《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》220
Advertisement
၂၂၀။ အအေးလှိုင်း
'ကလေးအဖေက အပြင်မှာ။ ပြန်ပို့ပေးဖို့ ကူညီပါ'
လင်းချင်းက ရေးပြလိုက်သည်။
လုထန်ရိတို့သည် အချင်းချင်းကြည့်ကာ အံ့သြသွားကြသည်။
"ခေါင်းဆောင်ဝူက အပြင်မှာလား? သူ့တပ်ရောလား?"
"မမြင်ဘူး"
လင်းချင်းက ခေါင်းခါကာ ပြောသည်။ ဝူချန်းယွဲ့သည် မိုးကြိုးဇွန်ဘီကို တစ်ယောက်တည်း အမဲလိုက်ခဲ့ခြင်းကိုတော့ ပြောမပြတော့ပေ။ ပြောလိုက်ပါက အပြင်တွင် ဘာဖြစ်ခဲ့သလဲကို သူတိုသိသွားနိုင်သည်။ ထို့အတူ ဝူချန်းယွဲ့အား အမြူတေကိုခိုးသူသည် သူမဖြစ်ကြောင်း မတော်တဆ ပြောလိုက်မိပါက သူမပဲ ဒုက္ခရောက်လိမ့်မည်။
ကောင်းချင်းမင်းက လင်းချင်းကို ထူးဆန်းသလို ကြည့်ကာ
"သူ့အဖေက အပြင်မှာဆိုရင် နင်ပဲထွက်ပြေးလို့ ရနေတာပဲမလား?"
ဒီလိုမျိုး နေကာမျက်မှန်သာ တပ်ထားလျှင် ဘယ်သူကမှ သူမက ဘယ်သူဆိုသည်ကို သိနိုင်မှာ မဟုတ်ဘူးဟု သူထင်တာ ဖြစ်သည်။
"ငါကတော့ ကလေးနဲ့ ဘယ်လိုတွေ့တာလဲပဲ သိချင်တယ်"
လုထန်ရိက ပြောသည်။
'အဆင့်၆ဇွန်ဘီက သူ့ကိုဖမ်းခေါ်ထားတာ'
လင်းချင်းက ရေးပြလိုက်သည်။ သူမသည် ဒါပဲရေးပြသော်လည်း လူစုသည် နားလည်သွားကြသည်။
လင်းချင်းက ရယ်ချင်သည်မှာ သူမသည် အဆင့်၆ဇွန်ဘီဟု လုပ်ကြံပြောလိုက်တုန်း တကယ်ကြီးကို နောက်တစ်ကောင်က ပေါ်လာ၍ဖြစ်သည်။
"ဪ ခုနကတွေ့တယ်ဆိုတဲ့ တစ်ကောင်လား?"
ရှဲ့တုန်းသည် လင်းချင်းကို တအံ့တသြကြည့်သည်။ အပြင်တွင် နောက်တစ်ကောင်ရှိမည်ဟု သူကတော့ မထင်ပေ။
"ဇွန်ဘီဘုရင်တွေ ဘုရင်မတွေက နေရာတိုင်မှာ ရှိနေတာလား?"
ဟွမ်ရှို့က မျက်လုံးအပြူးသားဖြင့် ပြောသည်။
ကောင်းချင်းမင်းသည် မေးကိုပွတ်ကာပြောသည်။
"ဒါဆိုရင် အဆင့်၆ဇွန်ဘီဆီက ကလေးကို ခိုးလာတာပေါ့။ အဆင့်၆ဇွန်ဘီဆီက ခိုးရတာကို တကယ်သဘောကျပုံရတယ်"
လင်းချင်းသည် တစ်ချက်ကြည့်ကာ ဘာမှမပြောပေ။
လုထန်ရိက ခေါင်းငြိမ့်ကာ
"ကလေးကို ခေါင်းဆောင်ဆီ ပြန်ပို့ပေးမယ်။ ဒါပင်မယ့် ငါတို့အဝတ်တွေ ခြောက်မှ"
ဒီလိုပြောကာ အပေါ်ပိုင်းပြောင်ဖြစ်နေသည့် သူ့လူများကို ကြည့်လိုက်သည်။ ထိုအခါမှ သူတို့လည်း အကျီမရှိသည်ကို သတိရကာ အေးလာသလိုပင်။
လင်းချင်းသည် သူတို့ကိုယ်များကို သေချာစူးစမ်းကြည့်လိုက်သည်။
'မဆိုးဘူးပဲ။ လုထန်ရိရော ကောင်းချင်းမင်းရောက အရမ်ရှည်ပြီး ကျစ်ကျစ်လစ်လစ်နဲ့။ ပုခုံးကကျယ်ပြီး ခါးကသွယ်လို့။ တင်ပါးကတောင် လုံးနေသေးတယ်။ သူတို့ကိုယ်က လှတယ်။ လူငယ်တွေက ကိုယ်လုံးလှသားပဲ'
လင်းချင်းထံမှ ရုတ်တရက် အကြည့်ခံရသည့်အခါ ဒီလူစုသည် ပိုအေးလာသလိုပင်။ လင်းချင်းသည် သူတို့ကို တစ်ချက်ကြည့်ပြီးနောက် ရေးပြသည်။
'အပြင်မှာ မိုးရွာနေတော့ အေးလိမ့်မယ်။ အဝတ်သန့်တာ ငါရှာပေးမယ်'
ဒီလိုရေးပြကာ လှည့်ထွက်ဖို့ လုပ်စဉ်တွင် သူမ၏ဘောင်းဘီစကို ဆွဲခံလိုက်ရသည်။ သူမငုံ့ကြည့်လိုက်သည့်အခါ ကလေးမလေးသည် ယုန်ကိုပိုက်ထားရင်း သူမဘေးတွင် ဘောင်းဘီစကိုဆွဲ၍ ရပ်နေတာ ဖြစ်သည်။
'ဟင်? ဘယ်တုန်းက ကုတင်ပေါ်က ဆင်းလာတာလဲ? ဘာဖြစ်လို့ ငါ့ဘောင်းဘီစကို ဆွဲနေတာလဲ? ငါ့ကိုမှတ်မိလို့လား?'
ဝူယွဲ့လျန်သည် ယုန်ကိုပိုက်ကာ လင်းချင်းဘောင်းဘီစကိုဆွဲရင်း သူမကို နားမလည်စွာ ကြည့်နေသည်။ သူမသည် လင်းချင်းကို မမှတ်မိသေးသော်လည်း သူမထံမှ ရင်းနှီးသည့် ခံစားချက်ကို ပေးနေသောကြောင့် ဖြစ်သည်။ ဒီနယ်မြေတွင် လူစိမ်းတွေများနေလေရာ ဝူယွဲ့လျန်သည် သူမပိုလုံခြုံသလို ခံစားရသည့် လင်းချင်းနားသို့ အမြန်ပြေးလာတာ ဖြစ်သည်။
အခြားသူများက ဝူယွဲ့လျန်ကို စပ်စုစွာ ကြည့်ကြသည်။ လုထန်ရိသည် အနားသို့လာကာ ထိုင်ချရင်း ပြုံးပြကာ မေးသည်။
"လျန်လျန် အကိုကြီးကို မှတ်မိလား? ငါတို့တွေ အပြင်မှာ တွေ့ဖူးတယ်လေ"
လုထန်ရိက လာသည့်အခါ ဝူယွဲ့လျန်သည် လင်းချင်း၏ အနောက်သို့ ပြေးပုန်းသည်။ ထိုသူက သူမ၏အိမ်နာမည်ကိုခေါ်မှ မျက်လုံးလေးတစ်ဖက်က ကဲကြည့်လာသည်။
ထို့နောက် ကောင်းချင်းမင်းက လာသည်။ ဟွမ်ရှို့က နောက်ကလာသည့်အခါ အခြားသူများလည်း ကပ်လာသည်။ ထိုအခါ ဝူယွဲ့လျန်သည် လင်းချင်း၏အနောက်တွင်ပုန်းရင်း မျက်လုံးလေးတစ်ဖက်တောင် ထွက်မကြည့်တော့ပေ။
'ဖေဖေက ပြောတယ်။ အကျီမပါတဲ့လူတွေနဲ့ ဝေးဝေးနေရမယ်တဲ့'
သူမ၏တုန့်ပြန်မှုကြောင့် လုထန်ရိသည် သူ့လူများသည်ကို အပြစ်တင်သည်။
"ငါတို့က လူဒီလောက်များတာ ကလေးက ကြောက်သွားမှာပေါ့။ ပြီးတော့လည်း မင်းတို့ကောင်တွေ အကျီမဝတ်ဘဲ ကလေးရှေ့မှာ လမ်းသလားမနေလို့ မရဘူးလား?"
ကောင်းချင်းမင်းက သူ့ကိုကြည့်ကာ မေးသည်။
"မင်းကရော ဝတ်ထားလို့လား?"
ထိုအချိန်တွင် လင်းချင်းသည် သူတို့ကို ထွက်သွားဖို့ လက်ကာပြကာ
"သွား"
ထို့နောက် ဝူယွဲ့လျန်ကို ပရိဘောဂများနားသို့ ခေါ်သွား၍ ဆိုဖာပေါ်တင်ပေးလိုက်သည်။ ထို့နောက် သူမက အရှေ့တွင်ထိုင်ချကာ
"နင့်အဖေကအပြင်မှာ။ငါ သူတို့ကို"
လုထန်ရိတို့ကို လက်ညိုးထိုးပြပြီးမှ
"လိုက်ပို့ခိုင်းမယ်"
သူမ၏ အဖေက အပြင်မှာ ဖြစ်ကြောင်း ကြားသည့်အခါ ဝူယွဲ့လျန်၏ မျက်လုံးများသည် တောက်ပသွားသည်။ သူမ၏အဖေကို အမြန်တွေ့ရရန် မျှော်လင့်လျှက် လင်းချင်းကို ပျော်ရွှင်စွာကြည့်လာသည်။
"အပြင်မှာမိုးရွာနေတယ်။ မိုးတိတ်မှတွေ့"
လင်းချင်းက ဆက်ပြောသည်။ သူမသည် ဖြည်းဖြည်းချင်းပြောနေသော်လည်း ဝူယွဲ့လျန်က စိတ်ရှည်စွာ သူမ၏စကားကို နားထောင်ပေးသည်။
Advertisement
မိုးဆိုသည့် စကားကြောင့် ဝူယွဲ့လျန်သည် စိတ်ကျသွားသည်။ လင်းချင်း၏ ဘောင်းဘီစကိုလွှတ်ကာ ယုန်ကိုပဲ ပွတ်ပေးနေတော့သည်။ ကလေးမလေးက စိတ်မကြည်တော့သဖြင့် လင်းချင်းက သိချင်သော်လည်း မမေးလိုက်ဘဲ
"မကြောက်နဲ့"
ပြောရင်းဖြင့် သူမသည် ဝူယွဲ့လျန်၏ခေါင်းကို ပုတ်ပေးလိုက်သည်။ ကလေးမလေးသည် ခေါင်းပုတ်ခံရသည့်အခါ မကြိုက်သည့်အရိပ်အယောင်မရှိပေ။ ဘယ်သူမှ သတိမထားမိသည်မှာ ရေထဲကနေ နွယ်လေးသည် ကလေးမလေးဆီသို့ တက်လာခြင်းပင်။
လင်းချင်းသည် ဒီလူစုအတွက် အဝတ်သွားရှာပေးချင်သည်။ သူတို့သည် အဝတ်စိုဝတ်လျှင် အအေးမိနိုင်သလို ကလေးရှေ့တွင် အကျီမဝတ်ဘဲနေခြင်းကလည်း မသင့်တော်ပေ။ သို့သော်လည်း သူမကသာ ထွက်သွားပါက ကလေးမလေးက ပိုကြောက်ဦးမည်။ ကလေးအတွက် အားထားရမည့်သူက ရှိနေပေးမှ ဖြစ်မည်။
လင်းချင်းသည် အခြားသူများကို ကြည့်လိုက်သည့်အခါ သူတို့သည် ကန်ဘေးက မီးဖိုနားမှာ ထိုင်နေသည်ကို မြင်လိုက်ရသည်။ အရင်က လင်းချင်းသည် အပြင်မှ ကျွင်းကျွင်းတို့ ချက်ပြုတ်ဖို့အတွက် သစ်ခြောက်များ ယူပေးတက်သည်။ ထို့ကြောင့် မီးဖိုနားတွင် သစ်သားများ ရှိနေသည်။
'ဟုတ်သားပဲ။ မီးဖိုပြီး အဝတ်ခြောက်အောင်လှမ်းရတယ်'
သူမက တွေးလိုက်သည်။ ဒီအတွေးဖြင့် ရှဲ့တုန်းကို လေချွန်၍ ခေါ်လိုက်ရာ အကုန်လုံးက သူမကို လှည့်ကြည့်သည်။ လင်းချင်းသည် အခြားသူများကို လျစ်လျူရှုကာ ရှဲ့တုန်းကိုပဲလာဖို့ ခေါ်လိုက်သည်။ ထိုအခါ သူမက ဘာလုပ်စေချင်မှန်းမသိသဖြင့် အနားသို့လျှောက်လာသည်။
လင်းချင်းသည် သင်ပုန်းတွင်ရေးပြသည်။
'သစ်သားခြောက်တွေ မြင်တယ်မလား။ သူတို့ကို အဝတ်လှမ်းဖို့ မီးဖိုပေးလိုက်ပါ။ ငါအပြင်ထွက်ပြီး အဝတ်ရှာလို့မရလို့'
ရှဲ့တုန်းသည် သူတို့တစ်ချိန်လုံးမေ့ထားသည့် သစ်ပုံကြီးကို ကြည့်လိုက်သည်။ သူတို့သာ မီးဖိုထားလျှင် အဝတ်က အမြန်ခြောက်လိမ့်မည်။ ထို့နောက် ခေါင်းငြိမ့်ပြကာ ဟွမ်ရှို့ကို လာဖို့ လက်ယက်ပြလိုက်သည်။
Zawgyi Ver
၂၂၀။ အေအးလွိုင္း
'ကေလးအေဖက အျပင္မွာ။ ျပန္ပို႔ေပးဖို႔ ကူညီပါ'
လင္းခ်င္းက ေရးျပလိုက္သည္။
လုထန္ရိတို႔သည္ အခ်င္းခ်င္းၾကည့္ကာ အံ့ၾသသြားၾကသည္။
"ေခါင္းေဆာင္ဝူက အျပင္မွာလား? သူ႕တပ္ေရာလား?"
"မျမင္ဘူး"
လင္းခ်င္းက ေခါင္းခါကာ ေျပာသည္။ ဝူခ်န္းယြဲ႕သည္ မိုးႀကိဳးဇြန္ဘီကို တစ္ေယာက္တည္း အမဲလိုက္ခဲ့ျခင္းကိုေတာ့ ေျပာမျပေတာ့ေပ။ ေျပာလိုက္ပါက အျပင္တြင္ ဘာျဖစ္ခဲ့သလဲကို သူတိုသိသြားနိုင္သည္။ ထို႔အတူ ဝူခ်န္းယြဲ႕အား အျမဴေတကိုခိုးသူသည္ သူမျဖစ္ေၾကာင္း မေတာ္တဆ ေျပာလိုက္မိပါက သူမပဲ ဒုကၡေရာက္လိမ့္မည္။
ေကာင္းခ်င္းမင္းက လင္းခ်င္းကို ထူးဆန္းသလို ၾကည့္ကာ
"သူ႕အေဖက အျပင္မွာဆိုရင္ နင္ပဲထြက္ေျပးလို႔ ရေနတာပဲမလား?"
ဒီလိုမ်ိဳး ေနကာမ်က္မွန္သာ တပ္ထားလွ်င္ ဘယ္သူကမွ သူမက ဘယ္သူဆိုသည္ကို သိနိုင္မွာ မဟုတ္ဘူးဟု သူထင္တာ ျဖစ္သည္။
"ငါကေတာ့ ကေလးနဲ႕ ဘယ္လိုေတြ႕တာလဲပဲ သိခ်င္တယ္"
လုထန္ရိက ေျပာသည္။
'အဆင့္၆ဇြန္ဘီက သူ႕ကိုဖမ္းေခၚထားတာ'
လင္းခ်င္းက ေရးျပလိုက္သည္။ သူမသည္ ဒါပဲေရးျပေသာ္လည္း လူစုသည္ နားလည္သြားၾကသည္။
လင္းခ်င္းက ရယ္ခ်င္သည္မွာ သူမသည္ အဆင့္၆ဇြန္ဘီဟု လုပ္ႀကံေျပာလိုက္တုန္း တကယ္ႀကီးကို ေနာက္တစ္ေကာင္က ေပၚလာ၍ျဖစ္သည္။
"ဪ ခုနကေတြ႕တယ္ဆိုတဲ့ တစ္ေကာင္လား?"
ရွဲ႕တုန္းသည္ လင္းခ်င္းကို တအံ့တၾသၾကည့္သည္။ အျပင္တြင္ ေနာက္တစ္ေကာင္ရွိမည္ဟု သူကေတာ့ မထင္ေပ။
"ဇြန္ဘီဘုရင္ေတြ ဘုရင္မေတြက ေနရာတိုင္မွာ ရွိေနတာလား?"
ဟြမ္ရွို႔က မ်က္လုံးအျပဴးသားျဖင့္ ေျပာသည္။
ေကာင္းခ်င္းမင္းသည္ ေမးကိုပြတ္ကာေျပာသည္။
"ဒါဆိုရင္ အဆင့္၆ဇြန္ဘီဆီက ကေလးကို ခိုးလာတာေပါ့။ အဆင့္၆ဇြန္ဘီဆီက ခိုးရတာကို တကယ္သေဘာက်ပဳံရတယ္"
လင္းခ်င္းသည္ တစ္ခ်က္ၾကည့္ကာ ဘာမွမေျပာေပ။
လုထန္ရိက ေခါင္းၿငိမ့္ကာ
"ကေလးကို ေခါင္းေဆာင္ဆီ ျပန္ပို႔ေပးမယ္။ ဒါပင္မယ့္ ငါတို႔အဝတ္ေတြ ေျခာက္မွ"
ဒီလိုေျပာကာ အေပၚပိုင္းေျပာင္ျဖစ္ေနသည့္ သူ႕လူမ်ားကို ၾကည့္လိုက္သည္။ ထိုအခါမွ သူတို႔လည္း အက်ီမရွိသည္ကို သတိရကာ ေအးလာသလိုပင္။
လင္းခ်င္းသည္ သူတို႔ကိုယ္မ်ားကို ေသခ်ာစူးစမ္းၾကည့္လိုက္သည္။
'မဆိုးဘူးပဲ။ လုထန္ရိေရာ ေကာင္းခ်င္းမင္းေရာက အရမ္ရွည္ၿပီး က်စ္က်စ္လစ္လစ္နဲ႕။ ပုခုံးကက်ယ္ၿပီး ခါးကသြယ္လို႔။ တင္ပါးကေတာင္ လုံးေနေသးတယ္။ သူတို႔ကိုယ္က လွတယ္။ လူငယ္ေတြက ကိုယ္လုံးလွသားပဲ'
လင္းခ်င္းထံမွ ႐ုတ္တရက္ အၾကည့္ခံရသည့္အခါ ဒီလူစုသည္ ပိုေအးလာသလိုပင္။ လင္းခ်င္းသည္ သူတို႔ကို တစ္ခ်က္ၾကည့္ၿပီးေနာက္ ေရးျပသည္။
'အျပင္မွာ မိုး႐ြာေနေတာ့ ေအးလိမ့္မယ္။ အဝတ္သန့္တာ ငါရွာေပးမယ္'
ဒီလိုေရးျပကာ လွည့္ထြက္ဖို႔ လုပ္စဥ္တြင္ သူမ၏ေဘာင္းဘီစကို ဆြဲခံလိုက္ရသည္။ သူမငုံ႕ၾကည့္လိုက္သည့္အခါ ကေလးမေလးသည္ ယုန္ကိုပိုက္ထားရင္း သူမေဘးတြင္ ေဘာင္းဘီစကိုဆြဲ၍ ရပ္ေနတာ ျဖစ္သည္။
'ဟင္? ဘယ္တုန္းက ကုတင္ေပၚက ဆင္းလာတာလဲ? ဘာျဖစ္လို႔ ငါ့ေဘာင္းဘီစကို ဆြဲေနတာလဲ? ငါ့ကိုမွတ္မိလို႔လား?'
ဝူယြဲ႕လ်န္သည္ ယုန္ကိုပိုက္ကာ လင္းခ်င္းေဘာင္းဘီစကိုဆြဲရင္း သူမကို နားမလည္စြာ ၾကည့္ေနသည္။ သူမသည္ လင္းခ်င္းကို မမွတ္မိေသးေသာ္လည္း သူမထံမွ ရင္းႏွီးသည့္ ခံစားခ်က္ကို ေပးေနေသာေၾကာင့္ ျဖစ္သည္။ ဒီနယ္ေျမတြင္ လူစိမ္းေတြမ်ားေနေလရာ ဝူယြဲ႕လ်န္သည္ သူမပိုလုံၿခဳံသလို ခံစားရသည့္ လင္းခ်င္းနားသို႔ အျမန္ေျပးလာတာ ျဖစ္သည္။
Advertisement
အျခားသူမ်ားက ဝူယြဲ႕လ်န္ကို စပ္စုစြာ ၾကည့္ၾကသည္။ လုထန္ရိသည္ အနားသို႔လာကာ ထိုင္ခ်ရင္း ၿပဳံးျပကာ ေမးသည္။
"လ်န္လ်န္ အကိုႀကီးကို မွတ္မိလား? ငါတို႔ေတြ အျပင္မွာ ေတြ႕ဖူးတယ္ေလ"
လုထန္ရိက လာသည့္အခါ ဝူယြဲ႕လ်န္သည္ လင္းခ်င္း၏ အေနာက္သို႔ ေျပးပုန္းသည္။ ထိုသူက သူမ၏အိမ္နာမည္ကိုေခၚမွ မ်က္လုံးေလးတစ္ဖက္က ကဲၾကည့္လာသည္။
ထို႔ေနာက္ ေကာင္းခ်င္းမင္းက လာသည္။ ဟြမ္ရွို႔က ေနာက္ကလာသည့္အခါ အျခားသူမ်ားလည္း ကပ္လာသည္။ ထိုအခါ ဝူယြဲ႕လ်န္သည္ လင္းခ်င္း၏အေနာက္တြင္ပုန္းရင္း မ်က္လုံးေလးတစ္ဖက္ေတာင္ ထြက္မၾကည့္ေတာ့ေပ။
'ေဖေဖက ေျပာတယ္။ အက်ီမပါတဲ့လူေတြနဲ႕ ေဝးေဝးေနရမယ္တဲ့'
သူမ၏တုန့္ျပန္မႈေၾကာင့္ လုထန္ရိသည္ သူ႕လူမ်ားသည္ကို အျပစ္တင္သည္။
"ငါတို႔က လူဒီေလာက္မ်ားတာ ကေလးက ေၾကာက္သြားမွာေပါ့။ ၿပီးေတာ့လည္း မင္းတို႔ေကာင္ေတြ အက်ီမဝတ္ဘဲ ကေလးေရွ႕မွာ လမ္းသလားမေနလို႔ မရဘူးလား?"
ေကာင္းခ်င္းမင္းက သူ႕ကိုၾကည့္ကာ ေမးသည္။
"မင္းကေရာ ဝတ္ထားလို႔လား?"
ထိုအခ်ိန္တြင္ လင္းခ်င္းသည္ သူတို႔ကို ထြက္သြားဖို႔ လက္ကာျပကာ
"သြား"
ထို႔ေနာက္ ဝူယြဲ႕လ်န္ကို ပရိေဘာဂမ်ားနားသို႔ ေခၚသြား၍ ဆိုဖာေပၚတင္ေပးလိုက္သည္။ ထို႔ေနာက္ သူမက အေရွ႕တြင္ထိုင္ခ်ကာ
"နင့္အေဖကအျပင္မွာ။ငါ သူတို႔ကို"
လုထန္ရိတို႔ကို လက္ညိုးထိုးျပၿပီးမွ
"လိုက္ပို႔ခိုင္းမယ္"
သူမ၏ အေဖက အျပင္မွာ ျဖစ္ေၾကာင္း ၾကားသည့္အခါ ဝူယြဲ႕လ်န္၏ မ်က္လုံးမ်ားသည္ ေတာက္ပသြားသည္။ သူမ၏အေဖကို အျမန္ေတြ႕ရရန္ ေမွ်ာ္လင့္လွ်က္ လင္းခ်င္းကို ေပ်ာ္႐ႊင္စြာၾကည့္လာသည္။
"အျပင္မွာမိုး႐ြာေနတယ္။ မိုးတိတ္မွေတြ႕"
လင္းခ်င္းက ဆက္ေျပာသည္။ သူမသည္ ျဖည္းျဖည္းခ်င္းေျပာေနေသာ္လည္း ဝူယြဲ႕လ်န္က စိတ္ရွည္စြာ သူမ၏စကားကို နားေထာင္ေပးသည္။
မိုးဆိုသည့္ စကားေၾကာင့္ ဝူယြဲ႕လ်န္သည္ စိတ္က်သြားသည္။ လင္းခ်င္း၏ ေဘာင္းဘီစကိုလႊတ္ကာ ယုန္ကိုပဲ ပြတ္ေပးေနေတာ့သည္။ ကေလးမေလးက စိတ္မၾကည္ေတာ့သျဖင့္ လင္းခ်င္းက သိခ်င္ေသာ္လည္း မေမးလိုက္ဘဲ
"မေၾကာက္နဲ႕"
ေျပာရင္းျဖင့္ သူမသည္ ဝူယြဲ႕လ်န္၏ေခါင္းကို ပုတ္ေပးလိုက္သည္။ ကေလးမေလးသည္ ေခါင္းပုတ္ခံရသည့္အခါ မႀကိဳက္သည့္အရိပ္အေယာင္မရွိေပ။ ဘယ္သူမွ သတိမထားမိသည္မွာ ေရထဲကေန ႏြယ္ေလးသည္ ကေလးမေလးဆီသို႔ တက္လာျခင္းပင္။
လင္းခ်င္းသည္ ဒီလူစုအတြက္ အဝတ္သြားရွာေပးခ်င္သည္။ သူတို႔သည္ အဝတ္စိုဝတ္လွ်င္ အေအးမိနိုင္သလို ကေလးေရွ႕တြင္ အက်ီမဝတ္ဘဲေနျခင္းကလည္း မသင့္ေတာ္ေပ။ သို႔ေသာ္လည္း သူမကသာ ထြက္သြားပါက ကေလးမေလးက ပိုေၾကာက္ဦးမည္။ ကေလးအတြက္ အားထားရမည့္သူက ရွိေနေပးမွ ျဖစ္မည္။
လင္းခ်င္းသည္ အျခားသူမ်ားကို ၾကည့္လိုက္သည့္အခါ သူတို႔သည္ ကန္ေဘးက မီးဖိုနားမွာ ထိုင္ေနသည္ကို ျမင္လိုက္ရသည္။ အရင္က လင္းခ်င္းသည္ အျပင္မွ ကြၽင္းကြၽင္းတို႔ ခ်က္ျပဳတ္ဖို႔အတြက္ သစ္ေျခာက္မ်ား ယူေပးတက္သည္။ ထို႔ေၾကာင့္ မီးဖိုနားတြင္ သစ္သားမ်ား ရွိေနသည္။
'ဟုတ္သားပဲ။ မီးဖိုၿပီး အဝတ္ေျခာက္ေအာင္လွမ္းရတယ္'
သူမက ေတြးလိုက္သည္။ ဒီအေတြးျဖင့္ ရွဲ႕တုန္းကို ေလခြၽန္၍ ေခၚလိုက္ရာ အကုန္လုံးက သူမကို လွည့္ၾကည့္သည္။ လင္းခ်င္းသည္ အျခားသူမ်ားကို လ်စ္လ်ဴရႈကာ ရွဲ႕တုန္းကိုပဲလာဖို႔ ေခၚလိုက္သည္။ ထိုအခါ သူမက ဘာလုပ္ေစခ်င္မွန္းမသိသျဖင့္ အနားသို႔ေလွ်ာက္လာသည္။
လင္းခ်င္းသည္ သင္ပုန္းတြင္ေရးျပသည္။
'သစ္သားေျခာက္ေတြ ျမင္တယ္မလား။ သူတို႔ကို အဝတ္လွမ္းဖို႔ မီးဖိုေပးလိုက္ပါ။ ငါအျပင္ထြက္ၿပီး အဝတ္ရွာလို႔မရလို႔'
ရွဲ႕တုန္းသည္ သူတို႔တစ္ခ်ိန္လုံးေမ့ထားသည့္ သစ္ပုံႀကီးကို ၾကည့္လိုက္သည္။ သူတို႔သာ မီးဖိုထားလွ်င္ အဝတ္က အျမန္ေျခာက္လိမ့္မည္။ ထို႔ေနာက္ ေခါင္းၿငိမ့္ျပကာ ဟြမ္ရွို႔ကို လာဖို႔ လက္ယက္ျပလိုက္သည္။
Advertisement
- In Serial24 Chapters
Camp Runaway
Running away from their jobs as camp counselors, Ellie and Seb embark on a road trip with unexpected turns en route to their destination - New York. *****Camp Raukawee was meant to be where Ellie Morrison and Sebastian Lee spent their summer working as camp counselors, but they've had enough. Escaping in the middle of the night, the friends hatch a crazy plan to make their way to New York to visit Ellie's dad, who she hasn't seen since he moved five years ago. Along the way, however, a series of cities and events have the pair not only questioning their individual futures, but wondering what will happen to the growing spark between them as the countdown to adulthood begins. [[word count: 90,000-100,000 words]]Cover designed by Gillian Goulet
8 147 - In Serial15 Chapters
Map to Hope
Edmond is a crown prince, but he does not possess the king’s blood. Thus, he is not a noble. Edmond’s dark past, along with the way he rose to power, will all be revealed. He wishes to be the next king of Mauritius, but he will need help from the beautiful noble woman from a knight’s family, Lucia, and a great strategist, Leopold. They face many obstacles in their pursuit of freedom, friendship and power. They will shed tears, their laughter will echo, and love will fill their hearts... but, for how long will they be able to endure the pain?
8 119 - In Serial9 Chapters
Derek-Derek goes to hell
Join Derek-Derek, gap-year knight, and Hardhat, handyman, on their quest to escape hell and get revenge on the demon who put them there. There's just one problem--to get out, they have to go to the bottom layer. Updated daily.
8 174 - In Serial54 Chapters
The Wanderer's Rebirth
Just a normal day until it wasn't. Joram finds himself in a new world with the woman, quite literally, of his dreams. How did he get there? What happened? Joram finds himself questioning reality, much to his detriment as his assumptions of it being a coma-dream became quite painful. Queue training montage. A.N. - The tags are there just in case. I just want to cover any possible cases that might come up.
8 155 - In Serial49 Chapters
Lost In the Void. (Monster Evolution LitRpg)
Lost little light given to the Void as a sacrifice to the monsters. He wanders through the broken reality trying to survive the monstrosities that roam around fighting and killing each other. Chaos rules in the abyss of the Void. Hope is all this little light has, can become strong he become strong enough to thrive, or will he be devoured? Beware of the Mother, For she always watches. And Nothing can escape from her sight. By Deven. C. Kelly LitRpg Monster Evolution
8 162 - In Serial37 Chapters
The Contract ✔
"I know you only care, not because you love me, but because you love what is in me." She said and turned away, afraid of what he was going to say, how he was going to reject her.He hushed her and pulled her to him so they was no space in between, and placed his lips on hers. He pulled away and looked at her, a whirlwind of emotions in his eyes, and then spoke again. "At first, I only cared about the baby, not you. But now I want you. Because I've fallen in love with all of you. It's no longer my baby; it's now our baby."Then she pulled him back to her, to finish what he started. ...Tobi Ademi, the third richest man in Nigeria has everything an average guy wants: wealth, fame and of course, an endless supply of women.A total control freak, he prefers to be in charge of everything; even the way he gets an heir to his empire. He decides to hire beautiful but uncontrollable, Abena Omotosho, or rather, he rents her womb. He gradually moves from his daily routine of life, to something much more worthwhile. Something called, 'living in the moment'.And then he realizes, that he can't control everything, especially not love, because once love chooses you, there are only three words for you: out of control....It's a contract: simply business and no strings attached, but no business deal is that easy, and especially not this one....Highest Rank Achieved : #220 in Romance...> Blessed and Black Special Awards Winner 2017
8 167

