《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》204
Advertisement
၂၀၄။ ဇွန်ဘီတွေလည်းအငြိုးထားနိုင်တယ်
လုထန်ရိသည် လင်းချင်းကိုကြည့်ကာ မေးလိုက်သည်။
"အပြင်က အဆင့်၆ဇွန်ဘီကို နင်မနိုင်ဘူးမလား?"
လင်းချင်းသည် မျက်လုံးကိုလှန်လိုက်သည်။ လုထန်ရိက သူမ၏အမှုအယာကို မမြင်သော်လည်း ခနတွေးပြီးနောက်
"ဇွန်ဘီဘုရင်ကို သတ်နိုင်ရင် ငါတို့နဲ့ အခုလို ငါပုန်းစရာမှ မလိုတာ။ ဒါပင်မယ့်လည်း လူတိုင်းကို ကယ်လိုက်နိုင်တာပဲ တကယ်အံ့သြဖို့ကောင်းအောင် တော်လွန်းနေပြီ"
သို့သော်လည် သူထပ်မေးလာသည်။
"ငါတို့ဘယ်လိုလုပ်ကြမလဲ? ထွက်သွားတဲ့အထိ နယ်မြေထဲမှာ နေကြမှာလား?"
လင်းချင်းသည် အလှည့်ကျ ရေသောက်နေသည့်သူများကို တစ်ချကကြည့်ကာ ရှဲ့တုန်းအာ ပုခုံးပုတ်လိုက်သည်။ ရှဲ့တုန်းသည် သူမကိုကြည့်လာသည့်အခါ မီဖိုချောင်ပစ္စည်းများ ထားရာကို ညွှန်ပြလိုက်သည်။ ပန်းကန်ခွက်များက ထိုနေရာတွင် ထားသည်။ ရှဲ့တုန်းသည် ခေါင်းငြိမ့်ကာ သွားလိုက်သည်။ လင်းချင်း၏ အဓိပ္ပာယ်ကို သူသိသည်။ သူမက ဒီလူများကို ရေသောက်ဖို့ ခွက်အချို့ပေးခိုင်းနေတာပဲ ဖြစ်သည်။
လင်းချင်းသည် ရှဲ့တုန်းနှင့်အတူ လိုက်လာကာ စတီးပန်းကန်တစ်ချက်ကိုယူ၍ လုထန်ရိအား အနားသို့လာဖို့ လက်ချောင်းကို ကွေးပြကာ ခေါ်လိုက်သည်။ ထို့နောက် စတော်ဘယ်ရီခင်းဆီသို့ လျှောက်သွားသည်။ သူမ၏နယ်မြေထဲတွင်ကြောင့်လားမသိ စတော်ဘယ်ရီပင်များသည် ပိုရှင်သန်ကြီးထွားလို့ နေကြသည်။ စတော်ဘယ်ရီသီးပေါ်ချိန် မဟုတ်သော်လည်း ဒီအပင်များသည် အသီးများကို ထပ်သီးလို့နေသည်။ ပထမအသီးများသည် သူမတို့ခူး၍ရော ယုန်နှင့်ကြွက်တို့က စား၍ရော ကုန်သွားပြီဖြစ်သည်။
လင်းချင်းသည် မှည့်နေသည့် စတော်ဘယ်ရီသီးများကို ကုန်း၍ခူးကာ ပန်းကန်ပြားပေါ် တင်လိုက်သည်။ ထိုအချိန်တွင် သူမ၏အနောက်က နှစ်မီတာလောက် အကွာတွင် ရှိနေသည့် လုထန်ရိအား
"ငြိုးမယ်"
လင်းချင်းသည် ဖြည်းဖြည်းချင်းပြောသော်လည်း လုထန်ရိသည် သူမ၏စကားမဆုံးခင် သူမပြောချင်သည်ကို သိလိုက်သည်။
"ဇွန်ဘီဘုရင်ကို ပြောနေတာမလား? ဒါပင်မယ့် ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ငြိုးသွားမှာလဲ?"
"ဘာအငြိုးလဲ? ငါတို့နင့်နယ်မြေထဲမှာ ဆိုတာကို သိပြီးတော့ နင်လည်း မကြာခင်ထွက်လာမယ်ဆိုတာလား? အဲ့အကောင်က ဒါကိုနားလည်လို့လား?"
လုထန်ရိသည် နားမလည်နိုင်စွာ မေးသည်။
လင်းချင်းသည် ထိုင်ချလိုက်ကာ စတော်ဘယ်ရီသီးများခူးနေရင်း သူ့စကားကြားသည့်အခါ လုပ်နေသည်ကိုရပ်၍ သူ့ကိုပြန်လှည့်ကြည့်ကာ
"နင့်လောက်ဉာဏ်ကောင်းတယ်"
ဇွန်ဘီဘုရင်သည် လုထန်ရိလောက်ကို ဉာဏ်ကောင်းသည်။ လုထန်ရိတောင် ဒါကိုသိရင် သူလည်းသိမှာပင်။ ထို့အပြင် လူတစ်ဖွဲ့လုံးက ထွက်ခွာမည့်ဟန်မရှိဘဲ ရုတ်တရက်ပျောက်သွားသဖြင့် လင်းချင်းမှာ နယ်မြေရှိမည်ကို သိမှာအမှန်ပင်။
လုထန်ရိသည် ဘာပြောရမလဲ မသိပေ။ သူသည်မီတာနှစ်ဆယ်လောက်ဝေးသည့် သူ့လူများကို တစ်ချက်ကြည့်ကာ အသံတိုးတိုးဖြင့်
"နင်ဘယ်လိုသေသွားတာလဲ?"
လင်းချင်းသည် သူ့ကိုခေါင်းမော့ကြည့်လာသည်။ လုထန်ယု၏ မှတ်ဉာဏ်ကို ခနနောက်တူးဆွကြည့်ပြီးနောက်
"ဇွန်ဘီအုပ်ထဲပစ်ချခံရတာ"
ဒီလိုပြောပြီးနောက် သူမသည် စတော်ဘယ်ရီသီးများကို ဆက်ခူးသည်။ ဆယ့်ငါးလုံးလောက်ခူးပြီးသည့်အခါ ပန်းကန်ကိုကိုင်၍ ရှဲ့တုန်းတို့ဆီသွားလိုက်သည်။
လုထန်ရိမှာတော့ သူမ၏စကားများကို တွေးနေသည်။
'ဇွန်ဘီအုပ်ထဲကို ပစ်ချခံရတာလား? ဘယ်လိုလုပ်ပြီးတော့လဲ? နောက်ကနေ သူ့ကိုကန်ချလိုက်တာလား? ဒါမှမဟုတ် သူ့ကိုတိုက်ပြီးမှလား? ဟိုသုံးယောက်က စွမ်းအားရှင်တွေဆိုတော့ သူကသာမန်လူပဲဟာ။ အလွယ်လေးတွန်းချလိုက်တာ နေမှာ။ ဒါပင်မယ့် မသတ်ဘဲနဲ့ ဘာဖြစ်လို့ ဇွန်ဘီအုပ်ထဲကို ချခဲ့ရတာလဲ? မသေပင်မယ့် မေ့သွားရင်လည်း ဇွန်ဘီကိုက်လို့ နာနေရတာကြောင့် နိုးလာမှာပဲ။ ပြီးတော့ နိုးလာရင်လည်း ဇွန်ဘီအကိုက်ခံနေရတာကြီး။ တကယ်ကြောက်ဖို့ကောင်းခဲ့မှာပဲ!'
ဒီအတွေးဖြင့် လုထန်ရိသည် လင်းချင်း၏နောက်ကျောကို စိတ်ရှုပ်ထွေးစွာ ကြည့်နေစဉ် ဘယ်လိုများ အသိစိတ်ရှိသည့် ဇွန်ဘီဖြစ်လာသလဲကို တွေးမိနေရင်း မေးခွန်းပေါင်းစုံ ထွက်လာသည်။
'ဇွန်ဘီဖြစ်လာတော့ သူဘယ်လူသားကိုမှ မစားဘူးလား?'
လင်းချင်းသည် ရေပုံးရှိရာသို့သွားလိုက်သည်။ အကုန်လုံးသည် ရေသောက်ပြီး၍ ထိုင်နားနေပြီဖြစ်ရာ လင်းချင်းသည် ရေပုံးကိုယူကာ ရေဖြည့်လိုက်ပြီးနောက် စတော်ဘယ်ရီသီးများကို နှစ်လိုက်သည်။ ထို့နောက် ရေပုံးကို သူတို့အားပေးကာ
"စား"
ထိုအချိန်မှာ ဒီလူများသည် လင်းချင်း၏အသံက ထူးဆန်းသလို စကားပြောပုံသည်လည်း ဆန်းနေသည်ကို သိလိုက်ကြသည်။ သို့သော်လည်း ဘာမှမမေးဘဲ စတော်ဘယ်ရီသီးကြီးများကိုကြည့်ကာ နားမလည်စွာ တွေးနေကြသည်။
'ငါတို့ကိုသန္ဓေပြောင်းအသီးတွေ စားခိုင်းနေတာလား? မဖြစ်နိုင်တာ!'
လင်းချင်းသည် သူတို့ဆီကနေ ထွက်လာရင်းဖြင့် ဖြည်းဖြည်းချင်းပြောသည်။
"သူစားတယ်"
'နင်တို့ဆရာတောင် တစ်လုံးစားထားပြီး အဆင်ပြေနေတာ။ ဘာကိုကြောက်နေကြတာလဲ?'
ထိုအခါ တစ်ဖွဲ့လုံးသည် လုထန်ရိကိုကြည့်ကာ တအံ့တသြဖြင့်
"ဆရာ ဒါတွေကို စားလိုက်တာလား?"
"မဖြစ်နိုင်တာ! ဘာဖြစ်လို့ စားတာလဲ?"
"ဆရာ ဒါတွေက စားလို့ရလို့လား?"
လုထန်ရိသည် သူတို့နားသို့သွားကာ လင်းချင်းကိုကြည့်လိုက်သည်။ သူလည်းမသေချာပေ။ သူသည် ရန်စခံနိုင်ရ၍ စားလိုက်မိတာဖြစ်သည်။ စားချင်လို့ စားခြင်းမဟုတ်သော်လည်း အနည်းဆုံးတော့ သူအခုအထိ အဆင်ပြေနေသေးသည်။ စား၍ရခြင်းလား? အဆိပ်က မပြသေးတာလားတော့ သူလည်းမပြောတက်ပေ။
သူတို့ကကြောက်နေသဖြင့် လင်းချင်းသည် အတင်းမစားခိုင်းသော်လည်း ရှဲ့တုန်းအား ပေးထားလိုက်သည်။ ထို့နောက် သူတို့နားကခွာကာ ထိုင်ခုံတွင်သွားထိုင်နေလိုက်သည်။
'မစားလည်းနေပေါ့။ အဆာလွန်သေမှာက ငါမှမဟုတ်တာ'
သူတို့သည် အံ့သြနေကြသည်။ လင်းချင်းက သန္ဓေပြောင်းအသီးများ ကျွေးခြင်းကို နားမလည်သော်လည်း ဗိုက်ဆာနေခြင်းကတော့ ၂ရက်ရှိပြီဖြစ်၍ ရှဲ့တုန်း၏လက်ထဲက ပန်းကန်ကို မကြည့်ဘဲ မနေနိုင်ကြပေ။ စိတ်ထဲတွင် စားချင်စိတ်ကို မနည်းထိန်းနေရသည်။
Advertisement
သူတို့သည် လုထန်ရိထံမှ စတော်ဘယ်ရီကစားရသည် ဆိုသည်ကို ကြားချင်စွာဖြင့် မျှော်လင့်ချက်အပြည့်ကြည့်နေကြသည်။ သို့သော်လည်း စားလိုက်မှ သူတို့တစ်ခုခုဖြစ်သွားမည်ကိုတော့ စိုးရိမ်နေသေးသည်။ သူတို့အကြည့်အောက်တွင် လုထန်ရိက ပြောလာသည်။
"ငါစားထားတယ်။ အခုအထိတော့ ဘာမှမဖြစ်သေးဘူး။ နာရီပိုင်း ရက်ပိုင်းကြာမှ တစ်ခုခုဖြစ်ရင်တော့ ငါလည်းမသိဘူး"
"စမ်းသပ်ချက်တွေအရတော့. . ."
ကောင်းချင်းမင်းက ပြောသည်။
"လူတစ်ယောက်က ဇွန်ဘီကိုက်ခံရရင် သေသွားတာနဲ့ သုံးမိနစ်တွင်း ဇွန်ဘီဖြစ်လိမ့်မယ်။ တကယ်လို့ အဲ့ဒီလူကအားနည်းရင် ချက်ချင်းသေမယ်။ နည်းနည်းသန်မာရင်တော့ သေဖို့က နည်းနည်းကြာလိမ့်မယ်။ ဒါကိုငါတို့အားလုံးသိတယ်မလား"
အခြားသူများသည် ခေါင်းငြိမ့်ပြသည်။ သူပြောသည်မှာ လူတိုင်းသိကိုသိရမည့် အကြောင်းအရာပင်။
ကောင်းချင်းမင်းက ဆက်ပြောသည်။
"သန္ဓေပြောင်းအပင် ဒါမှမဟုတ် အကောင်ကို စားလိုက်ရင်တော့ ဇွန်ဘီဖြစ်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ ငါတို့မသိဘူး။ ဒါပင်မယ့် သေရင်ဇွန်ဘီတော့ ဖြစ်မှာပဲ"
သူပြောချင်သည်မှာ သန္ဓေပြောင်းအပင်နှင့်တိရစ္ဆာန်များကို စားသည့်မည်သူမဆို အနှေးနှင့်အမြန် ဇွန်ဘီဖြစ်မည်။ အချို့အရာများသည် လူတို့ကို သုံးစက္ကန့်အတွင်းသေစေသော်လည်း တစ်ခါတစ်လေတော့ ဒီလိုဖြစ်စဉ်သည် သုံးနာရီ သို့မဟုတ် သုံးရက် သို့မဟုတ် သုံးလလောက် ကြာတက်သည်။
Zawgyi Ver
၂၀၄။ ဇြန္ဘီေတြလည္းအၿငိဳးထားနိုင္တယ္
လုထန္ရိသည္ လင္းခ်င္းကိုၾကည့္ကာ ေမးလိုက္သည္။
"အျပင္က အဆင့္၆ဇြန္ဘီကို နင္မနိုင္ဘူးမလား?"
လင္းခ်င္းသည္ မ်က္လုံးကိုလွန္လိုက္သည္။ လုထန္ရိက သူမ၏အမႈအယာကို မျမင္ေသာ္လည္း ခနေတြးၿပီးေနာက္
"ဇြန္ဘီဘုရင္ကို သတ္နိုင္ရင္ ငါတို႔နဲ႕ အခုလို ငါပုန္းစရာမွ မလိုတာ။ ဒါပင္မယ့္လည္း လူတိုင္းကို ကယ္လိုက္နိုင္တာပဲ တကယ္အံ့ၾသဖို႔ေကာင္းေအာင္ ေတာ္လြန္းေနၿပီ"
သို႔ေသာ္လည္ သူထပ္ေမးလာသည္။
"ငါတို႔ဘယ္လိုလုပ္ၾကမလဲ? ထြက္သြားတဲ့အထိ နယ္ေျမထဲမွာ ေနၾကမွာလား?"
လင္းခ်င္းသည္ အလွည့္က် ေရေသာက္ေနသည့္သူမ်ားကို တစ္ခ်ကၾကည့္ကာ ရွဲ႕တုန္းအာ ပုခုံးပုတ္လိုက္သည္။ ရွဲ႕တုန္းသည္ သူမကိုၾကည့္လာသည့္အခါ မီဖိုေခ်ာင္ပစၥည္းမ်ား ထားရာကို ၫႊန္ျပလိုက္သည္။ ပန္းကန္ခြက္မ်ားက ထိုေနရာတြင္ ထားသည္။ ရွဲ႕တုန္းသည္ ေခါင္းၿငိမ့္ကာ သြားလိုက္သည္။ လင္းခ်င္း၏ အဓိပၸာယ္ကို သူသိသည္။ သူမက ဒီလူမ်ားကို ေရေသာက္ဖို႔ ခြက္အခ်ိဳ႕ေပးခိုင္းေနတာပဲ ျဖစ္သည္။
လင္းခ်င္းသည္ ရွဲ႕တုန္းႏွင့္အတူ လိုက္လာကာ စတီးပန္းကန္တစ္ခ်က္ကိုယူ၍ လုထန္ရိအား အနားသို႔လာဖို႔ လက္ေခ်ာင္းကို ေကြးျပကာ ေခၚလိုက္သည္။ ထို႔ေနာက္ စေတာ္ဘယ္ရီခင္းဆီသို႔ ေလွ်ာက္သြားသည္။ သူမ၏နယ္ေျမထဲတြင္ေၾကာင့္လားမသိ စေတာ္ဘယ္ရီပင္မ်ားသည္ ပိုရွင္သန္ႀကီးထြားလို႔ ေနၾကသည္။ စေတာ္ဘယ္ရီသီးေပၚခ်ိန္ မဟုတ္ေသာ္လည္း ဒီအပင္မ်ားသည္ အသီးမ်ားကို ထပ္သီးလို႔ေနသည္။ ပထမအသီးမ်ားသည္ သူမတို႔ခူး၍ေရာ ယုန္ႏွင့္ႂကြက္တို႔က စား၍ေရာ ကုန္သြားၿပီျဖစ္သည္။
လင္းခ်င္းသည္ မွည့္ေနသည့္ စေတာ္ဘယ္ရီသီးမ်ားကို ကုန္း၍ခူးကာ ပန္းကန္ျပားေပၚ တင္လိုက္သည္။ ထိုအခ်ိန္တြင္ သူမ၏အေနာက္က ႏွစ္မီတာေလာက္ အကြာတြင္ ရွိေနသည့္ လုထန္ရိအား
"ၿငိဳးမယ္"
လင္းခ်င္းသည္ ျဖည္းျဖည္းခ်င္းေျပာေသာ္လည္း လုထန္ရိသည္ သူမ၏စကားမဆုံးခင္ သူမေျပာခ်င္သည္ကို သိလိုက္သည္။
"ဇြန္ဘီဘုရင္ကို ေျပာေနတာမလား? ဒါပင္မယ့္ ဘာျဖစ္လို႔လဲ? ဘာျဖစ္လို႔ ၿငိဳးသြားမွာလဲ?"
"ဘာအၿငိဳးလဲ? ငါတို႔နင့္နယ္ေျမထဲမွာ ဆိုတာကို သိၿပီးေတာ့ နင္လည္း မၾကာခင္ထြက္လာမယ္ဆိုတာလား? အဲ့အေကာင္က ဒါကိုနားလည္လို႔လား?"
လုထန္ရိသည္ နားမလည္နိုင္စြာ ေမးသည္။
လင္းခ်င္းသည္ ထိုင္ခ်လိဳက္ကာ စေတာ္ဘယ္ရီသီးမ်ားခူးေနရင္း သူ႕စကားၾကားသည့္အခါ လုပ္ေနသည္ကိုရပ္၍ သူ႕ကိုျပန္လွည့္ၾကည့္ကာ
"နင့္ေလာက္ဉာဏ္ေကာင္းတယ္"
ဇြန္ဘီဘုရင္သည္ လုထန္ရိေလာက္ကို ဉာဏ္ေကာင္းသည္။ လုထန္ရိေတာင္ ဒါကိုသိရင္ သူလည္းသိမွာပင္။ ထို႔အျပင္ လူတစ္ဖြဲ႕လုံးက ထြက္ခြာမည့္ဟန္မရွိဘဲ ႐ုတ္တရက္ေပ်ာက္သြားသျဖင့္ လင္းခ်င္းမွာ နယ္ေျမရွိမည္ကို သိမွာအမွန္ပင္။
လုထန္ရိသည္ ဘာေျပာရမလဲ မသိေပ။ သူသည္မီတာႏွစ္ဆယ္ေလာက္ေဝးသည့္ သူ႕လူမ်ားကို တစ္ခ်က္ၾကည့္ကာ အသံတိုးတိုးျဖင့္
"နင္ဘယ္လိုေသသြားတာလဲ?"
လင္းခ်င္းသည္ သူ႕ကိုေခါင္းေမာ့ၾကည့္လာသည္။ လုထန္ယု၏ မွတ္ဉာဏ္ကို ခနေနာက္တူးဆြၾကည့္ၿပီးေနာက္
"ဇြန္ဘီအုပ္ထဲပစ္ခ်ခံရတာ"
ဒီလိုေျပာၿပီးေနာက္ သူမသည္ စေတာ္ဘယ္ရီသီးမ်ားကို ဆက္ခူးသည္။ ဆယ့္ငါးလုံးေလာက္ခူးၿပီးသည့္အခါ ပန္းကန္ကိုကိုင္၍ ရွဲ႕တုန္းတို႔ဆီသြားလိုက္သည္။
လုထန္ရိမွာေတာ့ သူမ၏စကားမ်ားကို ေတြးေနသည္။
'ဇြန္ဘီအုပ္ထဲကို ပစ္ခ်ခံရတာလား? ဘယ္လိုလုပ္ၿပီးေတာ့လဲ? ေနာက္ကေန သူ႕ကိုကန္ခ်လိဳက္တာလား? ဒါမွမဟုတ္ သူ႕ကိုတိုက္ၿပီးမွလား? ဟိုသုံးေယာက္က စြမ္းအားရွင္ေတြဆိုေတာ့ သူကသာမန္လူပဲဟာ။ အလြယ္ေလးတြန္းခ်လိဳက္တာ ေနမွာ။ ဒါပင္မယ့္ မသတ္ဘဲနဲ႕ ဘာျဖစ္လို႔ ဇြန္ဘီအုပ္ထဲကို ခ်ခဲ့ရတာလဲ? မေသပင္မယ့္ ေမ့သြားရင္လည္း ဇြန္ဘီကိုက္လို႔ နာေနရတာေၾကာင့္ နိုးလာမွာပဲ။ ၿပီးေတာ့ နိုးလာရင္လည္း ဇြန္ဘီအကိုက္ခံေနရတာႀကီး။ တကယ္ေၾကာက္ဖို႔ေကာင္းခဲ့မွာပဲ!'
ဒီအေတြးျဖင့္ လုထန္ရိသည္ လင္းခ်င္း၏ေနာက္ေက်ာကို စိတ္ရႈပ္ေထြးစြာ ၾကည့္ေနစဥ္ ဘယ္လိုမ်ား အသိစိတ္ရွိသည့္ ဇြန္ဘီျဖစ္လာသလဲကို ေတြးမိေနရင္း ေမးခြန္းေပါင္းစုံ ထြက္လာသည္။
'ဇြန္ဘီျဖစ္လာေတာ့ သူဘယ္လူသားကိုမွ မစားဘူးလား?'
လင္းခ်င္းသည္ ေရပုံးရွိရာသို႔သြားလိုက္သည္။ အကုန္လုံးသည္ ေရေသာက္ၿပီး၍ ထိုင္နားေနၿပီျဖစ္ရာ လင္းခ်င္းသည္ ေရပုံးကိုယူကာ ေရျဖည့္လိုက္ၿပီးေနာက္ စေတာ္ဘယ္ရီသီးမ်ားကို ႏွစ္လိုက္သည္။ ထို႔ေနာက္ ေရပုံးကို သူတို႔အားေပးကာ
"စား"
ထိုအခ်ိန္မွာ ဒီလူမ်ားသည္ လင္းခ်င္း၏အသံက ထူးဆန္းသလို စကားေျပာပုံသည္လည္း ဆန္းေနသည္ကို သိလိုက္ၾကသည္။ သို႔ေသာ္လည္း ဘာမွမေမးဘဲ စေတာ္ဘယ္ရီသီးႀကီးမ်ားကိုၾကည့္ကာ နားမလည္စြာ ေတြးေနၾကသည္။
'ငါတို႔ကိုသေႏၶေျပာင္းအသီးေတြ စားခိုင္းေနတာလား? မျဖစ္နိုင္တာ!'
လင္းခ်င္းသည္ သူတို႔ဆီကေန ထြက္လာရင္းျဖင့္ ျဖည္းျဖည္းခ်င္းေျပာသည္။
"သူစားတယ္"
'နင္တို႔ဆရာေတာင္ တစ္လုံးစားထားၿပီး အဆင္ေျပေနတာ။ ဘာကိုေၾကာက္ေနၾကတာလဲ?'
ထိုအခါ တစ္ဖြဲ႕လုံးသည္ လုထန္ရိကိုၾကည့္ကာ တအံ့တၾသျဖင့္
"ဆရာ ဒါေတြကို စားလိုက္တာလား?"
"မျဖစ္နိုင္တာ! ဘာျဖစ္လို႔ စားတာလဲ?"
"ဆရာ ဒါေတြက စားလို႔ရလို႔လား?"
လုထန္ရိသည္ သူတို႔နားသို႔သြားကာ လင္းခ်င္းကိုၾကည့္လိုက္သည္။ သူလည္းမေသခ်ာေပ။ သူသည္ ရန္စခံနိုင္ရ၍ စားလိုက္မိတာျဖစ္သည္။ စားခ်င္လို႔ စားျခင္းမဟုတ္ေသာ္လည္း အနည္းဆုံးေတာ့ သူအခုအထိ အဆင္ေျပေနေသးသည္။ စား၍ရျခင္းလား? အဆိပ္က မျပေသးတာလားေတာ့ သူလည္းမေျပာတက္ေပ။
သူတို႔ကေၾကာက္ေနသျဖင့္ လင္းခ်င္းသည္ အတင္းမစားခိုင္းေသာ္လည္း ရွဲ႕တုန္းအား ေပးထားလိုက္သည္။ ထို႔ေနာက္ သူတို႔နားကခြာကာ ထိုင္ခုံတြင္သြားထိုင္ေနလိုက္သည္။
'မစားလည္းေနေပါ့။ အဆာလြန္ေသမွာက ငါမွမဟုတ္တာ'
သူတို႔သည္ အံ့ၾသေနၾကသည္။ လင္းခ်င္းက သေႏၶေျပာင္းအသီးမ်ား ေကြၽးျခင္းကို နားမလည္ေသာ္လည္း ဗိုက္ဆာေနျခင္းကေတာ့ ၂ရက္ရွိၿပီျဖစ္၍ ရွဲ႕တုန္း၏လက္ထဲက ပန္းကန္ကို မၾကည့္ဘဲ မေနနိုင္ၾကေပ။ စိတ္ထဲတြင္ စားခ်င္စိတ္ကို မနည္းထိန္းေနရသည္။
သူတို႔သည္ လုထန္ရိထံမွ စေတာ္ဘယ္ရီကစားရသည္ ဆိုသည္ကို ၾကားခ်င္စြာျဖင့္ ေမွ်ာ္လင့္ခ်က္အျပည့္ၾကည့္ေနၾကသည္။ သို႔ေသာ္လည္း စားလိုက္မွ သူတို႔တစ္ခုခုျဖစ္သြားမည္ကိုေတာ့ စိုးရိမ္ေနေသးသည္။ သူတို႔အၾကည့္ေအာက္တြင္ လုထန္ရိက ေျပာလာသည္။
"ငါစားထားတယ္။ အခုအထိေတာ့ ဘာမွမျဖစ္ေသးဘူး။ နာရီပိုင္း ရက္ပိုင္းၾကာမွ တစ္ခုခုျဖစ္ရင္ေတာ့ ငါလည္းမသိဘူး"
"စမ္းသပ္ခ်က္ေတြအရေတာ့. . ."
ေကာင္းခ်င္းမင္းက ေျပာသည္။
"လူတစ္ေယာက္က ဇြန္ဘီကိုက္ခံရရင္ ေသသြားတာနဲ႕ သုံးမိနစ္တြင္း ဇြန္ဘီျဖစ္လိမ့္မယ္။ တကယ္လို႔ အဲ့ဒီလူကအားနည္းရင္ ခ်က္ခ်င္းေသမယ္။ နည္းနည္းသန္မာရင္ေတာ့ ေသဖို႔က နည္းနည္းၾကာလိမ့္မယ္။ ဒါကိုငါတို႔အားလုံးသိတယ္မလား"
အျခားသူမ်ားသည္ ေခါင္းၿငိမ့္ျပသည္။ သူေျပာသည္မွာ လူတိုင္းသိကိုသိရမည့္ အေၾကာင္းအရာပင္။
ေကာင္းခ်င္းမင္းက ဆက္ေျပာသည္။
"သေႏၶေျပာင္းအပင္ ဒါမွမဟုတ္ အေကာင္ကို စားလိုက္ရင္ေတာ့ ဇြန္ဘီျဖစ္ဖို႔ ဘယ္ေလာက္ၾကာမလဲဆိုတာ ငါတို႔မသိဘူး။ ဒါပင္မယ့္ ေသရင္ဇြန္ဘီေတာ့ ျဖစ္မွာပဲ"
သူေျပာခ်င္သည္မွာ သေႏၶေျပာင္းအပင္ႏွင့္တိရစာၦန္မ်ားကို စားသည့္မည္သူမဆို အေႏွးႏွင့္အျမန္ ဇြန္ဘီျဖစ္မည္။ အခ်ိဳ႕အရာမ်ားသည္ လူတို႔ကို သုံးစကၠန့္အတြင္းေသေစေသာ္လည္း တစ္ခါတစ္ေလေတာ့ ဒီလိုျဖစ္စဥ္သည္ သုံးနာရီ သို႔မဟုတ္ သုံးရက္ သို႔မဟုတ္ သုံးလေလာက္ ၾကာတက္သည္။
Advertisement
- In Serial60 Chapters
Descent of the Demon God
The leader of the thousand demons, the Demon God Chun YeoWoon. Due to an unfortunate accident, he had been sent to the distant future.The Gate has opened, the future is now in chaos. The fight to return back into the past begins.
8 474 - In Serial87 Chapters
Curse of the Kat (Dropped)
So, I died. And apparently, I was given an option to live a new life in another world. I even got to customize the world and my new self! Well… that is, if the randomize button worked properly. Now, I’m standing here in an embarrassing cat costume supposedly blessed by this ‘god’ who goes by the name ‘Kat’.Got all of that? No? Well… me neither.
8 193 - In Serial14 Chapters
Ascended Dark Sovereign
In a world ravaged by war between two opposing types of practioners, the Magus and The Martial Strength Cultivators, lives a young boy with genius intelligence and exceptional potential. With his parents being ripped from his arms by war, he must rise up alone to conquer the Primal World and the Heavens as the Ascended Dark Sovereign.
8 154 - In Serial16 Chapters
Painting Horrors
Gabriel a rich orphan wants to be an artist because of a mysterious picture he saw. He pursue being an artist fanatically but he couldn't get the type of artist he wanted to be. A strange event happened during his sleep and he suddenly finds the type of genre in art he wanted to be.
8 353 - In Serial21 Chapters
Excursion Book 1, The Goblin Curse. First arc.
A story about a young magician in a rural town, whom spends his days reading cowboy novels and studying magic. Untill suddenly his town is ambushed by goblins!
8 172 - In Serial31 Chapters
The Thalisean legacy
Many years ago, a small but noble race called the Thalise existed with the sole purpose of defeating the demons and their king with to the power given to them by their creator; the mark of the Herald, a symbol that manifested itself as the main source of a Thaliseans strength to defeat the demons. Many more years of strife passed but the Thalisean race mysteriously vanished. Humanity is pushed to the brink of ruin due to the demon's running rampant across the land. This is when the last of the Thalise is created and brought forth by their creator. Zachary Erinn, a young man raised as a normal child, embarks on his perilous journey to fulfill his purpose as it is revealed to him. Can he take over such a task that stakes the fate of humanity on his shoulders, or will he succumb at the hands of those that seek to deter him?
8 203

