《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》234
Advertisement
၂၃၄။ ကျွင်းကျွင်းကိုကုပြီးပြီ
လင်းချင်းသည် ကန်ဘေးတွင် ထိုင်ကာ ကန်အောက်ခြေက အပြောင်းအလဲများကို အာရုံခံကြည့်သည်။ ကန်ရေထဲက စွမ်းအင်များသည် ကန်အလယ်သို့စုကာ လှိုင်းများဖြစ်နေသည်ကို တွေ့ရသည်။
ထို့နောက် စတော်ဘယ်ရီခင်းသို့ လျှောက်သွားကာ ပေါင်းပင်အချို့တွေ့သဖြင့် ထိုင်နှုတ်နေလိုက်သည်။ ကျွင်းကျွင်းကိုကုပေးခြင်းက ဘယ်လောက်ကြာမလဲ မသိသဖြင့် သူမသည် စိုက်ခင်းက ပေါင်းပင်များကို နှုတ်ဖို့ဆုံးဖြတ်လိုက်တာ ဖြစ်သည်။ အရင်က ကျွင်းကျွင်းသည် ဒါကိုလုပ်ပေးလေ့ရှိသော်လည်း ကျွင်းကျွင်းနယ်မြေထဲတွင်မရှိသည့်ရက်အတွင်းမှာ ပေါင်းပင်များက ထပ်ပေါက်လာတာဖြစ်သည်။
ဒီလိုလုပ်ပြီးနောက် ကျွင်းကျွင်းထံမှ ဘာမှမပြောင်းလဲသေးသဖြင့် သူမသည် နယ်မြေအပြင်သို့ ထွက်လာသ်။ ထိုအခါ အိပ်နေသည့်တုံတုံကို ချူးလီလီသည် ကုတင်စွန်းကိုလက်တင်၍ မေးထောက်ကာ ကြည့်နေသည်ကို မြင်လိုက်ရသည်။ လင်းချင်းထွက်လာသည်နှင့် သူမသည်ချက်ချင်းထကာ
"အား ယား ယား ယား။ အား ယား ယား ယား"
'ထွက်လာပြီလား? ကျွင်းကျွင်းရော?'
လင်းချင်းသည် နှုတ်ခမ်းပေါ်ကို လက်ညိုးတင်ပြကာ အသံတိုးတိုးဖြင့်
"တိုးတိုးပြော။ မနိုးစေနဲ့။ နိုးလာလို့ သူ့အမေကို မတွေ့ရင် အသံပြဲကြီးနဲ့ အော်ငိုနေဦးမယ်"
ချူးလီလီသည် တုံတုံကို ကြောက်လန့်စွာ တစ်ချက်ကြည့်လိုက်သည်။ ကလေးသည် နိုးလာသည့်ဟန်မရှိမှ သူမသည် သက်ပြင်းချနိုင်သည်။
'ဒီကောင်လေးစငိုလျှင် မျက်နှာကျက်တောင် ကွာကျတော့မလိုပဲ'
လင်းချင်းနှင့် ချူးလီလီတို့သည် ဆိုဖာတွင်ထိုင်လိုက်ကြကာ လင်းချင်းက ညင်သာစွာဖြင့်
"ကျွင်းကျွင်းက ကန်ထဲမှာ။ ဘယ်လောက်ကြာမလဲ ငါမပြောတက်ဘူး။ စောင့်ရအောင် မိုးမလင်းခင် ပြီးဖို့မျှော်လင့်ရတာပဲ။ မဟုတ်ရင် ဒီကလေးကို ငြိမ်အောင် ဘယ်သူမှလုပ်နိုင်တာ မဟုတ်ဘူး"
"အား ယား"
ချူးလီလီက အသံတိုးတိုးဖြင့် ပြောသည်။
'ကျေးဇူးပြုပြီး ကျွင်းကျွင်းမြန်မြန်ပြန်ထွက်လာပါစေ'
ထို့နောက် ချူးလီလီသည် လင်းချင်းပြောသည်ကို သတိရသွားကာ မေးသည်။
"အား ယား ယား။ ယား ယား ယား ယား ယား ယား"
'ညီမလေး ကိုင်တွယ်ရမယ့် ဇွန်ဘီရှိတယ်ဆို? အဆင့်ခြောက်လား? ဘာအစွမ်းလဲ? ရုပ်ဆိုးလား?'
လင်းချင်းသည် ဇွန်ဘီမငယ်ကို ပြန်တွေးကြည့်လိုက်သည်။ သူမသည် ရုပ်မဆိုးပေ။ အနည်းဆုံးတော့ ဇွန်ဘီများကြားတွင် ကြည့်ကောင်းသည့်အထဲ ပါသည်။
"နင့်အရွယ်လောက်ပဲ ရုပ်မဆိုးဘူး။ သူ့မျက်နှာတစ်ဝက်က အကြေးခွံတွေနဲ့။ လူ့စိတ်ရှိသေးပင်မယ့် စိတ်အခြေအနေက ထူးဆန်းတယ်။ စိတ်အပြောင်းအလဲ မြန်လွန်းတယ်။ မကောင်းတာ မဟုတ်ပင်မယ့် နည်းနည်းတစ်ကိုယ်ကောင်းဆန်ရုံလို့ ငါထင်တာပဲ။ နင်တို့တိုက်ဖြစ်ရင် သူ့ကိုမသတ်နဲ့။ မောင်းထုတ်ပေး"
ထိုအခါ ချူးလီလီသည် အံ့သြစွာဖြင့် မေးသည်။
"အာဟ ဟွေး?"
'ညီမလေးအရွယ်လား? သူကမကောင်းတာမဟုတ်တာက ဘာသဘောလဲ? သူ့ကိုချရမှာလား မချရဘူးလား?'
လင်းချင်းသည် ပြုံးကာပြောသည်။
"နင်သူ့ကို သင်ခန်းစာပေးစေချင်ရုံတင်ပါ။ ဒါမှမလုပ်သင့်တာတွေကို သူသိမှာ။ ဒါပင်မယ့် ဘာအစွမ်းလဲတော့ ငါလည်းမသိဘူး။ ဒါကြောင့် နင်တို့နှစ်ယောက်မှာ ဘယ်သူကပိုသန်မလဲ မပြောတက်ဘူး"
ချူးလီလီသည် လင်းချင်းကို ကြည့်ရင်း သူမလောက် အင်အားရှိသည့် ဇွန်ဘီမငယ်ကို အရမ်းစိတ်ဝင်စားနေကာ မေးသည်။
"အာ ယာ ယေး?"
'ညီမလေးလို မှတ်ညဏ်ရှိလား? လူရောသတ်ဖူးလား?'
လင်းချင်းသည် ဇွန်ဘီမငယ်၏ အပြုအမှုများကို ပြန်တွေးကြည့်ကာ
"လူသတ်တာ မမြင်ဖူးပင်မယ့် မကောင်းတာလုပ်ရတာ ကြိုက်ပုံပဲ။ ကလေးတွေကို သဘောကျပုံရတယ်။ ထိခိုက်အောင် မလုပ်ပင်မယ့် မိဘတွေဆီကတော့ ကလေးတွေကိုခိုးတယ်"
ချူးလီလီသည် လင်းချင်းကို အံ့သြစွာကြည့်ကာ
"အာ ယာ ယား? အာ?"
'ကလေးခိုးတယ်? လူကုန်ကူးတဲ့သူလား?'
လင်းချင်းသည် သူမကိုပြုံးကြည့်ကာ
"ကြည့်ရတာ ကလေးဆန်တဲ့ ရည်ရွယ်ချက်မျိုးပဲ ဖြစ်မှာပါ"
ထိုအချိန်တွင် ကျွင်းကျွင်းသည် ကန်အောက်ခြေတွင် သေမတက်နာကျင်နေသည်။ သူမ၏ကိုယ်မှနှင့် မှတ်ညဏ်များ၏ နာကျင်မှုကြောင့် သူမသည် အော်ချင်လာသည်။ သို့သော်လည်း မျက်နှာနှင့်ပါးစပ်ကို နူးညံ့သည့်အရာများက ကာထားသဖြင့် သူမသည် ပါးစပ်ဖွင့်ရသော်လည်း အော်မရပေ။ စိတ်ထဲတွင်တော့ အော်ဟစ်နေသည်။
'အား ဟွမ်ထန်ဖေး ခွေးကောင်! ငါနင့်ကို ခွင့်မလွှတ်ဘူး! တိရစ္ဆာန်ထက်ဆိုးတဲ့ကောင် ရက်စက်တဲ့ကောင်!'
သူမတို့သားအမိတို့ စွန့်ပစ်သွားသူအား သူမကို စွန့်ပစ်ခြင်းကို ခွင့်လွှတ်ပေးနိုင်သော်လည်း တုံတုံကိုစွန့်ပစ်ကာ အစာနှင့်ရေများ ယူသွားခြင်းကိုတော့ ဘယ်တော့မှ ခွင့်မလွှတ်နိုင်ပေ။ မှတ်ညဏ်အပိုင်းအစများသည် စိတ်ထဲတွင် ရောထွေးကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိနေသည်။
သူမတို့သည် ဟေးဒီးစခန်းမှနေ ထွက်ပြေးလာကြသည်ကို မှတ်မိသည်။ ဟွမ်ထန်ဖေးနှင့် အခြားအဆင့်ငါးစွမ်းအားရှင်ငါးယောက်တို့သည် မိသားစုများကိုခေါ်ကာ ပင်လယ်မြို့တော်အခြေစိုက်စခန်းသို့ ထွက်ပြေးလာကြတာ ဖြစ်သည်။ ထိုငါးယောက်သည် ဟေးဒီးစခန်းမှာ တိုက်ခိုက်ခံရတော့မည်ကို ကြိုသိသဖြင့် ကြိုပြေးလာတာ ဖြစ်သည်။
ထိုအချိန်တုန်းက ကျွင်းကျွင်းသည် ဘာဖြစ်မှန်ကို မသိပေ။ သူမသိသည်က ဟွမ်ထန်ဖေးသည် အလျင်စလိုဖြင့်ရောက်လာကာ သူတို့အားပစ္စည်းများသိမ်းခိုင်း၍ သူမ၏သားနှင့်အတူ စခန်းမှ အတူထွက်ပြေးခိုင်းခြင်းပင်။ ဘာမှမပြောသဖြင့် သူမသည်လည်း ဘာဖြစ်မှန်းကို မသိခဲ့ပေ။ အခုတော့ လင်းချင်းပြောပြပုံအရ စခန်းသည် ထိုအချိန်တုန်းက တိုက်ခိုက်ခံရတာ ဖြစ်မည်။
Advertisement
'လင်းချင်း. . .လင်းချင်း. . .ငရဲမီးခေါင်းဆောင်'
ရုတ်တရက် ကျွင်းကျွင်းသည် တစ်ခုကို တွေးမိသွားသည်။ သို့သော်လည်း သေချာမတွေးနိုင်ခင် ခေါင်းပေါက်မတက် စွမ်းအားများက ဝင်လာကာ မှတ်ညဏ်များက ပြန့်ကျဲကုန်သည်။ ထိုစွမ်းအားများသည် သူမ၏ခေါင်းထဲတွင် ဘောလုံးဝင်နေသလို ကိုက်ခဲစေကာ ခေါင်းပေါက်ထွက်မတက်ပင်။
"အား!"
နာကျင်မှုပြင်းသဖြင့် ကျွင်းကျွင်းသည် စိတ်ထဲတွင် မအော်ဘဲမနေနိုင်ပေ။ စွမ်းအားများသည် ပိုကျယ်ပြန့်လာကာ ကြီးလာပြီး သူမ၏ခေါင်းသည် ဘတ်စကတ်ဘောကွင်းလောက် ကြီးသွားသလို ခံစားရကာ စွမ်းအားများသည် ဦးနှောက်အလယ်တွင်ကျုံ့သွားသည်။
ကျွင်းကျွင်းသည် ကိုယ်ကိုလျှော့လိုက်ကာ လေရှုဖို့လုပ်သော်လည်း သူမ၏ပါးစပ်နှင့်နှာခေါင်းက ပိတ်ခံထားရသည်။ ထိုအချိန်တွင် ဦးနှောက်အလယ်တွင် ကျုံ့သွားသည့် စွမ်းအားများက စုလာကာ လည်ပင်းမှတစ်ဆင့် သူမ၏တစ်ကိုယ်လုံးသို့ စွမ်းအားများက စီးဆင်းသွားသည်။
သိပ်မကြာသည့်အချိန်တွင် ချူးလီလီဖြင့် ဇွန်ဘီမငယ်အကြောင်း ပြောနေသည့် လင်းချင်းသည် တစ်ခုခုကို အာရုံရသည်။ ထို့ကြောင့် သူမ၏နယ်မြေထဲကို မဝင်ခင်
"ကျွင်းကျွင်းက ထွက်လာတော့မယ် ထင်တယ်။ ငါသွားကြည့်လိုက်ဦးမယ်"
ရေကန်ဘေးတွင်ရပ်လိုက်သည့်အခါ ကန်ရေသည် တက်လာသည်ကို တွေ့ရသည်။
'ရေကဘယ်ကနေလာတာလဲ? နယ်မြေထဲမှာ ရေတွေနဲ့ကန် ဘာဖြစ်လို့ ရှိနေလဲဆိုတာကို ငါတွေးနေတာ။ ရေတွေက ဘယ်ကလာတာလဲ? ရေတွေက် တက်လာပင်မယ့် ရေအရင်းမြစ်က ဘယ်ကလဲဆိုတာကို ငါမသိဘူး'
ရုတ်တရက် လှိုင်းကြီးတစ်ခုက ရေမျက်နှာပြင်ပေါ်သို့ တက်လာကာ ငြိမ်သွားသည်။ ထို့နောက် လင်းချင်းရှိရာ ကန်စပ်သို့ တစ်ယောက်က ကူးလာသည်။
Zawgyi Ver
၂၃၄။ ကြၽင္းကြၽင္းကိုကုၿပီးၿပီ
လင္းခ်င္းသည္ ကန္ေဘးတြင္ ထိုင္ကာ ကန္ေအာက္ေျခက အေျပာင္းအလဲမ်ားကို အာ႐ုံခံၾကည့္သည္။ ကန္ေရထဲက စြမ္းအင္မ်ားသည္ ကန္အလယ္သို႔စုကာ လွိုင္းမ်ားျဖစ္ေနသည္ကို ေတြ႕ရသည္။
ထို႔ေနာက္ စေတာ္ဘယ္ရီခင္းသို႔ ေလွ်ာက္သြားကာ ေပါင္းပင္အခ်ိဳ႕ေတြ႕သျဖင့္ ထိုင္ႏႈတ္ေနလိုက္သည္။ ကြၽင္းကြၽင္းကိုကုေပးျခင္းက ဘယ္ေလာက္ၾကာမလဲ မသိသျဖင့္ သူမသည္ စိုက္ခင္းက ေပါင္းပင္မ်ားကို ႏႈတ္ဖို႔ဆုံးျဖတ္လိုက္တာ ျဖစ္သည္။ အရင္က ကြၽင္းကြၽင္းသည္ ဒါကိုလုပ္ေပးေလ့ရွိေသာ္လည္း ကြၽင္းကြၽင္းနယ္ေျမထဲတြင္မရွိသည့္ရက္အတြင္းမွာ ေပါင္းပင္မ်ားက ထပ္ေပါက္လာတာျဖစ္သည္။
ဒီလိုလုပ္ၿပီးေနာက္ ကြၽင္းကြၽင္းထံမွ ဘာမွမေျပာင္းလဲေသးသျဖင့္ သူမသည္ နယ္ေျမအျပင္သို႔ ထြက္လာသ္။ ထိုအခါ အိပ္ေနသည့္တုံတုံကို ခ်ဴးလီလီသည္ ကုတင္စြန္းကိုလက္တင္၍ ေမးေထာက္ကာ ၾကည့္ေနသည္ကို ျမင္လိုက္ရသည္။ လင္းခ်င္းထြက္လာသည္ႏွင့္ သူမသည္ခ်က္ခ်င္းထကာ
"အား ယား ယား ယား။ အား ယား ယား ယား"
'ထြက္လာၿပီလား? ကြၽင္းကြၽင္းေရာ?'
လင္းခ်င္းသည္ ႏႈတ္ခမ္းေပၚကို လက္ညိုးတင္ျပကာ အသံတိုးတိုးျဖင့္
"တိုးတိုးေျပာ။ မနိုးေစနဲ႕။ နိုးလာလို႔ သူ႕အေမကို မေတြ႕ရင္ အသံၿပဲႀကီးနဲ႕ ေအာ္ငိုေနဦးမယ္"
ခ်ဴးလီလီသည္ တုံတုံကို ေၾကာက္လန့္စြာ တစ္ခ်က္ၾကည့္လိုက္သည္။ ကေလးသည္ နိုးလာသည့္ဟန္မရွိမွ သူမသည္ သက္ျပင္းခ်နိဳင္သည္။
'ဒီေကာင္ေလးစငိုလွ်င္ မ်က္ႏွာက်က္ေတာင္ ကြာက်ေတာ့မလိုပဲ'
လင္းခ်င္းႏွင့္ ခ်ဴးလီလီတို႔သည္ ဆိုဖာတြင္ထိုင္လိုက္ၾကကာ လင္းခ်င္းက ညင္သာစြာျဖင့္
"ကြၽင္းကြၽင္းက ကန္ထဲမွာ။ ဘယ္ေလာက္ၾကာမလဲ ငါမေျပာတက္ဘူး။ ေစာင့္ရေအာင္ မိုးမလင္းခင္ ၿပီးဖို႔ေမွ်ာ္လင့္ရတာပဲ။ မဟုတ္ရင္ ဒီကေလးကို ၿငိမ္ေအာင္ ဘယ္သူမွလုပ္နိုင္တာ မဟုတ္ဘူး"
"အား ယား"
ခ်ဴးလီလီက အသံတိုးတိုးျဖင့္ ေျပာသည္။
'ေက်းဇူးျပဳၿပီး ကြၽင္းကြၽင္းျမန္ျမန္ျပန္ထြက္လာပါေစ'
ထို႔ေနာက္ ခ်ဴးလီလီသည္ လင္းခ်င္းေျပာသည္ကို သတိရသြားကာ ေမးသည္။
"အား ယား ယား။ ယား ယား ယား ယား ယား ယား"
'ညီမေလး ကိုင္တြယ္ရမယ့္ ဇြန္ဘီရွိတယ္ဆို? အဆင့္ေျခာက္လား? ဘာအစြမ္းလဲ? ႐ုပ္ဆိုးလား?'
လင္းခ်င္းသည္ ဇြန္ဘီမငယ္ကို ျပန္ေတြးၾကည့္လိုက္သည္။ သူမသည္ ႐ုပ္မဆိုးေပ။ အနည္းဆုံးေတာ့ ဇြန္ဘီမ်ားၾကားတြင္ ၾကည့္ေကာင္းသည့္အထဲ ပါသည္။
"နင့္အ႐ြယ္ေလာက္ပဲ ႐ုပ္မဆိုးဘူး။ သူ႕မ်က္ႏွာတစ္ဝက္က အေၾကးခြံေတြနဲ႕။ လူ႕စိတ္ရွိေသးပင္မယ့္ စိတ္အေျခအေနက ထူးဆန္းတယ္။ စိတ္အေျပာင္းအလဲ ျမန္လြန္းတယ္။ မေကာင္းတာ မဟုတ္ပင္မယ့္ နည္းနည္းတစ္ကိုယ္ေကာင္းဆန္႐ုံလို႔ ငါထင္တာပဲ။ နင္တို႔တိုက္ျဖစ္ရင္ သူ႕ကိုမသတ္နဲ႕။ ေမာင္းထုတ္ေပး"
ထိုအခါ ခ်ဴးလီလီသည္ အံ့ၾသစြာျဖင့္ ေမးသည္။
"အာဟ ေဟြး?"
'ညီမေလးအ႐ြယ္လား? သူကမေကာင္းတာမဟုတ္တာက ဘာသေဘာလဲ? သူ႕ကိုခ်ရမွာလား မခ်ရဘူးလား?'
လင္းခ်င္းသည္ ၿပဳံးကာေျပာသည္။
"နင္သူ႕ကို သင္ခန္းစာေပးေစခ်င္႐ုံတင္ပါ။ ဒါမွမလုပ္သင့္တာေတြကို သူသိမွာ။ ဒါပင္မယ့္ ဘာအစြမ္းလဲေတာ့ ငါလည္းမသိဘူး။ ဒါေၾကာင့္ နင္တို႔ႏွစ္ေယာက္မွာ ဘယ္သူကပိုသန္မလဲ မေျပာတက္ဘူး"
ခ်ဴးလီလီသည္ လင္းခ်င္းကို ၾကည့္ရင္း သူမေလာက္ အင္အားရွိသည့္ ဇြန္ဘီမငယ္ကို အရမ္းစိတ္ဝင္စားေနကာ ေမးသည္။
"အာ ယာ ေယး?"
'ညီမေလးလို မွတ္ညဏ္ရွိလား? လူေရာသတ္ဖူးလား?'
လင္းခ်င္းသည္ ဇြန္ဘီမငယ္၏ အျပဳအမႈမ်ားကို ျပန္ေတြးၾကည့္ကာ
"လူသတ္တာ မျမင္ဖူးပင္မယ့္ မေကာင္းတာလုပ္ရတာ ႀကိဳက္ပုံပဲ။ ကေလးေတြကို သေဘာက်ပဳံရတယ္။ ထိခိုက္ေအာင္ မလုပ္ပင္မယ့္ မိဘေတြဆီကေတာ့ ကေလးေတြကိုခိုးတယ္"
ခ်ဴးလီလီသည္ လင္းခ်င္းကို အံ့ၾသစြာၾကည့္ကာ
"အာ ယာ ယား? အာ?"
'ကေလးခိုးတယ္? လူကုန္ကူးတဲ့သူလား?'
လင္းခ်င္းသည္ သူမကိုၿပဳံးၾကည့္ကာ
"ၾကည့္ရတာ ကေလးဆန္တဲ့ ရည္႐ြယ္ခ်က္မ်ိဳးပဲ ျဖစ္မွာပါ"
ထိုအခ်ိန္တြင္ ကြၽင္းကြၽင္းသည္ ကန္ေအာက္ေျခတြင္ ေသမတက္နာက်င္ေနသည္။ သူမ၏ကိုယ္မွႏွင့္ မွတ္ညဏ္မ်ား၏ နာက်င္မႈေၾကာင့္ သူမသည္ ေအာ္ခ်င္လာသည္။ သို႔ေသာ္လည္း မ်က္ႏွာႏွင့္ပါးစပ္ကို ႏူးညံ့သည့္အရာမ်ားက ကာထားသျဖင့္ သူမသည္ ပါးစပ္ဖြင့္ရေသာ္လည္း ေအာ္မရေပ။ စိတ္ထဲတြင္ေတာ့ ေအာ္ဟစ္ေနသည္။
'အား ဟြမ္ထန္ေဖး ေခြးေကာင္! ငါနင့္ကို ခြင့္မလႊတ္ဘူး! တိရစာၦန္ထက္ဆိုးတဲ့ေကာင္ ရက္စက္တဲ့ေကာင္!'
သူမတို႔သားအမိတို႔ စြန့္ပစ္သြားသူအား သူမကို စြန့္ပစ္ျခင္းကို ခြင့္လႊတ္ေပးနိုင္ေသာ္လည္း တုံတုံကိုစြန့္ပစ္ကာ အစာႏွင့္ေရမ်ား ယူသြားျခင္းကိုေတာ့ ဘယ္ေတာ့မွ ခြင့္မလႊတ္နိုင္ေပ။ မွတ္ညဏ္အပိုင္းအစမ်ားသည္ စိတ္ထဲတြင္ ေရာေထြးကာ တစ္ခုႏွင့္တစ္ခု ခ်ိတ္ဆက္မိေနသည္။
သူမတို႔သည္ ေဟးဒီးစခန္းမွေန ထြက္ေျပးလာၾကသည္ကို မွတ္မိသည္။ ဟြမ္ထန္ေဖးႏွင့္ အျခားအဆင့္ငါးစြမ္းအားရွင္ငါးေယာက္တို႔သည္ မိသားစုမ်ားကိုေခၚကာ ပင္လယ္ၿမိဳ႕ေတာ္အေျခစိုက္စခန္းသို႔ ထြက္ေျပးလာၾကတာ ျဖစ္သည္။ ထိုငါးေယာက္သည္ ေဟးဒီးစခန္းမွာ တိုက္ခိုက္ခံရေတာ့မည္ကို ႀကိဳသိသျဖင့္ ႀကိဳေျပးလာတာ ျဖစ္သည္။
ထိုအခ်ိန္တုန္းက ကြၽင္းကြၽင္းသည္ ဘာျဖစ္မွန္ကို မသိေပ။ သူမသိသည္က ဟြမ္ထန္ေဖးသည္ အလ်င္စလိုျဖင့္ေရာက္လာကာ သူတို႔အားပစၥည္းမ်ားသိမ္းခိုင္း၍ သူမ၏သားႏွင့္အတူ စခန္းမွ အတူထြက္ေျပးခိုင္းျခင္းပင္။ ဘာမွမေျပာသျဖင့္ သူမသည္လည္း ဘာျဖစ္မွန္းကို မသိခဲ့ေပ။ အခုေတာ့ လင္းခ်င္းေျပာျပပုံအရ စခန္းသည္ ထိုအခ်ိန္တုန္းက တိုက္ခိုက္ခံရတာ ျဖစ္မည္။
'လင္းခ်င္း. . .လင္းခ်င္း. . .ငရဲမီးေခါင္းေဆာင္'
႐ုတ္တရက္ ကြၽင္းကြၽင္းသည္ တစ္ခုကို ေတြးမိသြားသည္။ သို႔ေသာ္လည္း ေသခ်ာမေတြးနိုင္ခင္ ေခါင္းေပါက္မတက္ စြမ္းအားမ်ားက ဝင္လာကာ မွတ္ညဏ္မ်ားက ျပန့္က်ဲကုန္သည္။ ထိုစြမ္းအားမ်ားသည္ သူမ၏ေခါင္းထဲတြင္ ေဘာလုံးဝင္ေနသလို ကိုက္ခဲေစကာ ေခါင္းေပါက္ထြက္မတက္ပင္။
"အား!"
နာက်င္မႈျပင္းသျဖင့္ ကြၽင္းကြၽင္းသည္ စိတ္ထဲတြင္ မေအာ္ဘဲမေနနိုင္ေပ။ စြမ္းအားမ်ားသည္ ပိုက်ယ္ျပန့္လာကာ ႀကီးလာၿပီး သူမ၏ေခါင္းသည္ ဘတ္စကတ္ေဘာကြင္းေလာက္ ႀကီးသြားသလို ခံစားရကာ စြမ္းအားမ်ားသည္ ဦးေႏွာက္အလယ္တြင္က်ဳံ႕သြားသည္။
ကြၽင္းကြၽင္းသည္ ကိုယ္ကိုေလွ်ာ့လိုက္ကာ ေလရႈဖို႔လုပ္ေသာ္လည္း သူမ၏ပါးစပ္ႏွင့္ႏွာေခါင္းက ပိတ္ခံထားရသည္။ ထိုအခ်ိန္တြင္ ဦးေႏွာက္အလယ္တြင္ က်ဳံ႕သြားသည့္ စြမ္းအားမ်ားက စုလာကာ လည္ပင္းမွတစ္ဆင့္ သူမ၏တစ္ကိုယ္လုံးသို႔ စြမ္းအားမ်ားက စီးဆင္းသြားသည္။
သိပ္မၾကာသည့္အခ်ိန္တြင္ ခ်ဴးလီလီျဖင့္ ဇြန္ဘီမငယ္အေၾကာင္း ေျပာေနသည့္ လင္းခ်င္းသည္ တစ္ခုခုကို အာ႐ုံရသည္။ ထို႔ေၾကာင့္ သူမ၏နယ္ေျမထဲကို မဝင္ခင္
"ကြၽင္းကြၽင္းက ထြက္လာေတာ့မယ္ ထင္တယ္။ ငါသြားၾကည့္လိုက္ဦးမယ္"
ေရကန္ေဘးတြင္ရပ္လိုက္သည့္အခါ ကန္ေရသည္ တက္လာသည္ကို ေတြ႕ရသည္။
'ေရကဘယ္ကေနလာတာလဲ? နယ္ေျမထဲမွာ ေရေတြနဲ႕ကန္ ဘာျဖစ္လို႔ ရွိေနလဲဆိုတာကို ငါေတြးေနတာ။ ေရေတြက ဘယ္ကလာတာလဲ? ေရေတြက္ တက္လာပင္မယ့္ ေရအရင္းျမစ္က ဘယ္ကလဲဆိုတာကို ငါမသိဘူး'
႐ုတ္တရက္ လွိုင္းႀကီးတစ္ခုက ေရမ်က္ႏွာျပင္ေပၚသို႔ တက္လာကာ ၿငိမ္သြားသည္။ ထို႔ေနာက္ လင္းခ်င္းရွိရာ ကန္စပ္သို႔ တစ္ေယာက္က ကူးလာသည္။
Advertisement
- In Serial327 Chapters
The Mysterious Black Magician
RPG STYLE NOVEL, MC DOING QUEST, KILLING MONSTERS, LEVELING UP, GAINING SKILL, AND etc…
7.91 1691 - In Serial14 Chapters
Dive Sasquatch God!
Kimarya is a quirky and eccentric girl who's also strangely obsessed with this mythical creature known as Sasquatch from her previous world. She arrives in a magical and dangerous world on the brink of its most deadly transition. Where two worlds of magical powers, ancient monsters and civilizations collide. She must survive and THRIVE using the help of her futuristic knowledge, a hyper-strengthened subconscious, and Sasquatch, whose fate and soul somehow mysteriously intertwined with hers to forge a path of power, discovery, and understanding that resonates with her heart.
8 263 - In Serial18 Chapters
Long War [Oldest]
It was a war. It was silent, so silent that few people ever noticed that it was happening, and long. So long that those who knew forgot why it ever started. Humanity had fought against itself... and lost. Prosperity, democracy and human rights were a thing of the past now, as the world fell into Sovereigns's hands - a handful of transnational corporations (and their CEOs) that monopolized the world economy. The resistance had been long silenced with the policy of bread and games. Now, over a hundred years later, something happened. One of the Sovereigns created a VRMMORPG like none other. A science fiction game, where players could explore the Galaxy... full of advanced technologies, bloodthirsty aliens and even magic. Was it a simple computer game, or... something else?
8 254 - In Serial19 Chapters
SuperTraveler: Lost in Another World
Rejected by his world, a mulleted teen who lives his life as a caricature of his old man's glory days is forced to take care of a dragon's princess. These two normal people, at least normal unto their respective worlds, struggle to cope with becoming the monsters that a bunch of mad gods need them to be. Do they side with the insane god escaping the organic clockwork of Death, the god who wants to destroy that evil, or perhaps, a third option? Content Warning: This will depict substance abuse, suicidal thoughts, and will likely become an ongoing list of content advisories. This is going to be an adventure-centric story, not a battle fantasy. It's got elements of LitRPG and standard isekai, but not for the MC. He's got a different path to follow, one without power-leveling and harems.
8 147 - In Serial14 Chapters
Order of the Chronicle
There is a guild called Chronicle in the MMO Endless Story Saga, a guild that is solely made up from students in one college. A guild comprised of above average students and expert players of E.S.S., a guild that focused soley and discovering and keeping the deep secrets of the game. But something mysterious pulls them away from the safe lives of study and gaming.
8 131 - In Serial3 Chapters
Bésame Mucho (Fan Continuation)
*This is a fan-written continuation of the unfinished Spamano fanfic "Bésame Mucho" by George deValier. Please read the foreword before proceeding.Original summary:WW2 AU. Lovino Vargas only ever wanted something exciting to happen in his boring, everyday Italian village existence. He never expected war, Resistance, love, passion, treason, or a cheerful, confusing, irritatingly attractive Spanish freedom fighter.Hetalia is the property of Himaruya Hidekaz, and the Veraverse is the creation of George deValier.
8 149

