《First Frost (Myanmar Translation)》Chapter 9
Advertisement
ပတ်ဝန်းကျင်မှာ တစ်ခဏတာ တိတ်ဆိတ်သွားတော့၏။
ဤစကားများကိုကြားလျှင်ကြားလိုက်ရချင်း ဝိန်းရိဖန်၏စိတ်ထဲ၌ နှစ်သစ်ကူးညမှ ကိစ္စများက တသီတသန်းပြန်ပေါ်လာတော့သည်။ သူမက လမ်းသွားလမ်းလာတစ်ဦးနှင့်တိုက်မိပြီး သူ့ရင်ခွင်ထဲသို့ မတော်တဆတိုးဝင်သလိုဖြစ်သွားခဲ့ကာ ထို့နောက်တွင် သူ့အား ပြန်တောင်းပန်လိုက်ပြီး သူကိုယ်တိုင်က အဆင်ပြေသည်ဆိုသည့်သဘောနှင့် ခေါင်းငြိမ့်ပြခဲ့သေးသည်မဟုတ်လား။
အခြေအနေတစ်ရပ်လုံးက သူစိမ်းနှစ်ယောက်၏ဆက်ဆံရေးနှင့် မခြားမနားခဲ့ပေ။
ဝိန်းရိဖန်ဘက်က စန်းရန်မှ သူမအား မှတ်မိကောင်းမှတ်မိနိုင်ကြောင်း တွက်ချက်ထားပါသည့်တိုင် ထိုသူက စကားကို တုံးတိပြောလာလိမ့်မည်ဟုတော့ မထင်ထားခဲ့ပြန်။
ဘယ်လိုပင်ဖြစ်စေ ဟိုးအစကတည်းကလည်း ဝိန်းရိဖန်၏တုန့်ပြန်မှုအားလုံးဟာ စန်းရန်၏အမျိုးမျိုးသောလုပ်ရပ်များနှင့် အသားတကျဖြစ်အောင်နေခဲ့သည်ချည်းသာ။
ထို့ကြောင့် ယခုလက်ရှိတွင်လည်း သူမဘက်က ဤဇာတ်ကွက်ကို ဆက်ကစားပြ၍ရနေသေးသည့်အချိန် ၊ သူ့ဘက်က ဖျက်လိုဖျက်စီးဖြင့် ထိန်းမရအောင်ပြုလုပ်လိုက်ကာ 'အချင်းချင်း မမှတ်မိချင်ယောင်ဆောင်ရတာက ပျော်စရာကောင်းလား' ဆိုသည့်အမူအရာကြီးကိုပါ ထုတ်ပြနေပြီဖြစ်သည်။
သူ့ပုံစံက ပြဿနာကိုဖြေရှင်းသည့်အခါမျိုး ၊ အချင်းချင်းဆက်ဆံသည့်အခါမျိုးတွင် တည့်တိုးဆန်ဆန်ဖြေရှင်းရသည်ကိုအကြိုက်တွေ့ပုံရပြီး ကြောင်သူတော်လုပ်ရပ်များကိုမနှစ်မြို့သည့်အလား။
အနှစ်ချုပ်အနေဖြင့်ဆိုရလျှင် 'ဝိန်း လယ်သမလေး' နှင့် 'စန်း မြွေကောင်' တို့၏ဇာတ်လမ်းစလေပြီ။
( ဝိန်းလယ်သမလေး နဲ့ စန်း မြွေကောင် - ဆိုလိုချင်တာ ဝိန်းရိဖန်က စန်းရန်လောက် လျှာစောင်းမထက်တာပါ )
ဝိန်းရိဖန်က စက္ကန့်ပိုင်းမျှငြိမ်နေပြီးနောက်တွင်တော့ စန်းရန်အား မျက်နှာသာမပေးချင်ပါတော့ပေ။
"အဲ့လိုမဟုတ်ပါဘူး..ငါက နင်ငါ့ကိုမမှတ်မိလောက်ဘူးလို့ ထင်နေတာ"
စန်းရန်က အောက်နှုတ်လမ်းကို တွန့်ကွေးလိုက်၏။
"ပြီးတော့ ငါ အဲ့အချိန်တုန်းက Mask လည်းတပ်ထားပြီး မျက်နှာကိုလည်း သေချာဖုံးထားသေးတာမလို့လေ"
ဝိန်းရိဖန်က စန်းရန်၏မျက်ဝန်းများဖြင့် တည်တည်ငြိမ်ငြိမ်ဆုံစည်းစေလိုက်ပြီးနောက်
"နင့်အမြင်အာရုံက အဲ့လောက်ကောင်းနေမယ်မှန်း မထင်ထားမိဘူး"
စန်းရန်က မျက်ခုံးကိုပင့်မြှောက်လိုက်၏။
"အမြင်အာရုံကောင်းတယ်?"
ချက်ချင်းဆိုသလို စန်းရန်ကဆက်ပြီး
"အာ..အားနာလိုက်တာ..မင်း အထင်လွဲနေပြီ"
ဝိန်းရိဖန် ; "ဘာကို အထင်လွဲတာ"
"ကိုယ် မင်းကိုသတိထားမိတာမဟုတ်ဘူး..ကိုယ့်ညီမလေးက မင်းကို မှတ်မိသွားတာ"
စန်းရန်၏အမူအရာတို့က တည်ငြိမ်နေကာ စိတ်မသိုးမသန့်တစ်စက်ကလေးမှမဖြစ်လေဘဲ
"မင်းက ကိုယ့်ကိုစိုက်ကြည့်နေတယ်ဆိုပြီး ကိုယ့်ညီမလေးကပြောပြနေလို့"
"...."
ဝိန်းရိဖန်၏အမူအရာသည်လည်း လုံးဝမပြောင်းသွားခဲ့၍
"အမှန်တကယ်လည်း အဲ့လိုပဲ"
စန်းရန် သူမအားလှမ်းကြည့်နေ၏။
"ဘာလို့လဲဆိုတော့ အဲ့အချိန်တုန်းက ငါမြင်လိုက်တာက..."
ဝိန်းရိဖန်က သူ့နည်းတူ လက်တုံ့ပြန်ရန်တွေးမိလိုက်ပြီးနောက် ပေါက်ကရစကားများဖြင့် စတင်ပြန်ပက်ပါတော့၏။
"နင် ဘောင်းဘီဇစ်ကို ဆွဲမတင်ထားလို့လေ"
"...."
တစ်ဖက်လူက သူမအားအထင်ထပ်လွဲနေမည်ကို စိုးရိမ်သည့်အနေဖြင့် ဝိန်းရိဖန်က ထပ်လောင်း၍စကားဆိုလိုက်၏။
"ငါ့ဘေးနားကလူတွေအားလုံး ဒီအကြောင်းပြောနေကြတာနဲ့ သတိထားမိသွားတာ"
စန်းရန် ; "...."
"နင် စိတ်ထဲသိပ်ထည့်မနေပါနဲ့..ရက်တော်တော်တောင်ကြာသွားပြီပဲဟာ"
ဝိန်းရိဖန်က သက်တောင့်သက်တာရှိနေသည့်အလားဟန်ဆောင်ရင်း ခပ်ရေးရေးပြုံးပြလိုက်၍
"စကားတွေမများတော့ဘူးနော်..လုပ်စရာအလုပ်တွေရှိနေသေးတော့ အရင်ဆုံး ပြန်နှင့်တော့မယ်"
ခြေလှမ်းတစ်လှမ်းပင် မလှမ်းရသေးခင် စန်းရန်က ရုတ်တရက်အော်ခေါ်လိုက်၏။
"ဝေ့"
ဝိန်းရိဖန် ; "?"
စန်းရန် ;
"စုဟောက်အန်းရဲ့ကားက ဘယ်နားမှာရပ်ထားတာလဲဆိုတာ မှတ်မိလား"
ဝိန်းရိဖန် အလိုလိုခေါင်းငြိမ့်ပြလိုက်၏။
"ပြီးတာပဲ"
စန်းရန်က မေးတစ်ချက်ငေါ့ပြ၍
"လမ်းပြ"
ဝိန်းရိဖန် ကြောင်အမ်းအမ်းသာ ဖြစ်နေရတော့၏။
ကားရပ်ထားသည့်နေရာဆီသို့ သူမဘက်က လမ်းပြပေးခဲ့သည့်အတွက် စန်းရန်ဘက်မှနေပြီး ဘယ်လိုပင်ဖြစ်နေပါစေ လူမှုရေးအရ 'မင်းကို လိုက်ပို့ပေးရမလား' ဟူသည့်စကားတစ်ခွန်းတော့ ဝတ်ကျေတန်းကျေမေးသင့်ပါသည်မဟုတ်လား။ ကားကိုရှာတွေ့ပြီးသည့်အချိန်တွင်တော့ 'နှုတ်ဆက်ပါတယ်' ဆိုသည့်စကားတစ်ခွန်းကလွဲ၍ စန်းရန်က သူမအား ဘာဆိုဘာမှမပြောဆိုလာပါတော့ပေ။
သူနှင့်တစ်လမ်းတည်းသွားချင်သည့်ဆန္ဒမျိုး သူ့ထံ၌ လုံးဝလုံးဝရှိပုံမရ။
သူမဘက်ကလည်း ဤကိစ္စကို ကြီးကြီးမားမားဟုမတွေးခဲ့ ၊ သို့သော် ဤစားသောက်ဆိုင်က ဆိတ်ငြိမ်သည့်ရပ်ကွက်မျိုး၌ရှိနေခဲ့ကာ ဖုန်းထဲမှတဆင့်ရှာလိုက်သည့် အနီးဆုံးမြေအောက်ရထားဂိတ်သည်ပင် တော်တော်လေးအလှမ်းဝေးကြောင်း သိလိုက်ရသည်။ ဖြတ်သွားဖြတ်လာတက္ကစီများလည်း မရှိသလောက်နည်းသည့်အပြင် အပြင်ဘက်၌အတော်လေးမှောင်နေပြီလည်းဖြစ်၏။
ဝိန်းရိဖန်က ချိတုံချတုံဖြစ်နေရင်း ကားစက်မနှိုးရသေးသည့်စန်းရန်၏ကားအား လှမ်းကြည့်လိုက်ကာ ကျည်ဆံကိုပါးစပ်ဖျားတွင်ကိုက်ထားသည့်အလား ကားပြတင်းမှန်အား ခေါက်လိုက်တော့သည်။
စက္ကန့်ပိုင်းကြာပြီးနောက် စန်းရန်က ကားပြတင်းမှန်ကိုချပေးပြီး အေးစက်စက်လှမ်းကြည့်လာလေသည်။
ဝိန်းရိဖန်က အသံကိုနိမ့်ချထားလိုက်၍
"နင် ငါ့ကို ခဏလောက် လိုက်ပို့ပေးလို့ရမလား..ဒီနေရာက နည်းနည်းချောင်ကျနေလို့"
စန်းရန် ;
"မင်းက ဘယ်မှာနေတာလဲ"
ဝိန်းရိဖန် ;
" 'ကျားယွမ့်' ရပ်ကွက် "
"အို့"
စန်းရန်က အကြည့်များပြန်ရုတ်သိမ်းသွား၍
"လမ်းမကြုံဘူး"
"...."
ဝိန်းရိဖန်ဘဝ၌ ယခုလိုသဘောထားသေးလွန်းသည့်သူအား တစ်ခါမှမတွေ့ခဲ့ဖူးပါပေ။ သူမက တောင်းပန်သည့်အပြုံးတစ်ခုကို လှစ်ပြလိုက်ရင်း
"ငါ နင့်ကိုအိမ်ထိလိုက်ပို့ခိုင်းတာမဟုတ်ပါဘူး..ဒီအနီးအနားက မြေအောက်ရထားဂိတ်ထိပဲ ပို့ခိုင်းမှာပါ..နင့်ကိုအကူအညီတောင်းပါတယ်"
စန်းရန်က သူမအား တည့်တိုးစိုက်ကြည့်လာပြီးနောက် စကားလုံးအချို့ကို ကွက်ကွက်ကွင်းကွင်းဆိုပြန်တော့၏။
"တက်လာခဲ့"
ဝိန်းရိဖန် သက်ပြင်းသဲ့သဲ့ချလိုက်မိပြီး အရှေ့ခုံ၌ဝင်ထိုင်လိုက်ကာ လုံခြုံရေးခါးပတ်ကို ပတ်လိုက်၏။
စန်းရန် ကားစက်နှိုးလိုက်သည်နှင့်တပြိုင်နက် ကားအတွင်းခန်းတစ်ခုလုံး အောင့်သက်သက်နိုင်လောက်အောင် တိတ်ဆိတ်သွားခဲ့ကာ နေရာထိုင်ခင်းကအစ ကျဥ်းထဲကျပ်ထဲရောက်သွားရသည့်အလားပင်။
စန်းရန်က သီချင်းတီလုံးများကိုလည်း မဖွင့် ၊ စကားတစ်ခွန်းလည်း မဆို ။
ဤအခြေအနေကြီးက သူမဘက်က တက္ကစီတစ်စီးကိုငှားစီးနေခြင်းနှင့်တူပြီး စန်းရန်အား ဒါရိုက်ဘာအဖြစ် လျစ်လျူရှုထားခြင်းနှင့်မတူပေရော့လား။ထို့ကြောင့် ဝိန်းရိဖန်ကသာ စပြီးစကားဆိုလိုက်၏။
"နင် ဘာလို့ရုတ်တရက်ကြီးထွက်လာခဲ့တာလဲ..သူငယ်ချင်းတွေနဲ့ချိန်းထားတာမဟုတ်ဘူးလား"
စန်းရန်က လိုက်ဖက်ညီစွာ ပြန်ဖြေလာခဲ့၏။
Advertisement
"နားငြီးလို့"
"...."
စန်းရန်က ပါတီပွဲကဆူညံသည့်အကြောင်းကို ပြောနေခြင်းလား သို့မဟုတ် သူမက နားငြီးအောင်လုပ်နေသည်ဟု ပြောနေခြင်းလား မသိပါပေ။
သူမ၏နှုတ်ခမ်းပါးများ လှုပ်ရှားသွားခဲ့သော်လည်း စကားမှာတော့ထပ်၍မဆိုဖြစ်တော့၏။
ဝိန်းရိဖန်က ခေါင်းကိုတစ်ဖက်သို့လှည့်ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ ခပ်မြန်မြန်ပြေးလွှားနေသည့်ရှုခင်းများ ၊ တလက်လက်တောက်ပနေသည့် လမ်းမီးတိုင်များကို ငေးကြည့်နေရင်း တဖြည်းဖြည်းဖြင့် ငြိမ်သက်မှင်သေသွားရတော့သည်။
ယနေ့ သူမကားပေါ်ရောက်လာသည့်အချိန်တုန်းက စုဟောက်အန်းနှင့်ပြောဖြစ်ခဲ့သည့်စကားများကို ပြန်တွေးကြည့်မိလိုက်သည်။
ဝိန်းရိဖန်နှင့်စုဟောက်အန်းတို့ မတွေ့ဖြစ်ခဲ့ကြသည်မှာ အမှန်တကယ်တွင်လည်း ခုနှစ်နှစ်ရှစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်သည်။
သို့သော် စန်းရန်နှင့်တော့ မဟုတ်ပါပေ။
ဝိန်းရိဖန်ဘက်မှ ထိုကိစ္စအား မည်သူ့ကိုမှမပြောခဲ့သလို...
စုဟောက်အန်း၏အမူအရာကို ခန့်မှန်းကြည့်ခြင်းအားဖြင့် စန်းရန်သည်လည်း သူမနည်းတူ မည်သူ့ကိုမှ ပြောပြခဲ့ပုံမရ၏။
သူတို့နှစ်ဦးတည်းသာ သိနေကြသည့် ကိစ္စတစ်စုံတစ်ရာပင် ဖြစ်ပါလိမ့်မည်။
အထက်တန်း ဒုတိယနှစ်၏ ဒုတိယစာသင်နှစ်ဝက်တွင် ဘကြီး၏အလုပ်ကိစ္စအရွေ့အပြောင်းကြောင့် ဝိန်းရိဖန်လည်း သူတို့မိသားစုနှင့်အတူ 'ပေယွီ'မြို့သို့ လိုက်ပြောင်းနေထိုင်ခဲ့ရသည်။ထိုသို့ရွေ့ပြောင်းပြီးနောက်တွင် ကျုံးစစ်ချောင်နှင့် ရှန့်လန် မှလွဲ၍ အရင်ကျောင်းမှသူငယ်ချင်းများနှင့် အဆက်အသွယ်မလုပ်ဖြစ်ခဲ့ပေ။
စန်းရန်သည်ကား ချွင်းချက်ဖြစ်ခဲ့၏။
ဝိန်းရိဖန် အစကထင်ထားခဲ့သည်မှာ သူတို့နှစ်ဦးကြားတွင်လည်း အဆက်အသွယ်ပြတ်တောက်သွားလိမ့်မည်ဟူ၍ပင်။
သို့သော် ဘယ်နေ့ရက်က စတင်ခဲ့မှန်းမမှတ်မိတော့သည့်တိုင် ထိုအချိန်မှစပြီး စန်းရန်ထံမှ မက်ဆေ့များကို ဝိန်းရိဖန်က မကြာခဏလက်ခံရရှိခဲ့တော့သည်။ သူမနှင့်ပြောဆိုခဲ့သည့်စကားမှာလည်း အခြားမဟုတ် ၊ သူ့ဘက်မှ သူမအားမေးမြန်းလာသည့်စကားမျိုးများလည်း လုံးဝမရှိခဲ့ပါဘဲ သူ့ဘက်နေပြီး လပတ်စာမေးပွဲလေးများ စာမေးပွဲကြီးများ၏အမှတ်စာရင်း အဖြေလွှာများကိုသာ ပို့ပေးနေခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြုလုပ်နေခဲ့သည်မှာ အထက်တန်း ဒုတိယနှစ် ပြီးသွားခဲ့သည့်အချိန်အထိပင်။
အထက်တန်း ဒုတိယနှစ်၏နောက်ဆုံးစာမေးပွဲအမှတ်စာရင်းထွက်လာသည့်အချိန်တွင်တော့ စန်းရန်ထံမှ မက်ဆေ့တစ်စောင်အား ဝိန်းရိဖန်လက်ခံရရှိခဲ့သည်။ ထိုအချိန်တုန်းက သူမသည် ဝေခွဲမရခြင်း ချိတုံချတုံဖြစ်ခြင်းများကြားတွင်အကြိမ်ကြိမ်ရုန်းကန်ခဲ့ပြီး နောက်ဆုံးတွင်မှ စာတစ်ချို့နှင့်အတူ သူမ၏နောက်ဆုံးအဖြေလွှာအမှတ်စာရင်းကိုပါ မက်ဆေ့ဘောက်မှထဲသို့ထည့်သွင်းလိုက်ပြီး ပေးပို့ခြင်းခလုတ်နေရာအား ဖိနှိပ်လိုက်နိုင်ခဲ့၏။
တစ်ဖက်ရှိ စန်းရန်က သူမထံမှ ပြန်စာရလာလိမ့်မည်ဟု မျှော်လင့်ထားသည့်ပုံမျိုးလည်းမဟုတ်ပါပေ။
အချိန်တစ်ခဏစာကြာသွားခဲ့ပြီးမှသာ သူ စာပြန်လာခဲ့သည်။
[ ငါတို့နှစ်ယောက်ရဲ့အမှတ်တွေက သိပ်မကွာကြဘူး..တက္ကသိုလ်တစ်ခုတည်းရောက်အောင် ဖြေရအောင်လေ ]
တစ်ခဏကြာပြီးတွင်။
သူ ထပ်ပြီးစာပို့လာခဲ့သေး၏။
[ ရတယ်မလား? ]
-----
ဝိန်းရိဖန် အသံတိတ်ကလေးဖြင့်သာ သက်ပြင်းချလိုက်မိတော့သည်။
အနီးဆုံးမြေအောက်ရထားဂိတ်အချို့မှာ ဖွင့်ထားဆဲဖြစ်ကြောင်း သတိထားမိလိုက်သည်နှင့် ငေးနေရာမှအသိစိတ်ပြန်ကပ်သွားခဲ့ပြီး စန်းရန်အား အသိပေးလိုက်၏။
"ရထားဂိတ်တွေ အခုထိဖွင့်ထားသေးတယ်ထင်တယ်..ငါ မှတ်မိသလောက်ဆိုရင် ရှေ့နားလေးမှာ မြေအောက်ရထားဂိတ်တစ်ခုရှိတယ်..နင် ငါ့ကို ရှေ့နားလေးမှာပဲ ကားရပ်ပေးလိုက်နော်"
စန်းရန် ;
"ကိုယ်က ဒါရိုက်ဘာလား"
"...."
အနီးဆုံးဂိတ်တစ်ခုမှာ ရပ်ပေးမယ်ဆိုပြီး စထွက်လာကတည်းက ပြောထားပြီးသားလေ....
ထိုစကားကြောင့် မပျော်မရွှင်ဖြစ်နေသောပုံစံဖြင့်စန်းရန်က ကားမရပ်လေဘဲ ရှေ့သို့သာ ဆက်မောင်းသွားခဲ့၏။
ဝိန်းရိဖန်က မနေနိုင်စွာဖြင့် မေးလိုက်မိ၏။
"နင် အခု ဘယ်ကိုမောင်းနေတာလဲ"
"မင်းအိမ်"
စန်းရန်က ခနဲ့သံစွက်စွက်ဖြင့် ရယ်လိုက်ပြီး
"မဟုတ်လို့ ဘယ်နေရာသွားရမှာလဲ"
"...."
သူတို့နှစ်ဦးကြားတွင် စကားပြောဆို၍အဆင်မပြေတော့မှန်း ဝိန်းရိဖန်သိလိုက်သည်။ သူစကားပြောလာသည့်အခါတိုင်းတွင် ဆူးချွန်များကသိသိသာသာပါနေတတ်ပြီး စကားအရာဆွေးနွေးနေမှုက လုံးဝအပေါက်အလမ်းမတည့်ပါပေ။
ဝိန်းရိဖန်ဘက်မှ ထိုသူနှင့် ကောင်းကောင်းမွန်မွန်စကားပြောချင်ပါသော်လည်း တဖန်တွေးကြည့်ပြန်သည့်အချိန်တွင်တော့ စကားကောင်းပြောနေစရာလည်းအကြောင်းမရှိပြန်ပေ။
မသိလိုက်ပါဘဲ တဖြည်းဖြည်းနှင့် 'ကျားယွမ့်'ရပ်ကွက်ထဲသို့ ဝင်လာခဲ့သည်။
ဤရပ်ကွက်ထဲမှ အိမ်ရာများ၏သက်တမ်းမှာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်သည့်အတွက် အဆောက်အဦးနှင့်အပြင်အဆင်တို့ဟာ အိုဟောင်းနေပြီဖြစ်ပြီး နေရာထိုင်ခင်းသည်လည်း ကျယ်ပြောခြင်းမျိုးမရှိ။အိမ်ခန်းအားလုံးတွင် အတွင်းလှေကားများသာရှိပြီး ပိုင်ဆိုင်မှုပစ္စည်းပစ္စယများက ဘယ်လိုပင်ရှိနေပါစေ လက်ရှိအချိန်၌ လုံခြုံရေးအစောင့်ဟူ၍ လုံးဝမရှိနေ။
ယာဥ်များကို တားသည့်ဘားတန်းကိုပင် ချမထားချေ။
စန်းရန်က ကားပါကင်၌မရပ်တော့ဘဲ အိမ်ရာ၏ဂိတ်ပေါက်ဝကိုသာ တိုက်ရိုက်မောင်းနှင်လာခဲ့သည်။
ဝိန်းရိဖန်က လုံခြုံရေးခါးပတ်ကိုဖြုတ်လိုက်ပြီး ယဥ်ယဥ်ကျေးကျေးဖြင့်သာနှုတ်ဆက်လိုက်၏။
"ဒီနေ့အတွက် တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်..နင် အားတဲ့တစ်နေ့ကျရင် တစ်ခုခုဖိတ်ကျွေးမယ်နော်"
"အင်း"
စန်းရန်က ထိုင်ခုံပေါ်မှီချလိုက်ရင်း ခေါင်းကိုတစ်ဖက်စောင်းကာ အမူအရာကရိသဲ့သဲ့ဖြင့်
"နောက်တစ်ကြိမ်တွေ့ဖို့ကို ဒီလောက်လောနေပြီလား"
"...."
ဝိန်းရိဖန် အလွန်အမင်းကို သိချင်လာမိတော့၏ - ဤလမ်းသရဲလမ်းမကြီး၏အဓိကသင်္ကေတက ဒီနှစ်တွေအတွင်း ဘယ်လောက်ထိများ ချဥ်ချင်စရာကောင်းလောက်အောင် နာမည်ကြီးနေခဲ့ခြင်းကိုပင်။
သူ့ဘက်မှ တစ်ပါးသူ၏စကားကို နားထောင်ပေးနေသည့်ပုံစံမျိုးက မသိလျှင် တစ်ဖက််လူ၌ အခြားအကြံအစည်ပဲရှိနေသလိုလို...
သို့မဟုတ်
အရင်တစ်ခေါက် ဘားမှာတွေ့သည့်အချိန် သူမပြောမိလိုက်သည့်စကားတစ်ခွန်းက သူ့အား နားလည်မှုလွဲအောင်လုပ်မိထားခြင်းလား။
ဝိန်းရိဖန်က ရှင်းပြရန်ဆုံးဖြတ်လိုက်၍
"အရင်တစ်ခေါက် ဘားမှာတွေ့တဲ့အချိန်တုန်းက..ငါ သတိမထားဘဲ ပြောမိ..."
သူမ စကားမဆုံးခင် စန်းရန်ကဖြတ်ပြောလာခဲ့၏။
"ဘယ်တစ်ခွန်းလဲ"
စန်းရန် ;
" 'အဲ့လိုဆိုရင်တော့ စိတ်မကောင်းစရာပဲ' ဆိုတဲ့တစ်ခွန်းလား"
"...."
ဝိန်းရိဖန် စကားဆက်ပြောရန် လက်လျော့ပစ်လိုက်တော့၏။ ဤဇာတ်ကွက်ကိုကျော်ချပစ်လိုက်ပြီး ကားတံခါးကိုဖွင့်လိုက်ရင်း
"နင် ကားမောင်းပြန်တဲ့အချိန် လမ်းမှာဂရုစိုက်ပါ"
ဝိန်းရိဖန် အိမ်ရာဝန်းထဲသို့ ဝင်လာခဲ့လိုက်တော့သည်။
သူမနေသည့်အိမ်ခန်းတိုက်တန်းက ဂိတ်ပေါက်ဝနှင့်အနီးဆုံးဖြစ်သည့်အတွက် ခြေလှမ်းနည်းနည်းလျှောက်ရုံဖြင့် အိမ်ရာထဲရောက်နေပြီဖြစ်သည်။
အောက်ဆုံးထပ်မှတံခါးဝအား သော့ဖွင့်လိုက်ပြီးနောက် အပေါ်ထပ်ဆီသို့ တဖြည်းဖြည်းသာလျှောက်လာခဲ့၏။ ဤအဆောက်အဦးက အလွှာတစ်ခုချင်းစီတိုင်းတွင် အိမ်ခန်း ခြောက်ခန်းစီရှိကြပြီး သူမ၏အိမ်ခန်းမှာ သုံးလွှာတွင်ဖြစ်သည်။သူမ၏အိမ်ခန်းရှိသည့်အလွှာမှ ကော်ရစ်တာထောင့်နားသို့အရောက်တွင် ဝိန်းရိဖန်သည် သူမ၏အိမ်ခန်းရှေ့တွင် အရက်နံ့ထောင်းနေသည့်ယောက်ျားသုံးဦးရပ်နေကြောင်းကို သတိထားမိလိုက်တော့၏။လက်ရှိအချိန်တွင် ထိုလူများက ဆေးလိပ်သောက်ရင်း ညစ်ညမ်းသည့်စကားများကို ပြောပြောရယ်ရယ်လုပ်နေကြခြင်းဖြစ်သည်။
Advertisement
အခုလေးမှ ပြန်ရောက်လာခြင်းလား သို့တည်းမဟုတ် ရပ်စောင့်နေကြခြင်းလား မသိ။
ကော်ရစ်တာရှိမီးလုံးမှာ ပျက်နေခဲ့သဖြင့် အလင်းရောင်ကောင်းကောင်းမရသည့်အတွက် ထိုလူများ၏မျက်နှာကို သဲသဲကွဲကွဲမမြင်ရပေ။သို့သော် အပြင်ဘက်မှဖြာကျနေသည့်အလင်းရောင်ကိုအားကိုးပြီးကြည့်လိုက်သည့်အခိုက်တွင်တော့ ထိုလူသုံးယောက်ထဲမှ တစ်ယောက်၏ ပုံပန်းသဏ္ဍာန်အား မှတ်မိသွားခဲ့လေတော့သည်။ သူမ၏မျက်စောင်းထိုးအခန်းမှ ဟိုယောက်ျားပင်။
ဝိန်းရိဖန် ချက်ချင်းဆိုသလို သတိရမိလိုက်၏။ ဤနေ့က ရဲစခန်းသွားသည့်နေ့မှတွက်ကြည့်လျှင် ငါးရက်မြောက်သည့်နေ့။
သူမ၏ လှုပ်ရှားမှုများအားလုံးရပ်တန့်ပစ်လိုက်သော်လည်း လက်ထဲတွင်ကိုင်ထားသည့်သော့များထံမှ ဆူညံသံတစ်ချက်ထွက်သွားခဲ့တော့၏။
ထိုယောက်ျားများက အသံကြားရာ ချက်ချင်းလှမ်းကြည့်လာ၏။
ကျားပုံစံတက်တူးထိုးထားသည့် ယောက်ျားက အော်ရယ်လေပြီး
"မမလှလှလေး..ပြန်လာပြီလား"
သူတို့အုပ်စုက ဘာအတွက်ကြောင့်ဤနေရာတွင်ရပ်နေကြမှန်း မသိသဖြင့်လည်း ဝိန်းရိဖန် စိတ်မအေးနိုင်။
"ညီအစ်ကိုတို့..ဟောဒီက မမလှလှလေးပေါ့..ငါက သူ့ကို အကြမ်းဖက်ပါတယ်ဆိုပြီး ပြောတာလေ"
ကျားပုံစံတက်တူးထိုးထားသည့်ယောက်ျားက သက်ပြင်းချလိုက်ပြီး ခပ်သြသြအသံတို့ဖြင့်
"ငါ့မှာလည်းဟာ အပြစ်ကြီးကိုဖြစ်လို့..တံခါးလေးခေါက်မိရုံနဲ့ကို အကြမ်းဖက်တယ်လို့ ဖြစ်ရရောလား"
"မမလှလှလေး..မင်း မမြင်ခဲ့ဖူးလို့များလား"
အခြားယောက်ျားတစ်ဦးက ဆိုသည်။
"ဘယ်လိုဟာမျိုးကိုမှ အကြမ်းဖက်လို့ခေါ်မှန်း မင်းမသိချင်ဘူးလား"
ဝိန်းရိဖန် ဘာမှပြန်မပြောလေတော့ဘဲ တစ်ဖက်သို့လှည့်ကာ အောက်ထပ်သို့ ဆင်းပြေးပါလေတော့သည်။
"ဘာလို့ ပြေးသွားတာတုန်း"
"သူဘာလို့ပြေးသွားမှန်း ငါလည်းဘယ်လိုလုပ်သိမှာလဲ..မမလှလှလေး!..ငါတို့ ဘာမှမလုပ်ဘူးလေ..စကားပဲပြောမှာ"
"ငါ မင်းကိုအပြစ်မတင်ပါဘူးကွာ မမလှလှလေး!..ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ပိုပြီးအဆင်ပြေချင်ရုံလေးပါ..အိမ်နီးချင်းတွေပဲမလား..အခုလို အခက်တွေ့အောင်မလုပ်စမ်းပါနဲ့"
ဤစကားများကို ပြောနေရင်း ထိုလူသုံးယောက်စလုံးက ဝိန်းရိဖန်ပြေးလာခဲ့သည့်လှေကားအတိုင်း ပြေးလိုက်လာခဲ့ကြ၏။
ယောက်ျားသားတို့၏ ခြေလှမ်းများက ခပ်ကျယ်ကျယ် ၊ ပါးစပ်ကလည်း စိတ်လှုပ်တရှားပြုံးနေကာ ကစားစရာတစ်ခုကိုကစားနေကြသည့်အလား။ မှောင်ရိပ်သန်းနေသည့်နေရာကြီးထဲတွင် သူတို့၏ပုံစံအားလုံးက ဖရိုဖရဲနှင့်မှုန်ကုပ်နေကြသေးသည်။
ဝိန်းရိဖန်က အိတ်ကပ်ထဲထည့်ထားသည့်ဖုန်းကိုထုတ်၍ ရဲကိုအကြောင်းကြားရန်ပင် အချိန်မရှိလေဘဲ ပထမအလွှာထိရောက်အောင် ပြေးဆင်းလာခဲ့ကာ တံခါးဝကိုဖွင့်ပြီး အိမ်ရာဝန်း၏ဂိတ်ပေါက်ဝအပြင်ဘက်ဆီသို့ပြေးလာခဲ့သည်။ လုံခြုံရေးဝန်ထမ်းကို အကူအညီတောင်းမည်ဟုစဥ်းစားမိလိုက်သော်လည်း သူမပြန်လာသည့်အချိန်တုန်းက ထိုနေရာ၌ လုံခြုံရေးဝန်ထမ်းတစ်ယောက်တစ်လေမှရှိမနေကြောင်းကို အမှတ်ရမိသွားပြန်သည်။
ဤရပ်ကွက်က ပတ်ဝန်းကျင်နှင့်အလှမ်းမဝေးလွန်းဘဲ ဂိတ်အပြင်ဘက်နည်းနည်းရောက်သည်နှင့် ညစျေးတန်းတစ်ခုရှိနေခဲ့သည်။
လူအများဆုံးရှိနေမည့်နေရာသို့ ပြေးသွားသည်ကသာ အကောင်းဆုံးဖြစ်မည်ဟု ဝိန်းရိဖန်တွေးလိုက်၏။
အနောက်မှလိုက်လာသည့်ခြေလှမ်းသံများကလည်း နီးသထက်နီးလာသည့်အချိန်။
ဤအချိန်တွင် ဝိန်းရိဖန်တစ်ယောက် ဂိတ်ပေါက်ဝအပြင်ဘက်တွင် နဂိုအတိုင်းရပ်ထားဆဲဖြစ်သည့် စန်းရန်၏ကားကို မြင်လိုက်ရလေတော့၏။ စန်းရန်က ရှေ့ဘေးခုံ၏တံခါးကို ပျင်းတိပျင်းရွဲမှီရပ်နေကာ ဖုန်းပြောနေပုံလည်းရသည်။
လှုပ်လှုပ်ရှားရှားဖြစ်နေသည့်အရာကို သတိထားမိသွားသည့်အလား စန်းရန်က မျက်ဝန်းများကိုပင့်ပြီး သူမရှိရာဆီသို့ လှမ်းကြည့်လာခဲ့သည်။
ဝိန်းရိဖန်၏ခြေလှမ်းများ မသိမသာနှေးကွေးသွားခဲ့ကာ စိတ်ထဲတွင် စန်းရန်အား အကူအညီတောင်းလိုက်မည့်အတွေးတစ်ခုက ဖြတ်ခနဲပေါ်လာခဲ့၏။သို့သော် နှလုံးသားထဲ ရုတ်ချည်းဆိုသလိုလေးလံသွားသည့်အတွက် လူများသည့်စျေးတန်းဆီသို့ ပြေးသွားရန်ရွေးလိုက်တော့သည်။
ဝိန်းရိဖန်က သူ့အရှေ့မှ ဖြတ်ပြေးသွားလုနီးနီး။
စန်းရန်က လက်ကိုင်ဖုန်းကိုချလိုက်ကာ လှမ်းအော်ခေါ်လာခဲ့၏။
"ဝိန်းရိဖန်"
သူမ မျက်ဝန်းများကိုပင့်ကြည့်ကာ သူ့မျက်ဝန်းများဖြင့် နောက်တစ်ကြိမ်ဆုံစေလိုက်သည်။
ဖြတ်ခနဲမြင်လိုက်ရသည့်သူမ၏အမူအရာအားလုံးနှင့်အတူ သူမ၏အနောက်မှလိုက်လာသည့် ကြည့်ရဆိုးဆိုးယောက်ျားသုံးဦးကိုပါ တွေ့လိုက်ရ၏။
စန်းရန်၏မျက်နှာသွင်ပြင်က မထုံတတ်သေးဖြင့် အလွန်တရာကိုမှတည်ငြိမ်နေဟန်ရှိပြီး
"ဒီကိုလာခဲ့"
Photo Caption ; ဝိန်းရိဖန်..ဒီကိုလာခဲ့
(Zawgyi)
"အမြင်အာရုံကောင်းတယ်?"
"...."
"...."
စန်းရန် ; "...."
"ဝေ့"
ဝိန်းရိဖန် ; "?"
စန်းရန် ;
"ပြီးတာပဲ"
"လမ်းပြ"
Advertisement
- In Serial51 Chapters
Fate
Both of them were just looking for sex until feelings got involved, secrets unfolded, and unconditional love was thrown into their whirlwind of violence, trust issues, and revenge. No matter the circumstances, the two were drawn together like magnets; the attraction between them was undeniable. There's just two problems: he has a fiancé and she's the type to hit it and quit it. Dallas Jacobs goes through hell and back to keep Milani Ross in his life. Every time, shit gets sweet there's always someone lurking in the shadows, waiting to get their revenge. His friendships and relationships are put to the test when he's threatened by having his deepest, darkest secrets exposed. Just when he has it all, he loses it within the blink of an eye. He quickly learns a valuable life lesson: "An eye for an eye mentality doesn't solve anything. It just makes the whole world blind." ****-Urban Romance❤️-18+DISCLAIMER: The images used in this book are not mine. They are used for the sole purpose of portraying characters and will not be used by me, outside of wattpad. The information in this book is fictional and is not affiliated with any of the face claims in this book. In other words, the information is about the fictional characters in the book, NOT about the face claims that are portraying the characters.
8 212 - In Serial6 Chapters
Mark of a Witch (Black Butler/Kuroshitsuji Fanfic)
Revenge drove her to make a bargain with a demon, to change and save herself. For better or worse, she didn't know. However, now her fate was entwined with that of an alluring demon, Sebastian Michaelis. He held claim to her soul and perhaps in time... her body. Note: This is set prior to the events in Black Butler/Kuroshitsuji. I hope you enjoy.
8 162 - In Serial30 Chapters
Lloyd Garmadon x Male Reader |Just My Type|
(Y/N) has been going to Ninjago High for a couple years or so. He thought he knew everything there was to know. That is, until a series of events unfold that he was lucky enough to experience.Lloyd Garmadon, Lord Garmadon's son and general punching bag of the whole school is revealed to be the crime fighting Green Ninja to (Y/N).As (Y/N) begins to develop feelings he's never felt before he has to figure out how to properly convey them.some trigger warnings:Mention of bullying, self harm, alcohol use, homophobia, swearing, abuse, and descriptions of gore. Some sexual suggestions also implied.
8 198 - In Serial34 Chapters
The Billionaire Wants Me
Si Chavelle Quintessa Araneza ay isa lamang hamak na waitress sa isang restaurant. She came from a broken family. Ang ina niya lamang ang meron siya ngunit may sakit ito.She had a normal life when one night changed it all. The famous Aristaeus Ryker Valdero, a billionare, summoned her in the VIP room of the restaurant she was working.She thought it was just about the service but she didn't expect what the bachelor billionare told her.Ibibigay niya ba ang sarili niya para sa marangyang buhay ng kanilang mag ina? O aayawan niya ito? But what if she finds him...... attractive? What would happen?
8 120 - In Serial30 Chapters
Beautifully Invisible #Wattys2019
Life was never easy for Lily. Being a maid her whole life, growing up without parents, and having an abusive queen as her boss has made her life miserable. She hides behind a shawl that she is confined to, refusing to let anyone in. What will happen when a stranger that she's grown up with shows her just how amazing she really is and helps her when no else will?
8 255 - In Serial50 Chapters
Silence Breaking
Family - the most important thing in the world, right? If it's your own, maybe. But if it's the family of the incredibly powerful, incredibly alluring businessman with whom you've been conducting a secret office affair, and they don't yet know about the affair, things are a little bit different.Life is about to get real for Lilly Linton. All those stolen moments behind closed doors, those secret kisses and whispered words are about to catch up with her. As she and her boss, business-magnate Rikkard Ambrose, travel north to his parents' palatial estate, she is about to discover whether she has the strength to step out of the shadows and change her fate forever.Volume four of the award-winning "Storm and Silence" series.
8 261

