်မလား"
တစ်ချိန်တည်း၌ ဧည့်ခန်းထဲတွင်။
စန်းရန်က စုဟောက်အန်းအား ဖုန်းခေါ်လိုက်ပြီး မီးတောက်များကိုဖိနှိပ်ထားရင်းဖြင့်
"မင်းဦးနှောက်ထဲမှာ ပြဿနာရှိနေပြီလား?"
"ငါ-ူး"
စုဟောက်အန်းဘက်တွင် အနည်းငယ်ဆူညံနေခြင်းကိုကြည့်ခြင်းအားဖြင့် ဘားရောက်နေသည့်ပုံပင်။
"သာ့ကော..စိတ်လျော့..peace အိုကေ?..မင်း ဘာလို့ အိမ်ပေါ်ရောက်တာနဲ့ လူကိုလာဆဲနေရတာလဲ"
စန်းရန်က အံကျိတ်ပြီး
"ဒီအိမ်ထဲမှာ အခြားသူတစ်ယောက်နေနေတဲ့ကိစ္စကို မင်းမသိဘူးလို့တော့ ငါ့ကိုလာမပြောနဲ့"
ဤစကားကိုကြားလိုက်ရပြီးနောက် စုဟောက်အန်းက စိတ်သက်သာရာရသွားခဲ့၍
"အဲ့လောက်ကျယ်တဲ့အိမ်ခန်းထဲမှာ မင်းတစ်ယောက်တည်းနေပြီး ဘာလုပ်မှာလဲ?..အတူတူမျှနေမယ့်အိမ်ခန်းဖော်လေးရှာပြီး မင်းအိမ်ကိုပြန်ပြင်မယ့်ပိုက်ဆံကို ချွေတာရမယ်လေ"
စန်းရန် ;
"ငါက အခြားသူနဲ့ မျှနေရမယ်?"
"မင်း မနေနိုင်လို့လား..တစ်ဖက်လူက ငါတို့ရဲ့ နတ်ဘုရားမဝိန်း နော်"
စုဟောက်အန်းက တဟီးဟီးရယ်လိုက်ပြီး
"အေးပါ အေးပါ..ငါ နားလည်ပါတယ်..မင်း ငါ့ကိုကျေးဇူးတင်စရာမလိုဘူး..ညီအစ်ကိုတွေဖြစ်တာ ဘယ်နှနှစ်တောင်ကြာပြီမလို့လဲ"
"မင်းနဲ့စကားဆက်ပြောရမှာကို ပျင်းလွန်းလို့..ငါ အခုချက်ချင်း မင်းအိမ်မှာ လာနေပြီ"
"သွားစမ်းပါ..လောင်ဇစ် ဒီနေ့ည လုပ်စရာရှိတယ်..မင်း ငါ့ကို လာမရှုပ်နဲ့"
"ငါ့လို လူကောင်ကြီးကြီးယောက်ျားတစ်ယောက်က..ကောင်မလေးတစ်ယောက်နဲ့ အတူတူနေနေမှာလေ..မင်း စဥ်းစားကြည့်..သင့်တော်လား?"
"ငါ-ူး..မင်း ဒီစကားမျိုးလည်း ပြောထွက်သေးတယ်နော်..'ရှန့်တုဟွားချန်' မှာနေမယ်ဆိုပြီးပြောတုန်းကကျတော့ရော ဒီလိုမျိုးတွေးခဲ့လို့လား"
စုဟောက်အန်းက ဆက်၍
"မင်းရဲ့ အရိုက်ခံလိုက်ရတဲ့ခွေးမျက်နှာကြီးက ဘယ်လိုဖြစ်နေမယ်မှန်း ငါမသိဘူးလို့များထင်နေလား..တော်ပြီ..ငါ့ရှေ့မှာ လာပြီးဟန်ဆောင်မနေနဲ့..ဒီကိစ္စကို ငါတို့နှစ်ယောက်ပဲ သိရင်ရပြီမလား.."
"...."
"ပြီးတော့ ငါတို့ရဲ့ နတ်ဘုရားမဝိန်းက ဘယ်လောက်တောင်များ လှလိုက်သလဲ..ဒီလိုအခြေအနေမျိုးက နှစ်ခါမရနိုင်ဘူးနော်..'စန်းယောက်ျားဆန်'ရေ..သွားပြီးတော့ ကိုယ်ရံတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်လိုက်ပါဦး..ပြောမရရင် သူများက တစ်နေ့နေ့ကျ မင်းကို သဘောကျကောင်းကျလာနိုင်တယ်လေကွာ..."
"...."
အခြားတစ်ဖက်မှစကားပြောမပြီးသေးခင် အိပ်ခန်းတံခါးဖွင့်သံအား စန်းရန်ကြားလိုက်ရ၏။
စန်းရန်သည်လည်း တော်တော်လေးဒေါသထွက်နေသည့်အတွက် ဖုန်းကိုသာ တန်းချပစ်လိုက်သည်။
နောက်စက္ကန့်ပိုင်းတွင်။
ဝိန်းရိဖန်က သူ့အရှေ့သို့ရောက်လာပြီး တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပုံစံဖြင့် စကားဆိုလာခဲ့၏။
"ငါတို့နှစ်ယောက် စကားပြောကြမလား?"
------
နှစ်ယောက်သားက ဆိုဖာ၏အစွန်းနှစ်ဖက်တွင်ထိုင်နေပြီး တိတ်ဆိတ်နေလျက်သား။
ဝိန်းရိဖန်က စ၍
"ဒီကိစ္စက မတော်တဆဖြစ်သွားတာပဲနေမှာပါ..အခုအချိန်က အရမ်းလည်းနောက်ကျနေပြီဆိုတော့..ဒီလိုလုပ်လိုက်ပါလား..ငါ နင့်အတွက် ဒီအနီးအနားက ဟိုတယ်ငှားပေးမယ်လေ"
စန်းရန်က ဆိုဖာကိုမှီထိုင်နေပြီး သူမအား အေးအေးလူလူသာ လှမ်းကြည့်နေ၏။
ဝိန်းရိဖန်က တစ်ခဏမျှတွေးလိုက်ပြီးနောက် ဆက်၍
"နောက်ကျမှပဲ နင် အဆင်ပြေမယ့်အိမ်ခန်းထပ်ရှာရင်ရော ဖြစ်တယ်မလား"
သူမက သူ့အတွက်အစီအစဥ်များရေးဆွဲပေးနေသည်ကို နားထောင်ပေးပြီးနောက်တွင် စန်းရန်က ခပ်ရေးရေးပြုံးလိုက်၏။
"မင်းက အသေအချာစီစဥ်ပေးထားတာပဲ"
"အခုလက်ရှိ နင်လည်း မပြောင်းလာရသေးဘူးဆိုတော့ သန့်ရှင်းရေးတွေလုပ်ပြီး အချိန်ကုန်ခံစရာလည်းမလိုတော့ဘူး..ငါတို့ နှစ်ယောက်လုံးမှ ကြိုမသိထားခဲ့ကြတာ..အမှားသေးသေးကို အကြီးကြီးဖြစ်အောင် မလုပ်ဘဲနေကြတာပေါ့"
ဝိန်းရိဖန်က ဆက်၍
"ပြီးတော့ နင်လည်း အခြားသူတစ်ယောက်နဲ့ အတူတူမျှနေရတာကို နေသားကျလောက်မှာမဟုတ်ဘူး"
Advertisement
အမှား?
စန်းရန်က ဝါကျများကြားထဲမှ စကားလုံးနှစ်လုံးကို အမိအရဖမ်းယူမိလိုက်၏။
ဤစကားများကို ပြောနေသည့်အချိန်အတွင်း သူမ၏မျက်ခုံးများက တွန့်ချိုးသွားပြီး နှုတ်ခမ်းများသည်လည်း တင်းတင်းစေ့လျက်။ ပုံမှန်တွေ့နေကျပြဿနာကိစ္စများကို ရင်ဆိုင်ရသည့်အတိုင်း အနိမ့်အမြင့်အတက်အကျမဖြစ်သွားသည့် ပုံစံမျိုးဖြင့် ကွဲပြားခြားနားစွာ....
အလွန်ကိုမှစက်ဆုတ်ဖွယ်ရာကောင်းပြီး သူမအနေဖြင့်လုံးဝလက်မခံပေးနိုင်သည့်ကိစ္စတစ်ခုကို ရင်ဆိုင်နေရသည့်အလားပင်။
သို့သည်တိုင် ထုတ်ပြောလိုက်ရမည်ကိုလည်း အားနာနေသေးသည်။
သူ စိတ်အနှောက်အယှက်ဖြစ်သွားမည်ကိုလည်း စိုးရိမ်နေပြီး သူနှင့် ငြိတွယ်ပတ်သတ်ရမည်ကိုလည်း ကြောက်နေပုံရ၏။
ထို့ကြောင့် သူလက်ခံပေးနိုင်လောက်မည့် စကားအသုံးအနှုန်းများဖြင့်သာ သတိထားပြီးစကားဆိုနေခဲ့၏။
စန်းရန်က မျက်လုံးကိုပင့်ကြည့်ပြီး ရေးတေးတေးဖြင့်သံယောင်လိုက်လိုက်၏။
"ကိုယ် နေသားကျနိုင်လား ၊ မကျနိုင်လားဆိုတာကိုလည်း မင်း ထပ်ပြီး သိနေပြန်တာလား"
ဝိန်းရိဖန် ;
"အိမ်ခန်းကိုမျှနေတယ်ဆိုတာမျိုးက သဟဇတဖြစ်ဖို့အတွက်အချိန်လိုတယ်..ပြီးတော့ များသောအားဖြင့်လည်း စီးပွားရေးအခက်အခဲကြောင့်သာ အိမ်ခန်းကိုမျှနေကြတာ..နင့် စီးပွားရေးအခြေအနေနဲ့ဆိုရင် အခြားသူတွေနဲ့ အိမ်ခန်းကိုမျှနေစရာမှ မလိုတာ"
"ကိုယ့်အိမ်က မီးလောင်သွားတယ်လေ"
စန်းရန်က တစ်ခဏရပ်လိုက်၍
"ပိုက်ဆံတွေအားလုံး ပြန်ပြင်တဲ့နေရာမှာ သုံးရမှာ"
ဝိန်းရိဖန် ;
"နင် ဘား ဖွင့်ထားတာပဲဟာ"
စန်းရန် ;
"ဝင်ငွေက သိပ်မများဘူး"
"...."
ဝိန်းရိဖန် သက်ပြင်းချလိုက်ပြီး
"ပြီးတော့..သတင်းထောက်တစ်ယောက်ရဲ့အလုပ်ချိန်က ၉နာရီကနေ ၅နာရီထိ ဆိုပြီးမဟုတ်ဘူး..ငါ့အလုပ်ချိန်နဲ့နားချိန်တွေက လုံးဝပုံမှန်မဟုတ်တာ..မကြာခဏ အချိန်ပိုဆင်းရလို့ မကြာခဏလည်း အိမ်ကစောစောထွက်ရပြီး နောက်ကျမှပြန်လာတတ်တယ်..ဖြစ်နိုင်ချေအများဆုံးက ငါ့ကြောင့် နင့်အနားယူချိန်တွေထိခိုက်မိလိမ့်မယ်"
"အို့"
စန်းရန်က ဝိန်းရိဖန်အား တမင်သက်သ က်စိတ်မသက်မသာဖြစ်စေရန်အလို့ငှာ
"ဒါဆို မင်းပြန်လာတဲ့အချိန် တိုးတိုးသာသာလေးလုပ်ပေါ့"
"...."
ဘယ်လိုပြောပြော နားမလည်ပုံရသည့်သူကြောင့် ဝိန်းရိဖန်က တည့်တိုးသာပြောလိုက်တော့၏။
"ငါတို့နှစ်ယောက်က ဆန့်ကျင်ဘက်လိင်တွေ..ဒါကြောင့်မလို့ မသင့်လျော်တဲ့နေရာတွေ အများကြီးရှိတယ်..နင်လည်း အိမ်မှာနေနေရတဲ့အချိန်လေးမှာ ဟိုဟာလုပ်ဖို့ ဒီဟာလုပ်ဖို့လေးကိုတောင် သုံးလေးခါလောက် ပြန်စဥ်းစားကြည့်နေရတာမျိုး မဖြစ်ချင်ဘူးမလား"
"ကိုယ်က ဘာလို့ သုံးလေးခါလောက်စဥ်းစားကြည့်နေရမှာလဲ"
စန်းရန်က ဝိန်းရိဖန်အား တည့်တည့်စိုက်ကြည့်ပြီး ရုတ်တရက်ပြုံးလိုက်ကာ
"ဝိန်းရိဖန်..မင်းအပြုအမူတွေက အရမ်းကိုစိတ်ဝင်စားစရာကောင်းနေတာနော်"
ဝိန်းရိဖန် ;
"ဘာကိုလဲ?"
စန်းရန်၏အသံတို့ထဲတွင် နွေးထွေးမှုဟူ၍မရှိ ၊ စကားလုံးများအား ဖြေးဖြေးချင်းသာဆိုလာခဲ့၏။
"ကိုယ့်ဘက်က မင်းကို အခုချိန်ထိမမေ့နိုင်သေးဘဲ အရင်ကလိုမျိုး မင်းကို လိုက်နှောက်ယှက်နေဦးမယ်လို့ ထင်နေတာလား"
"...."
ဝိန်းရိဖန်က သီးလုနီးနီးဖြစ်သွားခဲ့၍
"ငါ အဲ့လိုမျိုးဆိုလိုတာမဟုတ်ဘူး"
"ထင်တောင်မထင်ထားခဲ့ဘူး..မင်းနှလုံးသားထဲမှာ ကိုယ်က အဲ့လောက်တောင်အချစ်ကြီးတဲ့သူမျိုးလား"
"ငါက အခုလက်ရှိ ငါတို့နှစ်ယောက်ရဲ့အခြေအနေကို ကျိုးသင့်ကြောင်းသင့်ရှင်းပြနေတာ..ငါပြောတဲ့စကားတွေကို နင့်ဘက်က အဲ့လိုမျိုးထိအဓိပ္ပါယ်လွဲကောက်နေစရာမလိုပါဘူး"
"ခရီးဆောင်အိတ်တွေလည်း သယ်လာပြီးပြီ..ထပ်ပြီး သယ်နေရမှာကို ကိုယ်ပျင်းတယ်..ကိုယ် အလွန်ဆုံးမှ သုံးလပဲနေမှာ..အိမ်ကိုပြန်ပြင်ပြီးတာနဲ့ ပြောင်းပြီ"
စန်းရန်က နှုတ်ခမ်းကို ကွေး၍ပြုံးလိုက်ပြီး
"ကိုယ် ဒီမှာနေနေတဲ့အချိန်တွေအတွင်း မင်းဘက်က ကိုယ့်နားကို သိပ်မကပ်ဖို့ မျှော်လင့်ပါတယ်နော်"
ဝိန်းရိဖန်က မနေနိုင်တော့ဘဲ
"နင့်ခရီးဆောင်အိတ်ကဖြင့် တစ်ခုတည်းကို"
"ကိုယ့်ဘက်ကလည်း မေးပါရစေ..မင်းက ဘယ်ကိစ္စကို ဒီလောက်ထိစိုးရိမ်နေရတာလဲ"
စန်းရန်က ခေါင်းသဲ့သဲ့စောင်းကာ ဝိန်းရိဖန်အား စိုက်ကြည့်နေရင်း
"ဘာလဲ?..ကိုယ် ပြောင်းပြန်ပြောလိုက်မိလို့လား"
"ဘာကိုလဲ?"
စန်းရန်က သူမအား အထက်မှအောက်သို့ တစ်ချက်လှမ်းကြည့်ပြီးနောက် လေပြေညှင်းလေးများလို တိုးဖျနူးညံ့လှသောအသံတို့ဖြင့်
"မေ့မရနိုင်ခဲ့တဲ့သူက မင်း ဖြစ်နေခဲ့လို့?.."
(Zawgyi)
ဝိန္းရိဖန္အတြက္ေတာ့ ဤျပႆနာက ေကာင္းကင္ေပၚမွက်လာသည့္ကပ္ဆိုးတစ္ခုႏွင့္ မျခားနားေပ။
ထို႔အျပင္ အရိပ္အႁမြက္ေလးပင္ မျပဘဲေရာက္ရွိျခင္း။
သူမ၏ခြင့္ျပဳခ်က္ေတာင္းခံထားသည္ကို မဆိုထားႏွင့္ ၊ ဝမ္လင္လင္ထံမွ အိမ္ခန္းေဖာ္တစ္ေယာက္ရွာေပးထားသည့္အေၾကာင္းအား ၾကားပင္မၾကားရေသး ၊ အမွန္စင္စစ္ ဤကိစၥက သူမအတြက္ အေရးအႀကီးဆုံးျဖစ္ေနရမည့္တိုင္ သူမအေနျဖင့္ အျပင္လူတစ္ေယာက္အလား ဘာမွမသိခဲ့ရေခ်။
ဝိန္းရိဖန္တစ္ေယာက္ ဘာဆိုဘာမွမသိခဲ့သည့္အခ်ိန္အတြင္း သတ္မွတ္ၿပီးသားအဆုံးသတ္တစ္ခုက ေရွ႕ေမွာက္ေရာက္ခ်လာပါေလေရာ့၏။
ရယ္ခ်င္စရာေကာင္းေလာက္ေအာင္ အဓိပ္ပါယ်မရှိလိုက်ေလျခင္း။
အစတြင္ ဝိန္းရိဖန္၏စိတ္ထဲ ေရအစင္လိုတည္ၿငိမ္ေနပါေသးသည့္တိုင္ အလႈပ္အခတ္မ်ားရွိလာသည့္အခ်ိန္တြင္ေတာ့ သူမ စိတ္တိုလာမိေတာ့၏။မ်က္လုံးအေရွ႕မွ စန္းရန္အား စူးစိုက္ၾကည့္ေနၿပီး တိုက္ရိုက္ႏွင္ထုတ္ပစ္လိုက္ခ်င္သည့္စိတ္မ်ားအား ထိန္းခ်ဳပ္ေနလိုက္သည္။
စန္းရန္၏လက္ရွိတုန့္ျပန္မႈကိုၾကည့္ျခင္းအားျဖင့္ စန္းရန္သည္လည္း ႀကိဳမသိထားသည့္ပုံစံမ်ိဳးမွန္း သိလိုက္ရ၏။
ဝိန္းရိဖန္သည္ အျခားသူမ်ားအေပၚ ေဒါသထြက္တတ္သည့္အက်င့္မ်ိဳးမရွိသည့္အတြက္ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေအာက္သို႔ငုံ႕ၾကည့္လိုက္ကာ ဖိနပ္ခြၽတ္လိုက္၏။ထို႔ေနာက္ ဆိုဖာရွိသည့္ေနရာအား လက္ညွိုးထိုးျပၿပီး ဧည့္သည္တစ္ဦးအား ဧည့္ခံသည့္အေနအက်င့္မ်ိဳးျဖင့္
"နင္ ခဏေလာက္ထိုင္ေနလိုက္ေနာ္..ဒီကိစၥက ငါ့အတြက္ မရွင္းမလင္းျဖစ္ေနတာမလို႔ အရင္ဆုံး ဖုန္းဆက္ၿပီးေမးၾကည့္လိုက္ဦးမယ္"
စန္းရန္က မလႈပ္မယွက္ျဖင့္ မတ္မတ္ရပ္ေနဆဲ။
သူ႕ဘက္မွ တုန့္ျပန္ခ်က္ကိုမေစာင့္ေတာ့ဘဲ ဝိန္းရိဖန္က အိပ္ခန္းထဲသို႔ ေလွ်ာက္ဝင္သြားခဲ့၏။
လက္ရွိအခ်ိန္မွာ ည ၁၁ နာရီနီးပါးျဖစ္သည္။
ေရအျမန္ခ်ိဳးၿပီး အိမ္ရာထဲဝင္မည့္ ဝိန္းရိဖန္၏စိတ္ကူးေလးမွာ ေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့ရၿပီး ထို႔အစား ေတြးပင္မေတြးထားမိဖူးသည့္ေၾကာက္စရာေကာင္းေသာကိစၥႀကီးကို ေျဖရွင္းေနေလရသည္။ ဝမ္လင္လင္ အိပ္ေပ်ာ္မေပ်ာ္ကို မေတြးေပးနိုင္ေတာ့ဘဲ တိုက္ရိုက္ဖုန္းေခၚဆိုလိုက္သည္။
ဆယ္ႀကိမ္ခန့္မွ် ဖုန္းသံၾကားရၿပီးေနာက္ တစ္ဖက္လူက ဖုန္းလက္ခံေျဖလာသည္။
ဝမ္လင္လင္က အလွတရားအတြက္အိပ္ခ်ိန္မွန္မွန္ ခရီးစဥ္ေလးကို စတင္ေနၿပီျဖစ္ရာ ဖုန္းျမည္သံေၾကာင့္လန့္နိုးလာခဲ့ၿပီး စိတ္မရွည္သည့္အသံျဖင့္
"ဘယ္သူလဲဟာ!..႐ူးေနတာလား!..သူမ်ားအိပ္ခ်ိန္ေရာက္ေနၿပီ!"
ဝိန္းရိဖန္ ;
"လင္က်ဲ..ဝိန္းရိဖန္ပါ"
ဝမ္လင္လင္ ;
"ကိစၥရွိရင္ မနက္ျဖန္မွေျပာေတာ့..အစ္မ အရမ္းအိပ္ခ်င္ေနၿပီ"
"ကြၽန္မလည္း အစ္မကို မႏွောက္ယွက္ခ်င္ပါဘူး..ေမးစရာရွိေနလို႔"
ဝိန္းရိဖန္၏အသံတို႔က ေလာျပာေနျခင္းမ်ိဳးမရွိဘဲ တည္တည္ၿငိမ္ၿငိမ္ျဖင့္
"အစ္မ အိမ္ေသာ့ကို အျခားသူကိုေပးလိုက္ေသးလား...အခု အိမ္ခန္းထဲမွာ အျခားသူေရာက္ေနလို႔"
"အာ?"
ဤစကားၾကားရလိုက္ျခင္းေၾကာင့္လားမသိ ဝမ္လင္လင္၏အသံက လုံးဝၾကည္လင္သြားခဲ့၍
"ဘယ္သူေရာက္ေနတာလဲ..အစ္မေကာင္ေလးေတာ့ မဟုတ္ဘူးမလား..မင္း အစ္မေကာင္ေလးနဲ႕ မေရာနဲ႕ေနာ္!"
"မဟုတ္ဘူး..ေရာက္ေနတာက စန္းရန္"
"ဒီလိုလား.."
ဝမ္လင္လင္က သက္သာရာရသြားၿပီးမွ ရွင္းျပလာခဲ့၏။
"အို႔..အစ္မ သတိရၿပီ..အစ္မက အစ္မေနရာမွာအစားထိုးေပးဖို႔ လူရွာေနခဲ့တာမလား?..အရမ္းစိတ္ထဲထည့္ၿပီးစိုးရိမ္ေနခဲ့တာမလို႔ အစ္မေကာင္ေလးနဲ႕ ခဏခဏတိုင္ပင္ျဖစ္ခဲ့ေသးတယ္"
ဝိန္းရိဖန္က စိတ္ရွည္ရွည္ျဖင့္ နားေထာင္ေပးေနခဲ့သည္။
"သူ႕ဘက္က အစ္မစိတ္ဆင္းရဲေနတာကို မၾကည့္ရက္လို႔ အစ္မအစား ဒီကိစၥကို သူ႕ဘာသာသူ ေျဖရွင္းေပးလိုက္တာထင္တယ္"
ဝမ္လင္လင္က ႏွာတစ္ခ်က္ရႈံ႕ကာ ဒရာမာ စခင္းပါေတာ့၏။
"အစ္မေတာင္ မသိဘူးေရာ..သူက အစ္မကို Suprise လုပ္ေပးခ်င္တာထင္တယ္"
"...."
ဝိန္းရိဖန္ထင္ထားမိသည္ခဲ့သည္မွာ ဝမ္လင္လင္ဘက္က အမ်ားႀကီးမဟုတ္လွ်င္ေတာင္ နည္းနည္းေလးမွ်ျဖစ္ျဖစ္ေတာင္းပန္စကားဆိုလိမ့္မည္ဟူ၍ပင္။
ၾကည့္ရသည္မွာ သူမကသာ အေတြးလြန္ေနခဲ့ပုံရ၏။
သူမသည္ အမွန္တကယ္ အမွန့္အမွန္တကယ္ ယခုလိုကိစၥမ်ိဳးမ်ားႏွင့္ ေမႊႏွောက္ပတ္သတ္ရမည္ကို အမုန္းဆုံး။
စကားေကာင္းထည့္ေျပာရလွ်င္ သူမက စိတ္ေနစိတ္ထားေကာင္းမြန္ၿပီး အျခားသူမ်ားႏွင့္ ယခုလိုအေသးအဖြဲကိစၥမ်ားအတြက္ျဖင့္ စကားမ်ားေနမည္လည္းမဟုတ္။ အခ်က္က်က်ေျပာရလွ်င္ေတာ့ သူမက အျခားသူမ်ားဘာလုပ္လုပ္ သူမႏွင့္မသက္ဆိုင္သေ႐ြ႕ ဂ႐ုမစိုက္ဘဲေနတတ္ျခင္းပင္ ျဖစ္၏။
အျခားသူမ်ား ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ ၊ ေသသည္ျဖစ္ေစ ရွင္သည္ျဖစ္ေစ ၊ သူမႏွင့္ လ်ားလ်ားမွ်မသက္ဆိုင္။ သူမ၏ဘဝအား သူမဘာသာေကာင္းေကာင္းမြန္မြန္ျဖတ္သန္းေနရလွ်င္ အဆင္ေျပၿပီျဖစ္သည္။
တစ္ဦးတစ္ေယာက္ေယာက္မွ သူမအား အထင္လြဲျခင္း ၊ သူမအေပၚ ဆိုးဆိုး႐ြား႐ြားဆက္ဆံျခင္း ၊ စကားေျပာသည့္အခါတိုင္း ယင္ႏွင့္ယန္ လို အကန္ေတြခ်ည္းေျပာေနလွ်င္ေတာင္ သူမအေပၚ၌ တစ္စုံတစ္ရာ ႀကီးႀကီးမားမားထိခိုက္ေစျခင္းမ်ိဳးမရွိသေ႐ြ႕ မည္သည့္ျပႆနာမ်ိဳးမွ ျဖစ္လာမည္မဟုတ္၏။
ထိုကိစၥေလးမ်ားေလာက္ျဖင့္ သူမ၏စိတ္ခံစားခ်က္မ်ားအေပၚ မသက္ေရာက္မထိပါးနိုင္။
ဘယ္လိုပင္ျဖစ္ေစ ေလာကႀကီးထဲ၌ ျပႆနာေပါင္း ေျမာက္ျမားစြာရွိကာ အကယ္၍ အရာအားလုံးအေပၚ ဝင္စြက္ဖက္ေနလွ်င္ အဘယ္လိုမ်ားအသက္ရွင္ေနထိုင္ရေတာ့မည္နည္း။
ဤႏွစ္ေတြအတြင္း ဝိန္းရိဖန္က သည္ေဆာင္ပုဒ္ကိုလက္စြဲကိုင္တာ မည္သူ႕အေပၚမဆို ဒီအတိုင္းသာဆက္ဆံခဲ့၏။
သူမ၏အသက္ရွင္သန္ရာဘဝအား တစ္ခုခုမထိခိုက္ေစေသးသ၍ အျခားသူမ်ားႏွင့္ ျငင္းခုန္မည္လည္းမျပဳ ၊ အာခံမည္လည္းမဟုတ္ ၊ ဆန့္က်င္ဘက္ျပဳမည္လည္းမဟုတ္ေပ။
ဝမ္လင္လင္က အျခားတစ္ဖက္မွစကားေျပာေနဆဲ
"လက္ရွိ စန္းရန္ေနေနတဲ့အိမ္က မီးေလာင္သြားတာ..ဒါေၾကာင့္မလို႔ ခဏတျဖဳတ္ေနဖို႔ ေနရာရွာတာေနမွာ..အိုက္ယား.. မင္း သူနဲ႕ ေနလိုက္ေပါ့..ဒါလည္း..."
ဝိန္းရိဖန္က စကားျဖတ္ေျပာလိုက္၏။
"အစ္မ အရင္တုန္းက ကြၽန္မကို ဘယ္လိုစကားမ်ိဳးေျပာခဲ့ဖူးလဲ"
"...."
ဝိန္းရိဖန္ထံမွ ယခုလိုခပ္ျပတ္ျပတ္အသံမ်ိဳးကို မၾကားခဲ့ဖူးေသာဝမ္လင္လင္က တစ္ခဏမွ်ေၾကာင္အသြားခဲ့ၿပီး
Advertisement
- In Serial33 Chapters
Her Strength, His Weakness
( under spell check and editing )Aurora is a smart, feisty, strong 18 year old girl. She suffers from generalized anxiety disorder. She gets top grades and is an all round good student, but she has parts of herself that she struggles with. Archer is the 'bad boy'. He's a strong, fierce teenage boy. He's slightly aggressive and doesn't allow people to get to close, but the bad boys always have a soft spot. When these two people from completely different lives collide in the hallways, they start to notice things about each other and them selves that they never knew before. Will the fighter save the good girl, or will she save him? He's her Strength. She's his weakness. ******Obviously All Rights Reserved. Some mature content. All photos used are not mine.I do thank and give credit to those who's photos they are.
8 83 - In Serial50 Chapters
Billionaire's Innocent Wife. (Completed)
Randhir Singh Shekhawat, the 27 years old elder son of Shekhawats ,one of the richest business family of the continent is probable CEO of the "Shekhawat Corporation".He has everything a person only dreams of , enormous wealth,fame power and women always ready to throw themselves on his bed except a happy family.His father indulge himself in taking the business on new height while his mother coming in the same strata .Their marriage was just for cover pose and parties that's why he covered himself in a shell of arrogance,rudeness and anger.The only person who loved him was his grandfather Adhiraj Singh Shekhawat with whom he could share his most secret emotions.Sanyukta Agrawal,a 21 year old girl was also sailing in the same boat had a cruel step father ,brother and a sick mother in the name of family.She is too innocent to understand the real intention of anybody.Her dreams were of a ordinary girl.She lost all the hopes of getting love when her mother was almost taking her last breath.All that left for her is only hatred and insecurities .What will happen when Adhiraj ask her to marry his beast womaniser grandson.What will be his reaction when he had taken the oath of not to get marry?Read this billionaire's love story.
8 176 - In Serial10 Chapters
Behind His Mask: The First Spell Book
Evander is a complete mystery to Sarah until she's given a spell book he authored. Is he a tortured prince? A bloodthirsty jester? The owner of the haunted mansion or the man hired to drive the ghosts out? Only the book will tell.
8 133 - In Serial62 Chapters
One Last Fight
You might think a resurrection is impossible, but you didn't see the way she brought me back to life. Let her speak my name over my grave, and watch as it revives me.This is book three of the Loving Kinnick Series.
8 221 - In Serial26 Chapters
Bakugou's pregnancy (kiribaku)
these are mostly small and cute stories of bakugou being pregnant, featuring kiri trying his best to be the best future daddy he can be (this is my first story so sorry if it's bad)
8 148 - In Serial64 Chapters
Her Darkness, His Light (Book 1)
"Come here" he said motioning for me to step closer.I knew that I had to obey his every word. It was just that my body decided not to move. "I will not repeat this again. Come. Here. Now!" he commanded me this time. That's when my legs decided to wobble themselves towards my biggest nightmare. I stopped when I was about a feet away from where he was sitting. I had to keep my hands together to prevent them from shaking too much. To make things worse, there was only this dead silence that surrounded us. Then, before I could even prosses what was happening, he grabbed my hand and brought my wrist up to his lips.I whimpered, waiting for the pain to come."You have every right to fear me. This is going to be painful."Without warning, I felt an excruciating pain all over my body. A sharp cry escaped my mouth as his fangs ripped through my tender skin. ~~~~~~~~~~~~~~~~~~~~~~~~ She A simple girl forcefully taken from her home and separated from her small family to serve the Royal Pure Bloods. Him The Dark Prince, the most powerful hybrid on earth. Known to the world as a monster, an abomination. A creature unable to control his powers and is trapped within his own darkness.
8 98

