《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》212
Advertisement
၂၁၂။ သန္ဓေပြောင်းဇွန်ဘီ
မုန့်ယွဲ့သည် စကားပြောပြီးသည့်အခါ သူမ၏တစ်ကိုယ်လုံးသည် အေးခဲသွားသည်။ ထို့နောက် သူမသည် ချက်ချင်းထလာကာ ဝူယွဲ့လင်းကို နောက်တွင်ကာထားလိုက်ပြီး တံခါးကို သတိအပြည့်ဖြင့် ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ?"
မုန့်ယွဲ့သည် သူ့အမေးကို မဖြေဘဲ တံခါးကိုပဲ ကြည့်နေသည်။ ထိုအချိန်တွင် တံခါးလက်ကိုင်ကို ဖွင့်လိုက်သည့်အသံများကို ကြားလိုက်သဖြင့် နောက်သို့ဆုတ်လိုက်ကာ ဝူယွဲ့လျန်ကို ကာထားလိုက်ကြသည်။ ဝူယွဲ့လျန်သည်လည်း သူတို့နှစ်ယောက်ကြောင့် သူမ၏မြက်ပုစဉ်းရုပ်လေးကို အိတ်ကပ်ထဲသို့ အမြန်ထည့်လိုက်သည်။
တံခါးသည် ပွင့်သွားပြီး ဖြည်းဖြည်းချင်း ပွင့်လာသည်။ ထို့နောက် အတော်သေးပုသည့် သဏ္ဍာန်သည် တံခါးဝတွင် ရပ်နေသည်။ တံခါးပွင့်သွားသည့်အခါ ဇွန်ဘီမငယ်ငယ်လေးသည် ခေါင်းကိုကဲကြည့်ကာ မုန့်ယွဲ့နှင့် ရှောင်ယွင့်လုံတို့ကို သူမ၏သိချင်စိတ်ဖြင့် ပြည့်နေသည့် မျက်လုံးစိမ်းများဖြင့် ကြည့်နေသည်။
'ဘာလဲ? နှစ်ယောက်တည်းလား?'
သူမသည် နားမလည်စွာကြည့်လိုက်သည်။
'လူသုံးယောက်ဟု အာရုံရတာပါ။ ဘာဖြစ်လို့ နှစ်ယောက်တည်းပဲ ငါမြင်နေရတာလဲ?'
သူမ၏မျက်လုံးစိမ်းများအောက်မှ အနက်ရောင်မျက်ကွင်းများကို မြင်သည့်အခါ မုန့်ယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် ချက်ချင်းလှုပ်ရှားကြတော့သည်။ ရှောင်ယွင့်လုံသည် ရှေ့သို့တစ်လှမ်းတိုးကာ လက်နှစ်ဖက်ကို ထုတ်လိုက်သည်။ ထိုအခါ အခန်းထဲက သတ္တုပစ္စည်းများသည် ပြုတ်ကျလာကာ သံကွန်ရက်ကြီးဖြစ်သွားပြီးနောက် တံခါးတစ်ခုလုံးကို ပိတ်ထားလိုက်သည်။ မုန့်ယွဲ့သည်လည်း လျှင်မြန်စွာ လှုပ်ရှားသည်။ သူမသည် ဝူယွဲ့လင်းကို ပွေ့ချီလိုက်ကာ ပြတင်းပေါက်ကနေ ခုန်ချလိုက်သည်။
ထိုအခါ ထူးဆန်းသည့် ဇွန်ဘီမသည် ကလေးမလေးကို သတိထားမိသွားကာ သေချာစိုက်ကြည့်နေသည်။ ထို့နောက် သူမသည် စိတ်တိုသွားကာ အခန်းထဲကနေ အမြန်ဝင်ဖို့လုပ်သော်လည်း ရှောင်ယွင့်လုံ၏ သံကွန်ရက်များက လမ်းကို တားဆီးထားသည်။ သူမသည် သံကွန်ရက်များကို ဖျက်ဖို့ကိုင်လှုပ်နေသော်လည်း နည်းနည်းမှကို မယိုင်နှဲ့ပေ။
ရှောင်ယွင့်လုံသည် နောက်သို့တစ်လှမ်းဆုတ်လိုက်ကာ ဇွန်ဘီမလေးကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးအောက်က မျက်ကွင်းနက်များအရ ဇွန်ဘီဖြစ်သည်မှာ သေချာသည်။ သူမ၏ မျက်လုံးများကို မြင်သည့်အခါ သူမသည် အင်အားကြီးသဖြင့် ရင်ဆိုင်ရခက်မည် ဖြစ်ကြောင်းကို သိလိုက်သည်။ အရှိန်အဝါသည်လည်း သူ့ထက်တောင် ပိုသန်မာနေသည်။
သူမသည် ရှားပါးသည့် သန္ဓေပြောင်းဇွန်ဘီဖြစ်သည်။ မျက်နှာတစ်ဝက်ကို ထူးဆန်းသည့် အကြေးခွံဖြင့် ဖုံးနေကာ မျက်လုံးများသည် စိမ်း၍ မျက်စံများက မြွေများလို ကန့်လန့်ဖြစ်နေသည်။ ခြေသည်းလက်သည်းများသည် သာမန်ဇွန်ဘီများနှင့်မတူပေ။ သာမန်ဇွန်ဘီများသည် လက်သည်းရှည်ကြီးများ ရှိသည်ကလွဲ၍ သာမန်လူလိုပင်။ သို့သော်လည်း ဒီမြွေမျက်လုံးဖြင့်ဇွန်ဘီ၏ လက်သည်းများသည် သားရဲကောင်များ၏ခြေစွယ်လက်စွယ်များလို သတ္တုလိုမာကြောပုံရသည်။
ဇွန်ဘီမငယ်သည် တံခါးကိုပိတ်ထားသည့် သံကွန်ရက်များကို ဆွဲလှုပ်နေသော်လည်း မရပေ။ ထို့နောက် သူမသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ကာ လက်သည်းများကို ဖြည်းဖြည်းချင်းမြှောက်လိုက်၍ ရိုက်ချလိုက်သည်။
ဘန်း!
ဒီလိုဖြင့် ခိုင်မာသည့် သံကွန်ရက်တွင် အပေါက်ကြီးဖြစ်သွားသည်။ သူမသည် ပြတင်းပေါက်ကိုကြည့်ရင်း စိုးရိမ်နေသလိုပုံဖြင့် သံကွန်ရက်ကို ဆက်တိုက်ရိုက်နေသည်။
မုန့်ယွဲ့သည် လေးလွှာကနေ ခုန်ချလိုက်ပြီးနောက် ပြန်မော့ကြည့်လိုက်သည့်အခါ ရှောင်ယွင့်လုံက လိုက်ဆင်းလာသည်။
"လျန်လျန်ကို ခေါ်သွား! ငါလုပ်လိုက်မယ်"
ရှောင်ယွင့်လုံသည် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သူ့လှုပ်ရှားမှုနှင့်အတူ အနားက ပြတင်းပေါက်တိုင်းမှ သံဘောင်များသည် ပြုတ်ကျလာကာ လေးလွှာ၏ပြတင်းပေါက်ကို ကာလိုက်သည်။
မုန့်ယွဲ့သည် အချိန်ဖြုန်းမနေဘဲ ဝူယွဲ့လျန်ကိုပွေ့ကာ အဆောက်အဦးရှေ့မှ ကွင်းထဲသို့ ပြေးသွားသည်။ သူမသည် ကားမောင်း၍ ထွက်သွားနိုင်ရန် ကားပါကင်ထိုးထားသည့် ကွင်းထဲသို့ သွားနေတာဖြစ်သည်။ သူမသည် ခြေဖြင့်ပြေးလျှင် အဝေးသို့ သိပ်မရောက်နိုင်သောကြောင့် ဖြစ်သည်။
သူမသည် ဝူယွဲ့လျန်နှင့်အတူ ကားဆီသို့ ပြေးစဉ် အနောက်ကနေ ပေါက်ကွဲသံများကို ကြားရသည်။ သူမသည် လှည့်ကြည့်လိုက်သည့်အခါ အပြင်တွင်စောင့်နေသည့် တပ်သားအကုန်လုံး မရှိတော့တာကို တွေ့ရသည်။ ထိုထူးဆန်းသည့် ဇွန်ဘီက အကုန်လုံးကို သတ်လိုက်ပြီဟု ခန့်မှန်းလိုက်သည်။
သူမသည် တစ်ချက်ပဲ အမြန်ကြည့်လိုက်၍ ကားကိုအမြန်ဖွင့်ဝင်လိုက်သည်။ ထို့နောက် ဝူယွဲ့လျန်ကို ရှေ့ခုံတွင်တင်လိုက်ကာ သူမသည် ကားမောင်းသူခုံကို အမြန်ပြေးသည်။ ထို့နောက် ကားစက်နှိုးကာ အမြန်မောင်းထွက်သွားသည်။
ထိုအချိန်တွင် ရှောင်ယွင့်လုံသည် အမြန်ထွက်လာကာ ကားအမိုးပေါ်သို့ ခုန်တက်လိုက်လာသည်။ သူတို့နှစ်ယောက်လုံးသည် ဒီဇွန်ဘီက အနည်းဆုံး အဆင့်၆ဖြစ်ကာ သူတို့က မယှဉ်နိုင်ဘူးဆိုသည်ကို နားလည်ကြသည်။ အခု သူတို့အတွက် အရေးကြီးဆုံးသည် ဝူယွဲ့လျန်ကို ကာကွယ်ဖို့ဖြစ်သည်။ ထို့အတူ ဇွန်ဘီဖြင့်ရင်ဆိုင်ရသည့်အခါ သူတို့နှစ်ယောက်လုံးသည် ဇွန်ဘီက သူတို့ကို မဟုတ်ဘဲ ဝူယွဲ့လျန်ကို စိတ်ဝင်စားနေကြောင်းကို သိလိုက်ကြသည်။
မုန့်ယွဲ့တို့ကားထွက်သွား၍ သိပ်မကြာခင်တွင် သူတို့နေခဲ့သည့် အဆောက်ဦးပေါ်မှာ သဏ္ဍာန်တစ်ခုက ဖြတ်ခနဲတက်လာကာ သူတို့ဆီသို့ ခုန်ချလာသည်။ ရှောင်ယွင့်လုံသည် ကားမိုးပေါ်တွင် ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်ကာ ကားမောင်းသူဘက်ကို ကိုင်းညွှန့်၍ ကားအမိုးကိုပုတ်ကာ မုန့်ယွဲ့အား
"အရှိန်တင်! ရောက်လာပြီ"
မုန့်ယွဲ့သည် ဝူယွဲ့လျန်ကို လက်တစ်ဖက်ဖြင့် ကာလိုက်ကာ နောက်မှန်ကို တစ်ချက်ကြည့်ပြီးနောက် အရှိန်မြှင့်မောင်းလေသည်။ သူမတွေးမိသည်မှာ
'ကံဆိုးလိုက်တာ။ ဘယ်လိုလုပ် ဒါမျိုးက ဒီမှာပေါ်လာတာလဲ? ဒါကဝူချန်းယွဲ့ရဲ့ ပစ်မှတ်မဟုတ်ဘူးလား? ဒါပင်မယ့် ဘာမိုးကြိုးအစွမ်းမှ မသုံးသေးဘူး'
ဘန်း! ဘန်း! ဘန်း!
Advertisement
ယာဉ်များစွာသည် လမ်းပေါ်တွင် စွန့်ပစ်ထားခံရသဖြင့် ကားမောင်းရသည်မှာ ထင်သလောက် မချောမွေ့ပေ။ တော်သေးသည်မှာ မုန့်ယွဲ့၏ ကားမောင်းသည့် အရည်အချင်းသည် မဆိုးဝါးသဖြင့် ရှေ့သို့မောင်းရနေသေးတာ ဖြစ်သည်။
ကျောင်းဝတ်စုံဖြင့် ဇွန်ဘီမငယ်သည် ကားထက်တောင် ပိုမြန်သည်။ သူမသည် ကားအမိုးများ၊ ဓာတ်တိုင်များ၊ သစ်ပင်များကို အမြန်ဖမ်းတက်ကာ ကားကိုအမှီလိုက်လာသည်။ ကံကောင်းသည်မှာ လမ်းပေါ်က ကားများသည် သံထည်များဖြစ်၍ ရှောင်ယွင့်လုံ၏ သတ္တုအစွမ်းအထောက် အထောက်အပံ့ကို ပြည့်စုံစွာပေးနေသည်။ သူသည် နောက်သို့လှည့်ကာ လက်နှစ်ဖက်လုံးကို မြှောက်၍အရှိန်ဖြင့် လှုပ်ရှားနေသည်။ အနားရှိ ကားဆယ်စီးကျော်သည် လေပေါ်ပျံတက်လာကာ ဇွန်ဘီဆီသို့ အရှိန်ဖြင့် ပစ်ခတ်ခြင်းခံလိုက်ရသည်။
လမ်းပေါ်ရှိ ကားအားလုံးသည် ရှောင်ယွင့်လုံ၏ အစွမ်းဖြင့် မြှောက်ခံထားရသဖြင့် မုန့်ယွဲ့၏ ကားမောင်းနှုန်းသည် သုံးဆလောက် ပိုမြန်လာသည်။ ဇွန်ဘီမငယ်သည် ကားများကို လျင်မြန်စွာ ရှောင်ရှားကာ သူတို့ဆီသို့ ပြေးလာနေသည်။ သူမသည် တစ်မီတာလောက်ရှည်သည့် အမြီးဖြင့် ဓာတ်တိုင်များပေါ်သို့ ရစ်ခွေတက်သည်။
Zawgyi Ver
၂၁၂။ သေႏၶေျပာင္းဇြန္ဘီ
မုန့္ယြဲ႕သည္ စကားေျပာၿပီးသည့္အခါ သူမ၏တစ္ကိုယ္လုံးသည္ ေအးခဲသြားသည္။ ထို႔ေနာက္ သူမသည္ ခ်က္ခ်င္းထလာကာ ဝူယြဲ႕လင္းကို ေနာက္တြင္ကာထားလိုက္ၿပီး တံခါးကို သတိအျပည့္ျဖင့္ ၾကည့္လိုက္သည္။
"ဘာျဖစ္လို႔လဲ?"
မုန့္ယြဲ႕သည္ သူ႕အေမးကို မေျဖဘဲ တံခါးကိုပဲ ၾကည့္ေနသည္။ ထိုအခ်ိန္တြင္ တံခါးလက္ကိုင္ကို ဖြင့္လိုက္သည့္အသံမ်ားကို ၾကားလိုက္သျဖင့္ ေနာက္သို႔ဆုတ္လိုက္ကာ ဝူယြဲ႕လ်န္ကို ကာထားလိုက္ၾကသည္။ ဝူယြဲ႕လ်န္သည္လည္း သူတို႔ႏွစ္ေယာက္ေၾကာင့္ သူမ၏ျမက္ပုစဥ္း႐ုပ္ေလးကို အိတ္ကပ္ထဲသို႔ အျမန္ထည့္လိုက္သည္။
တံခါးသည္ ပြင့္သြားၿပီး ျဖည္းျဖည္းခ်င္း ပြင့္လာသည္။ ထို႔ေနာက္ အေတာ္ေသးပုသည့္ သ႑ာန္သည္ တံခါးဝတြင္ ရပ္ေနသည္။ တံခါးပြင့္သြားသည့္အခါ ဇြန္ဘီမငယ္ငယ္ေလးသည္ ေခါင္းကိုကဲၾကည့္ကာ မုန့္ယြဲ႕ႏွင့္ ေရွာင္ယြင့္လုံတို႔ကို သူမ၏သိခ်င္စိတ္ျဖင့္ ျပည့္ေနသည့္ မ်က္လုံးစိမ္းမ်ားျဖင့္ ၾကည့္ေနသည္။
'ဘာလဲ? ႏွစ္ေယာက္တည္းလား?'
သူမသည္ နားမလည္စြာၾကည့္လိုက္သည္။
'လူသုံးေယာက္ဟု အာ႐ုံရတာပါ။ ဘာျဖစ္လို႔ ႏွစ္ေယာက္တည္းပဲ ငါျမင္ေနရတာလဲ?'
သူမ၏မ်က္လုံးစိမ္းမ်ားေအာက္မွ အနက္ေရာင္မ်က္ကြင္းမ်ားကို ျမင္သည့္အခါ မုန့္ယြဲ႕ႏွင့္ ေရွာင္ယြင့္လုံတို႔သည္ ခ်က္ခ်င္းလႈပ္ရွားၾကေတာ့သည္။ ေရွာင္ယြင့္လုံသည္ ေရွ႕သို႔တစ္လွမ္းတိုးကာ လက္ႏွစ္ဖက္ကို ထုတ္လိုက္သည္။ ထိုအခါ အခန္းထဲက သတၱဳပစၥည္းမ်ားသည္ ျပဳတ္က်လာကာ သံကြန္ရက္ႀကီးျဖစ္သြားၿပီးေနာက္ တံခါးတစ္ခုလုံးကို ပိတ္ထားလိုက္သည္။ မုန့္ယြဲ႕သည္လည္း လွ်င္ျမန္စြာ လႈပ္ရွားသည္။ သူမသည္ ဝူယြဲ႕လင္းကို ေပြ႕ခ်ီလိုက္ကာ ျပတင္းေပါက္ကေန ခုန္ခ်လိဳက္သည္။
ထိုအခါ ထူးဆန္းသည့္ ဇြန္ဘီမသည္ ကေလးမေလးကို သတိထားမိသြားကာ ေသခ်ာစိုက္ၾကည့္ေနသည္။ ထို႔ေနာက္ သူမသည္ စိတ္တိုသြားကာ အခန္းထဲကေန အျမန္ဝင္ဖို႔လုပ္ေသာ္လည္း ေရွာင္ယြင့္လုံ၏ သံကြန္ရက္မ်ားက လမ္းကို တားဆီးထားသည္။ သူမသည္ သံကြန္ရက္မ်ားကို ဖ်က္ဖို႔ကိုင္လႈပ္ေနေသာ္လည္း နည္းနည္းမွကို မယိုင္ႏွဲ႕ေပ။
ေရွာင္ယြင့္လုံသည္ ေနာက္သို႔တစ္လွမ္းဆုတ္လိုက္ကာ ဇြန္ဘီမေလးကို ၾကည့္လိုက္သည္။ သူမ၏ မ်က္လုံးေအာက္က မ်က္ကြင္းနက္မ်ားအရ ဇြန္ဘီျဖစ္သည္မွာ ေသခ်ာသည္။ သူမ၏ မ်က္လုံးမ်ားကို ျမင္သည့္အခါ သူမသည္ အင္အားႀကီးသျဖင့္ ရင္ဆိုင္ရခက္မည္ ျဖစ္ေၾကာင္းကို သိလိုက္သည္။ အရွိန္အဝါသည္လည္း သူ႕ထက္ေတာင္ ပိုသန္မာေနသည္။
သူမသည္ ရွားပါးသည့္ သေႏၶေျပာင္းဇြန္ဘီျဖစ္သည္။ မ်က္ႏွာတစ္ဝက္ကို ထူးဆန္းသည့္ အေၾကးခြံျဖင့္ ဖုံးေနကာ မ်က္လုံးမ်ားသည္ စိမ္း၍ မ်က္စံမ်ားက ေႁမြမ်ားလို ကန့္လန့္ျဖစ္ေနသည္။ ေျခသည္းလက္သည္းမ်ားသည္ သာမန္ဇြန္ဘီမ်ားႏွင့္မတူေပ။ သာမန္ဇြန္ဘီမ်ားသည္ လက္သည္းရွည္ႀကီးမ်ား ရွိသည္ကလြဲ၍ သာမန္လူလိုပင္။ သို႔ေသာ္လည္း ဒီေႁမြမ်က္လုံးျဖင့္ဇြန္ဘီ၏ လက္သည္းမ်ားသည္ သားရဲေကာင္မ်ား၏ေျခစြယ္လက္စြယ္မ်ားလို သတၱဳလိုမာေၾကာပုံရသည္။
ဇြန္ဘီမငယ္သည္ တံခါးကိုပိတ္ထားသည့္ သံကြန္ရက္မ်ားကို ဆြဲလႈပ္ေနေသာ္လည္း မရေပ။ ထို႔ေနာက္ သူမသည္ ေနာက္သို႔ တစ္လွမ္းဆုတ္လိုက္ကာ လက္သည္းမ်ားကို ျဖည္းျဖည္းခ်င္းျမႇောက္လိုက္၍ ရိုက္ခ်လိဳက္သည္။
ဘန္း!
ဒီလိုျဖင့္ ခိုင္မာသည့္ သံကြန္ရက္တြင္ အေပါက္ႀကီးျဖစ္သြားသည္။ သူမသည္ ျပတင္းေပါက္ကိုၾကည့္ရင္း စိုးရိမ္ေနသလိုပုံျဖင့္ သံကြန္ရက္ကို ဆက္တိုက္ရိုက္ေနသည္။
မုန့္ယြဲ႕သည္ ေလးလႊာကေန ခုန္ခ်လိဳက္ၿပီးေနာက္ ျပန္ေမာ့ၾကည့္လိုက္သည့္အခါ ေရွာင္ယြင့္လုံက လိုက္ဆင္းလာသည္။
"လ်န္လ်န္ကို ေခၚသြား! ငါလုပ္လိုက္မယ္"
ေရွာင္ယြင့္လုံသည္ လက္ႏွစ္ဖက္ကို ျမႇောက္လိုက္သည္။ သူ႕လႈပ္ရွားမႈႏွင့္အတူ အနားက ျပတင္းေပါက္တိုင္းမွ သံေဘာင္မ်ားသည္ ျပဳတ္က်လာကာ ေလးလႊာ၏ျပတင္းေပါက္ကို ကာလိုက္သည္။
မုန့္ယြဲ႕သည္ အခ်ိန္ျဖဳန္းမေနဘဲ ဝူယြဲ႕လ်န္ကိုေပြ႕ကာ အေဆာက္အဦးေရွ႕မွ ကြင္းထဲသို႔ ေျပးသြားသည္။ သူမသည္ ကားေမာင္း၍ ထြက္သြားနိုင္ရန္ ကားပါကင္ထိုးထားသည့္ ကြင္းထဲသို႔ သြားေနတာျဖစ္သည္။ သူမသည္ ေျချဖင့္ေျပးလွ်င္ အေဝးသို႔ သိပ္မေရာက္နိုင္ေသာေၾကာင့္ ျဖစ္သည္။
သူမသည္ ဝူယြဲ႕လ်န္ႏွင့္အတူ ကားဆီသို႔ ေျပးစဥ္ အေနာက္ကေန ေပါက္ကြဲသံမ်ားကို ၾကားရသည္။ သူမသည္ လွည့္ၾကည့္လိုက္သည့္အခါ အျပင္တြင္ေစာင့္ေနသည့္ တပ္သားအကုန္လုံး မရွိေတာ့တာကို ေတြ႕ရသည္။ ထိုထူးဆန္းသည့္ ဇြန္ဘီက အကုန္လုံးကို သတ္လိုက္ၿပီဟု ခန့္မွန္းလိုက္သည္။
သူမသည္ တစ္ခ်က္ပဲ အျမန္ၾကည့္လိုက္၍ ကားကိုအျမန္ဖြင့္ဝင္လိုက္သည္။ ထို႔ေနာက္ ဝူယြဲ႕လ်န္ကို ေရွ႕ခုံတြင္တင္လိုက္ကာ သူမသည္ ကားေမာင္းသူခုံကို အျမန္ေျပးသည္။ ထို႔ေနာက္ ကားစက္ႏွိုးကာ အျမန္ေမာင္းထြက္သြားသည္။
ထိုအခ်ိန္တြင္ ေရွာင္ယြင့္လုံသည္ အျမန္ထြက္လာကာ ကားအမိုးေပၚသို႔ ခုန္တက္လိုက္လာသည္။ သူတို႔ႏွစ္ေယာက္လုံးသည္ ဒီဇြန္ဘီက အနည္းဆုံး အဆင့္၆ျဖစ္ကာ သူတို႔က မယွဥ္နိုင္ဘူးဆိုသည္ကို နားလည္ၾကသည္။ အခု သူတို႔အတြက္ အေရးႀကီးဆုံးသည္ ဝူယြဲ႕လ်န္ကို ကာကြယ္ဖို႔ျဖစ္သည္။ ထို႔အတူ ဇြန္ဘီျဖင့္ရင္ဆိုင္ရသည့္အခါ သူတို႔ႏွစ္ေယာက္လုံးသည္ ဇြန္ဘီက သူတို႔ကို မဟုတ္ဘဲ ဝူယြဲ႕လ်န္ကို စိတ္ဝင္စားေနေၾကာင္းကို သိလိုက္ၾကသည္။
မုန့္ယြဲ႕တို႔ကားထြက္သြား၍ သိပ္မၾကာခင္တြင္ သူတို႔ေနခဲ့သည့္ အေဆာက္ဦးေပၚမွာ သ႑ာန္တစ္ခုက ျဖတ္ခနဲတက္လာကာ သူတို႔ဆီသို႔ ခုန္ခ်လာသည္။ ေရွာင္ယြင့္လုံသည္ ကားမိုးေပၚတြင္ ဒူးတစ္ဖက္ေထာက္၍ ထိုင္လိုက္ကာ ကားေမာင္းသူဘက္ကို ကိုင္းၫႊန့္၍ ကားအမိုးကိုပုတ္ကာ မုန့္ယြဲ႕အား
"အရွိန္တင္! ေရာက္လာၿပီ"
မုန့္ယြဲ႕သည္ ဝူယြဲ႕လ်န္ကို လက္တစ္ဖက္ျဖင့္ ကာလိုက္ကာ ေနာက္မွန္ကို တစ္ခ်က္ၾကည့္ၿပီးေနာက္ အရွိန္ျမႇင့္ေမာင္းေလသည္။ သူမေတြးမိသည္မွာ
'ကံဆိုးလိုက္တာ။ ဘယ္လိုလုပ္ ဒါမ်ိဳးက ဒီမွာေပၚလာတာလဲ? ဒါကဝူခ်န္းယြဲ႕ရဲ႕ ပစ္မွတ္မဟုတ္ဘူးလား? ဒါပင္မယ့္ ဘာမိုးႀကိဳးအစြမ္းမွ မသုံးေသးဘူး'
ဘန္း! ဘန္း! ဘန္း!
ယာဥ္မ်ားစြာသည္ လမ္းေပၚတြင္ စြန့္ပစ္ထားခံရသျဖင့္ ကားေမာင္းရသည္မွာ ထင္သေလာက္ မေခ်ာေမြ႕ေပ။ ေတာ္ေသးသည္မွာ မုန့္ယြဲ႕၏ ကားေမာင္းသည့္ အရည္အခ်င္းသည္ မဆိုးဝါးသျဖင့္ ေရွ႕သို႔ေမာင္းရေနေသးတာ ျဖစ္သည္။
ေက်ာင္းဝတ္စုံျဖင့္ ဇြန္ဘီမငယ္သည္ ကားထက္ေတာင္ ပိုျမန္သည္။ သူမသည္ ကားအမိုးမ်ား၊ ဓာတ္တိုင္မ်ား၊ သစ္ပင္မ်ားကို အျမန္ဖမ္းတက္ကာ ကားကိုအမွီလိုက္လာသည္။ ကံေကာင္းသည္မွာ လမ္းေပၚက ကားမ်ားသည္ သံထည္မ်ားျဖစ္၍ ေရွာင္ယြင့္လုံ၏ သတၱဳအစြမ္းအေထာက္ အေထာက္အပံ့ကို ျပည့္စုံစြာေပးေနသည္။ သူသည္ ေနာက္သို႔လွည့္ကာ လက္ႏွစ္ဖက္လုံးကို ျမႇောက္၍အရွိန္ျဖင့္ လႈပ္ရွားေနသည္။ အနားရွိ ကားဆယ္စီးေက်ာ္သည္ ေလေပၚပ်ံတက္လာကာ ဇြန္ဘီဆီသို႔ အရွိန္ျဖင့္ ပစ္ခတ္ျခင္းခံလိုက္ရသည္။
လမ္းေပၚရွိ ကားအားလုံးသည္ ေရွာင္ယြင့္လုံ၏ အစြမ္းျဖင့္ ျမႇောက္ခံထားရသျဖင့္ မုန့္ယြဲ႕၏ ကားေမာင္းႏႈန္းသည္ သုံးဆေလာက္ ပိုျမန္လာသည္။ ဇြန္ဘီမငယ္သည္ ကားမ်ားကို လ်င္ျမန္စြာ ေရွာင္ရွားကာ သူတို႔ဆီသို႔ ေျပးလာေနသည္။ သူမသည္ တစ္မီတာေလာက္ရွည္သည့္ အၿမီးျဖင့္ ဓာတ္တိုင္မ်ားေပၚသို႔ ရစ္ေခြတက္သည္။
Advertisement
- In Serial128 Chapters
Heart Over Sword
Evanna’s world came crashing down the moment the physician gave her mother 6 months left to live. But after discovering a long, lost secret hidden by the elves, the sheltered and naïve princess sets off on a quest to find the one item that could change the hands of fate. In order to do this, she must come face to face with the Flori, the heartless and deadliest of the elven kingdoms.
8 1248 - In Serial16 Chapters
Chosen Sun
Our main character is born on the Summer Isles, and over the next few years has increasingly detailed dreams about far off places. He sees a leathery creature spew flames from its mouth; egotistical aristocrats plot unceasingly against each other and worst of all a shadowy force approaching from the north. His research leads him to believe his dreams are more than just fantasy and instead a cry for help, but from who and what is still unclear. Rating & Comment Please. A Game Of Thrones (GOT) fanfiction
8 151 - In Serial18 Chapters
Re:Stoat
This story is utterly brutal, sick, twisted, and vile. Rape, Murder, Gore, Nature. Elephants rape and murder rhinos... I want to make this story twisted from the start. The world is a viscous and cruel place. My story is going to push limits. Abandon all hope, ye who enter here.
8 111 - In Serial26 Chapters
Gracie
Good girl, Skyli Bell, and rebel, Wyatt Cook, were neighbors. Nothing more nothing less. That was until a scared girl dropped a baby off at Skyli's doorstep. Now the two have to work together to take care of the little bundle of joy secretly.~"So let me get this straight: your super hot goodie two-shoes neighbor brought over a baby that is not hers and asks you to help her take care of her... and you agreed. But the baby belongs to some random girl who just left her with Sky," he asked. I nodded. He shook his head and puffed out a breath. "And now Sky is practically living in your house and you two are raising a baby together, but you have no interest in her whatsoever?" he asked. I nodded. "Exactly." Davis sighed and rolled his eyes before he was leaning forward with his hands pressed against the table. "This is going to get really screwy, really fast, Wyatt," Davis warned me.
8 126 - In Serial57 Chapters
The Sister Ouran High School Host Club x Reader
Y/n is Haruhi's sister. She is also an honor student at Ouran. Her scores were right behind Haruhi's. Once she enters the high school Haruhi takes her to meet her friends at the Host club. Once she enters and the rose petals fly at her she sees the kind of friends Haruhi has made and will she herself fall for one of the hosts or will she be another regular guest?* I do not own the characters** All credit goes to Bisco Hatori*
8 212 - In Serial10 Chapters
When My Heart Speaks
Poems with simple words and delicate meanings
8 100

