《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》214
Advertisement
၂၁၄။ မငြင်းဘူး
လူသားများအား ထိုလမ်းလျှောက်နေသည့် လူသေကောင်များက ကိုက်တာ သို့မဟုတ် ကုတ်တာမျိုးကို မြင်ဖူးသည်။ ဒီလိုလူများသည် သေသွားကာ သူတို့လည်း လမ်းလျှောက်သည့် အလောင်းကောင်ဖြစ်ကာ လျှောက်သွားတက်ကြသည်။ သူမသည် အခြားသူများကို ဒီလိုဖြစ်အောင် လုပ်ရသလား မသိသော်လည်း သူမက ထိုလမ်းလျှောက်နေသည့် လူသေများနှင့် သိပ်မကွာခြားသလိုပင်။
'အခုငါ့မှာအဖော်ရပြီ! ငါဒီကလေးမလေးကို ခေါ်ထားပြီးတော့ သေချာဂရုစိုက်မှာပါ'
သူမသည် ကလေး၏ မိသားစုများက စိုးရိမ်နေမှာကို မတွေးသလို ဘာကျွေးရမလဲဆိုသည်ကိုလည်း မစဉ်းစားပေ။ သူမစားရသည်များက ကလေးစားရမည်ဟု ထင်နေတာဖြစ်သည်။
အခုတော့ သူမသည် တစ်ယောက်တည်း လျှောက်သွားနေစရာ မလိုတော့၍ အရမ်းကို ပျော်နေပြီ။ အရင်တုန်းက သူမသည် လူသားများက မရှာနိုင်သည့်နေရာတွင် ပုန်းအောင်းကာ သူတို့အား စပ်စုစွာဖြင့် ငေးနေခဲ့ရသည်။ အခုတော့ ကလေးမလေးနှင့်အတူ သူမသည် ဘာမှလုပ်စရာမရှိဘဲ လမ်းမပေါ်က ပုရွက်ဆိတ်များကို ထိုင်ရေနေရလျှင်တောင် မပျင်းရတော့ပေ။
ဝူယွဲ့လျန်ကို သေချာကြည့်နေရင်း သူမ၏အမှုအယာသည် ပြောင်းသွားသည်။ ထို့နောက် ကောင်းကင်ကို တစ်ချက်မော့ကြည့်ကာ ဝူယွဲ့လျန်အားပွေ့၍ လှည့်ထွက်သွားသည်။ မိုးရွာတော့မှာ ဖြစ်သောကြောင့် မိုးရွာလျှင် အရမ်းချမ်းမည်ကို သိသည်။ ထို့ကြောင့် ဝူယွဲ့လျန်အား အနောက်ပိုင်းရေကန်သို့ ခေါ်သွားခြင်း ဖြစ်သည်။
အနောက်ပိုင်းကန်သည် သူမ၏ယာယီနယ်မြေ ဖြစ်သည်။ သူမသည် နေရာတွင် မရှိတုန်းမှာ မြို့ပေါ်က အကောင်ကြီးက သူမ၏နေရာကို မလာဖို့တော့ မျှော်လင့်ရသည်။ သို့သော်လည်း ကလေးမလေး၏ အဖေသည် ဒီနေရာတွင် ရှိနေကြောင်းကိုတော့ မသိပေ။
လင်းချင်းသည် သူမရေထဲကိုပစ်ပေးလိုက်သည့် ဇွန်ဘီအမြူတေကို နွယ်တစ်ခုက ရစ်ပတ်၍ ဆွဲယူသွားသည်ကို မြင်သည့်အခါ ပြုံးလိုက်သည်။
'စိတ်မရှည်လိုက်တာ!'
သူမတွေးမိသည်။ နွယ်သည် ဇွန်ဘီအမြူတေမှ စွမ်းအားကို အာရုံခံမိသည်နှင့် တိတ်ဆိတ်စွာ တက်လာသည်။ ဘယ်လိုပဲဖြစ်ဖြစ် လင်းချင်းကတော့ ကန်ထဲကနေ နွယ်ထွက်လာသည်ကို သတိထားမိတာပင်။
ဇွန်ဘီအမြူတေကို ရေထဲပစ်ချ၍ နှစ်မိနစ်လောက် ကြာသည့်အခါ လင်းချင်းသည် ကန်ထဲကစွမ်းအင် အပြောင်းအလဲကို အာရုံခံမိသည်။ ကန်ထဲကစွမ်းအားများသည် ကန်ပေါ်သို့ မရောက်သေးသော်လည်း သူမသည် သေချာအာရုံခံမိသည်။ စွမ်းအားစီးကြောင်းနှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစီးသွားသည်ကို သူမသိလိုက်သည်။
နှစ်ခုထဲကတစ်ခုသည် ကန်ထဲမှ သူမရင်းနှီးသည့် စွမ်းအင်ဖြစ်ကာ ညင်သာသော်လည်း အခုတော့ ဒီလိုမဟုတ်တော့။ နောက်တစ်ခုသည် ဇွန်ဘီဘုရင်၏ ပြင်းထန်သည့် စွမ်းအင်ဖြစ်သည်။ ကြည့်ရသည်မှာ နွယ်လေး၏စွမ်းအားကို ဇွန်ဘီဘုရင်၏ ပြင်းထန်သည့်စွမ်းအားက လွှမ်းမိုးလိုက်သလို ဖြစ်နိုင်သည်။ စွမ်းအားနှစ်ခုသည် ကန်ထဲတွင် ရောယှက်နေကာ တစ်ခုနှင့်တစ်ခုဝါးမြိုကာ တိုက်ခိုက်နေသည်။
အခြားသူများသည် ကန်ထဲကနေ စွမ်းအားလှိုင်းများကို အာရုံခံမိကြသော်လည်း လင်းချင်းလိုတော့ သေချာမသိပေ။ လုထန်ရိသည် နားမလည်စွာဖြင့် မေးသည်။
"နင့်ကန်ထဲမှာ တစ်ခုခုရှိနေတာလား?"
လင်းချင်းသည် သူနှင့် သူ့နောက်သို့လာသည့် ကောင်းချင်းမင်းကို ကြည့်လိုက်သည်။
'ဒီကောင်လေးတွေက အတော်အာရုံကောင်းတာပဲ။ သူတို့အစွမ်းရဲ့ ၃၀ရာခိုင်နှုန်းလောက်ပဲ ပြန်ရသေးတာတောင် ဒါကိုသိတယ်'
ရှဲ့တုန်းသည်လည်း အနားသို့ရောက်လာကာ ရေကန်ကိုကြည့်သည်။ ကန်ထဲမှ အန္တရာယ်သည် ပိုကြီးလာသလို သူခံစားရသည်။
လင်းချင်းသည် လုထန်ရိနှင့် ကောင်းချင်းမင်းတို့ကို တစ်ချက်ထပ်ကြည့်လိုက်သည်။ သူမသည် ခေါင်းငြိမ့်မပြဘဲ ရှဲ့တုန်းကို သင်ပုန်းကိုပေးကာ
"အပြင်ထွက်မယ်။ နင်"
ဒီလိုပြောရင်း သူတို့အဝတ်များနှင့် ရေပုံးကို လက်ညိုးထိုးပြသည်။
လုထန်ရိနှင့်ကောင်းချင်းမင်းတို့သည် အချင်းချင်းကြည့်ကာ သူမပြောသည်ကို နားလည်သည်။ ထို့နောက် လင်းချင်းက မျက်လုံးကိုမှိတ်ကာ ကန်ဘေးကနေ ပျောက်သွားသည်။
ထို့နောက် လုထန်ရိသည် ရှဲ့တုန်းအား
"ငါ့မှာမေးစရာရှိတယ်"
ရှဲ့တုန်းအား ထူးဆန်းစွာပြုံးရင်း မေးသည်။
"လုထန်ယုက ဆံပင်တွေကျွတ်ကုန်လို့လား?"
"ဟား ဟား"
ကောင်းချင်းမင်းသည် မရယ်ဘဲ မနေနိုင်တော့ပေ။
လုထန်ရိသည် သူ့ကိုတစ်ချက်ကြည့်ကာ ရှဲ့တုန်းကိုကြည့်သည်။ နှစ်ယောက်လုံးသည် သတိထားမိတာ ကြာသော်လည်း လင်းချင်းက နေကာမျက်မှန်နှင့် ဦးထုပ်ကို မချွတ်စတမ်းနေသဖြင့် သူတို့က သူမရှက်နေမည်ဟုထင်ကာ တိုက်ရိုက်မမေးတာဖြစ်သည်။
သို့သော်လည်း တကယ်သိချင်နေသည်။ လုထန်ယု၏ ကတုံးဖြင့်မျက်နှာကို အရင်လိုမိတ်ကပ်ထူကြီးဖြင့်၊ မိတ်ကပ်မပါဘဲနှင့် ဇွန်ဘီမျက်လုံးတို့ဖြင့် မျိုးစုံတွေးကြည့်နေရာ ရယ်ရမလို ငိုရမလို ဖြစ်နေတော့သည်။ သူမသည် ကတုံးဖြစ်ကြောင်းကို သိချိန်တုန်းက သူမသိသလောက် ဘာသာစကားများဖြင့် ကျိန်ဆဲနေမည်ကို သူတွေးကြည့်၍ ရသည်။
ရှဲ့တုန်းသည် သူတို့ကိုကြည့်၍ ၇စက္ကန့် ၈စက္ကန့်လောက် ငြိမ်ပြီးမှ ခေါင်းငြိမ့်ပြသည်။ လုထန်ရိကိုကြည့်ရင်း အနည်းငယ်အံ့သြမိသည်မှာ လုထန်ယု သို့မဟုတ် လင်းချင်းကို ဂရုစိုက်နေ၍ ဖြစ်သည်။ လုထန်ရိသည် လုထန်ယုက ဇွန်ဘီဖြစ်သည်နှင့် ဝိဉာဉ်ပြောင်းသွားသည်ကို သိကောင်းသိနေလောက်ပြီ။
'ဒီချောတဲ့ကောင်လေးက လုထန်ရိနဲ့ ခိုးကြိုက်နေကြတာလား?'
ရှဲ့တုန်းက တွေးသည်။
'ဒီမိန်းမမှာ ခိုးတွဲနေတဲ့သူရှိတာလား? ဒါအံ့သြစရာကြီး!'
"သူ့ကိုဂရုစိုက်နေတာလား?"
ရှဲ့တုန်းက ရေးပြသည်။
လုထန်ရိသည် ခနငြိမ်သွားပြီးနောက် မျက်လုံးများစင်းသွားကာ မတက်သာသည့်အပြုံးမျိုးဖြင့်
"သတိထားမိတယ်လား?"
ရှဲ့တုန်းသည် ဆွံ့အစွာဖြင့် မျက်လုံးလှန်မိသလို ကောင်းချင်းမင်းလည်း ဒီလိုဖြစ်သွားကာ ပြောသည်။
Advertisement
"ငါဒါမျိုးကို မပြောချင်ပင်မယ့် မင်းတစ်ချိန်လုံး သူ့ကိုပဲအာရုံစိုက်နေတာ။ သူပြောင်းလဲသွားပြီဆိုတာကို မင်းမခံစားမိဘူးလား? အမှန်တိုင်းပြောရရင် မင်းမှားနေသလားလို့တောင် ငါထင်လာတယ်"
လုထန်ရိသည် ကန်ရေပြင်ကို ကြည့်ကာ ငြိမ်ကျသွားသည်။ သူလည်းသေချာပေါက်ကို ခံစားမိသည်။ မခံစားမိဘဲ ဘယ်နေမလဲ? စတွေ့တည်းက ကွာခြားမှုများကို သတိထားမိကာ သံသယဝင်နေသည်မှာ ကြာလှပြီ။ သို့သော်လည်း သူမသည် ဝန်ခံသွားမလား? လုထန်ယုမဟုတ်ကြောင်းကိုလည်း မငြင်းသောကြောင့် ပြဿနာဖြစ်နေသည်။
"ငါသိပင်မယ့် သူလည်းမငြင်းဘူးလေ"
ကောင်းချင်းမင်းက ခနတိတ်သွားပြီးနောက် ပြောသည်။
"ဘာပဲဖြစ်ဖြစ်ကွာ ဘယ်သူမှမဟုတ်တောင် ငါတို့ကတော့ သူ့ကိုမှတ်မိမယ် ထင်တာပဲ"
ဒီလိုပြောရင်းဖြင့် အခြားသူများကို ကြည့်လိုက်သည်။
ရှဲ့တုန်းသည် သူတို့ကို တစ်ချက်ကြည့်ကာ ဝင်မပြောဘဲ ပစ္စည်းပုံကြီးထဲမှ ရေပုံးများသာ သွားရှာပေးဖို့ ထွက်သွားလေသည်။ ရေကန်ရှိသောကြောင့် လင်းချင်းသည် နောက်လိုရင်သုံးရအောင် ပုံးအရွယ်အစားမျိုးစုံကို စုသိမ်းထားတက်သည်။ သူမသည် ဟိုတယ်က ထွက်မလာခင် လင်းဖန်တို့လူများသုံးဖို့ ကန်ရေကို ပုံးကြီးများဖြင့် ဖြည့်ပေးခဲ့သေးသည်။ ဟိုတယ်တွင် ရေပုံးသုံးဆယ်လောက်ကို ထားပေးခဲ့တာဖြစ်သည်။
နယ်မြေထဲက ထွက်လာသည့်အခါ သစ်ပင်ပေါ်တွင် ထိုင်နေကာ သူမကို အာရုံမခံမိသည့် ဝူချန်းယွဲ့အား တည်ငြိမ်စွာကြည့်လိုက်သည်။ ထို့နောက် ဂုဏ်ယူဝင့်ကြွားစွာပြုံးကာ လှည့်ထွက်လာသည်။
'သူ့ဇွန်ဘီအမြူတေကို သိမ်းလိုက်တာက နည်းနည်းဆိုးပင်မယ့်လည်း ငါ့ကိုအကြောင်းမဲ့ကြီး မိုးကြိုးနဲ့ ပစ်ချထားလို့ လက်စားချေတာပဲ? ငါကဒါကို မေ့စရာလား! ကလေးမလေးကို ခေါ်ထားမိတယ်ဆိုပင်မယ့် ငါကပြန်ပေးတာပဲမလား? ပြီးတော့ ရက်ကြာကြာ ငါ့မှာကလေးထိန်းကြီး လုပ်ပေးခဲ့ရသေးတာ။ ဒါကကလေးကို စောင့်ရှောက်ပေးရလို့ ဇွန်ဘီအမြူတေကို အဖိုးအခအနေနဲ့ ပြန်ယူရုံတင်ပဲ'
Zawgyi Ver
၂၁၄။ မျငင္းဘူး
လူသားမ်ားအား ထိုလမ္းေလွ်ာက္ေနသည့္ လူေသေကာင္မ်ားက ကိုက္တာ သို႔မဟုတ္ ကုတ္တာမ်ိဳးကို ျမင္ဖူးသည္။ ဒီလိုလူမ်ားသည္ ေသသြားကာ သူတို႔လည္း လမ္းေလွ်ာက္သည့္ အေလာင္းေကာင္ျဖစ္ကာ ေလွ်ာက္သြားတက္ၾကသည္။ သူမသည္ အျခားသူမ်ားကို ဒီလိုျဖစ္ေအာင္ လုပ္ရသလား မသိေသာ္လည္း သူမက ထိုလမ္းေလွ်ာက္ေနသည့္ လူေသမ်ားႏွင့္ သိပ္မကြာျခားသလိုပင္။
'အခုငါ့မွာအေဖာ္ရၿပီ! ငါဒီကေလးမေလးကို ေခၚထားၿပီးေတာ့ ေသခ်ာဂ႐ုစိုက္မွာပါ'
သူမသည္ ကေလး၏ မိသားစုမ်ားက စိုးရိမ္ေနမွာကို မေတြးသလို ဘာေကြၽးရမလဲဆိုသည္ကိုလည္း မစဥ္းစားေပ။ သူမစားရသည္မ်ားက ကေလးစားရမည္ဟု ထင္ေနတာျဖစ္သည္။
အခုေတာ့ သူမသည္ တစ္ေယာက္တည္း ေလွ်ာက္သြားေနစရာ မလိုေတာ့၍ အရမ္းကို ေပ်ာ္ေနၿပီ။ အရင္တုန္းက သူမသည္ လူသားမ်ားက မရွာနိုင္သည့္ေနရာတြင္ ပုန္းေအာင္းကာ သူတို႔အား စပ္စုစြာျဖင့္ ေငးေနခဲ့ရသည္။ အခုေတာ့ ကေလးမေလးႏွင့္အတူ သူမသည္ ဘာမွလုပ္စရာမရွိဘဲ လမ္းမေပၚက ပု႐ြက္ဆိတ္မ်ားကို ထိုင္ေရေနရလွ်င္ေတာင္ မပ်င္းရေတာ့ေပ။
ဝူယြဲ႕လ်န္ကို ေသခ်ာၾကည့္ေနရင္း သူမ၏အမႈအယာသည္ ေျပာင္းသြားသည္။ ထို႔ေနာက္ ေကာင္းကင္ကို တစ္ခ်က္ေမာ့ၾကည့္ကာ ဝူယြဲ႕လ်န္အားေပြ႕၍ လွည့္ထြက္သြားသည္။ မိုး႐ြာေတာ့မွာ ျဖစ္ေသာေၾကာင့္ မိုး႐ြာလွ်င္ အရမ္းခ်မ္းမည္ကို သိသည္။ ထို႔ေၾကာင့္ ဝူယြဲ႕လ်န္အား အေနာက္ပိုင္းေရကန္သို႔ ေခၚသြားျခင္း ျဖစ္သည္။
အေနာက္ပိုင္းကန္သည္ သူမ၏ယာယီနယ္ေျမ ျဖစ္သည္။ သူမသည္ ေနရာတြင္ မရွိတုန္းမွာ ၿမိဳ႕ေပၚက အေကာင္ႀကီးက သူမ၏ေနရာကို မလာဖို႔ေတာ့ ေမွ်ာ္လင့္ရသည္။ သို႔ေသာ္လည္း ကေလးမေလး၏ အေဖသည္ ဒီေနရာတြင္ ရွိေနေၾကာင္းကိုေတာ့ မသိေပ။
လင္းခ်င္းသည္ သူမေရထဲကိုပစ္ေပးလိုက္သည့္ ဇြန္ဘီအျမဴေတကို ႏြယ္တစ္ခုက ရစ္ပတ္၍ ဆြဲယူသြားသည္ကို ျမင္သည့္အခါ ၿပဳံးလိုက္သည္။
'စိတ္မရွည္လိုက္တာ!'
သူမေတြးမိသည္။ ႏြယ္သည္ ဇြန္ဘီအျမဴေတမွ စြမ္းအားကို အာ႐ုံခံမိသည္ႏွင့္ တိတ္ဆိတ္စြာ တက္လာသည္။ ဘယ္လိုပဲျဖစ္ျဖစ္ လင္းခ်င္းကေတာ့ ကန္ထဲကေန ႏြယ္ထြက္လာသည္ကို သတိထားမိတာပင္။
ဇြန္ဘီအျမဴေတကို ေရထဲပစ္ခ်၍ ႏွစ္မိနစ္ေလာက္ ၾကာသည့္အခါ လင္းခ်င္းသည္ ကန္ထဲကစြမ္းအင္ အေျပာင္းအလဲကို အာ႐ုံခံမိသည္။ ကန္ထဲကစြမ္းအားမ်ားသည္ ကန္ေပၚသို႔ မေရာက္ေသးေသာ္လည္း သူမသည္ ေသခ်ာအာ႐ုံခံမိသည္။ စြမ္းအားစီးေၾကာင္းႏွစ္ခုက တစ္ခုတည္းအျဖစ္ ေပါင္းစီးသြားသည္ကို သူမသိလိုက္သည္။
ႏွစ္ခုထဲကတစ္ခုသည္ ကန္ထဲမွ သူမရင္းႏွီးသည့္ စြမ္းအင္ျဖစ္ကာ ညင္သာေသာ္လည္း အခုေတာ့ ဒီလိုမဟုတ္ေတာ့။ ေနာက္တစ္ခုသည္ ဇြန္ဘီဘုရင္၏ ျပင္းထန္သည့္ စြမ္းအင္ျဖစ္သည္။ ၾကည့္ရသည္မွာ ႏြယ္ေလး၏စြမ္းအားကို ဇြန္ဘီဘုရင္၏ ျပင္းထန္သည့္စြမ္းအားက လႊမ္းမိုးလိုက္သလို ျဖစ္နိုင္သည္။ စြမ္းအားႏွစ္ခုသည္ ကန္ထဲတြင္ ေရာယွက္ေနကာ တစ္ခုႏွင့္တစ္ခုဝါးၿမိဳကာ တိုက္ခိုက္ေနသည္။
အျခားသူမ်ားသည္ ကန္ထဲကေန စြမ္းအားလွိုင္းမ်ားကို အာ႐ုံခံမိၾကေသာ္လည္း လင္းခ်င္းလိုေတာ့ ေသခ်ာမသိေပ။ လုထန္ရိသည္ နားမလည္စြာျဖင့္ ေမးသည္။
"နင့္ကန္ထဲမွာ တစ္ခုခုရွိေနတာလား?"
လင္းခ်င္းသည္ သူႏွင့္ သူ႕ေနာက္သို႔လာသည့္ ေကာင္းခ်င္းမင္းကို ၾကည့္လိုက္သည္။
'ဒီေကာင္ေလးေတြက အေတာ္အာ႐ုံေကာင္းတာပဲ။ သူတို႔အစြမ္းရဲ႕ ၃၀ရာခိုင္ႏႈန္းေလာက္ပဲ ျပန္ရေသးတာေတာင္ ဒါကိုသိတယ္'
ရွဲ႕တုန္းသည္လည္း အနားသို႔ေရာက္လာကာ ေရကန္ကိုၾကည့္သည္။ ကန္ထဲမွ အႏၲရာယ္သည္ ပိုႀကီးလာသလို သူခံစားရသည္။
လင္းခ်င္းသည္ လုထန္ရိႏွင့္ ေကာင္းခ်င္းမင္းတို႔ကို တစ္ခ်က္ထပ္ၾကည့္လိုက္သည္။ သူမသည္ ေခါင္းၿငိမ့္မျပဘဲ ရွဲ႕တုန္းကို သင္ပုန္းကိုေပးကာ
"အျပင္ထြက္မယ္။ နင္"
ဒီလိုေျပာရင္း သူတို႔အဝတ္မ်ားႏွင့္ ေရပုံးကို လက္ညိုးထိုးျပသည္။
လုထန္ရိႏွင့္ေကာင္းခ်င္းမင္းတို႔သည္ အခ်င္းခ်င္းၾကည့္ကာ သူမေျပာသည္ကို နားလည္သည္။ ထို႔ေနာက္ လင္းခ်င္းက မ်က္လုံးကိုမွိတ္ကာ ကန္ေဘးကေန ေပ်ာက္သြားသည္။
Advertisement
ထို႔ေနာက္ လုထန္ရိသည္ ရွဲ႕တုန္းအား
"ငါ့မွာေမးစရာရွိတယ္"
ရွဲ႕တုန္းအား ထူးဆန္းစြာၿပဳံးရင္း ေမးသည္။
"လုထန္ယုက ဆံပင္ေတြကြၽတ္ကုန္လို႔လား?"
"ဟား ဟား"
ေကာင္းခ်င္းမင္းသည္ မရယ္ဘဲ မေနနိုင္ေတာ့ေပ။
လုထန္ရိသည္ သူ႕ကိုတစ္ခ်က္ၾကည့္ကာ ရွဲ႕တုန္းကိုၾကည့္သည္။ ႏွစ္ေယာက္လုံးသည္ သတိထားမိတာ ၾကာေသာ္လည္း လင္းခ်င္းက ေနကာမ်က္မွန္ႏွင့္ ဦးထုပ္ကို မခြၽတ္စတမ္းေနသျဖင့္ သူတို႔က သူမရွက္ေနမည္ဟုထင္ကာ တိုက္ရိုက္မေမးတာျဖစ္သည္။
သို႔ေသာ္လည္း တကယ္သိခ်င္ေနသည္။ လုထန္ယု၏ ကတုံးျဖင့္မ်က္ႏွာကို အရင္လိုမိတ္ကပ္ထူႀကီးျဖင့္၊ မိတ္ကပ္မပါဘဲႏွင့္ ဇြန္ဘီမ်က္လုံးတို႔ျဖင့္ မ်ိဳးစုံေတြးၾကည့္ေနရာ ရယ္ရမလို ငိုရမလို ျဖစ္ေနေတာ့သည္။ သူမသည္ ကတုံးျဖစ္ေၾကာင္းကို သိခ်ိန္တုန္းက သူမသိသေလာက္ ဘာသာစကားမ်ားျဖင့္ က်ိန္ဆဲေနမည္ကို သူေတြးၾကည့္၍ ရသည္။
ရွဲ႕တုန္းသည္ သူတို႔ကိုၾကည့္၍ ၇စကၠန့္ ၈စကၠန့္ေလာက္ ၿငိမ္ၿပီးမွ ေခါင္းၿငိမ့္ျပသည္။ လုထန္ရိကိုၾကည့္ရင္း အနည္းငယ္အံ့ၾသမိသည္မွာ လုထန္ယု သို႔မဟုတ္ လင္းခ်င္းကို ဂ႐ုစိုက္ေန၍ ျဖစ္သည္။ လုထန္ရိသည္ လုထန္ယုက ဇြန္ဘီျဖစ္သည္ႏွင့္ ဝိဉာဥ္ေျပာင္းသြားသည္ကို သိေကာင္းသိေနေလာက္ၿပီ။
'ဒီေခ်ာတဲ့ေကာင္ေလးက လုထန္ရိနဲ႕ ခိုးႀကိဳက္ေနၾကတာလား?'
ရွဲ႕တုန္းက ေတြးသည္။
'ဒီမိန္းမမွာ ခိုးတြဲေနတဲ့သူရွိတာလား? ဒါအံ့ၾသစရာႀကီး!'
"သူ႕ကိုဂ႐ုစိုက္ေနတာလား?"
ရွဲ႕တုန္းက ေရးျပသည္။
လုထန္ရိသည္ ခနၿငိမ္သြားၿပီးေနာက္ မ်က္လုံးမ်ားစင္းသြားကာ မတက္သာသည့္အၿပဳံးမ်ိဳးျဖင့္
"သတိထားမိတယ္လား?"
ရွဲ႕တုန္းသည္ ဆြံ႕အစြာျဖင့္ မ်က္လုံးလွန္မိသလို ေကာင္းခ်င္းမင္းလည္း ဒီလိုျဖစ္သြားကာ ေျပာသည္။
"ငါဒါမ်ိဳးကို မေျပာခ်င္ပင္မယ့္ မင္းတစ္ခ်ိန္လုံး သူ႕ကိုပဲအာ႐ုံစိုက္ေနတာ။ သူေျပာင္းလဲသြားၿပီဆိုတာကို မင္းမခံစားမိဘူးလား? အမွန္တိုင္းေျပာရရင္ မင္းမွားေနသလားလို႔ေတာင္ ငါထင္လာတယ္"
လုထန္ရိသည္ ကန္ေရျပင္ကို ၾကည့္ကာ ၿငိမ္က်သြားသည္။ သူလည္းေသခ်ာေပါက္ကို ခံစားမိသည္။ မခံစားမိဘဲ ဘယ္ေနမလဲ? စေတြ႕တည္းက ကြာျခားမႈမ်ားကို သတိထားမိကာ သံသယဝင္ေနသည္မွာ ၾကာလွၿပီ။ သို႔ေသာ္လည္း သူမသည္ ဝန္ခံသြားမလား? လုထန္ယုမဟုတ္ေၾကာင္းကိုလည္း မျငင္းေသာေၾကာင့္ ျပႆနာျဖစ္ေနသည္။
"ငါသိပင္မယ့္ သူလည္းမျငင္းဘူးေလ"
ေကာင္းခ်င္းမင္းက ခနတိတ္သြားၿပီးေနာက္ ေျပာသည္။
"ဘာပဲျဖစ္ျဖစ္ကြာ ဘယ္သူမွမဟုတ္ေတာင္ ငါတို႔ကေတာ့ သူ႕ကိုမွတ္မိမယ္ ထင္တာပဲ"
ဒီလိုေျပာရင္းျဖင့္ အျခားသူမ်ားကို ၾကည့္လိုက္သည္။
ရွဲ႕တုန္းသည္ သူတို႔ကို တစ္ခ်က္ၾကည့္ကာ ဝင္မေျပာဘဲ ပစၥည္းပုံႀကီးထဲမွ ေရပုံးမ်ားသာ သြားရွာေပးဖို႔ ထြက္သြားေလသည္။ ေရကန္ရွိေသာေၾကာင့္ လင္းခ်င္းသည္ ေနာက္လိုရင္သုံးရေအာင္ ပုံးအ႐ြယ္အစားမ်ိဳးစုံကို စုသိမ္းထားတက္သည္။ သူမသည္ ဟိုတယ္က ထြက္မလာခင္ လင္းဖန္တို႔လူမ်ားသုံးဖို႔ ကန္ေရကို ပုံးႀကီးမ်ားျဖင့္ ျဖည့္ေပးခဲ့ေသးသည္။ ဟိုတယ္တြင္ ေရပုံးသုံးဆယ္ေလာက္ကို ထားေပးခဲ့တာျဖစ္သည္။
နယ္ေျမထဲက ထြက္လာသည့္အခါ သစ္ပင္ေပၚတြင္ ထိုင္ေနကာ သူမကို အာ႐ုံမခံမိသည့္ ဝူခ်န္းယြဲ႕အား တည္ၿငိမ္စြာၾကည့္လိုက္သည္။ ထို႔ေနာက္ ဂုဏ္ယူဝင့္ႂကြားစြာၿပဳံးကာ လွည့္ထြက္လာသည္။
'သူ႕ဇြန္ဘီအျမဴေတကို သိမ္းလိုက္တာက နည္းနည္းဆိုးပင္မယ့္လည္း ငါ့ကိုအေၾကာင္းမဲ့ႀကီး မိုးႀကိဳးနဲ႕ ပစ္ခ်ထားလို႔ လက္စားေခ်တာပဲ? ငါကဒါကို ေမ့စရာလား! ကေလးမေလးကို ေခၚထားမိတယ္ဆိုပင္မယ့္ ငါကျပန္ေပးတာပဲမလား? ၿပီးေတာ့ ရက္ၾကာၾကာ ငါ့မွာကေလးထိန္းႀကီး လုပ္ေပးခဲ့ရေသးတာ။ ဒါကကေလးကို ေစာင့္ေရွာက္ေပးရလို႔ ဇြန္ဘီအျမဴေတကို အဖိုးအခအေနနဲ႕ ျပန္ယူ႐ုံတင္ပဲ'
Advertisement
- In Serial7 Chapters
The Umysil Book 1: Kaisers
For all his life, Marik Kaiser had been afraid. Content to just laze around with his sister, Mackenzie, their world is flipped by the arrival of King Kal's forces. Now the twins seek truth and understanding to bring peace to themselves and their mother.
8 149 - In Serial7 Chapters
To the End
In his second year of high school, young critic and amateur writer Terrezia Guls finds himself in another world. Certain tags pending.
8 82 - In Serial8 Chapters
On the way up
in a world where one's potential is determined from birth, by a simple roll of the dice. one will find a boy who has had everything taken from him, now he is fighting his way up again. so that one day he may have the girl and the power that is rightfully his. English is my second language and I'm dyslexic, this is just fun, will try to upload relatively often but it's hard. cover is not mine. cant drav too save my life. soo if enny body want to make one i wood love that work in proces. wil opdate ass sune ass i get to ride at translate a new chapter
8 199 - In Serial27 Chapters
Hawks x reader Oneshots and Smut
SMUTTTTT, LEMON, FLUFF, REQUESTSHawks x ReaderWe have no angst cause we don't need to be anymore depressed children.WE SERVE THE LGBTQ+ COMMUNITYIF YOU NO LIKE COMMUNITY THEN FUCK OFF. We like Allies.😊
8 212 - In Serial26 Chapters
Dancing with the Devil
To move on from her past, an extraordinary girl must tear down the walls she has built to protect herself.Mackenzie Douglas seems to have it all: good looks, a great boyfriend, a passion for biking, and a little sister who worships her. But under the veneer of perfection lie the emotional scars of her childhood, inflicted by her father. Though her memories have faded with time, the wounds on Mac’s subconscious remain.Having vowed to never be a victim again, Mac focuses on a journey she’s always wanted to take: a summer bike trip on her amazing new RoadCap bike. But as the excursion finally gets underway, memories Mac long ago buried start to claw their way back to the surface, forcing her to confront a past she has done everything she can to forget.To prevent her sister from enduring the same trauma, Mac must let go of everything in which she’s found refuge. To break a cycle that needs to be broken, Mackenzie summons her strength and risks shattering the world she has so carefully built, exposing hidden secrets, long-told lies, and a horrific crime.Hello, Readers!It took me nine years (seriously!) to finish this YA, Dancing With the Devil, and Diversion Books has published it both digitally and in paperback versions. But guess what? I'm also putting it up here on Wattpad, free. Serialized, so it might make you crazy, but still, cool, right? And the whole thing will be here. I'm serializing twice a week every Sunday and Wednesday and the completed story will be one of the Wattpad Featured Stories starting on June 6th. You'll just have to wait to read the whole thing. After it's all up, I get to answer questions in a LIVE Q&A book club! Talking to readers will be a dream come true. Sign up here to make sure you don't miss the event: http://katiedavis.com/devilbookclub
8 92 - In Serial17 Chapters
What did we do
Remus had always felt like he didn't belong, he had Janus but that wasn't enough for him. he wanted his brother's approval so bad that he would do anything to get it...anything.-------------------------------------------#1 in Remus angst#5 in unsympathetic roman#8 in unsympathetic Pattonall taken from the rank stats in 2/8/2021
8 150

