《First Frost (Myanmar Translation)》Description

Advertisement

Name - 難哄 / First Frost

Author - 竹已

Episodes - 85 Chapters + 4 Extras

難哄 ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်​လေးက​တော့ "​ချော့​မော့ရခက်တယ် သိမ်းသွင်းရခက်တယ် ကိုယ့်ဘက်ပါ​အောင် ဆွဲယူရခက်တယ်" လို့ ဆိုလိုခြင်း​လေး ဖြစ်ပါတယ်..

ကိုယ်တို့ Original Novel Description ​လေး စလိုက်ရ​အောင်

ကံကြမ္မာစက်ကွင်းကြီးရဲ့စီရင်ခြင်း​အောက်မှာ 'ဝိန်းရိဖန်' ဆိုတဲ့​ကောင်မ​လေးက သူမ အထက်တန်း​ကျောင်းတုန်းက ငြင်းခဲ့တဲ့​ကောင်​လေး 'စန်းရန်' နဲ့ တူညီတဲ့​လောကကမ္ဘာကြီးထဲမှာ တည်ရှိ​နေကြပါသတဲ့..နှစ်ဦးနှစ်ဖက်စလုံးက စည်းခြားထားတဲ့မြစ်​ချောင်းကြီးကို မချိုးမဖျက်ကြဘဲ တစ်မိုး​အောက်ထဲမှာ သူစိမ်းနှစ်​ယောက်လိုမျိုး အတူတူ​နေထိုင်ကြပါ​သေးတယ်..ဒီလို​အေးချမ်းငြိမ်သက်​နေတဲ့​​နေထိုင်မှုပုံစံ​လေးက မနက်ခင်းတစ်ခုမှာ​တော့ က​ပြောင်းကပြန်နဲ့အဆုံးသတ်သွားပါ​လေ​ရော့တဲ့..

မ​နေ့ညကအထိ သူမရဲ့အိပ်ခန်းထဲမှာပဲ ရှိ​နေခဲ့တဲ့ 'ဝိန်းရိဖန်'က ​နောက်တစ်​နေ့မနက်မိုးလင်း​တော့ 'စန်းရန်'ရဲ့အိပ်ရာ​ပေါ် ​ရောက်​နေပါတယ်တဲ့​​လေ..အိပ်​နေတဲ့အချိန် ​ယောင်ယမ်းပြီး လမ်း​ထ​လျှောက်တတ်တဲ့အကျင့်ရှိတဲ့သူ 'ဝိန်းရိဖန်' ကသာ ဒီလိုအကျင့်မျိုးရှိ​ကြောင်း 'စန်းရန်'ကို ရှင်းပြပြီး ​တောင်းပန်စကားဆိုရ​တော့တာ​ပေါ့..ဒါ​ပေမယ့် ဒီလိုအ​ခြေအ​နေမျိုး​တွေက တစ်ကြိမ်ထပ်တစ်ကြိမ် ထပ်ပြီးဖြစ်လာတဲ့အခါကျ​တော့ ပြဿနာအတွက် ​ဆွေး​နွေးကြရ​တော့တယ်​လေ..

'ဝိန်းရိဖန်' က 'စန်းရန်' ကို အိပ်ခန်းတံခါးကို ​လော့ခ်ချထားသင့်​ကြောင်း အကြံပြု​ပေး​တော့တာ​​ပေါ့..

'စန်းရန်' က စိတ်ထဲမထည့်တဲ့ပုံစံမျိုးနဲ့ အလျင်းသင့်သလို ​ပြောလိုက်တာက

"မင်းက ​သော့ဖျက်ဝင်လာရင်​ရော"

'ဝိန်းရိဖန်'ကလည်း စိတ်ရှည်လက်ရှည်နဲ့ကို ရှင်းပြရင်း

"ငါ့မှာ ဘယ်လိုလုပ်ပြီး ​သော့ဖျက်နိုင်တဲ့အစွမ်းအစမျိုးရှိပါ့မလဲ"

"ကိုယ်နဲ့ တစ်ကုတင်ထဲ အတူတူအိပ်ရဖို့အတွက်.." စန်းရန်က မျက်လုံးကိုအသာအယာပင့်ကြည့်ရင်း "မင်းမလုပ်နိုင်တဲ့အရာဆိုတာမျိုး မရှိရင်​ရော"

'ဝိန်းရိဖန်'က နှစ်စက္ကန့်မျှ​လေးငြိမ်သွားပြီးတဲ့အခါမှာ​တော့ ​လေး​လေးနက်နက်နဲ့ကို အတည်​ပေါက် ​မေး​တော့တယ်​လေ

"တကယ်လို့ ငါက တကယ်ပဲ အဲ့လိုမျိုးလုပ်​နေတယ်ဆိုရင်​ရော နင် တံခါး​လော့ခ်ချထားဦးမှာလား"

"....."

'ဝိန်းရိဖန်' ; "ဒါဆို လာလိုက်​လေ"

'စန်းရန်' ; "?"

မှတ်သားထားရမည့်အချက် - မဟားတရား 'ဖလစ်'တတ် ပြီး ပါးစပ်က​နေပြောမထွက်တဲ့စကားမရှိ​လောက်​တော့တဲ့ အကြီးဆုံးသခင်​လေးက တကယ်တမ်း​တော့ အရမ်း အသည်းငယ်ခံစား​​နေရရှာသူ​လေးပါ..ဒါ​ပေမယ့် သူက​လေ သူ့ထက်သူကို ပိုပြီး​ရဲတင်း​​နေလို့ လက်ဖျားခါရ​လောက်​သေးတယ်..

-----

ကိုယ့် Description ​လေး ဆက်သွားကြမယ်

ဇာတ်လမ်း​လေးက​တော့ သက်တူရွယ်တူ အထက်တန်း​ကျောင်းသားအရွယ် 'စန်းရန်' နဲ့ 'ဝိန်းရိဖန်'တို့ဟာ တစ်​နေ့ကျရင် တက္ကသိုလ်တစ်ခုတည်းမှာ အတူတူတက်ကြဖို့အတွက် ကတိကဝတ်ပြုထားခဲ့ကြပါတယ်..ကံကြမ္မာစီရင်တဲ့ အ​ကြောင်းအမျိုးမျိုးတို့​ကြောင့် ​ကောင်မ​လေးဟာ ကတိကဝတ်ချိုး​ဖောက်ပစ်လိုက်​တော့သလို ​ကောင်​လေးကိုပါ သူမအနားကို ထပ်မလာ​တော့ဖို့ပါ ငြင်းထုတ်ပစ်ခဲ့ပါတယ်..ဒီလိုနဲ့ အသက်အရွယ်တစ်ခု​ရောက်လာပြီး အလုပ်ကိုယ်စီရှိသွားကြတဲ့တစ်​နေ့မှာ ​ကောင်​လေးနဲ့​ကောင်မ​လေးတို့ ပြန်ဆုံခဲ့ကြတယ်​ပေါ့..

တစ်ခါက အငြင်းခံလိုက်ရတဲ့​ကောင်​လေးက​ရော ဘယ်လို သ​ဘောထားမလဲ?

တစ်ခါက ငြင်းလွှတ်လိုက်တဲ့​ကောင်မ​လေးက​ရော ဘယ်လို သ​​ဘောထား​နေဦးမလဲ?

Male Lead - စန်းရန်

စန်းရန်..ဒီနာမည်က translation fan ​လေး​​တွေဆို ရင်းနှီး​နေ​လောက်မှာပါ.. Hidden love 偷偷藏不住 ထဲက 'စန်းကျီ - ကျီကျီ​လေးရဲ့ အစ်ကို ၊ ' သွမ့်ကျားရွှီ'ရဲ့ ​ယောက်ဖ​တော်ကြီး​ပေါ့

"ဒီ​လောက်နှစ်​တွေအကြာကြီး...ကိုယ် မင်းတစ်​ယောက်တည်းကိုပဲ သ​ဘောကျ​နေခဲ့တာပါ.."

Female Lead - ဝိန်းရိဖန်

"ဆု​တောင်းချင်မိတာက​တော့ ဒီထက်ပိုပြီး သတ္တိရှိလာဖို့ပါပဲ..စန်းရန်..ငါ နင့်ကို စပြီး လိုက်ပိုးပမ်းပြီ​နော်"

T/N ;

- ဒီ novel ကို သာဘာပြန်မယ်လို့ ​ရွေးလိုက်ပြီးတဲ့​နောက်မှာ ကိုယ် သိလိုက်ရတာက တစ်ခုက ကိုယ်က​လေ 'ရန် - yan' ဆိုတဲ့စကားလုံး အ​တော်​လေး​ရေစက်ပါတာ ဟား ဟား

Who is the prey - ဟဲယန် / အားယန်

Linked by destiny - ကျန်းရန် / ရန်​ကော

First Frost - စန်းရန် / အားရန်

- ဒါ​လေးလည်း HE ပါပဲ

- 'ကျူးယိ​လောင်ရှစ်'ရဲ့ novel ဆို​တော့ English Translation က​တော့ ရှိ​မှာပါ..ကိုယ် မရှာကြည့်ရ​သေးဘူး..ကိုယ်က​တော့ ထုံးစံအတိုင်း C to M ပဲ​ပေါ့..

- 'ကျူးယိ​လောင်ရှစ်'ရဲ့ novel ​တွေတိုင်းက Legendary ကြီး​တွေပဲမို့ ကိုယ် အ​ကောင်းဆုံးကြိုးစားပြီး ဘာသာပြန်​ပေးပါ့မယ်( အရင်ကလည်း အ​​​ကောင်းဆုံး ကြိုးစားထားတာပါပဲ​နော် ဝူး ဝူး)

-ကဲ ကဲ ကိုယ်တို့ကျန်းဟူထဲကို ​ရောက်လာမယ့် စတုတ္တအတွဲ​လေး 'စန်းရန်' နဲ့ 'ဝိန်းရိဖန်' တို့ကို သ​ဘောကျ​ပေးပါဦးဗျာ..

နန်းဝူ တက္ကသိုလ်ရဲ့ ​​ခွေးနှစ်​ကောင်(​လောင်ရှစ်ကိုယ်တိုင်​ပြော)ဖြစ်တဲ့ 'သွမ့်ကျားရွှီ ' နဲ့ 'စန်းရန်' မှာ ဘယ်သူကများ ပိုပြီး ဖလစ်​တော်မလဲ ကြည့်ကြရ​အောင်ဗျို့...

Advertisement

(Zawgyi)

Name - 難哄 / First Frost

Author - 竹已

Episodes - 85 Chapters + 4 Extras

難哄 ဆိုတဲ့စကားလုံးရဲ့ အဓိပ်ပါယျလေးကတော့ "ချော့မော့ရခက်တယ် သိမ်းသွင်းရခက်တယ် ကိုယ့်ဘက်ပါအောင် ဆွဲယူရခက်တယ်" လို့ ဆိုလိုခြင်းလေး ဖြစ်ပါတယ်..












"....."


'စန်းရန်' ; "?"


-----





Male Lead - စန်းရန်





T/N ;





- ဒါလေးလည်း HE ပါပဲ





    people are reading<First Frost (Myanmar Translation)>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click