《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》237
Advertisement
၂၃၇။ ဇွန်ဘီအဖွဲ့သားများ လိုက်စုကြ
နောက်နေ့တွင် လင်းချင်းသည် ရှဲ့တုန်းကို လင်းဖန်၏ အခန်းထဲသို့ ခေါ်လာသည်။ အခန်းတံခါးကို ဖွင့်ထားပြီး လင်းဖန်သည် လင်းရှောင်လုကို ပေါင်ပေါ်တွင်တင်ကာ စာအုပ်ဖတ်ပြနေသည်။
လင်းချင်းသည် တံခါးကိုခေါက်လိုက်သည်။ အခန်းထဲကလူများသည် လှည့်ကြည့်သည့်အခါ ကတုံးမတစ်ယောက်က ပြောက်ကျားဝတ်စုံဖြင့် ရပ်နေသည်ကို မြင်လိုက်ရသည်။
"ဪ ရောက်လာပြီကို။ ဝင်လာလေ"
လင်းဖန်သည် လုရှောင်လုကို အောက်သို့ချပေးကာ အခြားအခန်းဘက်သို့ ညွှန်ပြ၍ သူမကို
"ရှောင်လု ဒေါ်လေးနဲ့သွားဆော့"
"ဟုတ်"
လင်းရှောင်လုသည် ခေါင်းငြိမ့်ပြကာ ခုန်ပေါက်လျှက် ထွက်လာသည်။ တံခါးဝတွင် လင်းချင်းနှင့်တွေ့သည့်အခါ လင်းချင်း၏ခေါင်းကို စိုက်ကြည့်နေသေးသည်။ လင်းချင်းက သူမကိုပြုံးပြလိုက်သည်။ ကလေးမလေးထွက်သွားမှ လင်းချင်းသည် ရှဲ့တုန်းနှင့်အတူ အခန်းထဲသို့ဝင်လာသည်။
လင်းဖန်သည် ခုံအလွတ်တစ်ခုကို ညွှန်ပြကာ သူမအား
"ထိုင်ပါဦး ထန်ရှင်းမတိုင်ခင် နင်ပြန်လာတာက အံ့သြစရာပဲ။ ငါကသူ့ကို နင့်ထက်ပိုစောစော ရောက်မယ်ထင်နေတာ"
လင်းချင်းသည် ထိုင်လိုက်ပြီးနောက် ခေါင်းငြိမ့်ပြကာ
"သူရှာနေတဲ့လူတွေကို မတွေ့သေးလို့ အဲ့မှာပဲရှိနေတာ နေမှာပါ"
လင်းဖန်သည် ခနတွေဝေပြီးနောက် လင်းချင်းအား အံ့သြစွာဖြင့် မေးသည်။
"ဟင်? နင်စကားကို ပုံမှန်ပြောနိုင်တယ်လား? နင့်မျက်လုံးတွေကြောင့်မဟုတ်ရင် နင်ဇွန်ဘီဆိုတာကို ငါယုံနိုင်မှာတောင် မဟုတ်ဘူး။ ဒါက တစ်မျိုးကြီးပဲ"
ဒီလိုပြောပြီးနောက် သူသည် လင်းချင်းကို ထပ်ကြည့်ကာ တွေးနေမိသည်။
'ဒီဇွန်ဘီက အရမ်းမြန်မြန်ကြီး တိုးတက်နေတာမလား? ဘယ်အဆင့်ရောက်နေပြီလဲ? အဆင့်၆လား? ဒါပင်မယ့် မျက်လုံးက နက်နေသေးတယ်။ မဟုတ်ဘူး။ နည်းနည်းစိမ်းနေသလိုပဲ'
လင်းချင်း၏ မျက်ဝန်းနက်များထဲတွင် မျက်ကန်မှန်တက်ထားသလို သူငယ်အိမ်အရွယ်အစား အစိမ်းရောင်လေးရှိနေသည်။ ထိုအစိမ်းရောင်သည် အရောင်အရမ်းဖျော့လွန်းသဖြင့် သေချာဂရုစိုက်မကြည့်လျှင် မမြင်နိုင်ပေ။
လင်းဖန်သည် လင်းချင်းမှာ အဆင့်၇အထက်ဟု သံသယဝင်ရခြင်းသည် သူမက ဇွန်ဘီအုပ်ကို ဦးဆောင်နေပုံရသောကြောင့် ဖြစ်သည်။ လင်းဖန်သည် သူမက ပျော့ညံ့သည့်သူ မဟုတ်ကြောင်းကို ယုံကြည်သည်။ ထို့အတူ အခုဆိုလျှင်လည်း သွက်လက်စွာကို ပြောဆိုနိုင်နေပြီ။ သူမ၏ တိုးတက်နှုန်းသည် အရမ်းကို မြန်ဆန်လွန်းသည်။
လင်းချင်းသည် ခပ်ဖွဖွပြုံးကာ ပြောသည်။
"သာမန်ဇွန်ဘီလို မဟုတ်တာမလို့ တခြားအရေးကြီးတာပဲ ပြောရအောင်"
ဒီလိုပြောရင်းဖြင့် လင်းချင်းသည် နယ်မြေထဲမှမြေပုံကိုထုတ်ကာ စားပွဲပေါ်ကို ဖြန့်လိုက်သည်။ မြို့ပေါ်၊ မြို့အောက်နှင့် အနောက်ပိုင်းကန်ရှိသည့် နေရာများကို ထောက်ပြကာ
"ဒီမြေပုံတွေကို ဟန်ကျိုးမြို့စီမံကိန်းရုံကနေ ရှာတွေ့ခဲ့တာ။ ဒီနေရာက ရိက္ခာအထောက်ပံ့တွေ အများစုက မသိမ်းရသေးဘူး။ မြို့ပေါ်နဲ့ မြို့အောက်ပိုင်းနေရာတွေက အရင်ခေတ်က လူဦးရေများတော့ ဒီနေရာနှစ်ခုက အခုဇွန်ဘီတွေ များနေပြီ။ ပြီးတော့လည်း ဒီနေရာနှစ်ခုက ပိတ်ထားတာမလို့ ကမ္ဘာပျက်တော့ ဒီကနေ ထွက်ပြေးနိုင်တဲ့သူ သိပ်မရှိလောက်ဘူး"
လင်းဖန်သည် လင်းချင်းပြသည့် နေရာများကိုကြည့်သည်နှင့် လင်းချင်းက ဆက်ပြောသည်။
"လူများခဲ့တဲ့နေရာ အများစုကို စစ်ကြည့်လာတယ်။ ဒီနေရာတွေက ဇွန်ဘီပြည့်ပင်မယ့် အစာကြောင့် တိုက်ခိုက်ထားတဲ့ အစအနမျိုးတော့ မတွေ့ဘူး။ လိုချင်ရင် ဇွန်ဘီကင်းရှင်းတဲ့နေရာမျိုး ငါတို့လုပ်ပေးပြီးတော့ နေရာချဲ့ပေးနိုင်တယ်။ အနောက်ပိုင်းကန်ကတော့ သန္ဓေပြောင်းပင်တွေ များတာမလို့ သိပ်မနေသင့်ဘူး"
လင်းဖန်သည် ခနတွေးကာ မေးသည်။
"ငါအရင်တည်းက မေးချင်တာ တစ်ခုရှိတယ်။ ဇွန်ဘီတွေကိုစုပြီးတော့ ဇွန်ဘီနံရံလုပ်ပေးထားရင် အပြင်ကလူတွေက ငါတို့နေရာကို မဝင်ခင် ဇွန်ဘီနံရံကို ဖြတ်ဖို့လိုမယ်။ ဒါပင်မယ့် ငါတို့လူတွေ ထွက်ဖို့ကြတော့ရော? နင်တို့ဇွန်ဘီတွေက အစောင့်အဖြစ်လိုက်ပေးရင်တောင်မှ ဒါကရေတိုပဲ။ အဖြူရောင်ဂါဝန်နဲ့ ကောင်မလေးက သာမန်ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တယ်မလား?"
လင်းချင်းသည် ခေါင်းငြိမ့်ကာ
"ဟုတ်တယ်။ နာမည်က ချူးလီလီ။ သူက ဇွန်ဘီဘုရင်မဆိုတာကို အကုန်လုံးသိပြီးသားနေမှာပါ။ သူ့အပြင် ကျွင်းကျွင်းလည်း အဆင့်မြင့်လာတော့ သာမန်ဇွန်ဘီတွေကို ထိန်းချုပ်လို့ရပြီ။ ဒါပင်မယ့် ခုနကပြောသလို ယာယီဆိုတာ သတိပေးလိုက်တာပဲ။ ဇွန်ဘီအဖွဲ့ဝင်တွေ လိုက်စုမှပါ"
လင်းချင်းသည်လည်း လင်းဖန်မပြောတောင်မှ ဒါကိုတွေးပြီးသာ ဖြစ်သည်။ အခုတော့ ဒီလိုပြောလိုက်သည့်အခါ သူမတွေးထားသည့် အစီအစဉ်ကို အသိပေးလိုက်တာ ဖြစ်သည်။
အစက အနောက်ပိုင်းကန်တွင် ဝူယွဲ့လင်းကို ခိုးပြေးသွားသည့် ဇွန်ဘီမငယ်ကို တွေ့တုန်းက ဒီအတွေးကို ရခဲ့သည်။ သို့သော်လည်း သူမက ထူးဆန်းကာ ကြောင်တောင်တောင်နိုင်သည်။ ထို့ကြောင့် လင်းချင်းသည် အဖွဲ့ထဲကိုသွင်းဖို့အတွက် စဉ်းစားနေရသေးတာဖြစ်သည်။ ဒီလိုလုပ်ဖို့အတွက် မြွေမျက်လုံးဖြင့် ဇွန်ဘီမငယ်ကို ချူးလီလီနှင့် တွေ့ပေးကာ သဘောတူညီမှုရအောင် လုပ်ရမည်။
လင်းဖန်သည် သူမကို သံသယဖြင့်ကြည့်ကာ မေးသည်။
"စုချင်တဲ့သူတွေက ဇွန်ဘီဘုရင်တွေ ဘုရင်မတွေမလား? သေချာလို့လား?"
တစ်နည်းအားဖြင့် ဇွန်ဘီဘုရင်နှင့် ဘုရင်မတို့သည် အရှေ့က ဇွန်ဘီအတွက် အန္တရာယ်မရှိသလို ခြိမ်းခြောက်နိုင်မှာ မဟုတ်လောက်ကြောင်း သူခံစားမိနေသည်။
လင်းချင်းက ခပ်ဖွဖွပြုံးကာ
"စိတ်မပူပါနဲ့။ သူတို့ကို ထိန်းထားနိုင်ပါတယ်။ ငါဒီမှာရှိနေသ၍ ဘယ်လူသားကိုမှ သူတို့ထိခိုက်အောင် လုပ်မှာမဟုတ်ပါဘူး"
'ငါဒီမှာရှိနေသ၍ ငါ့မိသားစုကို ဘယ်ဇွန်ဘီဖြစ်ဖြစ် ဘယ်လူသားဖြစ်ဖြစ် ထိခိုက်အောင် လုပ်ခွင့်မပေးနိုင်ဘူး!'
လင်းဖန်သည် လင်းချင်း၏အတွေးကို မကြိုက်သော်လည်း သူ့မှာဝင်စွတ်ဖက်နိုင်ခြင်း မရှိသည်ကို နားလည်သည်။
Advertisement
"ဒါဆိုလည်း ပြီးတာပဲ။ နင့်အဖွဲ့အတွက် နင့်မှာဆုံးဖြတ်ပိုင်ခွင့်ရှိတာပဲ။ ငါတို့အဖွဲ့နဲ့ နင့်အဖွဲ့ကြားမှာ လုံခြုံတဲ့အကွာအဝေးထားပေးမယ်လို့ မျှော်လင့်ပါတယ်။ နင့်ဇွန်ဘီတွေက ငါတို့လူတွေကို ထိခိုက်အောင်လုပ်မယ်ဆိုရင် နှစ်ဖက်လုံးအတွက် မကောင်းတော့ဘူး"
လင်းချင်းသည် ခေါင်းငြိမ့်ကာ
"စိတ်မပူနဲ့ စိတ်လွတ်ပြီး လူသားစားဖို့လုပ်တဲ့ ဘယ်ဇွန်ဘီမဆို ငါအရင်ဖျက်စီးပစ်မယ်"
လင်းဖန်သည် ခနတွေးကာ ထပ်ဖြည့်ပြောသည်။
"တခြားသူတွေကို နင်ဆက်လုပ်မယ့် အစီအစဉ်ကို အသိမပေးဖို့ ငါအကြံပေးချင်တယ်"
"ကျေးဇူးတင်ပါတယ်"
လင်းချင်းက ပြုံး၍ပြောသည်။
လင်းဖန်သည် မြို့ပေါ်ဒေသကို ထောက်ပြကာ
"ဒါဆိုရင် ငါတို့မြို့ပေါ်ကို သွားမယ်။ ဒါပင်မယ့် ယွမ်ထန်ရှင်းနဲ့ တခြားသူတွေ ပြန်လာဖို့ကို ငါတို့စောင့်ရဦးမယ်။ ပြီးတော့လည်း နည်းပညာရှင်တွေ အပါအဝင် လူတချို့စုဖို့ လိုသေးတယ်။ ဒီဆိုလာစက်တွေဆင်ဖို့ကို ငါတို့ထဲက ဘယ်သူမှမလုပ်တက်ဘူး။ တက်နေရင်း ပျက်မသွားဖို့ သေချာအောင်လုပ်မှဖြစ်မှာ"
လင်းချင်းသည် မေးကိုပွတ်ကာ
"ယွမ်ထန်ရှင်းလည်း ဒါကိုသိပြီးသားနေမှာပါ။ သူခေါ်ရမယ့်သူတွေအပြင် ဒီလူတွေကိုပါ ရှာလာလိမ့်မယ်"
လင်းဖန်က လင်းချင်းကိုကြည့်ကာ
"သူက ဒါကိုတွေးထားမယ်မှန်း ဘယ်လိုလုပ်သိတာလဲ? ငါကသူ့ကို ဒီအကြောင်းမပြောဖြစ်လိုက်ဘူး"
လင်းချင်းက သူ့ကိုပြန်ကြည့်ကာ
"ဟေးဒီးစခန်းရဲ့ ဒုခေါင်းဆောင်တစ်ယောက်ပဲမလား? ဒါမျိုးကို ကြိုမတွေးတက်ရင် သူကဘယ်လိုလုပ်ပြီး ဒီနေရာကို ရမှာလဲ?"
လင်းဖန်သည် ဘာပြောရမလဲ မသိတော့ပေ။ သူတို့သည် စခန်းသစ်၏ နေရာကို အကြမ်းဖြင်းရွေးပြီးကာ ယွမ်ထန်ရှင်းပြန်လာသည်ကိုစောင့်၍ အတည်ပြုရန်သာ လိုတော့သည်။
ပင်လယ်မြို့တော်စခန်းသို့ ရောက်နေသည့် ယွမ်ထန်ရှင်းတို့မှာ အနည်းငယ်စိတ်မောနေရပြီ။ အဘယ်ကြောင့်ဆိုသော် လီကျန်းတို့က စခန်းတွင်မရှိတော့သောကြောင့် ဖြစ်သည်။ သူတို့သည် တာဝန်ထမ်းဆောင်ဖို့ရှိသည့် တပ်ဖွဲ့နှင့်အတူ ထွက်သွားနှင့်ပြီ။ တစ်ဖွဲ့လုံးသည် စခန်းတွင် မရှိသောကြောင့် ယွမ်ထန်ရှင်းသည် သူတို့ဘာသွားလုပ်ကြသလဲကို နားမလည်နိုင်ပေ။
ထို့ကြောင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ လီကျန်းတို့က ဒီစခန်းတွင်မရှိမှတော့ သူသည် တခြားသူများနှင့်အရင်ပြန်ဖို့ လုပ်တော့မည်။ ထို့အပြင် နည်းပညာရှင်အချို့ သူတို့လည်း လိုနေသည်ဖြစ်သည်။
Zawgyi Ver
၂၃၇။ ဇြန္ဘီအဖြဲ႕သားမ်ား လိုက္စုၾက
ေနာက္ေန႕တြင္ လင္းခ်င္းသည္ ရွဲ႕တုန္းကို လင္းဖန္၏ အခန္းထဲသို႔ ေခၚလာသည္။ အခန္းတံခါးကို ဖြင့္ထားၿပီး လင္းဖန္သည္ လင္းေရွာင္လုကို ေပါင္ေပၚတြင္တင္ကာ စာအုပ္ဖတ္ျပေနသည္။
လင္းခ်င္းသည္ တံခါးကိုေခါက္လိုက္သည္။ အခန္းထဲကလူမ်ားသည္ လွည့္ၾကည့္သည့္အခါ ကတုံးမတစ္ေယာက္က ေျပာက္က်ားဝတ္စုံျဖင့္ ရပ္ေနသည္ကို ျမင္လိုက္ရသည္။
"ဪ ေရာက္လာၿပီကို။ ဝင္လာေလ"
လင္းဖန္သည္ လုေရွာင္လုကို ေအာက္သို႔ခ်ေပးကာ အျခားအခန္းဘက္သို႔ ၫႊန္ျပ၍ သူမကို
"ေရွာင္လု ေဒၚေလးနဲ႕သြားေဆာ့"
"ဟုတ္"
လင္းေရွာင္လုသည္ ေခါင္းၿငိမ့္ျပကာ ခုန္ေပါက္လွ်က္ ထြက္လာသည္။ တံခါးဝတြင္ လင္းခ်င္းႏွင့္ေတြ႕သည့္အခါ လင္းခ်င္း၏ေခါင္းကို စိုက္ၾကည့္ေနေသးသည္။ လင္းခ်င္းက သူမကိုၿပဳံးျပလိုက္သည္။ ကေလးမေလးထြက္သြားမွ လင္းခ်င္းသည္ ရွဲ႕တုန္းႏွင့္အတူ အခန္းထဲသို႔ဝင္လာသည္။
လင္းဖန္သည္ ခုံအလြတ္တစ္ခုကို ၫႊန္ျပကာ သူမအား
"ထိုင္ပါဦး ထန္ရွင္းမတိုင္ခင္ နင္ျပန္လာတာက အံ့ၾသစရာပဲ။ ငါကသူ႕ကို နင့္ထက္ပိုေစာေစာ ေရာက္မယ္ထင္ေနတာ"
လင္းခ်င္းသည္ ထိုင္လိုက္ၿပီးေနာက္ ေခါင္းၿငိမ့္ျပကာ
"သူရွာေနတဲ့လူေတြကို မေတြ႕ေသးလို႔ အဲ့မွာပဲရွိေနတာ ေနမွာပါ"
လင္းဖန္သည္ ခနေတြေဝၿပီးေနာက္ လင္းခ်င္းအား အံ့ၾသစြာျဖင့္ ေမးသည္။
"ဟင္? နင္စကားကို ပုံမွန္ေျပာနိုင္တယ္လား? နင့္မ်က္လုံးေတြေၾကာင့္မဟုတ္ရင္ နင္ဇြန္ဘီဆိုတာကို ငါယုံနိုင္မွာေတာင္ မဟုတ္ဘူး။ ဒါက တစ္မ်ိဳးႀကီးပဲ"
ဒီလိုေျပာၿပီးေနာက္ သူသည္ လင္းခ်င္းကို ထပ္ၾကည့္ကာ ေတြးေနမိသည္။
'ဒီဇြန္ဘီက အရမ္းျမန္ျမန္ႀကီး တိုးတက္ေနတာမလား? ဘယ္အဆင့္ေရာက္ေနၿပီလဲ? အဆင့္၆လား? ဒါပင္မယ့္ မ်က္လုံးက နက္ေနေသးတယ္။ မဟုတ္ဘူး။ နည္းနည္းစိမ္းေနသလိုပဲ'
လင္းခ်င္း၏ မ်က္ဝန္းနက္မ်ားထဲတြင္ မ်က္ကန္မွန္တက္ထားသလို သူငယ္အိမ္အ႐ြယ္အစား အစိမ္းေရာင္ေလးရွိေနသည္။ ထိုအစိမ္းေရာင္သည္ အေရာင္အရမ္းေဖ်ာ့လြန္းသျဖင့္ ေသခ်ာဂ႐ုစိုက္မၾကည့္လွ်င္ မျမင္နိုင္ေပ။
လင္းဖန္သည္ လင္းခ်င္းမွာ အဆင့္၇အထက္ဟု သံသယဝင္ရျခင္းသည္ သူမက ဇြန္ဘီအုပ္ကို ဦးေဆာင္ေနပုံရေသာေၾကာင့္ ျဖစ္သည္။ လင္းဖန္သည္ သူမက ေပ်ာ့ညံ့သည့္သူ မဟုတ္ေၾကာင္းကို ယုံၾကည္သည္။ ထို႔အတူ အခုဆိုလွ်င္လည္း သြက္လက္စြာကို ေျပာဆိုနိုင္ေနၿပီ။ သူမ၏ တိုးတက္ႏႈန္းသည္ အရမ္းကို ျမန္ဆန္လြန္းသည္။
လင္းခ်င္းသည္ ခပ္ဖြဖြၿပဳံးကာ ေျပာသည္။
"သာမန္ဇြန္ဘီလို မဟုတ္တာမလို႔ တျခားအေရးႀကီးတာပဲ ေျပာရေအာင္"
ဒီလိုေျပာရင္းျဖင့္ လင္းခ်င္းသည္ နယ္ေျမထဲမွေျမပုံကိုထုတ္ကာ စားပြဲေပၚကို ျဖန့္လိုက္သည္။ ၿမိဳ႕ေပၚ၊ ၿမိဳ႕ေအာက္ႏွင့္ အေနာက္ပိုင္းကန္ရွိသည့္ ေနရာမ်ားကို ေထာက္ျပကာ
"ဒီေျမပုံေတြကို ဟန္က်ိဳးၿမိဳ႕စီမံကိန္း႐ုံကေန ရွာေတြ႕ခဲ့တာ။ ဒီေနရာက ရိကၡာအေထာက္ပံ့ေတြ အမ်ားစုက မသိမ္းရေသးဘူး။ ၿမိဳ႕ေပၚနဲ႕ ၿမိဳ႕ေအာက္ပိုင္းေနရာေတြက အရင္ေခတ္က လူဦးေရမ်ားေတာ့ ဒီေနရာႏွစ္ခုက အခုဇြန္ဘီေတြ မ်ားေနၿပီ။ ၿပီးေတာ့လည္း ဒီေနရာႏွစ္ခုက ပိတ္ထားတာမလို႔ ကမာၻပ်က္ေတာ့ ဒီကေန ထြက္ေျပးနိုင္တဲ့သူ သိပ္မရွိေလာက္ဘူး"
လင္းဖန္သည္ လင္းခ်င္းျပသည့္ ေနရာမ်ားကိုၾကည့္သည္ႏွင့္ လင္းခ်င္းက ဆက္ေျပာသည္။
"လူမ်ားခဲ့တဲ့ေနရာ အမ်ားစုကို စစ္ၾကည့္လာတယ္။ ဒီေနရာေတြက ဇြန္ဘီျပည့္ပင္မယ့္ အစာေၾကာင့္ တိုက္ခိုက္ထားတဲ့ အစအနမ်ိဳးေတာ့ မေတြ႕ဘူး။ လိုခ်င္ရင္ ဇြန္ဘီကင္းရွင္းတဲ့ေနရာမ်ိဳး ငါတို႔လုပ္ေပးၿပီးေတာ့ ေနရာခ်ဲ့ေပးနိုင္တယ္။ အေနာက္ပိုင္းကန္ကေတာ့ သေႏၶေျပာင္းပင္ေတြ မ်ားတာမလို႔ သိပ္မေနသင့္ဘူး"
Advertisement
လင္းဖန္သည္ ခနေတြးကာ ေမးသည္။
"ငါအရင္တည္းက ေမးခ်င္တာ တစ္ခုရွိတယ္။ ဇြန္ဘီေတြကိုစုၿပီးေတာ့ ဇြန္ဘီနံရံလုပ္ေပးထားရင္ အျပင္ကလူေတြက ငါတို႔ေနရာကို မဝင္ခင္ ဇြန္ဘီနံရံကို ျဖတ္ဖို႔လိုမယ္။ ဒါပင္မယ့္ ငါတို႔လူေတြ ထြက္ဖို႔ၾကေတာ့ေရာ? နင္တို႔ဇြန္ဘီေတြက အေစာင့္အျဖစ္လိုက္ေပးရင္ေတာင္မွ ဒါကေရတိုပဲ။ အျဖဴေရာင္ဂါဝန္နဲ႕ ေကာင္မေလးက သာမန္ဇြန္ဘီေတြကို ထိန္းခ်ဳပ္နိုင္တယ္မလား?"
လင္းခ်င္းသည္ ေခါင္းၿငိမ့္ကာ
"ဟုတ္တယ္။ နာမည္က ခ်ဴးလီလီ။ သူက ဇြန္ဘီဘုရင္မဆိုတာကို အကုန္လုံးသိၿပီးသားေနမွာပါ။ သူ႕အျပင္ ကြၽင္းကြၽင္းလည္း အဆင့္ျမင့္လာေတာ့ သာမန္ဇြန္ဘီေတြကို ထိန္းခ်ဳပ္လို႔ရၿပီ။ ဒါပင္မယ့္ ခုနကေျပာသလို ယာယီဆိုတာ သတိေပးလိုက္တာပဲ။ ဇြန္ဘီအဖြဲ႕ဝင္ေတြ လိုက္စုမွပါ"
လင္းခ်င္းသည္လည္း လင္းဖန္မေျပာေတာင္မွ ဒါကိုေတြးၿပီးသာ ျဖစ္သည္။ အခုေတာ့ ဒီလိုေျပာလိုက္သည့္အခါ သူမေတြးထားသည့္ အစီအစဥ္ကို အသိေပးလိုက္တာ ျဖစ္သည္။
အစက အေနာက္ပိုင္းကန္တြင္ ဝူယြဲ႕လင္းကို ခိုးေျပးသြားသည့္ ဇြန္ဘီမငယ္ကို ေတြ႕တုန္းက ဒီအေတြးကို ရခဲ့သည္။ သို႔ေသာ္လည္း သူမက ထူးဆန္းကာ ေၾကာင္ေတာင္ေတာင္နိုင္သည္။ ထို႔ေၾကာင့္ လင္းခ်င္းသည္ အဖြဲ႕ထဲကိုသြင္းဖို႔အတြက္ စဥ္းစားေနရေသးတာျဖစ္သည္။ ဒီလိုလုပ္ဖို႔အတြက္ ေႁမြမ်က္လုံးျဖင့္ ဇြန္ဘီမငယ္ကို ခ်ဴးလီလီႏွင့္ ေတြ႕ေပးကာ သေဘာတူညီမႈရေအာင္ လုပ္ရမည္။
လင္းဖန္သည္ သူမကို သံသယျဖင့္ၾကည့္ကာ ေမးသည္။
"စုခ်င္တဲ့သူေတြက ဇြန္ဘီဘုရင္ေတြ ဘုရင္မေတြမလား? ေသခ်ာလို႔လား?"
တစ္နည္းအားျဖင့္ ဇြန္ဘီဘုရင္ႏွင့္ ဘုရင္မတို႔သည္ အေရွ႕က ဇြန္ဘီအတြက္ အႏၲရာယ္မရွိသလို ၿခိမ္းေျခာက္နိုင္မွာ မဟုတ္ေလာက္ေၾကာင္း သူခံစားမိေနသည္။
လင္းခ်င္းက ခပ္ဖြဖြၿပဳံးကာ
"စိတ္မပူပါနဲ႕။ သူတို႔ကို ထိန္းထားနိုင္ပါတယ္။ ငါဒီမွာရွိေနသ၍ ဘယ္လူသားကိုမွ သူတို႔ထိခိုက္ေအာင္ လုပ္မွာမဟုတ္ပါဘူး"
'ငါဒီမွာရွိေနသ၍ ငါ့မိသားစုကို ဘယ္ဇြန္ဘီျဖစ္ျဖစ္ ဘယ္လူသားျဖစ္ျဖစ္ ထိခိုက္ေအာင္ လုပ္ခြင့္မေပးနိုင္ဘူး!'
လင္းဖန္သည္ လင္းခ်င္း၏အေတြးကို မႀကိဳက္ေသာ္လည္း သူ႕မွာဝင္စြတ္ဖက္နိုင္ျခင္း မရွိသည္ကို နားလည္သည္။
"ဒါဆိုလည္း ၿပီးတာပဲ။ နင့္အဖြဲ႕အတြက္ နင့္မွာဆုံးျဖတ္ပိုင္ခြင့္ရွိတာပဲ။ ငါတို႔အဖြဲ႕နဲ႕ နင့္အဖြဲ႕ၾကားမွာ လုံၿခဳံတဲ့အကြာအေဝးထားေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ နင့္ဇြန္ဘီေတြက ငါတို႔လူေတြကို ထိခိုက္ေအာင္လုပ္မယ္ဆိုရင္ ႏွစ္ဖက္လုံးအတြက္ မေကာင္းေတာ့ဘူး"
လင္းခ်င္းသည္ ေခါင္းၿငိမ့္ကာ
"စိတ္မပူနဲ႕ စိတ္လြတ္ၿပီး လူသားစားဖို႔လုပ္တဲ့ ဘယ္ဇြန္ဘီမဆို ငါအရင္ဖ်က္စီးပစ္မယ္"
လင္းဖန္သည္ ခနေတြးကာ ထပ္ျဖည့္ေျပာသည္။
"တျခားသူေတြကို နင္ဆက္လုပ္မယ့္ အစီအစဥ္ကို အသိမေပးဖို႔ ငါအႀကံေပးခ်င္တယ္"
"ေက်းဇူးတင္ပါတယ္"
လင္းခ်င္းက ၿပဳံး၍ေျပာသည္။
လင္းဖန္သည္ ၿမိဳ႕ေပၚေဒသကို ေထာက္ျပကာ
"ဒါဆိုရင္ ငါတို႔ၿမိဳ႕ေပၚကို သြားမယ္။ ဒါပင္မယ့္ ယြမ္ထန္ရွင္းနဲ႕ တျခားသူေတြ ျပန္လာဖို႔ကို ငါတို႔ေစာင့္ရဦးမယ္။ ၿပီးေတာ့လည္း နည္းပညာရွင္ေတြ အပါအဝင္ လူတခ်ိဳ႕စုဖို႔ လိုေသးတယ္။ ဒီဆိုလာစက္ေတြဆင္ဖို႔ကို ငါတို႔ထဲက ဘယ္သူမွမလုပ္တက္ဘူး။ တက္ေနရင္း ပ်က္မသြားဖို႔ ေသခ်ာေအာင္လုပ္မွျဖစ္မွာ"
လင္းခ်င္းသည္ ေမးကိုပြတ္ကာ
"ယြမ္ထန္ရွင္းလည္း ဒါကိုသိၿပီးသားေနမွာပါ။ သူေခၚရမယ့္သူေတြအျပင္ ဒီလူေတြကိုပါ ရွာလာလိမ့္မယ္"
လင္းဖန္က လင္းခ်င္းကိုၾကည့္ကာ
"သူက ဒါကိုေတြးထားမယ္မွန္း ဘယ္လိုလုပ္သိတာလဲ? ငါကသူ႕ကို ဒီအေၾကာင္းမေျပာျဖစ္လိုက္ဘူး"
လင္းခ်င္းက သူ႕ကိုျပန္ၾကည့္ကာ
"ေဟးဒီးစခန္းရဲ႕ ဒုေခါင္းေဆာင္တစ္ေယာက္ပဲမလား? ဒါမ်ိဳးကို ႀကိဳမေတြးတက္ရင္ သူကဘယ္လိုလုပ္ၿပီး ဒီေနရာကို ရမွာလဲ?"
လင္းဖန္သည္ ဘာေျပာရမလဲ မသိေတာ့ေပ။ သူတို႔သည္ စခန္းသစ္၏ ေနရာကို အၾကမ္းျဖင္းေ႐ြးၿပီးကာ ယြမ္ထန္ရွင္းျပန္လာသည္ကိုေစာင့္၍ အတည္ျပဳရန္သာ လိုေတာ့သည္။
ပင္လယ္ၿမိဳ႕ေတာ္စခန္းသို႔ ေရာက္ေနသည့္ ယြမ္ထန္ရွင္းတို႔မွာ အနည္းငယ္စိတ္ေမာေနရၿပီ။ အဘယ္ေၾကာင့္ဆိုေသာ္ လီက်န္းတို႔က စခန္းတြင္မရွိေတာ့ေသာေၾကာင့္ ျဖစ္သည္။ သူတို႔သည္ တာဝန္ထမ္းေဆာင္ဖို႔ရွိသည့္ တပ္ဖြဲ႕ႏွင့္အတူ ထြက္သြားႏွင့္ၿပီ။ တစ္ဖြဲ႕လုံးသည္ စခန္းတြင္ မရွိေသာေၾကာင့္ ယြမ္ထန္ရွင္းသည္ သူတို႔ဘာသြားလုပ္ၾကသလဲကို နားမလည္နိုင္ေပ။
ထို႔ေၾကာင့္ ဆုံးျဖတ္ခ်က္တစ္ခု ခ်လိဳက္သည္။ လီက်န္းတို႔က ဒီစခန္းတြင္မရွိမွေတာ့ သူသည္ တျခားသူမ်ားႏွင့္အရင္ျပန္ဖို႔ လုပ္ေတာ့မည္။ ထို႔အျပင္ နည္းပညာရွင္အခ်ိဳ႕ သူတို႔လည္း လိုေနသည္ျဖစ္သည္။
Advertisement
- End2376 Chapters
Sovereign of the Three Realms
Synopsis: Jiang Chen, son of the Celestial Emperor, unexpectedly reincarnated into the body of a despised young noble, thus embarking on the path of the underdog trouncing all comers. No one has the right to call himself a genius in front of Jiang Chen, as no one has a better understanding of the heavens than the son of the Celestial Emperor. Genius? He who adheres to me shall ascend, those who oppose me can find solace in hell!Custom TL synopsis: Sentenced to death because of farting in the first chapter. ’nuff said.
8 690 - In Serial6 Chapters
The Blacksmith: The Return
Thousands of years ago I arrived in this world.... I fought my way to Supremacy....I eradicated my enemies......To ensure the protection of those I held dear... Yet I am alone... Then, I decided to hide from the eyes of the world....I don't know when I shall appear but.... I shall return!!! For I shall bring the life of the slain...the voice of the silenced...the unmasking of the hidden...And the death of those who causes oppression...Injustice...Suffering...My crafts. My weapons..My armours...Will aid me in my mission. For I am. The Blacksmith.Cover art is by chiaragatti (@chiaragatti__) [participant in the Royal Road Writathon challenge] - 2020
8 141 - In Serial19 Chapters
BLOOD CURSE ACADEMIA
Blood is life and life is magic. At the age of six, Kizu was kidnapped and raised by a crone living deep in a tropical basin. Rescued ten years later, he returned to his negligent parents and former childhood life only to discover his older sister both disowned and missing. After his homecoming, his parents quickly signed him up for Wave Edge Academy. Three years behind every other student his age, he was placed as one of the worst students in the academy. To discover the answers about his blood sister, Kizu must climb the rankings. -New chapter every Thursday-
8 126 - In Serial9 Chapters
Immortal Peace
After the sudden arrival of Rhea into the throne room, Olympus is thrown a spiral as they are given the ultimatum of a marriage for peace, or war. What will they choose, who will it involve, and why oh why, does Apollo have to lie.I don't own the pictures for the cover, they were taken from RickRiordan Wiki
8 203 - In Serial47 Chapters
A Spark in the Wind
Though there has been mistrust between the Kingdom of Alinor and the Forest Kingdom for thousands of years, Prince Meneldir has naught but love in his heart for Lord Vilyánur, his oldest and closest friend.But something's coming: something that will turn their lives upside down, something that will consume them and everything they hold dear should they fail to unite their two kingdoms into one and rise up against this threat.But then comes the real question: if you tamper with essential forces of nature to save the one you love, is it even worth it? What can be the result of such an action? Is a world claimed by decadence and degeneration even worth saving? The board is set, the pieces are moving.[A WATTYS 2018 SHORTLISTER] [ALSO SHORTLISTED FOR INDIAN AWARDS 2019]
8 117 - In Serial5 Chapters
Midwestern Girl With a Hand for a Map Who Doesn't Even Know What a Lobbyist Is
My favorite stories to tell that might be acceptable for a general audience.
8 143

