《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》225
Advertisement
၂၂၅။ လိမ်နေတာလား?
သူတို့နှစ်ယောက်ကို မြင်သည့်အခါ ဝူချန်းယွဲ့သည် လုထန်ရိတို့နှင့် စကားမပြောတော့ဘဲ ရှောင်ယွင့်လုံရှိသည့် အမိုးပေါ်သို့ ခုန်ကူးသွားသည်။
"ယွင့်လုံ! မုန့်ယွဲ့! မင်းတို့ဘာဖြစ်တာလဲ?"
ဝူချန်းယွဲ့သည် ပြုံးနေခြင်းမရှိတော့ဘဲ သူတို့အား တည်ကြည်စွာမေးသည်။
ရှောင်ယွင့်လုံသည် ခေါင်းမော့လာသော်လည်း ဝူချန်းယွဲ့ကို မကြည့်ရဲပေ။
ဝူချန်းယွဲ့က စိတ်ပူစွာဖြင့် ထပ်မေးသည်။
"ဘာဖြစ်လို့ မင်းတို့က ဒီကိုရောက်လာတာလဲ? လျန်လျန်ရော? ဘယ်လိုလုပ်ထားခဲ့တာလဲ? တပ်ဖွဲ့တွေကို အဆင့်မြင့်ဇွန်ဘီလာတိုက်ရင် ဘယ်လိုလုပ်မလဲ?"
လုထန်ရိတို့သည် ဘာဖြစ်နေမှန်းမသိဖြင့် အချင်းချင်းကြည့်မိကြသည်။ ထို့နောက် သူတို့သည် ထိုအဆောက်အဦးသို့ ခုန်တက်လိုက်လာကြသည်။ သို့သော်လည်း ဝူချန်းယွဲ့နှင့် ခပ်ဝေးဝေးတွင်တော့ နေသေးသည်။
ဒုခေါင်းဆောင်ရှောင်၏ပုံကို ကြည့်ရသည်မှာ တစ်ခုခုဖြစ်ခဲ့သည်က သေချာသည်။ ထိုအမျိုးသမီးက မင်းသမီးလေးကို ကယ်လာခဲ့သည်မှာ မထူးဆန်းပေ။ သူမသာ ကလေးကို မကယ်ခဲ့ပါက အကျိုးဆက်သည် မတွေးဝံ့စရာပေ။
လုထန်ရိတို့သည် ဖြစ်စဉ်တစ်ခုလုံးနီးပါးကို သိသွားကြသော်လည်း ဝူချန်းယွဲ့ကတော့ မသိသေးပေ။ သို့သော်လည်း သူအနည်းငယ်တော့ လန့်နေပြီ။ ရှောင်ယွင့်လုံနှင့် မုန့်ယွဲ့တို့ကို ကြည့်ရသည်မှာ တစ်ခုခုဖြစ်ခဲ့ရပုံရသည်။ ပိုအရေးကြီးသည်မှာ သူ့သမီးလေးသည် သူတို့နှင့် အတူရှိမနေပေ။
"ရှောင်ယွင့်လုံ! ပြောစမ်း လျန်လျန်ဘယ်မှာလဲ? မုန့်ယွဲ့က ဘာဖြစ်တာလဲ?"
ဝူချန်းယွဲ့သည် မုန့်ယွဲ့ကို တစ်ချက်ကြည့်ကာ ရှောင်ယွင့်လုံကို ဒဲ့မေးလိုက်သည်။
"ငါတောင်းပန်ပါတယ်"
ရှောင်ယွင့်လုံသည် သူ့ကိုတစ်ချက်ကြည့်ကာ ခါးသီးနေသည့်မျက်နှာဖြင့် ခြောက်ကပ်စွာ တောင်းပန်သည်။
ရင်ထဲကနေ ဆို့တက်လာသည့် မကောင်းသည့် ခံစားချက်ကြောင့် သူငယ်အိမ်များသည် ကျုံ့သွားသည်။ ထို့နောက် မယုံနိုင်စွာဖြင့်
"မဟုတ်ဘူး။ ငါမင်းတောင်းပန်တာကို မလိုချင်ဘူး! ဘာဖြစ်လို့ တောင်းပန်နေတာလဲ? လျန်လျန်ရော? လျန်လျန်က ဘယ်မှာလဲ?"
သူသည် ကျယ်လောင်စွာ အော်ပြောနေသော်လည်း ရှောင်ယွင့်လုံသည် စကားသုံးလုံးကိုကိုသာ ပြောနေသည်။
"တောင်းပန်တယ်။ တောင်းပန်တယ်"
ရှောင်ယွင့်လုံ၏ အပြုအမှုကြောင့် ဝူချန်းယွဲ့သည် သူထင်တာမှန်ကြောင်း သိလိုက်သည်။ လျန်လျန်သာ လုံခြုံနေရင် ရှောင်ယွင့်လုံက သူ့ကိုတောင်းပန်စရာ မလိုပေ။ ထို့အတူ သူ့အားမျက်လုံးချင်းတောင် ဆုံမကြည့်နိုင်ဖြစ်နေသည်။ ထိုအခါ သူ့မျက်နှာသည် ရှုံ့မဲ့လာသည်။ သူ့ကြည့်ကောင်းသည့် မျက်လုံးသွယ်သွယ်လေးများသည်လည်း အခုတော့ ပြူးကျယ်နေကာ နားထင်တွင်သွေးကြောများက ထင်းလာသည်။
ဝူချန်းယွဲ့၏ စွမ်းအားများသည် တစ်ကိုယ်လုံးကနေ ထွက်လာတော့မလို ဖြစ်လာသည့်အခါ လုထန်ရိတို့သည် သူ့ကိုယ်သူမထိန်းနိုင်တော့မှန်း သိလိုက်ကြသည်။ လုထန်ရိက အမြန်ထအော်သည်။
"ခနလေး! ခေါင်းဆောင်! စိတ်လျှော့! စိတ်လျှော့! လျန်လျန်က ဒီမှာ!"
လုထန်ရိ၏အသံကြောင့် သူသည် တစ်ချက်လေးတောင် နောက်ကိုလှည့်မကြည့်ဘဲ အသံနက်နက်ဖြင့်
"စိတ်လျှော့ရမယ်? ငါဒီကိုမလာခင် လျန်လျန်ကို အပ်ထားခဲ့တာကို မင်းသိလား? အခုတော့ သူကလျန်လျန်နဲ့ မရှိတော့ဘူး လျန်လျန်က သူ့အကာအကွယ် ဒါမှမဟုတ် ငါ့အကာအကွယ်မရှိရင် ဘယ်လိုဒုက္ခရောက်နေမလဲကို နားလည်လို့လား? အခုတော့ သူကဒီမှာ မုန့်ယွဲ့နဲ့အတူ ရောက်လာတယ်။ ဒါဆိုရင် ငါ့လျန်လျန်ကရော?"
"ဒီမှာ! လျန်လျန်က ဒီမှာရှိတယ်!!!"
ဝူချန်းယွဲ့၏ နီရဲနေသည့် မျက်လုံးများကို ကြည့်ကာ လူစုသည် တစ်သံတည်းဖြေကြသည်။
"ဟုတ်တယ်! လျန်လျန်က အဆင်ပြေတယ်! ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါ! "
ကောင်းချင်းမင်းက သတိထားကာ ပြောသည်။ ခေါင်းဆောင်ဝူသာ ဒီနေရာမှာ အသိစိတ်လွတ်သွားပါက သူတို့အဖွဲ့သည် ငရဲကျခံရတော့မှာ ဖြစ်သည်။
ခေါင်းဆောင်ဝူသည် သဘောကောင်းကာ ပြုံးနေတက်သော်လည်း သူ့အဖိုးတန်သမီးလေးနှင့် ပတ်သတ်လျှင် ဒီသဘောကောင်းသည့်သူမှာ အလွန်ဆိုးဝါးသည့် အကြမ်းဖက်သမား ဖြစ်သွားတက်သည်။ အဆင့်၇စွမ်းအားရှင်လည်း ဖြစ်နေသေးရာ သူစိတ်လွတ်သွားပါက သူ့ကိုယ်သူဖောက်ခွဲမိသွားနိုင်သည်။
"ဘာပြောလိုက်တာ?"
ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံသည် တစ်သံတည်းဖြင့် လှည့်ကြည့်လာကြသည်။
ဝူချန်းယွဲ့က ဘာမှထပ်မပြောရသေးခင် ရှောင်ယွင့်လုံက
"မဖြစ်နိုင်တာ! လျန်လျန်က ဘယ်လိုလုပ် ဒီမှာရှိမှာလဲ? ဇွန်ဘီဘုရင်မက ဒီကိုခေါ်လာလို့လား!"
သူ့စကားများသည် ဝူချန်းယွဲ့၏ အထင်မှန်ကြောင်းကို သေချာသွားစေသည်။ ဝူချန်းယွဲ့သည် သူ့ကိုချက်ချင်းပြန်လှည့်ကြည့်ကာ
"ဘာ? ဇွန်ဘီဘုရင်မ? ဘာဖြစ်လို့ လျန်လျန်က ဇွန်ဘီဘုရင်မနဲ့ ရှိနေတာလဲ?"
ရှောင်ယွင့်လုံသည် ဝူချန်းယွဲ့ကိုတစ်ချက်ကြည့်ကာ ခေါင်းပြန်ငုံ့သွားကာ ရှုံ့မဲ့နေသည့် မျက်နှာဖြင့် ရေရွတ်သည်။
"ငါတောင်းပန်ပါတယ်။ ငါ့အမှားပါ။ ငါလျန်လျန်ကို မကာကွယ်နိုင်ဘူး။ ထူးဆန်းတဲ့ ဇွန်ဘီဘုရင်မကို ခေါ်သွားခွင့်ပေးမိလိုက်တယ်။ ငါတောင်းပန်ပါတယ်။ တောင်းပန်တယ်"
ဝူချန်းယွဲ့၏ သူငယ်အိမ်များသည် ထပ်ကျုံ့သွားသည်။ သူသည် နောက်သို့ဆုတ်ကာ မယုံနိုင်စွာဖြင့်
"မဖြစ်နိုင်ဘူး! ဘယ်လိုလုပ်ပြီးတော့ နောက်ထပ်ဇွန်ဘီဘုရင်က ရှိနေမှာလဲ? မင်းလိမ်နေတာ။ လိမ်နေတာမလား? ရှောင်ယွင့်လုံ မင်းငါ့ကိုလိမ်နေတာ!"
အရပ်ရှည်ကာ ထွားကျိုင်းသည့် ရှောင်ယွင့်လုံ၏ကိုယ်သည် လဲတော့မလို ကိုင်းညွတ်လာကာ ဘာမှမပြောပေ။
ဝူချန်းယွဲ့၏ မျက်နှာထက်က ဒေါသတို့က ပိုဆိုးလာသည်ကို မြင်သည့်အခါ လူစုသည် စိုးရိမ်လာကာ လုထန်ရိက
"ခေါင်းဆောင်! လျန်လျန်က အဆင်ပြေတယ်! အခုကျွန်တော်တို့နဲ့အတူရှိနေတာ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ!"
"အစ်မကြီး! ပုန်းမနေနဲ့! ထွက်လာပါတော့!"
Advertisement
လျူကျင်းသည် ကောင်းကင်ကိုကြည့်ကာ အော်သည်။
ဝူချန်းယွဲ့သည် လုထန်ရိ၏ စကားများကို သိပ်အာရုံမစိုက်နိုင်ပေ။ ရှောင်ယွင့်လုံသည်လည်း မုန့်ယွဲ့နှင့်လျန်လျန်တို့ ကားမှောက်သွားသည့် မြင်ကွင်းကြောင့် အခုအချိန်တွင် ဘယ်သူဘာပြောပြော နားမထောင်နိုင်တော့ပေ။ သို့သော်လည်း လျူကျင်း၏ အော်သံကြောင့် ဝူချန်းယွဲ့သည် အာရုံရောက်လာကာ လုထန်ရိကို နားမလည်စွာ လှည့်ကြည့်သည်။
လုထန်ရိသည် ရှေ့သို့ခြေလှမ်းအချို့တိုးသွားကာ
"စိတ်အေးအေးထားပြီး နားထောင်ပါ။ လျန်လျန်က အခုကျွန်တော်တို့နဲ့ အတူရှိနေတာ။ ဇွန်ဘီဘုရင်မက ခေါ်သွားတာ ဟုတ်ပင်မယ့် ဘာမှမဖြစ်ဘဲ ကယ်ခံလိုက်ရတယ်။ ဒါကြောင့် စိတ်အေးအေးထားပါ"
"ဘာ?"
ဝူချန်းယွဲ့သည် သူ့ကိုမယုံနိုင်စွာ ကြည့်သည်။
"သူပြောတာ အမှန်ပဲ!"
ကောင်းချင်းမင်းက အမြန်ထပ်ပြောသည်။
"ခုနက ပျောက်သွားတဲ့တစ်ယောက်ပဲ။ သူ့မှာနယ်မြေရှိတယ်။ လျန်လျန်က သူ့နယ်မြေထဲမှာ အခုရှိတယ်။ ဒါကြောင့် စိတ်အေးအေးထားပါ။ လျန်လျန်ကို သူထုတ်လာပေးပါလိမ့်မယ်"
ထိုအခါမှ ရှောင်ယွင့်လုံသည်လည်း ကောင်းချင်းမင်းကို နားမလည်စွာဖြင့် ကြည့်လာသည်။
ထိုအချိန်တွင် သူတို့စကားကို နားထောင်နေသည့် လင်းချင်းသည် ထွက်လာဖို့ အချိန်ရပြီဟု ခံစားမိသည်။ ထို့ကြောင့် အခြားအဆောက်အဦးတစ်ခုပေါ်သို့ ခုန်ကူးလိုက်ကာ ကိုယ်ပြန်ဖော်လိုက်ပြီး အမိုးစွန်ကာ အုတ်ဘောင်တန်းတွင် ရပ်နေလိုက်သည်။
လင်းချင်းပေါ်လာသည်နှင့် လူစုသည် သူမကိုလှည့်ကြည့်ကြသည်။ သူမကို မြင်သည်နှင့် ဝူချန်းယွဲ့သည် ချက်ချင်းတိုက်ဖို့ပြင်သော်လည်း လုထန်ရိက လှမ်းပြောလိုက်မှ ရပ်သွားသည်။
"ခနလေး! ခေါင်းဆောင် ဒီမှာနေသင့်တယ်။ မဟုတ်ရင် နယ်မြေထဲကို ထပ်ပြေးနေဦးမယ်"
ဝူချန်းယွဲ့သည် လင်းချင်းကို သောကအပြည့်ဖြင့် လှမ်းအော်မေးသည်။
"လျန်လျန် ဘယ်မှာလဲ? မင်းဆီမှာ သူရှိလား?"
လင်းချင်းသည် မျက်လုံးကို လှန်လိုက်မိသည်။ သို့သော်လည်း နေကာမျက်မှန်က ကွယ်နေသည်။
'ငါ့ဆီမှာရှိလားက ဘာသဘောလဲ? ငါက ပြန်ပေးဆွဲထားတာလည်း မဟုတ်ဘူး။ ငါ့ကိုလူဆိုးမကြီးဖြစ်အောင် ပြောနေတာပဲ'
Zawgyi Ver
၂၂၅။ လိမ်နေတာလား?
"ငါတောင်းပန်ပါတယ်"
"တောင်းပန်တယ်။ တောင်းပန်တယ်"
Advertisement
"ဘာပြောလိုက်တာ?"
"ဘာ?"
"သူပြောတာ အမှန်ပဲ!"
Advertisement
- In Serial68 Chapters
Seekers Quest (A Post Apocalypse LITRPG)
What would you do if you woke up on a riverbank with more than just memories of the last twenty years missing? The whole world has changed and you suddenly have a status page like in the RPG games.Magic is real, Gaea woke up and a system Apocalypse happened. The worlds have changed and you don't remember anything about it, but now you have stats that say you are a Seeker and there is also a warning. Beware obstructing the path of a Seeker, except you don't know what you are seeking. Can he and the people he joined survive as they try to rebuild their lives in the Post Apocalyptic South Africa ########################### Please be patient with me. I'm doing everything on an old 7'samsung tablet and haven't got much space to work with, but here goes. This is a story of an ordinary man. He isn't a maths genius that can solve Dimensional equations, solve intricate puzzles, communicate well with people, or is a very deep thinker. He is just an ordinary South African guy, that does stupid things every now and then, who finds himself suddenly living in some extraordinary times, and decides to do the best he can.
8 105 - In Serial23 Chapters
I Won't Die!
Rama Leeroy had been chosen by a deity to get summoned to another world. In order for it to happen, he'd have to die in his old one. Unfortunately for the deity, Rama has no intention of dying.
8 204 - In Serial22 Chapters
The Coming of Magic : A World in Chaos
Two brothers, far from home when disaster strikes the earth. Can they make it home? Will there be anything left to go home to? Who will they still be when they get there? Magic has come to earth and Jack and his brother Bryan have to traverse a postapocolyptic U.S.A. All while making friends, meeting old ones, adjusting to the new world and of course making some pretty serious enemies. --------------------------------- This is my first book so bare with me here! Any input helps a ton! I do take suggestions seriously. I have 30+ chapters written ahead of time but they still need some polishing and editing to post each one. Please point out any errors you find in the comments! I read every one and reply to most! Release schedule is not set in stone right now as my schedule is very hectic. I promise I will not drop this and try to post at least every other day. Every 3 Days max. Thanks again for taking the time to read my story! NOTE: THERE WILL BE COMBAT, BRUTALITY, MINOR GORE AND MINOR LANGUAGE. Also minor romantic situations. If it gets out of hand I'll add the tags for it. 11/30/17 I just updated some middle chapters. There were some bad spelling and grammar mistakes. In my defense I posted those chapters on my honeymoon lol. It should flow better now. I know the prologue is still troublesome but give it a shot beyond that. It gets much better. 12/5/17 I have been updating some of the earlier chapters. Nothing canon changing but it’s fleshed out a bit and flows better. Also fixed some glaring mistakes.
8 247 - In Serial50 Chapters
Abnormal
Millie is a 17 years old girl, she attended Peri high, an Unordinary school in an Unordinary world. Where almost everyone is born with a quirk and a rank, but not everyone, 0.004% of the population are cripples, a non magic folk, kinda like muggle in Harry Potter. Peri High is a popular school known for their powerful students and...where high tiers look down on low tiers, thinking they're better with a higher level and more important (It's actually really normal in this city) Millie kept herself on low profile, lying about her quirk and rank, she pretended to be a cripple, wanting to make real friends who doesn't care about her rank and quirk. While hiding a dark secret, trying to hide and forget her past, she stayed hidden. A new kind of Unordinary.
8 92 - In Serial12 Chapters
What Happened To Us? (Amourshipping)
CONTINUED ON @CrazyPokemonWriters Ash Ketchum just recently beat Diantha, becoming the new Kalos champion, a day after Serena Yvonne beat Aria, becoming the Kalos Queen.Soon thing take a turn for the worse, which leads to Ash rediscovering something about himself, and Serena discovering something new.Both leave without a trace to train, leaving their positions to their friends closest to them in terms of skill, with each of them only knowing of their existence, but not even their locations.What does it mean when a new trainer named Night becomes the champion?In a few years, trouble arises at the score tournament, and will they have to reveal their identities to each other? Or the whole world.There will be references to The Fallen Trainer by Nightshock5 on fanfiction.netDisclaimer: I don't own Pokemon, but I do own the story.Rated M
8 96 - In Serial34 Chapters
Changing the human made villainess.
°Status: On going°°After dying in a house fire, Aria got reincarnated as the daughter of Duke Callista. Lady Aderi Nova Callista. A villainess in a story. A villainess who was made and forced to make the main character's life miserable. She was fated to die according to the novel. Aria swore that she'll stay away from every event in the novel that will lead to her death. But can she really change the fate of the villainess? °{Disclaimer} This story is a work of fiction. All the names, characters, businesses, places, events, and incidents in this story are either the product of the author's imagination or used in a fictitious manner. Any resemblance to actual persons, living or dead, or actual events is purely coincidental. This story also contains drawings by the author, and there will be misspellings and wrong grammar.°Published: February 20, 2022Finished: ???
8 209