《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》202
Advertisement
၂၀၂။ လူငါးယောက်၏ မျှော်လင့်ချက်မဲ့နေသည့် အခြေအနေ
လင်းချင်းထွက်သွားသည့်အခါ လုထန်ရိသည် ကောင်းချင်းမင်းကို ကြည့်လာပြီး ဟွမ်ရှို့ကတော့ ရှဲ့တုန်းကို ကြည့်လာသည်။
"ဘာပြောတာ? ငါတို့သူငယ်ချင်းတွေကို သွားကယ်ပေးမှာမလား?"
ဟွမ်ရှို့က ရှဲ့တုန်းကို မေးရင်း လင်းချင်းပြောသည်ကို သိနေသည့် ကောင်းချင်းမင်းကို တစ်ချက်ကြည့်လိုက်သည်။
"ငါတို့ကို ဒီမှာစောင့်ခိုင်းပြီး သူကသွားကယ်မှာ။ ဒါပင်မယ့် လူဘယ်နှယောက် ကယ်လာနိုင်မလဲဆိုတာတော့ မသိဘူးတဲ့"
ကောင်းချင်းမင်းက ပြောသည်။
ဟွမ်ရှို့က ရှဲ့တုန်းကို လှည့်ကြည့်သည့်အခါ ရှဲ့တုန်းက ခေါင်းငြိမ့်ပြသဖြင့် သူသက်ပြင်းချလိုက်သည်။ သို့သော်လည်း မကြာခင်တွင် သူ့အား လုထန်ရိနှင့် ကောင်းချင်းမင်းတို့က ထူးဆန်းသလို ကြည့်နေသဖြင့် ဘာဖြစ်လို့မှန်း သူမသိတော့ပေ။
လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် လင်းချင်းက ဇွန်ဘီဖြစ်ကြောင်းကို ရှဲ့တုန်းသိပြီးလောက်ကြောင်း ရိပ်မိကာ ဘာဖြစ်လို့များ လင်းချင်းနောက်သို့ လိုက်နေသလဲနှင့် ဘယ်လိုများ သူတို့တွေ့ဆုံကြသလဲ ဆိုသည်ကို သိချင်နေကြသည်။
အပြင်ဘက်တွင် လင်းချင်းသည် နယ်မြေထဲကထွက်လာသည်နှင့်ကိုယ်ဖျောက်လိုက်သည်။ ထို့နောက် သူမကိုယ်ကိုထိတော့မည့် မိုးကြိုးများကို လှိမ့်ရှောင်လိုက်သည်။ သူမသာပေါ်လာပါက ဇွန်ဘီဘုရင်သည် သူမ၏နေရာကို အာရုံခံမိလိမ့်မည်။ တော်သေးသည်မှာ လင်းချင်းက မြန်၍ပင်။ လင်းချင်းက တစ်ချက်ရပ်ကြည့်နေစဉ် မိုးကြိုးသည် သူမရှိရာသို့ ကျလာသဖြင့် အမြန်ရှောင်လိုက်ရသည်။ ဇွန်ဘီဘုရင်သည် သူမဘယ်ရောက်နေသလဲ မသိသဖြင့် ကြုံရာနေရာကို ပစ်ချနေတာ ဖြစ်သည်။ လင်းချင်းသည် ဇွန်ဘီဘုရင်၏ မိုးကြိုးဒဏ်ကို ပြုတ်ကျလာသည့် အပိုင်းအစများဖြင့် အကာအကွယ်ယူ၍ လှိမ့်ကာတိမ်းရှောင်နေရသည်။
ဇွန်ဘီဘုရင်၏ မိုးကြိုးများသည် စနစ်တကျမရှိသဖြင့် လင်းချင်းသည် အမြန်ရွေ့လျားနေရသည်။ သို့သော်လည်း သူမအတွက် ဒါကမခက်ခဲပေ။ အနည်းငယ်လှိမ့်ရှောင်ပြီးနောက် လင်းချင်းသည် မီတာအချို့လောက် ဝေးရာသို့ ရောက်သွားသည်။ ထို့နောက် သူမသည် ခေါင်းပေါ်ကျလာမည့် မိုးကြိုးများထံကနေ အမြန်ရှောင်ပြေးလေတော့သည်။
ဂါး! ဂါး! ဂါး!
ဇွန်ဘီဘုရင်သည် ဒီလောက်မိုးကြိုးများ ပစ်ချနေတာတောင် ဘာမှမထိရောက်သဖြင့် ပဲ့တင်သံထပ်အောင် အကျယ်ကြီးအော်ဟစ်လာသည်။
ထို့အသံကို ကြားသည့်အခါ လင်းချင်းသည် မကောင်းတာ ဖြစ်တော့မည်ကို သိလိုက်သည်။
ဇွန်ဘီဘုရင်သည် ဇွန်ဘီများကို ပိုခေါ်လိုက်သည်။ ဇွန်ဘီတွေ ပြန်ရောက်လာသည်နှင့် လူငါးယောက်သည် အန္တရာယ်ထဲသို့ ရောက်တော့မည်။ ထို့ကြောင့် လင်းချင်းသည် ချက်ချင်းပဲ သူတို့ဆီသို့ အမြန်ရှောင်တိမ်းသွားလိုက်သည်။
ထိုလူများသည် ဇွန်ဘီဘုရင်ထံမှနေ ကြောက်လန့်တကြား ထွက်ပြေးနေကြတာ ဖြစ်သည်။ သို့သော်လည်း သူတို့အဝေးသို့ မရောက်ခင်တွင် မိုးခြိမ်းသံများကို ကြားလိုက်ရသည်။ ခေါင်းမော့ကြည့်သည့်အခါ ကောင်းကင်ပေါ်တွင် လျှပ်စီးများက လက်နေသဖြင့် သူတို့ကြောင်အသွားကြသည်။
ထိုအခါ သူတို့သည် စိတ်ထဲတွင် အော်ဟစ်ကုန်ကြသည်။
'ဇွန်ဘီဘုရင်က ငါတို့ကို သတ်တော့မှာလား? ဒီလိုအသေမတိုက်ခင် ဘာဖြစ်လို့ ကြိုအသိမပေးတာလဲ!'
သို့သော်လည်း ဒီအခြေအနေက သူတို့အပြစ်တင်နိုင်သည် မဟုတ်လေရာ အနားရှိအဆောက်အဦးများဆီသို့ ပြေးဝင်ဖို့လုပ်ရင်း အော်လိုက်သည်။
'အကာကွယ်ယူကြ!'
ကံကောင်းသည်မှာ မိုးကြိုးဒဏ်ကြောင့် ပြတင်းပေါက်မှန်များကွဲကာ ကွန်ကရစ်များ ပြုတ်ကျရုံလောက်သာ ဖြစ်ပြီး အဆောက်အဦးမှာ ခိုင်ခံနေသေးသည်။ လူငါးယောက်သည် ပထမထပ်တွင်ပုန်းနေလိုက်ကြသည်။ သူတိုသည် မိုးကြိုးဒဏ်ကနေ လုံခြုံသွားပြီ ဖြစ်သော်လည်း အဆောက်အဦးထဲတွင် ပိတ်မိမနေအောင် သတိထားနေရတာဖြစ်သည်။
လျှပ်စီးများတဖြတ်ဖြတ်လက်၍ မိုးကြိုးပစ်ချသံများ ဆူညံ့နေသည့်ကြားတွင် တစ်ယောက်က မည်းသည်းနေသည့်မျက်နှာဖြင့် ပြောသည်။
"မိုးကြိုးတွေက ဘယ်ကလာနေတာလဲ? ဟိုထူးဆန်းတဲ့ဇွန်ဘီက လုပ်နေတာမလား?"
သူတို့သည် ဇွန်ဘီဘုရင်၏ကိုယ်တွင် ခရမ်းရောင်မိုးကြိုးများ ရစ်ပတ်နေသည်ကို တွေ့ခဲ့သဖြင့် မိုးကြိုးအစွမ်းဖြင့်ဇွန်ဘီဖြစ်ကြောင်း ခန့်မှန်းမိကြသည်။
"ငါလည်း အဲ့လိုပဲထင်တယ်! ဘယ်လိုကြီးလဲကွာ! အဆင့်ငါးဇွန်ဘီက ဒီလောက်အားကောင်းမယ်လို့ ငါမထင်ခဲ့ဘူး"
"ဟိုအမျိုးသမီးက အခုဇွန်ဘီနဲ့တိုက်နေတာမလား? မိုးကြိုးအစွမ်းက တကယ်ကြီးမိုက်တာကွာ! ငါတို့ရဲ့ ခရမ်းရောင်မိုးကြိုးခေါင်ဆောင်အစွမ်းလောက်ရှိတယ်"
"ဘာပဲဖြစ်ဖြစ် ဒီနေရာကနေ ငါတို့ထွက်ဖို့ လုပ်ရအောင်။ ငါတို့ကအရမ်းနီးနေသေးတော့ အန္တရာယ်များသေးတယ်"
"ဒါပင်မယ့် အခုမှထွက်လို့မရတာ။ ဒီမိုးကြိုးတွေက ဘယ်လောက်ထပ်ကျနေမလဲ မသိဘူး"
သူတို့ငါးယောက်သည် ဘယ်လိုတိုက်ခိုက်မှုမဆို အားကုန်သွားရင် ရပ်သွားမည်ကို သိသည်။ ထို့ကြောင့် သူတို့သည် မိုးကြိုးများပါးသွားသည့်အချိန်မှ ထွက်ပြေးဖို့လုပ်ထားတာ ဖြစ်သည်။ မိနစ်အချို့ကြာသည်အထိ မိုးကြိုးများက ဆက်ပစ်နေဆဲဖြစ်လေရာ သူတို့ငါးယောက်သည် ကြောက်နေကြဆဲဖြစ်သည်။
"ကြည့် ပါးလာပြီ!"
ပြတင်းပေါက်အကွဲကနေ လှမ်းကြည့်နေသည့်သူသည် တစ်ဖက်တွင် မိုးကြိုးများပျောက်သွားကာ တစ်ဖက်တွင် နည်းနည်းလောက်ရှိနေသေးသည်ကို တွေ့သည့်အခါ ပြောသည်။
"ငါတို့ထွက်လို့မရသေးဘူး! ငါတို့လုံခြုံမယ့်နေရာနဲ့ နှစ်မီတာလောက် ဝေးနေသေးတယ်"
နောက်တစ်ယောက်သည် အကွာအဝေးကို သူ့မျက်လုံးဖြင့် ခန့်မှန်းတွက်ကာ ပြောသည်။ သူတို့သည် လုံခြုံသည့်နေရာကိုရောက်ဖို့ အခန်းထဲကထွက်ကာ အနားက ကော်ရစ်တာကို ဖြတ်သွားရမည် ဖြစ်သည်။ ဒီလိုလုပ်ဖို့ဆိုလျှင် သူတို့ကိုယ်သူတို့ ပြင်းထန်သည့် မိုးကြိုးများအောက်သို့ သွားလိုက်သလိုပင်။
"ခနလေး!"
သူတို့သည် ထိုအချိန်တွင် အော်သံကြီးကို ကြားလိုက်ရသည်။
"ဘာအသံကြီးလဲ? ဇွန်ဘီအော်နေတာလား?"
"အသံက နည်းနည်းထူးဆန်းသလိုပဲ"
တစ်မိနစ်အတွင်းမှာ မိုးကြိုးများပစ်ချနေသည့်နေရာနှင့် လုံခြုံမည်ထင်ရသည့်နေရာကြားကို လက်ညိုးထိုးပြလျှက် သူတို့ထဲက တစ်ယောက်က အော်လာသည်။
"ဟိုကိုကြည့်!"
အခြားသူများသည် လှည့်ကြည့်လိုက်သည့်အခါ ဇွန်ဘီအုပ်ကြီးက ရောက်လာသည်ကို တွေ့လိုက်ရတော့သည်။
Advertisement
"ဘယ်လိုလုပ်ပြီး ဇွန်ဘီတွေက ဒီလောက်များနေရတာလဲ?"
"ငါသိပြီ။ ခုနက အော်သံက ဇွန်ဘီတွေကို ခေါ်လိုက်တာ ဖြစ်မယ်"
"ဇွန်ဘီတွေက ဒီလောက်များတာ ငါတို့ဘယ်လိုလုပ်ရမှာလဲ? ငါတို့လုံခြုံတဲ့နေရာကို မရောက်ခင်တင် ဇွန်ဘီတွေက အစိတ်စိတ်အမွှာမွှာဆွဲဖြဲစားတာကို ခံနေရတော့မှာ"
ဇွန်ဘီအုပ်ကြီးက ရုတ်တရက်ပေါ်လာသည့်အခါ သူတို့မျက်နှာထက်တွင် မျှော်လင့်ချက်မဲ့မှုတို့က ပေါ်လာသည်။ သူတို့ထဲကတစ်ယောက်သည် နံရံကိုမှီ၍ထိုင်ချကာ ခေါင်းကိုငုံ့ကာ မတည်မငြိမ်ဖြစ်နေသည့် မျက်လုံးများဖြင့်
"ငါတို့တော့သေပြီ။ ငါတို့ရှင်နိုင်တော့မှာ မဟုတ်ဘူး။ အဆင့်ငါးဇွန်ဘီတွေဆီက အကယ်ခံရတော့ ငါတို့အိမ်ကို လုံလုံခြုံခြုံပြန်နိုင်တော့မယ် ထင်ခဲ့တာ အခုတော့. . ."
ထိုလူပြောသည်က မှန်သည်။ သူတို့သာ အပြင်ထွက်ရင် မိုးကြိုးဒဏ်ကြောင့် မဟုတ်လည်း ဇွန်ဘီအစာဖြစ်ပြီး သေမှာပင်။ သူတို့မှာ တခြားရွေးချယ်စရာမရှိတော့ပေ။
"ဘာဖြစ်လို့လဲ. . .ဘာဖြစ်လို့ ငါတို့မှ. . ."
ထိုလူသည် စိတ်ဓာတ်ပျက်သွားကာ ရေရွတ်နေသည်။ အခြားသူများက သူ့ကိုနားမလည်စွာ ကြည့်လိုက်သည့်အခါ သူပြောသည်ကို ကြားလိုက်ရသည်။
"ဘာဖြစ်လို့ ငါတိုကို ထားခဲ့တာလဲ? ငါတို့ကို ဘာဖြစ်လို့ သူ့နယ်မြေထဲကို သွင်းမထားတာလဲ?"
Zawgyi Ver
၂၀၂။ လူငါးေယာက္၏ ေမွ်ာ္လင့္ခ်က္မဲ့ေနသည့္ အေျခအေန
လင္းခ်င္းထြက္သြားသည့္အခါ လုထန္ရိသည္ ေကာင္းခ်င္းမင္းကို ၾကည့္လာၿပီး ဟြမ္ရွို႔ကေတာ့ ရွဲ႕တုန္းကို ၾကည့္လာသည္။
"ဘာေျပာတာ? ငါတို႔သူငယ္ခ်င္းေတြကို သြားကယ္ေပးမွာမလား?"
ဟြမ္ရွို႔က ရွဲ႕တုန္းကို ေမးရင္း လင္းခ်င္းေျပာသည္ကို သိေနသည့္ ေကာင္းခ်င္းမင္းကို တစ္ခ်က္ၾကည့္လိုက္သည္။
"ငါတို႔ကို ဒီမွာေစာင့္ခိုင္းၿပီး သူကသြားကယ္မွာ။ ဒါပင္မယ့္ လူဘယ္ႏွေယာက္ ကယ္လာနိုင္မလဲဆိုတာေတာ့ မသိဘူးတဲ့"
ေကာင္းခ်င္းမင္းက ေျပာသည္။
ဟြမ္ရွို႔က ရွဲ႕တုန္းကို လွည့္ၾကည့္သည့္အခါ ရွဲ႕တုန္းက ေခါင္းၿငိမ့္ျပသျဖင့္ သူသက္ျပင္းခ်လိဳက္သည္။ သို႔ေသာ္လည္း မၾကာခင္တြင္ သူ႕အား လုထန္ရိႏွင့္ ေကာင္းခ်င္းမင္းတို႔က ထူးဆန္းသလို ၾကည့္ေနသျဖင့္ ဘာျဖစ္လို႔မွန္း သူမသိေတာ့ေပ။
လုထန္ရိႏွင့္ ေကာင္းခ်င္းမင္းတို႔သည္ လင္းခ်င္းက ဇြန္ဘီျဖစ္ေၾကာင္းကို ရွဲ႕တုန္းသိၿပီးေလာက္ေၾကာင္း ရိပ္မိကာ ဘာျဖစ္လို႔မ်ား လင္းခ်င္းေနာက္သို႔ လိုက္ေနသလဲႏွင့္ ဘယ္လိုမ်ား သူတို႔ေတြ႕ဆုံၾကသလဲ ဆိုသည္ကို သိခ်င္ေနၾကသည္။
အျပင္ဘက္တြင္ လင္းခ်င္းသည္ နယ္ေျမထဲကထြက္လာသည္ႏွင့္ကိုယ္ေဖ်ာက္လိုက္သည္။ ထို႔ေနာက္ သူမကိုယ္ကိုထိေတာ့မည့္ မိုးႀကိဳးမ်ားကို လွိမ့္ေရွာင္လိုက္သည္။ သူမသာေပၚလာပါက ဇြန္ဘီဘုရင္သည္ သူမ၏ေနရာကို အာ႐ုံခံမိလိမ့္မည္။ ေတာ္ေသးသည္မွာ လင္းခ်င္းက ျမန္၍ပင္။ လင္းခ်င္းက တစ္ခ်က္ရပ္ၾကည့္ေနစဥ္ မိုးႀကိဳးသည္ သူမရွိရာသို႔ က်လာသျဖင့္ အျမန္ေရွာင္လိုက္ရသည္။ ဇြန္ဘီဘုရင္သည္ သူမဘယ္ေရာက္ေနသလဲ မသိသျဖင့္ ႀကဳံရာေနရာကို ပစ္ခ်ေနတာ ျဖစ္သည္။ လင္းခ်င္းသည္ ဇြန္ဘီဘုရင္၏ မိုးႀကိဳးဒဏ္ကို ျပဳတ္က်လာသည့္ အပိုင္းအစမ်ားျဖင့္ အကာအကြယ္ယူ၍ လွိမ့္ကာတိမ္းေရွာင္ေနရသည္။
ဇြန္ဘီဘုရင္၏ မိုးႀကိဳးမ်ားသည္ စနစ္တက်မရွိသျဖင့္ လင္းခ်င္းသည္ အျမန္ေ႐ြ႕လ်ားေနရသည္။ သို႔ေသာ္လည္း သူမအတြက္ ဒါကမခက္ခဲေပ။ အနည္းငယ္လွိမ့္ေရွာင္ၿပီးေနာက္ လင္းခ်င္းသည္ မီတာအခ်ိဳ႕ေလာက္ ေဝးရာသို႔ ေရာက္သြားသည္။ ထို႔ေနာက္ သူမသည္ ေခါင္းေပၚက်လာမည့္ မိုးႀကိဳးမ်ားထံကေန အျမန္ေရွာင္ေျပးေလေတာ့သည္။
ဂါး! ဂါး! ဂါး!
ဇြန္ဘီဘုရင္သည္ ဒီေလာက္မိုးႀကိဳးမ်ား ပစ္ခ်ေနတာေတာင္ ဘာမွမထိေရာက္သျဖင့္ ပဲ့တင္သံထပ္ေအာင္ အက်ယ္ႀကီးေအာ္ဟစ္လာသည္။
ထို႔အသံကို ၾကားသည့္အခါ လင္းခ်င္းသည္ မေကာင္းတာ ျဖစ္ေတာ့မည္ကို သိလိုက္သည္။
ဇြန္ဘီဘုရင္သည္ ဇြန္ဘီမ်ားကို ပိုေခၚလိုက္သည္။ ဇြန္ဘီေတြ ျပန္ေရာက္လာသည္ႏွင့္ လူငါးေယာက္သည္ အႏၲရာယ္ထဲသို႔ ေရာက္ေတာ့မည္။ ထို႔ေၾကာင့္ လင္းခ်င္းသည္ ခ်က္ခ်င္းပဲ သူတို႔ဆီသို႔ အျမန္ေရွာင္တိမ္းသြားလိုက္သည္။
ထိုလူမ်ားသည္ ဇြန္ဘီဘုရင္ထံမွေန ေၾကာက္လန့္တၾကား ထြက္ေျပးေနၾကတာ ျဖစ္သည္။ သို႔ေသာ္လည္း သူတို႔အေဝးသို႔ မေရာက္ခင္တြင္ မိုးၿခိမ္းသံမ်ားကို ၾကားလိုက္ရသည္။ ေခါင္းေမာ့ၾကည့္သည့္အခါ ေကာင္းကင္ေပၚတြင္ လွ်ပ္စီးမ်ားက လက္ေနသျဖင့္ သူတို႔ေၾကာင္အသြားၾကသည္။
ထိုအခါ သူတို႔သည္ စိတ္ထဲတြင္ ေအာ္ဟစ္ကုန္ၾကသည္။
'ဇြန္ဘီဘုရင္က ငါတို႔ကို သတ္ေတာ့မွာလား? ဒီလိုအေသမတိုက္ခင္ ဘာျဖစ္လို႔ ႀကိဳအသိမေပးတာလဲ!'
သို႔ေသာ္လည္း ဒီအေျခအေနက သူတို႔အျပစ္တင္နိုင္သည္ မဟုတ္ေလရာ အနားရွိအေဆာက္အဦးမ်ားဆီသို႔ ေျပးဝင္ဖို႔လုပ္ရင္း ေအာ္လိုက္သည္။
'အကာကြယ္ယူၾက!'
ကံေကာင္းသည္မွာ မိုးႀကိဳးဒဏ္ေၾကာင့္ ျပတင္းေပါက္မွန္မ်ားကြဲကာ ကြန္ကရစ္မ်ား ျပဳတ္က်႐ုံေလာက္သာ ျဖစ္ၿပီး အေဆာက္အဦးမွာ ခိုင္ခံေနေသးသည္။ လူငါးေယာက္သည္ ပထမထပ္တြင္ပုန္းေနလိုက္ၾကသည္။ သူတိုသည္ မိုးႀကိဳးဒဏ္ကေန လုံၿခဳံသြားၿပီ ျဖစ္ေသာ္လည္း အေဆာက္အဦးထဲတြင္ ပိတ္မိမေနေအာင္ သတိထားေနရတာျဖစ္သည္။
လွ်ပ္စီးမ်ားတျဖတ္ျဖတ္လက္၍ မိုးႀကိဳးပစ္ခ်သံမ်ား ဆူညံ့ေနသည့္ၾကားတြင္ တစ္ေယာက္က မည္းသည္းေနသည့္မ်က္ႏွာျဖင့္ ေျပာသည္။
"မိုးႀကိဳးေတြက ဘယ္ကလာေနတာလဲ? ဟိုထူးဆန္းတဲ့ဇြန္ဘီက လုပ္ေနတာမလား?"
သူတို႔သည္ ဇြန္ဘီဘုရင္၏ကိုယ္တြင္ ခရမ္းေရာင္မိုးႀကိဳးမ်ား ရစ္ပတ္ေနသည္ကို ေတြ႕ခဲ့သျဖင့္ မိုးႀကိဳးအစြမ္းျဖင့္ဇြန္ဘီျဖစ္ေၾကာင္း ခန့္မွန္းမိၾကသည္။
"ငါလည္း အဲ့လိုပဲထင္တယ္! ဘယ္လိုႀကီးလဲကြာ! အဆင့္ငါးဇြန္ဘီက ဒီေလာက္အားေကာင္းမယ္လို႔ ငါမထင္ခဲ့ဘူး"
"ဟိုအမ်ိဳးသမီးက အခုဇြန္ဘီနဲ႕တိုက္ေနတာမလား? မိုးႀကိဳးအစြမ္းက တကယ္ႀကီးမိုက္တာကြာ! ငါတို႔ရဲ႕ ခရမ္းေရာင္မိုးႀကိဳးေခါင္ေဆာင္အစြမ္းေလာက္ရွိတယ္"
"ဘာပဲျဖစ္ျဖစ္ ဒီေနရာကေန ငါတို႔ထြက္ဖို႔ လုပ္ရေအာင္။ ငါတို႔ကအရမ္းနီးေနေသးေတာ့ အႏၲရာယ္မ်ားေသးတယ္"
"ဒါပင္မယ့္ အခုမွထြက္လို႔မရတာ။ ဒီမိုးႀကိဳးေတြက ဘယ္ေလာက္ထပ္က်ေနမလဲ မသိဘူး"
သူတို႔ငါးေယာက္သည္ ဘယ္လိုတိုက္ခိုက္မႈမဆို အားကုန္သြားရင္ ရပ္သြားမည္ကို သိသည္။ ထို႔ေၾကာင့္ သူတို႔သည္ မိုးႀကိဳးမ်ားပါးသြားသည့္အခ်ိန္မွ ထြက္ေျပးဖို႔လုပ္ထားတာ ျဖစ္သည္။ မိနစ္အခ်ိဳ႕ၾကာသည္အထိ မိုးႀကိဳးမ်ားက ဆက္ပစ္ေနဆဲျဖစ္ေလရာ သူတို႔ငါးေယာက္သည္ ေၾကာက္ေနၾကဆဲျဖစ္သည္။
"ၾကည့္ ပါးလာၿပီ!"
ျပတင္းေပါက္အကြဲကေန လွမ္းၾကည့္ေနသည့္သူသည္ တစ္ဖက္တြင္ မိုးႀကိဳးမ်ားေပ်ာက္သြားကာ တစ္ဖက္တြင္ နည္းနည္းေလာက္ရွိေနေသးသည္ကို ေတြ႕သည့္အခါ ေျပာသည္။
"ငါတို႔ထြက္လို႔မရေသးဘူး! ငါတို႔လုံၿခဳံမယ့္ေနရာနဲ႕ ႏွစ္မီတာေလာက္ ေဝးေနေသးတယ္"
ေနာက္တစ္ေယာက္သည္ အကြာအေဝးကို သူ႕မ်က္လုံးျဖင့္ ခန့္မွန္းတြက္ကာ ေျပာသည္။ သူတို႔သည္ လုံၿခဳံသည့္ေနရာကိုေရာက္ဖို႔ အခန္းထဲကထြက္ကာ အနားက ေကာ္ရစ္တာကို ျဖတ္သြားရမည္ ျဖစ္သည္။ ဒီလိုလုပ္ဖို႔ဆိုလွ်င္ သူတို႔ကိုယ္သူတို႔ ျပင္းထန္သည့္ မိုးႀကိဳးမ်ားေအာက္သို႔ သြားလိုက္သလိုပင္။
"ခနေလး!"
သူတို႔သည္ ထိုအခ်ိန္တြင္ ေအာ္သံႀကီးကို ၾကားလိုက္ရသည္။
"ဘာအသံႀကီးလဲ? ဇြန္ဘီေအာ္ေနတာလား?"
"အသံက နည္းနည္းထူးဆန္းသလိုပဲ"
တစ္မိနစ္အတြင္းမွာ မိုးႀကိဳးမ်ားပစ္ခ်ေနသည့္ေနရာႏွင့္ လုံၿခဳံမည္ထင္ရသည့္ေနရာၾကားကို လက္ညိုးထိုးျပလွ်က္ သူတို႔ထဲက တစ္ေယာက္က ေအာ္လာသည္။
"ဟိုကိုၾကည့္!"
အျခားသူမ်ားသည္ လွည့္ၾကည့္လိုက္သည့္အခါ ဇြန္ဘီအုပ္ႀကီးက ေရာက္လာသည္ကို ေတြ႕လိုက္ရေတာ့သည္။
"ဘယ္လိုလုပ္ၿပီး ဇြန္ဘီေတြက ဒီေလာက္မ်ားေနရတာလဲ?"
"ငါသိၿပီ။ ခုနက ေအာ္သံက ဇြန္ဘီေတြကို ေခၚလိုက္တာ ျဖစ္မယ္"
"ဇြန္ဘီေတြက ဒီေလာက္မ်ားတာ ငါတို႔ဘယ္လိုလုပ္ရမွာလဲ? ငါတို႔လုံၿခဳံတဲ့ေနရာကို မေရာက္ခင္တင္ ဇြန္ဘီေတြက အစိတ္စိတ္အမႊာမႊာဆြဲၿဖဲစားတာကို ခံေနရေတာ့မွာ"
ဇြန္ဘီအုပ္ႀကီးက ႐ုတ္တရက္ေပၚလာသည့္အခါ သူတို႔မ်က္ႏွာထက္တြင္ ေမွ်ာ္လင့္ခ်က္မဲ့မႈတို႔က ေပၚလာသည္။ သူတို႔ထဲကတစ္ေယာက္သည္ နံရံကိုမွီ၍ထိုင္ခ်ကာ ေခါင္းကိုငုံ႕ကာ မတည္မၿငိမ္ျဖစ္ေနသည့္ မ်က္လုံးမ်ားျဖင့္
"ငါတို႔ေတာ့ေသၿပီ။ ငါတို႔ရွင္နိုင္ေတာ့မွာ မဟုတ္ဘူး။ အဆင့္ငါးဇြန္ဘီေတြဆီက အကယ္ခံရေတာ့ ငါတို႔အိမ္ကို လုံလုံၿခဳံၿခဳံျပန္နိုင္ေတာ့မယ္ ထင္ခဲ့တာ အခုေတာ့. . ."
ထိုလူေျပာသည္က မွန္သည္။ သူတို႔သာ အျပင္ထြက္ရင္ မိုးႀကိဳးဒဏ္ေၾကာင့္ မဟုတ္လည္း ဇြန္ဘီအစာျဖစ္ၿပီး ေသမွာပင္။ သူတို႔မွာ တျခားေ႐ြးခ်ယ္စရာမရွိေတာ့ေပ။
"ဘာျဖစ္လို႔လဲ. . .ဘာျဖစ္လို႔ ငါတို႔မွ. . ."
ထိုလူသည္ စိတ္ဓာတ္ပ်က္သြားကာ ေရ႐ြတ္ေနသည္။ အျခားသူမ်ားက သူ႕ကိုနားမလည္စြာ ၾကည့္လိုက္သည့္အခါ သူေျပာသည္ကို ၾကားလိုက္ရသည္။
"ဘာျဖစ္လို႔ ငါတိုကို ထားခဲ့တာလဲ? ငါတို႔ကို ဘာျဖစ္လို႔ သူ႕နယ္ေျမထဲကို သြင္းမထားတာလဲ?"
Advertisement
- In Serial7 Chapters
Destiny Monogatari: The Hidden Object S1
Season 1. Before 15 years, In Paradise kingdom which was ruled under the Nobility System. The last member of the Ruling family disappeared in a mysterious incident so the whole country nearly walked into a civil war. Ganzo and Seel , the two of them were in the royal army and the rule the Families of the East and West respectively, they controlled the country using their influence around the Kingdom. They agreed to continue ruling the Kingdom under the Nobility System which was not to be changed easily. In this Kingdom in which Magic (Gaibo) is everything, there are 4 main families, 1- The Eastern Family ( Ganzo Family ) 2- The Western Family ( Seel Family ) 3- The Northern Family ( Nabako Family ) 4- The Southern Family ( Kanti Family ) Each of these families rules their own land and under them there are smaller families that declared their loyalty to the ruler family of the land. Each Family has a single ruler called the Father. When the father is to be changed for any reason, the name of the family is also changed after the name of the new ruler. Since the Kingdom relays on Magic (Gaibo) – will be discussed later- each family has their own Magical Techniques and Skills that you will obtain if you have the blood of this family. These Skills are initially unlocked by saying specific words for each Skill. The public –not noble- are capable of doing the Gaibo Skills but only ordinary skills that worth nothing in wars. Along the Kingdom, Medical Guilds are scattered. These Guilds are usually used by the noble families that hire them to heal the injured warriors. Noble families also send their daughters to these Guilds to learn The Skills of Healing.
8 182 - In Serial64 Chapters
~danganronpa chatfic~
wow im so surprised people read this! anyways join everyone on this very weird chatfic! may be a few chapters of real life interaction and some of the chapters are inspired by roleplays me and my friend do! thanks Polter 😉
8 109 - In Serial40 Chapters
Beyond The Needle
"Explosions are my specialty, I can and will be your doom,Now get down on your knees, baby, I'll make your world go boom."• • •Unconventional poems of a conformed man. I voice all my inner chaotic turmoils in rhyming words so they sound less pathetic. And also, I spice it up with dirty poetry, in good ol' me style, so I don't ruin the esthetics.
8 106 - In Serial12 Chapters
Star Pilot in a Woman's World
Lt. Stryker of the United Earth Alliance Navy tests new technology that could have a far-reaching impact on humanity. While testing out the new engine on an old interceptor, things take a horrible turn and Lt. Stryker is sent to an alternate earth where his way home burns up on entry and things are quite different. To make matters worse, his body has reverted to that of a 16-year-old! Alone and cut off from the Alliance Navy, Lt. Stryker only has an implanted A.I. to keep him company. Follow Allen Stryker as he adapts to life on this new earth with only a quirky A.I. to assist him while unknowingly being observed by a determined government agent! -Regularly scheduled updates will be posted on Fridays. I reserve the right to publish ahead!
8 163 - In Serial30 Chapters
Shadows {Book one in the Coriana Johnson series}
Coriana Johnson is a seventeen year old girl whose life has been nearly the exact opposite of normal. She's lost pretty much everything, and the only thing she has left is one last chance to find her long-lost sister, who happens to be Daisy Johnson, Inhuman and Shield Agent. Can Cori get past her painful past and trust Shield? Or will this next chapter in her life end in pain just like all of the others? [Agents of Shield Fanfic] [Takes place not too long after the episode Parting Shot (3x13)]{Under Editing!}
8 174 - In Serial24 Chapters
I Live to Make You Free (Anakin x Reader) BOOK ONE *COMPLETED*
A princess in disguise and a young slave boy. Both destined to be more. What will happen when they meet?All rights go to Disney and Lucasfilm. I only own the extra scenes I wrote myself#1 in starwarsfanfiction 1/17/2021#1 in skywalker 5/4/2021#1 in anakinskywalker 7/20/2021
8 151

