《Late Regret ( COMPLETED )》Part 29
Advertisement
^ Wang ... ပါးကိုပြောလိုက်တာ ကောင်းပါ့မလား ^
ပါးပါးနဲ့စားပီးတော့ မောင့်အိမ်ခဏလိုက်ခဲ့ ဆိုပီး ခေါ်ပီးထဲက ဒီစကားမေးတာ ဆယ်ခါမကတော့ဘူး ...
^ ပါးပါးကို ပြောလိုက်တော့ရော ဘာဖြစ်လဲ မောင်ရယ် ... အချိန်တန်ရင် သိရမဲ့ကိစ္စမဟုတ်ဘူးလား ... ဘာတွေစိတ်ပူနေတာလဲ မောင် ... ဟင် ^
မောင့်ပါးလေးကို ဖွဖွလေးကိုင်ပီး မေးလိုက်တော့ ...
^ Wang မားမား နဲ့ပြဿနာ ဖြစ်မှာစိုးလို့ပါ မောင်က ... ^
အကြည့်လွဲပီး ဖြေနေတဲ့မောင်ရဲ့ အဓိကစိတ်ပူပန်နေတာ အာ့ကိစ္စမဟုတ်မှန်း Yibo သိပါတရ်လေ ...
^ သေချာလား ... မောင် စိတ်ပူတာ ဒါအကုန်ပဲလား ^
^ Wang ... မောင်တို့ကိုများ ထပ်ပီး ... ^
ဝေးရမဲ့ဆိုတဲ့ အတွေးမျိုးကို မောင့်ရဲ့အတွေးထဲတောင်မ၀င်စေချင်ဘူးရယ် ...
^ ကျွန်တော်တို့ ဖြုတ်ချမှ ပြုတ်သွားမဲ့လက်တွေပါ မောင် ... မောင် စိတ်မပူလဲရတာမို့ သောကတွေကို ရင်ထဲထည့်မထားပါနဲ့လား ^
Yibo ပြောလိုက်တာနဲ့ မောင်ကသဘောကျသလို ပြုံးပီးပြောပီ သူ့နဖူးကို နှုတ်ခမ်းနဲ့ အကြာကြီးဖိကပ်ထားလေတရ် ...
^ ဒီနေ့ ဒီမှာ အိပ်မှာလား Wang ... ^
^ အကြံဆိုးကြီးနဲ့ တစ်ယောက်ကပြန်မပို့ဘဲ ခေါ်လာတော့လဲ ဒီမှာပဲအိပ်ရမှာပေါ့ ^
Yibo ရွတ်နောက်နောက် ပြောမိတော့ မောင်က အားရပါးရကိုရယ်သည်။
^ ဟား ... ဟား ... Wang ကတော့ပြောတော့မရ်ကွာ ... သူ့မားမား အိမ်မှာမရှိလို့ လိုက်အိပ်ရဲတာများ ... ^
^ အေး ... ပြန်မှာနော် ... ^
မောင်နဲ့စရင်း နောက်ရင်း လုံးလားထွေးလားနဲ့ သူကအလိုလိုကို မောင့်အောက်ကို ရောက်မှန်းမသိကို ရောက်သွားတော့တာ ...
^ မောင် ... ဖယ်တော့ ... လေးတရ် ^
ဧည့်ခန်းမှာ ကောတို့က Laptop နဲ့အလုပ်ရှုပ်နေကြတာမို့ သူနဲ့မောင်က မောင့်အိပ်ခန်းထဲပဲ ရောက်လာထဲက စကားပြောဖြစ်ကြတာ ...
ဘယ်လောက်ပဲ မောင်နဲ့ နီးကပ်ဖူးပါစေ ... မောင့် ခုတင်ပေါ်မှာ ခုလိုအနေအထားကြီးက Yibo ကိုမရိုးမရွဖြစ်စေတာအမှန် ...
^ နေပါဦး Wang ကလဲ ^ ဆိုပီး ရီဝေဝေကြည့်နေတာကြောင့် ပိုလိုတောင်မနေတတ် ...
မောင့် ကိုယ်ကြီးကိုသူ့အားနဲ့ တွန်းတော့လဲမရွေ့သွားတာမို့ မောင့်အကြည့်တွေကို ရှောင်ပီးပဲ နေနေရတော့တရ် ...
Xiao Zhan မှာလဲ ကိုယ့်ချစ်သူ့ကိုတောင် ပြန်ကြွေနေရတာ ဘယ်လိုလုပ်ရပါ့မလဲ ... နဖူးမကျဉ်းမကျယ်လေး ... သူ့အကြည့်တွေကိုမခံနိုင်လို့ ပေကလပ် ပေကလပ်လပ် လုပ်နေတဲ့မျက်၀န်းလေး ... နှာခေါင်းလုံးလုံးလေး ... သူမဖယ်ပေးလို့ မကျေမနပ်နဲ့ နှုတ်ခမ်းလေးဆူထားတာကအသက်ပဲ ...
ဆူထားတဲ့နှုတ်ခမ်းလေးကြောင့် ပါးလေးက ပိုပီးဖောင်းနေသယောင် ... သူနဲ့နီးကပ်လွန်းတဲ့ အနေအထားကြောင့် ရှက်ပီး ပါးနှစ်ဖက်လုံးက ပန်းနုရောင်လေးသန်းနေသေးတာ ...
Wang ကိုတစိမ့်စိမ့်ကြည့်ရင်းနဲ့ပဲ မနေနိုင်တော့တာမို့ နဖူးလေးကိုအနမ်းတစ်ဖဲ့ ခြွေချလိုက်တရ် ... သူနမ်းလိုက်တာနဲ့ ပိတ်သွားတဲ့မျက်၀န်းလေးကို တစ်ဖက်တစ်ချက်ဆီ နမ်းလိုက်သည်။
ပါးဖောင်းလေးတစ်ဖက်ကို နှာခေါင်းနဲ့အကြာကြီးဖိနမ်းပီးကာမှ နှုတ်ခမ်းနဲ့ အသံမြည်အောင်နမ်းပလိုက်တော့ သူ့အချစ်လေးက ဟင် ဆိုပီးအာမေဍိတ်အသံလေးထွက်လာသေးတာ ... ဘယ်လိုတောင် အသည်းယား ဖို့ကောင်းနေတာလဲကွာ ...
အားမလိုအားမရနဲ့ မျက်နှာပြင်တစ်ခုလုံး ဖိသိပ်နမ်းပီးခါမှ နှုတ်ခမ်းလုံးလုံးဆီကို အကြည့်ဝေ့မိတော့ Wang ကအလိုက်တသိ မျက်လုံးတွေမှိတ်ချပလိုက်တရ် ...
ဖိကပ်ရုံလေးနမ်းဖို့ ရည်ရွယ်ထားပေမဲ့လဲ တစ်ခါတလေ စိတ်ကူးနဲ့လက်တွေ့ကလဲလွဲတတ်ပါတရ် ... နှုတ်ခမ်းတစ်ခုလုံးကိုဆွဲငုံလို့ အားရပီးခါမှ ... အပေါ်နှုတ်ခမ်းလေးကို ဖြေးဖြေးလေးဆွဲပီး လျှာနဲ့တို့လိုက်တော့ ကောင်လေးကိုယ်တစ်ချက်တွန့်သွားတာ သတိထားမိလိုက်တရ် ...
အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းကိုအလှည့်ကျ စုပ်ယူနမ်းပီးမှ အောက်နှုတ်ခမ်းလေးကို ဖွဖွကိုက်မိတော့ အခနဲဆိုပီး Wang နှုတ်ခမ်းပွင့်အာလာတာနဲ့ အလိုအလျောက်သူ့လျှာလေး တိုး၀င်မိပြန်တရ် ...
Wang လျာလေးနဲ့ထိမိလိုက်တော့ ကျင်တတ်လာတဲ့ သူ့ခန္ဓာကိုယ်နဲ့ မူမမှန်တဲ့အောက်ပိုင်းတစ်နေရာကြောင့် သူအသာပြန်လွတ်ပေးလိုက်မိပီး Wang လည်တိုင်မှာသာ မျက်နှာအပ်ထားလိုက်တော့သည်။
ခန္ဓာဗေဒ ဖွဲစည်းပုံခြင်းတူတဲ့ ယောက်ျားနှစ်ယောက်မို့ မောင်ဘာဖြစ်နေလဲ ဆိုတာ Yibo လဲရိပ်မိပါတရ် ... တကယ်လို့သာ မောင်သာလိုအပ်ရင် သူပေးဖို့အဆင်သင့်ဖြစ်ပေမဲ့ သူ့အခြေအနေသူသိပီး နောက်ပြန်ဆုတ်လိုက်တဲ့ မောင်ကြောင့်သူပြုံးလိုက်မိသည်။
^ မောင် ... အဆင်ပြေ ... ^
^ အင်း ... မောင်အဆင်ပြေတာမို့ Wang ဘာမှစိတ်မပူနဲ့နော် ... မောင် ခဏတော့ Toilet ၀င်လိုက်ဦးမရ် ^ ဆိုပီး အမြန်ပြေးသွားတဲ့ မောင်က Yibo လည်တိုင်ကို မရမရမွေးကြူသွားသေးတာ ...
မောင်ဘာကြောင့် Toilet ၀င်သွားရလဲဆိုတာ သိနေတဲ့ Yibo ဖို့ ပြန်ထွက်လာရင် တွေ့ရမဲ့ မောင့်ကို ဘာစပြောရမလဲမသိတာနဲ့ပဲ ဧည့်ခန်းကိုသာ ထွက်လာလိုက်တော့သည်။
-------------------------------------------------------------------------------
^ Dream ... တော်တော့ ... မင်းများနေပီ ^
ခုဆို Ethan ဘ၀ဟာ အရက်မပြောနဲ့ Wine လေးတောင် မထိရသေးဘဲ ရောက်တာနဲ့ တန်းသောက်နေတဲ့ သူ့သူငယ်ချင်းကောင်းကို ထိန်းနေရတာဖြစ်ပါတရ် ... ဟိုကောင်တွေကတော့ ဘယ်တုန်းထဲကလစ်ထွက်သွားမှန်းကိုမသိဘူး ...
^ Ethan ... မင်းလဲသောက် ... ^
တယိမ်းတယိုင်နဲ့ သူ့ခွက်ထဲကိုတောင်ထည့်ပေးနေသေး ... အင်း ... ခွက်ကတစ်၀က် အပြင်မှာကတစ်၀က် ...
^ အေး ... သောက်ချင်တရ် ငါလဲ ... မင်းငြိမ်ငြိမ်လေးထိုင်နေလိုက်ပါလား ^
ခုထိ ဖင်တစ်ကြွကြွနဲ့သောက်နေတဲ့ကောင်ကို ထိန်းနေရတာ လွယ်ကူနေတာတော့မဟုတ် ... ပြောတော့လည်း ပြန်ထိုင်နေလို့တော်သေးသား ... အသိစိတ်မပျောက်သေးဘူးထင်တရ် ...
^ Ethan ... ကိုကို့ကို ချစ်တာမင်းရော မှားတရ်ထင်လား ^
^ ဟမ် ^ သောက်ဖို့ကိုင်ထားတဲ့ခွက်တောင် ပါးစပ်နားမရောက်သေးဘူး ... Dream တို့ကစရစ်ပီ ထင်ပါတရ် ...
Advertisement
^ အချစ်ဦးကို မေ့ပစ်နိုင်ပါ့မလား ... ငါတော့ မထင်ဘူး Ethan ^
^ အချစ်ဦးလား ... ငါလဲခုထိမမေ့သေးဘူး ^
ဟုတ်တရ် ... ကျောင်းသားဘ၀အရွယ်ထဲက Dream ကိုအမြဲကျောင်းလိုက်ပို့တဲ့ အပြုံးချိုချိုလေးနဲ့ ကိုကြီးကို သူ့တသတ်မေ့လို့ရမရ်မထင်ဘူး ...
^ မင်း ငါ့မေးတာမဖြေရသေးဘူး Ethan ^
နရံကိုမှီပီး မျက်၀န်းတွေမှေးချပီး တမြေ့မြေ့သောက်နေတဲ့ကောင်က တကယ့်ကိုသောက်နိုင်လွန်းတရ် ... သူတို့သုံးယောက်ဆို တစ်ခွက်နဲ့တင် ချာလပတ်ရမ်းနေပီ ...
^ မင်း ကောကိုချစ်တာမမှားပါဘူး ^
^ ဟက် ... မင်းတစ်ယောက်ပဲ အာ့စကားပြောတာ Ethan ... ^
^ ငါပြောတာမပီးသေးဘူး Dream ... မင်းချစ်တာမမှားဘူး ... မင်းရဲ့ချစ်ပုံချစ်နည်းက မှားနေတာ ... ^
^ ဘယ်လို Ethan ... ငါမင်းပြောတာ မရှင်းဘူး ^
^ ကောင်းကင်မှာ ငှက်လေးတစ်ကောင် လွတ်လွတ်လပ်လပ် ပျံသန်းပီး ပျော်နေတာကို ငေးကြည့်နိုင်တာမျိုးပေါ့ ... ကောက Sean နဲ့ပျော်နေတာပဲ ... မင်းမုဒိတာ မပွားနိုင်ဘူးလား Dream ^
^ မင်းမို့ပြောထွက်ရက်တရ် Ethan ရာ ... ငါ့ကဘယ်လိုရင်ဘတ်ကြီးနဲ့ ခံစားပီး ကြည့်နေနိုင်မှာလဲ ^
^ အဲ့ဒါကြောင့် ငါပြောတာပေါ့ ... မင်းချစ်ပုံတွေက မှားနေတရ်လို့ ... ပိုင်ရှင်ရှိပီးသားလူကိုချစ်နေတဲ့မင်းက ပိုင်ရှင်လက်ထဲမှာပဲ ပျော်နေတဲ့ကောကို ကြည့်ပီး မင်းပျော်နိုင်အောင် ကြိုးစားသင့်တရ် ... မင်း ငါပြောတာရှင်းတရ်မလား ^
^ မင်းရော ... အာ့လိုချစ်ဖူးလား Ethan ^
သိပ်ကိုချစ်ခဲ့ဖူးတာပေါ့ ... သူတို့ရှေ့မှာတင် ကိုကြီး Date ခဲ့တဲ့လူပေါင်းကနည်းတာမှ မဟုတ်တာ ...
ဒါပေမဲ့ ကောကို ကြည့်တဲ့ ကိုကြီးမျက်၀န်းတွေက အရင်ကသူတို့နဲ့မိတ်ဆတ်ပေးဖူးတဲ့ တခြားသူတွေနဲ့မတူတာ သတိထားမိပါရက် ...
ဘယ်လိုပဲဖြစ်နေပါစေ... သူ့အချစ်က ရှင်းတရ် ... ကိုကြီးမသိလဲရတရ် ... ဒါပေမဲ့ လူရည်နပ်တဲ့ ကိုကြီးက သူ့ခံစားချက်ကိုမသိစရာအကြောင်းမရှိပေမဲ့ ခုလက်ရှိထိ ညီတစ်ယောက်ထက်ပိုမလာတဲ့ ဆက်ဆံရေးကြောင့် သူ့နဲ့ကိုကြီး ပတ်သတ်မှု့မှ အဆင့်တတ်လာစရာမရှိပေ ... ဒါပေမဲ့လည်း ချစ်နေတုန်းပဲ ... ကိုကြီးနဲ့ နောက်လက်တွဲလာမဲ့ လက်တွဲဖော်ကိုလဲ သူခင်ခင်မင်မင်ဆက်ဆံနိုင်အောင်ကြိုးစားဦးမှာပဲ ... သူ့အချစ်ကြောင့် ကိုကြီးကို ၀န်မပိစေချင်ဘူးလေ ...
^ ငါလဲ ချစ်ခဲ့ဖူးတရ် ထင်တာပါပဲ ... ဒါပေမဲ့ ငါကငါ့ခံစားချက်နဲ့ နေသားကျနေပီ ... မင်းလဲပြန်တည်ငြိမ်အောင် လုပ်ပေါ့ကွာ ...^
ဘာမှမပြောဘဲ ငြိမ်နေတဲ့ Dream ကိုကြည့်မိတော့ အိပ်ပျော်သွားပီနဲ့တူပါတရ်လေ ... ငါကခုမှစသောက်မှာလေကွာ ...
^ Ethan ... ညီညီအိပ်ပျော်သွားတာလား ... ^
သူ့ညီကို လှည့်တကြည့်ကြည့်နဲ့ဖြစ်နေတဲ့ကိုကြီးက သူတို့သကားပြောရပ်တာနဲ့ အနားကိုတန်းရောက်လာတော့တာပါပဲ ...
^ အင်း ... အိပ်ပျော်သွားတရ်ထင်တရ် ကိုကြီး ... ကျွန်တော်ပီးတော့မှ ဟိုကောင်တွေနဲ့ တူတူတွဲပို့လိုက်မရ် ^
^ အေး ... ကိုကြီးလဲ နည်းနည်းဆူမိလိုက်တရ် ... မင်းတို့လဲ Yibo နဲ့ပတ်သတ်ပီးသူကို ဖျောင်းဖျကြည့်ပေါ့ကွာ ^
^ ကျွန်တော်တို့လဲပြောထားပါတရ် ကိုကြီး ... ^
ကိုကြီးနဲ့သူ ဒီလို မပြောရတာအတော်ကြာပီ ... အရင်ကလဲ ပြောနေရပေမဲ့ Group လိုက်နဲ့ နှစ်ယောက်ထဲတော့ ဘယ်တူမလဲ ... ကိုကြီးကိုသဘောသာကျတာ မှန်ပေမဲ့ အနားကပ်လာပြန်ရင်လဲ Ethan ကသိပ်မကြိုက်ချင် ... ကြည့်ရတာ အဝေးကငေးရတာပဲ ပိုကြိုက်တရ်ထင်ပါတရ်လေ ...
^ မင်းတို့လဲ သိပ်မသောက်နဲ့ဦး ... နက်ဖြန် နားရက်ပေးမှာမဟုတ်ဘူး ... မင်းတို့ကောက ^
^ သိပါတရ် ကိုကြီးရဲ့... ဟိုမှာ ... ဟိုကောင်တွေလဲ လာပီဆိုတော့ ကျွန်တော်တို့ပြန်အိပ်တော့မရ် ... ^
Company ရဲ့ Canteen မှာပဲ ကိုကြီးကပွဲကျင်းပပေးတာမို့ ခက်ခက်ခဲခဲ ပြန်စရာမလိုတော့ပေ ... မဟုတ်ရင် ကားမောင်းဖို့ ဟိုလူဖုန်းဆက် ဒီလူဖုန်းဆက်နဲ့ အလုပ်ရှုပ်တရ်မဟုတ်လား ... မနေ့ကတောင် ကိုကြီးကိုယ်တိုင် ပြန်လိုက်ပို့ပေးရတာမို့ အလုပ်ရှုပ်ရှာတဲ့ ကိုကြီးလဲ သူတို့ကြောင့်နဲ့မနားရဘူးမလား ...
----------------------------------------------------------------------------------
ညကြီးမင်းကြီး Yibo မှာဖုန်းသံကြောင့် နိုးလာရပြန်တရ် ... ဟိုတစ်ခေါက် မောင်နဲ့ကိစ္စတွေဖြစ်ပီးတဲ့နောက်ပိုင်း သူဟာဖုန်းကို စက်ကိုမပိတ်ရဲသလောက်ကိုဖြစ်နေတာမို့ ...
ခုလဲ ဖုန်းကိုင်ဖို့အရေး သူ့ခါးပေါ်က မောင့်လက်ကြီးကို မနည်းဖယ်နေရတရ် ... မောင်ကလေ ... ဘာအကျင့်မှန်းကိုမသိဘူး ... အိပ်ရင် လူကိုဖက်လုံးလိုမျိုး သိမ်းကြုံးပီးကိုဖတ်ထားတော့တာ ...
Yibo က မောင်နိုးမှာစိုးလို့ ဖွဖွလေးရွေ့လဲမရတော့ အားနဲ့ရွေ့မှပဲ သူကိုယ်လေးက လွတ်သွားတော့တရ် ... အင်း ... မောင်လဲနိုးသွားတာက အဆစ်ပေါ့ ...
^ ဘယ်သူလဲ Wang ... ဒီအချိန်ကြီးကို ... ^ အိပ်ချင်မူးတူးနဲ့မောင်က မီးသွားဖွင့်သေးတာ ...
^ ဟင် ... ပါးပါးဆီက မောင် ... ^
ညကြီးမင်းကြီး ၀မ်အိမ်တော်မှာ အလုပ်သမားတွေကလွဲ ပါးပါးတစ်ယောက်ထဲမို့ Yibo ကပိုစိတ်ပူလာရတရ် ... ကျသွားတဲ့ဖုန်းကို ပြန်ခေါ်တော့လဲ လူကြီးမင်းနဲ့ကြီးတိုးနေတာမို့ ... ခဏပြန်ပီး စိတ်ငြိမ်ငြိမ်နဲ့ ပြန်စောင့်နေလိုက်ရသေးတရ် ...
ဘေးကမောင်ကလဲ သူ့ပခုံးကိုခပ်ဖွဖွပွတ်ပေးပီး စိတ်လျော့ဖို့အတွင်တွင်ပြောနေလေရက် ... နဂိုထဲကကျယ်နေတဲ့ မျက်လုံးက ခုဆို နှစ်ဆတောင်ပြူးသွားသေးတာ ...
^ Hello ပါးပါး ... နေမကောင်းလို့လား ... ဘာဖြစ်တာလဲ ... ကျွန်တော်ပြန်လာရမလား ^ ပါးပါး ဖုန်းပြန်၀င်လာတာနဲ့ တရဆက်မေးမိလိုက်တော့ ...
^ မဟုတ်ပါဘူး သားသားရ ... ပါးနေကောင်းပါတရ် ... ပါးစဉ်းစားမိလို့ ... မင်းတို့နှစ်ယောက် မနက်ဖြန်ပါးတို့ဆီ ညစာလာစားကြပါလား ... ^
Yibo ဆိုသည်မှာလဲ အတွေးတစ်ခုခု ရှိရင် အိပ်မရတဲ့ပါးပါးရဲ့ အမွေကို ဆက်ခံထားတဲ့သူမို့ သက်ပြင်းသာချပလိုက်တော့တရ် ...
^ ပါးပါးကလဲ မနက်ကျမှပြောတာမဟုတ်ဘူး ... ခုတော့အလန့်တကြား ... ^
^ မနက်ကျရင် သားသားမားက အစောကြီးပြန်လာဖစ်မရ်နဲ့တူတရ် ... ပါးကိုလဲဖုန်းဆက်တရ် ... သားအိမ်ပြန်အိပ်လားလဲမေးတရ် ... ပါးတော့ကြည့်ကောင်းအောင် ဖြေလိုက်တာပေါ့ကွာ ... ^
Advertisement
^ ဟုတ် ပါးပါး ... ကျေးဇူးတင်ပါတရ် ... ^
^ မလိုပါဘူး သားသားရာ ... နက်ဖြန်သား Xiao Zhan နဲ့ ညစာလာစားလိုက် ... ပါးပါးစောင့်နေမရ် ^
စိတ်မြန်လက်မြန်ရှိလှတဲ့ ပါးပါးက သူတို့ကို လာမဲ့ဘေးပြေးတွေ့ခိုင်းနေပီ ... သူကလဲ ပါးကိုယ်တိုင် လိုလိုလားလားနဲ့ ညစာစားဖို့ မောင့်ကိုဖိတ်တာမို့ မငြင်းချင် ... ခက်တာက မောင် အဆင်သင့်ဖြစ်ပါ့မလား ဆိုတာ ...
ပါးပါးကို ဟုတ် လို့ပြောပီး ဖုန်းချပီးတာနဲ့ မောင့်ဘက်ကို လှည့်လိုက်တော့ စောနက Yibo ပုခုံးကိုပုတ်ပေးနေတဲ့သူက ခုဆို ခုတင်ခေါင်းရင်းကိုမှီပီး ထိုင်လျက်ငိုက်နေလေရက် ...
^ မောင် ... မနက်ဖြန် ညစာ သွားစားရအောင် ^
^ ဟင် ... အင်း ... Wang ကဘယ်မှာစားချင်လို့လဲ ... မောင်လိုက်ကျွေးမရ်လေ ^
^ ၀မ်အိမ်တော်မှာ ^
^ အင်း ... Wang သွားချင်ရင် မောင်ကလိုက်ပို့ ... ဟင် ... ဘယ်လို Wang ... ^
မျက်၀န်းမဖွင့်ပဲ အဖြေပေးနေတဲ့ မောင်က ခုဆို ဇကောလောက်ရှိတရ် ... တခါထဲပြူးသွားလိုက်တာများ ... တကယ့်ကို မောင်က ချစ်စရာကြီး ... မောင့်လက်တစ်ဖက်ကို အသာဆုပ်ကိုင်လိုက်ပီး ...
^ ပါးပါးက ညစာဖိတ်ထားတရ် မောင့်ကို ... လိုက်မရ်မလား မောင် ... ^
^ Wang အဆင်ပြေလား ^
^ ဘာကိုလဲ မောင် ^
Yibo တကယ်မသိလို့ကို မောင့်ကိုအမေးပြန်ထုတ်မိတရ် ...
^ မောင်နဲ့ Wang မားမားကြားမှာ Wang အဆင်ပြေပါ့မလား ... မောင့်တို့နှစ်ယောက်ကြားမှာ Wang စိတ်အိုက်နေမှာမျိုး မဖြစ်စေချင်ဘူး ^
တကယ့်တော့ မောင်ဟာ ကြောက်နေတာမဟုတ်ပဲ ... သူ ကြားညပ်မှာစိုးနေတာကို ... ဘယ်လိုလုပ်ရပါ့ ... မောင့်ကိုထပ်တိုးချစ်လာမိတာ ...
^ မောင်ရှိနေတာပဲ ... အဆင်မပြေစရာလား ... ကဲ ... ပြန်အိပ်လိုက်ဦး မောင် ... ပါးပါးက အာ့လိုပဲ ... သူကတစ်ခုခုဆို စိတ်မြန်လက်မြန်ရှိတာ ... မောင်ဘက်မှာ ပါးပါးရော ကျွန်တော်ရော ရှိနေမှာမို့ မောင်လဲစိတ်ပူစရာမလိုဘူးနော် ... ^
ခုတင်ခေါင်းရင်းမှာ မှီနေတဲ့ မောင့်ကို ဆွဲချပီး သူကိုယ်တိုင် မောင်ရင်ခွင်ထဲတိုး၀င်ပီး အိပ်စက်ဖို့ပြင်တော့တရ် ...
^ အင်း ... Wang လဲ အိပ်တော့ ^ ဆိုပီး နဖူးကိုအနမ်းတစ်ချက်ပေးပီး ခပ်တင်းတင်းပြန်ဖတ်လိုက်တဲ့ မောင်ဟာ တော်တော်နဲ့ အိပ်မပျော်လောက်ဘူးဆိုတာ ရိပ်မိပါတရ်လေ ... သူလဲ တော်တော်နဲ့ အိပ်ပျော်မှာမဟုတ်ဘူး ...
အင်း ... ဒီညတော့ ညတာရှည်တရ်ရယ် ...
Idol နှစ်ယောက်အပေါ်ထိခိုက်စေလိုသော အသုံးအနှုန်းများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
^ အေး ... ပြန်မှာနော် ... ^
^ မောင် ... ဖယ်တော့ ... လေးတရ် ^
^ မောင် ... အဆင်ပြေ ... ^
-------------------------------------------------------------------------------
^ Ethan ... မင်းလဲသောက် ... ^