《First Frost (Myanmar Translation)》Chapter 7
Advertisement
တိုက်ရိုက်ထုတ်လွှင့်မှုပြီးသည့်နောက်တွင် ကျန့်ယွီက မီးရှုးမီးပန်းပွဲတော်သို့လာရောက်လည်ပတ်ကြသည့်မြို့သူမြို့သားများအား အင်တာဗျူးမေးမြန်းနေခဲ့သည်။
ထို့နောက်တွင်တော့ တစ်အုပ်စုလုံး ပါလာသည့်ပစ္စည်းများကို ထုတ်ပိုးပြီး ပြန်လာကြတော့သည်။
အခုလေးတင်ဖြစ်သွားခဲ့သည့်ကိစ္စနှင့်ပတ်သတ်၍ ဝိန်းရိဖန်၏စိတ်ထဲ မတင်မကျဖြစ်နေရကာ ကားနောက်ခန်းရှိ သူမ၏ဘေးတွင်ထိုင်နေသည့် ဖုကျွမ့်အား ခေါ်လိုက်၏။
"သာ့ကျွမ့် "
ဖုကျွမ့်က တုန့်ပြန်သံပြုလိုက်၏။
"အေ့"
ဝိန်းရိဖန်၏ Mask က ဝတ်ထားဆဲဖြစ်ကာ
"တကယ်လို့ မင်းက အစ်မကို လမ်းပေါ်မှာတွေ့လိုက်တယ်ပဲထား..အစ်မက အခုလိုမျိုး Mask တပ်ထားမယ်...မင်းမတွေ့ဖူးသေးတဲ့ အဝတ်အစားမျိုးကိုလည်း ဝတ်ထားမယ်ဆိုရင်.."
ဝိန်းရိဖန် စကားကိုခဏရပ်လိုက်ပြီးနောက် အလေးအနက်မေးလာခဲ့၏။
"မင်း မှတ်မိနိုင်လောက်မလား"
" Mask ပဲတပ်ထားတာလား"
ဖုကျွမ့်က တစ်ခဏမျှစဥ်းစားနေပုံရပြီးနောက် အလွန်အမင်းတွေးထားသည့်ပုံစံမျိုးဖြင့်
"တခြားဖုံးထားမျိုးတွေ မပါဘူးလား? ဥပမာ နေကာမျက်မှန်တပ်ထားတာတို့ ဦးထုပ်ဆောင်းထားတာတို့..တစ်ခုခုပေါ့ဗျာ"
"အခုလိုပုံစံမျိုးအတိုင်းပဲ"
ဖုကျွမ့်က လုံးဝသေချာသည့်ဟန်ပန်ဖြင့်
"သေချာပေါက် မှတ်မိနိုင်တာပေါ့ဗျ!"
"...."
"ရိဖန်ကျဲ..မှန်သောစကားကိုပြောရမယ်ဆိုရင် ကျွန်တော်လေ အစ်မလောက်လှတဲ့လူမျိုးကို တစ်ခါမှမတွေ့ခဲ့ဖူးဘူး"
ဖုကျွမ့်က အနည်းငယ်ရှက်သွားသည့်အလား ခေါင်းကိုကုတ်ရင်း
"ကျွန်တော် ပထမဆုံးအလုပ်ဝင်တဲ့နေ့တုန်းက အစ်မကိုတွေ့လိုက်တဲ့အချိန် ဘယ်က ရုပ်ရှင်မင်းသမီးရောက်နေတာလဲတို့တောင် ထင်မိသွားတာ"
အရှေ့ဘေးခုံတွင်ထိုင်နေသည့် ကျန့်ယွီကလည်း ပြုံးပြ၍
"ရှောင်ဖန်က တကယ်ကိုလှတာ"
"ဒီအချက်ကတော့ အမှန်ပဲဟေ့"
ချန်ဝေ့ဟွာက အလုပ်ချိန်မဟုတ်သည့်အခါမျိုးတွင် အမြဲတမ်း ပျော်ပျော်နေပြီးစနောက်တတ်သည့်သူမျိုးဖြစ်ကာ
"ရှောင်ဖန်..ချစ်သူကောင်လေး ရှိနေပြီလား..လောင်ရှစ်က တစ်ရက်ရက်ကျရင် လောင်ရှစ်သားနဲ့ မိတ်ဆက်ပေးမလို့ပါဆို"
ကျန့်ယွီက သဘောတကျရယ်လိုက်ရင်း
"တော်ပါတော့ကွာ..နင့်သားကဖြင့် မူလတန်းတောင်မပြီးသေးဘဲနဲ့"
ဖုကျွမ့်သည်လည်း ပြုံးနေခဲ့ပြီး
"ဒါမှမဟုတ် ကျွန်တော့်ကို စဥ်းစားပေးရင်ရော"
သူတို့၏စနောက်နေသည့်စကားများအတွက်တော့ စိတ်ညစ်ညူးသွားရခြင်းမျိုးမရှိ ၊ ဝိန်းရိဖန်က ပြုံး၍သာနေပြီး
"မင်းရဲ့ နှစ်သစ်ကူးဆုတောင်းလေးပြည့်သွားမှ ဆက်ပြောကြတာပေါ့"
ဖုကျွမ့်က အသံကိုမြင့်လိုက်၍
"ရိဖန်ကျဲ!..အစ်မကကွာ လုပ်ပြန်ပြီ!"
နောက်စကားတစ်ခွန်းတွင် ဖုကျွမ့်က အနောက်သို့မှီချလိုက်ပြီးမှ
"ဒါပေမယ့်.."
ဝိန်းရိဖန် ; "အင်း?"
"ကျဲ..ဒီနေ့ အစ်မက ကျွန်တော့်ကို အနွေးအိတ်ပေးလိုက်တဲ့ကိစ္စကြောင့် ကျွန်တော်အရမ်းခံစားသွားရတာနော်"
ဖုကျွမ့်၏မျက်လုံးများကပြူးကျယ်လာပြီး ချီးကျူးမှုတစ်စုံတစ်ရာကို တောင်းခံနေသည့်ပုံစံမျိုးဖြင့်
"အဲ့ဒါကြောင့် ကျွန်တော်ဆုတောင်းနေတဲ့အချိန်တုန်းက အစ်မအတွက်ပါ ဆုတောင်းပေးခဲ့သေးတယ်"
"ဘာဆုတောင်းပေးခဲ့တာလဲ"
"အစ်မအပေါ် စူပါအဆင့်လောက်ထိကောင်းပေးတဲ့ချစ်သူကောင်လေးတစ်ယောက် အမြန်ရပါစေဆိုပြီး ဆုတောင်းပေးထားတာ"
ဖုကျွမ့်က လက်သီးဆုတ်လေပြီး
"အခြေအနေကလည်း စူပါအဆင့်လောက်ထိကောင်းပြီး ရုပ်ရည်ကလည်း ဒီနေ့ ကျွန်တော်တို့တွေ့ခဲ့တဲ့ကောင်လေးနီးပါး ခန့်ညားရမယ်ကွာ"
"...."
ဝိန်းရိဖန် အိမ်ပြန်ရောက်သည့်အချိန်တွင်တော့ မနက် နှစ်နာရီထိုးလုပြီဖြစ်သည်။
အိပ်ရာဝင်နောက်ကျလွန်းသည့်အဖြစ်မျိုးက မကြာခဏကြုံနေရသည်ဖြစ်၍လည်း ယခုအချိန်၌ ငိုက်မျည်းနေခြင်းမျိုးမရှိ ၊ ပင်ပန်းလွန်း၍ လှုပ်လှုပ်ရှားရှားမလှုပ်ချင်တော့ရုံသာ။ အိမ်နေရင်းဖိနပ်အပါးကို လဲစီးပြီးနောက် အိပ်ရာဘေးရှိ ကော်ဇောထက်သို့ ချက်ချင်းထိုင်ချလိုက်ကာ ဖုန်းမျက်နှာပြင်အား နှေးတိနှေးကွေးဖြင့် ပွတ်ကြည့်လိုက်၏။
သူမပို့ထားသည့် Groupလိုက်မက်ဆေ့ကြောင့် Missed call များစွာ နှင့် မဖတ်ရသေးသည့်မက်ဆေ့များစွာက အသင့်စောင့်ကြိုနေခဲ့သည်။
တစ်ခုချင်းစီ ပြန်စာပို့နေရင်းဖြင့် ဝိန်းရိဖန်က အောက်သို့ဆက်၍ဆွဲချပြီးဖတ်နေလေသည်။
မက်ဆေ့ဘောက်၏ အောက်ပိုင်းနားသို့ ရောက်လာသည့်တိုင် စန်းရန်ထံမှ ပြန်စာကိုတော့ လက်ခံမရသေးပေ။
စန်းရန်၏မက်ဆေ့ဘောက်ထဲ ဝင်ကြည့်လိုက်၏။
'မပျော်ရွှင်ချင်လည်းနေလေ' ဆိုသည့်စကားလုံးများကို ကြည့်နေရင်း ဝိန်းရိဖန်၏ဦးရေပြာတစ်ခုလုံး တင်းခနဲဖြစ်သွားရတော့၏။
"...."
ထိုအချိန်တုန်းကတော့ တင်းမာနေသည့်နှစ်ယောက်ကြားက လေထုကို သက်သာစေခြင်းအလို့ငှာ ဟာသ သဘောဆောင်ပြီး ပို့လိုက်ခြင်းဖြစ်သောကြောင့် မူမမှန်သည်ဟူ၍ မခံစားခဲ့ရ။
သို့သော် ယခုပြန်ဖတ်ကြည့်လိုက်သည့်အခါတွင်တော့ ခံစားချက်များက တစ်မျိုးပြောင်းသွားပြန်လေပြီ။
ဒေါသထွက်ရန်လိုပြီး ပို့ပစ်လိုက်ခြင်းနှင့် မတူပေရော့လား။
တစ်ဖက်လူက သူမကို အာရုံမစိုက်ချင်မှန်း သိသာနေသည့်အတွက် ဝိန်းရိဖန်လည်း ထိုအကြောင်းအရာနှင့်ပတ်သတ်ပြီးမစဥ်းစားချင်ပါတော့ပေ။ ထိုအခါ တဖြည်းဖြည်းစိတ်လွတ်ကိုယ်လွတ်ဖြစ်လာရပြီး မဆီမဆိုင် စန်းရန်နှင့် သူ့ညီမလေးစန်းကျီ တို့ပြောခဲ့သည့်စကားများကို ပြန်တွေးမိလိုက်သည်။
နောက်တွင်တော့ အထက်တန်း ပထမနှစ်၏အချိန်ကာလများဆီသို့ ပြန်တွေးတောကြည့်မိလေသည်။
ထိုအချိန်တုန်းက သူတို့နှစ်ဦးစလုံးသည် အမှတ်များလည်း မကောင်း ၊ ကျောင်းအဆင့်များကလည်း ကံကောင်းလျှင် အလယ်အလတ်လောက်ရတတ်ပြီး တစ်ခါတစ်ရံ အတန်း၏နောက်ဆုံးဘိတ်နေရာ၌ ရှိတတ်ကြသည်။
အက,ပညာအထူးပြုဖြင့် နန်းဝူအမှတ်(၁) အထက်တန်းကျောင်းသို့ ဝင်လာသည့်ကျောင်းသူ ဝိန်းရိဖန်က သဒ္ဒါဘာသာရပ်များ၌ ကျောင်းစာအားနည်းခဲ့သည်။စာလုပ်မည့်ဘာသာရပ်ကိုပင် ရွေးလွန်းသည့်စန်းရန်မှာတော့ သင်္ချာ ၊ ဓါတုဗေဒ ၊ ရူပဗေဒ ဘာသာရပ်များမှလွဲ၍ အခြားဘာသာရပ်ကို လုံးဝမလေ့လာ စာမကြည့်လေဘဲ သူ၏လစဥ်ရီပို့ကဒ်များမှာ ခွေးကိုက်ခံသည့်အလား ဆိုးဆိုးရွားရွားပင်။
သင်္ချာ ၊ ဓါတုဗေဒ ၊ ရူပဗေဒများတွင် အမှတ်ပြည့်နီးပါးရထားသော်ငြား အခြားဘာသာရပ်များက အမှတ် ၃၀/၄၀ ပင် မကျော်။
စာမေးပွဲရလဒ်များထွက်လာသည့်အခါတိုင်းတွင် စန်းရန်က သူမ၏ သိပ္ပံဘာသာရပ်ဆိုင်ရာအဖြေလွှာစာရွက်များကို ဆွဲဆွဲယူကြည့်ကာ ကြည့်နေရင်းဖြင့်လည်း မျက်ခုံးများပင့်မြှောက်သည်အထိ အော်ရယ်တတ်သေးသည်။
အကြိမ်တိုင်းနီးပါး ထိုသို့လုပ်နေခြင်းကြောင့် အနေအေးပြီးသဘောထားကောင်းသည့် ဝိန်းရိဖန်ပင် စန်းရန်ကို သည်းညည်းမခံပေးနိုင်တော့ဘဲ
"စန်းရန်..နင် ငါ့အဖြေလွှာစာရွက်ကို ကြည့်နေလို့လည်း ဘာမှထူးလာမှာမဟုတ်ဘူး..နင့်ဘာသာနင် မေးခွန်းကို ဘယ်နေရာတွေမှားဖြေထားတာလဲဆိုပြီး ရှာနေသင့်တာ"
"ဟမ်?..မင်းဘက်က ငါ့ကို ဘာလုပ်နေတယ်ထင်ပြီး အထင်တွေလွှဲနေတာတုန်း"
Advertisement
စန်းရန်က မျက်လွှာပင့်ကြည့်လာခဲ့ပြီး သူ့လက်ချောင်းထိပ်က သူမ၏အဖြေလွှာစာရွက်ပေါ်မှ အနီရောင်အမှားခြစ်ကို ဝိုင်းပြရင်း ဂုဏ်ပြိုင်နေသည့်မျက်နှာပေးဖြင့်
"ငါ့အဖြေလွှာစာရွက်ပေါ်မှာကျတော့ ဒီလိုဟာမျိုးတွေမရှိဘူးရော"
"...."
------
ဝိန်းရိဖန်က အတွေးများကိုပြန်ရုတ်သိမ်းလိုက်ပြီး အဝတ်အစားလဲကာ ရေချိုးရန်ပြင်လိုက်၏။
စန်းရန်ဘက်မှ သူမအား မသိချင်ယောင်ဆောင်နေခြင်းအပေါ်၌လည်း အမှန်တွင် နားလည်ပေးနိုင်ပါခဲ့သည်။
ဖြစ်နိုင်သည်မှာ စန်းရန်မှ သူမအား ပြန်တွေ့လိုက်ရသည့်ထိုအချိန်ကလေးအတွင်းတွင် ဆယ်ကျော်သက်အရွယ်တုန်းက မထိုက်တန်သည့်သူတစ်ယောက်အပေါ် ရူးရူးနှမ်းနှမ်းလုပ်ပေးခဲ့ဖူးသည့်ကိစ္စများကို ပြန်အမှတ်ရမိလိုက်ပြီး ဘဝသက်တမ်းတစ်လျှောက်လုံးရှိ စွန်းထင်းနေသောတစ်ခုတည်းသောသမိုင်းကို ပြန်လှန်လှောမိလိုက်ခြင်းကြောင့်လား။ထို့ကြောင့် သူမနှင့်ထပ်၍ မပတ်သတ်ချင်တော့သည့်အတွက်ကြောင့်လား။
ထိုအခါ မမှတ်မိချင်ယောင်ဆောင်လိုက်ခြင်းကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတော့မည်။
ဤသို့ဤနှယ်တွေးမိနေရင်းက...
ဝိန်းရိဖန်သည် စန်းရန်ဘက်မှသဘောထားကိုလည်း တွေးကြည့်မိလိုက်သည်။
မေ့ပျောက်လုနီးနီးဖြစ်နေသည့် ငယ်ချစ်ကလေးက ရုတ်တရက် သူ့ဘားထဲ၌ပြန်ပေါ်လာသည့်အပြင် သူ့ကိုပါ ပျော်တော်ဆက်ကောင်လေးအဖြစ်ထင်မှတ်ပြီး ခေါ်လိုက်ခြင်း ;
လက်ကောက်ကို တမင်သက်သက်ချချန်ထားခဲ့ပြီး ဒုတိယအကြိမ်တွေ့ဆုံရန် အကြောင်းဖန်ထားခြင်း ;
နီးစပ်စေရန်ကြံဖန်ပြီး ဆုတောင်းစကားကို တမင်သက်သက် မက်ဆေ့ပို့လိုက်ခြင်း ;
နောက်ဆုံးတစ်ခုအနေဖြင့် တစ််စုံတစ်ယောက်နှင့်တိုက်မိချင်ဟန်ဆောင်ပြီး သူနှင့်အသားချင်းထိရန် ကြံစည်ခြင်း ;
"...."
စန်းရန်ဘက်မှ မည်သည့်အတိုင်းအတာထိတွေးနေပြီမှန်း မသိနိုင်ပါတော့ပေ။
နှစ်သစ်တစ်နှစ်က ပုံမှန်အတိုင်းရောက်ရှိလာပါတော့၏။
နှစ်သစ်ကူးပြီးနေ့တွင် ကျုံးစစ်ချောင်က wechat မှတဆင့် အိမ်ခြံမြေလုပ်ငန်း၌အကျိုးဆောင်လုပ်နေသည့်မိတ်ဆွေတစ်ဦးနှင့် အဆက်အသွယ်လုပ်ပေးလာခဲ့သည်။
ဝိန်းရိဖန်ဘက်မှ သုံးမည့်ငွေပမာဖြင့်ဆိုလျှင် ငှားရမ်းနိုင်မည့်အိမ်ခန်းအခြေအနေများမှာ နဂိုကငှားရမ်းထားသည့်အုပ်စုလိုက်အိမ်ခန်းမျိုးများမှ မဟုတ်လျှင် ဆင်ခြေဖုံးရပ်ကွက်မျိုးမှ တစ်ယောက်နေအိမ်ခန်းများသာ ရနိုင်ခဲ့၏။
ထို့ကြောင့် ကျုံးစစ်ချောင်က သူမအား အကြံဥာဏ်ပေးလာခဲ့၏။
အတူနေမည့်အခန်းဖော်ရှာရန်ဖြစ်၏...
အကယ်၍ အတူနေမည့်အခန်းဖော် နှစ်ယောက် သုံးယောက်ရှိလျှင် အခန်းငှားခက မျှခံကြမည်ဖြစ်သောကြောင့် အတော်လေးသက်သာလိမ့်မည်။
ဝိန်းရိဖန်က အကြံပေးချက်ကိုလက်ခံလိုက်သော်ငြား အတူနေမည့်အခန်းဖော်အား မည်သည့်နေရာမှ သွားရှာရမည်မှန်းမသိ။ ဘေးခန်းအိမ်နီးချင်းမှပေးထားသည့်အရိပ်ဆိုးကြီးကြောင့် သူစိမ်းတစ်ယောက်နှင့် တစ်အိမ်တည်းနေပြီးမျှသုံးဖို့ရန် မရဲပါချေ။
သူမနှင့်လည်းရင်းနှီးပြီး မိန်းကလေးချင်းဖြစ်မည့်သူတစ်ယောက်ကိုသာ ရှာလို၏။
ကြာသပတေးနေ့ နေ့လည်ခင်းတစ်ခုတွင် ဝိန်းရိဖန် အယ်ဒီတာအခန်းထဲမှထွက်လာပြီးနောက် သန့်စင်ခန်းဆီသို့လာခဲ့သည်။အသုံးပြုပြီး ပြန်အတွက်တွင် တစ်ဖွဲ့တည်းသားချင်းဖြစ်သည့် 'ဝမ်လင်လင်' နှင့် ဆုံရန်အကြောင်းဖန်လာခဲ့၏။
ဝမ်လင်လင်သည် 'ချွမ်တ' သတင်းဌာန၌ အလုပ်လုပ်နေသည်မှာ သုံးနှစ်နီးပါးရှိပြီဖြစ်ပြီး သူမထက်လည်း အသက်အနည်းငယ်ကြီးကာ ရုပ်ရည်အမူအရာ အသံနေအသံထားအားလုံးက ချိုမြမြလေးဖြစ်သည်။ နှစ်သစ်ကူးနေ့လည်း ခွင့်ယူထားခဲ့ပြီး အမြဲတမ်းလိုလို ရုံးလာနောက်ကျပြီး စောစောပြန်သွားတတ်သည့်သူကြောင့် ဝိန်းရိဖန်မှာ ဝမ်လင်လင်အား မတွေ့ရကြာသူတစ်ဦးလိုပင် ခံစားနေမိတော့သည်။
ဝိန်းရိဖန်ဘက်မှ စပြီး ဝမ်လင်လင်အား နှုတ်ဆတ်လိုက်၏။
ဝမ်လင်လင်က မှန်ထဲမှတဆင့် သူမအား လှမ်းကြည့်လာခဲ့၍
"အေ့..ရှောင်ဖန်..နင့်နှုတ်ခမ်းနီက ဘာအရောင်လဲဟင်..တော်တော်လေး ကြည့်လို့ကောင်းတယ်"
ဝိန်းရိဖန်က မေးသည့်အမေးကို အလိုလိုဖြေမိလိုက်၏။
"ဒီနေ့တော့ ဘာမှမဆိုးခဲ့ရဘူး..ဒါပေမယ့် ပုံမှန်သုံးနေကျအရောင်က...."
"အိုက်ယား!"
စကားဆုံးအောင်နားမထောင်လေဘဲ ဝမ်လင်လင်ကစကားကိုဖြတ်ပြောလာ၍
"ဘာကို မဆိုးခဲ့ရဘူးလဲ..မိန်းကလေးအချင်းချင်းပဲဟာ..ရိုးရိုးသားသားပေါ့..မင်းဘက်က အစ်မကို ဘာတံဆိပ်သုံးလဲမေးလာခဲ့ရင်လည်း အစ်မပြောပြမှာပဲဟာ"
စကားပြောပြီးသည်နှင့် ဝမ်လင်လင်က တစ်ဖက်လူ၏အဖြေကိုမစောင့်ဘဲ ဒေါက်ဖိနပ်သံတစ်ချက်ချက်မြည်ကာ သန့်စင်ခန်းထဲမှ ထွက်သွားတော့၏။
ဝိန်းရိဖန်က ကြောင်အအဖြင့်ရပ်ကျန်နေခဲ့ပြီး မှန်ကို စိုက်ကြည့်နေရင်းဖြင့် နှုတ်ခမ်းအား လက်ခုံဖြင့်အတွေတွေအဝေဝေဖိသုတ်ပစ်မိလိုက်သည်။
အမှန်တကယ် မဆိုးထားခဲ့ခြင်း...
ရုံးခန်းထဲသို့ပြန်ရောက်သည့်အချိန်တွင်။
ဝိန်းရိဖန်က အလုပ်စားပွဲဆီသို့လျှောက်လာခဲ့၏။ ဝမ်လင်လင်၏အလုပ်စားပွဲက သူမ၏အနောက်ထောင့်နေရာတွင်ဖြစ်ပြီး လက်ရှိအချိန်၌ ဝမ်လင်လင်သည် အလုပ်စားပွဲပေါ်၌ ခပ်လျော့လျော့မှီထိုင်ထားရင်း ဝိန်းရိဖန်၏ ဘေးခုံမှ 'စုထျန်း' နှင့် စကားပြောနေခြင်းဖြစ်သည်။
စုထျန်းနှင့်ဝိန်းရိဖန်က အလုပ်ထဲသို့ဝင်လာချိန်လည်းတူပြီး သက်တူရွယ်တူလည်းဖြစ်ကာ နှစ်ယောက်သား၏ဆက်ဆံရေးကလည်း အတော်လေးကောင်းမွန်ကြသည်ဟုဆိုရမည်။
ဝိန်းရိဖန် ပြုံးပြလိုက်၍
"ဘာတွေပြောနေကြတာလဲ"
စုထျန်း ;
"လင်ကျဲ နဲ့ သူ့ချစ်သူကောင်လေးရဲ့ နှစ်သစ်ကူးညကိုဘယ်လိုကုန်ဆုံးကြတဲ့အကြောင်း ပြောနေကြတာ"
"ဒီတိုင်း စကားမရှိ စကားရှာပြောနေကြတာပါ"
ဝမ်လင်လင်က လက်ရမ်းပြရင်း
"ငါကလည်း ကံလေးကောင်းနေလို့ပါ..နှစ်သစ်ကူးပြီးနောက်တစ်နေ့က အားရက်လည်းဖြစ်နေတော့ ကောင်လေးနဲ့အတူ 'ဟွိုက်ဇူ' အပန်းဖြေဧရိယာဘက်မှာ နှစ်သစ်ကူးညကိုဖြတ်သန်းဖြစ်သွားတာ..ဖယောင်းတိုင်မီးထွန်းထားတဲ့ညစာလေးကိုစား ၊ ရေပူစမ်းလေးစိမ် ၊ ပြီးတော့ ငါ့ကို 5200 နဲ့ 1314 ဆိုပြီးလည်း လွှဲပေးသေးတယ်..ဘာမှထူးထူးခြားခြားမလုပ်ဖြစ်ကြပါဘူး..ဒီတိုင်း ပျင်းစရာကြီး"
(5200 က တရုတ်အသံထွက်အရ အသံထွက်ချင်းဆင်တူတဲ့ ဝေါ်အိုက်နီ 我愛你 ငါနင့်ကိုချစ်တယ် / 1314 က တရုတ်အသံထွက်ချင်းဆင်တူဖြစ်တဲ့ ရိရှန်ရိရှစ် 一生一世 အမြဲတမ်းထာဝရ ကိုဆိုလိုတာပါ )
"အရမ်းအားကျတာပဲ..လင်ကျဲ.."
စုထျန်းက အောက်နှုတ်ခမ်းကိုတွန့်ကွေးပြပြီး စကားလမ်းကြောင်းပြောင်းရန် ကြိုးစားနေတော့၏။
"ဒါနဲ့ ရိဖန်..နင် အိမ်ပြောင်းမလို့ဆို..အိမ်ခန်းအသစ်ရော ရှာလို့တွေ့ပြီလား"
ဝမ်လင်လင်က တအံ့တသြဖြစ်သွားသည့်ပုံစံမျိုးဖြင့် ချက်ချင်းမေးလာခဲ့သည်။
"အေ့..ရှောင်ဖန်..နင် အိမ်ပြောင်းမလို့လား"
ဝိန်းရိဖန် ; "အင်း"
"ဒါဆိုရင်တော့ တိုက်ဆိုင်တာပဲ"
ဝမ်လင်လင်က ထခုန်လေပြီး
"အစ်မလည်း အခုတလောအရမ်းစိတ်ရှုပ်နေရတာ..အစ်မရဲ့အရင်အိမ်ခန်းဖော်ဟောင်းက အလုပ်ထွက်ပြီးဇာတိမြို့ကို ပြန်သွားခဲ့တာနဲ့ အခန်းကလွတ်နေတာ..အခုချိန်ထိ အဆင်ပြေမယ့် အခန်းဖော်ကို ရှာမတွေ့သေးဘူး"
ဝိန်းရိဖန်လည်း အံ့သြသွားပါသော်လည်း တုန့်ပြန်ချက်တစ်ခုမပြုပေ။
ဝမ်လင်လင် ;
"အစ်မနေနေတဲ့အိမ်ခန်းမှာ လာနေဖို့ မစဥ်းစားကြည့်ချင်ဖူးလား"
စုထျန်း ;
"လင်ကျဲ..အစ်မက ဘယ်နားမှာနေတာလဲ..ရိဖန်က ကုမ္ပဏီနဲ့နီးတဲ့နေရာမျိုးကို ရှာနေတာ"
Advertisement
ဝမ်လင်လင် ;
" 'ရှန့်တုဟွားချန်' မှာပဲနေတာ..အရမ်းနီးတယ်"
ဝိန်းရိဖန်က သူမလက်ရှိနေနေသည့်နေရာနှင့် ထိုရပ်ကွက်က အိမ်နီးချင်းများသဖွယ်နီးနီးလေးဖြစ်မှန်း တန်းသိလိုက်ကာ ခါတိုင်း သူမအလုပ်ဆင်းသည့်အချိန်တိုင်း၌လည်း ထိုရပ်ကွက်ကိုဖြတ်လျှောက်သွားရသေးသည်။ထို့အပြင် လွန်ခဲ့သောနှစ်အနည်းငယ်ကမှ အသစ်တည်ထားသည့်အိမ်ရာများလည်းရှိကာ အဆင့်အတန်းနည်းနည်းမြင့်သည့်အိမ်ရာမျိုးဟုလည်း သတ်မှတ်ထားကြသည်။
စုထျန်းက ဝိန်းရိဖန်အား တစ်ချက်လှမ်းကြည့်လိုက်ပြီး ဆက်၍
"ဒါဆို အစ်မအပြင် တခြားအခန်းဖော်တွေရောရှိသေးလား"
"မရှိဘူး မရှိဘူး..အစ်မတစ်ယောက်တည်းနေနေတာ"
ဝမ်လင်လင်က ဝိန်းရိဖန်၏ပုခုံးကို ပုတ်လိုက်ရင်း ချစ်စရာကောင်းသည့်ဟန်မျိုးပြုံးပြ၍
"စိတ်မပူပါနဲ့..အစ်မက တွေ့ကရာလူတိုင်းကို အိမ်ထဲ လျှောက်ခေါ်လာတတ်တဲ့သူမျိုးမဟုတ်ပါဘူး..အစ်မတို့သာ အတူနေဖြစ်ကြမယ်ဆိုရင် ဆောင်ရရှောင်ရမယ့်အချက်လေးတွေကိုလည်း ကြိုပြီးဆွေးနွေးလို့ရပါတယ်..တကယ်လို့သာ စဥ်းစားထားတယ်ဆိုရင် ဒီနေ့အလုပ်ဆင်းတဲ့အချိန် အရင်ဆုံး အိမ်ခန်းကို လိုက်ကြည့်ကြည့်..."
ဤအထိစကားဆိုနေပြီးမှ ဝမ်လင်လင်က ရုတ်တရက်ရပ်တန့်လိုက်မိကာ စကားကိုပြန်ပြောင်းဆိုလိုက်၏။
"အိုက်ယား..မရသေးဘူး..မနက်ဖြန်မှပဲ လိုက်ကြည့်တော့နော်..အစ်မ ဒီနေ့ ကောင်လေးနဲ့ ရုပ်ရှင်သွားကြည့်ဖို့ချိန်းထားသေးလို့"
ဝိန်းရိဖန် ;
"ရပါတယ်..ဒါဆိုလည်း မနက်ဖြန်ပေါ့"
------
ဝမ်လင်လင် လက်ဖက်ရည်ခန်းထဲသို့ ဝင်သွားပြီးနောက်တွင်။
စုထျန်းက စိုးရိမ်နေသည့်ပုံစံမျိုးဖြင့် အနားသို့ကပ်လာပြီး
"နင် တကယ်ပဲ သူနဲ့အတူနေမလို့လား..ငါစိတ်ထင်တော့ သူက အရမ်းစိတ်ရှုပ်စရာကောင်းသလားလို့..တစ်နေ့လုံး သူ့ရဲ့ ဟိုဒုတိယမျိုးဆက်ချမ်းသာတဲ့ရည်းစားအကြောင်းပဲ လိုက်ပြောနေတာ..ပြီးတော့ ငါပဲခံစားနေမိတာလားတော့မသိဘူး..နင်က ရုပ်ချောတော့လေ သူ နင်နဲ့စကားပြောတဲ့အချိန်တိုင်း ယင်နဲ့ယန်လိုပဲ"
ဝိန်းရိဖန်လည်း ဝမ်လင်လင်၏အကျင့်ပုံစံကို နားလည်သင့်သလောက်နားလည်ထားပါသည်။
မကောင်းသည့်စိတ်ထားမျိုးမရှိဘဲ ကလူ၏မြှူ၏အကျင့်စရိုက်လေးနှင့်ပါးစပ်ဆိုးရုံသာ။ ထိုအချက်နှစ်ချက်က သူမအတွက်တော့ ပြဿနာကြီးကြီးမားမားဟု မထင်မှတ်ဘဲ ၊ များသောအားဖြင့်လည်း ဝမ်လင်လင်နှင့်ဆက်ဆံရေးအဆင်ပြေခဲ့သည်သာ။
ဝိန်းရိဖန် မျက်လုံးများပြတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း
"ငါ အိမ်ခန်းကိုအရင်ကြည့်ကြည့်လိုက်ပါဦးမယ်"
နောက်တစ်နေ့ အလုပ်ဆင်းသည့်အချိန်တွင်။
ဝိန်းရိဖန်နှင့်ဝမ်လင်လင်တို့က မြေအောက်ရထားဖြင့် 'ရှန့်တုဟွားချန်' သို့ထွက်လာခဲ့လိုက်၏။
ဝမ်လင်လင်က လက်ရှိနေနေသည့်အိမ်ခန်းထဲတွင် အိပ်ခန်း သုံးခန်းပါပြီး တစ်ခန်းမှာ အိမ်ပိုင်ရှင်၏ပစ္စည်းများထည့်သိမ်းထားသည့်အတွက် ကျန်သည့်အခန်းနှစ်ခန်းကိုသာ ငှားရမ်းထားသည်။ ရေချိုးခန်းနှင့်အိမ်သာတွဲပါသည့် အိပ်ခန်းကြီးတစ်ခုနှင့် ရိုးရိုးအိပ်ခန်းငယ်တို့ဖြစ်သည်။
ထို့ကြောင့် ငှားရမ်းခအား အနည်းငယ်လျော့ပေါ့ပေးထားသေးသည်။
အိမ်ခန်းတစ်ခုလုံးက အတော်လေးအဆင်ပြေပြီး မီးဖိုချောင် ၊ ထမင်းစားခန်းနှင့် ဝရံတာတို့အပြင် အခြားလိုအပ်သည့်ပစ္စည်းမျိုးစုံလည်း ရှိထားသည်။
အိပ်ခန်းကြီးက ဝမ်လင်လင်အသုံးပြုနေသည့်အတွက် ဝိန်းရိဖန်က အိပ်ခန်းငယ်ထဲသို့သာ တစ်ချက်ဝင်ကြည့်လိုက်၏။
အခန်းက သပ်သပ်ရပ်ရပ်ရှိလှပြီး စားပွဲခုံပေါ်၌လည်း ဖုန်မှုန့်ဟူ၍မရှိပါချေ။
ဝမ်လင်လင် ;
"အစ်မက အိပ်ခန်းကြီးကိုသုံးနေတာမလို့ အိမ်ခန်းလခကို မင်းထက် အစ်မပိုပေးမှာပါ..မင်းဘက်က တစ်လကို ယွမ်၂၀၀၀ ပဲပေးရမှာ..အခြား ရေဖိုးမီးဖိုးတွေကတော့ တစ်ယောက်တစ်ဝက်ကျခံမယ်လေ..အဆင်ပြေတယ်မလား"
ဤစျေးနှုန်းက သူမ အရင်ကနေခဲ့သည့် အုပ်စုလိုက်အိမ်ခန်းငှားခများထက် နည်းနည်းတော့စျေးများသည်ဟု ဆိုနိုင်သော်လည်း သူမတတ်နိုင်သည့် ပမာဏထဲတော့ပါနေသေးသည်။
အခြေအနေအရပ်ရပ်တိုင်းဆီကလည်း ကောင်းတာထက်ကို ပိုနေပြီမဟုတ်လား။
ဝိန်းရိဖန်က စကားတစ်ခွန်းမဆိုဘဲ စဥ်းစား၍သာနေနေခဲ့၏။
"မင်း ထပ်ပြီးစဥ်းစားကြည့်ပေါ့"
ဘယ်လိုပင်ဖြစ်စေ အိမ်ပြောင်းသည့်ကိစ္စက သေးသေးမွှားမွှားမဟုတ်သည့်အတွက် ဝမ်လင်လင်လည်း အတင်းအကြပ်တိုက်တွန်းနေခြင်းမျိုးမလုပ်တော့ဘဲ အချိန်ကို တစ်ချက်ကြည့်လိုက်၍
"ဒီအချိန်တောင်ရောက်နေပြီလား..အစ်မတို့ အရင်ဆုံးတစ်ခုခုသွားစားရအောင်လေ..အစ်မ ဗိုက်ဆာနေပြီ"
ဝိန်းရိဖန်က ညစာစားလေ့စားထမရှိသည့်အတွက် ငြင်းလိုက်မည်အပြု ၊ သူတို့နှစ်ဦးကြားတွင် အိမ်ခန်းအတူငှားကြမည့်ပတ်သတ်မှုမျိုးက ရှိကောင်းရှိလာနိုင်သည်ကိုတွေးမိပြီး ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုတည်ဆောက်ထားခြင်းအလို့ငှာ ဖိတ်ခေါ်မှုကိုလက်ခံလိုက်၏။
နှစ်ယောက်သားက အိမ်ရာဝန်းအတွင်းမှ ထွက်လာသည့်အချိန်ကိုက်နီးနီးတွင် ဝမ်လင်လင်၏ဖုန်းသံမြည်လာခဲ့၏။ ဖုန်းမဖြေခင် ချောင်းသံ သုံးလေးချက်ပြုလိုက်ပြီးမှ
"ဟယ်လို..အချစ်ကလေး..ဘာဖြစ်လို့လဲဟင်"
ဝိန်းရိဖန်က ဘေးမှနေပြီး တိတ်တိတ်ဆိတ်ဆိတ်လျှောက်လိုက်လာခဲ့သည်။
"အခုလား..သူငယ်ချင်းတစ်ယောက်နဲ့အပြင်မှာ..ထမင်းသွားစားဖို့လုပ်နေတာ"
ဝမ်လင်လင်က အလိုလိုက်ခံထားသည့်ကလေးတစ်ယောက်လို ပြုမူရင်း
"ရတာပေါ့..အချစ်က ဘယ်နားလေးမှာလဲ..တို့က အိမ်ရာရဲ့ဂိတ်ပေါက်ဝနားလေးမှာ ရပ်နေကြတာ..လမ်းလျှောက်ရမှာ အရမ်းပင်ပန်းတာပဲ..အင့်..အခု ကားကိုမောင်းလာခဲ့မှာလား..ရောက်တော့မှာလား..ဒါဆိုကောင်းတာပေါ့..အချစ် ကားမောင်းနေတာကို မနှောက်ယှက်တော့ဘူးနော်..ဂိတ်ပေါက်နားမှာ လိမ်လိမ်မာမာလေးစောင့်နေမယ်..မြန်မြန်လာကြိုနော်"
ဝမ်လင်လင် ဖုန်းချလိုက်ပြီးနောက်တွင် ဝိန်းရိဖန်က
"ဒါဆို အရင်ပြန်နှင့်တော့မယ်လေ..မနက်ဖြန်မှ..."
"ဘာလို့ ရုတ်တရက်ကြီး ပြန်မှာလဲ..အစ်မတို့ အတူတူထမင်းစားမယ်လို့ပြောထားတယ်လေ"
ဝမ်လင်လင်က မျက်မှောင်ကျုံ့လိုက်ပြီး ဆက်၍
"အို့..ခနိုးခနှောင့်ဖြစ်နေစရာမလိုပါဘူးနော်..မင်းက နောက်မီးလုံးလေးဖြစ်နေမှာမဟုတ်ဘူး..အစ်မကောင်လေးကလည်း သူ့သူငယ်ချင်းကိုခေါ်လာတာ..အပျင်းပြေ အပြင်ထွက်တယ်လို့ပဲ သဘောထားလိုက်ပါ"
ဝိန်းရိဖန် နောက်တစ်ကြိမ်ငြင်းဖို့ပင် အချိန်မရတော့ဘဲ အနက်ရောင်ကားတစ်စင်းက ရှေ့တည့်တည့်တွင် ထိုးရပ်သွားတော့သည်။
ယာဥ်မောင်းသူဘေးခုံဘက်မှ ပြတင်းမှန်ကျလာပြီးနောက်တွင် ယာဥ်မောင်းနေရာတွင်ထိုင်နေသည့်ယောက်ျားတစ်ဦးက ခေါင်းလှည့်ကြည့်ကာပြုံးပြ၍
"အချစ်ကလေး..ကားပေါ်မြန်မြန်တက်.."
နောက်တစ်စက္ကန့်တွင် ဝမ်လင်လင်ဘေး၌ရပ်နေသည့် ဝိန်းရိဖန်ကို သတိထားမိသွားခဲ့တော့၏။
"အေ..ဝိန်းရိဖန်?"
ဝိန်းရိဖန်လည်း လှမ်းကြည့်ရင်း ဆွံ့အသွားလျက်။
သူမ မတွေးထင်ထားခဲ့သည့်အတိုင်း...
ဝမ်လင်လင်၏ ဒုတိယမျိုးဆက်သူဌေးသားချစ်သူကောင်လေးက စုဟောက်အန်း ဖြစ်နေမည်ဟူ၍။
"ငါ-ူး..မတွေ့ဖြစ်တာ ဘယ်နှနှစ်တောင်ရှိပြီလဲ..."
သူ့စကားမဆုံးခင် အနောက်ဘက်မှ ဝီစီမှုတ်သံကိုကြားလိုက်ရ၍
"ငါ-ူး..မြန်မြန်..မင်းတို့နှစ်ယောက် ကားပေါ်အမြန်တက်..ဒီနေရာမှာ ကားရပ်လို့မရဘူး"
ဝိန်းရိဖန် ;
"မ...."
စုဟောက်အန်းက အလောတကြီးဖြင့်
"မြန်မြန်!"
"...."
မတတ်နိုင်တော့သည့်အဆုံး ကားအနောက်ဘက်ခုံဆီသို့သာ ဝင်ထိုင်လိုက်ရတော့သည်။
နေရာတွင်ထိုင်ပြီးသွားသည့်အခါတွင်မှ အနောက်ခုံတွင်အခြားသူတစ်ယောက်ရှိနေသေးမှန်း ဝိန်းရိဖန် သိလိုက်ရ၏။
သူမ၏မျက်ဝန်းက တစ်နေရာထဲတွင် အာရုံစူးစိုက်လျက်။
ကားအတွင်းရှိအလင်းရောက်က အပြင်ကထက် သိသိသာသာပို၍မှောင်နေခဲ့ကာ ထိုယောက်ျားလေးက အသံတစ်ချက်မပြု ၊ အသက်ရှုနှုန်းများက နှေးကွေးနေပါသည့်တိုင် သူ့တည်ရှိမှုအငွေ့အသက်များမှာတော့ ပြင်းပြလွန်းလှသည်။ လက်ရှိအချိန်တွင် ထိုသူက အရိုးလုံးဝမရှိသည့်လူအလား ကားထိုင်ခုံကိုမှီထားကာ မျက်လုံးများကို မှိတ်ပြီး ပျင်းတိပျင်းရွဲပုံစံဖြင့် မှေးနေခဲ့သည်။
သူ့ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသည့်အရာအားလုံးကို လုံးဝဂရုမပြုသည့်အလားသဏ္ဍာန်မျိုးပင်။
ကား စက်နှိုးလိုက်၏။
စုဟောက်အန်းက နောက်ကြည့်မှန်မှတဆင့် လှမ်းကြည့်လာရင်း
"ဝေ့..စန်းရန်..မအိပ်နဲ့တော့..မင်းရဲ့ ကြာပန်းဖြူလေးကို ထကြည့်ဦး!"
ဝိန်းရိဖန် ;
"...."
(Zawgyi)
"သာ့ကျွမ့် "
"အေ့"
Advertisement
- In Serial43 Chapters
Knowing Xavier Hunt ✓
|| Featured FREE story with exclusive paid chapters - previously a paid story ||When Haley discovers the truth behind Xavier, whose silence holds a deeper meaning, she sets her mind on making his life better one small step at a time. *****Haley Rosamond is happy with her simple life, content under the wing of her father. Well-protected, she has no idea of the darkness surrounding Xavier Hunt, with his all-black attire and infrequent presence in school-accompanied by his bruises and scars. That is, until Haley catches a glimpse of Xavier's reality and is made to question everything she knows about family and life in general. The truth, she realizes, couldn't be more different from everything she has heard. Supported by her father, Haley sets her mind on helping Xavier any way she can, and what begins with tutoring sessions, free food, and random acts of kindness blooms into friendship and something a little more. But when Haley's admission into her dream college and another tragedy in Xavier's life threaten to undo everything she has worked for, Haley needs to decide if she'll stick by Xavier or simply be another person in his life that disappears. [[word count: 80,000-90,000 words]]
8 559 - In Serial41 Chapters
A Sudden Cute Baby: My Awesome President Dad
Five years ago, she got set up by her most trusted person, and her best friend died for her. Five years later, she came back with her son and met a man who extremely resembled her son… It was said that Mr. Huo, the richest man in the world, was gay… A marriage bonded her with him. "Mr. Huo, people say your wife is a loose woman." "Well, tear the mouth of the one who said that. My wife is not loose at all. Even if she is loose down there, I did it."
8 290 - In Serial9 Chapters
Take my heart
This is the 2nd book in the Murderous love series if you haven't read the first book I suggest doing that. ------- Zeke Guerrero disappears for two months without a trace, when he returns will Lindsey welcome him back in her life or shut him out completely and whos the new detective in town and why is he opening up his mother's murder case once again.
8 246 - In Serial18 Chapters
Being Popular (GirlxGirl) [COMPLETE]
Mickie James has always led an easy life, well as easy a life as you can when you're trying to hide the fact that you're in love with you best friend. For Mickie, there is no better person in this world then her best friend Courtney Diamond. She has everything, the gorgeous looks, the winning smile, not to mention she just happens to be the most popular girl at school, and Mickie just can't help herself from falling in love with her. Though with her social status and knowledge that Courtney would never love her back, Mickie knows not to tell anyone that she just so happens to be gay. Sometimes, being popular comes at a price.
8 94 - In Serial38 Chapters
Game On
#1 in Thriller /15-05-18/"I want her", he says in a deep voice, causing me to shiver. His hair and eyes are the same color as the sky at night and his lips are curled up in a mischievous smirk. He reaches out his hand and gently touches my cheek and I take a step back, my eyes full of anger and fear. "Ah, feisty one, aren't you?" I hear him say as he leans in closer, trapping me between the cold wall and his tense body. Copyright © 2014
8 397 - In Serial48 Chapters
데뷔 || Debut
"Is it true you're dating the rapper Min Suga?" The reporter came up to me."I have no reason to answer you're question.""Our group is Dreamlike we are different groups and if you will be interviewing us to get information on them we are not interested."A new girl group rises in the midst of the korean boy band BTS highest peak.This group is the first girl group after years that BigHit has allowed. Will it be for the better or for the worst? A story of a worldwide idol and a rookie idol falling in love and finding themselves.Maknae Line:Bang Sun-hee- Maknae, Main Vocal - 2002Jeon Hee-jin- Main Dancer, Vocalist -2001Unnie Line:Kim Doyeon- Dancer, Vocal, Visual - 1999Y/n - Main Rapper, Dance, Leader - 1999Choi Yuju - Rapper, Vocal, Center -1997Updated Once a week
8 213

