《First Frost (Myanmar Translation)》Chapter 3
Advertisement
အပြင်ဘက်ရှိရာသီဥတု အေးစိမ့်လွန်းနေသည်မှာလည်း သိသိသာသာ။
အနွေးဓါတ်ပေးနိုင်မည့် ဆွယ်တာလေးကလည်း ရေစိုသွားခဲ့ပြီဖြစ်၍ အိတ်တစ်အိတ်ထဲ ထိုးထည့်ခံထားရတော့သည်။အိမ်တံခါး၏အရှေ့သို့ ရောက်သည်နှင့်အချိန်တွင်တော့ ခန္ဓာကိုယ်ကြီးက သူမ၏ထိန်းချုပ်နိုင်အောက်တွင်မရှိတော့သလိုမျိုးထိပါ အေးစက်နေကြောင်း ဝိန်းရိဖန် ခံစားမိလိုက်၏။အခန်းတံခါးကိုဖွင့်နေသည့်အချိန် အကြည့်တစ်ချက်က ဘေးအခန်းသို့ အလိုလိုရောက်သွားခဲ့သေး၏။
ကြည့်ရသည်မှာ မျက်စောင်းထိုးအခန်းမှထိုလူကြီး ပြန်ရောက်သေးပုံမရပေ။
ပုံမှန်ဆိုလျှင် ည နှစ်နာရီ သုံးနာရီခန့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည့်အချိန်မျိုး၌ ရည်ရွယ်ချက်ရှိရှိဖြင့် မာန်ပါပါတံခါးခေါက်နေသည့် အသံများကိုကြားရကာ ညဥ့်နက်သန်းခေါင်ကြီးထဲတွင် ထိုတံခါးခေါက်နေသည့်အသံများက မိုးခြိမ်းသံများလို ဆူညံအားကောင်းနေခဲ့သေးသည်။
ထို့နောက်တွင် သူ့အခန်းဆီသို့ ပြန်သွားခဲ့ပြီး မည်သည့်ကိစ္စမှ အထူးတလည်မဖြစ်သွားသလိုပင်။
တော်တော် စိတ်အနှောက်အယှက်ဖြစ်ရပါသည့်တိုင် ဖြေရှင်းပစ်လိုက်ဖို့ရာလည်း ဘာမှမရှိသည့်အခြေအနေမျိုး။
ဝိန်းရိဖန်က ဤကိစ္စအား အိမ်ခန်းပိုင်ရှင်ထံသို့ အကြိမ်ကြိမ်အကြောင်းကြားထားပါသော်လည်း သေသေချာချာဖြေရှင်းပေးထားပုံလည်းမရ။
အိမ်ခန်းတံခါးကို သော့ခတ်ပြီးနောက် ဝိန်းရိဖန်က ရေနွေးတစ်အိုးတည်ရင်း ကျုံးစစ်ချောင်ထံသို့ Wechat မှတဆင့်စာပို့လိုက်၏။
[အိမ်ပြန်ရောက်ပြီ]
ကျုံးစစ်ချောင်၏နေအိမ်က 'ရှန့်အန်း' ရပ်ကွက်နှင့် အလှမ်းဝေးသဖြင့် မြေအောက်ရထားပေါ်၌သာ ရှိနေဆဲ ;
[မြန်လှချည်လား..ငါတောင် ရောက်ဖို့မှတ်တိုင်နည်းနည်းလိုသေးတယ်]
ကျုံးစစ်ချောင် ; [အိုင်း]
ကျုံးစစ်ချောင် ; [ငါ ခုဏတုန်းကတောင် စန်းရန်ရဲ့ ဒီနေ့ည လုပ်ရပ်အကြောင်းပြန်တွေးကြည့်နေတာ]
ကျုံးစစ်ချောင် ; [နင်စဥ်းစားကြည့်..စန်းရန်က နင် အအေးမိသွားမှာ စိုးရိမ်လို့ အင်္ကျီပစ်ပေးတာရော မဖြစ်နိုင်ဘူးလား..ပြီးမှ သူ့ဘာသာသူနေရခက်ပြီး အဲ့လိုအကြောင်းပြချက်မျိုး လျှောက်ပေးနေတာဆိုရင်ရော]
ဝိန်းရိဖန်က အဝတ်အစားလဲရန် အင်္ကျီတစ်ထည်ယူနေရင်း ဤမက်ဆေ့အား တွေ့လိုက်ရသည့်အခါ
[အဓိပ္ပါယ်ရှိတာကိုပဲ ပြောစမ်းပါ]
ကျုံးစစ်ချောင် ; [?]
ကျုံးစစ်ချောင် ; [ငါ့စကားက ဘယ်နားက အဓိပ္ပါယ်မရှိဖြစ်နေလို့လဲ ! ! !]
ဝိန်းရိဖန် ; [ သူက ပြဿနာကိုလာဖြေရှင်းပေးရုံပဲ]
ဝိန်းရိဖန် ; [ အဲ့ဒါကြောင့်မလို့ ငါသာ အအေးမိပြီးဖျားသွားရင် သူ့ကို ဆေးဖိုးလာတောင်းမှာ ကြောက်လို့..ဟုတ်ပြီလား ]
ကျုံးစစ်ချောင် ; [...]
ကျုံးစစ်ချောင် ; [ အဲ့လိုဆိုရင်တောင် တခြားသူကနေတဆင့် အင်္ကျီရှာပြီး ပေးခိုင်းလိုက်လို့ရတာပဲလေ]
ဝိန်းရိဖန် ; [ ဒီလောက်အေးနေတဲ့ရာသီဥတုမှာ ဘယ်သူက လွယ်လွယ်ကူကူအင်္ကျီပေးမှာလဲ]
ကျုံးစစ်ချောင် ; [?]
ဝိန်းရိဖန် ; [ သူ အခြားသူဆီကငှားလို့မရလို့ နေမှာပေါ့]
ကျုံးစစ်ချောင် ; [....]
ကံကောင်းစွာဖြင့် ဖုန်းဘက်ထရီအားမရှိတော့ကြောင်း သတိပေးလာခဲ့လေသည်။
ဝိန်းရိဖန်က ဖုန်းကို စားပွဲပေါ်တင်၍ ဘက်ထရီအားသွင်းထားခဲ့ပြီး ရေချိုးခန်းထဲ ဝင်လာခဲ့လိုက်၏။မိတ်ကပ်ဖျက်ပြီးနောက်တွင်တော့ မှန်ထဲတွင် မြင်နေရသည့်သူမ၏မျက်နှာအား စိုက်ကြည့်နေမိကာ လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားခဲ့ရသည်။
မကြာသေးခင်ကမှတွေ့ခဲ့ရသည့် မရင်းနှီးတော့သောမျက်ခုံးတစ်စုံအား ဦးနှောက်ထဲ ပြန်မြင်ယောင်လာမိ၏။
ဝိန်းရိဖန်က မျက်လွှာကိုအောက်သို့စိတ်ချလိုက်ပြီး မိတ်ကပ်ဖျက်ထားသည့်ဂွမ်းစအား အမှိုက်ပုံးထဲသို့ စိတ်နှင့်ကိုယ်နှင့်မကပ်တော့သလို ပစ်ထည့်ပစ်လိုက်သည်။
လက်ရှိအချိန်ကိုမဆိုထားနှင့် ၊ အလွန်ရင်းနှီးခဲ့ကြဖူးသော အတိတ်အချိန်တုန်းကပင်လျှင် ဝိန်းရိဖန်ဘက်မှ စန်းရန်၏စိတ်ကို အများအစားနားလည်ခဲ့သည်ဟု ယူဆ၍မရခဲ့။ ထို့ကြောင့် လက်ရှိတွင် စန်းရန်က အမှန်တကယ် သူမကို မမှတ်မိခြင်းလား သို့မဟုတ် မမှတ်မိချင်ယောင်ဆောင်နေခြင်းလား အတွက်တော့ သူမလည်း သဲသဲကွဲကွဲမခွဲခြားတတ်ပါပေ။
အခြေအနေက အကြွေစေ့လှန်ကစားသည့် ကစားနည်းမျိုးနှင့် တူနေလေပြီး သဲလွန်စဟူ၍လည်းမရှိ မှန်းဆစရာဟူ၍လည်းမရှိဘဲ ကံတရား၏အကူအညီသာ ရှိနေလေတော့သည်။
သူမ၏အမြင်တွင်တော့ ထိုဖြစ်နိုင်ချေရှိသည့်အကြောင်းပြချက်နှစ်ခုလုံးက စန်းရန်ဘက်မှ လုပ်ပြနိုင်သည့်အခြေအနေများပင် ဖြစ်သည်။
ဆံပင်ခြောက်အောင် လေမှုတ်ပြီးသည့်နောက်တွင် ဝိန်းရိဖန်က ထုံးစံအတိုင်း လပ်တော့ကိုဖွင့်၍ သတင်းအသစ်များကို စာစီနေလိုက်၏။ငိုက်မျည်းလာပြီး အိပ်ချင်စိတ်ဝင်လာခဲ့သည့်အခါမှသာ အိပ်ရာပေါ်တက်ပြီး စားပွဲပေါ်မှဖုန်းအား လှမ်းယူလိုက်သည်။
သူမ ရေချိုးခန်းဝင်နေသည့်တစ်လျှောက်တွင်လည်း ကျုံးစစ်ချောင်က မက်ဆေ့အနည်းငယ်ပို့ထားသေးသည်။
[ဘယ်ဟာမဆို ဖြစ်နိုင်တာပဲလေ ဟုတ်တယ်မလား..ဖြစ်နိုင်ချေက တစ်ခုမှ မဟုတ်ခဲ့ရင်တောင် ငါတို့က ဦးနှောက်ကို အလုပ်ပေးထားတယ်လို့ပဲ သတ်မှတ်လိုက်]
ကျုံးစစ်ချောင် ; [ ဒါနဲ့လေ ငါ တကယ်ကြီးကိုသိချင်နေတာရှိသေးတယ်..နင် အခု စန်းရန်နဲ့ပြန်တွေ့တဲ့အချိန် ဘယ်လိုခံစားရလဲ]
အနောက်ဘက်တွင် ပြုံးဖြီးဖြီးလုပ်နေသည့် Emoji ပါသေးသည်။
ဝိန်းရိဖန်က တစ်ခဏမျှ တွေးကြည့်လိုက်၍
[တော်တော်လေး ချောတာတော့ သေချာတယ်]
ကျုံးစစ်ချောင် ; [....]
ကျုံးစစ်ချောင် ; [ ဒါပဲလား?]
ဝိန်းရိဖန် ; [ တခြားဟာတွေ မစဥ်းစားမိသေးဘူး..စဥ်းစားလို့ရရင် ထပ်ပြီး ပြောပြမယ်]
ဝိန်းရိဖန် ; [ ငါ အိပ်တော့မယ်..အရမ်းအိပ်ချင်နေပြီ]
အရိုးသားဆုံးပြောပြရလျှင် ဘာမှမခံစားရဘူးဆိုသည့်စကားက အမှန်တကယ် အလိမ်အညာပင် ဖြစ်ပါလိမ့်မည်။သို့သည်တိုင် ပြောပြလို့မကောင်းသည့်စကားတစ်ခွန်းအား သူမ ထုတ်ဖော်ပြသမနေချင် ၊ စကားစလိုက်သည်နှင့် မဆုံးနိုင်အောင် ရှင်းပြနေရမည့်အကြောင်းဆိုလည်းမမှားပေ။ ထို့ကြောင့် အချိန်ကုန်ခံနေမည့်အစား အိပ်လိုက်တာမှ အကျိုးရှိဦးမည်။
လက်ကိုင်ဖုန်းကို အဝေးသို့ ပစ်ထားလိုက်ပြီး စတင်မှေးအိပ်လိုက်တော့သည်။
ဤတစ်ကြိမ်အိပ်မောကျသွားခြင်းကလည်း ဝိန်းရိဖန်အတွက် အမှန်တကယ်အိပ်ပျော်သွားခဲ့ခြင်းမျိုးမဟုတ်ပြန်။
နိုးတစ်ဝက် အိပ်တစ်ဝက်အခြေအနေကြီးထဲတွင် ရေးတေးတေးအိပ်မက်များ၏ အမဲလိုက်ခြင်းကိုပါ ခံနေရသေးသည်။နောက်တစ်စက္ကန့်အတွင်း လွတ်မြောက်ခွင့်ရတော့မည့်ခံစားချက်ကြီး၏အလွန် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျခြင်းဆီသို့ ကူးစက်ခါနီးတွင်တော့ ထိုကျက်သတုံး၏အခန်းတံခါးခေါက်သံ အကျယ်ကြီးကို ကြားလိုက်ရလေတော့သည်။
ခြုံစောင်ကို ခေါင်းပေါ်ထိဆွဲတင်လိုက်ပြီးနောက်တွင် ဝိန်းရိဖန်၏ဒေါသမီးတောက်များက နေရာတိုင်းမှကို အုံကြွလာခဲ့၏။
ဝိန်းရိဖန်၏စိတ်အခြေအနေက အမြဲတမ်းလိုလို သဘောကောင်းသည့်အထဲတွင်ပါသည်ဟု ဆိုနိုင်ပြီး မည်သည့်ကိစ္စမျိုးကိုမဆိုလည်း အေးအေးဆေးဆေးသာဖြေရှင်းတတ်ကာ စိတ်ခံစားချက်ကိုအလွန်အမင်း ဦးစားပေးဖော်ပြသည်မှာ ရှားပါးလွန်းလှသည်။
Advertisement
လူတစ်ယောက်ချင်းဆီတိုင်းတွင် ပေါက်ကွဲတတ်သည့်အကျင့်ဟူ၍ ရှိစမြဲ။
ထို့ကြောင့် ဝိန်းရိဖန်းက အိပ်ရာထဲမှ ဒေါသပြင်းပြင်း ကောက်ထလာခဲ့ပြီး ဆူဆူညံညံလုပ်နေခြင်းကြောင့် နိုးလာရသဖြင့်လည်း စိတ်မကြည်တော့ပေ။
အခြားအချိန်မျိုးကို မဆိုထားနှင့် ၊ လက်ရှိအခြေအနေက နောက်စက္ကန့်ပိုင်းအတွင်း၌ သူမ အိပ်ပျော်တော့မည့်အချိန်။
ဝိန်းရိဖန်က စိတ်ကိုထိန်းထားရင်း တံခါးအပြင်ဘက်မှလူက ခါတိုင်းလို သုံးလေးချက် ထုရိုက်ပြီး ခပ်မြန်မြန်ထွက်သွားဖို့
ကိုသာ ဆုတောင်းနေလိုက်၏။
မထင်မှတ်ထားသည့်အတိုင်း ထိုလူက သည်တစ်ကြိမ်တွင် ဘီလူးသရဲစီးခံနေသည့်အလား တံခါးကို အဆက်မပြတ်ထုရိုက်နေကာ ပါးစပ်မှနေပြီး စကားလုံးများကိုလည်း တတွတ်တွတ်ပြောနေသေး၏။
"မနိုးလာသေးဘူးလား? မမလှလှလေး..တစ်ခုလောက်ကူညီပါဦး..ကျွန်တော့်အိမ်က ရေချိုးခန်းက ပျက်နေတာ..ဒီမှာလာပြီး ရေချိုးလို့ရမလား.."
ဝိန်းရိဖန်က မျက်လုံးကိုမှိတ်ချလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်ကာ ကင်မရာကိုဖွင့် ၊ အနေအထားချိန်ညှိပြီး တံခါးရှိနေသည့်ဦးတည်ရာအတိုင်း ဗွီဒီယိုရိုက်ယူထားလိုက်၏။ထို့နောက် လက်ကိုင်ဖုန်းကိုယူပြီး 110 သို့ဆက်သွယ်လိုက်ကာ အခြေအနေအားလုံးကို အကြောင်းကြားလိုက်သည်။
ယခုလိုစိတ်ပျက်လက်ပျက်အခြေအနေကြီးကြောင့် အိပ်ချင်စိတ်များသည်လည်း ပျောက်ခြင်းမလှပျောက်သွားခဲ့ပြီ။
ညသန်းခေါင်ကြီးထဲ တစ်ယောက်တည်းနေရသည့်အချိန် တံခါးအပြင်ဘက်မှ အရက်သမား၏နှောက်ယှက်ခြင်းကိုလည်း ခံနေရသေးသည်။
ဤအခြေအနေမျိုးတွင် ထိတ်လန့်ကြောက်ရွံ့နေသင့်ပါသော်ငြား သည်တစ်ကြိမ်တွင်တော့ ဝိန်းရိဖန်တစ်ယောက် ပင်ပန်းနေသည်ကလွဲ၍ အခြားခံစားချက်ကိုခံစားနေဖို့ရာ ခွန်အားမရှိပါတော့ပေ။
အတွင်းဘက်မှ တုန့်ပြန်လာသည့်အသံမျိုးမရှိသဖြင့် ထိုလူက ရဲများမရောက်လာခင် အခန်းရှေ့မှထွက်သွားနှင့်ပြီဖြစ်၏။
ဝိန်းရိဖန်က ဗွီဒီယိုကို သက်သေအဖြစ်ပြရင်း ပြဿနာအားဖြေရှင်းပေးရန် ရဲစခန်းထံသို့ အကူအညီတောင်းယူလိုက်၏။ရဲအရာရှိများထံ အမှုဖွင့်လိုက်ပြီဖြစ်၍ သူမအနေဖြင့် ဤကိစ္စအား ပြန်လည်ဖျန်ဖြေပေးဖို့ရာရော မသိသလိုကျော်သွားပစ်လိုက်ဖို့ရာအတွက်ပါ အစီအစဥ်မရှိတော့ချေ။
ဗွီဒီယိုထဲတွင် အခန်းတံခါးက တော်တော်လေးကိုလှုပ်နေပြီး ယောက်ျားတစ်ဦး၏ ကမှုးရှူးထိုးအသံများကိုပါ ကြားနေရကာ ကြည့်နေရုံဖြင့်ပင် ထိတ်လန့်စရာကောင်းနေခဲ့သည်။
ရဲအရာရှိများက မျက်စောင်းထိုးအခန်းတံခါးအား ခေါက်လိုက်၏။
တစ်ခဏတွင် ယောက်ျားတစ်ဦး တံခါးဖွင့်ပေးလာပြီး စိတ်မရှည်သည့်အမူအရာမျိုးဖြင့်
"ဘယ်သူလဲ!"
"ကျွန်တော်တို့ဆီ တိုင်ကြားမှုတစ်ခုရောက်ထားလို့ပါ"
ရဲအရာရှိကဆက်၍
"ခင်ဗျားက ညသန်းခေါင်အချိန်မှာ အိမ်နီးနားချင်းတွေကို အနှောက်အယှက်ပေးနေပါတယ်ဆိုပြီး"
"ဘာနှောက်ယှက်တာလဲ"
ထိုယောက်ျားက တစ်ခဏမျှငြိမ်သွားပြီး အသိစိတ်ကပ်နေသည့်ပုံစံမျိုးပြုမူလိုက်ကာ အသံအနေအထားကအစ ခုဏကထက် ယဥ်ကျေးလာခဲ့၏။
"ရဲအရာရှိကြီး..ကျွန်တော် ခုဏလေးကမှ သောက်ပြီးလို့ပြန်လာတာပါ..အရက်မူးနေတဲ့အတွက် တံခါးတွေကို တိုက်မိသွားတာနေမှာ..နားလည်မှုလွဲတာ နားလည်မှုလွဲတာ"
ရဲအရာရှိက မျက်နှာခပ်တင်းတင်းဖြင့်
"တစ်ဖက်လူရဲ့ ဗွီီဒီယိုအထောက်အထားထဲမှာတော့ ခင်ဗျားက အခန်းတံခါးကိုမှားခေါက်ပြီး သူများအိမ်မှာ ရေချိုးချင်တဲ့အကြောင်း အော်နေတာကရော?..ဆင်ခြေတွေလျှောက်ပေးမနေနဲ့တော့..မြန်မြန်လုပ်..အခုချက်ချင်း ကျွန်တော်တို့နဲ့ စခန်းကိုလိုက်ခဲ့ရမယ်"
ယခုလိုရာသီဥတုမျိုးတွင် ထိုယောက်ျားက လက်ပြတ်အင်္ကျီကိုသာဝတ်ထားပြီး လက်မောင်းသားပေါ်စှိ ကျားပုံစံတက်တူးကြီးကို လှစ်ပြထားသည်။ခန္ဓာကိုယ်တည်ဆောက်ပုံက သန်မာပြီး ကြွက်သားများက နံရံကြီးတစ်ခုသဖွယ်ထင်းထွက်နေသေးသည်။
ထိုယောက်ျားက သုံးလေးကြိမ်ခန့်မျှရှင်းပြနေသေးသော်လည်း အသုံးမဝင်မှန်းသိသွားပြီးနောက်တွင်တော့ လက်လျော့လိုက်၏။
ထို့နောက် ခေါင်းမော့လာပြီး အဓိပ္ပါယ်ပါပါမျက်လုံးများဖြင့် ရဲအရာရှိများ၏အနောက်ဘက်တွင်ရပ်နေသည့် ဝိန်းရိဖန်အား စိုက်ကြည့်လာတော့သည်။
လက်ပိုက်ပြီး တံခါးဘောင်ကိုမှီရပ်နေသည့် ဝိန်းရိဖန်သည်လည်း ထိုလူအား မထူးမခြားနားစိုက်ကြည့်နေခြင်းဖြစ်ကာ မျက်ဝန်းထဲတွင်တော့ ကြောက်လန့်နေသည့်အရိပ်အယောင်မျိုးလုံးဝမရှိပါဘဲ အညစ်အကြေးတစ်ခုကိုစိုက်ကြည့်နေသည့်အလားပင်။
-------
ရဲစခန်းထဲတွင်။
ထိုယောက်ျားက အရက်မူး၍စကားလျှောက်ပြောမိသည်ဟူ၍သာ အကြောက်အကန်ငြင်းဆန်နေသည့်အချိန် ဝိန်းရိဖန်က အခြားတစ်ဖက်တွင် အခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ထွက်ဆိုနေခဲ့သည်။သို့သော် ဤပြဿနာသည် ပစ္စည်းဥစ္စာများ ဆုံးရှုံးထိပါးခံရခြင်းမျိုးမရှိဘဲ စိတ်ကိုသာအနှောက်အယှက်ပေးမှုဖြစ်သဖြင့် အဆုံးသတ်ရလဒ်အဖြေမှာ ထိုယောက်ျားအား ငွေရာချီ ဒဏ်ကြေးပေးဆောင်စေပြီး ရက်အနည်းငယ်ထိန်းသိမ်းထားရုံဖြင့်သာ ပြီးသွားခဲ့သည်။
ရဲစခန်းမှ ထွက်မလာခင်တွင် လုပ်သက်ရင့်နေသည့်အရာရှိတစ်ဦးက သူမအား အုပ်စုဖွဲ့ငှားရမ်းထားသည့်အိမ်ခန်းမျိုးတွင် မနေထိုင်ရန် ဂရုတစိုက်သတိပေးလာခဲ့၏။ ယခုလိုပြဿနာမျိုးများရှိရုံသာမက လုံခြုံရေးနှင့်သက်ဆိုင်သည့်ကိစ္စများပါ ရှိနေနိုင်သောကြောင့် ဖြစ်၏။
နန်းဝူမြို့၏အစိုးရဘက်မှ အုပ်စုဖွဲ့ငှားရမ်းနေကြသည့်အိမ်ခန်းများတွင် လျှပ်စစ်မီးအလွန်အကျွံသုံးစွဲမှုကြောင့် မီးဘေးအန္တရာယ်များရှိလာသည့်အပေါ် အာရုံစူးစိုက်နေပြီဖြစ်ကာ မကြာခင်အတွင်း ပြဌာန်းချက်များဖြင့် အသေအချာစီမံကြတော့မည်ဖြစ်သည်။
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြပြီး ကျေးဇူးတင်စကားဆိုလိုက်၏။
အပြင်ဘက်တွင် မိုးလင်းနေပြီ။
ထို့ကြောင့် သူမ၏ အလုပ်ဌာနဆီသို့သာ တန်းလာခဲ့လိုက်သည်။
နန်းဝူမြို့သို့ ပြန်ရောက်လာပြီးနောက်ပိုင်းတွင် ဝိန်းရိဖန်က လူမှုအစည်းအရုံးမှတဆင့် နန်းဝူမြို့ရှိ ရုပ်မြင်သံကြားနယ်ပယ်ထဲမှ 'ချွမ်တ' သတင်းချန်နယ်ထံသို့ ကိုယ်ရေးအကျဥ်းများတင်ပြပြီး အလုပ်လျှောက်ခဲ့သည်။
'ချွမ်တ' သတင်းချန်နယ်မှာ နေ့စဥ်လှုပ်ရှားမှုဖြစ်ရပ်များကို သတင်းရေးသားဖော်ပြသည့်ဌာနလည်းဖြစ်ကာ များသောအားဖြင့် ဤမြို့တွင်းမှ သတင်းများနှင့် ပတ်ပတ်လည်မြို့များမှသတင်းများကို ရေးသားနေခြင်းဖြစ်သည်။
သူမကိုယ်တိုင်ကြုံတွေ့နေရသော ပြဿနာသည်လည်း အရေးပေးအာရုံစိုက်ခံရသင့်သည့်ကိစ္စအဖြစ် ယူဆမိကာ ဤအကြောင်းအား သတင်းခေါင်းစဥ်တစ်ခုအဖြစ် ရေးသင့်မရေးသင့်စဥ်းစားရင်း အလုပ်ဌာနထဲသို့ ဝင်လာခဲ့သည်။
အတွင်းဘက်တွင် မီးများထွန်းထားပါသော်လည်း မည်သူမှမရှိသေး။
လက်ဖက်ရည်ခွက်များထားသည့်အခန်းထဲသို့ဝင်ကာ ကော်ဖီတစ်ခွက်ဖျော်လိုက်၏။ယခုအချိန်တွင် မနက်စာစားချင်သည့်စိတ်လည်းရှိမနေသလို အိပ်ချင်စိတ်ပါ ကုန်ဆုံးနေတော့သဖြင့် သတင်းရေးသည့် App ကိုဖွင့်ပြီး စာရိုက်နေလိုက်၏။
တစ်နေ့တာလုံး ရှုပ်ရှုပ်ယှက်ယှက်ဖြင့် ကုန်ဆုံးသွားရပြန်ဦးမည်။
အသစ်ရောက်ထားသည့်အလုပ်သင်လေး 'ဖုကျွမ့်' နှင့်အတူ အပြင်ဘက်ထွက်ပြီး အင်တာဗျူးများလုပ်နေကြသည့်အချိန်တွင်တော့ သူ့အမူအရာက တစ်ခုခုပြောရန် ဝန်လေးနေသည့်ပုံစံမျိုးဖြင့်
"ရိဖန်ကျဲ..ကျွန်တော် တစ်ခုခုများ အမှားလုပ်မိထားလို့လား"
ထိုအချိန်မှသာ ဝိန်းရိဖန်က တစ်နေ့လုံး အိပ်ရေးမဝသည့်ပြဿနာဖြစ်နေမှန်း သတိထားမိလိုက်တော့၏။
ထို့ကြောင့် ဝိန်းရိဖန်က သတင်းအသစ်မအပ်ရသေးခင် ပထမဆုံးအကြိမ်အဖြစ် အချိန်ပို မဆင်းလေတော့ဘဲ အထုပ်အပိုးများသယ်ကာ ထွက်လာခဲ့လိုက်တော့၏။
ညအချိန်ရှိ ရာသီဥတုအနွေးဓါတ်မှာ သိသိသာသာလျော့ပါးသွားခဲ့ပြီး လေအေးများက ရေခဲဓါးသွားများအလား နားရွက်ဖျားနှစ်ဖက်ကို ခပ်ထက်ထက်လေးတိုးဝှေ့နေသယောင်ယောင်။
ခြေလှမ်း သုံးလေးလှမ်းမျှပင်မလှမ်းရသေး ၊ ဝိန်းရိဖန်က ကျုံးစစ်ချောင်ထံမှ မက်ဆေ့ကို လက်ခံရရှိလိုက်၏။
Advertisement
ကျုံးစစ်ချောင် ; [ ဝိန်းရိဖန်..ငါတော့ သေပြီ]
ဝိန်းရိဖန် ; [?]
ကျုံးစစ်ချောင် ; [ငါ! တကယ်! သေ! တော့! မှာ!]
ကျုံးစစ်ချောင် ; [ ငါ့လက်ကောက်ကို မတွေ့တော့ဘူး ]
ကျုံးစစ်ချောင် ; [ ငါ့နတ်ဘုရားကောင်လေး ပေးထားတဲ့ဟာ! ငါ ဝတ်ထားတာတောင် ဘယ်နှကြိမ်မှမရှိဘူး ဝူး ဝူး ဝူး]
ဝိန်းရိဖန် ; [ ရှာမတွေ့လို့လား]
ကျုံးစစ်ချောင် ; [ ဟုတ်ပါ့ ]
ကျုံးစစ်ချောင် ; [ ငါ ဒီနေ့မနက် ကုမ္ပဏီကိုရောက်မှ ပျောက်နေမှန်းသတိထားမိတာ..ငါက အိမ်မှာများ ကျန်ခဲ့တာလားဆိုပြီး အခုလေးတင်အိမ်ပြန်ရောက်တော့ ရှာကြည့်ပြီးပြီ..မတွေ့ဘူး ]
ကျုံးစစ်ချောင် ; [ ငါ ထင်တာတော့ စန်းရန်ရဲ့ Bar မှာ ကျခဲ့တာလားမသိဘူး]
ကျုံးစစ်ချောင် ; [ နင် အလုပ်ဆင်းရင် ငါ့ကိုကူညီပြီး သွားမေးပေးပါလား..'ရှန့်အန်း'ရပ်ကွက်က ငါ့အိမ်နဲ့ဆို အရမ်းဝေးတာ]
ဝိန်းရိဖန် ; [ အင်း ]
ဝိန်းရိဖန် ; [ နင်လည်း အရမ်းစိတ်ပူမနေနဲ့ဦး]
ဝိန်းရိဖန်၏ဦးနှောက်မှာ သံချေးတက်နေသည်အလား သွားရမည့်နေရာကို မှုန်ဝါးဝါးသာ မှတ်မိနေတော့သည်။သေသေချာချာ စဥ်းစားပြီးကာမှ လမ်းသရဲလမ်းမကြီးသည် သူမရောက်နေသည့်နေရာဖြင့်ဆိုလျှင် အလှမ်းမဝေးတော့ဘဲ ခုနှစ်မိနစ် ရှစ်မိနစ်ခန့် လမ်းလျှောက်သွားရုံဖြင့်ရောက်နိုင်ကြောင်း သတိထားမိလိုက်၏။
လမ်းအတွင်းထဲသို့ရောက်လာကာ 'Overtime' Bar ကို ရှာတွေ့ပြီး အတွင်းထဲဝင်လာလိုက်၏။
မနေ့ညကနှင့်မတူညီသည့်အခြေအနေမှာ ခပ်ဝိုင်းဝိုင်းစတိတ်စင်ပေါ်တွင် Rock Band တစ်ဖွဲ့ကနေရာယူထားပြီး သီချင်းသံများက နားစည်ကွဲမတတ်ကို ဆူညံနေသည်။Bar အတွင်းရှိမီးရောင်များမှာ မှေးမှိန်နေပြီး ပတ်ဝန်းကျင်က မြူးကြွသည့်ပုံစံမျိုးဖြစ်ကာ ရောင်စုံမီးလုံးများကလည်း ပြိုးပြိုးပျက်ပျက်။
ဝိန်းရိဖန်က ဘားခုံနားသို့ လျှောက်လာလိုက်၏။
အတွင်းထဲ၌ရှိနေသည့်သူမှာ အရင်တစ်ခေါက်ကတွေ့ခဲ့သည့် ဆံပင်အဝါရောင်နှင့် ယမကာအဖျော်ဆရာ။
ဝိန်းရိဖန် ;
"မင်္ဂလာပါ"
ယမကာအဖျော်ဆရာက ပြုံးပြ၍
"မင်္ဂလာညနေခင်းပါ..အမျိုးသမီးလေး..ဘာများ သုံးဆောင်ချင်လို့လဲ"
ဝိန်းရိဖန်က ခေါင်းရမ်းပြ၍ ရောက်လာရသည့်အကြောင်းအရင်းကို တည့်တိုးပြောပြလိုက်၏။
"မနေ့ညက ကျွန်မနဲ့သူငယ်ချင်းတစ်ယောက် ဒီကိုလာတဲ့အချိန် လက်ကောက်ပြုတ်ကျခဲ့လို့..ဒီကများ ကောက်ရထားသလား သိချင်လို့ပါ"
ထိုစကားကြောင့် ယမကာအဖျော်ဆရာက သူမအား မှတ်မိသွားပုံရကာ ချက်ချင်းခေါင်းငြိမ့်ပြ၍
"ရှိတယ်..အမျိုးသမီးလေး ခဏလောက်စောင့်ပေးပါဦး"
"ဟုတ်ကဲ့..အလုပ်များစေမိပြီ"
ဝိန်းရိဖန်က နေရာတွင်ရပ်ပြီး စောင့်နေလိုက်၏။
ယမကာအဖျော်ဆရာက အံဆွဲတစ်ခုကိုဖွင့်ပြီး အတွင်းထဲသို့ မွှေနှောက်ရှာနေသည်ကို ရပ်ကြည့်နေလိုက်၏။ထို့နောက် နောက်ထပ်အံဆွဲတစ်ခု ထပ်၍ အံဆွဲတစ်ခု။နောက်တွင် သူ့လှုပ်ရှားမှုများ ရုတ်တရက်ရပ်တန့်သွားကာ လက်တစ်ဖက်ကိုမြှောက်ပြီး အခြားဦးတည်ရာအရပ်မှလူအား လှမ်းအော်ခေါ်လိုက်၍
"ယွိကျော"
ယွိကျောဟုခေါ်သည့် စားပွဲထိုးလေးက အနားရောက်လာပြီး
"အေ့..ရှောင်ဟယ်ကော..ဘာဖြစ်လို့လဲ"
ဝိန်းရိဖန်လည်း လှမ်းကြည့်လာ၏။
တစ်ချက်ကြည့်ရုံဖြင့် မနေ့ညက အရက်လောင်းချမိသွားခဲ့သည့်စားပွဲထိုးလေးမှန်း ချက်ချင်းမှိတ်မိလိုက်သည်။
ယမကာအဖျော်ဆရာက
"မနေ့က မင်းကောက်ရထားတဲ့ လက်ကောက်လေ..ဒီထဲမှာ သိမ်းထားတာမဟုတ်ဘူးလား..ရှာလို့မတွေ့ဘူးဖြစ်နေတယ်"
"အာ..ဟိုလက်ကောက်.."
ယွိကျောက တစ်ခုခုကိုတွေးနေဟန်ရပြီး ရုတ်တရက်သတိရလာသည့်အမူအရာဖြင့်
"အို့..ဟုတ်သားပဲ..ရန်ကော အောက်ဆင်းပြီးအင်္ကျီလာယူတုန်းက အဲ့လက်ကောက်ကိုပါ ယူသွားတယ်"
"...."
ကိုယ့်ဘာသာကိုယ် နားကြားမှားသွားသည်ဟုထင်လိုက်မိသည့် ဝိန်းရိဖန်က မနေနိုင်အောင် အသံတစ်ချက်ထွက်လာ၍
"ဘယ်လို.."
ယွိကျောက နောက်ထပ်တဖန်ပြောပြလာခဲ့၏။
"ရန်ကော ယူသွားတာလေ"
"....."
ဤတစ်ကြိမ်တွင်တော့ ဝိန်းရိဖန်က ရှင်းရှင်းလင်းလင်းကြားလိုက်ရပါသည့်တိုင် မယုံကြည်နိုင်ဖြစ်နေရသေးသည်။
ဒီလောက်နာမည်ကြီးနေတဲ့ Bar တစ်ခုကိုဖွင့်ထားတဲ့ သူဌေးက ဧည့်သည်ကျကျန်ခဲ့တဲ့ပစ္စည်းကို သူ့စိတ်ကြိုက်သူ ပြောင်ပြောင်တင်းတင်း ယူသွားရသလား။
ယမကာအဖျော်ဆရာက ဤအကြောင်းကို လုံးဝ မသိထားသည့်ပုံရပြီး နားမလည်သလိုလှမ်းကြည့်နေ၍
"ရန်ကောက ဘယ်လိုလုပ်ပြီးယူသွားမှာလဲ..ဒါဆို သူ ဘယ်သွားခဲ့တာလဲ..ခုဏကတောင် ရှိနေသေးတယ်မလား"
ယွိကျောသည်လည်း ဆွံ့အနေလျက်ဖြင့်
"ကျွန်တော်လည်း မသိဘူးလေ"
တစ်ခဏမျှ ငြိမ်သက်သွားကြတော့သည်။
ယမကာအဖျော်ဆရာက ဝိန်းရိဖန်အား အားနာနေသည့်အမူအရာဖြင့် လှမ်းကြည့်လာခဲ့၍
"တောင်းပန်ပါတယ်..ကျွန်တော်တို့ဆီမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို သူဌေးကပဲ တာဝန်ယူကိုင်တွယ်တာမလို့ပါ..ဒါမှမဟုတ် လူကြီးမင်းကိုဆက်သွယ်လို့ရမယ့်လိပ်စာ အရင်ထားခဲ့မလား..ဒါမှမဟုတ်လည်း ခဏလေးစောင့်ပေးပါ..ကျွန်တော် သူဌေးဆီ အခုချက်ချင်းဆက်သွယ်ပေးပါ့မယ်"
ဝိန်းရိဖန်က ဤနေရာတွင် ခပ်ကြာကြာမနေလိုသည့်အပြင် မနက်ဖြန်မှ လာယူလျှင်လည်း မထူးမခြားနားသည်ဖြစ်၍
"ကိစ္စမရှိပါဘူး..ကျွန်မ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် ပေးခဲ့လိုက်မယ်"
"ကောင်းပါပြီ"
ယမကာအဖျော်ဆရာက ဘေးနားရှိ လိပ်စာကဒ်တစ်ကဒ်အား လှမ်းပေးလိုက်၏။
"ဒီပေါ်မှာ ရေးပေးလိုက်ပါ"
ဝိန်းရိဖန် ခေါင်းငုံ့ပြီး ဖုန်းနံပါတ်တသီတသန်းကိုရေးကာ ပြန်လှမ်းပေးလိုက်၍
"ဒါဆို ကျေးဇူးပြုပြီး ရှာထားပေးပါဦး..ရှာလို့တွေ့ရင် ဒီဖုန်းနံပါတ်ကိုဆက်သွယ်...."
စကားမဆုံးခင် လက်ထဲမှ လိပ်စာကဒ်က အနောက်ဘက်မှနေ၍ ရုတ်တရက်ဆွဲလုယူခံလိုက်ရ၏။
ဝိန်းရိဖန်က အလိုလို နောက်လှည့်ကြည့်မိလိုက်၏။
သူမ၏အနောက်ဘက်တွင် ရပ်နေသည့် စန်းရန်ကို မြင်လိုက်ရကာ သူမအား ပိတ်လှောင်ထားသည့်အနေအထားမျိုးဖြင့် အနီးကပ်ဆုံးရှိနေခဲ့သည်။အရပ်မြင့်ပြီး ပိန်ပိန်ပါးပါးရှိသည့်သူက ခေါင်းကိုအသာအယာစောင်းပြီး လိပ်စာကဒ်အား တစ်ချက်လှမ်းကြည့်လိုက်၏။
ထို့နောက် သူမ၏အကြည့်များဖြင့် ဆုံစေလိုက်သည်။
ဝိုင်နီများတည်ခင်းထားသော နေရာ ၊ နားအူစေနိုင်သော တီးလုံးများ ၊ စီးကရက်နံ့များအပြင် ခပ်သင်းသင်း စန္ဒကူးရနံ့တစ်ခု ကြီးစိုးနေသည့်ဒေသ။
ယောက်ျားလေး၏ မွေးရာပါ အေးစက်စက်နေတတ်သည့် မျက်ခုံးတို့က ယခုအချိန်တွင် တစ်ဖက်လူအား အနည်းငယ်ပျက်ရယ်ပြုနေသည့် သဘောတရားကို ဆောင်ကျဥ်းထားသေးသည်။
ရင်းနှီးခဲ့ဖူးသော ထပ်၍လည်း မရင်းနှီးတော့သော မျက်ဝန်းများ။
သူမအား မှတ်မိသွားသည့်ပုံစံမျိုးဖြင့်
ရုတ်တရက်
သူ့နှုတ်ခမ်းပါးများက ခပ်လျော့လျော့လေးပြုံးလိုက်၍
"လက်မလျော့သေးဘူးပေါ့"
သူပြောသည့်စကား၏ဆိုလိုရင်းကို နားမလည်လိုက်သည့် ဝိန်းရိဖန်က ကြောင်အသွားခဲ့ရ၏။
စန်းရန်က လိပ်စာကဒ်အား သူမ၏အရှေ့သို့ အလျင်းသင့်သလိုပစ်ပေးလာခဲ့ကာ ဖြေးဖြေးချင်းမတ်မတ်ရပ်လိုက်ရင်းက သူမတို့ကြားရှိ အကွာအဝေးကို သိသိသာသာချဲ့ပစ်လိုက်၏။
"ဆက်သွယ်ရမယ့်နံပါတ်ပေးဖို့အတွက် တကူးတကကို လာခဲ့တာလား"
(Zawgyi)
[အိမ်ပြန်ရောက်ပြီ]
[အဓိပ်ပါယျရှိတာကိုပဲ ပြောစမ်းပါ]
Advertisement
- In Serial34 Chapters
Revenge On My CEO Husband
Before Lauren Jones's hand touched the bedroom door, she had heard the sound of people having sex in the room. A woman's deep moan was mixed with a man's low gasps that she couldn't be more familiar with.
8 642 - In Serial13 Chapters
Accidental Confession - Haikyuu: Tsukishima x Yachi
Tsukishima thinks that Yachi confessed to him after she gives him a card. But after noticing Yachi is friends with the first year volleyball members, her classmate actually asked her to give the card to Tsukishima. How will Yachi deal with this misunderstanding?(Note: I cross-posted this story from AO3 as well as Fanfiction.net. Just in case anyone has seen this on other sites and thought I plagiarized my own story 🙂.)
8 168 - In Serial11 Chapters
ᴀɴɢᴇʟ ᴄᴀᴋᴇ ㅤೄྀ࿐ ᴡ.ᴀ
༉‧₊˚✧🍰 𝘋𝘐𝘚𝘊𝘖𝘕𝘛𝘐𝘕𝘜𝘌𝘋 𓂃 ̽ ࣩ﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌❛ a world where you shut up. ❜⠀⠀ •*⁀➷ 𝗶𝗻 𝘄𝗵𝗶𝗰𝗵 wednesday is sent away to chippewa camp, a place she believes is of the wrong sort for girls like her. her point is proven when she meets the strangest girl there, y/n l/n.≻ 𝘄𝗲𝗱𝗻𝗲𝘀𝗱𝗮𝘆 𝗮𝗱𝗱𝗮𝗺𝘀 𝘅 𝗳𝗲𝗺!𝗿𝗲𝗮𝗱𝗲𝗿 © 𝗳𝗮𝗲𝗿𝘆𝗰𝗼𝗿𝗲║█║▌║█║▌│║▌║▌█║
8 56 - In Serial41 Chapters
The Prince's Stubborn Mate
"I am giving you until your birthday to come to terms with the fact that I am your mate. You should also accept that you belong to me and I will mark you as soon as you come of age. I will make you my mate in every way before the new year comes. By January 1st, you will be marked, mated and you would have already conceived my child, the only thing that will be left to do is get married."
8 162 - In Serial47 Chapters
The MaAn Journey
It is my first fanfiction...This is a story of anupama after she divorced vanraj and moved out of shah house...how she build back her life..how she met anuj kapadia. It is a bit different from the story of the anupamaa serial with a few added characters.
8 136 - In Serial10 Chapters
PRACTICE | j.jk
"noona..... will you practice that- scene- with me?" jungkook questioned you nervously as he pulled you to a private spot.since you were working with him in that acting business, it was only fair for you to help him. "sure, kookie.. what scene did you need practice with?" with an assuring smile, you replied.he nervously looked down, and scratched the back of his head before giving you an answer. "that-" he paused and lifted his eyes up to meet your lips, "kiss scene." || short ff|| jungkook!actor|| low caps intended|| completed
8 200

