《First Frost (Myanmar Translation)》Chapter 1
Advertisement
ရှားရှားပါးပါးရထားသည့် အားလပ်ရက်တစ်ရက်ဖြစ်၍ 'ဝိန်းရိဖန်' က ညနက်သည့်အချိန်ထိ သရဲကားကြည့်ရင်း အချိန်ကုန်ဆုံးနေလိုက်သည်။
ခြောက်ခြားစရာကောင်းအောင်လုပ်နေသည့်အရာအားလုံးက နောက်ခံတီးလုံးနှင့်အော်သံများသာဖြစ်ပြီး ဇာတ်လမ်းအစကတည်းက ကြောက်စရာကောင်းသည့်ပုံရိပ်ဟူ၍ တစ်ခုမျှမပါသေး။ နှစ်သက်သောအရာတစ်ခုကို မဖြစ်မနေလုပ်ယူတတ်သည့်အကျင့်ရှိ၍လည်း မျက်ခွံကို အတင်းဖွင့်ထားရင်း ဇာတ်လမ်းအဆုံးထိ ကြည့်နေလေသည်။
ဇာတ်သိမ်းသွားကြောင်း စာတန်းထိုးလာသည့်အချိန်တွင်မှ ဝိန်းရိဖန် စိတ်လျော့ချလိုက်နိုင်ကာ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး အတွေးများကြား နှစ်မျောစီးဝင်ပစ်လိုက်တော့၏။အိပ်မက်ကမ္ဘာထဲသို့ မျောပါလုနီးနီးအချိန်တွင် ရုတ်တရက် တံခါးထုရိုက်သံပြင်းပြင်းကို ကြားလိုက်ရ၏။
'ဘန်း'ဆိုသည့် အသံကျယ်ကြီးတစ်ခု။
ပြန်ဖွင့်လာသည့် ဝိန်းရိဖန်၏မျက်လုံးများက ဆတ်ခနဲ။
လိုက်ကာစကြားမှ တိုးဝင်လာသည့် လရောင်က ကျိုးတိုးကျဲတဲ ၊ အပြင်ဘက်မှနေ၍ အရက်မူးနေသည့်ယောက်ျားတစ်ယောက်၏အော်ဟစ်သံကို ကြားလိုက်ရကာ ခြေသံများက အခြားဦးတည်ရာတစ်ခုသို့ သွားနေသည့်ခပ်ရှပ်ရှပ်အသံများ။
ထို့နောက်တွင် တံခါးဖွင်သံတစ်ခုနှင့် ပြန်ပိတ်သွားသည့်အသံတစ်ခု။
လှုပ်လှုပ်ရှားရှားဖြစ်နေသည့်အသံများအားလုံး ငြိမ်သက်တိတ်ဆိတ်သွားတော့၏။
အခန်းတံခါးကို စက္ကန့်ပိုင်းမျှစိုက်ကြည့်နေရင်း အရာအားလုံးပြန်လည်တိတ်ဆိတ်သွားပြီးသည့်နောက်တွင်တော့ ဝိန်းရိဖန် လည်း သတိကြပ်ကြပ်ထားနေသည့်စိတ်ကို လျော့ချပစ်လိုက်သည်။နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်းက ဒေါသက ထောင်းခနဲ ထွက်လာပြန်တော့၏။
ဒီတစ်ပတ်ထဲ၌ကို ဘယ်နှကြိမ် ရှိနေပြီမှန်းမသိ။
အိပ်ပျော်ခါစစိတ်လေးက နှောက်ယှက်ခံလိုက်ရကာ ဝိန်းရိဖန် အတွက် ပြန်အိပ်ပျော်သွားဖို့ရလည်း မလွယ်ကူ။ အိပ်ရာပေါ် လူးလိမ့်ရင်း မျက်လုံးကိုတဖန်ပြန်မှိတ်လိုက်ကာ အခုလေးတင်ကြည့်ထားသည့်ရုပ်ရှင်ဇာတ်လမ်းအကြောင်း ပြန်တွေးမိလိုက်သည်။
ဟွန့်
သရဲကားလို့တောင် ခေါ်လို့ရသေးလို့လား?
လူတွေကိုခြောက်လန့်ဖို့သပ်သပ် ဘတ်ဂျက်နည်းနည်းနဲ့ လျှောက်ရိုက်ထားတဲ့ ဇာတ်ကားကများ..
ယောင်တောင်ပေါင်တောင်ကြောင်ကြည့်နေရင်းက ဝိန်းရိဖန်း၏စိတ်ထဲတွင် ဇာတ်လမ်းထဲမှသရဲမျက်နှာကြီးက မသိလိုက်ဘာသာ မြင်ယောင်လာမိ၏။
နောက်ထပ် သုံးစက္ကန့်တွင် အိပ်ရာထဲမှ ထခုန်မိလိုက်ပြီး ဘေးမှ မီးအိမ်ကို လှမ်းဖွင့်လေတော့သည်။
ကျန်နေသည့် ညတစ်ဝက်တာအချိန်တွင်တော့ ဝိန်းရိဖန် ကောင်းကောင်းအိပ်မပျော်တော့ဘဲ နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေသည့်အပြင် ဘေးနား၌လည်း ရှုံ့တွနေသည့်သရဲမျက်နှာကြီးရှိနေသည်ဟုသာ ထင်ယောင်ထင်မှားဖြစ်နေခဲ့သည်။
မနက်မိုးသောက်လင်းခါနီးမှသာ ခက်ခက်ခဲခဲအိပ်ပျော်သွားခဲ့၏။
နောက်တစ်နေ့တွင် ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် ဝိန်းရိဖန် နိုးလာခဲ့သည်။ အိပ်ရာဝင်နောက်ကျလွန်းသည့်အပြင် ကောင်းကောင်းအိပ်မပျော်ခြင်းကြောင့် နိုးလာသည့်အချိန်တွင် ခေါင်းတစ်ခုလုံးက အပ်များဖြင့်ထိုးခံနေသည့်အလား နာကျင်ထုံထိုင်းနေတော့သည်။အနည်းငယ် မကြည်မသာဖြစ်နေသည့်ကြားမှ ဖုန်းကို လှမ်းယူပြီး ဖြေဆိုလိုက်၏။
အခြားတစ်ဖက်မှ 'ကျုံးစစ်ချောင်' ၏ အသံခပ်သေးသေးတစ်ခုထွက်လာပြီး
"ငါ ခဏနေမှ တစ်ခေါက်ထပ်ခေါ်လာခဲ့မယ်"
"...."
ဝိန်းရိဖန်၏ မျက်ခွံများလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကာ ဦးနှောက်တစ်ခုလုံး နှစ်စက္ကန့်မျှ ဗလာကျင်းသွားခဲ့၏။
သူမ နှိုးဖို့ ဖုန်းဆက်တာလား?
ဇာတ်လမ်းမပြခင် ကြေငြာဝင်သလိုမျိုးလေ..
အိပ်ရာနိုးခါစ ဒေါသများကို စုပြုံလိုက်ရင်း
"နင် ကျေးဇူးပြုပြီး...."
စကားပင် ဆုံးအောင်မပြောရသေးခင် တစ်ဖက်က ဖုန်းချသွားနှင့်၏။
လက်သီးတစ်ချက်က ဂွမ်းစောင်နုနုအပေါ်ကျသွားခဲ့ပြီးနောက် ဝိန်းရိဖန် မျက်လုံးကိုဖွင့်လိုက်ကာ မကျေမနပ်ဖြစ်နေခဲ့၏။အိပ်ရာထက်တွင် တစ်ခဏကြာကြာလှဲနေပြီးမှ လက်ကိုင်ဖုန်းကိုယူပြီး နာရီအားတစ်ချက်ကြည့်လိုက်သည်။
နေ့လည်ခင်း နှစ်နာရီထိုးလုနီးနီးပင် ဖြစ်သည်။
ဝိန်းရိဖန် အိပ်ရာထဲတွင် လူးလိမ့်မနေနိုင်တော့ဘဲ အနားမှ အင်္ကျီအားဆွဲယူပြီးဝတ်ကာ ရေချိုးခန်းဆီသို့ ပြေးလာခဲ့သည်။
သွားတိုက်နေစဥ် ဖုန်းက နောက်တစ်ကြိမ်မြည်လာပြန်၏။အားနေသည့်လက်တစ်ဖက်ဖြင့် ဖုန်းမျက်နှာပြင်ကိုပွတ်ဆွဲပြီး စပီကာဖွင့်လိုက်၏။
'ကျုံးစစ်ချောင်' ၏ အသံက ရှေ့ပြေးအနေဖြင့် ပြေးဝင်လာပြီး
"လခွမ်းပဲ..အခုလေးတင် အထက်တန်းကျောင်းတုန်းကသူငယ်ချင်းနဲ့ပြန်တွေ့တာ..ငါ့မျက်နှာကြီးတစ်ခုလုံး အဆီတွေပြန်ပြီး မိတ်ကပ်မလိမ်းထားရသေးဘူး..ရှက်လွန်းလို့သေချင်တယ်!"
"လွယ်လွယ်သေချင်တယ်ပေါ့"
ဝိန်းရိဖန်၏စကားသံတို့က ပါးစပ်ထဲမှ အမြှုပ်များကြောင့် ဝိုးတိုးဝါးတား
"နင် မတော်တဆတွေ့တာပဲမလား"
"..."
ကျုံးစစ်ချောင်က သုံးစက္ကန့်ခန့်မျှငြိမ်သက်နေပြီး စကားယှဥ်မပြောချင်တော့လောက်အောင် ပျင်းရိနေခဲ့ကာ
"ဒီနေ့ည အပြင်သွားမှာလား မသွားဘူးလား..သတင်းထောက်ဝိန်း..လူကြီးမင်းက တစ်ပတ်လုံးလုံး အချိန်ပိုဆင်းနေခဲ့တာနော်..နည်းနည်းပါးပါးလေးမှ အပျော်ထွက်မရှာတော့ရင် လူကြီးမင်း ရုတ်တရတ်သေသွားမှာကို ကျွန်တော်မျိုးမ စိတ်ပူနေလို့ပါ"
"အင်း..ဘယ်သွားမှာလဲ"
"နင်တို့ဘက်ကို သွားကြမလား..နင် သွားဖူးလားတော့မသိပေမယ့် ငါ့သူငယ်ချင်းတစ်ယောက်ပြောတာ အဲ့နားမှာ Bar တစ်ခုရှိတယ်တဲ့..ဆိုင်ပိုင်ရှင်က အရမ်း..."
ကျုံးစစ်ချောင်က ဆက်၍
"အမ်..နင့်ဘက်ကနေ ရေကျသံတွေကြားနေရတယ်ရော..ပန်းကန်ဆေးနေတာလား"
ဝိန်းရိဖန် ; "မျက်နှာသစ်နေတာ"
ကျုံးစစ်ချောင် ; "နင် အခုမှနိုးတာလား"
ဝိန်းရိဖန်က အင်းဆိုသည့် အသံတစ်ခုပြုလိုက်၏။
"နှစ်နာရီတောင်ထိုးနေပြီဟ..နေ့လည်စာစားချိန်တောင် ကျော်နေပြီ"
ကျုံးစစ်ချောင်က ထူးထူးဆန်းဆန်းခံစားမိလိုက်ရင်း
"နင် မနေ့ညကဘာတွေလုပ်နေတာလဲ"
"သရဲကားကြည့်နေတာ"
"ဘာကားလဲ"
"《အိပ်မက်ကအနိုးမှာ သရဲအတွေ့》"
ကျုံးစစ်ချောင်က ထိုဇာတ်လမ်းကိုကြည့်ဖူးသည့်ဖြစ်၍
"အဲ့ကားကို သရဲကားလို့တောင် ထည့်မခေါ်သင့်ဘူး"
"ကြည့်ပြီးတော့ ငါ အိပ်ပျော်သွားခဲ့တာ"
ဝိန်းရိဖန်က တစ်ဖက်လူ၏စကားကို လျစ်လျူရှုပြီး ဘေးနားမှ မျက်နှာသုတ်ပုဝါကိုဆွဲယူကာ ရေစက်များကို သုတ်နေရင်း
"နောက်တော့ ညသန်းခေါင်ကြီးမှာ ငါ နိုးလာတော့တာပဲ..ပြီးတော့ ဇာတ်လမ်းထဲက သရဲကို မြင်ယောင်နေတော့တာ"
"...."
"ငါနဲ့ သရဲနဲ့ တစ်ညလုံး လုံးထွေးထားကြတာလေ"
ကျုံးစစ်ချောင် ပြောစရာစကားမဲ့နေရင်းက
"နင် ဘာလို့ ဒီလိုကန့်သတ်ထားရမယ့်စကားမျိုးကို စည်းမရှိကမ်းမရှိလျှောက်ပြောနေရတာလဲ"
ဝိန်းရိဖန်က မျက်ခုံးပင့်လိုက်၍
"ဒီလောက်လေးပြောတာနဲ့ကို ကန့်သတ်ထားတဲ့စကားတွေဖြစ်နေပြီလား"
"ဘယ်လို..တစ်ညလုံး လုံးထွေးနေတယ် ဟုတ်လား"
"...."
"ထားပါတော့..သရဲတွေ တစ္ဆေတွေကို ဖယ်ထားစမ်းပါ..မမက ကောင်လေးတွေကို စားဖို့ခေါ်သွားပေးမယ်"
Advertisement
ကျုံးစစ်ချောင်က ရယ်သံစွက်လာပြီး
"ခပ်ချောချော..လတ်လတ်ဆတ်ဆတ်..ပူပူနွေးနွေး..ကောင်လေးမျိုးလေ"
"တော်ပြီ ငါတော့ သရဲနဲ့ပဲ လုံးထွေးတော့မယ်"
လက်ကိုင်ဖုန်းကို ယူပြီး ဝိန်းရိဖန်းက ရေချိုးခန်းထဲမှထွက်လာခဲ့ကာ
"အနည်းဆုံးတော့ တစ်ပြားမှမကုန်ဘူး..အလကား စားရမှာ"
ကျုံးစစ်ချောင် ;
"ဘယ်သူက ပိုက်ဆံပေးရမယ်လို့ပြောနေလို့လဲ..ကောင်လေးတွေကိုလည်း အလကား စားလို့ရပါတယ်နော်"
ဝိန်းရိဖန် ;
"ဟမ်?"
"မျက်လုံးနဲ့ စားမှာလေကွာ"
"...."
ဖုန်းချပြီးနောက်တွင် ဝိန်းရိဖန်က Wechat မှတဆင့် မနေ့ညမှကိစ္စအား အိမ်ခန်းပိုင်ရှင်ထံ အကြောင်းကြားပြောပြလိုက်၏။ထပ်၍လည်း စာချုပ်သက်တမ်းကုန်သွားလျှင် အိမ်ခန်းဆက်ငှားမယ့်ကိစ္စအား ချိတုံချတုံဖြစ်လာခဲ့ကာ ဆက်၍လည်း မငှားဖြစ်တော့မည့်ရာခိုင်နှုန်းက ပိုနေခဲ့၏။
လွန်ခဲ့သည့်နှစ်လက သူမ 'ယီဟဲ' မြို့မှတဆင့် 'နန်းဝူ'မြို့သို့ ပြောင်းလာခဲ့ခြင်းဖြစ်သည်။
အိမ်ခန်းက ကျုံးစစ်ချောင် ကူညီ၍ရှာပေးထားခြင်းဖြစ်ပြီး ပြဿနာအကြီးအကျယ်ဟူ၍မရှိ။
တစ်ခုတည်းသောအဆင်မပြေသည့်အချက်က ဤအိမ်ခန်းက စုပေါင်းငှားရမ်းထားသည့်ပုံစံမျိုးဖြစ်နေခြင်းပင်။ အိမ်ခန်းပိုင်ရှင်က မီတာ ၈၀ ပတ်လည်ကျယ်ဝန်းသည့်အခန်းကို အခန်းသုံးခန်းကန့်ထားပြီး အခန်းတစ်ခုစီတိုင်းတွင် ရေချိုးခန်းနှင့်သန့်စင်ခန်းများပါပြီး မီးဖိုချောင်နှင့်ဝရံတာများတော့ မရှိ။
သို့သော် အိမ်ခန်းတန်ဖိုးစျေးက အတော်လေးသင့်တင့်၍ တန်သည်ဟုဆိုရမည်။
ဝိန်းရိဖန်အတွက်မူ နေထိုင်ရမည့်နေရာအတွက် တောင်းဆိုချက်များကသိပ်မများလှ၊ ထို့အပြင် ဤအိမ်ခန်းပတ်ဝန်းကျင်က သွားရေလာရေးလွယ်ကူသည့်အပြင် စည်စည်ကားကားလည်းဖြစ်သေးသည်။ထို့ကြောင့် နှစ်ရှည်ငှားရမ်းဖို့ရန်ပါ တွေးထားခဲ့ဖူးသည်။
သို့သော် တစ်နေ့တွင်တော့ သူမ အပြင်ထွက်ခါသည့်အခိုက်တွင် တိုက်တိုက်ဆိုင်ဆိုင် ဘေးကပ်ရပ်အိမ်ခန်းမှလူကြီးနှင့် ဆုံလေသည်။ထိုမှတဆင့် တဖြည်းဖြည်းနှင့် ယခုလက်ရှိအခြေအနေထိ ရောက်လာရခြင်းမျိုးပင်။
သတိမထားမိလိုက်ပါဘဲနှင့် နေမင်းကြီးက အနောက်အရပ်သို့ဝင်သွားခဲ့သည့်အချိန်တွင် အခန်းငယ်လေးထဲ၌ အမှောင်ထုက တစ်လွှာချင်းစီ နေရာယူလာခဲ့သည်။ထောင်ပေါင်းများစွာသော အလင်းရောင်တို့က တစ်ခုပြီးတစ်ခု တစ်နေရာပြီးတစ်နေရာမှ လင်းလက်လာခဲ့ကာ မြို့ကြီးတစ်ခုလုံးက ပုံစံပြောင်းသွားသည့်အလားသဏ္ဍာန်ဖြင့် ညစျေးတန်းသည်လည်း စတင် အသက်ဝင်လှုပ်ရှားလာတော့သည်။
ချိန်းထားသည့်အချိန်ရောက်ခါနီးဖြစ်၍ ဝိန်းရိဖန်က အဝတ်အစားလဲပြီး မိတ်ကပ်ပါးပါး ပြင်လိုက်၏။
ကျုံးစစ်ချောင်က Wechat မှတဆင့် စာများကို မနားတမ်းဆက်တိုက်ပို့နေသေးသည်။
အပေါ်ထပ်ကုတ်အင်္ကျီကိုဝတ်လိုက်ပြီးနောက် လက်ကိုင်အိတ်ခပ်သေးသေးကို ဆွဲယူကာ ဝိန်းရိဖန်က အသံမက်ဆေ့ဖြင့်စာပြန်လိုက်၏
"အခုပဲ ထွက်လာပြီ"
အပြင်သို့ထွက်ပြီး ထိုအခန်းရှေ့မှဖြတ်ရသည့်အချိန်တွင် မသိလိုက်ဘာသာ ခြေလှမ်းများက အလိုလိုမြန်သွားခဲ့ရင်း လှေကားမှတဆင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
နှစ်ယောက်သားက မြေအောက်ရထားဂိတ်တွင် အချိန်းအချက်ပြုထားခြင်းဖြစ်သည်။
ကျုံးစစ်ချောင်ဘက်မှ ယနေ့ သွားရန်စီစဥ်ထားသည့် Bar က 'ရှန့်အန်း' ရပ်ကွက်၏ အရှေ့မျက်နှာချင်းဆိုင်တွင်ဖြစ်ကာ လမ်းတစ်ခုစာချိုးကွေ့ပြီးလျှင် ရောင်စုံမီးဆိုင်းဘုတ်များ တသီတသန်းဖြင့်လင်းထိန်နေသည့်နေရာသို့ ရောက်မည်ဖြစ်သည်။
ဤနေရာက ညဘက်တွင် ပိုစည်ကားသည့်နေရာ။
'နန်းဝူ' မြို့၏ နာမည်ကြီး Bar များရှိသည့် လမ်းဖြစ်သည့်အပြင် လမ်းသရဲများရှိသည့်နေရာဟုလည်း ခေါ်ဝေါ်ကြသေး၏။
တစ်ခါမှမရောက်ဖူးသည့်အတွက် နှစ်ယောက်သားက အချိန်တော်တော်ကြာအောင် ရှာလိုက်ရပြီးမှ ထောင့်တစ်နေရာတွင်ရှိနေသည့် Bar ကို မြင်လိုက်ရ၏။
နာမည်သည်ကား တော်တော်လေးကို ထူးထူးဆန်းဆန်းဖြင့် 'Overtime' ဟူ၍။
ဆိုင်းဘုတ်အပြင်အဆင်မှာ ရိုးရိုးရှင်းရှင်း။ အနောက်ခံအရောင်က အနက်ရောင် ၊ စာလုံးပုံစံက လေးထောင့်သဏ္ဍာန်ဖြစ်ပြီး မီးရောင်က ကြည်ရှင်းနေသည့် အဖြူရောင်။ ပျိုးပျိုးပျက်ပျက်တောက်ပနေသည့်မီးရောင်များကြားတွင် ဆံပင်ညှပ်ဆိုင်လေးတစ်ခုသဖွယ် တည်တည်ငြိမ်ငြိမ်တည်ရှိနေသည့် ပုံစံမျိုးဖြစ်သည်။
"တွေးထားတဲ့ပုံစံက တော်တော်လေးမိုက်တာပဲ"
ဝိန်းရိဖန်က မီးရောင်များကြား ငေးကြည့်ရင်း မှတ်ချက်တစ်ခုပြုလိုက်၏။
"အရက် Bar တွေချည်းရှိတဲ့လမ်းထဲမှာ ဆံပင်ညှပ်ဆိုင် ဖွင့်ထားတယ်ဆိုတော့ ဒီနေရာလာပြီး မိန်းကလေးတွေကို မဆွဲစားခင် အရင်ဆုံး ဆံပင်ကေ ပြင်ဖို့များလား"
ကျုံးစစ်ချောင်က စုတ်တစ်ချက်သပ်လိုက်ပြီး ဝိန်းရိဖန်အား ဆိုင်ထဲဆွဲခေါ်လာရင်း
"ပေါက်ကရတွေ လျှောက်ပြောမနေနဲ့"
မမျှော်လင့်ထားစွာဖြင့် ဝိန်းရိဖန် တွေးထားသလို ခြောက်ကပ်ပြီး လူနည်းနေခြင်းမျိုးမရှိ။
သူတို့ရောက်လာသည့်အချိန်မှာ စောနေသေးသည့်အပြင် တကယ့်လူစည်ကားသည့်အချိန်မျိုး မဟုတ်သေးပါသည့်တိုင် အတွင်းထဲရှိ ဝိုင်းတော်တော်များများတွင် လူပြည့်နေကြပြီဖြစ်သည်။
စင်ပေါ်တွင် ဂီတာတီးနေသည့်အမျိုးသမီးတစ်ဦးက မျက်လွှာချပြီး သီချင်းဆိုဖျော်ဖြေပေးနေကာ တော်တော်လေးငြိမ့်ပြီး အေးအေးလူလူဖြစ်နေသည့် ပတ်ဝန်းကျင်မျိုးပင်။ Bar ၏အရှေ့ဘက်တွင် တစ်ခေါင်းလုံးအဝါရောင်ဆေးဆိုးထားသည့် ယမကာအဖျော်စပ်သည့်ဆရာက မျက်လှည့်ဆရာတစ်ဦးအတိုင်း သူ့အဖျော်ခွက်များကို ကျွမ်းကျွမ်းကျင်ကျင်ကစားပြနေသေးသည်။
ထိုင်စရာနေရာရှာပြီးသည့်နောက်တွင် ဝိန်းရိဖန်က စျေးအပေါဆုံးဝိုင်ကိုသာ မှာလိုက်၏။
ကျုံးစစ်ချောင်က အနည်းငယ်ဝေ့ဝဲကြည့်ပြီးနောက် စိတ်ပျက်အားလျော့သွားသည့်ဟန်ဖြင့်
"ပိုင်ရှင် မရောက်သေးတာလားမသိဘူး..ချောတယ်ဆိုတဲ့တစ်ယောက်ကို ငါမတွေ့သေးဘူး"
ဝိန်းရိဖန်က သာမန်ကာလျှံကာပုံစံဖြင့်
"အဲ့ဒီ အရက်စပ်နေတဲ့အစ်ကိုလေး ဖြစ်ရင်ဖြစ်နေမှာပေါ့"
"သောက်ကျိုးနည်း ဟုတ်မနေဘူး"
ကျုံးစစ်ချောင် လုံးဝလက်မခံနိုင်သည့်အလား
"ဒီလမ်းထဲမှာ အားရင်အားသလို လာနေကျ ငါ့သူငယ်ချင်းတစ်ယောက်ပြောပြထားတာ..ဒီ Bar ရဲ့ပိုင်ရှင်က ဒီလမ်းသရဲလမ်းမကြီးရဲ့ အဓိကသင်္ကေတတဲ့"
"သူ့ဘာသာသူ ချဲ့ကားပြောနေတာလည်း ဖြစ်ရင်ဖြစ်နေနိုင်တာပဲ"
"?"
ကျုံးစစ်ချောင်၏ လက်မခံလိုသည့်အမူအရာကြီးကြောင့် ဝိန်းရိဖန်က ခပ်မတ်မတ်ထိုင်လိုက်ရင်း
"ဖြစ်ရင်ဖြစ်နေနိုင်တာပဲလို့ ပြောတာပါဟ"
ကျုံးစစ်ချောင် နှာတစ်ချက်မှုတ်လိုက်၏။
နှစ်ယောက်သား စကားစမြည်ပြောနေကြရင်း ကျုံးစစ်ချောင်က နေ့လည်ခင်းတုန်းကကိစ္စအား ပြန်ဆိုလာခဲ့၏။
"ဒါနဲ့..ငါ ဒီနေ့လေ အထက်တန်း ပထမနှစ်တုန်းက အတန်းခေါင်းဆောင်နဲ့တွေ့ခဲ့သေးတယ်..သူလည်း တက္ကသိုလ်ကို နန်းဝူမှာပဲ တက်တာ..ကြည့်ရတာ 'စန်းရန်' နဲ့ အဆောင်တစ်ခုတည်းထင်တယ်..ဒါပေမယ့် သူ့ကိုတော့ ငါသိပ်မမြင်မိဘူး"
ထိုနာမည်ကိုကြားလျှင်ကြားလိုက်ရခြင်းတွင် ဝိန်းရိဖန် မသိမသာတုန်လှုပ်သွားမိ၏။
"ပြောရရင် နင် မှတ်မိသေး..."
Advertisement
ပြောနေရင်းဖြင့် ကျုံးစစ်ချောင်က မျက်လုံးကစားနေရင်း တစ်နေရာအရောက်တွင် ရုတ်တရက်
"အေ့..နင် နာရီလက်တံ ၁၀နာရီဘက်ကို လှမ်းကြည့်လိုက်..လမ်းသရဲလမ်းမကြီးရဲ့ အဓိကသင်္ကေတ လာပြီထင်တယ်"
တစ်ချိန်တည်းမှာပင် ဝိန်းရိဖန်က 'ရန်ကော' ဟု အော်ခေါ်လိုက်သည့်အသံတစ်ခုကိုပါ ကြားလိုက်ရ၏။
သူမ လှမ်းကြည့်မိလိုက်တော့၏။
ဘယ်အချိန်ကတည်းကမှန်းမသိ ယမကာအဖျော်ဆရာ၏ဘေးတွင် ယောက်ျားလေးတစ်ဦး ရပ်နေခဲ့သည်။
Bar အတွင်းရှိ မှိန်ပျပျမီးရောင်အောက်တွင် သူက စားပွဲထောင့်ကိုမှီ၍ရပ်နေပြီး ခေါင်းသဲ့သဲ့စောင်းကာ ယမကာအဖျော်ဆရာနှင့် စကားပြောနေပုံရသည်။မည်းနက်နေသည့် အနက်ရောင်ဂျက်ကတ်ကိုဝတ်ထားပြီး ကိုယ်နေဟန်ထားက ခပ်ဖြောင့်ဖြောင့်ဖြင့် အရပ်မြင့်သေးသည်။ယခုအချိန်တွင် သူက ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းထားပါသည့်တိုင် ယမကာအဖျော်ဆရာထက် တော်တော်လေးမြင့်နေသေး၏။
မျက်ဝန်းအိမ်များက မည်းနက်ပြီး ကွေးတက်နေသည့်နှုတ်ခမ်းထောင့်စွန်းတစ်ဖက်က မထီမဲ့မြင်ပြုနေသေးသည်။
မီးရောင်စုံများကို အလှည့်ကျ ထွန်းလင်းပေးနေသည့် မီးလုံး၏အရောင်များကလည်း သူ့မျက်နှာကို ပို၍မြင်သာစေရန် ပံ့ပိုးထားပေးနေ၏။
စက္ကန့်ပိုင်းအတွင်း၌ပင် ဝိန်းရိဖန်က ထိုလူအား အမှတ်ရမိသွားခဲ့တော့၏။
"ငါ-ူး!"
သူမနည်းတူ ချက်ချင်းမှတ်မိသွားခဲ့သည့် ကျုံးစစ်ချောင်က အလန့်တကြားပင်ဖြစ်သွားခဲ့ပြီး
"ဟဲ့..ဒီအဓိကသင်္ကေတက စန်းရန်!"
"...."
"ငါ သူ့အကြောင်းလေးပြောမိလိုက်တာနဲ့ ဘယ်လိုလုပ်ပြီး လူတစ်ယောက်လုံးကိုပါ မြင်လိုက်ရတော့တာတုန်း..နင် သူ့ကို မှတ်မိသေးလား?..နင် ကျောင်းမပြောင်းသွားခင်တုန်းက သူ နင့်ကို လိုက်ဖူးတယ်လေ"
ထိုစကားလုံးများကြောင့် ဝိန်းရိဖန်၏မျက်တောင်များ မသိမသာတုန်ယင်သွားခဲ့ရသည်။
တိုက်ဆိုင်စွာဖြင့် စားပွဲထိုးလေးက အနားမှဖြတ်သွားသည့်အချိန် ဝိန်းရိဖန်ကလည်း စိတ်မသာမယာဖြစ်နေရသဖြင့် လှမ်းခေါ်လိုက်မည်အပြုတွင် ရုတ်တရက် အာမေဍိတ်သံတစ်ခုက နားစည်အတွင်းရိုက်ခတ်လာတော့၏။ လှမ်းကြည့်လိုက်လျှင် စားပွဲထိုးလေးက တစ်ယောက်ယောက်နှင့် မတော်တဆတိုက်မိသွားပုံရကာ လက်ထဲတွင်ကိုင်ထားသည့် လင်ပန်းရော ဝိုင်ခွက်များပါ တစ်ဖက်သို့စောင်းလာလေတော့၏။
စောင်းလာသည့်ဦးတည်ရာက သူမဆီ...
ရေခဲနှင့်ရောထားသည့်အရက်များက သူမ၏ဘယ်ဘက်ပုခုံးထက်သို့ လျောကျလာခဲ့၏။ သူမက ခပ်ပွပွဆွယ်တာအင်္ကျီကိုဝတ်ထားခြင်းဖြစ်ရာ ချက်ချင်းဆိုသလို အင်္ကျီတစ်ခုလုံးစိုရွဲသွားပြီး အအေးဓါတ်များက အတွင်းထဲထိကို ထိုးဝင်လာခဲ့ကာ အေးစိမ့်နေမှုကြီးက ထုံသလိုလိုဖြစ်သွားရသည်အထိပင်။
ဝိန်းရိဖန်က အသံတစ်ချက်ပြုရင်း အလိုလိုတုန့်ပြန်ချက်အရ မတ်တပ်ထရပ်လိုက်မိသည်။
Bar အတွင်းရှိအသံများက ကျယ်သင့်သလောက်ကျယ်နေပါသည့်တိုင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည့်အသံကလည်း မသေး။
ကြောက်လန့်သွားသည့် စားပွဲထိုးလေး၏မျက်နှာက ဖြူဖျော့နေကာ ထပ်ခါတလဲလဲ တောင်းပန်နေတော့၏။
ကျုံးစစ်ချောင်သည်လည်း ချက်ချင်းမတ်တပ်ထရပ်၍ ဝိန်းရိဖန်၏အင်္ကျီပေါ်မှ ရေခဲတုံးများကို ဖယ်ပေးနေကာ
"အဆင်ပြေရဲ့လား"
"ရတယ် ဘာမှမဖြစ်ဘူး"
ဝိန်းရိဖန်၏အသံတို့က သိသိသာသာတုန်ယင်နေပါသည့်တိုင် ဒေါသထွက်နေခြင်းမျိုးမရှိ ၊ စားပွဲထိုးလေးဘက်သို့ လှည့်ကြည့်၍
"ထပ်ပြီးတောင်းပန်နေစရာမလိုတော့ပါဘူး..နောက်ဆိုရင် ပိုပြီး သတိထားပေးပါနော်"
ထို့နောက်တွင် ကျုံးစစ်ချောင်ဘက် ပြန်လှည့်လိုက်၍
"ငါ သန့်စင်ခန်းထဲ သွားလိုက်ဦးမယ်"
စကားပြောပြီးပြီးချင်းတွင် မျက်လုံးကို အသာအယာပင့်ကြည့်လိုက်၏။
ရုတ်တရက် အကြည့်တစ်ချက် တစ်ချက်တည်းဆိုသလို မည်းနက်ပြီးလျစ်လျူရှုတတ်သောမျက်ဝန်းတစ်စုံနှင့်တည့်တည့်ကြီး ဆုံလိုက်ရကာ နှစ်စက္ကန့်မျှအေးခဲရပ်တန့်သွားရတော့သည်။
ဝိန်းရိဖန်က အကြည့်များကိုပြန်ရုတ်သိမ်းလိုက်ရင်း အမျိုးသမီးသန့်စင်ခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။
သန့်စင်ခန်းအလွတ်တစ်ခုကို ရှာတွေ့ပြီးသည်နှင့် ဆွယ်တာအင်္ကျီကို ချွတ်လိုက်ရာ အတွင်းထဲတွင် ကိုယ်ကျပ်အင်္ကျီတစ်ထည်သာ ကျန်တော့၏။
ကံကောင်းစွာဖြင့် ကိုယ်ကျပ်အင်္ကျီက သိပ်မစိုလိုက်ပေ။
ဝိန်းရိဖန်က ဆွယ်တာအင်္ကျီကို လက်တစ်ဖက်ကကိုင်ကာ လက်ဆေးကန်ဆီသို့လျှောက်လာပြီး တစ်သျှူးစအား ရေအနည်းငယ်စွတ်ကာ ခန္ဓာကိုယ်ပေါ်မှ အရက်ဝိုင်များကို အသေအချာသုတ်နေလိုက်၏။
အကြမ်းဖျင်းသန့်ရှင်းပြီးနောက်တွင်တော့ သူမ ပြန်ထွက်လာလိုက်သည်။
မျက်ဝန်းထောင့်စွန်းမျှတဆင့် ကော်ရစ်တာထက်တွင် ရပ်နေသည့်လူတစ်ယောက်၏ပုံရိပ်အား လှမ်းမြင်လိုက်ရကာ ဝိန်းရိဖန်၏ခြေလှမ်းများက အလိုလိုရပ်တန့်သွားမိလိုက်၏။
ယောက်ျားလေးက နံရံကိုမှီ၍ရပ်နေရင်း ပါးစပ်ဖျားတွင် စီးကရက်တစ်လိပ်ကို ကိုက်ထားပြီး မျက်ဝန်းများက ပျင်းတိပျင်းရွဲဖြင့်အောက်သို့စိုက်ထားကာ လူတစ်ယောက်လုံး၏အသွင်အပြင်က မတက်ကြွဘဲမှေးမှိန်နေဟန်ရှိသည်။ အခုကလေးကနှင့်မတူညီတော့သည်မှာ အပေါ်ထပ်ဂျက်ကတ်အင်္ကျီက ချွတ်ထားပြီး အလျင်းသင့်သလိုခပ်လျော့လျော့ပုံစံဖြင့် လက်ထဲတွင် ကိုင်ထားခြင်းဖြစ်သည်။
သူ့ခန္ဓာကိုယ်ထက်၌ အနက်ရောင်တီရှပ်အင်္ကျီသာ ကျန်နေခဲ့၏။
နောက်ဆုံးတစ်ကြိမ်တွေ့ဖြစ်ခဲ့ကြသည်မှာ ခြောက်နှစ်မျှပင် ကြာခဲ့ပြီဖြစ်သည်။
တစ်ဖက်လူက သူမအား မှတ်မိနေသေးမည့်အကြောင်း မသေချာသည့်အတွက် ဝိန်းရိဖန်က နှုတ်ဆက်သင့်မသင့်ကို မရေရာမသေချာ ချိတုံချတုံဖြစ်နေခဲ့သည်။စက္ကန့်ပိုင်းမျှ တွေဝေစဥ်းစားနေပြီးနောက်တွင်တော့ ဝိန်းရိဖန်က မျက်လွှာကိုချလိုက်ကာ မသိချင်ယောင်ဆောင်ပြီး ဆက်၍လျှောက်ထွက်လာခဲ့လိုက်၏။
အဆောက်အဦးအပြင်အဆင်က မှောင်ပြီးရိုးရှင်းသည့်ဘက်သို့သွားသည်ဖြစ်ရာ စကျင်ကျောက်ပြားပေါ်ရှိ အလင်းရောင်ကြိုးတန်းများက နေရာတိုင်းတွင် အလင်းပြန်နေလျက်ရှိသည်။ထို့အပြင် အမျိုးသမီးသီချင်းဆိုသံကိုလည်း ခပ်ပြေပြေလေးကြားနေရသေးသည်။
နီးလာသည်နှင့်အမျှ
သူ့ဘေးနားမှ ဖြတ်လျှောက်သွားလုနီးနီး
ထိုအချိန်ကလေးတွင်
"ဝေ့"
ပျင်းတိပျင်းရွဲဖြင့် ရေရွတ်လိုက်သည့်အသံတစ်ခု ထွက်လာခဲ့၏။
ဝိန်းရိဖန် လုံးဝရပ်တန့်သွားခဲ့ပြီး လှမ်းကြည့်မိလိုက်သည်။
ကြိုတင်သတိပေးထားခြင်းမရှိပါဘဲ စန်းရန်က အပေါ်ထပ်အင်္ကျီအား သူမ၏ခေါင်းပေါ်သို့ပစ်ပေးလိုက်ကာ သူမ၏အမြင်အာရုံကို ဖုံးကွယ်ပစ်လိုက်သည့်အလား။ ဝိန်းရိဖန်က ရုတ်တရက်ကြောင်အမ်းသွားမိပြီး ခေါင်းပေါ်မှအင်္ကျီအား ချက်ချင်းဖယ်ပစ်လိုက်၏။
စန်းရန်က မျက်လွှာပင့်မကြည့်သေး ၊ ဘေးနားရှိ အမှိုက်ပုံးထဲသို့သာ စီးကရက်ကို လွှင့်ပစ်နေ၏။
နှစ်ယောက်စလုံး မည်သူကမျှ စကားစပြောခြင်းလည်းမရှိ။
အချိန်အကြာကြီးဟု ထင်မှတ်ရပါသည့်တိုင် တကယ်တမ်းတွင် စက္ကန့်ပိုင်းမျှသာ ကြာပြီးသွားမှ စန်းရန်က မျက်လွှာပင့်ကြည့်လာပြီး သူမ၏မျက်ဝန်းများဖြင့် ဆုံစေလိုက်၏။ သူ့မျက်ဝန်းများထဲတွင် မထီမဲ့မြင်ပြုသည့်လျစ်လျူရှုခြင်းများစွာရှိနေသေး၍
"စကားပြောရအောင်"
(Zawgyi)
ဟွန့်
Advertisement
- In Serial1073 Chapters
Sweet Rustic Love: Four Brothers’ Wife
Sold by her own grandmother to become a shared wife to the poverty-stricken Ye brothers for twenty taels of silver, Liu Duo, unwilling to succumb to her fate, escaped in the night. She slipped and fell and died an inexplicable death.
8 307 - In Serial29 Chapters
Zodiac Stories
Basic Zodiac Book
8 148 - In Serial45 Chapters
Once Bitten
(18+) *Unedited*It has been seven years since the vampires took over. I remembered the day like it was just yesterday. The sirens. The deaths. The fear instilled upon every living human. And now I was being used as a blood bag for these beasts who took my life and threw it out of proportion. *****This is a reverse harem story. (18+ for strong language, graphic depictions of violence, and graphic sexual scenes)
8 347 - In Serial17 Chapters
My burning love! Tommyinnit x female
Y/N's parents are getting kicked out of their apartments and have to send her to her brothers house. Her brother is more than welcome to let her in. His friends want to meet her and Y/n thinks one of them is really cute. He might like her back but who knows, read to find out!!My email is broken rn so I can't talk in comments but I'll always read them!My pronouns are she/herSexuality: Bi
8 206 - In Serial60 Chapters
The Fragmented Luna
Rowen Whitley is your typical seventeen year old girl and, although she has a tragic past and a fragmented memory, the only thing she wants to do before graduating high school is make it through the year unnoticed. All those hopes of remaining unnoticed this year are tossed away in a single moment of rage when Rowen punches the most popular girl at school in the face. Now Rowen must change her plans for a peaceful year and accept that sometimes letting people in might not be a bad idea after all. After all there are other dark forces in this world, that are much scarier than a jealous bully, and they may very well be coming for her. Check out this exciting story, filled with twists at every corner, in The Fragmented Luna by Mariah Karris.#1 in Haunted#10 in JourneyCurrently reediting
8 258 - In Serial22 Chapters
Obliviate (Dramione)
Dramione fanfic and my first fanfic ever
8 134

