《Late Regret ( COMPLETED )》Part 15
Advertisement
မားရဲ့ စကားတွေကိုကြားပီးနောက် Yibo တစ်ယောက် ဆိုဖာပေါ်မှာ တော်တော်တုန်လှုပ်သွားတရ် ...
လမ်းခွဲစကား စပြောတဲ့ အစ်ကိုက ခံစားခဲ့ရသေးတာလား ...ဘာတွေဖြစ်ခဲ့တာလဲ ... ဘာတွေဖုံးကွယ်ထားသေးတာလဲ ... သူ့ကိုယ်တိုင်မပြောနိုင်တဲ့ကိစ္စတွေရှိသေးတာလား ...
မေးခွန်းပေါင်း များစွာခေါင်းထဲကို နေရာအပြည့်၀င်ယူသွားတာမို့ ရှောင်မားရဲ့ မား ဟင်းချက်လိုက်ဦးမရ်နော် လို့ပြောသွားတာကိုလဲ တုန့်ပြန်ဖို့သတိမရ ...
သူ သိတာ တစ်ခုက အရင်လို အလားတူ အခြေအနေမျိုးထပ်ဖြစ်လာရင် ထပ်ထားသွားခံရဦးမှာလား ...
အရင်လို ရူးရူးမိုက်မိုက်လုပ်တတ်တဲ့ အရွယ်တုန်းကတောင် Yibo ကို လွတ်ချခဲ့တာ ခုလိုတည်တည်ငြိမ်ငြိမ် ဖစ်လာတဲ့အသက်အရွယ်မှာ အစ်ကိုက အချစ်ကို ဦးစားပေးမတဲ့လား ...
ဒါပေမဲ့လဲ အစ်ကိုက ပြောပြန်တရ် ... သူထပ်ပီးထားခဲ့ဖို့ဆိုတာ အစ်ကိုသေမှ ရမှာတဲ့ ... သူယုံလိုက်ရမှာလား ...
Relationship တစ်ခုမှာ ဘယ်ကိစ္စမဆို ပွင့်လင်းမှ ဆက်ဆံရေး တည်မြဲမရ်လို့ Yibo ယူဆထားတရ် ...
အစ်ကိုဘက်က ပွင့်ပွင့်လင်းလင်းမဖွင့်ဟ လာသ၍ ကျွန်တော်နဲ့ အစ်ကိုက နီးရက်နဲ့ ဝေးကွာကြဦးမှာပဲ ...
ကျွန်တော်က အစ်ကိုနဲ့ မဝေးရဖို့အတွက်ဆို ဘယ်ကိစ္စမဆို ရင်ဆိုင်နိုင်သလောက် အစ်ကိုကထွက်ပြေးဖို့ပဲ ကြိုးစားခဲ့ဘူးတရ် ...
ကျွန်တော် မေးတဲ့မေးခွန်းတွေကို အစ်ကိုဖက်မဖြေနိုင်ခဲ့ရင် ဒီတစ်ခါတော့ ကျွန်တော်ပြေးရလိမ့်မရ် အစ်ကို ...
နောက်ပီး မားပြောသွားတဲ့ အစ်ကို တိုက်ခန်း ...
Yibo တောင်းပန်ပီးတွေ့ဖို့တောင်းခဲ့တာတောင် ဖွင့်မလာခဲ့တဲ့ အစ်ကို တိုက်ခန်းကို အမှတ်တရတွေဘယ်လောက်ရှိခဲ့ရှိခဲ့ ရှေ့ချဖို့ထိတော့ မရဲသေးဘူးအစ်ကို ...
အစ်ကိုကို ချစ်လွန်းလို့သာ အရင်အတိုင်းပြန်ဆက်ဆံပေမဲ့ Yibo လဲ လူပဲမလား ... ချစ်တတ်သလို နာကျည်းတတ်တရ် နောက်ပီး စိတ်လဲနာတတ်တယ် ...
ကာလအပိုင်းအခြားထိ ဟင်းအင်း ခုထိတိုင် ခံစားခဲ့ရတဲ့ နာကျင်မှု့တွေက အိမ်မက်မှ မဟုတ်ခဲ့တာ ...
^ ဟာ ... မား ^ ဆိုတဲ့ အစ်ကို အော်သံကြားမှ Yibo အတွေးတွေထဲက ပြန်နိုးလာခဲ့ရတရ် ...
မီးဖိုခန်းထဲကနေ ဆူဆောင်အောင့်ပီး ထွက်လာတဲ့ အစ်ကိုက Yibo ဆီကို တန်းတန်းမတ်မတ် ...
^ ဟင် ... Wang ငိုထားတာလား ... ဘာဖြစ်လို့လဲ ... နေမကောင်းလို့များလား ... ဘာလဲ ... မားတစ်ခုခုပြောလိုက်လို့လား ^
Yibo ရဲ့ပါးပေါ်က မျက်ရည်တွေကိုသုတ်ပေးပီး နဖူးဆန်းလိုက်လုပ်နေတဲ့အစ်ကိုက တကယ်ကို စိတ်ပူနေဟန် ...
မားဆီ ပြောပီးတာနဲ့သွားမရ်လုပ်တော့မှ Yibo လက်ကို ဆွဲလိုက်ရတော့တရ် ...
^ ချွေးထွက်နေတာပါ ... မားက ဘာပြောရမှာလဲ ... အစ်ကို ပီးသွားပီလား ^ စကားစလွဲလိုက်တော့ အစ်ကိုက မယုံသလို တစ်ချက်ကြည့်ပေမဲ့ ဘာမှတော့ထပ်မမေးလာခဲ့ ...
^ မားပေါ့ ... သူချက်မရ်တဲ့ ... ဒါပေမဲ့ မောင် Wang အတွက် ထမင်းကြော်တော့ လုပ်ပေးပီးသွားပီ ... ရှယ်နော် ... မောင်တော်တရ်မလား ^ ပြုံးပီး ပြောလာတဲ့ အစ်ကို တကယ်ကိုရင်အေးစေတဲ့ ရွေရင်အေးလေးအတိုင်းပဲ ...
အစ်ကိုက မောင် လို တစ်ခါ ကိုယ့်ကို သုံးနှုန်းတိုင်း Yibo မှာကြက်သီးတွေတောင်ထရတရ် ...
^ ဟင်လို့ ... မောင် တော်တရ်မလား ^ ဘာမှမပြောပဲ ခေါင်းငိုက်နေတဲ့ ကောင်လေးရဲ့ ခေါင်းလုံးလုံးလေးကို ကြည်ပီး Xiao Zhan မှာ အသည်းတယားယား ...
သူမရှိတဲ့ အချိန်အတွင်း Wang ကတစ်ခုခုဖြစ်ခဲ့သလို ... မားကလဲ Wang အပေါ် ချစ်ပီးသားဆိုတော့ ဆူပူလိုက်တာမျိုးလဲရှိမှာမဟုတ် ...
^ အင်း ^ ခေါင်းတစ်ချက်ငြိမ့်ပီး လေသံလေးနဲ့ ပြောတဲ့ သူ့ရဲ့ Wang ကရှက်နေတာများလား ...
သူ့အကောင်ပေါက်လေးက အရင်ထဲက အရှက်သည်းတတ်တာမှန်ပေမဲ့ ခုကပိုပီးအရှက်ကြီးလာသလို ... ဒါမှမဟုတ် သူကပဲ မရှတ်တတ်တော့တာလားပဲ ...
မဖြုတ်ထားရသေးတဲ့ လက်လေးကို ဆွဲယူပီး အနမ်းဖွဖွ လေးပေးလိုက်တော့ သူ့အသည်းညှာလေးက မော့ကြည့်ပီး အတင်းရုန်းတော့တာပဲ ...
^ ဒီလက်တွေကို ဒီဘ၀ တစ်သတ်လုံးစာအတွက် မောင် မလွတ်တော့ဘူး ^
Xiao Zhan စကားအပီးမှာ ရုန်းတာ ငြိမ်ကျသွားတဲ့ ကောင်လေးက မျက်၀န်းတွေကို စေ့စေ့ကြည့်လာတရ် ...
^ မောင် မျက်၀န်းထဲမှာ အဖြေကိုရှာပီး တွေးတောနေမဲ့အစား မောင်က အလုပ်နဲ့သက်သေပြမရ် ^
^ ကျွန်တော် ယုံလိုက်သင့်လား ... ခဲမှန်ဖူးတဲ့စာသူငယ်ဟာ ကြောက်နေသလိုမျိူးပေါ့ အစ်ကိုရယ် ... ^ မျက်ရည်ကြည်တွေပါ သိုင်းလာတာမို့ Wang ကိုမချင့်မရဲ သူ့ဖက်လိုက်မိသည်။
^ ယုံပါ Wang ရယ် ... ယုံပါ ... ကိုယ့်အသက်နဲ့ ထပ်တူပေးတဲ့ကတိပါ ^
^ ကျွန်တော် အစ်ကိုကို ပြောစရာရှိတရ် ... Dinner စားပီးရင် ... ခုတော့ အ၀တ်အစားသွားလဲဦးမှာမလား ^
Coat အပေါ်ကထပ်တာထားမို့ အစ်ကိုက သက်တောင့်သက်တာမရှိမှာ အသေအချာ ...
^ အင်း ... မောင် သွားလဲလိုက်ဦးမရ် ... မားဆီကိုသွားမကူနဲ့နော် ...မောင် ကမကြာဘူး ခဏပဲ ^
ဖက်ထားတာကို အသာလွတ်ပီး လှေကားဆီပြေးတတ်သွားတဲ့ အစ်ကို က ဆယ်ကျော်သက်လိုပင် ... ရှောင်မားနဲ့တောင် ကြံဖန်တွန့်တိုနေတာမို့ Yibo ပြုံးလိုက်မိသည်။
---------------------------------------------------------------------------------
^ သားလေး ထည့်စားနော် ... ဒီမှာ အစုံပဲ ... ၀မ်လေးအတွက် ... ထမင်းကြော်ပဲ စားနေလို့တော့လား ... မားသားလေး ဘယ်အားရှိပါ့မလဲ ^
မားရဲ့ စကားကြောင့် အစ်ကိုရဲ့ ထမင်းကြော်ထည့်ပေးနေတဲ့ လက်ကတွန့်သွားတာကို မျက်၀န်းထောင့်နားကမြင်လိုက်ရသေးတယ် ...
^ အင်း ... အာ့လိုပဲ Wang ရဲ့ ... တစ်ချို့တွေက အူပုတ် ... အေးလေ ... ချစ်ချစ်ကြီးက ခရီးသွားနေတော့ အထီးကျန်နေတော့ ... မောင်တို့က ပဲပြောပြန်ရင် အပြစ်ဖစ်တရ် ^
ထမင်းကြော်ပန်းကန်ကို Yibo ရှေ့ချပီး ပြောလိုက်တဲ့ အစ်ကိုစကားကြောင့် မားကို မရဲတရဲ ကြည့်လိုက်မိသည်။
မားရှေ့မှာ စကားပြောကိုမဆင်ခြင်ဘူး ... အစ်ကိုတစ်ယောက်နဲ့ကတော့ ... မားကတော့ တပြုံးပြုံးနဲ့ ...
^ ဘယ်လိုလဲ ... မောင်လက်ရာ ^
^ စားလို့တော့ရတရ်မလား ၀မ်လေး ^ အစ်ကိုပြောအပီး တစ်ဆတ်ထဲမေးလားတဲ့ မားကို မျက်စောင်းထိုးပီးကြည့်နေတာတဲ့ အစ်ကိုကြောင့် တံထောင်ကို တို လိုက်ရသေး ...
Advertisement
သားအမိတွေ ဘယ်လိုပဲ သူငယ်ချင်းပေါင်းပေါင်း လေးစားမှု့မရှိသလို ဖြစ်မှာစိုးလို့ရယ် ... မားကလဲ မြင်မိအောင်မြင် သွားတော့ ...
^ သား၀မ်လေး ... ကိစ္စမရှိဘူးရယ် ... မားတို့က စနေကြ ... နောက်မှ သားပါးကို ပြောပီး မုန့်ဖိုးတွေဖြတ်ခိုင်းတာကတော့ နောက်ကိစ္စပေါ့ကွယ် ... ^
^ ကျွန်တော်က အလုပ်နဲ့အကိုင်နဲ့ ... လိုနေတာဆိုတော့ အိမ်ထောက်ပြုဖို့ပဲကျန်တော့တရ် ... ဟုတ်တရ်မလား မောင့်ရဲ့ Wang ^
ရေသောက်နေဆဲ တန်းလန်းနဲ့ Yibo မှာရေသီးသွားတော့ မားက အစ်ကိုကိုအရင်ထုပီး ကျောကို လာပွတ်ပေးတရ် ...
^ ဟဲ့ ... နင်အရှက်မရှိတိုင်း ... သားကို လျောက်မပြောနေနဲ့ ... ကလေးက သီးတောင် သီးသွားတရ်... အေးဆေးစား ၀မ်လေး ... ^
^ ဟုတ် ^ ပြောပီးတာနဲ့ ခေါင်းမဖော်တမ်းငုတ်စားနေတာကိုလဲ အစ်ကိုက မစားပဲ ရွန်ရွန်စားစားကြည့်နေတာမို့ မားရဲ့ လက်စာကိုလဲ ထပ်မိလိုက်ပါသေးတရ် ...
နေရက်တိုင်းသာ ဒီလိုသာဆို ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲ ...
ထမင်းစားသောက်ပီးတာနဲ့ အသီးခွဲနေတဲ့ မားက တားမရဆီးမရ ... ကိုယ်တိုင်ကိုယ်ကျ လုပ်ရမှကျေနပ်တဲ့ မားက ခုလဲ မီးဖိုခန်းထဲက မထွက် ...
ဗိုက်လေးလဲ လေးလာတာမို့ မျက်လုံးကလဲ မှေးဆင်းလာတဲ့ Yibo အခြေအနေကို သိလို့ထင် အစ်ကိုက ခြံထဲဆင်းပီး လမ်းလျောက်ဖို့ခေါ်တော့တယ် ...
^ ဒီနေ့ပျော်ရဲ့လား Wang ...ကိုယ်တော့ အရမ်းပျော်တရ် ... ^
ဒီနေ့ဟာ Xiao Zhan မျော်လင့်ထားတဲ့ မြင်ကွင်းတွေထဲကတစ်ခု ... ပါးသာရှိရင် ပိုပျော်ဖို့ကောင်းမိမှာလို့လဲ တဆတ်ထဲတွေးလိုက်မိသေးတရ် ...
^ အင်း ... ကျွန်တော်လဲ ပျော်ပါတရ် ^
^ ဒါနဲ့ Wang ကိုယ့်ကို ပြောစရာရှိလို့ဆို ... ^ အစ်ကိုစကားကြောင့် ပန်းတွေကို လက်နဲ့ထိပီးကြည့်နေတဲ့ Yibo လက်ကတန့်သွားတော့တရ် ...
^ ရှိတရ် ... ဒါပေမဲ့ အစ်ကိုက အတင်းအကြပ်မမေးဘူး ... အစ်ကို ဖြေချင်မှဖြေပါ ... ^ မျက်၀န်းကို စူးစိုက်ပီးမေးလာတဲ့ Wang ကြောင့် Xiao Zhan ကိုယ်ဟာ မတ်ခနဲ ...
^ ကျွန်တော်ကို ဘာလို့လမ်းခွဲခဲ့တာလဲ ... ဘာအတွက်ကြောင့်လဲ ... အာတုန်းက လွတ်ပစ်ခဲ့တဲ့ လက်စွပ်က အစ်ကိုဆီမှာဘာလို့ရှိနေသေးတာလဲ ... ^ အရိုးရှင်းဆုံး မေးခွန်းတွေကိုနားလည်ပေမဲ့ ဆွံအနေမိတာ Xiao Zhan ရယ်ပါ ...
^ ကျွန်တော်တို့ ဆက်ဆံရေးက လွန်ခဲ့တဲ့ ၃နှစ်လောက်က ပီးသွားပီလို့ ထင်ခဲ့မိတာ ... ခုမှ ဗြုန်းစားကြီး ပြန်လာပတ်သတ်တဲ့ အစ်ကိုကိုလဲ နားမလည်နိုင်ဘူး ... ကျွန်တော် ချစ်ခဲ့ပါတရ် ... ခုထိလဲ ချစ်နေတုန်းပဲ ... ဘယ်ချိန် ဘယ်နေရာမှာ မေးမေး ... ကျွန်တော် Wang Yibo ဟာ Xiao Zhan ကို အမြဲချစ်သွားမှာ ... ဒါပေမဲ့ ပြန်ပတ်သတ်ဖို့က ထင်သလောက်မလွယ်ကူဘူး ... ^
^ ကိုယ်က ... ကိုယ်က ^ ထစ်ထစ်ငေါ့ငေါ့တွေ ထွက်လာတဲ့ အစ်ကို ကို တကယ်ဒေါသထွက်မိတရ် ... ဘာတွေ၀န်လေးနေတာလဲ ...
Yibo က မားပြောခါမှ အမြန်အဆန်မေးမိတာဆိုပေမဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အာ့အကြောင်းတွေမေးဖို့က ရည်ရွယ်ထားပီးသား ...
^ ကျွန်တော် ပြန်တည်ငြိမ်စပြုတဲ့အချိန်မှာ ခင်ဗျား ပြန်ရောက်လာတရ် ... အမှတ်မရှိတဲ့ ဒီကကောင်ကလဲ ပြန်လက်ခံခဲ့တရ် ... ခုလဲ ကျွန်တော်မေးတဲ့ မေးခွန်းတွေကို မဖြေနိုင်ပြန်ဘူး ... ဘာလဲ Xiao Zhan ... လွယ်မရ်ထင်လို့ ပြန်လိုက်ခဲ့တာလား .. ဒါမှမဟုတ် ခင်ဗျားပျင်းလွန်းလို့ အပျော်ရှာချင်တာ ... ဒါဆိုလဲ တခြားသူ ^
မြက်ခင်းပြင်ပေါ် ဒူးထောက်လိုက်တဲ့ Xiao Zhan ကြောင့် Yibo လဲ နောက်ကိုဆုတ်လျက်မိသား ...
^ မဟုတ်ဘူး Wang ... ကိုယ်ကလေ Wang ကိုဘယ်လောက်တောင်မှ တန်ဖိုးထားလိုက်လဲ ... ကိုယ်ကို အာ့လိုတွေစကားနာ တော့ မထိုးလိုက်ပါနဲ့ ... ကိုယ်တောင်းပန်ပါတရ် Wang ^
မျက်ရည်တွေ သွင်သွင်းနဲ့ ရှိုက်သံ ဗလုံးဗထွေးနဲ့ ပြောနေတာမို့ မနည်းနားထောင်လိုက်ရတရ် ...
ဒေါသထွက်လာရင် ဘာကိုမှမမြင်တတ်တဲ့အကျင်ဆိုးကြောင့် အစ်ကိုအပေါ် ရင့်ရင့်သီးသီးပြောမိသွားတာ ...
သူသိပါတရ် ... ချစ်သူဘ၀ထဲက အပိုင်သိမ်းပစ်လိုက်ရင်တောင်မှ ခွင့်ပြုပေးမှာဆိုပေမဲ့ အာ့ထဲက Yibo ကို ကလေးတစ်ယောက်လို တယုတယ ဆက်ဆံတတ်တဲ့ အစ်ကိုဟာဘယ်လောက်တောင် တန်ဖိုးထားတရ်ဆိုတာသိသာလွန်းပါတရ် ... ဒူးထောက်ပီး ငိုကြီးချက်မ ပြောနေတဲ့ အစ်ကိုကြောင့် Yibo ရင်ထဲမှာလဲ စုတ်ပြတ်သတ်နေပါတရ် ...
ခင်ဗျားနာကျင်ရင် ခင်ဗျားကို နာကျင်အောင်လုပ်မိတဲ့ ကိုယ့်ကိုတောင် တစ်ခုခုလုပ်ပစ်ချင်မိတဲ့ အထိပါပဲ အစ်ကိုရယ် ...Yibo လဲ အစ်ကိုရဲ့ရှေ့မှာဒူးထောက်ချလိုက်ပီး ...
^ ကျွန်တော် လိုချင်တာ ပွင့်လင်းမှု့ အစ်ကို ... ကျွန်တော်မေးတာကို အစ်ကို မဖြေချင်ရင် အတင်းမတိုက်တွန်းဘူး ... ဒါပေမဲ့ ကျွန်တော်တို့ ဆက်ဆံရေးဟာ ဒီမှာပဲ ... ^
ပါးပြင်ပေါ်က မျက်ရည်တချို့ကို သုတ်ပေးပီးဆိုတော့ အစ်ကိုက လှုပ်လှုပ်ရွရွဖြစ်လာတော့တရ် ...
^ ကိုယ်က ... ကိုယ်ကလေ Wang နဲ့ ဒီတသက် ထပ်မခွဲတော့ဘူး ^
ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာပြောနေတဲ့ အစ်ကိုက ဖြေဖို့ကိုတော့ မ၀င့်မရဲဖြစ်နေပြန်တရ် ... ဘာတွေကများ ခင်ဗျားကို ခက်ခဲစေတာလဲ ...
ဒီတစ်ခါတော့ တဘ၀လုံးစာ ကိစ္စမို့ အလျော့မပေးနိုင်တာ ခွင့်လွတ်ပါ အစ်ကို ...
^ ကျွန်တော် တစ်ပတ် အချိန်ပေးမရ် အစ်ကို ... ဒီကြားထဲ ကျွန်တော်တို့ မဆက်သွယ်ပဲ နေကြရအောင် ... တပတ်ပြည့်ပီးလို့မှ အစ်ကိုဘက်က ဘာမှမပြောနိုင်ဘူးဆိုရင် ကျွန်တော်ကို ပတ်သတ်မှုက အဆုံးသတ်ပီပဲ ... ကျွန်တော် Taxi နဲ့ပဲ ပြန်လိုက်တော့မရ် ... မားကို နှုတ်ဆတ်တရ်လို့ ပြောပေးပါ ^
ပြောပီးတာနဲ့ လှည့်မကြည့်စတမ်း ထွက်လာတဲ့ Yibo မှာပဲ အစ်ကိုနည်းတူ မျက်ရည်တွေနဲ့ပါ ...
မိနစ်အပိုင်းအတွင်းလေးတင် စောနက ပျော်ရွင်နေကြတဲ့စကားသံတွေအစား ကောင်လေး တစ်ယောက်ရဲ့ ငိုကြွေးသံဟာ အိမ်တော်ထဲမှာ ပဲ့တင်ထပ်လို့ ...
Idol နှစ်ယောက်အပေါ် ထိခိုက်စေသော အသုံးအနှုန်းများပါခဲ့ရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
Advertisement
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
^ ကျွန်တော် ယုံလိုက်သင့်လား ... ခဲမှန်ဖူးတဲ့စာသူငယ်ဟာ ကြောက်နေသလိုမျိုးပေါ့ အစ်ကိုရယ် ... ^ မျက်ရည်ကြည်တွေပါ သိုင်းလာတာမို့ Wang ကိုမချင့်မရဲ သူ့ဖက်လိုက်မိသည်။
---------------------------------------------------------------------------------
^ ဘယ်လိုလဲ ... မောင်လက်ရာ ^
#Violet
Advertisement
- In Serial53 Chapters
The Gang Leader Wants Me(Still Editing)
If you ever met Jezzabelle Lemana you'd think she was a nice, sweet, loving person with the perfect life. But some things are not what they seem. This 17 year old is trying her best to get out of her senior year of high school without having to remember the fact that she's being abused by her stepmother and father at home. She built a wall so high that no one can ever know about her or her past. But what happens when someone breaks it down? Emmet King is the leader of the most wanted gang in the streets of Detroit. He is heartless and forgot about love ever since what happened to him in the past. Everyone fears him with respect when he walks past. What happens when these two collide? And Emmet makes what he wants his?! The only thing I heard when he towers over me is the word 'mine' ~~~~~~~~~~~~~~~~~~Highest Ranking: #28 in Romance 12/25/17
8 290 - In Serial6 Chapters
Flutter ✔
Wes Roman, the big bad billionaire sitting in a tiny seat with his two year old son at a kids restaurantBeeze Simmons, the shy clumsy waitress who just happened to spill all of the contents on the tray onto Wes.Ooo. I smell trouble.--------Their Both broken.So, Can they fix each other?#147 in Romance 17/11/17#73 in Romance 25/11/17#47 in romance 27/11/17#24 in Romance 16/ 12 /17#4 in Hot (Billionaire) 14/12/17
8 89 - In Serial43 Chapters
Elsewhere (Carl Grimes) {Editing}
2 best friends trying to get Elsewhere....
8 224 - In Serial13 Chapters
Devil's Touch
{°Highest ranking: #14 in yaromance°}"Oh my love, you don't understand do you?" He asks, running his thumb over my lips that automatically part at the contact. "There's some devil in those angel eyes and it's not just my reflection." °The last thing Aceldama was expecting on the first day of her freshmen year college was a hot as hell religion professor. All she wanted was to go in and out as soon as she could, never knowing what was waiting for her that first day in class. The devil himself.
8 98 - In Serial6 Chapters
-LUCKY BASTARD-
[Naruto Discalimer Mashashi Kishimoto][Alternate universe, ooc, typo][Hurt, Drama, Romance]'kalian bisa memanggilku si brengsek yang beruntung.... karena itulah kenyataannya'
8 126 - In Serial21 Chapters
Suddenly yours. (#Wattys2015)
I fell in love with him in ways I never knew were possible.
8 186

