《First Frost (Myanmar Translation)》Chapter 10
Advertisement
နှစ်ယောက်သားပြန်ဆုံပြီးကြသည့်နောက်ပိုင်း စန်းရန်ဘက်မှ သူမ၏နာမည်အားခေါ်လိုက်သည်မှာ ပထမဆုံးအကြိမ်။
ဝိန်းရိဖန်၏စိတ်ဝိဥာဥ်အလုံးစုံက လက်ရှိအချိန်တွင်အလွန်တရာတောင့်တင်းနေခြင်းဖြစ်ပြီး မြင်နေရသည့်အရာအားလုံးမှာ ထင်ယောင်ထင်မှားဖြစ်နေရသည့်အလား။ သူမ၏ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်သင့်မသင့်ကိုပင် ဆုံးဖြတ်နိုင်စွမ်းမရှိလေတော့ဘဲ ထိန်းချုပ်မှုအောက်မှလွတ်ထွက်သွားသည့်အတိုင်း အရှေ့သို့သာ ဆက်ပြေးနေမိတော့သည်။
နောက်စက္ကန့်တွင် ဝိန်းရိဖန်၏လက်ကောက်ဝတ်မှာ စန်းရန်၏ဆွဲဖမ်းလိုက်ခြင်းကိုခံလိုက်ရပါတော့၏။
စန်းရန်က သူရှိရာအရပ်သို့ ဆွဲခေါ်လိုက်ပြီး သုံးလိုက်သည့်ခွန်အားမှာ ပြင်းလွန်းသည်လည်းမဟုတ် ငြင်သာလွန်းသည်လည်းမဟုတ်။ဝိန်းရိဖန် ခေါင်းမော့ကြည့်လိုက်လျှင် သူမ၏မြင်ကွင်းအားလုံးမှာ သူ၏တင်းရင်းနေသည့်မျက်နှာကျဖြင့်သာ ပြည့်နှက်နေ၏။ နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည့်သူက ကားတံခါးအား လက်တစ်ဖက်ဖြင့်ဆွဲဖွင့်လိုက်ပြီး အပြုအမူတို့က အနည်းငယ်ဒေါသထွက်နေပုံလည်းရသည်။
"ဘာတွေကြောင်ကြည့်နေတာလဲ"
လမ်းတစ်လျှောက်လုံး အကြောက်ကြောက်အလန့်လန့်ဖြင့် ပြေးလာခဲ့သည့်အတွက် ဝိန်းရိဖန်၏အသက်ရှူနှုန်းများမှာ ပြတ်တောင်းပြတ်တောင်း။ သူ့အား မော့ကြည့်နေပါသော်ငြား အသံတစ်ချက်ခွန်းတုန့်မပြန်နိုင်ပါတော့ဘဲ သူ့လှုပ်ရှားမှုနှင့်စကားလုံးများနောက်သို့သာလိုက်ပြီး ကားထဲဝင်ထိုင်လိုက်သည်။
စန်းရန်က ကားတံခါးကိုပိတ်ပစ်လိုက်၏။
စန်းရန်က ကားတံခါးလော့ခ်ကိုပါ ချပစ်လိုက်ကြောင်း ကားပြတင်းမှန်မှတဆင့် လှမ်းမြင်လိုက်ရသေးသည်။
ထိုယောက်ျားသုံးဦးက အနောက်မှလိုက်၍ မှီလာခဲ့ပြီဖြစ်သည်။
ဤမြင်ကွင်းမြင်လိုက်ရသည့်အတွက် ကျားပုံစံတက်တူးထိုးထားသည့်လူက ကားအတွင်းသို့လှမ်းကြည့်ကာ အခြားလူပိုများပါမပါကို အကဲခတ်ပြီးသွားသည့်နောက်တွင်
"ရွှိုက်ကော..ဒီတစ်ယောက်က မင်းကောင်မလေးလား..အတော်လေးလှတယ်နော်.."
စန်းရန်က တစ်လှမ်းကြည့်လိုက်ပြီး တစ်လုံးချင်းစီစကားဆိုလိုက်၏။
"မင်း သောက်ကြောင်းလား"
စန်းရန်၏တုန့်ပြန်မှုကြောင့် ကျားပုံစံတက်တူးထိုးထားသည့်ထိုလူက ချက်ချင်းဆိုသလိုရှေ့သို့တစ်လှမ်းတိုးလာကာ စန်းရန်၏ပုခုံးကိုတွန်းလိုက်၍
"မင်းက ဒါဘာအချိုးချိုးတာလဲ..ငါက ငါ့သောက်ကြောင်းပါလို့ပြောရင်ရော..စကားကိုကောင်းကောင်းပြောလို့မရဘူးပေါ့လေ ဟမ်?"
စန်းရန်က ထိုလူ၏လက်မောင်းကို ချက်ချင်းဆွဲဖမ်းလိုက်ပြီး တင်းထားသည့်လက်သီးဆုတ်က ညစ်ပတ်သည့်အရာတစ်ခုကိုထိုးချပစ်လိုက်သည့်အလား တတ်နိုင်သမျှလွှင့်သထက်လွှင့်ထွက်သွားအောင် ထိုးလိုက်တော့သည်။
သူ့မျက်ဝန်းများထဲတွင် အနွေးဓါတ်ဟူ၍မရှိ ၊ သူ့အသံစတို့ကလည်း ယောက်ယတ်ခတ်နေခြင်းမျိုးလုံးဝမရှိပါဘဲ
"သွားမှာလား မသွားသေးဘူးလား?"
"ဖြစ်တယ်လေ..ငါကလည်း ကျိုးသင့်ကြောင်းသင့် မရှိတဲ့သူမျိုးမဟုတ်ပါဘူး"
ကျားပုံစံတက်တူးထိုးထားသည့်လူက နောက်ဆုတ်ပေးမည့်သဘောကိုဆောင်ကာ ဝိန်းရိဖန်ရှိနေသည့်ကားထဲသို့ လက်ညှိုးထိုးလိုက်၍
"မင်းကားပေါ်က ဟိုသောက်ကောင်မကို ဆင်းလာပြီး မကောင်းတဲ့ဟာမတွေလိုပုံစံမျိုးနဲ့ ငါ့ကို လာတောင်းပန်ခိုင်း..."
စန်းရန်တစ်ယောက် သူ့အကြောအချဥ်များကိုလာထိပါးနေသလိုပင်ခံစားမိလိုက်ရပြီး သတိပေးခြင်းလုံးဝမရှိဘဲ ရုတ်တရက်ဆန်ဆန် ထိုလူ၏ဗိုက်အား ကန်ကျောက်ပစ်လိုက်၏။
ဤတစ်ကြိမ်တွင် သူ့ခွန်အားကို ဆယ်ပုံရှိလျှင် ဆယ်ပုံလုံး သုံးပြီးကန်ပစ်လိုက်သည့်အတွက် ကားထဲတွင်ရှိနေသည့် ဝိန်းရိဖန်သည်ပင် အသံကျယ်ကြီးတစ်ချက်ကို ကြားလိုက်ရသည်။
ကျားပုံစံတက်တူးထိုးထားသည့်သူ၏စကားများဟာ ကြားဖြတ်နှောက်ယှက်ခံလိုက်ရပြီး လူတစ်ယောက်လုံးကလည်း အနောက်သို့ သုံးလေးလှမ်းပင်ဆုတ်သွားခဲ့ကာ ခါးရောဗိုက်ကပါ ကွေးညွှတ်သွားခဲ့၍ ပါးစပ်မှနေပြီးဆဲရေးသည့်စကားလုံးများက ခက်ခက်ခဲခဲထွက်ကျလာတော့သည်။
"ငါ-ူး..မင်းမေ..."
ထိုလူအနောက်တွင်ပါလာသည့် အခြားလူနှစ်ယောက်မှာ ကြောင်အလျက်သား။
ကျားတက်တူးထိုးထားသည့်လူ၏ဆဲရေးညည်းတွားလိုက်သည့်အသံကိုကြားသည့်အချိန်တွင်မှသာ ကူညီပေးရန်အရှေ့သို့ပြေးဝင်လာကြတော့၏။
ဝိန်းရိဖန်က ကတုန်ကယင်ဖြင့် လက်ကိုင်ဖုန်းကိုထုတ်ယူပြီး ရဲကိုအကြောင်းကြားရန်ပြင်လိုက်သည်။
စန်းရန်က အမြဲတမ်းလိုလို ပျင်းတိပျင်းရွဲဖြင့်သာ နေလေ့ရှိပြီး မည်သည့်အရာကိုမှ ဂရုမစိုက်တတ်ပေ။ လူတစ်ယောက်ကိုကြည့်သည့်အခါမျိုး၌ပင် ခနဲ့တဲ့တဲ့အပြုံးတစ်ခုက အမြဲတမ်းရှိနေတတ်သော်လည်း လက်ရှိအချိန်တွင်တော့ သူ့မျက်နှာတွင် မည်သည့်အမူအရာမျိုးမှမရှိနေဘဲ အမှန်တကယ်ဒေါသထွက်နေပုံရသည်။
မည်းနက်နေသည့်သူ့မျက်ဝန်းအိမ်များက သူ့အရှေ့တည့်တည့်တွင်ရှိနေသည့်ထိုလူအား ပုတ်သိုးနေသည့်အသားတုံးတစ်ခုသဖွယ် မှုန်မှိုင်းမှိုင်းစိုက်ကြည့်နေလေသည်။
လူနှစ်ယောက်က တစ်ချိန်တည်းပြေးလာပြီး သူ့အားဖမ်းချုပ်ထားဖို့ရာ ကြိုးစားတော့၏။
စန်းရန်က ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်၏ဆံပင်ကို အမြန်ဖမ်းဆွဲလိုက်ပြီး ဆွဲရမ်းကာ ဘေးနားမှ လမ်းမီးတိုင်နှင့်ခေါင်းကိုပစ်ဆောင့်ပစ်လိုက်၏။အခြားတစ်ယောက်က ဤအခွင့်အရေးကိုအမိအရယူပြီး စန်းရန်၏မျက်နှာအား တစ်ချက်ထိုးချပစ်လိုက်သည်။
သူ ရှောင်ဖို့ရာမမှီတော့သည့်အတွက် မျက်နှာက တစ်ဖက်သို့ လည်ထွက်သွားခဲ့၏။
နောက်တစ်ချီအတွက် နေရာပြန်ယူကြသည်မှာ တစ်ခဏ။
စန်းရန်က နာကျင်မှုကြောင့်ကျိုးကြောင်းမသင့်တော့သည်လားမသိ ၊ ဒဏ်ရာရသွားပြီးမှ ရုတ်တရက်ကြီး ပြုံးနေလေတော့သည်။
ဝိန်းရိဖန်က သူမထွက်သွားလျှင်လည်း အကူအညီမရမည့်အပြင် စန်းရန်ကိုပါ ပြဿနာထပ်ပေးနေမိမည်ကိုနားလည်နေခဲ့သဖြင့် မျက်လုံးစုံမှိတ်ပြီးသာ ငြိမ်နေမိတော့၏။ သူမအနေဖြင့် စန်းရန်အရိုက်ခံနေသည့်မြင်ကွင်းကိုလည်း မကြည့်နေချင်မိသလို ထိုလူများထံ၌ အန္တရာယ်ဖြစ်စေမည့်လက်နက်များရှိနေမည်ကိုလည်း စိုးရိမ်နေမိပါသေးသည်။
ထို့ကြောင့် မျက်လုံးကိုရဲရဲဖွင့်ပြီး အပြင်ဘက်သို့သာ မျက်တောင်မခတ်တမ်းစူးစိုက်ကြည့်နေလိုက်တော့သည်။
ကျန်သည့်နှစ်ယောက်အား အနားကပ်လာသည့်အချိန်၌သာ လုံးထွေးပစ်ပြီး စန်းရန်၏ ခွန်အားအကုန်လုံးဖြင့် အဓိကပစ်မှတ်ထား ထိုးကျိတ်နေသည့်သူမှာ ကျားတက်တူးနှင့်လူကိုသာ ဖြစ်သည်။ ထိုးရင်းကျိတ်ရင်းဖြင့်လည်း စန်းရန်၏နှုတ်ခမ်းက ဖွင့်လိုက်ပိတ်လိုက်ဖြင့် ခပ်တိုတိုစကားလုံးများကို ပြောနေမှန်း ဝိန်းရိဖန်လှမ်းမြင်နေခဲ့ရသည်။
သို့သော် အကွာအဝေးတစ်ခုက ခြားနားနေသည့်အတွက် စန်းရန်ပြောနေသည့်စကားများကို မကြားရပါပေ။
ကံကောင်းစွာဖြင့် အနီးတစ်ဝိုက်တွင်ကင်းလှည့်နေသည့်ရဲများက အမြန်ပြေးလာကြပြီး
"ဝေ့!..ဘာလုပ်နေကြတာလဲ!"
ဝိန်းရိဖန်က ချက်ချင်းကားပေါ်မှဆင်းလာခဲ့ကာ စန်းရန်ရှိနေသည့်နေရာသို့ ပြေးသွားလိုက်၏။ စန်းရန်အား ပြဿနာရှာသူအဖြစ်ဖြင့် ရဲအရာရှိများဘက်မှ အထင်မြင်လွဲသွားမည်ကို စိုးရိမ်သည့်အတွက် စန်းရန်အား သူမ၏အနောက်သို့ဆွဲပို့ပစ်လိုက်၍
"ရဲအရာရှိကြီး..ခုဏတုန်းက အကြောင်းကြားတဲ့သူက ကျွန်မပါ..ဒီတစ်ယောက်က ကျွန်မရဲ့မိတ်ဆွေ.."
စန်းရန်၏မျက်နှာက သိသိသာသာကိုဒဏ်ရာရနေခဲ့ပြီး နှုတ်ခမ်းထောင့်စွန်းများတွင် သွေးစများ ၊ အရေပြားပေါ်၌ ခြစ်ရာပွန်းရာများအပြင် မျက်နှာဘေးနားတွင်လည်း သွေးစို့နေသေးသည်။ သူ့မျက်ဝန်းများထဲမှခံစားချက်အချို့မှာ ပြယ်ပျောက်သွားခဲ့ပုံရကာ မျက်လွှာကိုအောက်ချထားရင်းက ဝိန်းရိဖန်၏သေးသေးသွယ်သွယ်လည်တိုင်လေးကိုသာ လှမ်းကြည့်နေပြီး စကားတစ်ခွန်းမှမဆိုလာပါတော့၏။
-----
မှတ်တမ်းအတွက် လူတစ်စုလုံးက ရဲစခန်းဆီသို့ သွားကြရတော့သည်။
နှစ်ဦးနှစ်ဖက်စလုံး ဒဏ်ရာရထားကြသည်ကိုကြည့်ခြင်းအားဖြင့် တစ်ဖက်ဖက်က ခုခံနေရသည့်အခြေအနေမျိုးမဟုတ်ဘဲ နှစ်ဖက်စလုံး တိုက်ခိုက်ခဲ့ကြသည့်ပုံစံမျိုးပေါက်နေခဲ့သည်။သို့သော် ကျားတက်တူးနှင့်လူက ရာဇဝတ်မှုမှတ်တမ်းရှိထားသည့်သူဖြစ်သည့်အပြင် ယနေ့ အချုပ်မှလွတ်ခွင့်ရရခြင်းတွင် အရင်ပြစ်မှုမှ ခံရသူ အား ထပ်ပြီးနှောက်ယှက်သည့်အတွက် သူ့အခြေအနေမှာ ပိုဆိုးရွားပြီဖြစ်သည်။
ကျားတက်တူးနှင့်လူမှလွဲ၍ ကျန်သူများအား ဆုံးမစကားတစ်ချို့ ပြောဆိုလိုက်ပြီးနောက် ဒဏ်ငွေအနည်းငယ်ပေးဆောင်စေကာ ပြန်လွှတ်ပေးလာခဲ့၏။
ရဲစခန်း၏အပြင်ဘက်တွင်။
ဝိန်းရိဖန်က စန်းရန်၏မျက်နှာအား မသိမသာလေးလှမ်းကြည့်လိုက်၍
"နင်..ဆေးရုံသွားလိုက်မလား"
စန်းရန်က စိတ်မကြည်သည့်အတွက် ဝိန်းရိဖန်အား လျစ်လျူရှုထားလိုက်သည်။
Advertisement
"နင် တခြားနေရာတွေမှာရော ထိခိုက်မိတာမျိုးရှိသေးလား"
သူမ၏ပြဿနာထဲသို့ ဆွဲသွင်းမိထားခြင်းကြောင့် ဝိန်းရိဖန်က စိတ်မသိုးမသန့်ဖြစ်နေရပြီး
"ငါတို့ ဆေးရုံကိုသွားလိုက်ရအောင်..အချိန်လည်း ဘယ်လောက်မှကုန်..."
စန်းရန်က စကားကိုဖြတ်ပြောလိုက်၏။
"ဝိန်းရိဖန်"
ဝိန်းရိဖန် မျက်လွှာပင့်ကြည့်လိုက်၍
"ဘာဖြစ်လို့လဲ"
စန်းရန်သည်လည်း သူမအား လှမ်းကြည့်နေခြင်းဖြစ်ကာ
"ငါ အဲ့နားမှာရပ်နေတာကို မင်းမမြင်လို့လား"
ဝိန်းရိဖန်က နားမလည်သည့်အတွက် လှမ်းကြည့်နေရင်း
"ဘာကို.."
"မင်း ငါ့ကိုအကူအညီလှမ်းမတောင်းဘဲ ဘာလို့လျှောက်ပြေးနေတာလဲ"
"...."
"ငါ မင်းကို လာခဲ့ဖို့ လှမ်းခေါ်လိုက်တာရော မကြားဘူးလား?"
စန်းရန်၏အသံတို့ထဲတွင် ဟိတ်ဟန်များလုံးဝမပါ ၊ ထေ့ငေါ့မှုများသာ ပြည့်နှက်နေပြီး
"မျက်လုံးကလည်းမမြင် ၊ နားကလည်းမကြား ၊ တုံးကလည်းတုံး..ခြေထောက်နှစ်ချောင်းနဲ့ပြေးဖို့လောက်ပဲစဥ်းစားနေတာလား ဟုတ်လား"
စန်းရန်က သူမကိုဝင်ကူညီရင်း ဒဏ်ရာရထားသည့်သူဖြစ်သည့်အတွက် ဝိန်းရိဖန်အနေဖြင့် စန်းရန်၏အပြစ်တင်ချက်များကို စိတ်မကွက်ပါပေ။ ဘယ်လိုပင်ဖြစ်နေပါစေ သူမ၏အရှေ့တွင်ရှိနေသည့်သူနှင့်ပတ်သတ်ပြီး သူပြောသမျှကမှန်ကန်နေသည်ဟုသာတွေးမိသည့်အတွက်
"ငါ နင့်ကိုအကူအညီတောင်းမယ်ဆိုပြီး စဥ်းစားခဲ့ပါသေးတယ်..ဒါပေမယ့် ဟိုလူတွေက လက်ပါလာနိုင်လားဆိုတာမသေချာတာမလို့ နင့်ကိုဆွဲမထည့်ချင်လို့ပါ"
စန်းရန်က နင့်နင့်နဲနဲကို စိုက်ကြည့်နေပြီး ဝိန်းရိဖန်၏ရှင်းပြချက်များကို နားထောင်နေခဲ့သည်။
"ပြီးတော့..အဓိကအချက်က သူတို့ဘက်က လူသုံးယောက်ဆိုတော့ နင် မချနိုင်လောက်ဘူးလို့ ထင်လိုက်မိလို့"
"...."
စန်းရန် ဒေါသထွက်ထွက်ဖြင့်ပင် ရယ်မိလိုက်ပြီး ပြောစရာစကားများပင်မဲ့သွားခဲ့ရတော့သည်။
ဆေးဆိုင်တစ်ခုအား ဖြတ်သွားလုနီးနီးအချိန်တွင်။
ဝိန်းရိဖန်က ခြေလှမ်းများကိုရပ်လိုက်ပြီး စန်းရန်၏မျက်နှာအားလှမ်းကြည့်၏။
"နင် ဒီနေရာမှာ ခဏလေးစောင့်နေ"
စန်းရန်၏တုန့်ပြန်ချက်ကို မစောင့်တော့ဘဲ ဝိန်းရိဖန်က ဆေးဆိုင်ဆီသို့လျှောက်လာလိုက်ကာ သွေးထွက်ဒဏ်ရာအတွက် ဆေးတစ်ချို့ကို ဝယ်လိုက်၏။ထို့နောက် အနီးအနားသို့ ဝေ့ဝဲကြည့်လိုက်လျှင် အနည်းငယ်လူခြေတိတ်သည့်နေရာမှ ခုံတန်းလေးတစ်ခုအား တွေ့လိုက်ရ၏။
နှစ်ယောက်သားက ထိုနေရာသို့ လျှောက်သွားလိုက်၏။
"ဆေးလိမ်းလိုက်ဦး"
ဝိန်းရိဖန်က လက်ထဲမှအိတ်ကို လှမ်းပေးလိုက်ရင်း စိတ်ရင်းအမှန်တို့ဖြင့်လည်း စကားဆိုလိုက်၏။
"နင် ဒီပုံစံနဲ့ဆိုရင် အပြင်ထွက်ပြီး တစ်ယောက်ယောက်ကိုတွေ့ဖို့အဆင်ပြေမှာမဟုတ်ဘူး"
စန်းရန်၏အသက်ရှူနှုန်းများအရ သူ့ပုံစံက သက်တောင့်သက်တာမရှိလှ ၊ သူက သူမအား တစ်ခဏမျှစိုက်ကြည့်နေပြီးနောက်မှ စကားတစ်ခွန်းမဆိုဘဲ ဆေးအိတ်အား ဆွဲဖြဲဖွင့်ကြည့်လိုက်တော့သည်။
ဝိန်းရိဖန်လည်း စကားမဆို ၊ စန်းရန်က သူ့အင်္ကျီလက်ကိုခေါက်တင်ပြီး လက်ဖျံပေါ်မှဒဏ်ရာများအား ဆေးလိမ်းနေသည်ကို ကြည့်နေလိုက်၏။ကြည့်နေလေလေ ကိုယ့်ကိုကိုယ်အပြစ်တင်ပြီးမသိုးမသန့်ဖြစ်လာရသည့်စိတ်မှာများလာလေလေပင်။
စန်းရန်၏ ဒဏ်ရာကိုဆေးလိမ်းနေသည့်ပုံစံက အညှာအတာမရှိ ၊ ပြီးစလွယ်ဖြင့်သာ ခပ်မြန်မြန်လှုပ်ရှားသွားခြင်းဖြစ်သည့်အတွက် ကြည့်နေသူ ဝိန်းရိဖန်အတွက်တော့ စန်းရန်က ဆေးလိမ်းသည်နှင့်မလိမ်းခြင်းကြား ဘာမှပင်မကွာပါတော့ချေ။
ထို့နောက်တွင် ဒူး ၊ နောက်ဆုံးတွင်ကား မျက်နှာ။
ပြဿနာက ဤနေရာတွင် စလေပြီ။
မျက်နှာဆိုသည်မှာ မမြင်ရသည့်နေရာအစိတ်အပိုင်း ၊ အနီးအနားတွင်လည်း မှန်နှင့်ပတ်သတ်သည့်အရာဟူ၍ ဘာမှမရှိ ၊ ထို့ကြောင့် စန်းရန်က မမြင်မစမ်းဖြင့်သာ လိမ်းရတော့၏။ ထိုအချိန်အထိ စန်းရန်က သူ့ခွန်အားကို တစ်စက်လေးမှမလျော့ဘဲ ထိလိုက်သည့်နေရာတိုင်းသည်လည်း ဒဏ်ရာနှင့်ဆေး အသားမကျပေ။တစ်ချက်ချက်တွန့်ချိုးသွားသည့် စန်းရန်၏မျက်ခုံးများကိုကြည့်ရင်း မနေနိုင်တော့သည့်ဝိန်းရိဖန်က
"ငါ နင့်ကိုကူညီပေးမယ်"
စန်းရန်က သူမအားတစ်ချက်လှမ်းကြည့်လာရင်း သုံးလေးစက္ကန့်မျှရပ်တန့်သွားပြီးနောက်တွင်မှ လက်ထဲတွင်ကိုင်ထားသည့်အရာများအား လှမ်းပေးလာခဲ့သည်။
ဝိန်းရိဖန် အနားသို့ကပ်သွားလုနီးနီးတွင် စန်းရန်ထံမှ စကားတစ်ခွန်းကြားလိုက်ရပါတော့၏။
"ကိုယ့်ကို အသားမယူနဲ့"
"..."
ဝိန်းရိဖန် ကြောင်အမ်းလျက်သားဖြင့်ငြိမ်နေမိပြီး အသက်ရှုငွေ့များကိုပင် မျိုချမိလိုက်၏။
"ကောင်းပါပြီ..ငါ သေချာဂရုစိုက်ပါ့မယ်"
ဝိန်းရိဖန်က ဆေးပါသည့်ဂွမ်းစကိုယူလိုက်ပြီး သူ့မျက်နှာပေါ်မှဒဏ်ရာများကို အသေအချာကြည့်ကာ ဂရုတစိုက်သုတ်ပေးလိုက်၏။ သူ့ဒဏ်ရာအားထိလိုက်သည်နှင့်တပြိုင်နက် စန်းရန်က အပ်ဖြင့်ထိုးခံလိုက်ရသည့်အလား စုတ်တစ်ချက်သပ်ပါလေတော့သည်။
ဝိန်းရိဖန်လည်း ချက်ချင်းဆိုသလိုရပ်လိုက်မိ၏။
ပြဿနာမရှိ ပြဿနာကြံဖန်ရှာနေသည့် စန်းရန်က မသာမယာဖြစ်သွားရသည့်အမူအရာဖြင့်
"မင်း အားကိုလျော့သုံးပေးလို့မရဘူးလား"
ဝိန်းရိဖန် ; "...."
သူမ ထိတောင်မထိရသေးဘူးလားလို့?...
ဝိန်းရိဖန်က စိတ်ရှည်ရှည်ဖြင့်သာပြန်ဖြေလိုက်၏။
"အင်းပါ..ငါ ဖြေးဖြေးပဲလုပ်ပါ့မယ်"
နှစ်ယောက်ကြား၏အကွာအဝေးမှာ တဖြည်းဖြည်းနှင့်ကျဥ်းမြောင်းလာခဲ့တော့သည်။
ဝိန်းရိဖန်က သူ့ဒဏ်ရာများအား ဂရုတစိုက်ကြည့်ရင်း စန်းရန်မကျေမနပ်ထပ်ဖြစ်မည်ကိုစိုးရိမ်သည့်အတွက်လည်း အပြုအမူများကိုအထူးတလည်သတိထားနေမိတော့၏။ တရွေ့ရွေ့ဖြင့်အောက်ဘက်သို့ဆင်းလာသည်နှင့်အမျှ နှုတ်ခမ်းထောင့်များအား ဆေးလိမ်းပေးမည့်အချိန်တွင် ဝိန်းရိဖန်က ဂွမ်းစအသစ်တစ်ခုကိုထပ်ယူကာ ဖွဖွလေးထိတွေ့ပေးလိုက်၏။
အပြုအမူများအားလုံး ချောချောမွေ့မွေ့ပြီးသွားသည့်နောက်တွင် ဝိန်းရိဖန်က မျက်ဝန်းများကိုပင့်ကြည့်လိုက်ရာ သူ့မျက်ဝန်းများဖြင့် ဆုံလေတော့သည်။
လေထုတစ်ခွင်မှာ တစ်ခဏတာအေးခဲသွားပါလေရော့၏။
"ဆေးလိမ်းရုံလေးပဲဟာ.."
စန်းရန်၏မျက်ဝန်းများက မည်းသထက်မည်းနက်လာရင်း အသံများကလည်း ပို၍သြရှရှနိုင်လာကာ
"မင်း ဒီလောက်ထိ အနားကိုကပ်လာစရာလိုလို့လား"
"...."
ဝိန်းရိဖန် ခပ်မတ်မတ်ပြန်ထိုင်မိလိုက်၍
"တောင်းပန်ပါတယ်..ဒီနေရာက နည်းနည်းမှောင်နေတော့ ငါ သိပ်မမြင်ရလို့"
ပြောပြီးပြီးချင်းတွင် ဝိန်းရိဖန်က ဆက်၍
"လိမ်းပြီးပြီ"
နောက်တွင်တော့ တခြားထူးထူးခြားခြားဘာမှမဖြစ်ပါပေ။
စန်းရန်က ခုံတန်းကိုမှီလိုက်ပြီးနောက်
"ဒီနေ့က ဘယ်လိုဖြစ်တာလဲ"
ဝိန်းရိဖန်က မျက်လွှာချထားရင်း ခုံတန်းပေါ်မှ ပစ္စည်းများကိုသိမ်းဆည်းနေခဲ့ကာ ဖြေးဖြေးချင်းရှင်းပြလာ၏။
"နှစ်သစ်ကူးညက စ,တယ်လို့ပဲ ပြောရမယ်ထင်တယ်..ခုဏကလူတွေထဲက အသန်ဆုံးတစ်ယောက်က ငါ့ရဲ့ဘေးအခန်းမှာနေတဲ့လူ..မကြာခဏ ငါ့အခန်းတံခါးကို လာလာခေါက်တတ်လို့ ငါက ရဲခေါ်အကြောင်းကြားလိုက်တာ..သူ အချုပ် ငါးရက်ကျသွားသေးတယ်..ဖြစ်နိုင်တာကတော့ သူ မကျေနပ်လို့နေမှာ"
ဤစကားကိုနားထောင်နေသည့် စန်းရန်၏အသွင်အပြင်မှာ အကောင်းဘက်သို့ရောက်မနေ။
Advertisement
"မင်း ဒီနေ့ညရော အဲ့အစုတ်ပလုတ်နေရာမှာ သွားနေနေဦးမှာလား"
"ငါ အိမ်ခန်းအသစ်ကိုရှာထားပြီးပါပြီ..ပြောင်းဖို့ အချိန်မရတော့လို့သာ..ငါ ဒီနေ့ညတော့ အဆင်ပြေမယ့် ဟို...."(ဟိုတယ်)
ဤအထိစကားဆိုပြီးကာမှ အခြားတစ်ခုကိုပြန်ပြောင်းဆိုလိုက်၏။
"သူငယ်ချင်းအိမ်မှာ သွားနေမှာ"
စန်းရန်က စကားကိုဆက်မမေးတော့ဘဲ 'အင်း' ဟုသာ အသံတစ်ချက်ပြုလိုက်သည်။
အချိန်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဝိန်းရိဖန်က အရင်ဆုံး မတ်တပ်ရပ်လိုက်၍
"ငါတို့ သွားရအောင်လေ..တော်တော် နောက်ကျနေပြီ..နင်လည်း စောစောပြန်ပြီးအနားယူလိုက်နော်..စုဟောက်အန်းရဲ့ကားက ငါ့အိမ်နားမှာရပ်ထားခဲ့တာဆိုတော့ နင် တစ်ခေါက်လောက်တော့ ထပ်ပြီးအပင်ပန်းခံရဦးမယ်"
စန်းရန်က ခေါင်းသာငြိမ့်ပြပြီး စကားတစ်ခွန်းမဆို။
နှစ်ယောက်သား တက္ကစီတစ်စီးဖြင့် 'ကျားယွမ့်'ရပ်ကွက်ဆီသို့ ပြန်လာခဲ့ကြသည်။
ကားပေါ်မှဆင်းလာသည့်အချိန်၌ ဝိန်းရိဖန်ဘက်မှ နှုတ်ဆက်စကားမပြောလိုက်ရခင်ပင် စန်းရန်က အိမ်ရာဝန်းထဲသို့ တိုက်ရိုက်လျှောက်ဝင်လာတော့သည်။ စန်းရန် ဘာလုပ်ချင်မှန်းမသိသည့်အတွက် ဝိန်းရိဖန်က အနောက်မှအမြန်လိုက်သွားခဲ့ရင်း
"နင် တခြားဘာလုပ်စရာရှိသေးလို့လဲ"
စန်းရန် ;
"အပေါ်တက်သွားပြီး ပစ္စည်းတွေသိမ်းမလို့"
ဝိန်းရိဖန် ;
"အမ်?"
သူ့စကားလုံးတိုင်းက ဤပတ်ဝန်းကျင်၏ညစ်ညမ်းမှုများကို အတိုင်းသားဖော်ပြနေသည့်အလား
"ဒီစုတ်ပဲ့နေတဲ့နေရာကို ပြန်လာဖို့ စဥ်းစားနေသေးတာလား"
"...."
ဤအဓိပ္ပါယ်က သူမနှင့်အတူ အပေါ်ထပ်သို့လိုက်လာပြီး ပစ္စည်းသိမ်းပေးမည်ဆိုသည့်အဓိပ္ပါယ်မဟုတ်လား?..
ဝိန်းရိဖန်သည်လည်း အပေါ်ထပ်သို့တက်သွားရမည့်ကိစ္စနှင့်ပတ်သတ်ပြီး တွေးပူနေမိသည်မှာ အမှန်ပါပင် ၊ ဘယ်လိုပင်ဖြစ်စေ မကြာသေးခင်ကမှဖြစ်သွားသည့်အဖြစ်အပျက်တစ်ခုကြောင့် တစ်ကိုယ်တည်း အပေါ်တက်သွားဖို့လည်း မရဲသလို ၊ အဖော်လုပ်ပြီး လိုက်ပေးနိုင်မည့်သူကိုလည်း ချက်ချင်းလက်ငင်းရှာမတွေ့နိုင်ကာ စန်းရန်ကို အကူအညီတောင်းရန်အတွက်ကလည်း အားနာမိသောကြောင့်ဖြစ်သည်။
သို့သော်လည်း စန်းရန်ကိုယ်တိုင် ပြောလာသည့်အချိန်တွင်တော့ အနည်းငယ်သက်သာရာရသွားခဲ့၏။
ဝိန်းရိဖန် ;
"နင့်ကို ကျေးဇူးတင်ပါတယ်"
စန်းရန်တစ်ယောက် ဝိန်းရိဖန်အား အာရုံစိုက်ပြနေဖို့ရာကိုပင် ပျင်းရိလွန်းလှသည့်အလား။
ဤပတ်ဝန်းကျင်၏ နေထိုင်မှုပုံစံစီမံချက်များမှာ အားနည်းညံ့ဖျင်းလွန်းလှသည်ဟုဆိုရမည်။
ဝိန်းရိဖန် နေထိုင်သည့်အဆောက်အဦးရှိ အလွှာတစ်ထပ်စီတိုင်းတွင် ပျက်နေသည့်မီးလုံးများစွာရှိကာ လမ်းသွားလမ်းလာများအဖို့ လမ်းကိုပင်အသေအချာမမြင်ရလောက်အောင် မှောင်မည်းလွန်းသည့်အခြေအနေ။လာရောက်ပြင်ဆင်မည့်သူလည်း ရှိပုံမရ ၊ ကော်ရစ်တာထောင့်တိုင်းတွင် အမှိုက်များစုပုံထားကြပြီး အနံ့အသက်တို့မှာလည်း မကောင်းလှပေ။
ယခင်ကဆိုလျှင် ဤအချင်းအရာများနှင့်ပတ်သတ်ပြီး ဝိန်းရိဖန် အဘယ်လိုမှမခံစားခဲ့ရသော်ငြား သည်သခင်လေးဘေးနားတွင် ရှိနေသည့်လက်ရှိအချိန်တွင်တော့ သူမ၏အခြေအနေနှင့်ပတ်သတ်၍ အနည်းငယ် ကသိကအောက်နိုင်သောရှက်စိတ်တို့ဝင်လာခဲ့ရသည်။
သို့သော်လည်း စန်းရန်က မည်သည့်မှတ်ချက်မျိုးမှ မပြုခဲ့ပါပေ။
အိမ်ခန်းအရှေ့သို့ရောက်သည့်အချိန်တွင် ဝိန်းရိဖန် သော့ထုတ်လာပြီး တံခါးဖွင့်လိုက်၏။
စန်းရန်က မိန်းကလေးတစ်ယောက်၏အိမ်ထဲသို့ လက်လွတ်စပယ်မဝင်လာဘဲ အိတ်ကပ်ထဲသို့ လက်ကိုထည့်ထားရင်း အပြင်ဘက်၌သာရပ်နေခဲ့သည်။
"အပြင်ဘက်မှာပဲ မင်းကို စောင့်နေမယ်"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်၏။
အထဲသို့ဝင်လာပြီး ကုတင်အောက်မှ ခရီးဆောင်အိတ်အားထုတ်ယူလိုက်သည်။
နန်းဝူမြို့သို့ ရောက်လာသည့်အချိန်မှာ သုံးလပင် ရှိသေးသည်။သူမ ပြောင်းမလာခင်ကလည်း ရောင်းသည့်ပစ္စည်းများအားရောင်း ၊ စွန့်ပစ်ခဲ့သည့်ပစ္စည်းများလည်း အများအပြားရှိကာ ၊ အချိန်တစ်ခုစာအတွင်း အသစ်ဝယ်ထားသည့်ပစ္စည်းများလည်းမရှိသဖြင့် သူမ၏အထုတ်အပိုးများက နန်းဝူမြို့သို့ စရောက်ခါစအချိန်ကနှင့် မခြားမနားပင်။
ခရီးဆောင်အိတ်တစ်ခုအပြင် ရှုံ့ကြိုးအိတ်တစ်ခုစာသာ ရှိ၏။
မည်သည့်ပစ္စည်းမှ မကျန်ကြောင်း စစ်ဆေးပြီးနောက် ဝိန်းရိဖန်က တံခါးပိတ်ပြီး ထွက်လာခဲ့လိုက်သည်။
စန်းရန်က သူမ၏ခရီးဆောင်အိတ်ကိုကြည့်ရင်း
"ဒါလေးပဲလား"
"အင်း"
စန်းရန်က စကားထပ်မဆိုတော့ဘဲ ဝိန်းရိဖန်၏ အိတ်နှစ်လုံးကိုသယ်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်၏။ အိမ်ရာဝန်းထဲမှထွက်လာပြီး သူမ၏ပစ္စည်းများအား ကားနောက်ဖုံးထဲသို့ထည့်လိုက်ပြီးနောက် ယာဥ်မောင်းနေရာတွင်ဝင်ထိုင်လိုက်သည်။
"မင်းသူငယ်ချင်းအိမ်က ဘယ်နားမှာလဲ"
ဝိန်းရိဖန်က ဟိုတယ်တစ်ခုရှာပြီးနေလိုက်ရမည်လော ဒါမှမဟုတ် ဝမ်လင်လင်ထံ စာပို့ပြီး ယနေ့ည၌ လာနေခွင့်ပေးရန်တောင်းလိုက်ရမည်လော တွေဝေနေသည့်အချိန် ၊ စန်းရန်က စိတ်မရှည်လေဘဲ
"ပြောနေတာမကြားဘူးလား"
ဝိန်းရိဖန်က ရွေးချယ်စရာမရှိတော့သဖြင့်
" 'ရှန့်တုဟွားချန်' "
စန်းရန်က မျက်မှောင်ကျုံ့ရင်း သူမအားတစ်ချက်လှမ်းကြည့်ပြီးမှသာ ကားစက်နှိုးလိုက်သည်။
ဤရပ်ကွက်နှင့် 'ရှန့်တုဟွားချန်' မှာ အလှမ်းနီးပြီး ငါးမိနစ်မျှပင်မကြာပါချေ။
ဦးတည်ရပ်သို့ရောက်သည်နှင့် စန်းရန်က မေးလာခဲ့၏။
"မင်းသူငယ်ချင်းက ဘယ်အဆောက်အဦးမှာနေတာလဲ"
"...."
ဝိန်းရိဖန်က နေရာကိုမှတ်မိသော်လည်း အသေးစိတ်မှတ်မိနေခြင်းမျိုးမဟုတ်သည့်အတွက် အမှန်တိုင်းသာဆိုလိုက်၏။
"ငါ မမှတ်မိတော့ဘူး"
စန်းရန်ကလည်း လောနေခြင်းမျိုးမရှိဘဲ
"မင်း မေးကြည့်လိုက်လေ"
ဝိန်းရိဖန်က ဝမ်လင်လင်ထံအကြောင်းကြားထားပြီးဖြစ်သော်ငြား တစ်ဖက်လူက ဖုန်းမက်ဆေ့များကို ပြန်စာပို့လာခြင်းမရှိသေး ၊ သူမအနေဖြင့် စန်းရန်ကိုလည်း အချိန်ကြာကြာပြဿနာမပေးချင်သဖြင့်
"သူ ငါ့ကို စာပြန်မပို့သေးဘူး..ကိစ္စမရှိပါဘူး..နင် ငါ့ကို ဂိတ်ပေါက်ဝမှာချပေးခဲ့ရင်ရပြီ"
တိတ်ဆိတ်မှု ကြီးစိုးသွားခဲ့၏။
စန်းရန် ;
"ဒီမှာနေတဲ့သူငယ်ချင်းက တကယ်ရှိတာသေချာလား"
"ဟမ်?"
စန်းရန် စကားဆက်မဆိုတော့၏။
'ရှန့်တုဟွားချန်' ၏ဂိတ်ပေါက်ဝအရောက်တွင် စန်းရန်က ကားရပ်လိုက်ပြီးနောက် ဝိန်းရိဖန်၏အိတ်များကို ကူညီ၍ထုတ်ပေးလာခဲ့သည်။
ဝိန်းရိဖန်က ယဥ်ယဥ်ကျေးကျေးဖြင့်ထပ်၍ကျေးဇူးတင်လိုက်ပြီး
"ဒီနေ့တော့ တကယ်ကို နင့်ကိုအလုပ်ရှုပ်စေမိခဲ့ပြီ..နင် ဘယ်ချိန်လောက်အားမလဲဆိုတာ ကြည့်ပေးပါဦး..ငါ နင့်ကို တစ်ခုခုဖိတ်ကျွေးချင်လို့"
"ထမင်းကျွေးလိုက်တာနဲ့ ကျေရောလား"
စန်းရန်၏အသံနေအသံထားက ပုံမှန်အတိုင်းသာဖြစ်နေပြီး စကားလုံးများက ခပ်ပြတ်ပြတ်ဖြင့်
"ဒီနေ့အတွက်ကတော့ ရင်းနှီးနေတဲ့သူမဟုတ်ရင်တောင် ဒီအတိုင်းပဲ ကူညီပေးဖြစ်မှာ"
ဝိန်းရိဖန်က သူ့မျက်နှာထက်မှ ဒဏ်ရာဒဏ်ချက်များကိုကြည့်နေရင်း မနေနိုင်အောင် ပြောဆိုမိလိုက်တော့၏။
"ဒါဆိုရင်တော့ နင့်ကို တော်တော်သတ္တိရှိတယ်လို့ ချီးကျူးရတော့မှာ..ဒီလိုမျက်နှာကြီးကို တစ်နှစ်ပတ်လုံး ကြည့်နေနိုင်လို့လေ"
"...."
Photo Caption ; ဆေးလိမ်းရုံလေးပဲဟာ...မင်း ဒီလောက်ထိ အနားကိုကပ်လာစရာလိုလို့လား..
(Zawgyi)
Advertisement
- In Serial798 Chapters
Rebirth Of The Heavenly Empress
She is the legendary queen of mercenaries whose name daunts even the big shots in society. With an ancient jade pendant in her hand, she is great at almost everything, be it seeking the truth or the art of healing.
8 937 - In Serial60 Chapters
The Alphas Secret Mate
Hadley lived an exceptionally normal life until she discovered she was half werewolf. When Hadley and her boyfriend are attacked by rouges she joins Tate's pack and uncovers a whole new world. Hadley's biological father has always been a mystery to her but when a werewolf discovers who it is he threatens the lives of not only her mate but three of the largest packs in the northern continent.3rd Place- In the Moonstone Awards
8 174 - In Serial15 Chapters
Don't Disappoint Me
I find the Noah/MC relationship in the Love Island game extremely unsatisfying, so I have created my own story where Noah and MC can be together, no snakes or slimy feelings involved. I also wanted a LI to appreciate MC for something besides her style and loyalty, so I've incorporated a lot of that as well.
8 174 - In Serial59 Chapters
vinnie hacker - do i love you yet? (INCLUDES SMUT!)
this is just vinnie smut for one of my best friends because we're obsessed (more her than me) so this is for you ansh 💗😣vinnie smut story, but with a plot too to follow along with ;).
8 164 - In Serial39 Chapters
How to Love Fame
This job turned Nicole's life around. What happens when she falls in love with one of the best actresses in Hollywood? Will she be able to learn how to love her and the fame?
8 214 - In Serial4 Chapters
Environmental Science
We all know the teen titans. The main five being Robin, Starfire, Beast Boy, Raven, and Cyborg. But what about the group we've never heard of? Consisting of the children of some of the most famous villains Gothams seen? Joker, Cat Woman, Scarecrow and newcomer Klarion the witch boy.Well this is their story, but rather than focus on all five, we focus on namely one Known as Venus, daughter of Poison Ivy. A nymph who's real name is Maira Isley, she is best friend of Jack Quinn, son of The Joker and Harley Quinn. She's been homeschooled all her life but now she has the chance to go to a real high school, with Jack and the other members of the 'Teen Misfits'. As well as meeting the and Titans who are under the guise of normal students. But what happens when she meets a certain boy named Victor Stone? And why can she only feel part of his physical presence?
8 79

