《Late Regret ( COMPLETED )》Part 16
Advertisement
Yibo အိမ်ပြန်ရောက်တာနဲ့ အကျီတောင် မလဲနိုင်ပဲ အိပ်ယာထဲ၀င်ခွေနေလိုက်တော့တရ် ...
ဟောက်ရွမ်းကလဲ အရိပ်အကဲသိပုံရတရ် ... ညနေစာ စားပီးပီလား မေးရုံကလွဲ ဘာမှစကားမှစမလာခဲ့ ...
ကျိရန်ကောကြောင့်လဲ ပါမှာပါလေ ... ကောက ဟိုတခေါက် ဟောက်ရွမ်းနဲ့ပြသာနာ တတ်ပီးထဲက ဟောက်ရွမ်းကို ပြောထားပုံလဲရတရ် ...
သူ့ကိစ္စတွေ့မှာ ဟောက်ရွမ်း၀င်ပါတာ ဘာမှမဖြစ်ပေမဲ့ တကယ်လို့သာ ဟောက်ရွမ်းမေးလာခဲ့ရင်လဲ Yibo ဘယ်လိုဖြေရမလဲဆိုတာရေရေရာရာမသိ ...
အရင်က လေကြီးလေကျယ်တွေပြောခဲ့သမျှတွေကလဲ အစ်ကို မျက်ရည်တစ်စက်လွင့်တာနဲ့ ပျောက်ပျယ်သွားခဲ့တာ ...
ဒီတစ်ခါတော့ Yibo ဆုံးဖြတ်ချက်ကို ဘာအတွက်ကြောင့်မှမပြင်တော့ဘူး ... ကျွန်တော် မျှော်လင့်နေတရ် အစ်ကို ... အစ်ကိုက ဖြေရှင်းချက်တွေကို ...
တစ်ပတ်ဆိုတဲ့အချိန်ပီးရင် ကျွန်တော်တို့နှစ်ယောက် အနာဂတ်ကို အစ်ကို ပဲဆုံးဖြတ်ပေးရတော့မှာ ...
ကျွန်တော်ကတော့ အစ်ကို ဘယ်လိုပဲ ဆုံးဖြတ်ဖ့တ် အစ်ကိုဆုံးဖြတ်ချက်ကို လေးစားသလို လိုက်လဲလိုက်နာမရ် ... ဒါပေမဲ့ မျှော်လင့်ပါရစေ အစ်ကို ...
ဖုန်းသံကြောင့် ကြည့်လိုက်မိတော့ Dream ...
မကိုင်ချင်လောက်အောင် စိတ်ရော လူရော ပင်ပန်းနေပေမဲ့ သူ့ညီလေးတွေကို ပစ်ပစ်ခါခါ မပြုရက် ...
^ Hello ^
^ Hello ကိုကို စိတ်ဆိုးသွားတာလားလို့ ^ ကောင်လေးရဲ့ တိုးဖျော့ဖျော့အသံက တကယ်ကို စိတ်မကောင်းဖြစ်နေဟန် ...
^ ဟင်အင်း ... ^
^ မဆိုးဘူးသာဆိုတရ် ... ကိုကို ဖြေတာ တုန်းတိကြီးနဲ့ ^ စူပုတ်ပုတ်ဖြစ်နေမဲ့ပုံကို မြင်ယောင်မိတာကြောင့် ပြုံးမိလိုက်တရ် ...
^ ကော တကယ်စိတ်မဆိုးတာပါ ... မင်းကလဲ လုပ်လိုက်ရင်ဇိုးခနဲ ဇတ်ခနဲ ... နောက်မလုပ်ရဘူးနော် ... နောက်ပီး အစ်ကိုက မင်းတို့ထက်အကြီးမလား ... ကောတောင်ရိုရိုသေသေပြောရတာ ... မင်းကရိုင်းတော့ ဘယ်ကောင်းမလဲ ^
တလောကလုံးမှာ Yibo ကရုစိုက်ဆုံးလူသားဖြစ်တဲ့ အစ်ကိုကို သူများအပြောဆိုကြောင့် မပြောနဲ့ အကြည့်တွေနဲ့တောင်မှ အထိခိုက်မခံနိုင်ဘူး ...
တစ်ဖက်က အသံတိတ်သွားတာမို့ ဖုန်းချတော့မလိုပြောမရ် ကြံရုံရှိသေး ...
^ Sean နဲ့ ကိုကို က ဘယ်လိုပတ်သတ်တာလဲ ... ^
^ ခုထိတော့ ဘာမှမပတ်သတ်ဘူး ... ရင်းနှီးခဲ့ကြရုံ ^
ဟုတ်တရ် ... တစ်ပတ်ဆိုတဲ့ အချိန်ကာလ ပီးတဲ့နောက်မှာ သူတို့နှစ်ယောက် ဆက်ဆံရေး ခေါင်းစဉ်ပြောင်းလဲနိုင်သလို ... ဘာမှဆက်မဖြစ်နိုင်တာလဲ ဖြစ်နိုင်တရ် ...
^ ခုထိဆိုတော့ .. ကိုကိုတို့က ^
^ ကောက Personal ကိုတခြားသူတွေကိုပြောပြလေ့မရှိဘူး Dream ... ^
Yibo ဖုန်းကိုင်ပီးပြောတာတောင် သူ့ညီတွေမို့လို့ ... နောက်ပီး Dream ဘက်က သူအပေါ်သဘောထားကို မရိပ်မိရအောင်လဲ သူ့က ပိန်းတိန်းနေတာလဲ မဟုတ် ...
ရက်ပိုင်းလောက်သာ တွေ့ရသေးတဲ့ သူအပေါ် Dream ဘက်က ကလေးပီပီ စိတ်ကစားရုံသာ ... တခြားသူနဲ့ ကွဲထွက်နေတဲ့ Yibo ပုံစံနဲ့ အပြောအဆိုတွေကြောင့် စိတ်၀င်စားကောင် စိတ်၀င်စားတာလဲ ဖြစ်နိုင်တရ် ...
ဒါပေမဲ့ အစ်ကိုကလွဲပီး တခြားတစ်ယောက်အပေါ်မချစ်နိုင်တော့ရင်တောင် ပစ်ပစ်ခါခါမပြောဖို့ ကိုယ့်ကိုသတိပေးမိတရ် ...
အသည်းကွဲတာ ဘယ်လောက်တောင်ခံရခက်လဲဆိုတာ သူလက်တွေ့မဟုတ်လား ... ကိုယ်ချင်းစာပါတရ်လေ ...
^ အာ ... ဟုတ် ကိုကို ... ကျွန်တော်ကို စိတ်မဆိုးရင်ရပီ ... နောက်နေ့လဲ ဆေးလိမ်းပေးဦးနော် ^
^ နောက်နေ့တွေတော့ Lucas တို့ကိုပဲ လိမ်းခိုင်းလိုက်နော် ... ဒီနေကတော့ ကောက ညီလေးကို အချိန်လဲရတာမို့ လိမ်းပေးလိုက်တာ ... ^
ပစ်ပစ်ခါခါ မပြောဘူးဆိုပေမဲ့ ကိုယ့်ဘက်က သဘောရိုးနဲ့ ဂရုစိုက်လုပ်ပေးခဲ့သမျှဟာ တစ်ဖက်လူ ဘက်ကိုမျှော်လင့်ချက် ရေးရေးလေး ထင်ခဲ့ရင်လဲ မကောင်းဘူးမလား ...
^ အာ ... အိုကေပါ ... Good Night နော် ကိုကို ... ^
^ အင်း ... Good Night ^ ပြောပီးတာနဲ့ ဖက်လုံးကိုသာ အစ်ကို အမှတ်နဲ့ အားရပါးရဖတ်ပီးသာ အိပ်ပလိုက်တော့တရ် ...
^ ဘာပြောလဲ Dream ^ Lucas ရဲ့စပ်စုမှုကို
^ Good Night တဲ့ ^ Dream ကဖုန်းကြည့်ရင်းပဲပြန်ပြောမိတော့ ...
^ မင်းဂျီးတော်ကို Good Night လား ...^ Alex ကပါ လက်မောင်းကိုလာရိုက်နေတာမို့ ...
^ ဟက် ...ရင်းနှီးခဲ့ကြရုံတဲ့ ... ခုထိတော့မပတ်သတ်သေးဘူးတဲ့ ... ကိုကို နဲ့ အာ့ဘဲက ex တွေ ... ခုမှ အာ့ဘဲက ငမ်းငမ်းတတ်ဖြစ်နေတော့တာပဲ ... ငါဆိုတဲ့ Yinn Dream ရှိနေသ၍ ကိုကိုနား ဘယ်ကောင်မှကပ်လို့မရစေရဘူး ^
^ နေပါဦး ... မင်းက ဘာလို့သေချာပြောနိုင်နေတာတုန်း ^
^ ဟက် ... ကိုကြီးကို ငါ့အကြောင်းသွားတိုင်ရင်းနဲ့ ပြောခဲ့တာတဲ့ ... Wang ကိုနောက်ဒီလို အပြုအမူမျိုးမလုပ်ဖို့တဲ့ ... နောက်ပီး ကိုကိုနဲ့ ပတ်သတ်မှု့တွေပါ ပြောပြသွားတာ ^
^ ဒါဆို မင်းက ... ^
^ ဘာလဲ Ethan ... လက်လျော့ဖို့လား ... မဖြစ်နိုင်တာတွေကွာ ... ကိုကို လိုလူမျိုးကိုတောင် တန်ဖိုးမထားပဲ စွန့်လွတ်ခဲ့တဲ့သူက ကိုကိုနဲ့တန်မရ်လို့ ထင်တာလား ... အင်း ... ကိုကိုက ခုထိ ချစ်ကောင်းချစ်နေဦးမရ် ... ငါကတော့ မရရအောင် ကိုကို ကို့ပြန်လုရမှာပဲ ... နောက်ဆုံးကွာ ... အစားထိုးမရ်ဆိုရင်တောင် ဖြစ်တရ် ^
Advertisement
^ ကော ကိုတော့ မင်းတို့နှစ်ယောက်ကြားမှာ တခုခုထိခိုက်သွားမှာ မဖြစ်စေချင်ဘူး ... ဒီနေ့တောင် ကောက Sean မျက်နှာကိုတောင် တကြည့်ကြည့်နဲ့ ^
^ ငါပြောပီးသားပဲ မဟုတ်လား ... ငါက ကိုကိုအနားမှာပဲ နေဖို့ရည်ရွယ်ထားတာ ... ဘယ်လိုပတ်သတ်မှု့မျိုးမဆိုရတရ် ... ကိုကို ကိုထိခိုက်အောင် ဒီတသက်လုပ်ဖို့မရှိဘူး ... မင်းတို့အားလုံးစိတ်ချပါ ^
မပူပါနဲ့ ... ကိုကို ကိုဆံချည်မျှင်တစ်မျှင်တောင် အထိခိုက်ခံမှာမဟုတ်ဘူး ... But Sean အတွက်တော့ အာမ မခံနိုင်ဘူး ... အဟင်း
----------------------------------------------------------------------------------
^ တော်တော့ Xiao Zhan ... မင်းသောက်တာအရမ်းများနေပီ ... ဘာမှလဲ မစားရသေးဘဲနဲ့ ဈ်ွမသောက်နေနဲ့ ^
၆နာရီကျော်လောက်ထဲက တိုက်ခန်းကိုရောက်လာပီး အမူးသောက်နေတဲ့ကောင်ကို ဘယ်လိုတားတားမရနေဘူး ...
^ မင်း အာ့လိုသာဆို ငါ Yibo ကိုဖုန်းဆက်လိုက် မှာနော် ^
အင်း ... ထိရောက်တရ်နဲ့တူပါတရ် ... ခွက်တော့ ချလိုက်ပုံအရ ...
ကျိူးချန်ဆိုတဲ့ကောင်က မိန်းမယူပီးထဲက သူတို့နှစ်ယောက်ကို ပလစ်တာများပီရယ် ... ခုလဲ ယွီပင်းတစ်ယောက်ထဲ ထိန်းနေရတာ လွယ်တော့မလွယ် ...
အစာအိမ်ကြောင့် ဆေးရုံခဏခဏတတ်ခဲ့ရတာမို့ အမြည်းမပါဘဲ မသောက်နဲ့လို့ပြောလဲမရ ... နောက်ဆုံး Yibo နာမည်ထုတ်ပြောမှပဲရတော့တရ် ...
^ မင်းပြောကြည့် ယွီပင်း ... ကလေးလေး သာ ဒီအကြောင်းတွေသိသွားရင် သူ့ဘယ်လောက်ခံစားရမလဲ ... နောက်ပီး လမ်းတ၀က်မှာတင် လက်လျော့ခဲ့တဲ့ ငါ့ကို သူ့ပြန်လက်ခံနိုင်ပါမလား ^
^ မင်းရူးသွားပီလား Xiao Zhan ... မင်းကိုပြန်လက်ခံနိုင်ဖို့ကို မင်းဘာလို့ လမ်းခွဲခဲ့ရလဲဆိုပီး ရှင်းခိုင်းတာလေ ^
^ သူ့ မားမားအကြောင့်သိသွားရင်ရော ... ငါ့အကြောက်ဆုံးက ငါပြောပြပီးကာမှ Wang ကမယုံမှာကိုပဲ ... မဟုတ်ရင် ငါ လိမ်ပြီးပြောလိုက်ရမလား ^
တွေတွေပြောနေတဲ့ Xiao Zhan ကလွန်ခဲ့တဲ့နှစ်ကYibo နဲ့ လမ်းမခွဲခင်ကအတိုင်းပဲ ...
^ မင်းလိမ်ပြောတော့ရော တစ်ချိန်ကျရင် Yibo မားနဲ့ မဖြစ်မနေကြုံရမှာ ... ခုချိန်ထိတောင် မပြောပြနိုင်ရင် မင်း Yibo ကိုလက်လွတ်လိုက်တော့ ... ^
^ တောက် ... မင်းမလို့ သည်းခံနေတာ ယွီပင်း ... Wang နဲ့ ဝေးဖို့ကို ဒီတသက်မစဉ်းစားတော့ဘူး ^
အရက်ခွက်ကို နံရံကိုပစ်ပေါက်ပီး ပြောနေတဲ့ Xiao Zhan ကဒေါသကြောင့်လား ငိုထားတဲ့အရှိန်ကြောင့်လားတော့ မသိ ... မျက်လုံးတွေက နီရဲလွန်းနေတရ် ...
^ အေး ... ဒါဆို မင်းကဘာဖြစ်ချင်နေတာလဲ ... ^
^ ငါက ကလေးလေးကို စိတ်ထိခိုက်မခံစေချင်တာ ... ^
^ မင်းထားခဲ့တုန်းကရော စိတ်မထိခိုက်ခဲ့ရလို့လား Xiao Zhan ^
အနာရှိတော့ စပ်ဆိုသလို တစ်ချက်ထဲပြန်ငြိမ်ကျသွားတဲ့ Xiao Zhan ကသနားဖို့လဲကောင်းနေပြန်တရ် ...
^ ငါပြောချင်တာက Yibo ပြောသလို ပွင့်လင်းလိုက်ကြတာအကောင်းဆုံးပဲ ... လာမဲ့ဘေး ပြေးတွေ့ကွာ ... မင်းလဲ လက်လွတ်နိုင်တာမဟုတ်ပဲနဲ့ ... ကိုယ့်ကို ဆုံးဖြတ်ချက်ခိုင်မာနေသလို ယုံကြည်မှု့လဲ ရှိစမ်းပါ သားကြီးရာ ^
^ အင်း ... ဟုတ်တရ် ... ငါ ပြောလိုက်တော့မရ် ... Wang က ငါပြောတာမယုံရင်တောင် ငါကတွယ်ကပ်ပီး ရှင်းပြတော့မှာ ... ^
ပြောပီးတာနဲ့ စားပွဲပေါ် ခေါင်းငိုက်ကျသွားတဲ့ကောင်က တစ်ပတ်လည်သွားပီထင်တရ် ...
မနိုင်မနင်းကိုယ်ကြီးကိုမပီး ခုတင်ပေါ်သေချာချပီး ရှောင်မားဆီဖုန်းခေါ်လိုက်ရတော့တရ် ...
မင်းတို့နှစ်ယောက်ကိုလဲ အမြန်ဆုံးအဆင်ပြေစေချင်လှပီ ...
Idol နှစ်ယောက်အပေါ် ထိခိုက်စေသော အသုံးအနှုန်းများရှိခဲ့ရင်အားမနာတမ်း လာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
^ Hello ^
^ ဟင်အင်း ... ^
Advertisement
^ ဒါဆို မင်းက ... ^
----------------------------------------------------------------------------------
ကျိုးချန်ဆိုတဲ့ကောင်က မိန်းမယူပီးထဲက သူတို့နှစ်ယောက်ကို ပလစ်တာများပီရယ် ... ခုလဲ ယွီပင်းတစ်ယောက်ထဲ ထိန်းနေရတာ လွယ်တော့မလွယ် ...
#Violet
Advertisement
- In Serial18 Chapters
Book Covers
|| closed for now! ||I do book covers, and photos (for those of you who need media for instagram, blogs, or websites)! Feel free to DM me with your request (no longer taking comments) on either instagram or wattpad!
8 90 - In Serial76 Chapters
Mason's Impossible Prey | ✔️
|#1 in Werewolf|"You're my prey. And when my prey runs away from me, I chase them."*Tiana's life made a drastic turnPushing her into a place she calls hellA place that screams death and chaos And a place making her the preyMason found a stubborn girl walking into his packMaking him cover the scars of his past Making him confused and different And making things even more impossible.__________________Current cover by: @happilylonely-Banners on every chapter by: @supernovass @PrincessMoonlightx
8 195 - In Serial20 Chapters
Your Fault (TharnType)
"Sorry Type, but can you kiss me! ""Tharn! The fuck did you just say!"--------"Tharn you jerk! Everyone thinks we are dating! ""Uhh... Yeah... About that, sorry. "--------A few incidents have occurred and now everyone believes that the handsome men in the dorm room 807 are a couple. How are they to deal with this issue when life keeps fiddling with their views? Tharn and Type will have to face all the odds because unfortunately, no matter what, they still have to live together.
8 184 - In Serial13 Chapters
Forever His
A story about a most feared mafia leader that has a dangerous obsession with a young girl.They meet one night at a nightclub and one thing lean to another and they sleep together. What will happen will she fall in love with him or will she hate him. Find out in Forever His
8 101 - In Serial29 Chapters
The Girl in Red
Aloia is an 18 year old girl coming of age in her town. The prince decides to throw a masquerade ball in hopes of finding his soulmate and Aloia despises the fact the women were being sold as cattle to this man. She has different hopes and dreams, ones with more violent nature. That's until she meets a mysterious man in the woods during her training session. Her future changes from wants to be in the militia to being involved in war across kingdoms. This book contains-violence-mature scenes -and hot peopleDisclaimer: this book contains the word mate, which has no relation to werewolves. It is related to the term soulmate where a person has a romantic bond with another. Rank (03-11-21)#1-ballroom #1- enemiestolovers #11-badass#42-dystopian
8 316 - In Serial46 Chapters
blue ✓
when a girl in a bitter and unloving relationship gets involved with a quiet and beautiful boy, she finds herself again as he paints the love she craves but cannot touch. two blue souls searching for something in each other that they can't seem to reach.
8 157

