《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》235
Advertisement
၂၃၅။ ငါ့ကိုသိလား?
ကျွင်းကျွင်းက ရေထဲမှတက်လာသည့်အခါ လင်းချင်းသည် သူမ၏အဝတ်များကို ကောက်ပေး၍ ပေးလိုက်ကာ
"ဘယ်လိုလဲ? နင့်အစွမ်းကရော?"
လင်းချင်းသည် ကျွင်းကျွင်းက အခုဆိုလျှင် အဆင့်၄ဇွန်ဘီဖြစ်နေကြောင်းကို အာရုံခံမိသည်။ ထို့အတူ သူမ၏ရှုပ်ထွေးနေသည့် စိတ်ထဲတွင် အမုန်း၊ ဒေါသ၊ စိတ်ပျက်ခြင်း ၊ အံ့သြခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ ရှိနေကြောင်းကို ခံစားမိသည်။ ထို့ကြောင့် ကျွင်းကျွင်းအား နားမလည်စွာကြည့်ကာ
"ဘာဖြစ်လို့လဲ?"
ကျွင်းကျွင်းသည် ခေါင်းငုံထားရင်း အဝတ်များကိုယူ၍ ဝတ်လိုက်သည်။ ဝတ်ပြီးမှ ခေါင်းမော့ကာ လင်းချင်းကို ရှုပ်ထွေးစွာကြည့်ရင်း အသံတိုးတိုးဖြင့်
"ခေါင်းဆောင်"
"ဟမ်?"
လင်းချင်းသည် သူမကို မျက်လုံးအပြူးသားကြည့်ပြီး
"နင်စကားပြောနိုင်ပြီလား? နေပါဦး ငါ့ကိုဘာလို့ခေါ်လိုက်တာ?"
လင်းချင်းသည် ကျွင်းကျွင်း၏မျက်နှာမှာ မျက်ကွင်းမည်းများ မရှိတော့ဘဲ သူမမီးခိုးရောင်မျက်လုံးများသည် လုံးဝကိုနက်သွားကြောင်းကို တွေ့လိုက်ရသည်။ ကျွင်းကျွင်းသည် သူမ၏စိုရွှဲနေသည့် ဆံပင်ရှည်များကို တစ်ဖက်သို့သိမ်း၍ ရေညှစ်ချရင်း
"အချိန်အတော်ကြာသွားသလို ခံစားရတယ်။ ကျွန်မအကုန်မှတ်မိပြီ။ ကိုယ့်အကြောင်းကိုရော ခေါင်းဆောင်ကိုရော"
စကားဆုံးသည်နှင့် လင်းချင်းကို ကြည့်သည်။
"ဟမ်? ငါ့ကိုအရင်ကသိတာလား?"
လင်းချင်းသည် သူမကို နားမလည်စွာကြည့်ရင်း မေးသည်။
"ဒါပင်မယ့် ငါ့ကိုခေါင်းဆောင်လို့ ခေါ်ရခြင်းကို အရင်ဖြေ။ တခြားလင်းချင်းတစ်ယောက်လို ငါ့ကိုမြင်နေတာတော့ မဟုတ်ဘူးမလား?"
ကျွင်းကျွင်းသည် သူမ၏ဆံပင်ရှည်ကို ရေညှစ်နေရင်းက ဆက်ပြောသည်။
"လင်းဖန်တို့တွေကို ခေါင်းဆောင်က ကယ်ခဲ့မှတော့ တစ်ယောက်တည်းပဲမလား? ကျွန်မလို မှတ်ဉာဏ်တွေ ပျောက်သွားတာလား? ဒါမှမဟုတ် လွန်ခဲ့တဲ့ငါးနှစ်က ဘာဖြစ်ခဲ့လဲကိုပဲ မသိတာလား?"
လင်းချင်းသည် ကြောင်သွားသည်။ ကျွင်းကျွင်း၏စကားများက သူမ၏ခေါင်းထဲက တစ်ခုခုကို နှိုးဆွပေးသလိုဖြစ်သဖြင့် ခေါင်းကိုက်ခဲလာသည်။ ထို့ကြောင့် နဖူးကို လက်ဖြင့်ကာရင်း ညည်းညူသည်။
"အား"
ကျင်းကျွင်းသည် ကြောင်သွားကာ စိတ်ပူစွာဖြင့်
"ဘာဖြစ်လို့လဲ? တစ်ခုခုမှတ်မိလို့လား?"
လင်းချင်းသည် နဖူးပေါ်လက်တင်ရင်းက ခေါင်းကိုခါကာ
"မဟုတ်ဘူး ခေါင်းကိုက်လို့"
ကျွင်းကျွင်းသည် သက်ပြင်းချကာ ဖြေသည်။
"အဆင်ပြေရင်ရပါတယ်။ ခေါင်းကိုက်တာက ပုံမှန်ပဲထင်တယ်။ အခုက ကိုယ်အသစ်ဖြစ်နေတော့ စိတ်ကလည်း ပိတ်ခံထားရတာ ထင်တယ်"
လင်းချင်းသည် ကျွင်းကျွင်းကို ကြည့်ကာ မေးသည်။
"ငါက ငရဲမီးခေါင်းဆောင်မှန်း ဘယ်လိုလုပ်သိတာလဲ? ငါဘယ်လို ခေါင်းဆောင်လုပ်ခဲ့လဲ ငါတော့မသိဘူး"
ဒီလိုပြောရင်း ချူးလီလီ၏ ဘီရိုနားသို့သွားကာ သဘတ်ခြောက်တစ်ထည်ရှာ၍ ကျွင်းကျွင်းကို ပေးလိုက်သည်။
ကျွင်းကျွင်းသည် သဘတ်ကိုယူ၍ လင်းချင်းကို ကျေးဇူးတင်ပြီးမှ ဆက်ပြောသည်။
"သူလို့ပဲ ခံစားရလို့။ လင်းချင်းမလား? မှတ်ဉာဏ်တွေပျောက်နေပင်မယ့် သူ့လိုပါပဲ"
လင်းချင်းသည် သူမကိုကြည့်ကာ တိတ်တိတ်နေသည်။ ခနတွေးပြီးနောက် သူမသည် အဖြေရှာဖို့ ဆုံးဖြတ်လိုက်သည်။ ကျွင်းကျွင်းပြောသည်ကတော့ ဖြစ်နိုင်ချေများသည်။ သူမသည် ခေါင်းငြိမ့်ပြကာ
"နင်ပြောတာ ဟုတ်လောက်တယ်။ ဒါပင်မယ့် ငါ့မှတ်ဉာဏ်တွေက ကမ္ဘာမပျက်ခင်အထိပဲရှိတာ။ ကမ္ဘာပျက်တုန်းက သေသွားပြီးတော့ လုထန်ယုရဲ့ကိုယ်ထဲမှာ နိုးလာတယ်လို့ ထင်ခဲ့မိတာ"
"ငါးနှစ်ဆိုတာက အချိန်အကြာကြီးပဲ"
ကျွင်းကျွင်းက ပြုံး၍ပြောသည်။
"ယုတ္တိမရှိဘူး"
လင်းချင်းသည် သက်ပြင်းချကာ သဘောတူသည်။
"ဟုတ်တယ်။ ငါလည်းထူးဆန်းတယ်ထင်တယ်။ ငါ့အကြောင်းကထားပါ။ နင့်အကြောင်းကရော? ခုနတုန်းက နင့်စိတ်အခြေအနေမကောင်းဘူးမလား? မကောင်းတာတစ်ခုခုမှတ်မိလို့လား?"
ဒီလိုပြောသည့်အခါ ကျွင်းကျွင်းသည် မျက်နှာမည်းသွားသည်။
"ကျွန်မ နာမည်က လျူကျွင်းပါ။ တုံတုံနာမည်ရင်းက ဟွမ်ယွဲ့တုံ။ သူက လေးနှစ်ရှိပြီ။ ယောက်ျားဟောင်းရဲ့ နာမည်က ဟွမ်ထန်ဖေး။ ကျွန်မတို့က ဟေးဒီးစခန်းမှာ အဆင်ပြေတဲ့ဘဝရှိခဲ့ပင်မယ့် နှစ်လလောက်တုန်းက သူက ကျွန်မတို့ကို စခန်းကနေ အလျင်စလို သူနဲ့တခြားသူတွေနဲ့အတူ ထွက်ပြေးခိုင်းတယ်။ ပင်လယ်မြို့တော်စခန်းကို သွားဖို့ပဲ"
ဒီလိုပြောရင်း လျူကျွင်း၏ စိတ်သည် အမုန်းတရားနှင့် သတ်ချင်စိတ်များပါလာကာ စိတ်မငြိမ်ဖြစ်ရင်း
"ဒါပင်မယ့် ခရီးကဝေးပြီးတော့ ဇွန်ဘီတွေကလည်း လမ်းမှာများတယ်။ ဇွန်ဘီခေါင်းဆောင်တွေနဲ့ ခနခနတိုးပြီးတော့ လူအတော်များများသေတယ်။ စွမ်းအားရှင်တစ်ယောက်က အစကတော့ စွမ်းအားမရှိတဲ့ ကျွန်မတို့ကို ကယ်ပါသေးတယ်။ နောက်တော့ ကျွန်မတို့က ဝန်ပိုကြီးဖြစ်လာတော့ သာမန်ဇွန်ဘီအုပ်ကြီးနဲ့ တွေ့တဲ့အချိန် ကျွန်မတို့ကို ငါးစာချကျွေးပြီး ထွက်ပြေးသွားကြတယ်"
လင်းချင်းသည် သူမ၏အမုန်းနှင့် ဝမ်းနည်းနောင်တရမှုတို့ကို ခံစားရသည်။ လျူကျွင်းသည် ထိုင်ချလိုက်ကာ ဆက်ပြောသည်။
"နောက်ဆုံးတော့ စွန့်ပစ်ခံလိုက်ရတာ။ ဟွမ်ထန်ဖေးကို ကျွန်မတို့ကို ထားမခဲ့ဖို့ အနည်းဆုံးတော့ တုံတုံကို ဘေးကင်းကင်းနဲ့ ပင်လယ်မြို့တော်ကို ခေါ်သွားပေးဖို့ တောင်းပန်ခဲ့ပါသေးတယ်။ ဒါပင်မယ့် သူကမရဘူး။ နှလုံးသားမရှိတဲ့ကောင်က ကျွန်မတို့ကို ထားခဲ့ပြီးတော့ တုံတုံအတွက် အစာနဲ့ရေတောင် ချန်မထားခဲ့ဘူး"
"ဇွန်ဘီကိုက်ခံရပြီးတော့ အဆောက်ဦးထဲကို ဘယ်လိုပုန်းနေတာလဲ?"
လင်းချင်းက သိချင်စွာဖြင့် မေးသည်။
လျူကျွင်းကာ
"ဟွမ်ထန်ဖေးက ကျွန်မကို ဇွန်ဘီအုပ်ထဲကို တွန်းထုတ်လိုက်တာ။ အကိုက်ခံရတော့ သူကကျွန်မကို အခန်းထဲထည့်ပိတ်ထားတယ်။ သတိလစ်နေတာ ရက်အတော်ကြာတယ်။ နိုးလာတော့ တုံတုံကို တခြားခန်းထဲမှာ တွေ့တယ်။ သူတို့အကုန်လုံးက တုံတုံကို ထားခဲ့ပြီးတော့ ထွက်သွားကြတာ"
Advertisement
လင်းချင်းသည် ဒီလိုကောင်ကို ဘာပြောရမလဲ မသိသဖြင့် သက်ပြင်းသာချလိုက်သည်။ သွေးပျက်ရသည့် အခြေအနေမျိုးတွင် သူ့အတွက် ဘယ်လိုဆက်ဆံရေးမဆို သူ့အတွက် အတုလိုဖြစ်နေကာ သူရှင်ဖို့အတွက် ဘာမဆိုလုပ်မည့်သူဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
"တုံတုံကို ထားခဲ့လို့ ကျွန်မသူ့ကို ခွင့်မလွှတ်နိုင်ဘူး!"
လျူကျွင်း၏ ဝမ်းနည်းမှုတို့က အမုန်းအဖြစ်သာ ကျန်ခဲ့တော့သည်။
လင်းချင်းသည် သူမ၏ပုခုံးကိုပုတ်ကာ
"ဟုတ်ပါပြီ။ နင်မြင်တဲ့အတိုင်း တုံတုံက အခုကျန်းမာနေသားပဲ"
"ခေါင်းဆောင်သာ ကျွန်တို့ကို ရှာမတွေ့ရင် တုံတုံလည်း ဆုံးလောက်မှာ"
လျူကျွင်းသည် လင်းချင်းကို ခံစားချက်မဲ့စွာ မော့ကြည့်ပြောသည်။ သို့သော်လည်း လင်းချင်းက သူမကို တကယ်ကျေးဇူးတင်နေသည်ဖြစ်ကြောင်းကိုတော့ ခံစားမိပါသည်။
"ဟုတ်ပြီ သွားရအောင်"
လင်းချင်းက ပြောသည်။
"နင်ကန်ထဲမှာ ကြာမယ်ထင်လို့ ငါစိုးရိမ်နေတာ။ တုံတုံနိုးလာလို့ နင်မရှိရင်း ချူးလီလီက အတော်ဒုက္ခရောက်မှာ"
လျူကျွင်းသည် ခေါင်းငြိမ့်ကာ ထလာသည်။ လင်းချင်းသည် သူမ၏လက်ကိုကိုင်ကာ နယ်မြေထဲမှ နှစ်ယောက်ထွက်လာသည်။ ချူးလီလီသည် ပြတင်းပေါက်ဘောင်ကိုမှီကာ မည်းနေသည့် ကောင်းကင်ကို ကြည့်နေသည်။ သူမတို့နှစ်ယောက် ထွက်လာသည့်အခါ ချက်ချင်းလှည့်လာပြီး ကျွင်းကျွင်းကို ကြည့်သည်။
"အာ ယာ ယေး"
"ဘယ်လိုလဲ? ဘယ်လိုခံစားရလဲ?"
ဒီလိုမေးရင်း လျူကျွင်း၏ ဘေးကိုရောက်လာကာ သေချာပတ်ကြည့်သည်။ ကျွင်းကျွင်း၏ရုပ်သွင်သည် ပြောင်းမသွားသော်လည်း သူမ၏အရှိန်အဝါနှင့် မျက်လုံးများကတော့ ပြောင်းသွားသည်။ ထို့အတူ စွမ်းအားသည်လည်း တိုးလာသည်။
လျူကျွင်းသည် တုံတုံဘေးသို့သွားကာ ဆံပင်လေးများကို ဖွဖွလေးပွတ်လိုက်ပြီး နဖူးကို နမ်းလိုက်သည်။ ထို့နောက် နူးညံ့သည့်အသံဖြင့်
"ခေါင်းဆောင်နဲ့တွေ့ရတာ အရမ်းကောင်းတာပဲ"
Zawgyi Ver
၂၃၅။ ငါ့ကိုသိလား?
"ဘာဖြစ်လို့လဲ?"
"ခေါင်းဆောင်"
"ဟမ်?"
"အား"
"ယုတ္တိမရှိဘူး"
လျူကျွင်းကာ
"ဟုတ်ပြီ သွားရအောင်"
လင်းချင်းက ပြောသည်။
"အာ ယာ ယေး"
Advertisement
- In Serial18 Chapters
Slip Hero
Slipping into another world, a normal hospital lab worker is reborn into a fantasy world; monsters, magic, and loot are in ample supply. However, the reincarnation has stripped the hero of his memories, leaving only a degree of comprehension about his past knowledge and interests. Soon, into his new life he begins experimenting with magic and training his skills. Will he be able to revolutionize this new world with his creativity?
8 231 - In Serial12 Chapters
The City of the Dragon Twisted
. 🐉 . The City of The Forever-Peace witnesses a pale young Buddhist Monk fighting his fearful thoughts of whether to cross the borders to Nepal and India against the death penalty. Why would that matter? In that September Autumn night of circa A.D.655, Emperor Táme’ Tie’-Zeon has been ruling an empire spanning 13,000 miles from the East to as far as the Baikal Sea in the Western Regions bordering the Middle East kingdom and the Rome Empire. Meanwhile, news has traveled that his Dharma-Son, Pan G. Monk faces an incredible Guillotine Execution that will chop off his waist in halves. The Empress Wǔl Zénder-Tan’ couldn't be careless. Why would that matter to the imperial family? Monks are just officials with equal vicarious duties and privileges. She would then spare her resourceful energy to maintain the fruitful relationship intertwining The Grand-Khan Jurchen-Warlords Clans in the North-East Desert in attempts to affirm her fate as the first and only female-Emperor, in the Medieval Ages of the Great City of the Dragon. Whereas The Abbot Master Xend'-Zeon of the Jade-Lotus Temple faces factions of religious politics. Particularly in the present, the Empress needed to manipulate the Master’s reputation to desperately seek life and/or the after-life merits. She decreed to be addressed as The Old Buddha Grand Father. The Master has had ideals of service to sentient beings since he was young. He could have traveled the Silk Road to the Far West entrance-point bypassing the five beacons as shortcuts save that he lacks the pertinent travel documents. Instead, he chose to cross the 800-mile овь-Gobi Desert that is as vast as the Baikal Sea, on foot. A route that is impossible in the history of the Buddha dharma. His heart never withers to support the mage of the red lotus that promises the Enlightenment of the Buddha-Land. Except that no one has ever endured the latitude of the heat. The pain. Alive, out of the desert sea. But he is also vulnerable to recognize the un-staticity of The Truth, The Truth itself, and the truth of seeking passion and mission for compassion in humankind. The mind and body reciting The Sūtra and The Heart, A phenomenon they knew better as if souls in chemical layers of their physique. Realizing enhanced mind training attaining controlling powers of life and death. Realizing the transformation of the unbearable pains and grievances he thought possible. . 2 . 🐉 . Meanwhile, dreams have been watching him to open The Third Eye, at The City's Amethyst-Jade Palace of the Second Emperor, Third Emperor, and Fourth Empress. Old Monks at The Nālandā Temple at the Far West Buddha Land; Householders Masters and Kings of the Jeek’-Foot Mountains of The City of the Naga-Dragon Twisted; in the Far West of The City of the Ever-Peace witness adventures of The Master. Lives at brinks of suicidal choices slaughtering ordeals. Who have inadvertently neglected the Master's karmic inflictions that would paradoxically affirm in a point of Near-Death Experiences; The Two-Profound-Reflective presented upon attaining The Deep-Active-Meditatitive Flow of Equanimity Samādhi. Eventually, The Seer Consciousness sees the Active Heart that is replete with The Latent Unconditional Love, Compassion And Empathy; that had been so close to us that we could not see it; as if one cannot see her own face. . 3 . 🐉 . Meanwhile also, the Imperial Criminal Affairs Clerk Ewen Hawk-Jean suffers too much seeking possession of desires and relief from a certain situation. Pan G., the Assistant Dharma-Translator to the Abbott Master Xend'-zeon has voluntarily or otherwise fallen into the supposed conspiracy or plain indifference. The imperial family's agenda of the Imperial Family of The Fang’-Chucks of course longs for a waist cut in halves not simply as souvenirs. Awaiting the Abbot Master is to come out from the disturbance. Incredibly transformative factors of the Mind-Transcendence-Samadhi are profoundly desired to spare the Monk Pan G. from the Post-Autumn Guillotine Execution that will chop off his waist in halves...... …But why would it matter to You?
8 77 - In Serial103 Chapters
The White Rabbit
In the Urillian Empire, the Empress Xandra rules three-quarters of the planet Xren from her home in the capital of the Earth Continent. Both the fire and water peoples have fallen under her might after a series of wars stretching back three centuries. Earth elves, under Xandra's rule, have spread throughout the planet and established colonies, and are, by all accounts, enjoying what seems to be a prosperous and happy existence. But not everyone in Uril is happy. The holy books speak of elves as the Chosen People of Thesis, tasked with guiding and protecting the lower races. For some people, this scripture has been interpreted to designate their life as one on the lowest rungs of society. Humans have been reduced to a slave class, and serve their elven masters under Xandra's rule, kept at bay by the constant fear of the dreaded Emerald Knight, and their own perceived weakness. Humans do not lead long lives, nor do they possess the wisdom, power, or magical acumen of their elven masters. But there is hope. A group of people have banded together to fight against Xandra, her Knight, and her empire. They call themselves the "Knights of Order" united under the principle idea that Xandra's reign has brought chaos unto Xren, and they wish to restore order. These Knights are led by a man named Xaxac Brigaddon, spoken of as a legend. They say that when the moons are full, some humans transform into powerful beasts. They say that Xaxac is the most powerful warrior on Xren, that in his youth he was enslaved and forced to fight other humans to the death in a bloodsport called "cage fighting", that he could not be touched and held the world championship title for three years running until he faked his own death and escaped his master to join the resistance. They say that he has friends in high places- noblemen, pirates, and the devil himself. They say that if you can find him, he can ferry you to freedom in places where the Earth Elves fear to tread. They say that he is immune to magical attack, and his eyes shine like the silver moon. They say that he is descended from Quizlivian Brigaddon, one of the humans who helped the demon Magnus escape a god. They say that if you want to walk the Path of Order, you should follow the White Rabbit.Come and watch the transformation from human boy to Knight of Order: The life and times of Xaxac OfAgalon OfLangil Brigaddon. Content Warning: This work is based on the real experiences of human trafficing survivors. Xaxac's origins are based on true events, and they are presented realisitcally; this includes but is not limited to: isolation, gaslighting, emotional and sexual abuse, and grooming tactics. This work is meant to hold a mirror up to society; it is based on the real of experiences of people who have experienced slavery and/or abuse. It is an adult work and probably should not be read by anyone under the age of 18. If you are a survivor of human trafficing and/or abuse, your feedback is welcome, but please do not read this if you think it may trigger your trauma. I did not write this with the intention of harming anyone, but rather to provide accurate representation for a group that does not normally get it in the hopes of changing the zeitgeist. I would like to see a world where more people understand what these experiences are like, so that real survivors do not have to deal with microagressions from an ignorant public. Reader discretion is highly advised.
8 1376 - In Serial330 Chapters
The Metier Apocalypse
Ronan hasn't felt the desire to do much with his life. Being trapped inside of a survival Bunker for the entire duration of his life might have had something to do with that. However, when the opportunity to return to the surface is present to him and his two friends, the man finds a fire he didn't know he had. When they discover that the world has changed beyond their expectations, it is too late. Changed by the magic that now permeates the surface, they struggle to find their place in the world. Instead of keeling over and giving up, the three friends lean on their strengths and stake their claim on the new Earth. Fighting beasts and elemental ghouls, the trio seek out others, hoping to return humanity to Earth. They will either succeed and provide a haven for the other survivors or be forced to live strangled from opportunity and freedom.
8 818 - In Serial41 Chapters
From Fire: Birth
Everything begins somewhere, even the gods. From a spark a being is born into existence. Follow Igneous a young fire sprite and his journey into godhood. With help form a unlikely friend and a little luck, fate is born.
8 121 - In Serial18 Chapters
Stuff I write.
Title says it all, I get story ideas that I post here in their infancy, and short blurbs I write when my brain needs to understand why emotions smack me upside the head. Please tell me what you think of my work This book serves as a fielding zone for ideas.
8 155