《First Frost (Myanmar Translation)》Chapter 6
Advertisement
ဝိန်းရိဖန်၏မျက်ခုံးများ တစ်ချက်တွန့်ကွေးသွားမိကာ နှလုံးသားသည်လည်း ရှင်းပြမရသောစိုးထိတ်မှုများ ကြီးစိုးသွားခဲ့သည်။
ဒါ..
ဘယ်လို..
တုန့်ပြန်မှုကြီးလဲ ? ? ?
ပြီးတော့ '?' ကရော ဘာအဓိပ္ပါယ်လဲ...
ဝိန်းရိဖန်က ကြောင်အမ်းနေရင်း သူမပို့ထားသည့် စကားလုံးငါးလုံးကို စိုက်ကြည့်နေမိ၏။
-- နှစ်သစ်မှာ ပျော်ရွှင်ပါစေနော် ^_^
တစ်ခဏလေးအတွင်း၌ ဝိန်းရိဖန်တစ်ယောက် ဤအခြေအနေအား သဘောထားကြီးကြီးဖြင့် နားမလည်ပေးနိုင်ပါတော့ချေ။
သူမပို့လိုက်သည်မှာ ဆုတောင်းမေတ္တာပို့သသည့်စကားတစ်ခွန်းဖြစ်ပြီး အရူးဘာသာစကားလည်းမဟုတ်။
ထပ်ပြီးဆိုရလျှင်...
ဤ အမေးသင်္ကေတ '?' ကို ပို့လာခြင်းက အတော်ကြီးကို ယဥ်ကျေးမှုမဲ့လွန်းနေပြီမဟုတ်လား။
ဝိန်းရဖိန်က ဖုန်းမျက်နှာပြင်တစ်ဖက်ခြားက စန်းရန်ကြောင့် ရှော့ရနေပြီဖြစ်သည်။
သူမ၏တုန့်ပြန်မှုက သေခါနီးလူအိုမကြီးလိုလို။
တစ်ဖက်လူက အခြားသောစကားမျိုးပြောဆိုခြင်းကိုမဆိုထားနှင့် ဆုတောင်းစကားပို့ခြင်းကိုပင် အမေးသင်္ကေတ ပြန်ပို့ပြီး ပါးလှမ်းရိုက်လေခြင်း။
ဝိန်းရိဖန်က စာရိုက်သည့်နေရာသို့ နှိပ်ရင်းက တွေဝေသွားခဲ့၍
[ ငါ ဘယ်သူမှန်း နင် သိ....]
ဆက်၍ မစာရိုက်ခင် သူမ၏မျက်ဝန်းထောင့်စွန်းမှ တစ်စုံတစ်ယောက် ဖြတ်သွားသည့်အရိပ်ကို လှမ်းမြင်လိုက်ရ၏။ဝိန်းရိဖန် အလိုလိုမော့ကြည့်မိလိုက်လျှင် စန်းရန်က သူမ၏ရှေ့ မီတာအနည်းငယ်၌ လမ်းလျှောက်သွားရင်း ကောင်မလေးတစ်ယောက်၏ဘေးတွင် ရပ်လိုက်သည်ကိုမြင်လိုက်ရသည်။
ကောင်မလေးက ပိန်ပိန်ပါးပါးပုံစံမျိုးလေးဖြစ်ပြီး ခေါင်းကိုငုံ့ကာ ဖုန်းကိုသာကြည့်နေ၏။
စန်းရန်နှင့် သူ့အမေကြားမှ စကားများကို ပြန်တွေးကြည့်လိုက်ပုံအရ ဤကောင်မလေးက စန်းရန်၏ညီမလေးပင် ဖြစ်လိမ့်မည်။
ထိုကောင်မလေးနှင့်ပတ်သတ်ပြီး ဝိန်းရိဖန်အတွက် စိတ်ကောင်းလေးများကျန်နေဆဲ ၊ အထက်တန်းကျောင်းသားအရွယ်တုန်းက စန်းရန်ထံ၌ ခြောက်နှစ်ခုနှစ်နှစ်နီးပါးငယ်သည့် ညီမလေး 'စန်းကျီ' ရှိကြောင်း သိခဲ့ရသည်။ထိုအချိန်တုန်းက ကြွေရုပ်လေးကို သေးကွေးနေဆဲဖြစ်သည့်ညီမလေးနှင့် စကားပြောရန် ဝိန်းရိဖန်တစ်ကိုယ်လုံး ခေါင်းငုံ့ပြီးကိုင်းချထားရသေးသည်။
ယခုအချိန်တွင်တော့ ကောင်မလေးက သူမနီးနီးပင် အရပ်မြင့်နေပြီဖြစ်၏။
စန်းရန်က ပျင်းတိပျင်းရွဲဖြင့်
"ရှောင်းကွေ"
(ရှောင်းကွေ = သရဲမလေး / စန်းရန်က သူ့ညီမလေးကို ခေါ်တဲ့နာမည်ပါ)
စန်းကျီက ခေါင်းမော့လာပြီး
"ဘာလဲ"
စန်းရန် ;
"မင်း စိတ်ဖိစီးမှုတွေများနေတယ်ဆို"
စန်းကျီက ပြောင်ကျကျဖြင့်
"မဟုတ်ပါဘူး"
စန်းရန်က ဆက်၍
"တက္ကသိုလ်ဝင်တန်းစာမေးပွဲကြောင့်လား"
ဝိန်းရိဖန်နှင့် သူတို့ကြားတွင် လူတစ်ဦးသာ ကာခြားနေတော့၏။
ဤအကွာအဝေးလေးကြောင့် သူတို့ပြောနေကြသည့်စကားများက ရုပ်မြင်သံကြားအစီအစဥ်ကိုအရှေ့တည့်တည့်တွင်ဖွင့်ပြထားသည့်အလား ရှင်းရှင်းလင်းလင်းကြားနေရတော့သည်။သူမဘက်မှ ရည်ရွယ်ချက်ရှိရှိဖြင့် နားထောင်နေခြင်းမဟုတ်ပါသော်ငြား သူမ၏နားစည်အတွင်း စီးဝင်နေဆဲဖြစ်ကာ..
"မဟုတ်ဘူးလို့ ပြောနေတယ်လေ"
"ဘာတွေများ လျှောက်တွေးနေတာလဲ"
အမေဖြစ်သူပေးသွားသည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်တော့မည့် စန်းရန်က
"မင်းအစ်ကို ငါတောင်မှ အရင်တုန်းက စာမလုပ်ခဲ့ဘူး..နန်းဝူတက္ကသိုလ်ကို ရောက်အောင်ဖြေဖို့လည်းစိတ်ကူးမရှိဘူး..ပြီးတော့ မင်းရဲ့အမှတ်တွေမကောင်းရင်တောင် ငါတို့မိသားစုက မင်းကို နောက်တစ်ကြိမ်ကျောင်းထားပေးဖို့အတွက် တတ်နိုင်ပါသေးတယ်"
"ကိုကိုက စာမလုပ်ခဲ့ဘူးဟုတ်လား?..ညီမလေး မမှတ်မိတော့ဘူးလို့များ ထင်နေတာလား?"
စန်းကျီက စန်းရန်ကို မော့ကြည့်လိုက်ကာ
"စိတ်ချစမ်းပါ..ကိုကို့အလှည့်တုန်းက သေမတတ်ကြိုးစားပြီးမှ ရောက်သွားတဲ့ နန်းဝူတက္ကသိုလ်ကို ညီမလေး မျက်လုံးမှိတ်ပြီးဖြေတောင် ရောက်တယ်"
"...."
"ပြီးတော့"
စန်းကျီက စိတ်အလိုမကျမှုများပေါက်ကွဲလာသည်နှင့်တပြိုင်နက် ဆက်၍
"ဒီနေ့ မေမေ့ဆီက ကြားလာသေးတယ်..ကိုကို အလုပ်ထွက်လိုက်ပြီဆို"
"....."
"မဟုတ်မှလွဲ.."
စန်းရန်က တစ်ဖက်သို့လှည့်လိုက်ပြီး
"မင်းအပူပါလား"
စန်းကျီက ဆက်ပြီး
"ကိုကို အလုပ်ထုတ်ခံလိုက်ရတာကို ပြောမထွက်လို့များလား"
စန်းရန်ဘက်မှ ခွန်းတုန့်မပြန်ခင် သူ၏လက်ကိုင်ဖုန်းသံ မြည်လာခဲ့၏။ မျက်လွှာအသာချကာ ငုံ့ကြည့်လိုက်ပြီးနောက်
"ငါ့ ပြောစကားကို နားမထောင်ချင်မှတော့လည်း မင်းရဲ့ 'အစ်ကိုအရင်း' ဆီက နှစ်သိမ့်စကားကိုပဲနားထောင်မလား"
( Hidden Love Novel ထဲမှာ စန်းကျီက သွမ့်ကျားရွှီ နဲ့ စန်းရန် နှစ်ယောက်ရှေ့မှာ သူမရဲ့ အစ်ကိုအရင်းက သွမ့်ကျားရွှီ ပါ ဆိုပြီး စန်းရန်ကို စခဲ့ဖူးပါတယ်)
"ဘယ်.."
ဖုန်းမျက်နှာပြင်ပေါ်မှ ခေါ်ဆိုနေသူ၏နာမည်အား လှမ်းမြင်လိုက်ရခြင်းကြောင့်ဖြစ်နိုင်ကာ စန်းကျီ၏အသံက သိမ်ဝင်သွားခဲ့ပြီး သုံးလေးစက္ကန့်နေမှသာ ခပ်တိုးတိုးပြန်ဖြေလာခဲ့၏။
"တော်ပြီ"
ထို့နောက် စန်းရန်က စကားများများစားစားမဆိုတော့ဘဲ ဖုန်းလက်ခံဖြေဆိုရန်အတွက် လေသာဆောင်ဘက်သို့ လျှောက်ထွက်သွားခဲ့သည်။
လေထုက တဖန်ငြိမ်သက်သွားခဲ့ပြန်တော့၏။
တချို့သောစကားလုံးများကိုတော့ ဝိန်းရိဖန် သေသေချာချာနားမလည်သော်လည်း ယခုလိုနီးကပ်နေသည့်အကွာအဝေးမှနေပြီး တစ်ပါးသူ၏စကားကို ခိုးနားထောင်နေပါသည်ဆိုသည့်အချက်က သူမအား စိတ်သက်တောင့်သက်သာမရှိအောင် လုပ်နေပါသေးသည်။ကံကောင်းစွာဖြင့် သူမက Mask တပ်ထားခြင်းကြောင့် အနည်းငယ်စိတ်ချလက်ချ နေနိုင်ခဲ့သည်။
ဝိန်းရိဖန်က ဖုန်းမျက်နှာပြင်အား ထပ်ဖွင့်ကြည့်လိုက်၏။
မက်ဆေ့များထဲတွင် စာပို့ထားသည့်သူမရှိသဖြင့်လည်း ထပ်၍အလိုမကျဖြစ်လာရကာ မက်ဆေ့များအားလုံးကို ဖျက်ပစ်လိုက်တော့၏။တစ်ဖက်လူက သူမ၏ Wechat အကောင့်မှန်း သိမသိကို အတည်ပြုရန် ဆန္ဒစောနေမိကာ နောက်ဆုံးတွင် သိချင်လိုစိတ်များဖြင့် စာပြန်ပို့လိုက်၏။
[ ? ]
တစ်ဖက်လူက လိုင်းပေါ်တွင်ရှိနေသေးသည့်တိုင် ချက်ချင်း ပြန်စာမပို့။
နှစ်စက္ကန့်မျှ စိုက်ကြည့်နေလိုက်သည်။
ဝိန်းရိဖန်က ရုတ်တရက် ဖြစ်နိုင်ချေတစ်ခုကို ထပ်၍တွေးမိသွားပြန်တော့၏။
အကယ်၍ စန်းရန်ကသာ သူမကို Blocked ထားသည်ပဲထားဦး...
ဒါပေမယ့် သူမရဲ့ Mutual Friends တွေကတော့...
စန်းရန်ကို လိုက်ပြီး Blocked ထားမှာတော့ မဟုတ်ဘူးမလား..
Advertisement
ဤသို့စဥ်းစားမိပြီးနောက်တွင် ဝိန်းရိဖန်က သူမ၏ သူငယ်ချင်းများစုထားသည့်အုပ်စုထဲသို့ ဝင်မွှေကြည့်လိုက်၏။
ဤအချိန်ကာလများအတွင်း ဖြစ်ပျက်သွားသည့်ကိစ္စများမှာလည်း မနည်း ၊ နောက်ဆုံးတစ်ခေါက် သူငယ်ချင်းအုပ်စုထဲသို့ ပုံတင်ထားသည်မှာပင် လွန်ခဲ့သောနှစ်လလောက်က ဖြစ်မည်။ထိုအချိန်တုန်းက ယီဟဲမြို့တွင် ရှိနေချိန်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များဖြင့် ဘားတစ်ခုသို့ အတူသွားကြသည့်ပုံ ဖြစ်လောက်မည်။
ဝိန်းရိဖန်၏မျက်ဝန်းများက စေ့စေ့စပ်စပ်ကြည့်နေရင်း သူမနှင့် အရင်လုပ်ဖော်ကိုင်ဖက်ဟောင်း၏ Selfie ဓါတ်ပုံတစ်ပုံအရောက်တွင် အမြင်အာရုံကို ဖမ်းဆွဲနိုင်လိုက်၏။
ဓါတ်ပုံထဲရှိတခြားသူမှာ သွားဖြူဖြူလေးများပေါ်အောင် ပြုံးနေခဲ့ပြီး ပို့စ်မျိုးစုံထုတ်ကာ ဓါတ်ပုံအရိုက်ခံနေခဲ့သည်။ဝိန်းရိဖန်က ဘယ်ဘက်ခပ်နိမ့်နိမ့်နေရာတစ်ခုတွင် ထိုင်နေပြီး ဖြူဖွေးနေသည့်အသားအရည်အား လိုသည်ထက်ပို၍လှစ်ဟပြထားကာ ကင်မရာအား နူးနူးညံ့ညံ့သာလှမ်းကြည့်နေပြီး နှုတ်ခမ်းကိုလည်း တွန့်ရုံလေးသာကွေးထား၏။
မျက်နှာအမူအရာမှာတော့ ကြည်ကြည်လင်လင်။
------
လူတန်းကြီးက တဖြည်းဖြည်းဖြင့် သန့်စင်ခန်းထဲသို့ ဝင်လာခဲ့ပြီး အချိန်ကိုက်ဆိုသလို သန့်စင်ခန်းတစ်ခုထဲမှ လူထွက်လာသဖြင့် သူမအလှည့်သို့ ရောက်လာခဲ့သည်။ ဝိန်းရိဖန်က စိတ်အာရုံပြန်ကပ်ပြီး ဖုန်းကိုအိတ်ကပ်ထဲထည့်ကာ အထဲဝင်သွားလိုက်သည်။
တစ်ခဏကြာပြီးလျှင် ဝိန်းရိဖန်ပြန်ထွက်လာခဲ့၏။
လက်ဆေးကန်ဘေစင်က အမျိုးသားရော အမျိုးသမီးပါ မျှသုံးရခြင်းဖြစ်ပြီး အမျိုးသားသန့်စင်ခန်းနှင့် အမျိုးသမီးသန့်စင်ခန်းကို ခြားထားသည့်ကြားနေရာတွင် ရှိသည်။
ဝိန်းရိဖန်က ရေပိုက်ဖွင့်ပြီး လက်ဆေးနေပါသည့်တိုင် စိတ်အာရုံမှာတော့ မတင်မကျဖြစ်နေရဆဲ။
ဒါဆို အရင်တစ်ခေါက် ဘားမှာတွေ့တဲ့အချိန်တုန်းက စန်းရန်က သူမကို မမှတ်မိချင်ယောင်ခဲ့ခြင်း...
Group လိုက်မက်ဆေ့ပို့တာကလည်း သူမကိုပဲ တမင်သက်သက် မပို့ခြင်း..
သူမရဲ့စာကို တွေ့လိုက်ရတဲ့အချိန် ပထမဆုံးတုန့်ပြန်ပုံကလည်း မဆဲရုံတမယ်..
ဝိန်းရိဖန်က ခေါင်းမော့လာပြီး သူမ၏ရှေ့တွင်ရှိနေသည့်မှန်ထဲမှတဆင့် နဂိုနေရာတွင် ပုံစံမပျက်ရပ်နေဆဲဖြစ်သည့်စန်းရန်အား လှမ်းကြည့်လိုက်၏။ ဖုန်းဖြေဆိုပြီးသွားပုံရပြီး သူ့လက်တစ်ဖက်က အိတ်ကပ်ထဲထည့်ထားကာ အခြားတစ်ဖက်က ဖုန်းကစားနေ၏။
သူမ၏မက်ဆေ့ကို ပြန်စာပို့နေခြင်း ဟုတ်မဟုတ်တော့မသိပါပေ။
နောက်စက္ကန့်ပိုင်းတွင် သန့်စင်ခန်းထဲမှထွက်လာသည့် စန်းကျီက လက်ဆေးကန်ရှိသည့်ဘက်သို့ လျှောက်လာသည်အား မြင်လိုက်ရ၏။သို့သော် ရေပိုက်ခေါင်းက ပျက်နေပုံရပြီး လှည့်ဖွင့်သည့်တိုင် ရေမကျသေး။ ထို့ကြောင့် ဝိန်းရိဖန်က နေရာဖယ်ပေးလိုက်၍
"ဒီဘက်ကို သုံးလိုက်ပါလား"
စန်းကျီက ချက်ချင်းစကားဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ်"
ဝိန်းရိဖန်၏မျက်ဝန်းများဖြင့် ဆုံလိုက်မိသည့်အချိန်တွင်တော့ စန်းကျီ ကြောင်အသွားမိတော့၏။
ထိုအရာကို ဝိန်းရိဖန်က သတိထားမိပုံမပေါ်ဘဲ လက်ကိုင်ဖုန်းကိုထုတ်ကာ လျှောက်ထွက်သွားတော့၏။ ဖုန်းမီးလင်းသွားကာ စန်းရန်၏မက်ဆေ့ဘောက်ထဲတွင်ရှိနေဆဲဖြစ်သည့်မျက်နှာပြင်က ချက်ချင်းထင်ဟပ်လာခဲ့သည်။
ဤတစ်ချိန်တွင်တော့ စန်းရန်က သူမအား တုန့်ပြန်ချက်လေးတစ်ခုပင် မပြုထားပါချေ။
ဝိန်းရိဖန်က အကြောင်းပြချက်ကို ကောင်းကောင်းနားလည်နေသဖြင့်လည်း တစ်ခဏတိတ်ဆိတ်ပြီးနောက် မနေနိုင်အောင် စာရိုက်လိုက်တော့၏။
"ငါတို့နှစ်ယောက် အချင်းချင်း Deleted လုပ်ပစ်ရအောင်..."
ချက်ချင်းဆိုသလို ရိုက်ထားသည့်စာလုံးများကို ပြန်ဖျက်ပစ်လိုက်၏။
သူတို့နှစ်ယောက် တစ်ဦးကိုတစ်ဦး အပြန်အလှန်ပို့ထားကြသည့် အမေးသင်္ကေတ '?' နှစ်ခုကို စိုက်ကြည့်နေရင်း ဤ Chat Record ထဲတွင် ယမ်းနံ့များ ခိုးခိုးဝေနေသည့်အကြောင်း ခံစားမိကာ ဥပမာအားဖြင့်ဆိုရလျှင် ' သောက်ရူးမို့လို့ မင်းမေကြီးတော် ? လာပို့နေတာလား ' ဆိုသည့်အဓိပ္ပါယ်။
သို့သော်လည်း သူမဘက်က စန်းရန်နှင့် စကားများရန်ဖြစ်ဖို့ရာ အစီအစဥ်မရှိ။
ဝိန်းရိဖန်က နှစ်သစ်ကူးပွဲတော်၌ မပျော်မရွှင်မဖြစ်လိုခြင်းငှာ သူမဘက်က ဘယ်လိုဘယ်ပုံနောက်ဆုတ်ပေးလိုက်သင့်ကြောင်းကိုသာ တွေးလိုက်တော့သည်။
သူမ စကားလုံးတစ်လုံးစတင် စာရိုက်လိုက်၏။
[ ဒါဆို ]
စန်းရန်ပို့ထားသည့် အမေးသင်္ကေတ နှင့် သူမဘက်မှ ပို့ထားသည့် 'ပျော်ရွှင်ပါစေ' ဆိုသော စကားလုံးတို့ကိုစိုက်ကြည့်နေရင်း တွေဝေသလိုဖြစ်သွားခဲ့ပြီးနောက် ဆက်၍
[ မပျော်ရွှင်ချင်လည်းနေလေ ]
မက်ဆေ့အား အောင်အောင်မြင်မြင်ပို့လိုက်ပြီးနောက်တွင် တရွေ့ရွေ့လမ်းလျှောက်နေသည့် ဝိန်းရိဖန်က စန်းရန်ရပ်နေသည့်နေရာနှင့် အလွန်ကိုမှနီးကပ်လာလေပြီလည်းဖြစ်သည်။လေထုသာခြားနားတော့သည့်အချိန်တွင်တော့ ဝိန်းရိဖန်က မသက်မသာဖြင့်ခေါင်းငုံ့ပစ်လိုက်ကာ မျက်ဝန်းထောင့်မှနေ၍လည်း စန်းရန်က wechat အကောင့်ထဲသို့ ဝင်ကြည့်လိုက်သည်ကိုကား ဝိုးတဝါးမြင်လိုက်ရ၏။
ယောက်ျားလေးက မျက်တောင်များကို အောက်သို့လွှာချထားပြီး ဖုန်းမျက်နှာပြင်မှအရာအား စူးစိုက်ကြည့်နေ၏။
စိတ်ထင်ယောင်ထင်မှားဖြစ်သွားခြင်းလား မသေချာသည့်ကြားက စန်းရန်၏ရယ်သံသဲ့သဲ့ကို ဝိန်းရိဖန်ကြားလိုက်ရကာ သူမ၏ကျောပြင်တစ်လျှောက်လုံး တင်းခနဲဖြစ်သွားတော့သည်။
ကျန်နေသည့် လမ်းတစ်လျှောက်ကိုလည်း အဆက်မပြတ်လျှောက်လာလျက်ဖြင့်။
ခပ်လှမ်းလှမ်းသို့ ရောက်သည့်အချိန်မှသာ ဝိန်းရိဖန်၏မသိုးမသန့်ဖြစ်နေရသည့်စိတ်များ လျော့ချပစ်လိုက်နိုင်ခဲ့သည်။ ဖုန်းမျက်နှာပြင်အား ပြန်ဖွင့်ကြည့်လိုက်လျှင် သူမ ထင်ထားသည့်အတိုင်း ပြန်စာ မရသေးပေ။
သူမ သက်ပြင်းသာချနိုင်တော့ပြီး ဤအကြောင်းကို နောက်ထပ်တွေးနေဖို့ရာအချိန်မရှိတော့၏။
သူမထွက်လာခဲ့သည်မှာလည်း တော်တော်လေးကြာနေလောက်ပြီဟု ခံစားနေမိကာ ဝိန်းရိဖန်က အချိန်ဆွဲမနေရဲတော့ဘဲ ရိုက်ကူးရေးရှိသည့်နေရာသို့ အမြန်ပြန်လာခဲ့လိုက်သည်။
သူမထွက်လာသည့်အချိန်ကနှင့် မခြားမနားပါပင်။
ရင်ပြင်ထက်ရှိ အပင်ငယ်လေးများ ၊ အိမ်ငယ်လေးများပေါ်တွင် မီးလင်းကြိုးများဖြင့် ရစ်ပတ်အလှဆင်ထားကာ ပွဲတော်တစ်ခု၏အငွေ့အသက်များကို အပြည့်အဝပုံဖော်ထားသည်။သွားသွားလာလာလုပ်နေကြသည့်လူများကြားမှ လုံခြုံရေးဝန်ထမ်းများသည်လည်း အများပြည်သူများအားလုံး စိတ်အေးချမ်းသာစွာလည်ပတ်နိုင်ရေးအတွက် စောင့်ကြပ်ပေးနေကြသေးသည်။
ကြိုတင်ပြင်ဆင်ထားသည့်အရာများအားလုံးက အသင့်အနေအထားဖြစ်၍ နှစ်သစ်ကူးမည့်အချိန်သာမခကို စောင့်နေကြပြီဖြစ်၏။
ချန်ဝေ့ဟွာ နှင့် ကျန့်ယွီ က စကားပြောနေကြပြီး ဖုကျွမ့်က သူတို့ဘေးတွင်ရပ်နေကာ တရိုတသေနားထောင်နေ၏။ ဝိန်းရိဖန်ပြန်လာသည်ကို လှမ်းမြင်လိုက်သည်နှင့်တပြိုင်နက် ချက်ချင်းအနားသို့ ပြေးလာခဲ့သည်။
ဖုကျွမ့်က လွန်ခဲ့သည့်နှစ်ပတ်ကမှ ခန့်ထားသည့် အလုပ်သင်လေးဖြစ်ပြီး လက်ရှိ တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသားလေးလည်း ဖြစ်သည်။ 'လူခန္ဓာ'မှာတော့ ပေးထားသည့် 'အမည်နာမ' လောက် မပြောင်မြောက် ၊ အရပ်မမြင့်သည့် ပိန်ပိန်ပါးပါးကောင်လေးက ဝါးပင်တစ်ပင်လိုလို။ မျက်နှာက ခပ်ကြီးကြီးဖြစ်ပြီး အသံကလည်း ခပ်သြသြ။
Advertisement
"ကျဲ..အစ်မသာ ထပ်ပြီးနောက်ကျနေရင်လေ.."
ဝိန်းရိဖန်က ပြဿနာတစ်စုံတစ်ရာတက်သည်ဟု ထင်မှတ်လိုက်ပြီး
"ဘာဖြစ်လို့လဲ"
ဖုကျွမ့်က မကျေမနပ်ဖြင့်
"ကျွန်တော့်ခန္ဓာကိုယ်ကြီး အေးခဲနေတာကို အစ်မ မြင်ရတော့မလို့"
"...."
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြ၍
"ဒါဆို မင်းကို ကျေးဇူးတင်ပါတယ်နော်..အစ်မက သတင်းခေါင်းစဥ်ကိုဘယ်လိုပေးရမလဲဆိုပြီး တွေးနေလို့ပါ"
"အစ်မရဲ့မျက်လုံးထဲမှာ..ကျွန်တော်က သတင်းခေါင်းစဥ်တစ်ခုလောက်တောင် အရေးမကြီးဘူးလား!"
ဖုကျွမ့်က သူမအား မကျေမချမ်းဖြစ်နေလေပြီး အအေးဓါတ်ကြောင့် တုန်နေပါသည့်တိုင် သူ့အသံတို့က အားမာန်ပြည့်ဝနေဆဲဖြစ်၍
"ငါ-ူး..မင်းမေကြီးတော် အရမ်းအေးတာပဲ..ဒီလေတိုက်ပုံနဲ့တော့ ကျွန်တော့နှာခေါင်းကြီး ပြုတ်ထွက်သွားတော့မှာ"
ဝိန်းရိဖန် သူ့အား လှမ်းကြည့်လိုက်၏။
ဤအသက်အရွယ်ယောက်ျားလေးအများစုက အအေးဓါတ်ကာကွယ်ဖို့ထက် ကိုယ်ဟန်ပြဖို့ အားသာကြသည့်အရွယ်မျိုးဖြစ်ကာ ဖုကျွမ့်သည်လည်း ချွင်းချက်မဟုတ်ပေ။ သူ့ခန္ဓာကိုယ်ထက်တွင် ဂျက်ကတ်တစ်ထည်သာဝတ်ထားပြီး ထိုအင်္ကျီကလည်း အအေးဒဏ်ကိုကာကွယ်ပေးနိုင်မည့်ပုံမရကာ နှုတ်ခမ်းများပင် ပြာနှမ်းလုနီးနီးဖြစ်နေခဲ့သည်။
ထို့အပြင် ကောင်လေးက ပိန်ပိန်ပါးပါးလေးဖြစ်ကာ အကယ်၍ မြစ်ကမ်းစပ်လေသာခပ်ပြင်းပြင်းတိုက်လျှင် မကြာခင် လေထဲလွှင့်ပါသွားတော့မည့်အတိုင်း။
"မြစ်ကမ်းဘက်က အစကတည်းကကို အေးတာ..နောက်ဆို သတင်းယူဖို့ထွက်လာရင် နွေးနွေးထွေးထွေးဝတ်လာခဲ့.."
ပြောနေရင်း ဝိန်းရိဖန်က အိတ်ကပ်ထဲမှ အနွေးအိတ်သေးသေးလေးကိုထုတ်ပေးလိုက်၍
"အိတ်ကပ်ထဲထည့်ထားပြီး လက်တွေကိုနွေးအောင်လုပ်လိုက်"
"အိုင်း..မလိုပါဘူး"
ဖုကျွမ့်က လက်သင့်မခံဘဲ
"အစ်မဘာသာ ယူထားပါ..အစ်မလိုမိန်းကလေးက ကျွန်တော့်ထက်တောင် ပိုအေးနေနိုင်သေးတယ်"
"အစ်မအိတ်ကပ်ထဲမှာ နှစ်ခုရှိနေပြီးသား..ဒီတစ်ခုကို ထည့်စရာနေရာမရှိတော့ဘူး"
"...."
ဤတစ်ကြိမ်တွင် ဖုကျွမ့်က အားမနာနိုင်တော့ဘဲ လှမ်းယူကာ စကားဝိုင်းကို အသက်သွင်းလိုက်၏။
"ဒါနဲ့လေ..ကျဲ..အရင်တုန်းကရော မီးရှုးမီးပန်းပွဲတော်ကို ကြည့်ဖူးလား"
ဝိန်းရိဖန်က 'အင်း' ဟုအသံတစ်ချက်ပြုပြီး
"ဒါပေမယ့် ဒီလောက်ကြီးတဲ့ပွဲမျိုးတော့ မဟုတ်ဘူး"
"ဒီပွဲမျိုးမှာ ဆုတောင်းတွေ ဘာတွေရော ပြုလို့ရလား"
"အဲ့လိုမျိုးတော့ မရှိဘူး"
"...."
ဖုကျွမ့်က ခပ်တိုးတိုးညည်းညူလိုက်၍
"ကျွန်တော်က ဆုတစ်ခုပဲတောင်းချင်တာပါ..နောက်နှစ်ကျရင် ချစ်သူကောင်မလေးရပါစေဆိုပြီး"
ဝိန်းရိဖန်က ရယ်လိုက်၍
"ဒါဆို ပိုလို့တောင် မဖြစ်နိုင်တော့ဘူး"
"ရိဖန်ကျဲ!..အစ်မကွာ!.."
ဖုကျွမ့်က မကျေမချမ်းအော်ဟစ်၍
"ဒါဆိုလည်း အရပ် 5cm လောက်ပိုရှည်လာပါစေလို့ ဆုတောင်းမယ်ကွာ..ဒီလောက်တော့ရတယ်မလား..ယောက်ျားလေး အသက်နှစ်ဆယ်ဆိုရင် နောက်ထပ်အရပ်ရှည်လာနိုင်သေးတယ်.."
ဤတစ်ကြိမ်တွင်တော့ ဝိန်းရိဖန်က သူ့အား ရိုက်မချပါတော့ပေ။
သည်အကြောင်းပြောနေရင်းက ဖုကျွမ့် ရုတ်တရက် တစ်နေရာကိုလက်ညှိုးထိုးပြ၍
"အေ့..အဲ့လောက်ဆိုရင်တော်ပြီ..ကျွန်တော်က အဲ့လောက်နီးနီး အရပ်မြင့်ချင်တာ..သူ့ခေါင်းတစ်ဝက်လောက်နားရောက်ရင်ကို ကျေနပ်ပြီ"
ဝိန်းရိဖန် လှမ်းကြည့်မိလိုက်လျှင် ချက်ချင်းဆိုသလိုကြောင်အသွားရတော့၏။
ဖုကျွမ့် လက်ညှိုးထိုးပြနေသည့်သူက စန်းရန်။
သူတို့နှစ်ဦးဟာ ရေစက်မပြတ်နိုင်လွန်းခြင်းလား သို့တည်းမဟုတ် အမဲလိုက်ခံနေရခြင်းလားကို မသဲကွဲပါတော့ချေ။
စန်းရန်က ဆယ်မီတာအကွာအဝေးနားတွင် ရပ်ပြီး လက်ရန်းကိုမှီထားသည်။ လေတိုက်နေသည့်အတွက် အင်္ကျီများက ခပ်ပွပွဖြစ်နေပြီး အနည်းငယ်တင်းထားသည့်မျက်နှာက အောက်ကိုငုံ့ပြီး ဖုန်းကစားနေ၏။
အခုကလေးတင် သူနှင့်အတူတွေ့ခဲ့သည့် စန်းကျီက ဘယ်ရောက်သွားမှန်းမသိပါပေ။
"သူ့ပုံစံက လုံးဝကို ကျွန်တော်သဘောကျတဲ့ခန္ဓာကိုယ်မျိုးဗျ"
ဖုကျွမ့်က သက်ပြင်းချ၍
"ဒီနေ့ဒီချိန် အထက်နတ်မင်းတွေ မီးရှူးမီးပန်းတွေကို သက်သေထားပြီး ကျွန်တော့်ခေါင်းကို ဖြုတ်ပြီး သူ့ခန္ဓာကိုယ်မှာ တပ်ပေးဖို့ တောင်းဆိုလို့မရဘူးလား"
ဝိန်းရိဖန်က ခပ်ရေးရေးပြုံးနေရင်း
"သူ့မျက်နှာကိုပါ တစ်ခါတည်းဖြုတ်ယူလိုက်ပါလား"
ဖုကျွမ့်က ထိုအတွေးကို အစတည်းကတွေးထားပြီးသည့်သူဖြစ်ကာ တုန်လှုပ်ခြောက်ခြားစရာကောင်းသည့်စကားလုံးတို့ဖြင့်
"နှစ်မျိုးလုံးကို ယူသုံးလိုက်ရင် အရမ်းမကောင်းသလိုများဖြစ်သွားမလား"
"...."
ချန်ဝေ့ဟွာက သူတို့အား လှမ်းခေါ်လာခဲ့သည်။ သူတို့အား လျစ်လျူရှုပစ်ထားသည့်အပေါ် အနည်းငယ်ရှက်နေပုံရသည့်သူက သူတို့အားလှမ်းခေါ်ပြီး ပြင်ပ တိုက်ရိုက်ထုတ်လွှင့်ရေးအတွက် ကြိုတင်ပြင်ဆင်ကာကွယ်ထားရမည့်အချက်များကို အသိပေးမှာကြားနေတော့၏။
အချိန်ကား တဖြည်းဖြည်းနှင့် ကုန်ဆုံးလာခဲ့ရင်း။
နှစ်သစ်ကူးအချိန်သည်လည်း နီးကပ်လာခဲ့ကာ ပတ်ဝန်းကျင်တစ်ခွင်က ပို၍သက်ဝင်လှုပ်ရှားလာခဲ့၏။အဝေးရှိ အထပ်မြင့်အဆောက်အဦးကြီးပေါ်မှ LED ထက်တွင် နှစ်သစ်ကူးအချိန်အတွက် စတင်ရေတွက်နေပြီဖြစ်ကာ နောက်ဆုံးတစ်မိနစ်အလိုတွင် တစ်စုံတစ်ယောက်မှစပြီး LED ထက်မှအတိုင်း လိုက်ရေတွက်ပါတော့၏။
"--59 , 58 , 57 "
"--5 , 4 , 3 "
"--2 "
"--1 ! "
နောက်ဆုံး အသံတစ်ခုအပြီးတွင်။
မတူညီသောအရောင် ပုံစံအမျိုးမျိုးဖြင့် မီးရှုးမီးပန်းပေါင်းများစွာက ညကောင်းကင်ထက်သို့ ထိုးတက်လာကြကာ သတ်မှတ်ထားသည့်နေရာအပြည့် အားပြင်းပြင်းဖြင့်ပေါက်ကွဲဝဲဖြာကြတော့၏။ ပန်းပွင့်သဏ္ဍာန်မီးရှုးမီးပန်းများက တစ်ပွင့်ပြီးတစ်ပွင့် အလင်းလက်ဆုံးပွင့်လန်းပြနေကြတော့သည်။
ရပ်ကြည့်နေကြသည့်သူများအားလုံးက ဖုန်းကိုယ်စီကို မြှောက်ကိုင်ထားကြကာ အကောင်းဆုံးနေရာ အကောင်းဆုံးမြင်ကွင်းများမှနေ၍ ဓါတ်ပုံများရိုက်ယူနေကြသည်။
ချန်ဝေ့ဟွာထံမှ မည်သည့်ညွှန်ကြားချက်ကိုမှ မကြားရတော့သဖြင့် ဝိန်းရိဖန်သည်လည်း လက်ကိုင်ဖုန်းကိုထုတ်ကာ ဓါတ်ပုံရိုက်ရန်ပြင်လိုက်၏။
မြင်ကွင်းအရှေ့ဘက်တွင် လူပိတ်နေခြင်းကြောင့် တခြားတစ်နေရာရွေ့လိုက်၏။
ဤသို့ပြုလုပ်နေသည့်ဖြစ်စဥ်တစ်ခုလုံးအတွက် ဆယ်မိနစ်နီးနီးပင်ကြာသွားခဲ့ကာ မသိလိုက်ပါဘဲနှင့် ဝိန်းရိဖန်က လူအုပ်ကြီးကို တိုးဝေ့ရင်း လက်ရန်းများရှိသည့်ဘက်သို့ရောက်လာခဲ့သည်။ မီးပန်းပွဲတော်က ပြီးဆုံးတော့မည်ဖြစ်ကြောင်းသိလိုက်ပြီးနောက် ချန်ဝေ့ဟွာတို့ရှိရာဆီသို့ ပြန်သွားမည်အပြုတွင် လမ််းသွားလမိးလာတစ်ယောက်နှင့်ဝင်တိုက်မိလိုက်၏။
ဝိန်းရိဖန်တစ်ယောက် အရှေ့သို့ ယိုင်ကျသွားခဲ့ကာ...
တစ်စုံတစ်ယောက်နှင့် တိုက်မိလေပါရော့၏။
ဝိန်းရိဖန် ချက်ချင်းဆိုသလို ခြေလှမ်းများကိုနောက်ဆုတ်လိုက်ပြီး ခေါင်းမော့လိုက်၍
"တောင်းပန်ပါတယ်"
ထိုစကားလုံးများ ပါးစပ်ဖျားမှထွက်သွားပြီးချိန်တွင်မှ သူမ ဝင်တိုက်မိသည့်သူက စန်းရန်ဖြစ်နေမှန်း သိလိုက်ရလေသည်။သူကလည်း သူမကို ငုံ့ကြည့်နေကာ သူ့အမူအရာက တစ်စုံတစ်ရာမကွဲပြားဘဲ တစ်ဖက်လူနှင့်ဖုန်းပြောနေဟန်ရသည်။
"အင်း..ပြန်တော့မလို့"
ယဥ်ကျေးမှုကိုပြသသည့်အနေဖြင့် ဝိန်းရိဖန်က ကျည်ဆံကိုကိုက်ကာ စန်းရန်အား နောက်တစ်ကြိမ် တောင်းပန်စကားဆိုလိုက်၏။
စန်းရန်က သူမအား တစ်ချက်လှမ်းကြည့်လာပြီးနောက်တွင်တော့ ခေါင်းတစ်ချက်ငြိမ့်ပြလာခဲ့၏။
သူ ကြားရသည့်အကြောင်း ပြသသည့် သင်္ကေတပင်။
ဝိန်းရိဖန်က လျှောက်ထွက်လာသည့်အချိန်တွင်တော့ စန်းရန်၏ ဖုန်းထဲရှိတစ်ဖက်လူအား ဆိုလာသည့်စကားသံကို ခပ်တိုးတိုးလေးကြားလိုက်ရတော့သည်။
"နှစ်သစ်မှာ ပျော်ရွှင်ပါစေ"
ချန်ဝေ့ဟွာတို့ရှိရာဆီသို့ ပြန်ရောက်လာသည့်အချိန်တွင် ဝိန်းရိဖန်က သူမ၏မျက်နှာအား အလိုလို စမ်းကြည့်မိလိုက်၏။မျက်နှာထက်ရှိ Mask ကိုစမ်းကြည့်မိလိုက်သည့်အချိန်တွင်တော့ သူမ၏လှုပ်ရှားမှုများအပြင် အကြောအချင်များပါ ရပ်တန့်တင်းကြပ်ကုန်တော့၏။
မျက်နှာကို ဖုံးထားတာမလို့...သူ မမှတ်မိသွားလောက်ဘူးမလား...
-----
အခြားတစ်ဖက်တွင်။
ဖုန်း၏အခြားတစ်ဖက်၌ရှိနေသည့် တက္ကသိုလ်အခန်းဖော် သူငယ်ချင်းကြီးဖြစ်သည့် 'ချန်ဖေး' က သူစကားပြောနေသည့်အချိန်အတွင်း နှစ်ကြိမ်တိတိစကားဖြတ်ပြောခံလိုက်ရခြင်းကြောင့်
"အို့..မင်း ဘယ်ချိန်အိမ်ပြန်ပြန် ငါ သောက်ဂရုမစိုက်ဘူး ဟုတ်ပြီလား..ဒါပေမယ့် ကျေးဇူးကွာ..ငါ့ကောင်..မင်းလည်း နှစ်သစ်မှာပျော်ရွှင်ပါစေ"
စန်းရန်က မျက်ခုံးကိုပင့်မြှောက်လိုက်၍
"ဘာတွေ ကျေးဇူးတင်နေတာလဲ"
"မင်းပဲ ဒီအဖေကို ဆုတောင်းစကားပြောနေတာမဟုတ်ဘူးလား"
"ကိုယ့်ကိုကိုယ် သိပ်ပြီးလည်း ဘဝင်မြင့်မနေနဲ့"
စန်းရန်က အဆုံးတွင် ပျင်းတိပျင်းရွဲဖြင့် အသံတို့ကိုဆွဲချသွားခဲ့၏။
"မင်းကို ပြောတာမဟုတ်ဘူး"
(Zawgyi)
ဒါ..
ဘယ်လို..
တုန့်ပြန်မှုကြီးလဲ ? ? ?
ပြီးတော့ '?' ကရော ဘာအဓိပ်ပါယျလဲ...
ထပ်ပြီးဆိုရလျှင်...
Advertisement
- In Serial34 Chapters
Solitude
Oaklee is a loner; a hermit; a recluse; someone who takes being an introvert like an extreme sport. She enjoys living in solitude, with writing her third novel and taking her Cocker Spaniel, Loki, for walks along the canals and the field next to it, she's happy in her own world away from people. Alexander King is a workaholic, the CEO of King industries. He hates people and their stupidity and has people to do everything in his life. He is alone, forcing anyone close to him away because that's what CEOs do, right? They push people away.Dogs bring the hermit and the workaholic together, literally. But can the dogs keep them together?
8 114 - In Serial60 Chapters
Tortus Bay
Henry Cauville never meant to get caught up in a murder investigation. He came to the sleepy seaside village of Tortus Bay to forget his past, and to start a new life. Little could he have known that his arrival would coincide with the death of a beloved community leader, or that said community would be holding a strange festival at the end of the month—about which none of them will speak. Now, Henry must deal with the repercussions of an unfortunate public misunderstanding while coming to terms with a startling, mystical discovery and what it means for both himself and the world at large. Welcome to Tortus Bay, where there are no tortoises.
8 161 - In Serial141 Chapters
Running Away From Love || Ongoing
[slow updates] After four years will they what will happened when they finally confessed there Love. Alaska Amana- She has a body of a goddess and will kill anyone that looked at her the wrong way. People are memorized at her beauty. But she is a girl who ran away from love, and her past, she looking for her family because she caught rumors that her birth parents are still alive, but this is one reason why she left, the other reason is because of him. She left him behind because she thought it was for the best and she was scared, she was scared to be loved and to be in love because of her last boyfriend. Damon Mateo- He has a body of a Greek God, he is controlling, manipulating, and more than a murder, and the new leader of the Italian Mafia, he will kill you with a single look. But he only has a soft spot for her, she left him and he won't stop running at her till he gets her, he loves her so much that he can't let her go. He would kill anyone who touched her or looked at her the wrong way. He can be very dangerous when he does not get want he wants, and trust me he will always get want he needs and wants. And he wants her. And only her. They both are afraid of love , but will they get over there fear and love each other like they need. They both get want they want and they want each other. And they will get want they want. Even if it kills them. [The second Book of the Unforgivable Lies series] (Can be read as a stand alone) This book has a LOT of smut in it Started: July 3, 2022Ended:Ranking so far: reached #1 in Past LoverRanking so far: reached #1 in Snarky Ranking so far: reached #1 in RussianRanking so far: reached #1 in Book Two
8 182 - In Serial50 Chapters
WOLF CHASE
"Cease your mindless touching, woman." Sebastian glared down at her, but she merely giggled. He looked so adorable when he was angry."I don't think I want to." Her fingers rose to his cheeks, where there was a shadow of stubble. She wondered what he would look like with a full-grown beard.Fed up with her wandering, Sebastian bit her index finger. Massie yelped and brought the injured digit to her chest, he didn't bite it hard enough to bleed, but it hurt her momentarily nonetheless. "What was that for!""I have low tolerance for disobedience," he said darkly.--Cover by: chatoyants- thank you for the lovely cover :D---Summary: In a town known as Dark Falls, Massie is a new girl excited to start anew. What she didn't expect is to be irrevocably drawn to an enigmatic group of handsome strangers--more specifically their silent leader, Sebastian Pierce, who seems bent on avoiding her at all costs. Massie always loved a good challenge, she just didn't know it'd end up being a wolf chase.
8 125 - In Serial63 Chapters
The Zoldyck's Nanny (Illumi x Reader)
Why is Illumi so obsessed with Killua? What if it was because Killua was not his brother, but his son? This fanfiction revolves around the idea that Illumi had a kid with the reader and Silva and Kikyo decide to raise the baby as their own and hire the reader as their nanny.This is an Illumi-centered story and his age controls the readers age, naturally. Enjoy!
8 80 - In Serial22 Chapters
SMILE (Jeff The Killer X Reader)
(Y/N) noticed a the new transfer student. Something weird about him especially his face. Nobody else in her class noticed it but she does.....later on she meet him at her house with the corps of her parents.
8 194

