《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》216
Advertisement
၂၁၆။ ဘယ်က ကလေး
ဇွန်ဘီမငယ်သည် ပြတင်းပေါက်ကို မျက်လုံးကြီးကြီးများနှင့် မျက်တွင်းနက်များနှင့်အတူ စိတ်ရှုပ်စွာ ကြည့်နေသည်။ သူမသည် ဘာကိုမှ မမြင်သဖြင့် ပြန်လှည့်သွားကာ ဝူယွဲ့လျန်ကိုသာ တစိမ့်စိမ့်ကြည့်နေသည်။
ထိုအချိန်တွင် လင်းချင်းသည် ပြတင်းပေါက်ကနေ အခန်းထဲသို့ ဝင်လာပြီဖြစ်သည်။ ပြတင်းပေါက်တံခါးကို ပိတ်မထားသည်မှာ တကယ်ကံကောင်းသည်။
'ဒီမျက်လုံးစိမ်းဇွန်ဘီမှာ ဘာအစွမ်းရှိတာလဲ?'
လင်းချင်းသည် ဒီဇွန်ဘီကိုကြည့်ရင်း ထူးဆန်းသလို ခံစားရသည်။ သူမ၏ အရှိန်အဝါသည် သန်မာတာ မှန်သော်လည်း တိုက်ခိုက်မည့် အရိပ်အယောင်မပြပေ။ ထို့အတူ သာမန်သည့် အရှိန်အဝါသည် သဘာဝကျကာ ငြိမ်းချမ်းနေသည်။ ပိုအရေးကြီးသည်မှာ ဒီဇွန်ဘီထံက အဆင့်မြင့်ဇွန်ဘီများတွင် ရှိတက်သည့် သွေးနံ့နှင့် ရန်လိုမှုမရှိတာပင်။ ဇွန်ဘီမငယ်သည် ဝူယွဲ့လျန်အား အရုပ်ရထားသည့် ကလေးငယ်တစ်ယောက်လို စိတ်ဝင်စားစရာအသစ် တွေ့သည့်ပုံဖြင့် အမြီးလေးတလှုပ်လှုပ်ဖြင့် သဘောတကျ ကြည့်နေသည်။
'ဘာဖြစ်နေတာလဲ? ဝူယွဲ့လျန်ကို စားမယ့်ပုံမပေါ်ဘူး'
လင်းချင်းသည် ဝူယွဲ့လင်း၏အနားသို့ ခိုးကပ်သွားရင်း တွေးသည်။ သူမသည် ကလေးမလေးမှာ ချစ်ဖို့ကောင်းဆဲဖြစ်ကာ မျက်နှာတွင် ဒဏ်ရာဒဏ်ချက်အသစ်များကို တွေ့လိုက်ရသည်။
'ဘယ်လိုလုပ်ထိခိုက်လာတာလဲ?'
ဒဏ်ရာများသည် သွေးထွက်နေဆဲ ဖြစ်သည်။ ကလေးမလေးသည် ဒဏ်ရာရထားသည်က သိပ်မကြာလိုက်သေးပေ။ ထိုအချိန်တွင် ဇွန်ဘီမငယ်သည် အခန်းထဲကို နားမလည်စွာဖြင့် ထရပ်ကာ ပတ်ကြည့်နေသည်။ တစ်ခုခုက အခန်းထဲသို့ ရောက်လာသည်ကို သူမခံစားမိ၍ ဖြစ်သည်။
လင်းချင်းသည် သူမကို အံ့သြစွာ ကြည့်လိုက်သည်။ ဇွန်ဘီမငယ်သည် ကိုယ်ပျောက်နေသည့် လင်းချင်းကို အာရုံခံမိသည့်အထိ အာရုံခံစွမ်းကောင်းလွန်းသည်။ သို့သော်လည်း လင်းချင်းသည် ဝူယွဲ့လင်း၏ နဖူးကို လက်ဖြင့်ထိလိုက်ကာ စိတ်ထဲတွင် ရေရွတ်လိုက်သည်။
'ဝင်'
ထို့နောက် နှစ်ယောက်လုံးသည် နယ်မြေထဲသို့ အတူရောက်သွားကြသည်။ သူတို့နှစ်ယောက် ပျောက်သွားသည်နှင့် ဇွန်ဘီမငယ်သည် ချက်ချင်းခေါင်းလှည့်ကြည့်သည်။ ဝူယွဲ့လင်း မရှိတော့သည့်အခါ သူမသည် မျက်တောင်တစ်ဖြတ်ဖြတ်ခတ်ကြည့်သည်။ ချိုမြိန်သည့် အနံ့လေးသည်လည်း တကယ်ပျောက်သွားပြီ။
"ဂါး?"
ဇွန်ဘီမငယ်သည် မျက်လုံးစိမ်းများကို ပြူးကြည့်သည်။ သူမ၏ ဒေါင်လိုက်ဖြစ်နေသည့် သူငယ်အိမ်သည် မျဉ်းတစ်ကြောင်းလောက်ကို ပါးသွားကာ ကုတင်ပေါ်ကို ကြည့်နေသည်။
နယ်မြေထဲသို့ ရောက်သည့်အခါ လင်းချင်းသည် လေထဲကနေ ကျလာသည့် ကလေးမလေးကို အမြန်ဖမ်းလိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ ဇွန်ဘီမငယ်၏ အခြေအနေကို ကြည့်လိုက်သည်။
ဇွန်ဘီမငယ်သည် ဝူယွဲ့လင်းလှဲနေခဲ့သည့် နေရာကို ကြောင်အစွာ ကြည့်နေသည်။ ထို့နောက် လက်ဖြင့် ခေါင်းအုံးကို ဖြည်းဖြည်းချင်း ထိကြည့်သည်။
"အ. . .အား ဝူး"
ရုတ်တရက် သူမ၏နှုတ်ခမ်းများသည် မဲ့သွားကာ မျက်နှာသည် ရှုံ့မဲ့သွား၍ ငိုတော့သည်။ ငိုသံသည် ထူးဆန်းသော်လည်း ဝမ်းနည်းမှုက ပြင်းထန်လွန်းသည်။
'ဟင်? ဘာဖြစ်လို့လဲ?'
လင်းချင်းသည် ဘာဖြစ်နေမှန်းကို မသိသေးခင် ဇွန်ဘီမငယ်သည် ကုတင်ပေါ်တွင် တက်ထိုင်ကာ ခြေထောက်များကို ကန်ကျောက်ရင်း အကျယ်ကြီးကို အော်ငိုနေသည်။
"ဝါး"
'ဘာဖြစ်လို့ အရုပ်လုခံရတဲ့ ကလေးလို ငိုနေတာလဲ?'
လင်းချင်းက တွေးမိသည်။ ဒီဇွန်ဘီမငယ်၏ အပြုအမှုများသည် လင်းချင်းအတွက် ချူးလီလီနှင့် တူနေလေရာ ဆွံ့အသွားသည်။
'ချူးလီလီနဲ့ တူလိုက်တာ။ နင်တို့က ညီအမတွေလား? မတိမ်းမယိမ်းအရွယ်လေးတွေ။ မဖြစ်နိုင်တာ ။ ငါဒုတိယ ချူးလီလီနဲ့ ထပ်တိုးပြန်တာလား?'
လင်းချင်းသည် ကလေးမလေးကို ပွေ့ချီထားရင်း အံ့သြနေမိသည်။ ကလေးမလေးကို ကုတင်ပေါ်တင်၍ ရေတိုက်မည်ဟု ဆုံးဖြတ်ကာ သူမလှည့်လိုက်စဉ်တွင် ကိုယ်လုံးတည်းယောက်ျားအုပ်ကြီးက သူမကို မယုံနိုင်စွာ ကြည့်နေသည်နှင့် ဆုံလိုက်ရသည်။
လင်းချင်းသည် ဆွံ့အသွားရပြန်သည်။ တကယ်တော့ သူတို့သည် အကုန်လုံးချွတ်ထားတာ မဟုတ်ဘဲ အတွင်းခံကိုယ်စီတော့ ဝတ်ထားကြပါသေးသည်။
'အ. . .အစ်မကြီး ခုနလောက် ပြန်မလာဘဲ နေမယ်ပြောသွားတာမလား?'
လျူကျင်းသည် ရှက်ရွံ့စွာဖြင့် လက်တစ်ဖက်က ရင်ဘတ်ကိုကာပြီး တစ်ဖက်က ဂွကြားကိုကာထားကာ မျက်လုံးအပြူးသားဖြင့် မေးသည်။
ရှဲ့တုန်းသည် မရယ်နိုင်ဘဲ မနေနိုင်သောကြောင့် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရယ်နေသည်။
လင်းချင်းသည် သူ့အားဆွံ့အစွာဖြင့် တစ်ချက်ကြည့်ပြီးနောက် ကုတင်ဆီသို့ တည်ငြိမ်စွာ သွားသည်။
ဟွမ်ရှို့သည် လျူကျင်းအား ပိတ်ကန်ကာ ပြောသည်။
"မင်းက မိန်းမလား? ဘာဖြစ်လို့ ဒီလိုလုပ်နေတာလဲ?"
အခြားသူများသည် လင်းချင်းကို ထူးဆန်းစွာကြည့်ရုံအပြင် အပိုသိပ်မလုပ်ကြပေ။ လုထန်ရိသည် လင်းချင်းလက်ထဲမှ ကလေးမလေးကို ကြည့်ကာ ကောင်းချင်းမင်းကို မေးသည်။
"ငါတို့မင်းသမီးလေးမလား?"
ကောင်းချင်းမင်းသည်လည်း မျက်လုံးပြူးသွားကာ ကုတင်ဆီသွားနေသည့် လင်းချင်းကိုကြည့်ပြီး ခေါင်းငြိမ့်သည်။
"ဟုတ်တယ်။ ငါမကန်းနေဘူး"
"ဒါဆိုရင် ဘယ်လိုဖြစ်တာလဲ?"
"ဘယ်သူ့ကိုချီလာတာလဲ မေးရမလား? ဘယ်ကကလေးလဲ?"
ဟွမ်ရှို့သည် သူတို့နှစ်ယောက်နားသို့ ကပ်ကာလာမေးသည်။
"ငါမှန်မယ်ဆိုရင် လျန်လျန်ပဲ။ ငါတို့စခန်းက မင်းသမီးလေး"
လုထန်ရိက ပြောသည်။
ထိုအခါ ဟွမ်ရှို့သည် မျက်လုံးများ ပြူးကျယ်သွားကာ မယုံနိုင်စွာဖြင့်
Advertisement
"ဘာလဲ? လျန်လျန်? မင်းသမီးလေးက ဘယ်လိုလုပ်ဒီရောက်နေတာလဲ? ပြီးတော့ ဒီအမျိုးသမီးက ဘာဖြစ်လို့ ခေါ်လာတာလဲ? ခေါင်းဆောင်ဝူနဲ့ ဒုခေါင်းဆောင်ရှောင်တို့ကတော့ ရူးကုန်မှာပဲ"
လုထန်ရိသည် မျက်မှောင်ကျုံ့ကာ ခေါင်းခါလိုက်သည်။ ဘာဖြစ်လဲကို သူလည်းမသိပေ။ လင်းချင်းက အဝေးကို လျှောက်သွားသဖြင့် ထိုလူစုသည် စိတ်အေးက အဝတ်စိုများကို လျှော်နေကြတော့သည်။ လင်းချင်းကိုတော့ လှည့်ကြည့်တာမျိုး ခနခနလုပ်ကြသေးသည်။
ဝူယွဲ့လျန်ကို ကုတင်ပေါ်တင်ပြီးသည့်အခါ လင်းချင်းသည် ခွက်တစ်လုံးဖြင့် ကန်ထဲကရေကို လာခပ်သည်။ ထို့နောက် ကုတင်ဆီပြန်သွားကာ ဝူယွဲ့လင်း၏ခေါင်းကိုမ၍ ရေတိုက်လိုက်သည်။ ကလေးမလေးသည် ရေဆာနေပုံရကာ အလိုအလျောက် ရေကိုသောက်လိုက်သည်။
ကန်ရေသည် အရင်ကထက် ဆယ်စလောက်ကို စွမ်းအားများ ပါလာသည်ဖြစ်ရာ ကလေးမလေး သောက်လိုကသည်နှင့် သူ့ကိုယ်ထဲမှ ပုန်းအောင်းနေသည့် စွမ်းအားများသည် ချက်ချင်းကို လှုပ်ရှားလာကြသည်။
ထိုပုန်းအောင်းနေသည့် အစွမ်းများက ဒဏ်ရာများကို အမြန်ကုသပေးနေသည်ကို တွေ့ရသည်။ ကုသရေးစွမ်းအားသည် နှစ်ဆလောက်ကို ပိုမြန်လာသည်။
လင်းချင်းသည် လက်ကိုမြှောက်၍ ကလေးမလေး၏ နဖူးမှ အပါးဆုံးခြစ်ရာကို ထိကြည့်သည့်အခါ နှစ်စက္ကန့်တွင်းမှာ ပျောက်သွားသည်ကို တွေ့ရသည်။ သူမသည် ညင်ညင်သာသာလေး ကုတ်ပေးလိုက်သည့်အခါ အမာရွတ်သည် ကွာကျသွားသည်။ ထို့နောက် သေချာထိကြည့်သည့်အခါ အမာရွတ်မကျန်ဘဲ အသားနုလေးက ပေါ်လာသည်။
လင်းချင်းသည် လက်ကိုပြတ်ရုတ်လိုက်ကာ ကုတင်ဘေးကဗီရိုပေါ်တွင် ခွက်ကိုထားလိုက်ပြီးနောက် ကုတင်ဘေးမှာထိုင်ရင်း အပြင်က ဇွန်ဘီမငယ်၏ အခြေအနေကို ကြည့်လိုက်သည်။
Zawgyi Ver
၂၁၆။ ဘယ္က ကေလး
ဇြန္ဘီမငယ္သည္ ျပတင္းေပါက္ကို မ်က္လုံးႀကီးႀကီးမ်ားႏွင့္ မ်က္တြင္းနက္မ်ားႏွင့္အတူ စိတ္ရႈပ္စြာ ၾကည့္ေနသည္။ သူမသည္ ဘာကိုမွ မျမင္သျဖင့္ ျပန္လွည့္သြားကာ ဝူယြဲ႕လ်န္ကိုသာ တစိမ့္စိမ့္ၾကည့္ေနသည္။
ထိုအခ်ိန္တြင္ လင္းခ်င္းသည္ ျပတင္းေပါက္ကေန အခန္းထဲသို႔ ဝင္လာၿပီျဖစ္သည္။ ျပတင္းေပါက္တံခါးကို ပိတ္မထားသည္မွာ တကယ္ကံေကာင္းသည္။
'ဒီမ်က္လုံးစိမ္းဇြန္ဘီမွာ ဘာအစြမ္းရွိတာလဲ?'
လင္းခ်င္းသည္ ဒီဇြန္ဘီကိုၾကည့္ရင္း ထူးဆန္းသလို ခံစားရသည္။ သူမ၏ အရွိန္အဝါသည္ သန္မာတာ မွန္ေသာ္လည္း တိုက္ခိုက္မည့္ အရိပ္အေယာင္မျပေပ။ ထို႔အတူ သာမန္သည့္ အရွိန္အဝါသည္ သဘာဝက်ကာ ၿငိမ္းခ်မ္းေနသည္။ ပိုအေရးႀကီးသည္မွာ ဒီဇြန္ဘီထံက အဆင့္ျမင့္ဇြန္ဘီမ်ားတြင္ ရွိတက္သည့္ ေသြးနံ႕ႏွင့္ ရန္လိုမႈမရွိတာပင္။ ဇြန္ဘီမငယ္သည္ ဝူယြဲ႕လ်န္အား အ႐ုပ္ရထားသည့္ ကေလးငယ္တစ္ေယာက္လို စိတ္ဝင္စားစရာအသစ္ ေတြ႕သည့္ပုံျဖင့္ အၿမီးေလးတလႈပ္လႈပ္ျဖင့္ သေဘာတက် ၾကည့္ေနသည္။
'ဘာျဖစ္ေနတာလဲ? ဝူယြဲ႕လ်န္ကို စားမယ့္ပုံမေပၚဘူး'
လင္းခ်င္းသည္ ဝူယြဲ႕လင္း၏အနားသို႔ ခိုးကပ္သြားရင္း ေတြးသည္။ သူမသည္ ကေလးမေလးမွာ ခ်စ္ဖို႔ေကာင္းဆဲျဖစ္ကာ မ်က္ႏွာတြင္ ဒဏ္ရာဒဏ္ခ်က္အသစ္မ်ားကို ေတြ႕လိုက္ရသည္။
'ဘယ္လိုလုပ္ထိခိုက္လာတာလဲ?'
ဒဏ္ရာမ်ားသည္ ေသြးထြက္ေနဆဲ ျဖစ္သည္။ ကေလးမေလးသည္ ဒဏ္ရာရထားသည္က သိပ္မၾကာလိုက္ေသးေပ။ ထိုအခ်ိန္တြင္ ဇြန္ဘီမငယ္သည္ အခန္းထဲကို နားမလည္စြာျဖင့္ ထရပ္ကာ ပတ္ၾကည့္ေနသည္။ တစ္ခုခုက အခန္းထဲသို႔ ေရာက္လာသည္ကို သူမခံစားမိ၍ ျဖစ္သည္။
လင္းခ်င္းသည္ သူမကို အံ့ၾသစြာ ၾကည့္လိုက္သည္။ ဇြန္ဘီမငယ္သည္ ကိုယ္ေပ်ာက္ေနသည့္ လင္းခ်င္းကို အာ႐ုံခံမိသည့္အထိ အာ႐ုံခံစြမ္းေကာင္းလြန္းသည္။ သို႔ေသာ္လည္း လင္းခ်င္းသည္ ဝူယြဲ႕လင္း၏ နဖူးကို လက္ျဖင့္ထိလိုက္ကာ စိတ္ထဲတြင္ ေရ႐ြတ္လိုက္သည္။
'ဝင္'
ထို႔ေနာက္ ႏွစ္ေယာက္လုံးသည္ နယ္ေျမထဲသို႔ အတူေရာက္သြားၾကသည္။ သူတို႔ႏွစ္ေယာက္ ေပ်ာက္သြားသည္ႏွင့္ ဇြန္ဘီမငယ္သည္ ခ်က္ခ်င္းေခါင္းလွည့္ၾကည့္သည္။ ဝူယြဲ႕လင္း မရွိေတာ့သည့္အခါ သူမသည္ မ်က္ေတာင္တစ္ျဖတ္ျဖတ္ခတ္ၾကည့္သည္။ ခ်ိဳၿမိန္သည့္ အနံ႕ေလးသည္လည္း တကယ္ေပ်ာက္သြားၿပီ။
"ဂါး?"
ဇြန္ဘီမငယ္သည္ မ်က္လုံးစိမ္းမ်ားကို ျပဴးၾကည့္သည္။ သူမ၏ ေဒါင္လိုက္ျဖစ္ေနသည့္ သူငယ္အိမ္သည္ မ်ဥ္းတစ္ေၾကာင္းေလာက္ကို ပါးသြားကာ ကုတင္ေပၚကို ၾကည့္ေနသည္။
နယ္ေျမထဲသို႔ ေရာက္သည့္အခါ လင္းခ်င္းသည္ ေလထဲကေန က်လာသည့္ ကေလးမေလးကို အျမန္ဖမ္းလိုက္သည္။ ထို႔ေနာက္ မ်က္လုံးမွိတ္ကာ ဇြန္ဘီမငယ္၏ အေျခအေနကို ၾကည့္လိုက္သည္။
ဇြန္ဘီမငယ္သည္ ဝူယြဲ႕လင္းလွဲေနခဲ့သည့္ ေနရာကို ေၾကာင္အစြာ ၾကည့္ေနသည္။ ထို႔ေနာက္ လက္ျဖင့္ ေခါင္းအုံးကို ျဖည္းျဖည္းခ်င္း ထိၾကည့္သည္။
"အ. . .အား ဝူး"
႐ုတ္တရက္ သူမ၏ႏႈတ္ခမ္းမ်ားသည္ မဲ့သြားကာ မ်က္ႏွာသည္ ရႈံ႕မဲ့သြား၍ ငိုေတာ့သည္။ ငိုသံသည္ ထူးဆန္းေသာ္လည္း ဝမ္းနည္းမႈက ျပင္းထန္လြန္းသည္။
'ဟင္? ဘာျဖစ္လို႔လဲ?'
လင္းခ်င္းသည္ ဘာျဖစ္ေနမွန္းကို မသိေသးခင္ ဇြန္ဘီမငယ္သည္ ကုတင္ေပၚတြင္ တက္ထိုင္ကာ ေျခေထာက္မ်ားကို ကန္ေက်ာက္ရင္း အက်ယ္ႀကီးကို ေအာ္ငိုေနသည္။
"ဝါး"
'ဘာျဖစ္လို႔ အ႐ုပ္လုခံရတဲ့ ကေလးလို ငိုေနတာလဲ?'
လင္းခ်င္းက ေတြးမိသည္။ ဒီဇြန္ဘီမငယ္၏ အျပဳအမႈမ်ားသည္ လင္းခ်င္းအတြက္ ခ်ဴးလီလီႏွင့္ တူေနေလရာ ဆြံ႕အသြားသည္။
'ခ်ဴးလီလီနဲ႕ တူလိုက္တာ။ နင္တို႔က ညီအမေတြလား? မတိမ္းမယိမ္းအ႐ြယ္ေလးေတြ။ မျဖစ္နိုင္တာ ။ ငါဒုတိယ ခ်ဴးလီလီနဲ႕ ထပ္တိုးျပန္တာလား?'
လင္းခ်င္းသည္ ကေလးမေလးကို ေပြ႕ခ်ီထားရင္း အံ့ၾသေနမိသည္။ ကေလးမေလးကို ကုတင္ေပၚတင္၍ ေရတိုက္မည္ဟု ဆုံးျဖတ္ကာ သူမလွည့္လိုက္စဥ္တြင္ ကိုယ္လုံးတည္းေယာက္်ားအုပ္ႀကီးက သူမကို မယုံနိုင္စြာ ၾကည့္ေနသည္ႏွင့္ ဆုံလိုက္ရသည္။
လင္းခ်င္းသည္ ဆြံ႕အသြားရျပန္သည္။ တကယ္ေတာ့ သူတို႔သည္ အကုန္လုံးခြၽတ္ထားတာ မဟုတ္ဘဲ အတြင္းခံကိုယ္စီေတာ့ ဝတ္ထားၾကပါေသးသည္။
'အ. . .အစ္မႀကီး ခုနေလာက္ ျပန္မလာဘဲ ေနမယ္ေျပာသြားတာမလား?'
လ်ဴက်င္းသည္ ရွက္႐ြံ႕စြာျဖင့္ လက္တစ္ဖက္က ရင္ဘတ္ကိုကာၿပီး တစ္ဖက္က ဂြၾကားကိုကာထားကာ မ်က္လုံးအျပဴးသားျဖင့္ ေမးသည္။
ရွဲ႕တုန္းသည္ မရယ္နိုင္ဘဲ မေနနိုင္ေသာေၾကာင့္ ပါးစပ္ကိုလက္ျဖင့္အုပ္ကာ ရယ္ေနသည္။
လင္းခ်င္းသည္ သူ႕အားဆြံ႕အစြာျဖင့္ တစ္ခ်က္ၾကည့္ၿပီးေနာက္ ကုတင္ဆီသို႔ တည္ၿငိမ္စြာ သြားသည္။
ဟြမ္ရွို႔သည္ လ်ဴက်င္းအား ပိတ္ကန္ကာ ေျပာသည္။
"မင္းက မိန္းမလား? ဘာျဖစ္လို႔ ဒီလိုလုပ္ေနတာလဲ?"
အျခားသူမ်ားသည္ လင္းခ်င္းကို ထူးဆန္းစြာၾကည့္႐ုံအျပင္ အပိုသိပ္မလုပ္ၾကေပ။ လုထန္ရိသည္ လင္းခ်င္းလက္ထဲမွ ကေလးမေလးကို ၾကည့္ကာ ေကာင္းခ်င္းမင္းကို ေမးသည္။
"ငါတို႔မင္းသမီးေလးမလား?"
ေကာင္းခ်င္းမင္းသည္လည္း မ်က္လုံးျပဴးသြားကာ ကုတင္ဆီသြားေနသည့္ လင္းခ်င္းကိုၾကည့္ၿပီး ေခါင္းၿငိမ့္သည္။
"ဟုတ္တယ္။ ငါမကန္းေနဘူး"
"ဒါဆိုရင္ ဘယ္လိုျဖစ္တာလဲ?"
"ဘယ္သူ႕ကိုခ်ီလာတာလဲ ေမးရမလား? ဘယ္ကကေလးလဲ?"
ဟြမ္ရွို႔သည္ သူတို႔ႏွစ္ေယာက္နားသို႔ ကပ္ကာလာေမးသည္။
"ငါမွန္မယ္ဆိုရင္ လ်န္လ်န္ပဲ။ ငါတို႔စခန္းက မင္းသမီးေလး"
လုထန္ရိက ေျပာသည္။
ထိုအခါ ဟြမ္ရွို႔သည္ မ်က္လုံးမ်ား ျပဴးက်ယ္သြားကာ မယုံနိုင္စြာျဖင့္
"ဘာလဲ? လ်န္လ်န္? မင္းသမီးေလးက ဘယ္လိုလုပ္ဒီေရာက္ေနတာလဲ? ၿပီးေတာ့ ဒီအမ်ိဳးသမီးက ဘာျဖစ္လို႔ ေခၚလာတာလဲ? ေခါင္းေဆာင္ဝူနဲ႕ ဒုေခါင္းေဆာင္ေရွာင္တို႔ကေတာ့ ႐ူးကုန္မွာပဲ"
လုထန္ရိသည္ မ်က္ေမွာင္က်ဳံ႕ကာ ေခါင္းခါလိုက္သည္။ ဘာျဖစ္လဲကို သူလည္းမသိေပ။ လင္းခ်င္းက အေဝးကို ေလွ်ာက္သြားသျဖင့္ ထိုလူစုသည္ စိတ္ေအးက အဝတ္စိုမ်ားကို ေလွ်ာ္ေနၾကေတာ့သည္။ လင္းခ်င္းကိုေတာ့ လွည့္ၾကည့္တာမ်ိဳး ခနခနလုပ္ၾကေသးသည္။
ဝူယြဲ႕လ်န္ကို ကုတင္ေပၚတင္ၿပီးသည့္အခါ လင္းခ်င္းသည္ ခြက္တစ္လုံးျဖင့္ ကန္ထဲကေရကို လာခပ္သည္။ ထို႔ေနာက္ ကုတင္ဆီျပန္သြားကာ ဝူယြဲ႕လင္း၏ေခါင္းကိုမ၍ ေရတိုက္လိုက္သည္။ ကေလးမေလးသည္ ေရဆာေနပုံရကာ အလိုအေလ်ာက္ ေရကိုေသာက္လိုက္သည္။
ကန္ေရသည္ အရင္ကထက္ ဆယ္စေလာက္ကို စြမ္းအားမ်ား ပါလာသည္ျဖစ္ရာ ကေလးမေလး ေသာက္လိုကသည္ႏွင့္ သူ႕ကိုယ္ထဲမွ ပုန္းေအာင္းေနသည့္ စြမ္းအားမ်ားသည္ ခ်က္ခ်င္းကို လႈပ္ရွားလာၾကသည္။
ထိုပုန္းေအာင္းေနသည့္ အစြမ္းမ်ားက ဒဏ္ရာမ်ားကို အျမန္ကုသေပးေနသည္ကို ေတြ႕ရသည္။ ကုသေရးစြမ္းအားသည္ ႏွစ္ဆေလာက္ကို ပိုျမန္လာသည္။
လင္းခ်င္းသည္ လက္ကိုျမႇောက္၍ ကေလးမေလး၏ နဖူးမွ အပါးဆုံးျခစ္ရာကို ထိၾကည့္သည့္အခါ ႏွစ္စကၠန့္တြင္းမွာ ေပ်ာက္သြားသည္ကို ေတြ႕ရသည္။ သူမသည္ ညင္ညင္သာသာေလး ကုတ္ေပးလိုက္သည့္အခါ အမာ႐ြတ္သည္ ကြာက်သြားသည္။ ထို႔ေနာက္ ေသခ်ာထိၾကည့္သည့္အခါ အမာ႐ြတ္မက်န္ဘဲ အသားႏုေလးက ေပၚလာသည္။
လင္းခ်င္းသည္ လက္ကိုျပတ္႐ုတ္လိုက္ကာ ကုတင္ေဘးကဗီရိုေပၚတြင္ ခြက္ကိုထားလိုက္ၿပီးေနာက္ ကုတင္ေဘးမွာထိုင္ရင္း အျပင္က ဇြန္ဘီမငယ္၏ အေျခအေနကို ၾကည့္လိုက္သည္။
Advertisement
- In Serial320 Chapters
Harry Potter: New World
It is enough just to be in the wrong place at the wrong time. Whether a series of accidents, or a coincidence, but now I have to be reborn in a completely different world.
8.18 13820 - In Serial11 Chapters
Reincarnated in a World ruled by Demons
In a world of powerful, almost devil-like beings, strengthened by his noble lineage, Aramoto Kakumo shall exist to get rid of a world of the powerful beings which is in darkness. His brother Kishimoto Kakumo gave him this task shortly before his unexplainable disappearance. At the same time, he presented him with his inheritance in the form of a crystal necklace, which has unparalleled abilities if you speak a secret spell aloud in front of it. But only a heavenly angel knows this spell, for whose help Aramoto has to beg. As a result of his adventures, Aramoto loses his family and his homeland of Marlovina. As he is about to ask the heavenly angel for help, he fatefully meets a young woman who pretends to know the whereabouts of the heavenly angel whom Aramoto is supposed to ask for help. Both now set off together to carry out Aramato's order. Aramato sees himself become different in the offspring of his commission given to him by his brother Kishimoto Kakumo, so that he realizes that the love between two people is greater than the salvation of the world.
8 106 - In Serial18 Chapters
The Mystic Healer
With his clan declining quickly, Lance has no choice but to do what many experts choose not to, become a dual master; training as both a warrior and a mystic.Only by becoming stronger on a much harder journey, would Lance have the opportunity to not only assist his clan, but to take one step closer to immortality!
8 169 - In Serial6 Chapters
Point Cultivation
My thoughts become reality when I think them and when I un-think them they un-become reality! I have become so powerful that not even alternate reality can stop me! My name is Joe Mo and I become the best!
8 79 - In Serial93 Chapters
The Power and the Glory
How to study necromancy, accidentally start the zombie apocalypse, and discover the skeletons hidden in your family's closet: a guide by Abihira Sinistrah. (Or: why you should always read the fine print before raising the dead.)
8 100 - In Serial20 Chapters
regret | hwang hyunjin
[ completed ✓ ]"why is it so hard to forget him eventhough i was the one to let him go?"♡ short chapters & lowercase「 050718 」© cutehyunjin
8 235

