《First Frost (Myanmar Translation)》Chapter 13
Advertisement
ကိုးရိုးကားယားနိုင်လှသော အခြေအနေတွင် စန်းရန်က ဒေါသထွက်ထွက်ဖြင့်ပင် ရယ်လိုက်၍
"ဘာ?"
ချန်ဝေ့ဟွာ၏ ဖုန်းနံပါတ်အား ရှာလိုက်ပြီးနောက်တွင် ဝိန်းရိဖန်က ဖုန်းခေါ်ဆိုလိုက်ရင်း နောက်တစ်ကြိမ်မေးလာခဲ့သည်။
"အိမ်ရာရဲ့နာမည်နဲ့နေရာအသေးစိတ်ကို တစ်ချက်လောက်ပြောပြပေးပါလား"
စန်းရန် ; " ? "
အဖြေစကားကို မကြားလိုက်ရခင် တစ်ဖက်မှ ဖုန်းလက်ခံဖြေဆိုသွားခဲ့၏။
ဝိန်းရိဖန်ဘက်မှ ဘာမှမပြောရသေးခင်ပင် ချန်ဝေ့ဟွာက စကားလုံးများကို တရစပ်ပြောထွက်လာခဲ့တော့၏။
"ကွက်တိပဲ..ငါလည်း အခုပဲ မင်းဆီဖုန်းဆက်တော့မလို့..မင်း အခုလေးတင် ဌာနကထွက်သွားခဲ့တာဆို..ငါ အခုပဲ အရေးပေါ်သတင်းရထားတာ..'ကျုံးနန်ရှစ်ကျိ'ရပ်ကွက်နားမှာ မီးလောင်နေတယ်တဲ့..မင်း အခု ငါတို့နဲ့ အခင်းဖြစ်ပွားတဲ့နေရာကိုလိုက်ခဲ့"
ဝိန်းရိဖန်က ချက်ချင်းတုန့်ပြန်ပြီး လက်ရှိ သူမရောက်နေသည့်နေရာအတိအကျအား ပြောပြလိုက်၏။
ထို့နောက် စန်းရန်၏အကြည့်များနှင့် ဆုံစေလိုက်သည်။
လေထုတစ်ခွင်မှာ သိသိသာသာကို တိတ်ဆိတ်ငြိမ်သက်နေသဖြင့် ဝိန်းရိဖန်မှ စပြီး
"နင် 'ကျုံးနန်ရှစ်ကျိ' ရပ်ကွက်မှာ နေတာလား"
စန်းရန် ; "...."
"ငါ အရေးပေါ်အချိန်ပိုဆင်းရတော့မှာမလို့..ဒီတစ်ခေါက်ထမင်းဖိတ်ကျွေးမယ့်အစီအစဥ်ကို နောက်တစ်ခေါက်မှပဲ...ဖိတ်ကျွေးတော့မယ်နော်"
ဝိန်းရိဖန်က သည်အထိစကားဆိုလာခဲ့ပြီး တစ်ခဏရပ်လိုက်ကာ စက္ကန့်ပိုင်းလောက်ကြာပြီးသွားမှ ချိတုံချတုံဖြင့် မေးလာခဲ့၏။
"ငါ့လောင်ရှစ်က အခု ဒီကိုကားမောင်းလာနေပြီ..နင် လမ်းကြုံလိုက်ချင်သေးလား"
-----
သုံးမိနစ်ခန့်ကြာပြီးနောက်တွင် နှစ်ယောက်သားက ဌာနမှအင်တာဗျူးကားပေါ်သို့ ပါသွားခဲ့ကြတော့သည်။
ကားမောင်းသည့်သူက ချန်ဝေ့ဟွာ ၊ အနောက်ခုံတွင်ပါလာသည့်သူက ဖုကျွမ့်။ စန်းရန်၏ကားက ကားပါကင်ဝန်းထဲတွင် ရပ်ထားခဲ့ခြင်းဖြစ်၍ ပြန်သွားယူပြီး ကိုယ်တိုင်ကိုယ်ကျမောင်းရမည်ကို ပျင်းလွန်းလှသဖြင့် လိုက်လာခဲ့ခြင်း။ ဝိန်းရိဖန်က စန်းရန်အား အနောက်ခုံ၌နေရာပေးလိုက်ပြီး သူမကိုယ်တိုင်က အရှေ့ခုံ၌ ဝင်ထိုင်လိုက်သည်။
ဖုကျွမ့်က ချက်ချင်းမေးမြန်းလာသည်။
"ရိဖန်ကျဲ..ဒီပုဂ္ဂိုလ်က..."
ဝိန်းရိဖန်က လုံခြုံရေးခါးပတ်အား ပတ်နေရင်း ပြန်ဖြေလိုက်၏။
"အစ်မရဲ့အထက်တန်းကျောင်းတုန်းကသူငယ်ချင်း..'ကျုံးနန်ရှစ်ကျိ' ရပ်ကွက်မှာနေတာ..ဟိုမီးလောင်နေတဲ့အိမ်ခန်းက သူပိုင်တာဖြစ်ဖို့များတယ်..အဲ့ဒါကြောင့် ပြန်သွားပြီး အခြေအနေကိုကြည့်မလို့"
ချန်ဝေ့ဟွာက ကားစက်နှိုးလိုက်ပြီး တအံ့တသြဖြင့်
"ဘယ်လိုတောင် တိုက်ဆိုင်နေတာလဲ..ဒီအလုပ်ကို ၁၄နှစ်ရှိပြီလုပ်လာတာ အခုလိုတိုက်ဆိုင်တာမျိုး တစ်ခါမှမတွေ့ဖူးဘူး"
ဖုကျွမ့် ;
"မကောင်းတဲ့နိမိတ်ပြတာမျိုးလား"
ဝိန်းရိဖန် ;
"သာ့ကျွမ့်..လျှောက်မပြောနဲ့"
"ဒါပေမယ့်လေ ကော..ဒီလိုကိစ္စမျိုးဖြစ်တယ်ဆိုကတည်းက သေချာပေါက် ကောင်းတဲ့နိမိတ်ပဲ"
ဖုကျွမ့်က စန်းရန်ဘက်သို့ လှည့်ကာ အချိန်နှင့်အခြေအနေပေါ်လိုက်ပြီးစကားကောင်းများရွေးပြောလေတော့၏။
"မီးအာမခံကြေးရပြီလေ!..ကော..အစ်ကိုတော့ ဒီနှစ် သေချာပေါက် သူဌေးဖြစ်ပြီ!"
စန်းရန်က ဖုကျွမ့်အား မျက်ဝန်းထောင့်မှနေသာ လှမ်းကြည့်နေပြီး စကားပြန်ပြောရန်ပင်ပျင်းရိလွန်းနေခဲ့သည်။
"အေ့..ကော.."
ဖုကျွမ့်အနေဖြင့် စန်းရန်အား အနည်းငယ်ရင်းနှီးနေသလိုရှိသည့်အတွက် အနားသို့တိုးကပ်လာပြီး
"ကျွန်တော်လေ အစ်ကို့ကို ကြည့်ရင်းကြည့်ရင်းနဲ့ ဘာလို့ရင်းနှီးသလိုခံစားရနေမှန်းမသိဘူး..ကျွန်တော်တို့ အရင်က ဆုံဖူးလား"
အရှေ့တွင်ထိုင်နေသည့် ဝိန်းရိဖန်က လိုအပ်သည့်ပစ္စည်းများကိုစစ်ဆေးနေရင်း ဤစကားတစ်ခွန်းကိုကြားလိုက်သည့်အချိန်တွင် စိတ်ထဲ၌ စန်းရန်ဖြေမည့်အဖြေအား အလိုလိုစဥ်းစားကြည့်မိလိုက်၏ - 'မင်း ချဥ်းကပ်ဖို့ကြိုးစားနေတဲ့နည်းလမ်းက level အရမ်းနိမ့်တယ်' ။ သို့သော် တစ်ခဏကြာသွားခဲ့သည်အထိ စန်းရန်က စကားတစ်ခွန်းမပြောပါပေ။
ဝိန်းရိဖန်လည်း စိတ်ထဲသိပ်မထည့်သလို ၊ ကြည့်ရသည်မှာ စန်းရန်က လက်ရှိအချိန်တွင် မည်သည့်စကားပြောချင်စိတ်မျိုးမှ မရှိသောကြောင့်လည်း ဖြစ်နိုင်ပါသေးသည်။
'ကျုံးနန်ရှစ်ကျိ' ရပ်ကွက် နှင့် လက်ရှိရောက်နေသည့်နေရာမှာ မဝေးသဖြင့် မိနစ်ပိုင်းအတွင်းရောက်သွားကြသည်။
သူတို့ရောက်လာသည့်အချိန်တွင် မီးသတ်ကားများ လူနာတင်ယာဥ်များက ရောက်နှင့်နေပြီဖြစ်ကာ အောက်ဘက်တွင်ကား ပြေးလွှားနေကြသည့် အိမ်ခန်းပိုင်ရှင်များရှိပြီး တစ်ချို့မှာ ညအိပ်ဝတ်စုံသာဝတ်ထားကြ၍ အပေါ်ထပ်ကုတ်အင်္ကျီပင် မဝတ်ထားချေ။
ယခုလိုကိစ္စမျိုးကိုမကြုံကြဖူးသည့်အတွက်လည်း အားလုံးကစုဝေးကာ ကျီကျီကျာကျာဖြင့် ပြောဆိုဆူညံနေကြတော့သည်။
အချိန်မှာကား ည ၉ နာရီဝန်းကျင်ရှိပြီဖြစ်သည်။
ဘယ်အချိန်ကတည်းက မိုးရွာနေမှန်းမသိ ၊ အေးစိမ့်လွန်းနေသည့်ရာသီဥတုထဲသို့ ရေခဲချပ်များ အထပ်လိုက်ရောထည့်ပေးလိုက်သလို ခိုက်ခိုက်တုန်နေရတော့၏။
မီးလောင်မှုဖြစ်ပွားနေသည်မှာ အဆောက်အဦးနံပါတ် (6) ရှစ်လွှာရှိ အိမ်နံပါတ် B တွင်ဖြစ်သည်။ မီးတောက်များက မှန်ပြတင်းပေါက်မှတဆင့် မကောင်းဆိုးဝါးများအလား ခုန်ထွက်နေကာ အပေါ်ထပ်အလွှာဆီသို့ ပျံ့နှံ့နေပြီဖြစ်သည်။ မိုးရေစက်များက ရေပေါက်လေးများနှင့်သာတူနေပြီး အနားသို့ရောက်သည်နှင့် ချက်ချင်းရေငွေ့ပြန်သွားကာ ဘာမှအသုံးမဝင်ခဲ့ပေ။
စန်းရန်နေနေသည့်အိမ်ခန်းမှာ ထိုအိမ်ခန်း၏အပေါ်တည့်တည့်တွင် ဖြစ်နေခဲ့၏။
သူက မော့ကြည့်နေရင်း လျှာဖျားက အောက်နှုတ်ခမ်းထောင့်သို့ ထိကစားနေကာ မျက်ခုံးများကလည်း မသိမသာ တစ်ချက်လှုပ်ရှားသွားခဲ့သည်။
တစ်ခဏတုန်းက စန်းရန်မှာ အဘယ်ကြောင့် ထိုသို့တုန့်ပြန်ချက်ပြုခဲ့ရသနည်းအပေါ် ဝိန်းရိဖန် နားလည်သလိုလိုရှိလာခဲ့၏။ သူ့အား ဖုန်းဆက်ပြီးအကြောင်းပေးသည့်သူမှာ အစကတည်းက သိပ်အားကိုးအားထားပြု၍ရသည့်သူမျိုး မဟုတ်သည့်အပြင် ဤကိစ္စမှာလည်း ရုတ်တရက်ဖြစ်ပျက်သွားခြင်းကြောင့် သူ့စိတ်ထဲ၌ မည်သို့မှမခံစားမိသေးခြင်းကြောင့် ဖြစ်ပါလိမ့်မည်။
တစ်ခဏတွင် စန်းရန်က ဖုန်းပြောရင်း တစ်ဖက်သို့လျှောက်ထွက်သွားခဲ့၏။
ချန်ဝေ့ဟွာက ကင်မရာကိုသယ်ပြီး ပတ်ဝန်းကျင်အခြေအနေများကို လိုက်လံရိုက်ယူနေခဲ့သည်။
အရေးပေါ်မီးရောင်များက နီတစ်လှည့် ပြာတစ်လှည့်လင်းထိန်နေပြီး မီးသတ်သမားများက ဟိုဟိုဒီဒီပြေးလွှားနေကြကာ ပြည်သူများကယ်ဆယ်ရေးနှင့် မီးထိန်းချုပ်ရေးကို တပြိုင်နက်တည်းလုပ်ဆောင်နေကြသဖြင့် အားလပ်နေသည့်သူဟူ၍မရှိ။
သည်းသည်းမည်းမည်းရွာချလာသည့် မိုးကြောင့် အရောင်နုနုကွန်ကရစ်အလွှာများက မှောင်မိုက်သည့်အရောင်များဖြင့်ဆေးခြယ်ခံလိုက်ရတော့သည်။ ညအချိန် နှင့် မိုးရေစက် တို့ပေါင်းစပ်လိုက်သည့်အခါ အအေးဓါတ်က ပိုကဲလာခဲ့၏။ပတ်ဝန်းကျင်တစ်ခွင်မှာလည်း ဆူညံပြီးရှုပ်ပွခတ်နေခဲ့ကာ လှုပ်ရှားနေသည့်အသံများကြားတွင် လူအော်သံများကပါ ရောထွေးနေပြီး ရုပ်ရှင်ဇာတ်ကားထဲမှ သဘာဝဘေးအန္တရာယ်ကိုရင်ဆိုင်နေကြသည့် ဇာတ်ဝင်ဇာတ်ကွက်အတိုင်းပင်။
Advertisement
ဝိန်းရိဖန်က လူအုပ်ကြီးနားသို့ ကပ်သွားပြီး ထွက်ပြေးလာကြသည့် နေထိုင်သူများအား အင်တာဗျူးလိုက်၏။
"အန်တီ..အနှောက်အယှက်ပြုမိတဲ့အတွက် တောင်းပန်ပါတယ်..ကျွန်မက နန်းဝူရုပ်မြင်သံကြားချန်နယ် 'ချွမ်တ' ဌာနက သတင်းထောက်ပါ..အန်တီက အဆောက်အဦးနံပါတ် (6) မှာနေတဲ့သူလားရှင့်"
သူမအင်တာဗျူးလိုက်သည့် အန်တီက ကလေးတစ်ယောက်ကိုပွေ့ထားပြီး အလောတကြီးကိုဖြေလာခဲ့၏။
"ဟုတ်ပါတယ်"
"အန်တီနေတာက ဘယ်အလွှာမှာလဲရှင့်..မီးလောင်နေမှန်း ဘယ်လိုသတိထားမိခဲ့တာလဲ"
"ငါးလွှာမှာနေတာ..ရုတ်တရက် ပေါက်ကွဲသံကြီးကြားလိုက်ရလို့ အရမ်းလန့်သွားခဲ့ပြီး အန်တီက မီးရှုးမီးပန်းဖောက်တယ်လို့ပဲ ထင်လိုက်မိတာ"
ကင်မရာကိုလှမ်းကြည့်နေပြီး ထိုအန်တီက အမောတကောဖြင့်
"အပြင်ဘက်ကနေ ဆူညံသံတွေအများကြီးကြားလိုက်ရတဲ့အချိန်မှ ပြေးထွက်လာပြီးကြည့်လိုက်တာ"
အန်တီဘေးမှ ဦးလေးကြီးတစ်ယောက်က ဝင်လာပြီး
"ဟုတ်တယ်!..ဘယ်နှကြိမ်မှန်းတောင် မသိဘူး!..အခုမှ အခြေအနေကို ထိန်းချုပ်လို့..."
"ဖုန်း!--"
စကားပင်ဆုံးအောင်မပြောရသေးခင် မီးလာင်နေသည့် ရှစ်လွှာဆီမှ အသံကျယ်ကြီးတစ်ချက် ထွက်လာခဲ့ကာ လိမ္မော်ရင့်ရောင်မီးတောာက်များနှင့်အတူ မှုန်ဝေနေသည့်မီးခိုးမှိုင်းများက ညအရောင်ကို အလင်းပေးသကဲ့သို့ ပေါက်ကွဲထွက်လာတော့၏။
အော်ဟစ်သံများကရုတ်ရုတ်သဲသဲ။
ချန်ဝေ့ဟွာက ကင်မရာချက်ချင်းမြှောက်လိုက်ပြီး အသေအချာရိုက်ယူလိုက်၏။
ဝိန်းရိဖန်လည်း မော့ကြည့်မိလိုက်လျှင် သူမ၏အကြည့်များက ကိုးလွှာအရောက်တွင် ရပ်တန့်သွားခဲ့တော့၏။ထို့နောက် စန်းရန်ရှိရာဆီသို့ အလိုလိုလှမ်းကြည့်မိလိုက်ရာ ထိုသူက လက်ကိုင်ဖုန်းအား နား,နားတွင်ကပ်၍ မီးတောက်များအား ငြိမ်ငြိမ်သက်သက်လှမ်းကြည့်နေခဲ့သည်။
ဝိန်းရိဖန် အကြည့်များကို ရှောင်ဖယ်လိုက်ကာ သနားမိသွားသည့်စိတ်က နှလုံးသားထဲတရိပ်ရိပ်ကြီးစိုးလာတော့သည်။
------
ကံကောင်းထောက်မစွာဖြင့် ပေါက်ကွဲမှုအား သိပ်မပြင်းလှ ၊ မီးသတ်သမားတစ်ဦးတည်းသာ အသေးစားဒဏ်ရာလေးရသွားခဲ့သည်။
အဆောက်အဦးထဲမှ နေထိုင်သူများအားလုံးကို အပြင်သို့ပြေးထွက်လာနိုင်ခဲ့ပြီး ဆယ်နှစ်အောက်ကလေးငယ်လေးတစ်ဦးကသာ ဓါတ်လှေကားအတွင်းပိတ်မိနေခဲ့သဖြင့် မီးသတ်သမားများ ကယ်ထုတ်ပေးခဲ့ရသည်။တစ်နာရီကျော်ကျော်ကြာသွားပြီးမှ မီးတောက်ကြီးအား လုံးဝထိန်းချုပ်လိုက်နိုင်ခဲ့၏။
မီးသတ်ဌာနမှတာဝန်ရှိသူများက အခင်းဖြစ်ပွားသည့်နေရာအား အရှင်းအလင်းပြုလုပ်နေကြဆဲ။
မီးစတင်လောင်ကျွမ်းသွားသည့်အရင်းအမြစ်ကိုလည်း မသိရသေး ၊ အိမ်ခန်းထဲမှ ပစ္စည်းများသည်လည်း ရစရာမရှိ အားလုံးလောင်ကျွမ်းသွားခဲ့ပြီဖြစ်သည်။ တစ်လွှာတည်းရှိနေသည့်အိမ်ခန်းများနှင့် အပေါ်လွှာနှင့်အောက်လွှာတို့မှာလည်း မီးဒဏ်ကို အနည်းအများထိလိုက်ကြသေးသည် ၊ ကိုးလွှာရှိ အိမ်နံပါတ် B မှာ နောက်ဆက်တွဲမီးဘေးဒဏ်ကို အဆိုးရွားဆုံးခံလိုက်ရခြင်းဖြစ်ပြီး မီးဖိုချောင်နှင့်ဧည့်ခန်းရှိ အပြင်အဆင်များအားလုံး အလောင်ခံထားခဲ့ရပြီဖြစ်၏။
မီးဘေးမတော်တဆနှင့် ဆက်စပ်နေသည့် နေထိုင်သူများအား အင်တာဗျူးပြီးနောက်တွင် အိမ်ခန်းပိုင်ရှင်များ၏သဘောထား ၊ မီးသတ်သမားများ၏ ခွင့်ပြုချက်နှင့်အတူ ဝိန်းရိဖန်နှင့်ဖုကျွမ့်တို့က ချန်ဝေ့ဟွာ၏အနောက်မှလိုက်ကာ အခင်းဖြစ်ပွားရာနေရာဆီသို့ လိုက်လာခဲ့ကြသည်။
ချန်ဝေ့ဟွာက အိမ်ခန်းများ၏အခြေအနေအား မှတ်တမ်းရိုက်ယူနေရင်း မီးသတ်သမားများ၏အကြမ်းဖျင်းရှင်းပြချက်များကိုလည်းနားထောင်ကာ အချိန်နှင့်တပြေးညီမေးခွန်းများလည်း မေးနေခဲ့၏။
ကိုးလွှာရှိ အိမ်နံပါတ် B သို့အရောက်တွင် ဝိန်းရိဖန် နှင့် စန်းရန်တို့ ဆုံကြပြန်တော့၏။
စန်းရန်ကိုလည်း အများနည်းတူ ရိုးရိုးရှင်းရှင်းအင်တာဗျူးတစ်ခုလုပ်လိုက်ကာ ဤတစ်ကြိမ်တွင် အင်တာဗျူးမည့်သူမှာ ဖုကျွမ့်။ ဖုကျွမ့်သည် သူနှင့်မျက်မှန်းတန်းမိထားသူဖြစ်သည့်အတွက် စိတ်အေးလက်အေးဖြင့်အလျင်းသင့်သလိုမေးမြန်းလိုက်၏။
"ကော..အခုလက်ရှိအချိန် စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲ"
ဤမေးခွန်းက တရားလွန်ကိုပိန်းတိန်းတုံးအနေသည့်မေးခွန်းတစ်ခုအဖြစ် သတ်မှတ်လိုက်သည့် စန်းရန်က သူ့စကားတို့ထဲတွင် သိသိသာသာကိုခနဲ့ထားသည့်ပုံစံဖြင့်
"ငါ အရမ်းပျော်နေတာလေ"
"...."
"မင်းလည်း ငါ့လိုမျိုး ဒီလောက်ထိဝမ်းသာပြီးပျော်နိုင်ပါစေလို့ မျှော်လင့်တယ်"
"...."
ချန်ဝေ့ဟွာက မေးမြန်းလာ၏။
"ဒီမီးမတော်တဆမှုက မင်းအပေါ်ကို ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသွားတာကြောင့်လား"
စန်းရန်က ပြောင်ကျကျဖြင့်
"အဆင်ပြေနေသေးတယ်"
ချန်ဝေ့ဟွာ ;
"ကျွန်တော်တို့ အိမ်ခန်းရဲ့အခြေအနေကိုကြည့်ပြီးသွားပြီ..အကောင်းအတိုင်းကျန်ခဲ့တဲ့နေရာဆိုလို့ တစ်နေရာမှမရှိဘူး"
စန်းရန် ;
"အဲ့တော့ ဘာဖြစ်လဲ?"
"...."
သူ့စကားများက အနည်းငယ်ပြင်းထန်နေမှန်း သတိထားမိလိုက်ပြီးနောက် စန်းရန်၏နောက်စကားတစ်ခွန်းက ပူးပေါင်းဖြေကြားလိုသည့်အတိုင်း ပျော့သွားခဲ့၍
"ဒီအိမ်ထဲမှာ အရေးကြီးတဲ့ပစ္စည်းတွေမထည့်ထားဘူး..အိမ်ခန်းနဲ့ပရိဘောဂတွေအပြင် ဖုန်းအဟောင်းလေးတစ်လုံးရယ်ကလွဲလို့..ဒါပေမယ့်လည်း အသုံးမပြုဖြစ်တော့တာကြာပါပြီ"
ဝိန်းရိဖန်က သူ့ဘေးနားတွင်ရပ်ကာ မှတ်စုများကိုချရေးနေရင်း လှုပ်ရှားမှုများကတစ်ချက်တုန်ယင်သွားမိခဲ့၏။သို့သော်လည်း သူနှင့်စကားစမြည်ပြောလိုက်ဖို့ရာမှာ အကြောင်းမရှိပြန်။
ကိစ္စပြီးနောက်တွင် သူတို့အုပ်စုက ဌာနဆီသို့ပြန်လာကြပြီး စာမူကြမ်းများကိုရေးသည်ကရေး ၊ ဗွီဒီယိုများကို ပြင်သည်ကပြင် လုပ်ခဲ့ကြ၏။
ထိုအချိန် ဖုကျွမ့်က မနေနိုင်စွာဖြင့်
"ရိဖန်ကျဲ..အစ်မရဲ့သူငယ်ချင်းက တကယ်ကြီးကို သနားစရာကောင်းပြီး အရမ်းလည်းမိုက်တာနော်..အိမ်ခန်းတစ်ခုလုံး ဒီလိုမျိုးမီးလောင်ပျက်စီးသွားတာတောင် အေးအေးဆေးဆေးစကားပြောနေနိုင်သေးတယ်"
ချန်ဝေ့ဟွာ ;
"မင်းလည်း သူ့ကို အားပေးနှစ်သိမ့်ပေးလိုက်ဦး..လျော်ကြေးငွေအတွက် အာမခံကုမ္ပဏီတွေနဲ့ဆက်သွယ်ကြည့်ဖို့လည်း ပြောပြလိုက်..ဒီတလောအတွင်း နေရာတစ်ခုရှာနေဖို့ အကြံပေးပြီး ဒီကိစ္စအတွက်နဲ့အရမ်းစိတ်ထိခိုက်မနေဖို့ မလိုဘူးလို့"
ဝိန်းရိဖန်က 'အင်း' ဟု အသံတစ်ချက်ပြုလိုက်၏။
သူမ ခံစားနေမိသည်မှာတော့ စန်းရန်က သူမထံမှ နှစ်သိမ့်ပေးမှုကို မလိုအပ်သည့်အကြောင်းပင်။
ဖုကျွမ့်က ဆက်၍
"ဒါပေမယ့်လေ ကျဲ..အစ်မလည်း အရမ်းသနားစရာကောင်းတယ်..မနက်ဖြန် နားရက်ဆိုကာကျမှ ဒီနေ့မှာ ဌာနကိုပြန်လာပြီး အချိန်ပိုဆင်းနေရတယ်..ကျွန်တော်က အစက လောင်ရှစ်ကိုပြောပါသေးတယ်..ကျွန်တော် တစ်ယောက်တည်းလိုက်ခဲ့လည်းဖြစ်ပါလို့ဆို..."
ဤအထိစကားပြောလာရင်း ဖုကျွမ့်က အသံကို နှစ်ကိုယ်တည်းကြားနိုင်လောက်သည်အထိနိမ့်လိုက်ကာ မကျေမနပ်ဆိုလာခဲ့၏။
"အဲ့ဒါကို လောင်ရှစ်ကပြောတာ..ကျွန်တော် ဘယ်နားမှအသုံးမကျလို့တဲ့"
ဝိန်းရိဖန်က ခပ်တည်တည်ဖြင့်ခေါင်းငြိမ့်ပြီး
"အမှန်ပဲ"
"...."
သည်တစ်ညလုံးတော့ ပရမ်းပတာဖြင့်သာ ကုန်ဆုံးသွားခဲ့တော့သည်။
ဤဇာတ်ကွက်အသေးစားလေးက ဝိန်းရိဖန်ဘက်တွင် ပြီးဆုံးသွားခဲ့ပြီလည်းဖြစ်သည်။ မီးလောင်မှုက မတော်တဆနှင့်အရေးပေါ်အခြေအနေမျိုးဖြစ်ပြီး စန်းရန်သည်လည်း နစ်နာသည့်သူများထဲမှတစ်ယောက် ဖြစ်သွားခဲ့သည်။သူမအနေဖြင့် ဌာန၌ စာမူအချောသတ်ရေးကာ သတင်းကိုအပ်ပြီးသည်နှင့် သူမ၏ကိစ္စမှာပြီးပြီ။ နောက်ဆက်တွဲဖြစ်သည့် နစ်နာသူများအားဖြေရှင်းပေးရမည့်ကိစ္စမှာတော့ သူမနှင့် လျားလျားမျှမသက်ဆိုင်။
Advertisement
ဝိန်းရိဖန်က သော့တွဲအား အရင်အိမ်ခန်းပိုင်ရှင်ဆီသို့ ပြန်သွားပေးခဲ့ပြီး အရင်အိမ်ဟောင်းလေးကိုပါ နှုတ်ဆက်ခဲ့သေးသည်။ စန်းရန်နှင့်မျက်နှာချင်းဆိုင် မတွေ့တော့သည့်အတွက်လည်း သူမဘက်က မဖြစ်မနေလိုက်ဆက်သွယ်ပြီး ထမင်းတစ်နပ်အား မရမကဝယ်ကျွေးနေစရာအကြောင်းလည်းမရှိပြန်။
မဝေးတော့သည့်အနာဂတ်တွင် သူမ ဖြေရှင်းရမည့်ပြဿနာမှာ တစ်ခုတည်းသာ ရှိတော့၏။
အပြန်အလှန်ဖေးမပြီး အဆင်ပြေမည့်အိမ်ခန်းငှားဖော်တစ်ယောက် ရှာခြင်းပေ။
ဝမ်လင်လင်က အလုပ်များကို လက်စသတ်ပြီး နောက်တစ်ပတ်ထဲသို့မရောက်ခင်ပင် ပြောင်းရွေ့သွားခဲ့သည်။
အစမှနေအဆုံးထိ သူမ၏အိမ်ခန်းဖော်ကောင်းဆိုသည့်မျက်နှာအား ထောက်ထားချင်သေးသည့်သူက ထွက်မသွားခင်လေးတွင် အိမ်ခန်းဖော်တစ်ယောက်အား သေချာပေါက်ရှာပေးမည်ဖြစ်သောကြောင့် စိတ်မပူဖို့ရာ မှာသွားခဲ့ပါသေးသည်။
ဘယ်လိုပင်ဖြစ်စေ အတူတူမျှနေကြသည့်ကိစ္စမှာ ရေရှည်ဖြစ်သည့်အတွက် ဝိန်းရိဖန်ဘက်မှ ဝမ်လင်လင်မိတ်ဆက်ပေးလာမည့်သူနှင့် နေသွားရန်လည်း မတွေးထားပေ။
ဝမ်လင်လင်မိတ်ဆက်ပေးလာနိုင်သည့်သူမှာ ဖြစ်နိုင်ချေအရှိဆုံးအရ သူမနှင့်မရင်းနှီးသည့်သူဖြစ်လိမ့်မည်။ အတူတူနေပြီးကာမှ မတော်တဆများ ကတောက်ကဆဖြစ်ကြလျှင် အိမ်ခန်းငှားအသစ်ထပ်ရှာရင်း အလုပ်ရှုပ်နေရလိမ့်မည်။
သို့သော်လည်း တယူသန်နေခြင်းမျိုးမရှိသောကြောင့် ဝိန်းရိဖန်က ယဥ်ယဥ်ကျေးကျေးဖြင့်သာ တုန့်ပြန်ဖြစ်ခဲ့၏။
ဝိန်းရိဖန်က ကျုံးစစ်ချောင်ကိုလည်း အကူအညီတောင်းထားသည့်အတွက် တစ်ဖက်မှပြန်လာမည့်သတင်းကို အချိန်ပြည့်စောင့်နေခဲ့သေးသည်။အကယ်၍များ ရှာမတွေ့ခဲ့လျှင် အင်တာနက်ပေါ် ပို့စ်တင်ပြီးရှာဖို့ရန်ပါ စဥ်းစားထား၏။
နောက်တစ်ပတ် သောကြာနေ့တွင်။
စုဟောက်အန်းက အပြင်သွားခါနီးတွင် စန်းရန်ထံမှ ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိလိုက်သည်။
သူ့စကားသံတို့က အနည်းငယ်စိတ်မရှည်သလိုဖြစ်နေပြီး တည့်တိုးပြောလာတော့၏။
"ငါ့ကိုအိမ်ခန်းငှား ရှာပေး"
စုဟောက်အန်း ; "?"
"Overtime နဲ့နီးရမယ်..ငါ သုံးလေးလပဲနေမှာ..အိမ်ကိုပြန်ပြင်ပြီးရင် ပြန်ပြောင်းမှာ"
"မင်း ရူးနေတာလား..လောင်ဇစ်က ပွဲစားမလို့လား..မင်းအိမ်ကို တန်းပြန်ပြီး သွားနေလေ"
(မီးလောင်သွားတာက စန်းရန်ရဲ့ ကိုယ်ပိုင်အိမ် ၊ စုဟောက်အန်း ပြောတာက စန်းရန်မိဘတွေနေတဲ့အိမ်ပါ)
"ရတယ်..ငါ မင်းအိမ်မှာ တန်းပြီးသွားနေပြီ"
စန်းရန်က ဆက်၍
"ဖုန်းချပြီ"
"....နေ နေ နေပါဦး.."
စန်းရန်က ဒီခြေလှမ်းမျိုးကို ပြောင်ပြောင်တင်းတင်း လှမ်းလာလိမ့်မည်ဟု မထင်မှတ်ထားသည့် စုဟောက်အန်းက အံကျိတ်ပြီး
"ဘယ်အိမ်ရာမှာနေချင်တာလဲဆိုတာ မင်းရွေး..ငါ ညနေကျရင် ငါ့မိတ်ဆွေကိုမေးထားပေးမယ်"
တိတ်ဆိတ်သွားခဲ့၏။
တစ်ခဏမျှကြာပြီးသွားနောက်တွင် ဖုန်း၏တခြားတစ်ဖက်က ဆိုလာခဲ့၏။
" 'ရှန့်တုဟွားချန်' "
ဖုန်းချသွားပြီးနောက်တွင် စုဟောက်အန်းက ဤရက်များအတွင်း ဝမ်လင်လင်ပြောနေကျစကားများကို မရှင်းမရှင်းသတိရလာမိလိုက်သည်။ အလိုမကျသည့်ဟန် ၊ ချွဲနွဲ့နေသည့်အသံလေးဖြင့် သူ့အား အိမ်ခန်းငှားဖော်တစ်ယောက် ကူရှာပေးရန် ၊ သူမကိုယ်တိုင်က ဘယ်လိုမှမရှာနိုင်တော့သည့်အကြောင်းများ ပြောနေခဲ့သေးသည်။
စုဟောက်အန်း အားရပါးရကိုဆဲရေးပစ်လိုက်ချင်တော့၏။
သူ့လို ရုပ်ချောချော အရပ်မြင့်မြင့် ချမ်းချမ်းသာသာကောင်လေးက အိမ်ခန်းပွဲစားနဲ့တူနေလို့လား? ? ?
စုဟောက်အန်းက မည်သူ့ထံအကူအညီတောင်းသင့်ကြောင်း စဥ်းစားနေသည့်အခိုက် ရုတ်တရက်ဆိုသလို ဝမ်လင်လင်နေခဲ့သည့်အိမ်ရာအား သတိရမိလိုက်၏။
'ရှန့်တုဟွားချန်' ပင်။
အကယ်၍ စုဟောက်အန်းသာ အမှတ်မမှားလျှင်...
ဝမ်လင်လင်၏အိမ်ခန်းဖော်က...
ဝိန်းရိဖန်?
စုဟောက်အန်းက ဖုန်းတစ်ချက်ခေါ်ဆိုလိုက်ပြီး မျက်ခုံးများပါ ပင့်မြှောက်ပစ်လိုက်၏။
ဤအချိန်လေးအတွင်း ယခုလိုမတော်တဆမှုများက မကြာခဏဆိုသလို ဖြစ်လာပါလေရော့၏။
ဝိန်းရိဖန်က အရင်ကထက်ပို၍အလုပ်များလာပြီး တစ်ခါတစ်ရံ အိမ်သို့ပင် မပြန်လာဖြစ်ပေ ၊ ထို့ကြောင့် အလုပ်ဌာနကိုပါ အခြားနေအိမ်တစ်ခုအဖြစ် သတ်မှတ်ထားလိုက်တော့သည်။ ပင်ပန်းလွန်းသည့်အခါမျိုးတွင် မတ်တပ်ရပ်ပြီးအိပ်နေသည့်အလား အနားယူရသေးသည်။
နေ့နေ့ညည အချိန်ပိုများဆင်းနေရခြင်းကြောင့် အခြားကိစ္စများကိုပင် မတွေးမိ ၊ မကြာသေးခင်ကမှတွေ့ထားခဲ့သည့် စန်းရန်သည်ပင် အဆက်အသွယ်လည်းမရှိ ၊ မတွေ့လည်းမတွေ့ဖြစ်ကြတော့သည့်အတွက် မတွေ့ရကြာပြီဖြစ်သောသူငယ်ချင်းဟောင်းကြီးအဖြစ်သို့ တဖန် ပြောင်းသွားခဲ့ပြီဖြစ်သည်။
ဤပုဂ္ဂိုလ်အကြောင်းအား အားလပ်နေသည့်အချိန်ကလေးအတွင်း တွေးကြည့်မိလိုက်လျှင် ဝိန်းရိဖန်တွေးမိသည့် တစ်ခုတည်းသောအတွေးမှာ သူတို့နှစ်ဦး နောက်ထပ်ပြန်မတွေ့နိုင်လောက်တော့မည့်အကြောင်းပင် ဖြစ်၏။
တနင်္ဂနွေနေ့ ညတွင်။
ဝိန်းရိဖန်က အလုပ်များကိုလက်စသတ်နိုင်လိုက်သဖြင့် အိမ်ပြန်ရေချိုးပြီးအနားယူဖို့ရာ အခွင့်အရေးလေးတစ်ခု ရလာခဲ့သည်။ အိမ်တံခါးကို သော့ဖြင့်ဖွင့်ပြီး အိမ်ထဲဝင်ဝင်ချင်းတွင် ယောက်ျားတစ်ယောက်၏နောက်ကျောပြင်ကို မြင်လိုက်ရလေတော့၏။
ယောက်ျားလေးက အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးဖြစ်ကာ သူ့ပုံစံက အခုလေးတင်မှ ဝင်လာပုံရပြီး ရှူးဖိနပ်ပင် မချွတ်ရသေး ၊ ဘေးနားတွင်ကား ခရီးဆောင်အိတ်တစ်လုံးကို ချထား၏။
ဝိန်းရိဖန်၏ဦးနှောက်မှာ ချက်ချင်းဆိုသလို ဗလာသက်သက်ဖြစ်သွားခဲ့ပြီး အသက်ရှူငွေ့များပါ ရပ်တန့်သွားခဲ့တော့သည်။
လွန်ခဲ့သည့်နှစ်ရက်က သူမ သတင်းယူခဲ့သည့် လုယက်မှုအကြောင်းအားတွေးမိလိုက်ကာ နစ်နာသူအမျိုးသမီးက ခုခံမှုပြုခဲ့သဖြင့် လူဆိုးများက ဓါးဖြင့်နှစ်ချက်ထိုးခဲ့ပြီး ယခုလက်ရှိဆေးရုံပေါ်၌ သတိလစ်မေ့မျောနေဆဲ....
လှုပ်ရှားသံကိုကြားလိုက်ခြင်းကြောင့် ယောက်ျားလေးက တစ်ဖက်သို့လှည့်ကြည့်လာ၏။
နှစ်ယောက်သား မျက်ဝန်းလေးခုက ဆုံစည်းလျက်။
သူ့မျက်နှာအား မြင်လိုက်ရသည့်အချိန် ဝိန်းရိဖန်၏ဦးနှောက်ထဲမှ ဗလာကျင်းမှုများက ချက်ချင်းလွှင့်စင်ပျောက်ကွယ်သွားကာ သက်ပြင်းရေးရေးပါ ချမိလိုက်တော့၏။သူမ၏ခြေထောက်များက အနည်းငယ်အားလျော့သွားကြောင်း ခံစားမိနေခဲ့ကာ ထိတ်လန့်လောပြာခြင်းများ၏နေရာတွင် နားမလည်နိုင်ခြင်းများက အစားထိုးဝင်ရောက်လာ၍
"နင် ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်နေတာလဲ"
စန်းရန်က မျက်မှောင်ကျုံ့လိုက်ပြီး
"ကိုယ်လည်း မင်းကို ဒီနေရာမှာဘာလို့ရှိနေတာလဲဆိုတာ မေးချင်တယ်"
"ငါ ဒီမှာနေတာ"
ဝိန်းရိဖန်၏ဦးနှောက်ထဲ ပရမ်းပတာဖြစ်သွားခဲ့ရင်း
"နင် ဘယ်လိုဝင်လာတာလဲ"
ဤစကားပြောလိုက်ပြီးမှ စန်းရန်၏လက်ထဲတွင်ကိုင်ထားသည့်သော့အား ဝိန်းရိဖန် သတိထားမိလိုက်၏။
---ဝမ်လင်လင်၏သော့။
"...."
တစ်ခဏမျှကြာပြီးသွားနောက်။
ဝိန်းရိဖန်၏စိတ်ထဲ၌ မယုံကြည်ရဲစွာဖြင့်တွေးနေမိသည့်အတွေးတစ်ခုက စန်းရန်၏ပါးစပ်ဖျားမှ စကားလုံးများအဖြစ်ထွက်ကျလာခဲ့တော့၏။
"ကိုယ်က ဒီကိုပြောင်းလာတာ"
"..."
ဖုကျွမ့် ; "ကော..အခုလက်ရှိအချိန် စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲ? "
စန်းရန် ; " ငါ အရမ်းပျော်နေတာလေ"
( T/N ; First Frost Manhua က အခုမှ ဒီအပိုင်းထိပဲ Ongoing ရှိသေးတာ ၊ နောက်ဆို ပုံလေးတွေ မပါနိုင်တော့ဘူးနော် ၊ ကိုယ် ကြုံရင်ကြုံသလိုတော့ ထည့်ပေးပါ့မယ်)
(Zawgyi)
"ဘာ?"
စန်းရန် ; " ? "
စန်းရန် ; "...."
-----
Advertisement
- In Serial43 Chapters
An Heir's Forbidden Love
Sasha works as a maid for the Jefferson's, she gets bullied by the only daughter of the family, Ashley both at home and in school since they go to the same school. Ashley's brother, Jace came back home after years of studying abroad to take over his father's company. And then she fell in love with her boss who is already engaged to a spoilt rich brat in her school.
8 295 - In Serial30 Chapters
Love Can't Be Tamed
Precious moved to South Korea when she was just two years old. She was always the outcast since she was black and thick. Not only was she black but having thighs or a butt was considered ugly. Kim Namjoon was looked upon as the best leader of the famous boy band BTS. He has everything anyone could ask for, but he was still yearning for a normal life. He didn't want to just be seen as Rap Monster or Leader of bts he wanted to be seen as Namjoon. What happens when these two bump into one another?
8 209 - In Serial40 Chapters
Meteor garden imagines
inspired by meteor garden,, 流星花園
8 172 - In Serial27 Chapters
Lucifer (Gender Swap)
Lucifer has always been depicted as a male archangel. But what if Lucifer is really a female?Cover by@SciFiFantasyNerd
8 185 - In Serial32 Chapters
The Forest for the Trees
Quinn spun around the balls of her feet, trying to figure out where that wonderful smell was coming from. The scent of rich coffee and vanilla radiated from a single figure, overwhelming her senses and making the she-wolf dizzy. They locked eyes as they both whispered "mate" under their breath. Quinn then bolted in the opposite direction, so afraid of what would happen next. Being the only fat werewolf in the pack, she wanted to relish in the moment. She had a mate and wanted to prolong the inevitable rejection even for just a little while. But would he reject her?
8 150 - In Serial40 Chapters
Troubled With Tattoos
❝What if I fall?❞❝Then I'll catch you.❞ ❝He was arrogant, obnoxious, funny, cocky, sarcastic, a know it all, a delinquent, a bad influence, yet knowing all these things I still couldn't manage to stay away from him. Something about him just drew me in.❞Secrets, lies and psycho exes rule Violets life. After her younger brothers death, Violets life took a turn for the worse. The grieving daughter moves in with her Aunt and everything seemed fine after that, except they weren't. Mix in a quirky coworker, an old friend, and a guy who always uses his corny pickup lines and you will have a pot of disaster. Violet bumps into a boy at the car repair garage who she also just found out was her new neighbor. Violet tells herself that she is not here to find love. But who is she fooling? Throw in some hot guys with tattoos and you will soon find yourself also troubled with tattoos.Copyright © 2021. All Rights Reserved.
8 206

