《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》207
Advertisement
၂၀၇။ အဆင့်၆နဲ့ အဆင့်၇
ဝူချန်းယွဲ့သည် နောက်ကိုဆုတ်၍ လက်ကိုလှုပ်လိုက်စဉ် တစ်ချက်ချောင်းကြည့်လိုက်သည်။ သူ့လှုပ်ရှားမှုနောက်တွင် ကောင်းကင်ကနေ ပေါင်လုံးလောက်ရှိသည့် ခရမ်းရောင်မိုးကြိုးက ဆင်းသက်လာသည်။ ဝူချန်းယွဲ့သည် မိုးကြိုးဖြင့် သူ့အားလာတိုက်သည့် ဇွန်ဘီဘုရင်၏ခေါင်းကို ပစ်ချလိုက်တာ ဖြစ်သည်။
ဇွန်ဘီဘုရင်သည် ခေါင်းကိုမော့လိုက်သည့်အခါ သူ့ခေါင်းပေါ်က မိုးကြိုးကို မြင်သွားသဖြင့် အသံကျယ်ကြီးဖြင့်အော်ကာ လေထဲတွင်လှည့်လိုက်၍ တခြားတစ်ဖက်သို့ အမြန်ရွေ့လိုက်သည်။
ဒုန်း!
ဇွန်ဘီဘုရင်သည် အနားရှိအဆောက်အဦးကို ခြေဖြင့်ပြင်းပြင်းကန်၍ အရှိန်ယူကာ ဝူချန်းယွဲ့ကို ခုန်အုပ်သည်။ ထိုအဆောက်အဦးတွင် သူ့ခြေသည်းကြောင့် အစင်းရာအကြီးကြီးကျန်ခဲ့သည်။ ဇွန်ဘီဘုရင်သည်သည် လျှင်မြန်စွာဖြင့် ဝူချန်းယွဲ့၏ဘေးသို့ ရောက်လာကာ မိုးကြိုးများပါသည့်လက်ဖြင့် တိုက်လိုက်သည်။ သူ့လက်မောင်းမှ မိုးကြိုးများသည် လက်သည်းကို ရစ်ခွေလိုက်ကာ လက်သည်းအကြီးကြီးဖြစ်သွားပြီး တိုက်တာဖြစ်သည်။
ဝူချန်းယွဲ့သည် နောက်ကိုဆုတ်လိုက်စဉ်တွင် ဇွန်ဘီဘုရင်အား လက်ကိုလှုပ်၍ မိုးကြိုးဖြင့်ပစ်လိုက်သည်။ ဇွန်ဘီဘုရင်သည် မရှောင်တော့သော်လည်း သူ့ကိုယ်ကမိုးကြိုးများဖြင့် ကာရင်းဖြင့် ခေါင်းမာစွာ မိုးကြိုးလက်သည်းဖြင့် တိုက်နေသည်။
မိုးခြိမ်းသံများသည် ဆက်တိုက်ထွက်ပေါ်လာသည်နှင့် ဇွန်ဘီဘုရင်သည်လည်း အပြင်းထန်ဆုံးမိုးကြိုးများကို ခေါ်လိုက်သည်။ ဝူချန်းယွဲ့နှင့် ဇွန်ဘီဘုရင်တို့သည် ဒီလိုပေါင်လုံးလောက်ရှိသည့် မိုးကြိုးလှိုင်းများကြားတွင် ရောက်သွားပြီ။
ဝူချန်းယွဲ့၏မျက်နှာသည် မည်းသွားကာ လေထဲတွင် အမြန်ဂျွမ်းထိုးလိုက်ပြီးနောက် ဇွန်ဘီအုပ်၏ ခေါင်းများပေါ်ကနေ တစ်ဖက်သို့ အမြန်ခုန်သွားလိုက်သည်။ သာမန်ဇွန်ဘီများသည် လူသားဖြစ်ကြောင်းသိသည်နှင့် သူတို့လက်များကို ဆန့်တန်းကာ ဖမ်းဖို့လုပ်သော်လည်း ဝူချန်းယွဲ့မှာ တခြားနေရာသို့ ရောက်သွားနှင့်ပြီ။ ဝူချန်းယွဲ့သည် ဝရံတာသို့ခုန်တက်လိုက်ကာ အဆောက်အဦးထဲသို့ ဝင်ပြေးလိုက်သည်။
ဇွန်ဘီဘုရင်သည် ဝူချန်းယွဲ့၏ မိုးကြိုးဒဏ်ကိုခံလိုက်ရသော်လည်း မီးခိုးများထဲမှ ဘာမှမဖြစ်သည့်အလား အမြန်ထွက်လာသည်။ သို့သော်လည်း သူ့၏သွေးရွှဲနေသည့်ကိုယ်ကြီးမှာ မည်းတူးသွားပြီ။ ဇွန်ဘီဘုရင်ကို မထိခိုက်နိုင်ဘဲ ရုပ်သာပိုဆိုးသွားစေတာ ဖြစ်သည်။
ထိုအချိန်တွင် ဝူချန်းယွဲ့သည် နောက်အဆောက်အဦးတစ်ခု၏ အမိုးပေါ်တွင် ရပ်နေကာ လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။ ထို့နောက် ကောင်းကင်မှနေ ဇွန်ဘီဘုရင်ထံသို့ နောက်ထပ် ပေါင်လုံးလောက်ရှိသည့် မိုးကြိုးများက ဆင်းသက်လာပြန်သည်။
သူတို့သည် စွမ်းအားအမျိုးအစား တူကြသည်။ အဆင့်၇ဖြစ်သော်လည်း ဝူချန်းယွဲ့သည် ဇွန်ဘီဘုရင်က သူ့ကိုနောက်ကနေ မနားစတမ်းတိုက်နေသဖြင့် အခွင့်မသာသလိုတောင် ဖြစ်နေပုံရသည်။ တကယ်တော့ ဝူချန်းယွဲ့မှာ အလွယ်လေးရှောင်နိုင်တာ ဖြစ်သည်။
မိုးခြိမ်းသံများနှင့်အတူ မိုးကြိုများက ထပ်ကျလာသည်နှင့် ဇွန်ဘီဘုရင်သည် သတိလက်လွတ်ဖြင့် ဝူချန်းယွဲ့ကို ထပ်တိုက်လာပြန်သည်။ သို့သော်လည်း မကြာခင်မှာ မိုးကြိုးများသည် လေထဲတွင် လမ်းကြောင်းအနည်းငယ်ပြောင်းသွားကာ ပြေးတိုက်ဖို့လာသည့် ဇွန်ဘီဘုရင်ပေါ်သို့ ထပ်ကျလာသည်။ ဒီလိုဖြင့် သုံးကြိမ်လောက် မိုးကြိုးပစ်ခံလိုက်ရတော့သည်။
ဇွန်ဘီဘုရင်သည် အန္တရာယ်ကို ရုတ်တရက်ခံစားမိသွားသဖြင့် ဝူချန်းယွဲ့၏မိုးကြိုးများကို ပြန်ခုခံဖို့အတွက် သူ့မိုးကြိုးလက်သည်းများဖြင့် တန်ပြန်တိုက်လွှတ်လိုက်သည်။ သို့သော်လည်း မကြာခင်တွင် သူ့မိုးကြိုးလက်သည်းများမှ မိုးကြိုးတို့မှ ဝူချန်းယွဲ့၏ တောက်လျှောက်ပစ်နေသည့် မိုးကြိုးများကြောင့် ပျောက်ကွယ်သွားသည်။
ဝူချန်းယွဲ့သည် ဒီဇွန်ဘီဘုရင်၏ တိုက်ခိုက်မှုသည် အားမပါသလို အစီအစဉ်မရှိဘဲ ထင်ရာစိုင်း၍ ပစ်နေတက်ကြောင်းကို အခုသိသွားသည်။ ဒီလိုတိုက်ခိုက်ခြင်းသည် အစွမ်းကုန်ဖို့ ပိုများလေပြီး တိုက်ခိုက်ရေးပုံစံသည် သူ့အတွက် ရင်ဆိုင်ရဖို့ လွယ်ကူသည်။
ဇွန်ဘီဘုရင်က မိုးကြိုးများကို ခုခံလိုက်သည့်အချိန်တွင် ဝူချန်းယွဲ့သည် သူ့လက်နှစ်ဖက်ကို ရုတ်တရက်မြှောက်လိုက်ကာ ဇွန်ဘီဘုရင်ကို ချုပ်ကိုင်ထားသည့်အလား လက်ဖဝါးနှစ်ဖက်ကို မျက်နှာချင်းဆိုင်ထား၍ လက်ချောင်းများကို ကွေးလိုက်သည်။ ထိုအခါ ဇွန်ဘီဘုရင်အနားတွင် မိုးကြိုးကျော့ကွင်းက ဖြည်းဖြည်းချင်း ဖြစ်တည်လာကာ ရစ်ပတ်ထားလိုက်သည်။
ဂါး!
ဇွန်ဘီဘုရင်သည် သူ့၏မိုးကြိုးလက်သည်းများက ဝူချန်းယွဲ့၏ မိုးကြိုးများ ကျဆင်းလာမည်ကို ထိရောက်အောင် မကာနိုင်သလို အခုလည်း သူအဖမ်းခံရ၍ လှုပ်မရဖြစ်နေသည်။ ထို့ကြောင့် ဝူချန်းယွဲ့၏ မိုးကြိုးကျော့ကွင်းထဲတွင် ချုပ်ထားခံရရင်း မိုးကြိုးများဖြင့် ဆက်တိုက်အပစ်ခံလိုက်ရသည်။
မိုးကြိုးဆက်တိုက်ကြောင့် ဇွန်ဘီဘုရင်သည် အနည်းငယ်ကြောင်သွားသည်။ ပထမမိုးကြိုးများလို သူ့အားသိပ်နာကျင်မည်မဟုတ်ဘူးဟု ထင်ထားသော်လည်း အံ့ဖွယ်ကောင်းစွာ ထိုမိုးကြိုးများထက် အစပေါင်းများစွာကို ပြန်းထန်လို့နေသည်။
ဇွန်ဘီဘုရင်သည် သူ့၏ပေါ့ဆမှုကြောင့် သူ့ခေါင်းတည့်တည့်ကို မိုးကြိုးများဖြင့် ပစ်ခံလိုက်ရတော့သည်။ အဆောက်အဦးပေါ်မှနေ မီးခိုးများတငွေ့ငွေ့ထွက်ကာ ပြုတ်ကျသွားသည်ကို ကြည့်ရင်း ဝူချန်းယွဲ့သည် လက်နှစ်ဖက်ကို ထပ်မြှောက်လိုက်သည်။ ထိုအခါ မိုးကြိုးကျော့ကွင်းသည်လည်း အတူပြုတ်ကျလိုက်သွားလေသည်။
ဘုန်း!
ဇွန်ဘီဘုရင်သည် ဇွန်ဘီအုပ်ထဲသို့ မိုးကြိုးကျော့ကွင်းနှင့်မီးခိုးများနှင့်အတူ ပြုတ်ကျသွားပြီး သာမန်ဇွန်ဘီအချို့ကို သေသွားစေသည်။
ဂါး! ဂါး! ဂါး!
သို့သော်လည်း မကြာခင်တွင် ပြန်ထလာကာ ကောင်းကင်ကိုကြည့်၍ အော်လေသည်။ သူ့၏အော်သံများကြောင့် ဇွန်ဘီအုပ်သည် ချက်ချင်းဒေါသထွက်လာကာ လိုက်အော်ကြသည်။ ထို့နောက် ဝူချန်းယွဲ့ရှိရာ အဆောက်အဦးသို့ ဖက်တက်လာကြသည်။ ဝူချန်းယွဲ့သည် ပုရွက်ဆိတ်များလို သူ့ဆီတက်လာသည့် ဇွန်ဘီအုပ်ကို တစ်ချက်ကြည့်လိုက်ကာ ထိုနေရာမှ ရှောင်သွားသည်။
ဇွန်ဘီဘုရင်သည် ဒေါသထွက်ကာ အော်လိုက်ရင်း စွမ်းအင်သန့်သန့်များကြောင့် သူ့ကိုယ်အားပတ်ထားသည့် မိုးကြိုးကျော့ကွင်းသည် ကျိုးပျက်သွားသည်နှင့် လျှင်မြန်စွာ ခုန်ထွက်သွားတော့သည်။ အခုတော့ ဝူချန်းယွဲရှိရာသို့ မဟုတ်ဘဲ အခြားတစ်ဖက်သို့ လျှင်မြန်စွာဖြင့် ပြေးထွက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း ပျောက်သွားအောင်ကို အရှိန်ဖြင့်ပြေးတာဖြစ်သည်။
ဝူချန်းယွဲ့သည် မျက်လုံးများကို မှေးကျဉ်းရင်း ပြုံးလိုက်ကာ လိုက်လေသည်။
'ပြေးတာလား? ဒီလောက်လွယ်မှာတဲ့လား? ငါကမင်းကိုသတ်ဖို့လာတာ!'
ဇွန်ဘီဘုရင်သည် အနောက်ပိုင်းကန်ခရိုင်ဘက်သို့ ထွက်ပြေးလာတာဖြစ်သည်။ အနောက်ပိုင်းကန်ခရိုင်ကို ရောက်နေနှင့်သည့် လင်းချင်းကတော့ တွေ့သမျှစာအုပ်ဆိုင်တိုင်းတွင် မြေပုံလိုက်ရှာနေတာ ဖြစ်သည်။ မဟုတ်လျှင် သူမသည် စီမံရုံးက ဘယ်နားရှိသလဲဆိုသည်ကို ဘယ်လိုလုပ်၍ သိနိုင်မည်နည်း။
Advertisement
၂၀၇။ အဆင့္၆နဲ႕ အဆင့္၇
ဝူခ်န္းယြဲ႕သည္ ေနာက္ကိုဆုတ္၍ လက္ကိုလႈပ္လိုက္စဥ္ တစ္ခ်က္ေခ်ာင္းၾကည့္လိုက္သည္။ သူ႕လႈပ္ရွားမႈေနာက္တြင္ ေကာင္းကင္ကေန ေပါင္လုံးေလာက္ရွိသည့္ ခရမ္းေရာင္မိုးႀကိဳးက ဆင္းသက္လာသည္။ ဝူခ်န္းယြဲ႕သည္ မိုးႀကိဳးျဖင့္ သူ႕အားလာတိုက္သည့္ ဇြန္ဘီဘုရင္၏ေခါင္းကို ပစ္ခ်လိဳက္တာ ျဖစ္သည္။
ဇြန္ဘီဘုရင္သည္ ေခါင္းကိုေမာ့လိုက္သည့္အခါ သူ႕ေခါင္းေပၚက မိုးႀကိဳးကို ျမင္သြားသျဖင့္ အသံက်ယ္ႀကီးျဖင့္ေအာ္ကာ ေလထဲတြင္လွည့္လိုက္၍ တျခားတစ္ဖက္သို႔ အျမန္ေ႐ြ႕လိုက္သည္။
ဒုန္း!
ဇြန္ဘီဘုရင္သည္ အနားရွိအေဆာက္အဦးကို ေျချဖင့္ျပင္းျပင္းကန္၍ အရွိန္ယူကာ ဝူခ်န္းယြဲ႕ကို ခုန္အုပ္သည္။ ထိုအေဆာက္အဦးတြင္ သူ႕ေျခသည္းေၾကာင့္ အစင္းရာအႀကီးႀကီးက်န္ခဲ့သည္။ ဇြန္ဘီဘုရင္သည္သည္ လွ်င္ျမန္စြာျဖင့္ ဝူခ်န္းယြဲ႕၏ေဘးသို႔ ေရာက္လာကာ မိုးႀကိဳးမ်ားပါသည့္လက္ျဖင့္ တိုက္လိုက္သည္။ သူ႕လက္ေမာင္းမွ မိုးႀကိဳးမ်ားသည္ လက္သည္းကို ရစ္ေခြလိုက္ကာ လက္သည္းအႀကီးႀကီးျဖစ္သြားၿပီး တိုက္တာျဖစ္သည္။
ဝူခ်န္းယြဲ႕သည္ ေနာက္ကိုဆုတ္လိုက္စဥ္တြင္ ဇြန္ဘီဘုရင္အား လက္ကိုလႈပ္၍ မိုးႀကိဳးျဖင့္ပစ္လိုက္သည္။ ဇြန္ဘီဘုရင္သည္ မေရွာင္ေတာ့ေသာ္လည္း သူ႕ကိုယ္ကမိုးႀကိဳးမ်ားျဖင့္ ကာရင္းျဖင့္ ေခါင္းမာစြာ မိုးႀကိဳးလက္သည္းျဖင့္ တိုက္ေနသည္။
မိုးၿခိမ္းသံမ်ားသည္ ဆက္တိုက္ထြက္ေပၚလာသည္ႏွင့္ ဇြန္ဘီဘုရင္သည္လည္း အျပင္းထန္ဆုံးမိုးႀကိဳးမ်ားကို ေခၚလိုက္သည္။ ဝူခ်န္းယြဲ႕ႏွင့္ ဇြန္ဘီဘုရင္တို႔သည္ ဒီလိုေပါင္လုံးေလာက္ရွိသည့္ မိုးႀကိဳးလွိုင္းမ်ားၾကားတြင္ ေရာက္သြားၿပီ။
ဝူခ်န္းယြဲ႕၏မ်က္ႏွာသည္ မည္းသြားကာ ေလထဲတြင္ အျမန္ဂြၽမ္းထိုးလိုက္ၿပီးေနာက္ ဇြန္ဘီအုပ္၏ ေခါင္းမ်ားေပၚကေန တစ္ဖက္သို႔ အျမန္ခုန္သြားလိုက္သည္။ သာမန္ဇြန္ဘီမ်ားသည္ လူသားျဖစ္ေၾကာင္းသိသည္ႏွင့္ သူတို႔လက္မ်ားကို ဆန့္တန္းကာ ဖမ္းဖို႔လုပ္ေသာ္လည္း ဝူခ်န္းယြဲ႕မွာ တျခားေနရာသို႔ ေရာက္သြားႏွင့္ၿပီ။ ဝူခ်န္းယြဲ႕သည္ ဝရံတာသို႔ခုန္တက္လိုက္ကာ အေဆာက္အဦးထဲသို႔ ဝင္ေျပးလိုက္သည္။
ဇြန္ဘီဘုရင္သည္ ဝူခ်န္းယြဲ႕၏ မိုးႀကိဳးဒဏ္ကိုခံလိုက္ရေသာ္လည္း မီးခိုးမ်ားထဲမွ ဘာမွမျဖစ္သည့္အလား အျမန္ထြက္လာသည္။ သို႔ေသာ္လည္း သူ႕၏ေသြး႐ႊဲေနသည့္ကိုယ္ႀကီးမွာ မည္းတူးသြားၿပီ။ ဇြန္ဘီဘုရင္ကို မထိခိုက္နိုင္ဘဲ ႐ုပ္သာပိုဆိုးသြားေစတာ ျဖစ္သည္။
ထိုအခ်ိန္တြင္ ဝူခ်န္းယြဲ႕သည္ ေနာက္အေဆာက္အဦးတစ္ခု၏ အမိုးေပၚတြင္ ရပ္ေနကာ လက္ႏွစ္ဖက္ကို ေဝ့ယမ္းလိုက္သည္။ ထို႔ေနာက္ ေကာင္းကင္မွေန ဇြန္ဘီဘုရင္ထံသို႔ ေနာက္ထပ္ ေပါင္လုံးေလာက္ရွိသည့္ မိုးႀကိဳးမ်ားက ဆင္းသက္လာျပန္သည္။
သူတို႔သည္ စြမ္းအားအမ်ိဳးအစား တူၾကသည္။ အဆင့္၇ျဖစ္ေသာ္လည္း ဝူခ်န္းယြဲ႕သည္ ဇြန္ဘီဘုရင္က သူ႕ကိုေနာက္ကေန မနားစတမ္းတိုက္ေနသျဖင့္ အခြင့္မသာသလိုေတာင္ ျဖစ္ေနပုံရသည္။ တကယ္ေတာ့ ဝူခ်န္းယြဲ႕မွာ အလြယ္ေလးေရွာင္နိုင္တာ ျဖစ္သည္။
မိုးၿခိမ္းသံမ်ားႏွင့္အတူ မိုးႀကိဳမ်ားက ထပ္က်လာသည္ႏွင့္ ဇြန္ဘီဘုရင္သည္ သတိလက္လြတ္ျဖင့္ ဝူခ်န္းယြဲ႕ကို ထပ္တိုက္လာျပန္သည္။ သို႔ေသာ္လည္း မၾကာခင္မွာ မိုးႀကိဳးမ်ားသည္ ေလထဲတြင္ လမ္းေၾကာင္းအနည္းငယ္ေျပာင္းသြားကာ ေျပးတိုက္ဖို႔လာသည့္ ဇြန္ဘီဘုရင္ေပၚသို႔ ထပ္က်လာသည္။ ဒီလိုျဖင့္ သုံးႀကိမ္ေလာက္ မိုးႀကိဳးပစ္ခံလိုက္ရေတာ့သည္။
ဇြန္ဘီဘုရင္သည္ အႏၲရာယ္ကို ႐ုတ္တရက္ခံစားမိသြားသျဖင့္ ဝူခ်န္းယြဲ႕၏မိုးႀကိဳးမ်ားကို ျပန္ခုခံဖို႔အတြက္ သူ႕မိုးႀကိဳးလက္သည္းမ်ားျဖင့္ တန္ျပန္တိုက္လႊတ္လိုက္သည္။ သို႔ေသာ္လည္း မၾကာခင္တြင္ သူ႕မိုးႀကိဳးလက္သည္းမ်ားမွ မိုးႀကိဳးတို႔မွ ဝူခ်န္းယြဲ႕၏ ေတာက္ေလွ်ာက္ပစ္ေနသည့္ မိုးႀကိဳးမ်ားေၾကာင့္ ေပ်ာက္ကြယ္သြားသည္။
ဝူခ်န္းယြဲ႕သည္ ဒီဇြန္ဘီဘုရင္၏ တိုက္ခိုက္မႈသည္ အားမပါသလို အစီအစဥ္မရွိဘဲ ထင္ရာစိုင္း၍ ပစ္ေနတက္ေၾကာင္းကို အခုသိသြားသည္။ ဒီလိုတိုက္ခိုက္ျခင္းသည္ အစြမ္းကုန္ဖို႔ ပိုမ်ားေလၿပီး တိုက္ခိုက္ေရးပုံစံသည္ သူ႕အတြက္ ရင္ဆိုင္ရဖို႔ လြယ္ကူသည္။
ဇြန္ဘီဘုရင္က မိုးႀကိဳးမ်ားကို ခုခံလိုက္သည့္အခ်ိန္တြင္ ဝူခ်န္းယြဲ႕သည္ သူ႕လက္ႏွစ္ဖက္ကို ႐ုတ္တရက္ျမႇောက္လိုက္ကာ ဇြန္ဘီဘုရင္ကို ခ်ဳပ္ကိုင္ထားသည့္အလား လက္ဖဝါးႏွစ္ဖက္ကို မ်က္ႏွာခ်င္းဆိုင္ထား၍ လက္ေခ်ာင္းမ်ားကို ေကြးလိုက္သည္။ ထိုအခါ ဇြန္ဘီဘုရင္အနားတြင္ မိုးႀကိဳးေက်ာ့ကြင္းက ျဖည္းျဖည္းခ်င္း ျဖစ္တည္လာကာ ရစ္ပတ္ထားလိုက္သည္။
ဂါး!
ဇြန္ဘီဘုရင္သည္ သူ႕၏မိုးႀကိဳးလက္သည္းမ်ားက ဝူခ်န္းယြဲ႕၏ မိုးႀကိဳးမ်ား က်ဆင္းလာမည္ကို ထိေရာက္ေအာင္ မကာနိုင္သလို အခုလည္း သူအဖမ္းခံရ၍ လႈပ္မရျဖစ္ေနသည္။ ထို႔ေၾကာင့္ ဝူခ်န္းယြဲ႕၏ မိုးႀကိဳးေက်ာ့ကြင္းထဲတြင္ ခ်ဳပ္ထားခံရရင္း မိုးႀကိဳးမ်ားျဖင့္ ဆက္တိုက္အပစ္ခံလိုက္ရသည္။
မိုးႀကိဳးဆက္တိုက္ေၾကာင့္ ဇြန္ဘီဘုရင္သည္ အနည္းငယ္ေၾကာင္သြားသည္။ ပထမမိုးႀကိဳးမ်ားလို သူ႕အားသိပ္နာက်င္မည္မဟုတ္ဘူးဟု ထင္ထားေသာ္လည္း အံ့ဖြယ္ေကာင္းစြာ ထိုမိုးႀကိဳးမ်ားထက္ အစေပါင္းမ်ားစြာကို ျပန္းထန္လို႔ေနသည္။
ဇြန္ဘီဘုရင္သည္ သူ႕၏ေပါ့ဆမႈေၾကာင့္ သူ႕ေခါင္းတည့္တည့္ကို မိုးႀကိဳးမ်ားျဖင့္ ပစ္ခံလိုက္ရေတာ့သည္။ အေဆာက္အဦးေပၚမွေန မီးခိုးမ်ားတေငြ႕ေငြ႕ထြက္ကာ ျပဳတ္က်သြားသည္ကို ၾကည့္ရင္း ဝူခ်န္းယြဲ႕သည္ လက္ႏွစ္ဖက္ကို ထပ္ျမႇောက္လိုက္သည္။ ထိုအခါ မိုးႀကိဳးေက်ာ့ကြင္းသည္လည္း အတူျပဳတ္က်လိဳက္သြားေလသည္။
ဘုန္း!
ဇြန္ဘီဘုရင္သည္ ဇြန္ဘီအုပ္ထဲသို႔ မိုးႀကိဳးေက်ာ့ကြင္းႏွင့္မီးခိုးမ်ားႏွင့္အတူ ျပဳတ္က်သြားၿပီး သာမန္ဇြန္ဘီအခ်ိဳ႕ကို ေသသြားေစသည္။
ဂါး! ဂါး! ဂါး!
သို႔ေသာ္လည္း မၾကာခင္တြင္ ျပန္ထလာကာ ေကာင္းကင္ကိုၾကည့္၍ ေအာ္ေလသည္။ သူ႕၏ေအာ္သံမ်ားေၾကာင့္ ဇြန္ဘီအုပ္သည္ ခ်က္ခ်င္းေဒါသထြက္လာကာ လိုက္ေအာ္ၾကသည္။ ထို႔ေနာက္ ဝူခ်န္းယြဲ႕ရွိရာ အေဆာက္အဦးသို႔ ဖက္တက္လာၾကသည္။ ဝူခ်န္းယြဲ႕သည္ ပု႐ြက္ဆိတ္မ်ားလို သူ႕ဆီတက္လာသည့္ ဇြန္ဘီအုပ္ကို တစ္ခ်က္ၾကည့္လိုက္ကာ ထိုေနရာမွ ေရွာင္သြားသည္။
ဇြန္ဘီဘုရင္သည္ ေဒါသထြက္ကာ ေအာ္လိုက္ရင္း စြမ္းအင္သန့္သန့္မ်ားေၾကာင့္ သူ႕ကိုယ္အားပတ္ထားသည့္ မိုးႀကိဳးေက်ာ့ကြင္းသည္ က်ိဳးပ်က္သြားသည္ႏွင့္ လွ်င္ျမန္စြာ ခုန္ထြက္သြားေတာ့သည္။ အခုေတာ့ ဝူခ်န္းယြဲရွိရာသို႔ မဟုတ္ဘဲ အျခားတစ္ဖက္သို႔ လွ်င္ျမန္စြာျဖင့္ ေျပးထြက္သြားသည္။ မ်က္ေတာင္တစ္ခတ္အတြင္း ေပ်ာက္သြားေအာင္ကို အရွိန္ျဖင့္ေျပးတာျဖစ္သည္။
ဝူခ်န္းယြဲ႕သည္ မ်က္လုံးမ်ားကို ေမွးက်ဥ္းရင္း ၿပဳံးလိုက္ကာ လိုက္ေလသည္။
'ေျပးတာလား? ဒီေလာက္လြယ္မွာတဲ့လား? ငါကမင္းကိုသတ္ဖို႔လာတာ!'
ဇြန္ဘီဘုရင္သည္ အေနာက္ပိုင္းကန္ခရိုင္ဘက္သို႔ ထြက္ေျပးလာတာျဖစ္သည္။ အေနာက္ပိုင္းကန္ခရိုင္ကို ေရာက္ေနႏွင့္သည့္ လင္းခ်င္းကေတာ့ ေတြ႕သမွ်စာအုပ္ဆိုင္တိုင္းတြင္ ေျမပုံလိုက္ရွာေနတာ ျဖစ္သည္။ မဟုတ္လွ်င္ သူမသည္ စီမံ႐ုံးက ဘယ္နားရွိသလဲဆိုသည္ကို ဘယ္လိုလုပ္၍ သိနိုင္မည္နည္း။
Advertisement
- In Serial40 Chapters
Griffon's Fury!
During one usual evening, a boy was born. As if feeling it, ancient griffon opened his eyes from slumber. The skies trembled under the visions of the fire and blood. A beat appeared inside an egg. It was the prince who will restore the Empire. The fate drums have rung. The war and change were coming! Participant of Royal Road writathon What to expect from the novel: -Genius and careful MC -Detailed worldbuilding, serving to introduce the reader to the fantasy world -Some elements from the eastern cultivation genre -A steadfast focus on MC's story and his actions in his attempts to get stronger and unlock his memory.
8 153 - In Serial117 Chapters
Serpent's Kiss
Duty to the clan is the first lesson every Serpent child learns. Yeijiro, born with no gifts and lacking the skills most valued by the Serpent, has turned his back on that duty, joining the Imperial Marshals to offer direct service to the Emperor herself. As daughter of the Prime Minister of the Dragon clan, Corinne knows her duty as well, but when a fight with a demon puts Corinne on leave from her beloved Phoenix Guard, her mother takes that opportunity to drag Corinne into the political landscape Corinne has worked all her life to avoid. A conspiracy against the life of the Emperor sees Corinne and Yeijiro working together, both thrown into the deep end of the Imperial Court, a world of intrigue and sex where all five clans vie for power. Yeijiro’s loyalties are put into question as he must now prove himself to both the Lord Marshal and to Miyōshi Tōru, lord of the clan Yeijiro renounced. While Corinne is drawn into a world of desire and decadence by a mysterious patron who is quite certainly more dangerous than she appears. Yeijiro and Corinne must find a way to balance the duty they owe their clans against the growing desires of their hearts, or risk not only their own lives, but the life of the Emperor herself. READ THIS BOOK IF YOU WANT: BL; yuri; lots of hot, steamy sex embedded in an exciting space opera story; epic stories with many points of view; romances that play out over years, with all the ups and downs you'd expect; a rich, complex fantasy world of intrigue and adventure; fancy clothes; swordfights; demons; sex parties Updates every Monday and Thursday.
8 169 - In Serial45 Chapters
The Boy Without Fear - Tales of Horror And Adventure
These are the adventures of The Boy Without Fear, serial-style. Expect tales of horror fiction that range from cosmic horror to splatter, vampires and occult. Great for fans of shows like Supernatural, X-Files, Night Stalker or movies like The Conjuring, The Lost Boys etc. Read how the boy travels around the world all alone, hoping to learn how it feels to fear. Along the way he will encounter many monsters, both human and inhuman. He will make friends, enemies, fall in love, help people and sometimes doom them.
8 173 - In Serial13 Chapters
Second Chance
A goddess from another world—defeated and forced into hiding by her sister, now seeks help from an outsider. A U.S. military tactician at the peak of human capability fails to find challenge in his life. In a spark of a moment, reality bends and they meet. She offers her power in exchange for his help to defeat her sister, The Goddess of Justice. While he gets to experience a new world at the cost of being public enemy number one. In an accident during transportation, their consciousnesses connect, allowing them to read to each other’s thoughts and feelings. Now in a thrillingly unfamiliar place, he needs to find a way to take down a goddess and fend off her angels in the process. Good thing he can wield the immense power of a deity to aid him. Author’s note: Second Chance is primarily about the flow of combat between characters, each with their own reasons for fighting. The world is dynamic, constantly changing through the story based on the actions of the characters. The story is intended to be told not just through writing, but through music and animation as well. The first music video was released along with chapter six. If you want a taste, you can find my channel here: https://www.youtube.com/channel/UC2LG4UHDJYqNWn6YS5Q2CVA
8 182 - In Serial14 Chapters
Let's Explore The New World!
Follow Michael,a apathetic 19 year old who gets summoned to the realm of the gods and his adventures with various goddesses.
8 141 - In Serial566 Chapters
Marauding Gods (First Draft)
The world is a dangerous place teeming with powerful creatures known as monsters. The first Dragons, the first Gods, at the top of the food chain, brought these lands the everlasting that eventually led the world to its current state. The only way humanity has found to survive is to construct a massive magical barrier that spans an entire continent: the human continent. The story follows Ronandt, a young nobleman who, despite his noble origins, has never met his parents. Except for maybe at the time of his birth. He thus finds himself without parents at the Manor Rosetta, under the close supervision of Mathilda, his nanny, and Syrus, his Butler. Follow the adventures of Ronandt, a young nobleman unlike any other, born from a very unordinary pairing and bestowed with an unique advantage over his fellow humans. Disclaimer: This novel is clearly tagged gore, and this within reason, so please keep that in mind while reading. Though the early chapter suggest that this novel is slice of life one, especially in the first 40 chapters, it must be clarified that this novel is first and foremost a progression fantasy tagged gore and grimdark.
8 1019

