《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》245
Advertisement
၂၄၅။ ဇွန်ဘီကောင်းလေးဖြစ်ရတာက တကယ့်ကိုခက်ခဲတာပဲ
နယ်မြေထဲသို့ရောက်သည့်အခါ လင်းချင်းနှင့် လင်းဖန်တို့သည် ရေကန်ဘေးတွင် ပေါ်လာသည်။ ပထမရောက်ဖူးတုန်းက လင်းဖန်သည် သတိမေ့နေတာ ဖြစ်သောကြောင့် လင်းချင်း၏ နယ်မြေကို အခုမှမြင်ဖူးတာ ဖြစ်သည်။ နယ်မြေကိုစူးစမ်းသလို လင်းချင်းကိုလည်း အာရုံထားကြည့်နေရသေးသည်။
နယ်မြေသည် သူထင်သည်ထက် ပိုကြီးသည်။ ရေကန်ကြီးတစ်ခု ရှိနေကာ မြက်ခင်းပြင်နှင့် ထူးဆန်းသည့် တောအုပ်က ရှိနေသည်။ ဒီဘက်က မြက်ခင်းပြင်တွင် ပရိဘောဂအစုံနှင့် မီးဖိုချောင်ပစ္စည်းများ ရှိနေသည်။ တစ်ဖက်က မြက်ခင်းပြင်တွင်တော့ သန္ဓေပြောင်းစိုက်ခင်းတစ်ခုရှိနေသည်။ လင်းချင်းက ဒါတွေကို နယ်မြေထဲတွင် စိုက်ထားသောကြောင့် အကုန်လုံးက စားရမည်များဖြစ်မည်ဟု သိလိုက်သည်။ သူတို့နှစ်ယောက်ဘေးတွင် မီးဖိုတစ်ခု၊ ခုံတစ်လုံးနှင့် ရေပုံးကြီးများ၊ အိုးအချို့နှင့် ပန်းကန်လုံးတို့ ရှိသည်။ ဒီနယ်မြေ၏နေရာအများစုသည် နေထိုင်ရန်သင့်တော်သလို ကန်သည် လူတို့ကို ရေထောက်ပံ့ပေးကာ စိုက်ခင်းက အစာများ ထောက်ပံ့ပေးနိုင်သည်။
"နွယ်လေး"
လင်းချင်းသည် ကန်ဘေးတွင်ရပ်ကာ ကန်ကိုကြည့်၍အော်သည်။
လင်းဖန်သည် သူမက ဘာပြောမှန်းမသိလိုက်သဖြင့် အံ့သြစွာကြည့်သည်။
"တစ်ခုခုကို ခေါ်နေတာလား? ဘာလဲ?"
ထို့နောက် ကန်ထဲမှ လက်မောင်းလုံးပတ်လောက်ရှိသည့် နွယ်များစွာက ထွက်လာသည်။ နွယ်များသည် ကန်ရေမျက်နှာပြင်ပေါ်တွင် ယိမ်းနွှဲ့လျှက် သူတို့ဆီသို့ ရောက်လာသည်။ လင်းဖန်သည် ခံစားချက်မကောင်းသဖြင့် ချက်ချင်းနောက်ကို တစ်လှမ်းဆုတ်လိုက်မိသည်။
လင်းချင်းသည် သူ့ကိုကြည့်ကာ
"ဘာကိုကြောက်နေတာလဲ? ဒါကနွယ်လေးတဲ့။ ငါ့နယ်မြေထဲက သက်ရှိနွယ်ပင်။ ဘာမှန်းတော့ သေချာမသိပင်မယ့် အသိစိတ်ရှိတယ်။ ကန်ရေရဲ့ ကုသနိုင်စွမ်းက သူ့အကူအညီကြောင့်"
ဒါကိုကြားမှ လင်းဖန်သည် အနည်းငယ်စိတ်အေးသွားသည်။ အနည်းဆုံးတော့ လင်းချင်းအတွက်က ထူးဆန်းသည့်အရာ မဖြစ်နေသလို ကုသပေးနိုင်သည့်အရာ ဖြစ်သည်။ လင်းချင်းသည် သူမဆီကိုလာသည့် နွယ်လေးကိုကြည့်ကာ လင်းဖန်အား
"နွယ်လေးက လူတွေကို ထိခိုက်အောင်မလုပ်ပါဘူး။ သူ့ကိုသွားမထိခိုက်သ၍ပေါ့"
နွယ်လေးက လူများကို ထိခိုက်အောင် မလုပ်ပင်မယ့် စားတော့ပစ်သည်။ ဒါကိုလင်းချင်းက ပြောလိုက်ရင် လင်းဖန်က အကြောက်လွန်နေမည် ဖြစ်သောကြောင့် မပြောလိုက်ခြင်းပင်။
လင်းဖန်သည် စိတ်အေးသွားကာ လင်းရှောင်လုကို အနားက ခုံပေါ်တင်လိုက်သည်။ ထို့နောက် နဖူးကိုထိကြည့်သည့်အခါ ပိုပူလာကြောင်း သိလိုက်ရသည်။ သူ့သမီးကို ကူညီဖို့ကလွဲလျှင် သူဘာကိုမှ ဂရုမစိုက်နိုင်ပေ။ ထို့ကြောင့် လင်းချင်းကို
"ကူညီဖို့နည်းသိတယ်လို့ ပြောတယ်မလား။ နင့်အကြံကဘာလဲ?'
လင်းချင်းသည် လက်ကိုဖြန့်ပြကာ
"ကျွန်မရဲ့ အကြံမဟုတ်ဘူး။ နွယ်လေးကို မေးဖို့လိုတယ်"
ထိုအချိန်တွင် နွယ်များသည် လင်းဖန်ကိုရှောင်ကာ လင်းချင်းဆီသို့ လာသည်။ ထို့နောက် သူမ၏ခြေထောက်ကနေ ခွေလာက လက်ကောက်ဝတ်ကို ရစ်ပတ်တက်လာသည်။
'မေမေ မေမေ ဒါဟိုတစ်ခါက ခေါ်လာတဲ့သူပဲ။ ဒီကလေးမလေးကရော ဘယ်သူလဲ?'
နွယ်လေး၏အသံက လင်းချင်း၏ခေါင်းထဲသို့ ရောက်လာသည်။
'ဒါငါ့အကိုကြီး။ ပြီးတော့ ဒီကလေးလေးက ငါ့တူမလေး။ သူ့ကိုဒီအကြောင်းမပြောလိုက်နဲ့။ ဒါငါတို့လျို့ဝှက်ချက်ပဲ'
'အာ ဟုတ်ကဲ့။ ဒါနဲ့ ဒီကလေးမလေးက အိပ်နေတာလား?'
နွယ်လေးသည် သိပ်နားမလည်စွာဖြင့် မေးသည်။
လင်းချင်းက
'ငါ့တူမလေးကိုယ်ထဲက စွမ်းအားတွေက ပုံမှန်မဟုတ်ဘူး။ နင်သူ့စွမ်းအားတွေကို ကူပြီးထိန်းပေးနိုင်မလားကို သွားစစ်ပေး။ သူ့အစွမ်းတွေနိုးနေတာ'
လင်းချင်းသည် သူ့သမီးကိုကြည့်ကာ လက်တွင်နွယ်ကပတ်လျှက် ငြိမ်နေသည့်အခါ လင်းဖန်သည် နားမလည်နိုင်ဖြစ်သွားသည်။ ထိုအချိန်တွင် လင်းချင်းက သူ့ကိုပြောသည်။
"နွယ်လေးကို ရှောင်လုရဲ့ ကိုယ်အခြေအနေ စစ်ခိုင်းလိုက်မယ်။ စွမ်းအားတွေက ကမောက်ကမဖြစ်နေသလိုပဲ"
စွမ်းအားများသည် သူမ၏ကိုယ်ထဲတွင် စလှုပ်ရှားနေပြီ ဖြစ်သောကြောင့် အပူချိန်သည် ပိုမြင့်လာခြင်း ဖြစ်သည်။ လင်းဖန်သည် လင်းချင်းကို တွေဝေစွာကြည့်ကာ မေးသည်။
"သေချာလား?"
လင်းချင်းက ခေါင်းငြိမ့်ကာ
"သေချာတယ် အခုကျွန်မကို ယုံဖို့အပြင် တခြားရွေးစရာလည်း မရှိဘူးမလား?"
လင်းဖန်တွင် သူမကိုယုံကြည်ရုံမှတပါး တခြားရွေးစရာ မရှိသည်ကို နားလည်သည်။ လင်းဖန်သည် နောက်ဘာဖြစ်မလဲ မပြောနိုင်သော်လည်း ဒီနွယ်ပင်က လင်းရှောင်လုကို ကယ်ပေးနိုင်မည်ဟု မယုံကြည်နိုင်နေတာ ဖြစ်သည်။
လင်းချင်းသည် နွယ်လေးကိုကြည့်ကာ ရှောင်လုကို လက်ညိုးထိုးပြ၍
'နွယ်လေး သွားပြီးတော့ နိုးကြည့်'
လင်းဖန်သည် လင်းချင်းက အပင်ကို ဘာဖြစ်လို့ စကားပြောနေသလဲ မသိသော်လည်း ဘာမှတော့ ပြန်မပြောပေ။
'ဟုတ်ကဲ့'
နွယ်လေးသည် လင်းချင်း၏လက်ကို ရစ်ပတ်ထားသည်ကို ဖြေမချသော်လည်း လင်းရှောင်လုဆီသို့ သူ့နွယ်တစ်ခုကို ပို့လိုက်သည်။
နွယ်က သူတို့ဆီသို့လာသည့်အခါ လင်းဖန်သည် မစိုးရိမ်ဘဲ မနေနိုင်ပေ။ သို့သော်လည်း လင်းချင်းကို ယုံကြည်ရမည်မှန်း နားလည်သောကြောင့် ဘာမှတော့ မလုပ်ပေ။ နွယ်ကိုကြည့်လိုက်သည့်အခါ သူ့သမီးလေး၏ ခြေထောက်ကို မြွေတစ်ကောင်လိုမျိုး ရစ်ပတ်လာကာ နွယ်ထိပ်တွင် အရွက်သေးလေးနှစ်ခုရှိနေကြောင်းကို မြင်လိုက်ရသည်။ ထိုအရွက်နှစ်ခုက လှုပ်လာသည်။
ခနနေတော့ နွယ်လေးက လင်းချင်းကို ပြောသည်။
'မေမေ သူ့စွမ်းအားကို သေချာစစ်ထုတ်ပေးလို့ရတယ်။ ဒါပင်မယ့် ကန်အောက်ထဲကို ခေါ်သွားဖို့တော့လိုတယ်'
လင်းချင်းသည် ခေါင်းငြိမ့်ကာ လင်းဖန်ကိုကြည့်ပြီး
"နွယ်လေးက ပြောတယ်။ ရှောင်လုရဲ့ကိုယ်ထဲက စွမ်းအားတွေကို စစ်ထုတ်ပေးဖို့ လိုတယ်တဲ့။ ဒီလိုလုပ်ဖို့ဆိုရင် ရေကန်အောက်ကို ထည့်ဖို့လိုတယ်"
Advertisement
လင်းဖန်သည် နားမလည်နိုင်သဖြင့် မေးသည်။
"ကန်အောက်ကိုထည့်မှာက ဘာသဘောလဲ? ရှောင်လုကို ရေကန်ထဲကို ထည့်မလို့လား?"
လင်းချင်းက
"ရှောင်လုကို ရေကန်အောက်ခြေကို ခေါ်သွားဖို့လိုတာ။ ဒါပင်မယ့် အဆင်ပြေမှာမလို့ စိတ်မပူပါနဲ့။ ရေမွန်းမသွားအောင် နွယ်လေးက သူ့အသက်ရှုစနစ်ကို ထိန်းပေးထားလိမ့်မယ်"
လင်းဖန်သည် လင်းချင်း၏အပြောကြောင့် မျက်လုံးများပြူးအောင်ကို လန့်နေပြီ။
'ငါ့သမီးကို ရေကန်အောက်ကို ဘယ်လိုလုပ်ထည့်ရမှာလဲ? ဒီကန်က ဘယ်လောက်နက်လဲ မသိဘူး။ ပြီးတော့ ဘယ်လိုကန်မှန်းလဲမသိဘူး။ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ?'
သူသည် မျက်နှာကြီးမည်းသည်းသွားကာ ဘာမှမပြောတော့ပေ။ လင်းဖန်သည် လင်းချင်းကို အမှန်တိုင်းပြောရရင် မယုံချင်တော့ပေ။ သို့သော်လည်း သူ့သမီးကို ကူညီဖို့ သူလုပ်နိုင်မည်ကိုလည်း တွေးမရပေ။ ထို့ကြောင့် လင်းချင်းကို ယုံဖို့နှင့် မယုံဖို့ နှစ်ခုထဲက တစ်ခုသာ သူရွေးချယ်နိုင်သည်။
'ရေကန်ထဲကို ရောက်သွားပြီးမှ ငါ့သမီး တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ?'
သို့သော်လည်း မကြာခင်တွင် လင်းချင်းကို ယုံဖို့ပဲ ရွေးလိုက်ရသည်။ ဒီလိုအခြေအနေတွင် သူမယုံကြည်ပါက သူ့သမီးအတွက် မျှော်လင့်ချက်မဲ့သွားနိုင်သည်။ အပူကြီးလာကာ သူ့သမီးနာကျင်နေမှာမျိုးကို သူမလိုချင်ပေ။ ထို့ကြောင့် ခေါင်းငြိမ့်လိုက်ကာ
"ရတယ် ဒါပင်မယ့်"
လင်းချင်း၏ မျက်လုံးများကို သေချာစိုက်ကြည့်လိုက်သည်။ သူ့သမီးသာ တစ်ခုခုဖြစ်ပါက သူ့အသက်နဲ့ရင်း၍ လင်းချင်းကို တိုက်ခိုက်မှာ ဖြစ်သည်။
လင်းချင်းသည် ဂရုမထားစွာ ခေါင်းငြိမ့်ပြကာ ပုခုံးတွန့်ပြသည်။ စိတ်ထဲတွင်တော့
'ငါ့မှာတော့ လူတွေကို ကယ်ပေးရတိုင်း အမြဲတမ်း သံသယဝင်ခံနေရတယ်။ ဪ. . .အေး ဇွန်ဘီကောင်းလေးဖြစ်ရတာက တကယ့်ကိုခက်ခဲတာပဲ!'
ထို့နောက် နွယ်လေးအား
"ဟုတ်ပြီ။ နွယ်လေး စတော့"
အမိန့်ရသည်နှင့် နွယ်လေးသည် တခြားနွယ်များကိုပါ လင်းရှောင်လုဆီသို့ ပို့လိုက်ကာ သူမကိုရစ်ပတ်၍ ထိုင်ခုံပေါ်ကနေ ကန်ထဲသို့ ခေါ်သွားတော့သည်။
လင်းဖန်သည် လင်းရှောင်လုကိုကြည့်ကာ တည်ငြိမ်သလို ထိန်းနေရသည်။ တကယ်တော့ သွေးခုန်နှုန်းများသည် လည်ချောင်းထဲအထိ တက်လာသလိုကို စိတ်ပူနေကာ ဘာမှမလုပ်နိုင်၍ ဖြစ်သည်။
Zawgyi Ver
၂၄၅။ ဇြန္ဘီေကာင္းေလးျဖစ္ရတာက တကယ့္ကိုခက္ခဲတာပဲ
နယ္ေျမထဲသို႔ေရာက္သည့္အခါ လင္းခ်င္းႏွင့္ လင္းဖန္တို႔သည္ ေရကန္ေဘးတြင္ ေပၚလာသည္။ ပထမေရာက္ဖူးတုန္းက လင္းဖန္သည္ သတိေမ့ေနတာ ျဖစ္ေသာေၾကာင့္ လင္းခ်င္း၏ နယ္ေျမကို အခုမွျမင္ဖူးတာ ျဖစ္သည္။ နယ္ေျမကိုစူးစမ္းသလို လင္းခ်င္းကိုလည္း အာ႐ုံထားၾကည့္ေနရေသးသည္။
နယ္ေျမသည္ သူထင္သည္ထက္ ပိုႀကီးသည္။ ေရကန္ႀကီးတစ္ခု ရွိေနကာ ျမက္ခင္းျပင္ႏွင့္ ထူးဆန္းသည့္ ေတာအုပ္က ရွိေနသည္။ ဒီဘက္က ျမက္ခင္းျပင္တြင္ ပရိေဘာဂအစုံႏွင့္ မီးဖိုေခ်ာင္ပစၥည္းမ်ား ရွိေနသည္။ တစ္ဖက္က ျမက္ခင္းျပင္တြင္ေတာ့ သေႏၶေျပာင္းစိုက္ခင္းတစ္ခုရွိေနသည္။ လင္းခ်င္းက ဒါေတြကို နယ္ေျမထဲတြင္ စိုက္ထားေသာေၾကာင့္ အကုန္လုံးက စားရမည္မ်ားျဖစ္မည္ဟု သိလိုက္သည္။ သူတို႔ႏွစ္ေယာက္ေဘးတြင္ မီးဖိုတစ္ခု၊ ခုံတစ္လုံးႏွင့္ ေရပုံးႀကီးမ်ား၊ အိုးအခ်ိဳ႕ႏွင့္ ပန္းကန္လုံးတို႔ ရွိသည္။ ဒီနယ္ေျမ၏ေနရာအမ်ားစုသည္ ေနထိုင္ရန္သင့္ေတာ္သလို ကန္သည္ လူတို႔ကို ေရေထာက္ပံ့ေပးကာ စိုက္ခင္းက အစာမ်ား ေထာက္ပံ့ေပးနိုင္သည္။
"ႏြယ္ေလး"
လင္းခ်င္းသည္ ကန္ေဘးတြင္ရပ္ကာ ကန္ကိုၾကည့္၍ေအာ္သည္။
လင္းဖန္သည္ သူမက ဘာေျပာမွန္းမသိလိုက္သျဖင့္ အံ့ၾသစြာၾကည့္သည္။
"တစ္ခုခုကို ေခၚေနတာလား? ဘာလဲ?"
ထို႔ေနာက္ ကန္ထဲမွ လက္ေမာင္းလုံးပတ္ေလာက္ရွိသည့္ ႏြယ္မ်ားစြာက ထြက္လာသည္။ ႏြယ္မ်ားသည္ ကန္ေရမ်က္ႏွာျပင္ေပၚတြင္ ယိမ္းႏႊဲ႕လွ်က္ သူတို႔ဆီသို႔ ေရာက္လာသည္။ လင္းဖန္သည္ ခံစားခ်က္မေကာင္းသျဖင့္ ခ်က္ခ်င္းေနာက္ကို တစ္လွမ္းဆုတ္လိုက္မိသည္။
လင္းခ်င္းသည္ သူ႕ကိုၾကည့္ကာ
"ဘာကိုေၾကာက္ေနတာလဲ? ဒါကႏြယ္ေလးတဲ့။ ငါ့နယ္ေျမထဲက သက္ရွိႏြယ္ပင္။ ဘာမွန္းေတာ့ ေသခ်ာမသိပင္မယ့္ အသိစိတ္ရွိတယ္။ ကန္ေရရဲ႕ ကုသနိုင္စြမ္းက သူ႕အကူအညီေၾကာင့္"
ဒါကိုၾကားမွ လင္းဖန္သည္ အနည္းငယ္စိတ္ေအးသြားသည္။ အနည္းဆုံးေတာ့ လင္းခ်င္းအတြက္က ထူးဆန္းသည့္အရာ မျဖစ္ေနသလို ကုသေပးနိုင္သည့္အရာ ျဖစ္သည္။ လင္းခ်င္းသည္ သူမဆီကိုလာသည့္ ႏြယ္ေလးကိုၾကည့္ကာ လင္းဖန္အား
"ႏြယ္ေလးက လူေတြကို ထိခိုက္ေအာင္မလုပ္ပါဘူး။ သူ႕ကိုသြားမထိခိုက္သ၍ေပါ့"
ႏြယ္ေလးက လူမ်ားကို ထိခိုက္ေအာင္ မလုပ္ပင္မယ့္ စားေတာ့ပစ္သည္။ ဒါကိုလင္းခ်င္းက ေျပာလိုက္ရင္ လင္းဖန္က အေၾကာက္လြန္ေနမည္ ျဖစ္ေသာေၾကာင့္ မေျပာလိုက္ျခင္းပင္။
လင္းဖန္သည္ စိတ္ေအးသြားကာ လင္းေရွာင္လုကို အနားက ခုံေပၚတင္လိုက္သည္။ ထို႔ေနာက္ နဖူးကိုထိၾကည့္သည့္အခါ ပိုပူလာေၾကာင္း သိလိုက္ရသည္။ သူ႕သမီးကို ကူညီဖို႔ကလြဲလွ်င္ သူဘာကိုမွ ဂ႐ုမစိုက္နိုင္ေပ။ ထို႔ေၾကာင့္ လင္းခ်င္းကို
"ကူညီဖို႔နည္းသိတယ္လို႔ ေျပာတယ္မလား။ နင့္အႀကံကဘာလဲ?'
လင္းခ်င္းသည္ လက္ကိုျဖန့္ျပကာ
"ကြၽန္မရဲ႕ အႀကံမဟုတ္ဘူး။ ႏြယ္ေလးကို ေမးဖို႔လိုတယ္"
ထိုအခ်ိန္တြင္ ႏြယ္မ်ားသည္ လင္းဖန္ကိုေရွာင္ကာ လင္းခ်င္းဆီသို႔ လာသည္။ ထို႔ေနာက္ သူမ၏ေျခေထာက္ကေန ေခြလာက လက္ေကာက္ဝတ္ကို ရစ္ပတ္တက္လာသည္။
'ေမေမ ေမေမ ဒါဟိုတစ္ခါက ေခၚလာတဲ့သူပဲ။ ဒီကေလးမေလးကေရာ ဘယ္သူလဲ?'
ႏြယ္ေလး၏အသံက လင္းခ်င္း၏ေခါင္းထဲသို႔ ေရာက္လာသည္။
'ဒါငါ့အကိုႀကီး။ ၿပီးေတာ့ ဒီကေလးေလးက ငါ့တူမေလး။ သူ႕ကိုဒီအေၾကာင္းမေျပာလိုက္နဲ႕။ ဒါငါတို႔လ်ိဳ႕ဝွက္ခ်က္ပဲ'
Advertisement
'အာ ဟုတ္ကဲ့။ ဒါနဲ႕ ဒီကေလးမေလးက အိပ္ေနတာလား?'
ႏြယ္ေလးသည္ သိပ္နားမလည္စြာျဖင့္ ေမးသည္။
လင္းခ်င္းက
'ငါ့တူမေလးကိုယ္ထဲက စြမ္းအားေတြက ပုံမွန္မဟုတ္ဘူး။ နင္သူ႕စြမ္းအားေတြကို ကူၿပီးထိန္းေပးနိုင္မလားကို သြားစစ္ေပး။ သူ႕အစြမ္းေတြနိုးေနတာ'
လင္းခ်င္းသည္ သူ႕သမီးကိုၾကည့္ကာ လက္တြင္ႏြယ္ကပတ္လွ်က္ ၿငိမ္ေနသည့္အခါ လင္းဖန္သည္ နားမလည္နိုင္ျဖစ္သြားသည္။ ထိုအခ်ိန္တြင္ လင္းခ်င္းက သူ႕ကိုေျပာသည္။
"ႏြယ္ေလးကို ေရွာင္လုရဲ႕ ကိုယ္အေျခအေန စစ္ခိုင္းလိုက္မယ္။ စြမ္းအားေတြက ကေမာက္ကမျဖစ္ေနသလိုပဲ"
စြမ္းအားမ်ားသည္ သူမ၏ကိုယ္ထဲတြင္ စလႈပ္ရွားေနၿပီ ျဖစ္ေသာေၾကာင့္ အပူခ်ိန္သည္ ပိုျမင့္လာျခင္း ျဖစ္သည္။ လင္းဖန္သည္ လင္းခ်င္းကို ေတြေဝစြာၾကည့္ကာ ေမးသည္။
"ေသခ်ာလား?"
လင္းခ်င္းက ေခါင္းၿငိမ့္ကာ
"ေသခ်ာတယ္ အခုကြၽန္မကို ယုံဖို႔အျပင္ တျခားေ႐ြးစရာလည္း မရွိဘူးမလား?"
လင္းဖန္တြင္ သူမကိုယုံၾကည္႐ုံမွတပါး တျခားေ႐ြးစရာ မရွိသည္ကို နားလည္သည္။ လင္းဖန္သည္ ေနာက္ဘာျဖစ္မလဲ မေျပာနိုင္ေသာ္လည္း ဒီႏြယ္ပင္က လင္းေရွာင္လုကို ကယ္ေပးနိုင္မည္ဟု မယုံၾကည္နိုင္ေနတာ ျဖစ္သည္။
လင္းခ်င္းသည္ ႏြယ္ေလးကိုၾကည့္ကာ ေရွာင္လုကို လက္ညိုးထိုးျပ၍
'ႏြယ္ေလး သြားၿပီးေတာ့ နိုးၾကည့္'
လင္းဖန္သည္ လင္းခ်င္းက အပင္ကို ဘာျဖစ္လို႔ စကားေျပာေနသလဲ မသိေသာ္လည္း ဘာမွေတာ့ ျပန္မေျပာေပ။
'ဟုတ္ကဲ့'
ႏြယ္ေလးသည္ လင္းခ်င္း၏လက္ကို ရစ္ပတ္ထားသည္ကို ေျဖမခ်ေသာ္လည္း လင္းေရွာင္လုဆီသို႔ သူ႕ႏြယ္တစ္ခုကို ပို႔လိုက္သည္။
ႏြယ္က သူတို႔ဆီသို႔လာသည့္အခါ လင္းဖန္သည္ မစိုးရိမ္ဘဲ မေနနိုင္ေပ။ သို႔ေသာ္လည္း လင္းခ်င္းကို ယုံၾကည္ရမည္မွန္း နားလည္ေသာေၾကာင့္ ဘာမွေတာ့ မလုပ္ေပ။ ႏြယ္ကိုၾကည့္လိုက္သည့္အခါ သူ႕သမီးေလး၏ ေျခေထာက္ကို ေႁမြတစ္ေကာင္လိုမ်ိဳး ရစ္ပတ္လာကာ ႏြယ္ထိပ္တြင္ အ႐ြက္ေသးေလးႏွစ္ခုရွိေနေၾကာင္းကို ျမင္လိုက္ရသည္။ ထိုအ႐ြက္ႏွစ္ခုက လႈပ္လာသည္။
ခနေနေတာ့ ႏြယ္ေလးက လင္းခ်င္းကို ေျပာသည္။
'ေမေမ သူ႕စြမ္းအားကို ေသခ်ာစစ္ထုတ္ေပးလို႔ရတယ္။ ဒါပင္မယ့္ ကန္ေအာက္ထဲကို ေခၚသြားဖို႔ေတာ့လိုတယ္'
လင္းခ်င္းသည္ ေခါင္းၿငိမ့္ကာ လင္းဖန္ကိုၾကည့္ၿပီး
"ႏြယ္ေလးက ေျပာတယ္။ ေရွာင္လုရဲ႕ကိုယ္ထဲက စြမ္းအားေတြကို စစ္ထုတ္ေပးဖို႔ လိုတယ္တဲ့။ ဒီလိုလုပ္ဖို႔ဆိုရင္ ေရကန္ေအာက္ကို ထည့္ဖို႔လိုတယ္"
လင္းဖန္သည္ နားမလည္နိုင္သျဖင့္ ေမးသည္။
"ကန္ေအာက္ကိုထည့္မွာက ဘာသေဘာလဲ? ေရွာင္လုကို ေရကန္ထဲကို ထည့္မလို႔လား?"
လင္းခ်င္းက
"ေရွာင္လုကို ေရကန္ေအာက္ေျခကို ေခၚသြားဖို႔လိုတာ။ ဒါပင္မယ့္ အဆင္ေျပမွာမလို႔ စိတ္မပူပါနဲ႕။ ေရမြန္းမသြားေအာင္ ႏြယ္ေလးက သူ႕အသက္ရႈစနစ္ကို ထိန္းေပးထားလိမ့္မယ္"
လင္းဖန္သည္ လင္းခ်င္း၏အေျပာေၾကာင့္ မ်က္လုံးမ်ားျပဴးေအာင္ကို လန့္ေနၿပီ။
'ငါ့သမီးကို ေရကန္ေအာက္ကို ဘယ္လိုလုပ္ထည့္ရမွာလဲ? ဒီကန္က ဘယ္ေလာက္နက္လဲ မသိဘူး။ ၿပီးေတာ့ ဘယ္လိုကန္မွန္းလဲမသိဘူး။ တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မွာလဲ?'
သူသည္ မ်က္ႏွာႀကီးမည္းသည္းသြားကာ ဘာမွမေျပာေတာ့ေပ။ လင္းဖန္သည္ လင္းခ်င္းကို အမွန္တိုင္းေျပာရရင္ မယုံခ်င္ေတာ့ေပ။ သို႔ေသာ္လည္း သူ႕သမီးကို ကူညီဖို႔ သူလုပ္နိုင္မည္ကိုလည္း ေတြးမရေပ။ ထို႔ေၾကာင့္ လင္းခ်င္းကို ယုံဖို႔ႏွင့္ မယုံဖို႔ ႏွစ္ခုထဲက တစ္ခုသာ သူေ႐ြးခ်ယ္နိုင္သည္။
'ေရကန္ထဲကို ေရာက္သြားၿပီးမွ ငါ့သမီး တစ္ခုခုျဖစ္ရင္ ဘယ္လိုလုပ္မလဲ?'
သို႔ေသာ္လည္း မၾကာခင္တြင္ လင္းခ်င္းကို ယုံဖို႔ပဲ ေ႐ြးလိုက္ရသည္။ ဒီလိုအေျခအေနတြင္ သူမယုံၾကည္ပါက သူ႕သမီးအတြက္ ေမွ်ာ္လင့္ခ်က္မဲ့သြားနိုင္သည္။ အပူႀကီးလာကာ သူ႕သမီးနာက်င္ေနမွာမ်ိဳးကို သူမလိုခ်င္ေပ။ ထို႔ေၾကာင့္ ေခါင္းၿငိမ့္လိုက္ကာ
"ရတယ္ ဒါပင္မယ့္"
လင္းခ်င္း၏ မ်က္လုံးမ်ားကို ေသခ်ာစိုက္ၾကည့္လိုက္သည္။ သူ႕သမီးသာ တစ္ခုခုျဖစ္ပါက သူ႕အသက္နဲ႕ရင္း၍ လင္းခ်င္းကို တိုက္ခိုက္မွာ ျဖစ္သည္။
လင္းခ်င္းသည္ ဂ႐ုမထားစြာ ေခါင္းၿငိမ့္ျပကာ ပုခုံးတြန့္ျပသည္။ စိတ္ထဲတြင္ေတာ့
'ငါ့မွာေတာ့ လူေတြကို ကယ္ေပးရတိုင္း အၿမဲတမ္း သံသယဝင္ခံေနရတယ္။ ဪ. . .ေအး ဇြန္ဘီေကာင္းေလးျဖစ္ရတာက တကယ့္ကိုခက္ခဲတာပဲ!'
ထို႔ေနာက္ ႏြယ္ေလးအား
"ဟုတ္ၿပီ။ ႏြယ္ေလး စေတာ့"
အမိန့္ရသည္ႏွင့္ ႏြယ္ေလးသည္ တျခားႏြယ္မ်ားကိုပါ လင္းေရွာင္လုဆီသို႔ ပို႔လိုက္ကာ သူမကိုရစ္ပတ္၍ ထိုင္ခုံေပၚကေန ကန္ထဲသို႔ ေခၚသြားေတာ့သည္။
လင္းဖန္သည္ လင္းေရွာင္လုကိုၾကည့္ကာ တည္ၿငိမ္သလို ထိန္းေနရသည္။ တကယ္ေတာ့ ေသြးခုန္ႏႈန္းမ်ားသည္ လည္ေခ်ာင္းထဲအထိ တက္လာသလိုကို စိတ္ပူေနကာ ဘာမွမလုပ္နိုင္၍ ျဖစ္သည္။
Advertisement
- In Serial7 Chapters
Statless
Summary Alexander Weiss, an intelligent and slightly unusual man, always dreamt of becoming a mage. Sadly, reality is harsh and even his best efforts never allowed him to achieve his goal during his lifetime... or did they? One has to be careful what they wish for, lest they might live to see it fulfilled. Description Follow Alex, a man whose pursuit of magic could not even be stopped by his non-magical reality, going as far as to create it himself, only to encounter an unsurmountable obstacle shortly before achieving his lifes goal, denying him all access to these powers. His journey will take him through a miraculous world, full of wonders, magic and manic beasts trying to devour him! He will learn much about this world during his adventures, exploring individual aspects of the System and the various monsters that came from it... or did they? Strong points What you'll get from this novel is the following (read with overly enthusiastic salesman-voice) : • An ending! I'll complete it, no matter what. Well, not "no matter what", but as long as I don't unexpectedly end, this novel won't either! • Good grammar! Might not be perfect, but it's definitely good enough to not detract from the story in the slightest. I'll also fix any reported mistakes as soon as possible, be they grammatical, syntactical or just inconsistencies. • No plot-armor! Or plot-weapons! Or plot-... potions? And no plot-holes! If you see some, it's most likely information that is being witheld for future revelations! But in the (hopefully) very unlikely case of such a vile beast being encountered, please inform me immediately and I'll see to slaying it without grace! (Translation: If you see plot-holes, tell me and I'll fix them) • Logic! [Hidden : Spoilers][Hidden : More Spoilers] [Moved to Chapter [Hidden Spoiler]'s Author's Note] Marvelous, I know! • Blue Boxes! And maybe something more! • Sensible retroactive edits! Not to be confused with radioactive edits! You'll not have to re-read previous chapters, even if they get some major edits. If they were to receive new information, I'll add that very information to the newly released chapters too, in a reasonable way. • Realism! Shocking, I know! Especially considering the tag related to that and the point about "Logic!". This also means that the story will be... well, realistically depicting a pretty messed up world. Don't expect bunnies... at least not cute ones. • Relatively faster paced! No long and boring descriptions of irrelevant stuff. There will be some longer descriptions about important things, but that's gonna be necessary world- and/or character-building! • Short action! Might not be a plus for some, but you won't have to look at a whole (or, god forbit, multiple) chapter describing a fight against the same enemy... • Strategy and hard progression! It's a dog-eat-dog world! No grinding/power-creep! If you're up against three enemies of your level at once, you've already lost! • Understanding! It will be mostly about discovering the wonders of this new world and how it became like that, all while trying to survive. So there will be enough action nonetheless! • Humor! Sometimes dark, sometimes light, always at the worst moment! • Constructive critics, welcome! Destructive critics, nope... I can handle criticism though, so don't go easy on me! Just make sure it's really a mistake when complaining about something. • Will add more in the future! If I can think of more stuff...
8 169 - In Serial10 Chapters
Saints Row: The World Is Yours
Disclaimer: I do not own these characters, these are owned by THQ and Volition. This fanfiction follows and is loosely based on the aftermath of Saints Row: The Third. Steelport, a city that is the mainstay of violence caused by gangs. And within the Third Street Saint's success, the Boss's origins finally unfold. His name is Miguel Alatorre, a drug dealer who turned average Saint into its glorious yet laid-back leader.
8 84 - In Serial22 Chapters
Martial World
Rebirth or Reborn means a second chance to life or a second chance to change a life ? Who said Heavens give them a second chance ?Who doesn't believe in rebirth is a idiot ! But of course all the world is full with idiots who only have strength and power.A Young man who is in his early twenties and has finally achieved the Realm who many cultivators seek The Immortal Realm died but will he just let it go like that?--------------There will be sexual content with time , gore and swearing .*CURRENTLY GETTING EDITED * *ENDING IN A MONTH AT MOST *
8 78 - In Serial12 Chapters
Chosen Family
Friends are the chosen family! Who understands you better than anyone!Cover by - @proudintrovertgurl :)Read to find out more !
8 215 - In Serial36 Chapters
The Shy one (Domani Harris story)
Domani Harris Is What every one would like to say .."The Quite Type"...He had Been told Lies all his Life to Cover Up the Bigest One of all , himself©2016 "The Shy one" Domani harris story @Domanitheking
8 101 - In Serial19 Chapters
His light in the dark [bxb]
There had been a war between humans and demons for a few years now, but despite all that, Raya hadn't really heard much about it since he lived alone in his little cabin in the woods. His knowledge of said creatures very low on top of that.It wasn't until he stumbled upon one that needed his help that he slowly grew to understand and learn, his fascination growing by day while the two slowly bonded over time. It wasn't ever seen before... A human and a demon? Getting along?There must've been something that pulled them to each other... [bxb]Demon x Human
8 154

