《Late Regret ( COMPLETED )》Part 23
Advertisement
^ ဂျောက် ^
တံခါးဖွင့်သံကြားတာနဲ့ မောင့်ကိုယ့်ကို တွန်းပလိုက်တော့ နောင့်ပေါင်ထိုင်နေတဲ့သူကပဲပြုတ်ကျမလိုဖစ်သွားတာမို့ မောင်ကပြန်ထိန်းပေးရသေးတရ် ...
^ ဟာ ... မင်းတို့က ဧည့်ခန်းကြီးထဲမှာ ... ဟမ် ... နေပါဦး ... ဘယ်တုန်းကဆေးရုံဆင်းလာကြတာလဲ ... ^
အပေါက်၀မှာ ကျိုးချန်ကောနဲ့ ယွီပင်းကော အထုပ်ကြီး အထုပ်ငယ်ကိုင်ပီး အတောင့်လိုက်ကြီးရပ်ပီးမေးလာတော့ ... သူ့မှာ မောင့် ပေါင်ပေါ်က ကပျာကယာ ဆင်းရသေးတရ် ...
မရှိတဲ့အရှက်တွေတော့ ကွဲပြန်ပီ ... အဲ့ဒါမောင့်ကြောင့် ...
^ မကြာသေးဘူး ... စောနလေးတင်ပြန်ရောက်တာ ... Wang သူငယ်ချင်းလိုက်ပို့ပေးတာ ... မင်းတို့ကိုခေါ်ဖို့ ငါ့ဖုန်းကလဲ အိမ်မှာကျန်ခဲ့တာဆိုတော့ ^
ပြောလဲပြော ဘေးနားမှာရှိတဲ့ Yibo ခါးကိုလဲ ဖက်ထားသေးတရ် ... သဲသဲကဲကဲအတွဲတွေ ...
^ အေး ... ဆေးရုံကဆင်းလာတဲ့သူက အရမ်းတွေအားတွေရှိနေတာနော် ... ဆက်လုပ်ကြ ... ဆက်လုပ်ကြပါ ... ငါ့တို့ရှောင်ပေးပါမရ် ^
မျက်စောင်းကြီးထိုးပီးပြောသွားတဲ့ ကျိုးချန်ကောနောက်ကို ယွီပင်းကောကပါ ရယ်ပီးလိုက်သွားလေတဲ့ ... ကောတို့မီးဖိုခန်းထဲ ၀င်သွားခါမှ သူမှာ မောင့်လက်မောင်းကိုတဖြန်းဖြန်းနဲ့ဆော်လိုက်တော့တရ် ...
^ မောင်နော် ... တကယ်ပါပဲ ... ကောတို့ရှေ့ကို အနေအထိုင်ကို မဆင်ခြင်ဘူး ^
^ ဟာ Wang ကလဲ ... မောင့်က Wang နဲ့အနီးကပ်ဆုံးနေရတာတောင် တင်းတိမ်နိုင်တာမဟုတ်ဘူး ... Wang အသားလေးနဲ့ထိထားလိုက်ရမှ နည်းနည်းလေး ကျေနပ်တာရယ် ^
^ တော် ... တိတ် ... ကျွန်တော့်နား ၂နာရီလောက် ကပ်ခွင့်ပိတ်လိုက်တရ်^
ဟာ Wang နော်ဆိုပီး ထပ်ဖက်ဖို့ပြင်နေတဲ့မောင်ကြောင့် နောက်ကိုအမြန်ဆုတ်လိုက်ရတရ် ...
^ တကယ်ပြောနေတာနော် ... ကောတို့နဲ့ သွားကူလိုက်ဦးမရ် ... မောင်လဲ အ၀တ်အစားလေးလှဲပီး ခဏနားလိုက်ဦး ... ကျွန်တော် မခေါ်မချင်းထွက်မလာနဲ့ ... ထွက်လာရင် အချိန်ထပ်တိုးမရ် ^
မောင့်အပေါ် အမြဲကူညီပေးထားတဲ့ ကောတို့က ခုလဲ သူတို့စားသောက်ဖို့ကိုပါ ထပ်လုပ်ပေးနေရတရ် ဆိုတာကတော့ မဟုတ်သေး ... မောင်တစ်ယောက်ထဲဆို ကိစ္စမရှိပေမဲ့ ... ခုသူပါရှိနေတော့ ကူညီမှကောင်းမှာမလား ...
နောက်ပီးမောင် ဘေးမှာရှိနေရင်လဲ Yibo ကအလုပ်လုပ်နိုင်မှာမဟုတ်တော့ မောင့်ကိုမနည်းပြောလိုက်ရတရ် ...
ခြေထောက်ကို အသံမြည်အောင်ဆောင့်ပီး သွားတဲ့မောင်က မျက်စောင်းထိုးဖို့လဲမမေ့ခဲ့ ... သူသိတာပေါ့ ...
သူ့ယုန်ကြီးက မနမ်းရထဲက စိတ်ကောက်သွားတာ ... ခုဆို အနားကပ်ခွင့်ပိတ်လိုက်တော့ Double စိတ်ကောက်သွားတာ ... တကယ်ပဲ ... မောင်က စားရတဲ့ကလေး ပိုငတ်တရ်ဆိုတဲ့အတိုင်းပဲ ...
Xiao Zhan မှာလဲ အချိန်ကိုက် ရောက်လာတဲ့ကောင်တွေကြောင့် ရင်ထဲတနုန့်နုန့်နဲ့ ... နည်းနည်းလေးပဲနောက်ကျလာလိုက်ပါတော့လား ...
Wang ကလဲရက်ရက်စက်စက် ... ၂ နာရီကြီးများတောင် သူ့ကိုနှင်ထုတ်ထားတရ် ...
ခုတော့ပြေးထားဦးပေါ့ မုန်လာဥလေးရေ ... နောက်ဆို ဒီကယုန်လေးက တဂျွတ်ဂျွတ်မြည်အောင် စား ... အဲလေ ... ဖတ်ထားပီး အာဘွားတွေပေးပစ်ဦးမှာ ...
ခုတော့ မောင့် Wang စကားနားထောင်ပီး အ၀တ်အစားလှဲဖို့ပြင်လိုက်ပီးခါမှ ယှဉ်လျက်တွေ့ရတဲ့ စားပွဲပေါ်က ဖုန်းကြောင့် ကောက်ကိုင်ကြည့်မိလိုက်တရ် ...
^ ဟင် ... ဒါလေးက Wang ဖုန်းမလား ... ^
ဘယ်လောက်ပဲ Password သိနေပါစေ ... ကိုယ့်အသည်းအသက်လေးလဲဖြစ်နေပါစေ ... Privacy ဆိုတာရှိတရ်မဟုတ်လား ... Wang ဖုန်းကို ကြည့်ချင်ရင်လဲ နောက်မှ သူခွင့်တောင်းပီးမှကြည့်တော့မရ်လို့ တေးထားလိုက်သည်။
အာ ... ဖုန်းဆိုမှ ... သူ Dew ကိုကျေးဇူးတင်ကြောင်းတောင် လှမ်းမပြောရသေးဘူးပဲ ... သူ့ကြားကနေ စာအပေးအယူ လုပ်မို့သာ Wang ကသူ့ကိုပြန်လက်ခံပေးတာမလား ...
သူမြန်မြန်ဆန်ဆန်ပဲ Yinn Dew ဆိုတဲ့ Contact ကိုနှိပ်ပလိုက်တော့တရ် ... ပီးတာနဲ့ သူလဲတရေးတမော ခဏပြန်အိပ်ဦးမရ်လေ ...Wang စကားအတိုင်း ...
^ Hello Dew ... ကျေးဇူးတင်ပါတရ်ကွာ ... မင်းကိုနောက်နေ့ငါတစ်ဝိုင်းကျွေးမရ်နော် ^ Dew ရဲ့ စကားပြန်တောင် မလာသေး တဆက်ထဲပြောလိုက်တော့ ...
^ ဟိုလေ ... မဟုတ်သေးဘူး ... ငါမပေးရသေးဘူး ... နောက်ပီး ငါကြိုတောင်းပန်ထားပါရစေ ... ညီညီက Yibo ကိုစိတ်၀င်စားနေတရ် Sean ^
^ ဘာ ^
Xiao Zhan ဘယ်လောက်ပဲရိပ်မိပါစေ ... ခုလို အစ်ကိုဖြစ်သူကိုယ်တိုင်ကလာပြောရတဲ့အခြေအနေဆိုတော့ Yinn Dream က Wang ကိုတော်တော်အသည်းအသန်ဖြစ်နေပုံရတရ် ... တောက် ... ရာရာစစ ... သူ့အပိုင်ကိုများ ...
^ Wait Sean ... ငါစကားမဆုံးသေးဘူး ... ညီညီက အရမ်းငယ်သေးတော့ တစ်ခုခုဆို အမှားအယွင်းလုပ်ခဲ့တာမျိုးရှိရင် ငါကိုယ်တိုင်ဆုံးမပေးမှာမို့ မင်းစိတ်ပူစရာမရှိပါဘူး ... စာ ကိစ္စအတွက် ငါတောင်းပန်ပါတရ် ... Dream တွေ့မိသွားပီး ဖြဲလိုက်တော့ Yibo ကိုမပေးလိုက်ရဘူး Sean ... ငါအာ့အတွက်လဲ ညီညီကိုသတိပေးပီးပါပီ ... နောက်နောင် ဒါမျိုးထပ်မဖြစ်စေရပါဘူး ^
စကားတွေအများကြီးပြောသွားတဲ့ Dew ကို သူသက်ပြင်းချပီးသာတုန်ပြန်လိုက်ပီး Wang ကိုတစ်ရက်အနားပေးပါလို့သာပြောပီး ဖုန်းချပလိုက်တရ် ...
Yinn Dream ဆိုတဲ့ကောင်လေးက အသက်ငယ်သလို တဇွတ်ထိုးတဇောက်ကန်း စိတ်ဓါတ်မျိုးရှိတာကပေါ်လွင်နေတာ ... Wang အပေါ် ခံစားချက်ကို သူ့အစ်ကိုကိုတောင် ပြောပြထားပုံအရ အခြေအနေတွေက မတင်းမာသင့်ပဲ တင်းမာရဦးမရ်ထင်ပါတရ် ...
စိတ်မရှိပါနဲ့ Yinn Dream ... Wang Yibo ဆိုတဲ့ကောင်လေးက ဒီဘ၀မပြောနဲ့ နောင်ဘ၀အဆက်ဆက်မှာတွေ့ခဲ့ရင်တောင် Xiao Zhan ဆိုတဲ့သူအပိုင်ပဲ ဖြစ်နေမှာမို့ ...
ဒါနဲ့ Wang ... သူ့စာကိုမဖတ်ရသေးဘဲနဲ့ သူ့ကိုခွင့်လွတ်ပီး အနားပြန်ရောက်နေရတာလဲ ... သူ့ကို ဝိုင်းလိမ်ထားတရ်လို့ ထင်ရအောင်လဲ Wang အပြုအမူတွေက စစ်မှန်ကြောင်းသက်သေပြနေပြန်တရ် ...
Wang မသိစေချင်တဲ့ အကြောင်းအရာ တစ်ခုရှိကောင်းရှိလိမ့်မှာ ... သူ့အိပ်ပျော်နေတဲ့အချိန်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သူ့သူငယ်ချင်းနှစ်ယောက်ကို မေးရင်တော့ သိနိုင်မှာပါပဲလေ ...
သူ ဘယ်လောက်စိတ်ဒုက္ခတွေရှိပါစေ သူ့ရွေရင်အေးလေး Wang အနားမှာ ရှိသရွေ့အကုန်အဆင်ပြေတရ် ...
----------------------------------------------------------------------------------
^ မောင်နဲ့ တူတူအိပ်ပါဆို ^
Advertisement
ဆူအောင့်ပီးပြောတဲ့ မောင်ကို မသနားနိုင် ... နေ့ခင်းအိပ်အပျော်လွန်ပီး ညနေမှ နိုးလာလို့ ညစာနဲ့ပေါင်းစားလိုက်ရတဲ့ မောင့်အဖြစ်ရယ်ပါ ...
ခုလဲ သူအိမ်မပြန်ဖို့နိုးဆေယ်နေပြန်ပီ ...
^ မရဘူးဆို ... နောက်အပတ်ကစပီ မောင့်ဆီမှာ လာနေမှာ ^ အာ့တော့ တစ်ချက်ငြိမ်သွားသေး ... နောက်တော့လဲ တုံ့ရင်းကတုံရင်းပါပဲ ...
သူခုပြန်မှာက ဟောက်ရွမ်းနဲ့တူတူနေတဲ့ အိမ်ကိုတော့မဟုတ်ဘူး ... ၀မ်အိမ်တော်ကို ... ပါးပါးနဲ့ပြောစရာစကားတွေ သူမှာရှိနေသလို ... မားမားနဲ့ ပြဿနာတစ်ချို့လဲဖြေရှင်းစရာက ရှိသေးတရ် မဟုတ်လား ...
လာမဲ့ဘေး ပြေးတွေ့ဆိုသလို Yibo ကမြန်မြန်ပဲ မောင်နဲ့ ဝေးရတဲ့ ကိစ္စ မှန်သမျှ အကုန် ရှင်းပစ်လိုက်ချင်ပီ ...
^ မွ ... လိမ္မာပါတရ် ... မောင်ကလဲ ... ဟောက်ရွမ်းလဲရောက်တော့မှာ ^ ပါးမို့လေးကို အနမ်းပေးပီးချော့တော့ ယုန်သွားကြီးက ထင်းခနဲ ...
^ Okay ... မောင် နဲ့အလုပ်ကိုတော့ တူတူသွားရမရ်နော် ^
^ ကောင်းပါပီဗျ ... ဒါနဲ့ ကျွန်တော်ကို ၀င်ခေါ်ရင် အရင်နေရာမဟုတ်တော့ဘူးနော် ... ၀မ်အိမ်တော်မှာ ပြန်သွားနေဦးမလို့ ^
၀မ်အိမ်တော်လို့ ပြောလိုက်တာနဲ့ ပြတ်ယွင်းသွားတဲ့ မောင့်မျက်နှာက ခဏတာမျှ ...
^ လာခေါ်မရ်မလား မောင် ... ကျွန်တော် စောင့်နေမရ် ^
^ မောင့် Wang ကိုလာလဲခေါ်မရ် ... ပြန်လဲလိုက်ပို့မရ် ... ပြောပီးသားနော် ... တစ်ပတ်ပြည့်ပီးတာနဲ့ ကိုယ်နဲ့အတူ လာနေရမှာနော် ^
^ မောင့်သဘောအတိုင်းပါပဲ ^ ပြုံးပီးပြောလိုက်တော့ Yibo နူဖူးကို နှာခေါင်းလေးနဲ့ နမ်းပြန်လေရက် ...
^ အော် ... Wang သင်တဲ့ ကလေးတွေနဲ့ မောင်တို့ သူငယ်ချင်းတွေကို ပေါင်းပီး Dinner လေးဖစ်ဖစ် ကျွေးရအောင်လား ... မောင်တို့ ချစ်သူပြန်ဖစ်တဲ့အထိမ်းအမှတ်အနေနဲ့ ^
^ အင်း ... ကျွန်တော်လဲ ပြောမလို့ ... မောင်ကဦးသွားတာ ... ဟီး ...ဘယ်နေ့ကျွေးချင်လဲ မောင် ... ^
^ မနက်ဖြန်ဆိုရင်ရော ... ကျိုးချန်က မောင့်ကြောင့် ခဏပြန်လာတာ ... သူလဲ သူ့မိန်းမကိုလွမ်းရောပေါ့ ^
ပြုံးရယ်ပီး ပြောနေတဲ့မောင်ကြောင့် သူ့စိတ်တွေလဲ အလိုလိုပျော်နေရတာပါပဲ ... မောင်ပျော်ရင် သူလဲထပ်တူပျော်တာမို့ ...
----------------------------------------------------------------------------------
၀မ်အိမ်တော်
^ သားသားလာမရ်ဆိုလို့ ပါးကမျှော်နေတာ ... ^ Yibo ပြန်ရောက်တာနဲ့ ဧည့်ခန်းကနေပီး ပါးပါးက ခရီးဦးကြိုပြုလေရက် ...
^ ကျွန်တော်လဲ ပါးပါးကိုလွမ်းလို့ပြန်လာတာပါနော် ^ ပါးပါးကိုဖတ်ပီး ချွဲချွဲလေးပြောလိုက်တော့ ပါးပါးကရယ်လေတရ် ...
^ ပါးပါးကို လွမ်းလို့ပြန်လာတာဆိုတော့ မားမားကိုရော ^
ဒေါက်ဖိနပ်သံပြင်းပြင်းနဲ့ ပြုံးပီလျောက်လာတဲ့ မားကြောင့် Yibo ကိုယ့်ကမတ်ခနဲ ... အရင်အတိုင်းသာဆို မားကိုလဲ ဖတ်ပီး နှုတ်ဆတ်မိဦးမှာ ... ခုတော့
^ မားကိုလဲ သတိရပါတရ် ... ဒါနဲ့ ကျွန်တော် ပင်ပန်းလာလို့ နားတော့မရ်နော် ... ညစာက စားပီးလာပီရယ် ... ^ ပါးပါးကိုပြောပီးတာနဲ့ လှေကားကနေတဆင့် သူ့အခန့်းဆီသို့သာ ...
Yibo ဟာ မားရှေ့မှာတောင် ဟန်မဆောင်နိုင်လောက်အောင် မျက်နှာ ပျက်ယွင်းနေတာ အရိပ်အကဲဖတ်တာမြန်တဲ့ မားလဲ သိမှာ မလွဲ ...
ပါးပါးနဲ့ စာကြည့်ခန်းထဲမှာ မား မသိအောင် စကားပြောဖို့ Msg ပို့လိုက်တရ် ... မားထပ်ခြေလှမ်းသာနေမှ ဖြစ်မှာ ... ပါးပါးကိုသာ မား မောင့်အကြောင်း ဂုန်းမတိုက်ထားရင် အရာအားလုံးကို သူလက်ထဲမှာ ...
ပါးပါးက သူ့ကို မားထက်တောင် အလိုလိုက်တာမဟုတ်လား ... ညနက်ခါနီးအချိန်လောက်မှာ စာကြည့်ခန်းဆီသို့ လျောက်လာလိုက်တော့တရ် ... တံခါးမဖွင့်မိ အသက်ကိုပြင်းပြင်းရှူလိုက်ရသေးတရ် ...
^ ပါးပါး ... ကျွန်တော့်မှာ လက်တွဲဖော်ရှိနေပီ ... ^
လက်တွဲဖော်လို့ သုံးလိုက်တာ Yibo အနေနဲ့ ချစ်သူဆိုတဲ့ စကားထက် ပိုလေးနက်စေချင်လို့ ...
^ ဟေ ^ ထိုင်ပီးတာနဲ့ စကားဦးမသန်းပဲ ဒဲ့ပြောလိုက်တဲ့စကားကြောင့် ပါးပါးက အံဩသွားပုံပင် ...
^ ဟုတ်တရ် ပါးပါး ... နောက်ပီး သူက မိန်းကလေးတစ်ယောက်တော့ မဟုတ်ဘူး ^
^ ဟေ ^ ၀မ်ချိုးရိမ် အံဩပီးရင် အံဩပါပဲ ... တစ်နှစ်တစ်ခါနေလိုမှ အိမ်ပြန်မလာတဲ့ သားက လာမဲ့လာတော့လဲ ဧရာမ ကိစ္စကြီးနဲ့ပါလား ...
ခေတ်မှီတဲ့ လူတစ်ယောက်မို့ ဒီကိစ္စတွေကို လက်ခံပေးလို့ရပါတရ်လေ ... သားသားက ချစ်တရ်ဆိုရင်ပေါ့ ... သားသား ချစ်သူဆိုတာကိုလဲ သူအနေနဲ့ အကဲခတ်ဖို့လိုသေးတရ် မဟုတ်လား ...
သားသားကို သူရည်မှန်းထားတဲ့ သူ့လုပ်ငန်း Partner သမီးတွေရှိနေပေမဲ့ သူတုန်းကတောင် သူစိတ်တိုင်းကျရွေးချယ်ခဲ့တာမှတ်လား ...
^ ပါးပါးနဲ့ တွေ့ပေးချင်တရ် ... ^ တုံးတိပြောတတ်တဲ့ သူ့သားအကြောင်းသိပေမဲ့ ဒီလောက်ထိ တုံးတိကြီးပြောချလိမ့်မရ်တော့ မထင်ထားမိဘူး ...
^ ဟေ ... အဟမ်း ... ပါးတွေ့ကြည့်ပီးမှ ဆုံးဖြတ်ပေးမရ် သားသား ... ဒီကိစ္စကို သားမားမားသိပီးပီလား ^
သူ့မားမားအကြောင်းပါတာနဲ့ မျက်နှာပျက်သွားတဲ့ သားသားကြောင့် သူမသိရသေးတဲ့ ကိစ္စတစ်ခုခုရှိနေမှာအမှန် ...အရင်တုန်းကဆို သားသားပြန်လာတာနဲ့ သူ့မားမားဆီကိုချွဲနေကြကလေးက ဒီနေ့မှ ခပ်တန်းတန်းဆက်ဆံနေပြန်တော့ ...
အရွယ်ရောက်လာလို့ အနေစိမ်းသွားတရ် ပြောရအောင်လဲ သူ့မားမားနဲ့က အဆက်အသွယ်မပြတ်ဘူးမဟုတ်လား ...
^ ထားပါ ... သားမားမားနဲ့ နောက်မှတွေ့ပေးတာပေါ့ ... သားသားကို ပါးတို့ ချစ်လဲချစ်သလို ယုံလဲယုံတရ် ... သားသား ရွေးချယ်ထားတဲ့ လူဟာ သားသားအတွက် လက်တွဲဖော်ကောင်းပဲ ဖြစ်မှာပါ ... ပါးအားတဲ့တစ်နေ့ ပိတ်ရက်တစ်ရက်ရက် တွေ့ကြတာပေါ့ ^
ပါးပါး စကားကြောင့် သူပျော်လွန်းလို့ မျက်ရည်တောင် ဝဲမိပါတရ် ...
^ ကျေးဇူးတင်ပါတရ် ပါးပါး ... ဒီကိစ္စက ပါးပါးနဲ့ ကျွန်တော်တို့ Secret နော် ^
Advertisement
^ ဟား ... ဟား .... ဟုတ်ပါပီ သားသားရယ် ^
တစ်ဆင့်တော့အောင်မြင်သွားပီ မောင် ...
-----------------------------------------------------------------------------
မနက်စောစော နိုးစက်သံကြားတာနဲ့ Yibo မျက်လုံးအတင်းဖွင့်ပီး ပြင်ဆင်တော့တာပဲ ... အဓိကက မောင်အကြာကြီးစောင့်နေရမှာစိုးလို့ ... နောက်ပီး မနက်စောစော နိုးတတ်တဲ့ မားနဲ့ တွေ့သွားမှာစိုးလို့ ...
ပထမတော့ အိမ်တော်ကိုပဲ လာခေါ်လို့ပြောထားပေမဲ့ မားကြောင့် သူ့အနီးနားမှာပဲ စောင့်ခိုင်းလိုက်တော့တရ် ... မားနဲ့တွေ့ဖို့ အချိန်မတန်သေးဘူးမဟုတ်လား ...
^ Hello မောင် ... ကျွန်တော်ပီးပီ ^
^ Okay ... ဒါဆိုထွက်လာပီနော် ... အပြင်ကို ထွက်မလာနဲ့နော် ... ^
မနက်တိုင်းလမ်းလျောက်တတ်တဲ့ မားနဲ့တိုးသွားမှာလဲ စိုးရသေးတရ်ရယ် ...
^ သားငယ် ... အစောကြီး ... အလုပ်ကိုသွားတော့မလို့လား ... မနက်စာတောင်မစားပဲနဲ့ မားလိုက်ပို့ပေးမှာပေါ့ ^
^ ရတရ် မား ... ဟောက်ရွမ်းလာခေါ်နေပီ ^
^ နေဦး သားငယ် ... မား မနက်စာထည့်ပေးလိုက်မရ် ... ဟောက်ရွမ်းအတွက်ရော ... ^
^ မလိုဘူး မား ... ရတရ် ^
^ လူကြီးစကားနာထောင်လေ သားငယ် ... မားက ဗိုက်ဆာမှာစိုးလို့ စေတနာနဲ့ ကို ^
နာခံနေချ စကားတွေကြောင့် Yibo ရပ်ပီးစောင့်နေခဲ့ရတရ် ... ကျွန်တော် သတ္တိထပ်မွေးဖို့ လိုအပ်နေသေးတရ် မောင်ရယ် ... ကိုယ့်ကိုတောင် အားမရလိုက်တာ ...
ငယ်စဉ်ကတည်းက မားစကားတွေ ကိုနားထောင်ခဲ့တာမို့ ကလန်ကဆန်လုပ်ဖို့က သူ့အတွက်ခဲယဉ်းလွန်းတရ် ...
^ မားလိုက်ပို့ပေးမရ်လေ သားငယ် ^
^ ရတရ်မား ... ကျွန်တော် သယ်နိုင်တရ် ^
^ အို ... မားက ဟောက်ရွမ်းနဲ့လဲတွေ့ချင်သေးလို့ပါကွယ် ... ^
Idol နှစ်ယောက်အပေါ်ထိခိုက်စေလိုသော အသုံးအနှုန်းများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
^ ဂျောက် ^
^ ဘာ ^
----------------------------------------------------------------------------------
----------------------------------------------------------------------------------
ဝမ်အိမ်တော်
Advertisement
- In Serial17 Chapters
I Am Nothing More Than A Mere God, Who Met a Human Woman While Searching For Peaceful Place
Name of Novel - I Am Nothing More Than A Mere God, Who Met a Human Woman While Searching For Peaceful Place This story revolve around Aoi Kichiro, A god. He had lost his title and now he is searching for a peaceful place to rest while enjoying his reaming life before he fade away Call it fate or bad luck, He met a high school girl and at that first meeting, she mistook a god as a pervert. who wander around town searching for high school girls. Thus story begin Genre -> Comedy, ( a little ) Romance, Overpowered To Weak, ( Kinda ) Isekai( A Person to Another World), Tragedy, War of Gods, Very Slow Updates On Novel!
8 272 - In Serial13 Chapters
SIN SECRETOS- CYNTHIA RYTLEDGE
Aquella chica gordita y tímida del instituto de Lynwood se había marchado a la gran ciudad después de la graduación... y volvió diez años más tarde convertida en una estilizada y elegante madre soltera. Todo el pueblo se había quedado boquiabierto con la transformación de Trish Bradley, pero a ella sólo le preocupaba la reacción de un hombre...Nunca podría olvidar el baile de graduación en el que había entregado su inocencia al guapísimo y popular Jack Krieger. Poco después había descubierto que él sólo había estado con ella para ganar una apuesta... y, además, la había dejado embarazada. ¿Durante cuánto tiempo podría guardar aquel secreto? Y sobre todo, ¿cuánto tiempo podría mantener su corazón a salvo de aquel encantador traidor cuando sus deseos le decían que no se resistiera más?Esta obra no es mia.
8 150 - In Serial28 Chapters
love or destiny ?
Hi i am Shanaya Kapoor and i am 14.I had a best friend Dev Malhotra and he is a charmer.All the girls in school worships the path he walks.. But i don't because i am his best friend. I thought love is all crap and idiots only fall for it. Even when my best friend asked me to be his girlfriend i denied and stopped talking to him.He left the school and went away to live somewhere else . but after 2 years see him again, in all his charm . More mature and a well defined body , still have that captivating black eyes that no one can ever forget.So what happens when he comes back in her life and join her school again.. would she able to resist his charm this time .. first love is very exciting to experience but they leave you heartbroken and only comes back to create a storm. Better watch your heart !I am not a writer but when heard my friend's love story, I really wanted to share it with others and tell them what true love is. It's a real story but I made slight changes as her real story is still incomplete.. #JustWriteIt and #SpringBreak #YourStoryIndia #IndianWritersClub
8 199 - In Serial53 Chapters
Tomorrow and Tomorrow and Tomorrow
Every Greek tragedy needs an Antigone or a Danaë. Every King Lear needs a Cordelia. Boardwalk Empire positioned itself as both a Greecian tragedy and Shakespearean, and yet forgot that key player who binds everyone together. Not a Boardwalk fan? Don't worry. If you like damaged heroes, the 1920s, Mafia stories, or tales of World War I? Knowledge of the show isn't necessary.Clara Thompson, like everyone around her, is learning to cope in a post-World War I reality. The reality includes Prohibition, which her father (a dirty politician) sees as a chance to consolidate wealth and power. Her pseudo-brother Jimmy is physically back in Atlantic City, but his soul still seems elsewhere. After her father banishes Jimmy to Chicago, Clara chases after him and meets Richard Harrow, a young vet whose war damage isn't confined to his face. Meanwhile, her father's machinations put everyone's lives in danger and contribute to changing familial ties.
8 213 - In Serial42 Chapters
King of the magical Britain
Long ago the magical world of Britain had they own royal line, but about 250 hundred years ago the crown and only prince and his wife were murdered and they only son missing. That was the end of royals rule and start of the magical ministry. Now a 250 years later a Heir to the royal line is found. What will he do with the power and his life? Will the magical Britain survive? Disclaimer: plot mine, Characters and world belongs to the Harry Potter author!
8 201 - In Serial40 Chapters
Her Song (Florence Pugh)
Y/N is twenty-something and living the simple life in NYC. She owns her own record store, where she sells music, coffee, and books; she even hosts live entertainment once in a while. It's every gay girl's dream.Having grown up watching Marvel movies with her dad, she nearly passes out when Florence Pugh strolls into her record shop one rainy afternoon. When the actress becomes a regular customer, Y/N eventually stops fangirling, but that doesn't mean she's any less awestruck by the beautiful blonde.(Florence Pugh x Reader slowburn)
8 184

